YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Jab MIla Tu S1 E5 1080p WEB DL YK(CM).mp4

643.19 MB 1080p video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kinsenas, Katapusan
6.2

ဒီဖိလစ်ပိုင်ဇာတ်ကားက Thriller,Psychological ပုံစံပါ။ ကွန်နရာဒိုဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလိုက်သိဖြည့်ဆည်းတတ်တဲ့ဇနီးချောနဲ့သမီးလိမ်မာလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အားကျစရာဘဝပိုင်ရှင်လူလတ်ပိုင်းတစ်ဦးပါ။ဒါဆိုရင်သူ့မှာ ဘာချို့ယွင်းချက်ရှိနေမလဲဆိုတော့ ဘာမှရှိမနေပါဘူး။ အဲ့ဒါတွေတင်မကပဲနဲ့ စော်လဲမတရားကြည်ပါသေးတယ်။ သူ့ရုံးကလက်ထောက်ကောင်မလေးဆို မနည်းရှောင်တဲ့ကြားထဲက အတင်းကြီး စားပွဲပေါ်လာတင်ကျွေးလို့အားနာပြီးစားလိုက်မိရာကနေ လာလာနွယ်နေလို့သူစိတ်ညစ်နေရတာလေးတစ်ကွက်တော့ရှိတယ်။ပြောရမယ်ဆိုရင်မွေးရာပါ အားနည်းချက်က စော်ကြည်တာပေါ့ဗျာ။ အဲ့ဒီကနေမှသူ့သမီးကျောင်းကိုအသစ်ရောက်လာတဲ့ အတန်းဖော်မိန်းကလေး၊ အထက်တန်းကျောင်းသူလို့မထင်ရစရာ ဖွံ့ဖွံ့ထွားထွားနဲ့ ဆွဲဆောင်မှုပြင်းလွန်းတဲ့ကောင်မလေးကပါ သူ့သမီးကတစ်ဆင့် သူ့ကိုအတင်းဝင်လုံးဝင်ရော နည်းပေါင်းစုံနဲ့ဇာတ်လမ်းတွေထွင် ဗီဒီယိုကောတွေနဲ့ပြ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အခါ..။ ကောင်မလေးရိုးမှရိုးရဲ့လားလို့တွေးမိကြမှာပါပဲ။ ကောင်မလေးမှာသူမသိတဲ့ဘယ်လိုနောက်ကြောင်းတွေရည်ရွယ်ချက်တွေရှိမလဲ၊ ဒီကောင်မလေး ခြိမ်းခြောက်လာခဲ့သလို သူချစ်တဲ့ဇနီးနဲ့သမီးတို့နဲ့သာယာတဲ့အိမ်ထောင်ရေးကိုထိခိုက်ခံရတော့မှာလား? ဒီရမ္မက်နွံကနေ ဘယ်လိုရုန်းထွက်ရမလဲစတဲ့ မေးခွန်းတွေကို အဖြေရှာရှုစားကြပါ။ မင်းသားကြီးရဲ့ဘဝဟာဆိုရင်ဖြင့် စောင်းပုလွေဘာဂျာအစုံနဲ့ သာယာပုံတွေက တကယ့်ကိုအားကျစရာကြီးဆိုတော့ ငါဆိုရင်ကောရုန်းနိုင်ပါ့မလားဆိုတဲ့မေးခွန်းတော့ ကိုယ့်ကိုယ်ကိုပြန်မေးဖြစ်ကြပါလိမ့်မယ်။ 18+ ပါပဲဆိုတာတော့ပြောစရာမလိုဘူးထင်ပါတယ်။ File size…(800 MB)/(400 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Comedy • Drama
6.2 2022 87 mins
Kinsenas, Katapusan
Shattered
5.7

Thriller pyscho 18+ rated ရုပ်ရှင်အမျိုးအစားလေးပါ။ ခရစ်စတိုဖာ ဒက်ကာဆိုတဲ့ အင်မတန်ချမ်းသာတဲ့ အမျိုးသားဟာ ငယ်ဘဝရဲ့ စိတ်ထိခိုက်မှုတွေကြောင့် လူတွေကို မနှစ်မြို့တာနဲ့ သူ့အိမ်ကို တစ်ခါမှ ဧည့်သည်လည်း အဝင်မခံသလို အပြင်ထွက်ရင်လည်း လူနည်းတဲ့ ညနက်တဲ့အချိန်မှ ထွက်တာများတယ်။ သူက သမီးလေးတစ်ဦးနဲ့ အမျိုးသမီးနဲ့ ကွာရှင်းဖို့လုပ်နေတဲ့ ငယ်ရွယ် ချမ်းသာတဲ့ သူတစ်ဦးပေါ့။ တစ်နေ့ စကိုင်းဆိုတဲ့ အမျိုးသမီးလေးတစ်ဦးနဲ့တွေ့ပြီး ချစ်ကြိုက်မိခဲ့တယ်။ ၁၈ယောက်နဲ့အထက် ကြည့်ရမယ့် ချစ်တင်းနှောအခန်းတွေလည်းပါပါတယ်။ ဓါးပြတိုက်ခံရမလိုဖြစ်ပြီး ခြေထောက်ကျိုးတဲ့အခါ အဲ့အမျိုးသမီးကို ယုံကြည်ပြီး အိမ်က လျှို့ဝှက်နံပါတ်တွေအကုန်ပေးခဲ့တယ်။ ခက်တာက အဲ့အမျိုးသမီးက ရိုးရိုးသားသား သူ့ဆီ ချဉ်းကပ်ခဲ့တာမဟုတ်ဘူး။ တစ်ခန်းပြီးတစ်ခန်း ထိတ်တလန့်လန့်နဲ့ ဘာဆက်ဖြစ်မလဲ သိချင်ရင်တော့ ဇာတ်ကားလေးကို အဆုံးထိကြည့်လိုက်ပါနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          :  (1.4GB), (397MB) & (209MB) Quality            : 1080p BluRay AC3 5.1CH, 720p BluRay & 480p Format            : mp4, mkv Duration         : 1hr & 32mins Genre              : Thriller Translated by  Kit Encoded by Kinnov

Action • Adventure • Science Fiction • Thriller
5.7 2022 92 mins
Shattered
Where Hands Touch
8

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ တွေ့ပြီး အချစ်ဇာတ်လမ်း အစပျိုးမိပါတော့တယ်။ ဟစ်တလာဟာ Gestapo လို့ ခေါ်တဲ့ လျှို့ဝှက်ရဲတွေကို အမိန့်ပေးပြီး Rhineland ဒေသက ဂျာမန်-လူမည်း သွေးနှောကလေးတွေကို နောက်ထပ်ဂျာမန်တွေနဲ့ သွေးမနှောနိုင်အောင် သားကြောဖြတ်ဖို့ လျှို့ဝှက်အမိန့်ပေးခဲ့ပါတယ်။ မှတ်တမ်း တွေအရ ကလေးပေါင်း ၈၀၀ ကျော် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရုပ်ရှင်မှာ ဂျာမန်- လူမည်း မိန်းကလေးတစ်ယောက် ဂျာမန်အလုပ်ကြမ်း စခန်းတွေမှာ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေ၊ ကြုံတွေခဲ့ရတဲ့ ဖိနှိပ်မှုတွေကို တွေ့မြင်ရမှာပါ။ ဖျောက်ဖျက်ခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တာ ကြောင့် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe မှဖြစ်ပါတယ်) File Size..........(1.42 GB) / (588 MB) / (343 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 2Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, War Translator.......Phu Myat Thwe Encoder..........SWM

Drama • Romance
8 2018 122 mins
Where Hands Touch
Harry Potter and the Philosopher's Stone
7.9

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! (The Philosopher's Stone(or)The Sorcerer's Stone (2001) နဲ့ The Chamber of Secrets (2002) နှစ်ကားက ရုံတင်ဗားရှင်းထက် 10မိနစ်စာလောက်ပိုပါတဲ့ EXTENDED Version ထွက်ထားပါတယ်။ဒါကြောင့်မို့ 1080p နဲ့ 720p ကို EXTENDED version နဲ့ တင်ဆက်ထားပြီး 4K ကတော့ ရုံတင်ဗားရှင်းဖြစ်ပါတယ်။) File size…(5.6 GB) /(2.6 GB)/(900 MB) Quality….BluRay 4K HEVC/EXTENDED 1080p /720p Format…mkv/mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yoon Sandi Aung

Action & Adventure • Drama
7.9 2001 152 mins
Harry Potter and the Philosopher's Stone
Minamata
6.9

IMDb Rating - 7.9/10 ၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံ‌တွေမှာလည်း တံငါလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ် သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာ ဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူ တရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီး Johnny Depp က  အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRay Duration - 1h 55min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.BluRay Translator – MTA Encoder – SWM

Comedy • Drama • Sci-Fi & Fantasy
6.9 2020 115 mins
Minamata
I, Tonya
7.5

IMDb....7.5,,,,Rotten...89  Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့်  ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်  အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ ဒါရိုက်တာက မူရင်းနဲ့  သွေဖီမသွားအောင်ရိုက်ရင်း  ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်... Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကို ကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ ခင်ဗျားဟာ  Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက် ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်း ဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့......... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae

Action • Adventure • Science Fiction
7.5 2017 120 mins
I, Tonya
Standoff
6.1

The Matrixထဲက မောဘီးယပ်စ်ကြီး Laurence Fishburneနဲ့ actionမင်းသားကြီး Thomas Janeတို့ အဓိကပါဝင်သရုပ်ထားပြီး လူဆိုးနဲ့လူကောင်းနှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်တာကိုတွေ့ရမယ် ဇာက်ကားကောင်းလေးပါ…။ ဇာတ်လမ်းအကြောင်းကတော့ လူသူဝေးတဲ့ တောအရပ်ကအိမ်လေးတစ်လုံးမှာပဲ ဇာတ်လမ်းတည်ထားပါတယ်…။ အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကြား၊ သူသေကိုယ်သေ အကုန်ချရင်းပြီး ကစားရတဲ့ပွဲပေါ့…။ အောက်ထပ်မှာက ကြေးစားလူသတ်သမား…။ သူ့ရည်ရွယ်ချက်က အိမ်အပေါ်ထပ်က ကောင်မလေးကို သတ်ချင်တာ… သတ်မှဖြစ်မယ့်အကြောင်းအရင်းကလည်း သူ့မျက်နှာကို မြင်သွားလို့…။ ဒါပေမဲ့ သူကြမ်းချင်တိုင်း တက်ကြမ်းလို့မရအောင် ကောင်မလေးကိုကာကွယ် ပေးနေတဲ့သူတစ်ယောက်ရှိနေပါတယ်…။ သူကတော့ အိမ်အပေါ်ထပ်မှာစောင့်ပြီး ကောင်မလေးကို ကာကွယ်ပေးနေတဲ့ စစ်ပြန်ကြီးပါပဲ….။ ဇာတ်လမ်းplotရဲ့ မိုက်တဲ့အချက်က ဒီစစ်ပြန်ကြီးဟာ ကြေးစားလူသတ်သမားကို ကျည်တစ်တောင့်တည်းနဲ့ စိတ်ဓာတ်ဗျူဟာခင်းပြီး တစ်ကားလုံးရင်ဆိုင်တာပါပဲ…။ အများကြီးမညွှန်းတော့ပါဘူး…အက်ရှင်ခန်းတွေ၊ cgiတွေ ဘာမှမပါဘဲ သိပ်ကြည့်လို့ကောင်းတဲ့ Crimeကားမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ကားပါ…။ File size…933MB / 381MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Romance
6.1 2016
Standoff
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Don’t Let Him Find You
5.7

IMDb Rating – 5.7/10 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Christine Conradt ရိုက်ကူးထားပြီး မင်းသမီး Ren Harlow နဲ့ မင်းသား Philip Boyd တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ပြစ်မှုစုံထောက်ကားလေးပါ။ အဲလက်စ်နဲရောဘတ်တို့က အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပြီး ချာလီဆိုတဲ့ ချစ်စရာသမီးလေးနဲ့အတူ နေထိုင်ကြပါတယ်။ အဲလက်စ်ရဲ့မွေးနေ့မှာ ပန်းခြံသွားရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကယ်တင်လိုက်ရာက အင်တာနက်နဲ့ သတင်းတွေမှာ နာမည်ကျော်သွားပါတယ်။ ဒါပေမယ့် အဲလက်စ်မှာ ဖုန်းကွယ်ထားတဲ့ အတိတ်တွေရှိနေတဲ့အခါ ပြဿနာတွေ ဖြစ်လာပါတော့တယ်။ အဲလက်စ်ရဲ့ အတိတ်နဲ့ ချိန်းခြောက်နေတဲ့ သတင်းထောက်က‌ အသတ်ခံလိုက်ရတဲ့အခါ ဒီပြဿနာတွေထဲ ရဲတွေပါ ပါဝင်လာပြီး အဲလက်စ်ကလည်း သံသယရှိသူဖြစ်လာပါတယ်။ အပြစ်ကင်းကြောင်း သက်သေပြဖို့ လူသတ်သမားကို ရှာဖွေရမယ့်အခါ…. အတိတ်က အကြောင်းအရာတွေက ပြန်ပေါ်လာမလား… လူသတ်သမားရဲ့ရန်ကနေ မိသားစုကို အဲလက်စ်ကာကွယ်သွားနိုင်မလား… တရားခံအစစ်က‌ရော ဘယ်သူဖြစ်မလဲ… ဒါတွေကို ဒီမှုခင်းဇာတ်ကားကောင်းလေးထဲမှာ ကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.35GB) / (635MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.7 2024 90 mins
Don’t Let Him Find You
Welcome Week: A College Horror Anthology
5

ဒီတစ်ခါမှာတော့ Channel Myanmar ပရိသတ်တွေအတွက် psycho horror လူသတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ Director တွေအဖြစ် Blake Douglas, Ethan Gomez-Zahnley နဲ့ Lenny Ibarra တို့က ရိုက်ကူးပေးထားပြီးတော့ Jack Mayer, Logan Weisberg, Rachel Sullivan တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် တက္ကသိုလ်တစ်ခုကို အသစ်ပြောင်းလာကြတဲ့ Andrew နဲ့ Josh တို့ရဲ့ ပထမဆုံးအပတ်မှာတင် ကျောင်းဝင်းထဲမှာ လူသတ်မှုဖြစ်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ အခန်းဖော်တွေဖြစ်ကြပြီးတော့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ကို လူသတ်သမားက ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ အဲဒီသူငယ်ချင်းကိုပြန်ကယ်ဖို့ သူတို့အတူတူကြိုးစားကြရင်း Andrew ရဲ့ ကျိန်စာဆန်ဆန် မိသားစုနောက်ကြောင်းတွေကို Josh ကို ပြောပြပါတယ်။ သူတို့ရဲ့သူငယ်ချင်းကို လူသတ်သမားလက်ထဲကနေ ပြန်ကယ်နိုင်ခဲ့ရဲ့လား Andrew ရဲ့ မိသားစုကျိန်စာကရော ဘာလဲ ဆိုတာတွေကို ဒီဇာတ်ကားထဲမှာ သည်းထိတ်ရင်ဖို ကြည့်ရှု ကြရမှာဖြစ်ပါတယ်။ Story က စိတ်ဝင်စားဖို့ကောင်းပြီးတော့ Horror vibe ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.64GB) / (821MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

War • History • Thriller • Action • Crime • Drama
5 2024 99 mins
Welcome Week: A College Horror Anthology
A Vilã das Nove
6.7

A.Vila.Das.Nove 2024ကားလေးကတော့ rating 6.7 ရရှိထားတဲ့ ဘရာဇီးကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Eugeniaဆိုတဲ့အမျိုးသမီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူ့အိမ်ထောင်ရေး ဘဝကိုမကျေမနပ်ဖြစ်ကာ အမြဲတမ်းလိုလို အရာအားလုံးကို စိတ်မကျေမနပ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူဘဝကိုအဆုံးသတ်ပြီးဘဝအသစ် စဖို့အတွက် သူ့သမီးနဲ့ယောကျာ်းကိုထားခဲ့ပြီးထွက်ပြေး သွားပါတော့တယ်။ အရွယ်ငယ်သေးတဲ့သူ့သမီးလေးဟာ စိတ်ဒဏ်ရာများနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ မိခင်မေတ္တာငတ်နေတဲ့သမီးလေးက သူ့အမေကိုမုန်းတီးပြီးကြီးလာတဲ့အခါမှာတော့ သူဘဝ ဇာတ်ကြောင်းကို ဇာတ်ညွှန်းရေးဆရာနဲ့ပေါင်းပြီး ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကိုရေးကာထုတ်လွင့်ပါတော့တယ်။ အဲ့ဒီနောက်မှာ သူ့အမေက ဇာတ်လမ်းတွဲကိုကြည့်မိပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ………………. သူသမီးကိုပြန်သွားရှာမှာလား…………. ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ မိခင်တစ်ယောက်ရဲ့စိတ်ကျဥ်းကြပ်မှုတွေ ကလေးတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ မိသားစုဘဝပြဿနာတွေကို ကောင်းကောင်းကြီးရိုက်ပြသွားတာမို့ သင်တို့က ဘရားဇီး ကားတွေကြိုက်တဲ့သူဆိုရင်တော့ဒီကားလေးကမလွတ်တန်း ကြည့်သင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်နော်။ File size… (1.92 GB) / (950 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Animation • Comedy • Family • Adventure
6.7 2024 103 mins
A Vilã das Nove