YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

James.2022.WEB-DL.1080P.mp4

3 GB N/A video/mp4 3135 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beverly Hills Chihuahua 2
5.9

ဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။ လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ...... ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Drama • Romance
5.9 2011 84 mins
Beverly Hills Chihuahua 2
The Wolf and the Lion
7.5

မိသားစုနဲ့ကြည့်လို့ရပြီး တိချစ်သူတွေ သဘောကျစေမယ့် ကားကောင်းပါ။ အယ်မာဆိုတဲ့ ‌ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ထဲကို လေယာဉ်ပျက်ကျပြီး ဆပ်ကပ်ပိုင် နှင်းမြေခွေးလေးနဲ့ ခြင်္သေ့ပေါက်လေးရောက်လာပါတယ်။ နှင်းမြေခွေးလေးက မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်ဖြစ်ပြီး ‌တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ရှာနေတာဖြစ်ပါတယ်။ ခြင်္သေ့ပေါက်လေးဟာလည်း ဆပ်ကပ်ပိုင်ဖြစ်ပြီး ဆပ်ကပ်အဖွဲ့က အပူတပြင်းလိုက်ရှာနေတာပါ။ သူတို့ နှစ်ယောက်ကို အယ်မာဟာ သံယောဇဉ်တွယ်သွားပြီး ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကနေဒါနိုင်ငံရဲ့ တောအုပ်ကြီးထဲမှာ ရိုက်ကူးထားပြီး သဘာ၀ရှုခင်းရိုက်ချက်တွေလည်း အရမ်းလှပါတယ်။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်) File size…(2.5GB)/(1.3GB)/(800MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Adventure/ Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing

Action • Crime • Drama
7.5 2021 99 mins
The Wolf and the Lion
Save the Cinema
6.3

ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ကောင်စီအစည်းအ​ဝေးကြီးမှာမထင်မှတ်ဘဲ မဲရှုံးနိမ့်သွားခဲ့တာ​ကြောင့် ရုပ်ရှင်ရုံဖြိုချဖို့ အဆိုက အတည်ဖြစ်လာတဲ့အခါ လစ်ရစ်ရုံကြီးကို ကယ်တင်နိုင်ဖို့အတွက် မြို့ခံ​တွေဟာ ​မြို့​တော်ဝန်နဲ့ ထိပ်တိုင်​တွေ့ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:49:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Romance • TV Movie
6.3 2022 109 mins
Save the Cinema
The Magician's Elephant
7.1

The Magician's Elephant (2023) "ဘောလ်တိစ်" ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Action • Drama • Romance
7.1 2023 99 mins
The Magician's Elephant
The Wrong Missy
6.1

The wrong missy (2020) က Netflix ကနေအသစ်ထွက်လာတဲ့ romantic comedy ဇာတ်လမ်းလေးပါ။ ဘဝမှာ စိတ်ကူးနဲ့ လုပ်ချင်ပြီး မလုပ်ဖြစ်တာတွေ အများကြီး ကြုံဖူးကြမှာပါ။ မစ်စီကတော့ အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး။ ပထမဆုံး တွေ့ဖူးတဲ့လူနဲ့ sex အကြောင်း ပြောဖို့ဝန်မလေးသလို တစ်ဖက်လူက ဘယ်လိုတွေးနေမလဲ စိတ်မပူတတ်တဲ့လူမျိုးပါ။ တစ်ခါမှ ရုပ်တည်ကြီးနဲ့ မနေသလို သူတန်ဖိုးထားတဲ့ လူတွေအတွက် စွန့်လွှတ်အနစ်နာခံဖို့လည်း အသင့်ပါပဲ။ သူ့ရဲ့စိတ်က လွတ်လပ်လွန်းလို့ လူတွေကသူ့ကို ရူးနေပြီ‌လို့တောင် ထင်ကြတဲ့အထိပါပဲ။ အမြဲတမ်း တစ်လွဲတွေ လုပ်ပေမယ့် တကယ်ရေးကြီးလာတဲ့အခါ အားလုံးကို ကယ်တင်ပေးမယ့် လူမျိုးပါ။ အိတ်ထဲမှာလည်း ဓားမကြီးတစ်လတ် အမြဲဆောင်ထားပြီး ဘွဲ့ ၅ ခုလောက်ယူထားတဲ့ master brain ပါ။ ရုပ်ဆိုးသလောက် ထက်မြတ်နဲ့ strong & independent woman လည်းဖြစ်ပါတယ်။ ဟာဝိုင်အီကမ်းခြေက ရှုခင်းတွေနဲ့ တစ်လွဲတွေ တောက်လျှောက်လုပ်တတ်တဲ့ မစ်စီက အိမ်ထဲမှာနေပြီး မွန်းကြပ်နေသူတွေ လိုအပ်နေတာနဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။ File Size - 647.1 MB Quality - Web-Dl 720p Runtime -  1h 30min Translator - Htet Wai Lwin Encoder - Thit San Khant

Action & Adventure • Drama • War & Politics
6.1 2020 90 mins
The Wrong Missy
Mommy’s Little Star
4.6

Mommy’s Little Star (2022) ==================== မိသားစုအတူတူ ဒါမှမဟုတ် မေမေနဲ့အတူကြည့်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller လို့ဆိုပေမဲ့ တကယ်တမ်းတော့ ဒီတိုင်းအပျော်လေး ကြည့်လို့ကောင်းမယ့်ကားမျိုးပါ။ အော်လီဗီယာဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်မလေးဟာ မိဘတွေကွာရှင်း ထားတာကြောင့် အဖေနဲ့ပဲ နေရသူပါ။ အမေနဲ့လည်းနေချင်ပေမဲ့ သူ့အမေရဲ့ အခြေအနေတချို့ကြောင့် နေခွင့်မရသေးပါဘူး။ တစ်နေ့ တော့ သူ့အမေနဲ့အချိန်များများနေခွင့်ရဖို့ သူအမေဆီက ချီကျူးခံရဖို့ ကိုမျှော်လင့်ပြီး ဆိုရှယ်မီဒီယာကနေတဆင့် နာမည်ကြီးလုပ်ဖို့ စဉ်းစား မိသွားပါတယ်။ အဲဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ influencer ဖြစ်ခွင့်ရမယ့် ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲဟာ ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ အော်လီဗီယာ့ပြိုင်ပွဲကို ကိုယ်ကျိုးရှာတဲ့မသမာသူတွေ ‌ ၀င်နှောင့်ယှက်တာခံနေရမှန်း မိခင်ဖြစ်သူလော်ရင်းန် ရိပ်မိသွားတဲ့အခါမှာ တော့ အော်လီဗီယာတစ်ယောက် အကြီးအကျယ်မျှော်လင့်ထားခဲ့သလို ပြိုင်ပွဲမှာ အနိုင်ရပါ့မလား၊ သူတို့မိသားစု ဘယ်လိုအခက်အခဲတွေ အန္တရာယ် တွေကို ရင်ဆိုင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.72 GB) / (620 MB) / (383 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 45Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….C’mon Encoder……….SWM

Drama
4.6 2022 85 mins
Mommy’s Little Star
One Hundred and One Dalmatians
7.3

One Hundred and One Dalmatians (1961) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။ မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။ မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။ ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။ ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ‌ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။ ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသား‌မွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။ ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။ ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယားရယ်၊ သူတို့ရဲ့ တစ်ရာ့တစ်ကောင်အိမ်အပြန်ခရီးရယ်ကို အရင်အချိန်တွေ ပြန်သတိရရင်း ကြည့်ရှုနိုင်မှာဖြစ်လို့ လက်လွတ်မခံဖို့ အကြံပေးလိုပါတယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 740MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 19Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Thriller • Mystery
7.3 1961 79 mins
One Hundred and One Dalmatians
Warriors Two
7.2

Warriors Two (1978) =============== IMDb Rating – 7.2/10 ဂျက်ကီချန်းရဲ့သူငယ်ချင်းလည်းဖြစ် ဂျက်ကီချန်းရယ်လို့ဖြစ်လာ စေခဲ့တဲ့ အုပ်တစ်ချုပ်သဲတစ်ပွင့်လည်းဖြစ်ခဲ့တဲ့ Sammo Hung ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဟောင်ကောင်သိုင်းရုပ်ရှင်ပါ။ သူရိုက်တဲ့ တတိယမြောက်ကားပါ။ ကားကတော့ ဝင်းချွန်းသိုင်းကားပါ။ ဇာတ်အိမ်တည်ထားတဲ့မြို့က လည်း ဘရုစ်လီရဲ့ဆရာ ယိမန်ကားတွေမှာပါနေကျ ဖို့ရှန်မှာပါပဲ။ နောက် ဘရုစ်လီရဲ့ အနီးကပ်ထိုးချက်အကြောင်းလည်း ထည့်ထား ပါသေးတယ်။ ဒီထဲက ဝင်းချွန်းသိုင်းဆရာကတော့လောင်ရှန်းလို့ ခေါ်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ပါးပါပဲ။ ဝင်းချွန်းကိုတီထွင်ခဲ့တဲ့ ရင်းမြစ်နဲ့ တမျှော်တခေါ်ကြီးမခြာသေးခင် ကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ဇာတ်လမ်းက နည်းနည်းရက် စက်သလို ကြည့်ကောင်းတဲ့ဇာတ်ဖြစ်ပြီး သိုင်းကွက်တွေလည်းလန်း တော့ ဟောင်ကောင်သိုင်းရုပ်ရှင်ဟောင်းတွေကို ကြိုက်တဲ့လူတွေ ကြိုက်ကြမှာပါပဲ။ ဟောင်ကောင်သိုင်းရုပ်ရှင်တွေဟာ ဒီတိုင်းအက် ကြောင်းထပ်ဇာတ်တွေနဲ့တောင် ကြိုက်တဲ့လူတွေတော့ ကြည့်လို့မရိုး ပါဘူး။ ဒီကားက ဇာတ်လမ်းပါ နည်းနည်းထူးသလိုဖြစ်နေတော့ ပိုကြည့် လို့ကောင်းကြမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.63 GB) / (890 MB) / (526 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Drama Translator…….WiRa Aung Encoder……….SWM

Horror • Comedy
7.2 1978
Warriors Two
Imagine Me & You
6.7

Imagine Me & You (2005) IMDb – 6.7/10 Genre – Comdey, Drama, Romance GOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။ လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို လိုက်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 2.3 GB / 957 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by TMMT

Drama • Thriller
6.7 2005
Imagine Me & You
The Stepfather
5.6

The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်… ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား.. ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ….။

5.6 2009
The Stepfather
Door to Door
7.8

ဘေလ်ပေါ်တာဆိုတဲ့သူဟာ မွေးကတည်းက Cerebral Palsy ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် အများသူငါလိုပြောဆိုဆက်ဆံရာမှာ အခက်တွေ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ လမ်းလျှောက်ပုံ၊ စကားပြောဆိုပုံတွေကြောင့် ဉာဏ်ရည်မမီသူ၊ မသန်စွမ်း တစ်ယောက်အနေနဲ့ အများက သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်ရဲ့အကြောင်းတွေကို ငယ်စဉ်ကတည်းက နားရည်ဝနေခဲ့တော့ သူ့ရဲ့ အခြေအနေကို ဂရုမထားဘဲ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ဘေလ်ပေါ်တာကို ဘဝမှာ တစ်ရက်မှ သိမ်ငယ်စိတ်မဝင်ရအောင် အားပေးခဲ့ပါတယ်။ အိမ်သုံးသန့်ရှင်းရေးပစ္စည်း နဲ့ ဟင်းခတ်အမွေးအကြိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝက်ကင်းစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ရရေးဟာ ဘေလ်ပေါ်တာရဲ့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မဆုတ်မနစ်တဲ့ဇွဲလုံ့လတို့ကြောင့် ဘယ် အရောင်းသမားမှ မသွားချင်တဲ့ရပ်ကွက်တစ်ခုကို အပိုင်စားရခဲ့ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့စကားပြောဆိုပုံကြောင့် အများကသနားစာနာစိတ်နဲ့ ပေးကမ်းကြပေမယ့် သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ မာနက သူ့ကို ပေးကမ်းသမျှကို ငြင်းဆန်စေခဲ့ပါတယ်။ စကားပြောဆိုမှု၊ လှုပ်ရှားမှုအခက်အခဲတွေကို ကျော်လွှားပြီး အလုပ်သဘောသက်သက်နဲ့သာသူ့ရဲ့ပစ္စည်းတွေကို ကြော်ငြာရောင်းချနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အရောင်းသမား ပါဝင်တဲ့ဟာသတွေကလည်း သူ့ကို လူအများ သဘောကျစေတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။ ဘဝမှာ သည်းခံမှုနဲ့ဇွဲလုံ့လတို့ကို သင်ပြပေးခဲ့တဲ့ အမေဖြစ်သူကလည်း အယ်ဇိုင်းမားရောဂါကြောင့် တစ်နေ့ထက်တစ်နေ့ မှတ်ဉာဏ်တွေ ဆုံးရှုံးလာခဲ့ပါတယ်။ သူ့အမေသေဆုံးပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ကြံ့ကြံ့ခံပြီး နိမ့်ချီမြင့်ချီ ဘဝဇာတ်ခုံမှာ ကြိုးဆွဲရာကပြရတဲ့ ဘေလ်ပေါ်တာရဲ့ဘဝထဲကို ရှယ်လီဆိုတဲ့ အမျိုးသမီး ဝင်ရောက်လာခဲ့ပါတယ်။ ဘေလ်ပေါ်တာရဲ့ ဘဝဇာတ်ကြောင်းပေါ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားတက်မှု၊ စိတ်အားငယ်ရမှု၊ ဆွတ်ပျံ့မှု၊ ကြေကွဲမှု၊ ဆုံးရှုံးမှု၊ အောင်မြင်မှုအားလုံးကို လိုက်ပါစီးမျောခွင့်ရစေရန် CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 1.7 GB, 840 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

7.8 2002 90 mins
Door to Door
Aurora

Aurora” (2025) ရုပ်ရှင်ဇာတ်ကားကို အက်စတိုးနီးယားနိုင်ငံက ထုတ်လုပ်ထားပြီး ဒရာမာဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Andres Maimik နှင့် Rain Tolk တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora (Maarja Johanna Mägi သရုပ်ဆောင်ထားသည်) က ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ဘဝကို ပြောင်းလဲစေနိုင်တဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခုထဲ ဝင်ရောက်မိသွားခဲ့ပါတယ် Aurora က သူမပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်စေဖို့ ကြိုးစားနေသူဖြစ်သော်လည်း သူမရဲ့ မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကြီးတစ်ခု ကျင်းပဖို့ အချိန်မှာ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာပြီး ဇာတ်ရှုပ်တွေ ဖြစ်လာခဲ့ပါတယ် ဒီဖြစ်ရပ်က သူမရဲ့ လျှို့ဝှက်ချက်​​တွေကို ဖော်ထုတ်ပြီး မိသားစု ယုံကြည်ချက်နဲ့ ပုဂ္ဂိုလ်ရေးဆန္ဒ​တွေကြားထဲမှာ ကြီးမားတဲ့ ပဋိပက္ခတွေကို ဖြစ်စေခဲ့ပါတယ် ဒီဇာတ်ကားက အချစ် သစ္စာဖောက်မှုနဲ့ ဘာသာရေးဖိနှိပ်မှုအကြောင်း စိတ်ခံစားမှုပြင်းပြင်းနဲ့ ရောင်ပြန်ဟပ်ထားပြီးတော့ အက်စတိုးနီးယားရုပ်ရှင်ရဲ့ ထူးခြားတဲ့ပုံစံတမျိုးနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ် File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Drama • Romance
0 2025
Aurora
The Friend
6.5

Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friend ကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။ လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကို ပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီး တွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင် သရုပ်ဆောင်ပေးထားကြပါတယ်။ The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလော လတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူ ကျစေမယ့်ကားဖြစ်ပါတယ်။ စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့် အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့ Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာ တဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင် ခဲ့ရပါတယ်။ ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောက ရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့ အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲ အိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန် တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံ ပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေး ဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size… (1.49 GB) / (869 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.5 2024 119 mins
The Friend
The War to End All Wars – The Movie

IMDb – 7/10 ပထမကမ္ဘာစစ်လို့ အသုံးအနှုန်းမပေါ်ခင်တုန်းက ၎င်းကိုမဟာစစ်ပွဲကြီး သို့မဟုတ် စစ်ပွဲအားလုံးကိုချုပ်ငြိမ်းစေမယ့်စစ်ပွဲလို့ ခေါ်ဆိုကြပါတယ်။ ၁၉၁၄ ခုနှစ်ကန ၁၉၁၈ ခုနှစ်အထိ စစ်သည်‌ပေါင်း ဆယ်သန်းလောက် သေကြေခဲ့ရပါတယ်။ ခေတ်မီလက်နက်ဆန်းတွေ၊ ဓာတုလက်နက်တွေ အစပြုသုံးစွဲခဲ့တာကြောင့် မကြုံစဖူး သေကြေဒဏ်ရာရတာတွေ များပြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပထမကမ္ဘာစစ်ရဲ့အညတရဖြစ်ရပ်တွေကို Sabaton ဟဲဗီးမက်တယ်လ်အဖွဲ့ရဲ့ ဆယ်ခုမြောက်အယ်ဘမ် “The War to End All Wars” ထဲက မက်တယ်လ်သီချင်း အပြင်းစားတွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ဂျီယမ်ဘုရင် ပထမမြောက် အဲလ်ဘတ်ရေးထားတဲ့ လက်ရေးစာရွက်လေးက စစ်မြေပြင်မှာ လွင့်ပျံသွားပြီး အခြားသောစစ်မြေပြင်တွေဆီ လည်ပတ်ချိတ်ဆက်သွားပြတာပါ။ အစဉ်အတိုင်း စီစဉ်ချပြရရင် ၁) အီဇာမြစ်တိုက်ပွဲ (ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီ) ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂) ကိုလူဘာတာမြစ်တိုက်ပွဲ – သူရဲကောင်း မီလွန်ကာ ဆားဗစ်ခ်ျ (ဆားဘီးယားနဲ့ ဩစတို-ဟန်ဂေရီ) ၁၉၁၄ခုနှစ် နိုဝင်ဘာလ ၃) အနောက်ဖက်စစ်မျက်နှာပြင် ခရစ္စမတ်ယာယီစစ်ပြေငြိမ်းရေး – ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၄) ဂျာမန် မုန်တိုင်းအထူးတပ်ဖွဲ့ စစ်‌ဆင်ရေး – ၁၉၁၅ ခုနှစ် နွေဦးရာသီ ၅) ဂျဒ်လန် ရေတပ်တိုက်ပွဲ (ဗြိတိသျှနဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇွန်လ ၆) ဆွန်းမ် တိုက်ပွဲ – ဒုတိယဗိုလ်မှူးကြီး အေဒရီယန် ‌ဒီဝေါ့တ် (ဗြိတိန်+ပြင်သစ် နဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇူလိုင်လ ၇) အဖြူရောင်သောကြာ‌နေ့ဖြစ်စဉ် – ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၈) ဒွိုင်ရန်တိုက်ပွဲ (ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်) – ၁၉၁၇ ခုနှစ် နွေဦးကာလ ၉) ဟာလမ် ငရဲသားစစ်သည် ဟန်နရီဂျွန်ဆင်၏ သူရဲကောင်းဆန်သော တိုက်ပွဲဝင်မှု – ၁၉၁၈ ခုနှစ် မေလ သုံးသပ်ရရင် အန်နီမေးရှင်းတွေက အရမ်းမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ ဒါ့အပြင် ဟဲဗီးလ်မက်တယ်လ်ကြိုက်သူတွေအတွက်ကတော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မယ်။ Yarnhub Animation Studio က ထုတ်လုပ်ပြီး ဇာတ်ညွှန်း Pär Sundström နဲ့ David Webb ဖြစ်ကာ ဒါရိုက်တာကတော့ Vadim Viner ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Comedy • Thriller • Drama
0 2024
The War to End All Wars – The Movie