YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

It's.ok.to.be.30.S01E10.1080p.CM.mp4

743.09 MB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Kukira Kau Rumah
6.3

နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီချင်းလေးကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ သီချင်းလေးက တကယ်နားထောင်ကောင်းတဲ့ ဆွေးဆွေးအေးအေးလေးဖြစ်သလို ဇာတ်လမ်းကိုလည်း ထိုအတိုင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဇာတ်ဆောင်မင်းသမီးဖြစ်သူဟာ စိတ်မူမမှန်ဝေဒနာကို ခံစားနေရသူပါ။ ဒါကြောင့်လည်း ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲရှိပြီး အားလုံးက အရိပ်တကြည့်ကြည့်နေလာသူပါ။ မင်းသားကတော့ ဂီတဘက်ကိုစိတ်ဝင်စားပြီး တသီးတသန့်နေတတ်တဲ့ ဂီတာသမားလေးပါ။ သူတို့နှစ်ယောက်ဆုံတွေ့ဖြစ်ပုံကတော့ ရိုးရိုးလေးပါပဲ။ လူငယ်သဘာဝ သူတို့နှစ်ယောက် ခင်မင်သွားကြ ပျော်ပါးကြရင်းနဲ့.....။ ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် Acoustic Musicလေးတွေ ကြားစီးမျှောရင်းတွေးချင် ဆွေးချင်သူတွေအတွက်တော့ကွက်တိပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File Size : (1.1GB) and (528MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Horror • Romance
6.3 2022 90 mins
Kukira Kau Rumah
Mutant Tiger
3

အခုတစ်ခေါက် CM ပရိသတ်တွေအတွက် mutant လို့ခေါ်တဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မင်ကျားချင် ၃၇ ခုနှစ်မှာ မိန်းမစိုးအမတ်တွေက အစိုးရနေပါတယ်။ ပညာရှင်တစ်ယောက်က မိန်းမစိုးအမတ်ကြီးကို ကပ်ဖားဖိုအတွက် ကျားရှင်ရဲ့ နှလုံးနဲ့ ဆေးဖော်ဖို စီစဉ်ခဲ့ပါတယ်။ တုန်းခြံဌာနက ကျားတွေကျက်စားရာ အနောက်တောင်နယ်စပ်မှ မြိုလေးတစ်မြိုမှာ အမဲလိုက်ကွင်းတစ်ခု တည်ဆောက်ပြီး ကျားတွေကို ဖမ်းဆီကာ ဆေးဖော်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားပဲ ထိုလုပ်ဆောင်မှုက ကပ်ရောဂါတစ်မျိုးအဖြစ် ကျားတွေကို ကူးစက်သွားခဲ့ပါတယ်။ ထိုအချိန်တွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့ ကျင်ရီးဝေ့ရဲမက် ကျန်းလျိုချန်က ဟွမ်းအာဆိုတဲ့ ကလေးကိုခေါ်ပြီး ထိုနေရာကိုရောက်လာခဲ့ပါတယ်။ အမဲလိုက်ကွင်းထဲတွင် တာဝမ်ထမ်းဆောင်နေတဲ့ ညီလေးဖြစ်သူ ကျန်းလျိုဖျင်ကို လာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။ သူတိုလည်း ကျားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အန္တရာယ်တွေက အစပဲရှိပါသေးတယ်။ မကြာခင်မှာ ကပ်ရောဂါကြောင့် ကျားတွေက အကောင်ရာကျော်ထိ စုဝေးလာကြပြီး မြိုလေးကို ဝိုင်းထားပါတော့တယ်။ မြိုသူမြိုသားတွေလည်း ကျားရိုင်းတွေရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကိုခံရပြီး အန္တရာယ်တွင်းထဲ ကျရောက်နေပါတယ်။ ကျန်းလျိုချန်တစ်ယောက် ဟွမ်းအာနဲ့အတူ မြိုသူမြိုသားတွေကို ကယ်တင်နိုင်မလား...... အမဲလိုက်ကွင်းထဲမှာရော ဘယ်လို ယုတ်မာမှုမျိုးတွေ ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

3 2022
Mutant Tiger
(18+) Serve the People
6.1

Thirty Nine ဇာတ်ကားထဲက အရေပြားဆရာဝန်လေးအဖြစ် သရုပ်ဆောင်ထားတဲ့ Yeon Woo Jin ရဲ့ မ နဲ့ မောင် ဇာတ်ကားလေးပါ။   ဒါပေမယ့် အမျိုးသား ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားမျိုးပါပဲ။   ဇာတ်လမ်းဇာတ်အိမ်က တမူထူးခြားတာမို့ အများကြီး ရှင်းပြမနေတော့ပါဘူး။ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါ။   ကြည့်မိလို့ ဂေါင်းကြီးတို့ မကြိုက်ဘူး မရှိစေရပါဘူး။   မ အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကိုလည်း အတိုင်းသား မြင်ရမှာမို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါတော့။   သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ကြည့်ရမယ့်ကားပါပဲ။ ကိုရီးယားကားဆိုပြီး လူရှေ့သူရှေ့ သွားမကြည့်မိပါစေနဲ့ဗျာ။   အညွှန်း နဲ့ ဘာသာပြန်ကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။ သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ကြည့်ရမယ့်ကားပါပဲ။ ကိုရီးယားကားဆိုပြီး လူရှေ့သူရှေ့ သွားမကြည့်မိပါစေနဲ့ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။ Genre.....Adult, Drama, Romance Quality….1080p | 720p| 480p File size…1.5GB | 752MB | 293MB Format…mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Go Dong Won Encoder ..... Blank

Drama • Romance
6.1 2022 146 mins
(18+) Serve the People
Pawankhind
5.2

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်း နောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကို မှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုးကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့ လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက် ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာ လပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များက ပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကို ပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။ Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့် ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။ File size…2.9GB / 1.5GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 33min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko

Action • Crime • Drama
5.2 2022
Pawankhind
The Grand Budapest Hotel
8.1

IMDb - 8.1/10_____Rotten - 91% Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုရင် ပိုသင့်တော်ပါမယ် ဘာလို့ ဆိုတော့ ပုံပြင်ကောင်းတစ်ပုဒ်ကိုနားထောင်နေရတဲ့ အတိုင်း ဇတ်လမ်းကို ပြောပြနေလို့ပါ... ဒီရုပ်ရှင် ရဲ့ အဓိက နေရာကတော့ Grand Budapest ဆိုတဲ့ ပန်းရောင် အဆင်းချယ်ထားတဲ့ ဟိုတယ်ကြီး ဖြစ်ပြီး.... အဓိက ဇတ်ကောင်ကတော့ ဟိုတယ်အုပ်ချူပ်သူ ဂူစ်စတေ့စ် နဲ့ သူ့ရဲ့ တပည့်ကျော်လေး ဧည့်ကြို ဇီးရိုး တို့ပဲ ဖြစ်ပါတယ်... ဒီဇတ်လမ်းကို သင်ကြည့်နေတုန်း ဂူစ်စတေ့စ် နဲ့ ဇီးရိုး ရဲ့ ရာဇဝင်ကို ခန့်မှန်းမိအုံးမှာမဟုတ်ပါဘူး ဇတ်လမ်း ရဲ့ ၃ ပုံ ၂ ပုံ ရောက်ရင် မျက်ရည်သုတ်ရမှာမို့ လက်ကိုင်ပုဝါလေးတော့ ဆောင်ထားပါ.... အစပိုင်း အခန်းတစ်ချို့မှာ 18+ အခန်းတစ်ချို့ ဖြတ်ခနဲ ပါတာကလွဲရင် မိသားစု ကြည့်လို့ အဆင်ပြေတဲ့ ရုပ်ရှင်ကား ဖြစ်ပေမယ့် နားလည်လွယ်ဖို့ ခက်ပါတယ် ပေါတောတော ကားတွေ ကြည့်နေတဲ့ သူတွေ အဖို့ နားမလည်ပေမယ့် စဉ်းစားတက် တွေးတက် တဲ့ သူတွေ အတွက်ကတော့ လက်မလွှတ်နိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ကြောင်း အာမခံပါတယ်... ဒီဇတ်လမ်း ရဲ့ အကြောင်းကို နည်းနည်းလေးမှ ရှင်းမပြချင်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ပြောပြလိုက်ရင် ကြည့်ရတဲ့ နေရာမှာ အရသာ ပျက်သွားမှာ ဆိုးလို့ပါ အဓိက အချက်ကတော့ ဂူစ်စတေ့စ် နဲ့ ဇီးရိုး တို့ ရဲ့ ကမောက်ကမ စွန့်စားခန်းတွေက ပေါတောတော မဆန်ပဲ ရယ်ရတာရယ် ဆရာတပည့် ၂ ယောက်ရဲ့ သံယောဇဉ် တစ်ခုရယ် အချစ်တွေ ဟာသတွေ သစ္စာရှိမှု နဲ့ အလွမ်းအဆွေး တွေ တစ်နေရာထဲမှာ ခံစားလို့ရမှာ ဖြစ်တဲ့အတွက်ပါ အခုပဲ Channel Myanmar ကနေ တဆင့် ကြည့်ရှုလိုက်ပါတော့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Archi Thang Gyi ဖြစ်ပါတယ် File size - ( 944 MB ) Quality - BluRay Rip Format - MP4 Duration -1h 40m Subtitle - Myanmar Subtitle Translator - Archi Thang Gyi Encoder - Thit San Khant

Action • Drama
8.1 2014 100 mins
The Grand Budapest Hotel
As It’s Remembered

As It’s Remembered (2022) ဇာတ်ကောင်ရဲ့ ကောင်လေးက သူတို့နှစ်ယောက်ချိန်းတွေ့တုန်းမှာ မျက်နှာဖုံးနဲ့လူတစ်ယောက် ဓားနဲ့ လာထိုးသတ်လို့ သေသွားတယ်။ ဇာတ်ကောင်က ဒီအဖြစ်အတွက် ဖြေမဆည်နိုင်ဖြစ်နေတယ်။ ဒီတော့ သူက အတိတ်ကိုပြန်ပြင်ဖို့ ကြိုးစားတယ်။ သူ့ကြိုးစားပုံက တစ်မျိုး။ စိတ်နဲ့ပဲ အချိန်ခရီးသွားတာမျိုးပဲ။ သူ့အတွေးအခေါ်က လူဟာ သူ့အရှိတရားရဲ့ အရှင်သခင်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိမြင်တဲ့လူက ကိုယ့်အရှိတရားကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်နိုင်မယ်။ ဘုရားသခင်လိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ကို ပြောင်းလဲလိုက်ရင် ကိုယ်ပြောင်းလဲသွားသလိုမျိုး သူက အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သူက တခြားတစ်နည်းနဲ့ပြောင်းလဲလက်ခံလိုက်ရင် အတိတ်ကိုပြင်ပြီးသားဖြစ်ပြီး အတိတ်က အရှိတရားကို သက်ရောက်ပြီး လက်ရှိအရှိတရားပြောင်းလဲသွားမယ်လို့ ယုံထားတယ်။ ဒီတော့ သူက စိတ်နဲ့ အချိန်ခရီးသွားတဲ့ စက်တစ်မျိုးထွင်ပြီး သူ့အတိတ်က သူ့မှတ်ဉာဏ်ကို ပြင်ဖို့ ကြိုးစားတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။ ဒီရုပ်ရှင်ဟာ ကြာချိန်လည်း တစ်နာရီကျော်ကျော်ပါပဲ။ အပြအားဖြင့်ဆိုရင်လည်း နေရာလေး သုံးနေရာကို တစ်လှည့်စီ လှည့်ပြထားရုံပါပဲ။ နောက်ထူးတာက သူက ပစ္စုပ္ပန်ကို အဖြူအမဲနဲ့ပြပြီး အတိတ်ကိုအရောင်နဲ့ပြထားတယ်။ ဒါကဇာတ်ကောင်ရဲ့ အချိန်နဲ့ပတ်သက်တဲ့ သီအိုရီနဲ့ ချိန်တွေးရင်း ဖြစ်သင့်တဲ့အရာပါပဲ။ Rating သွားပြေးကြည့်မယ့် လူတွေအတွက်တော့ ပြဿနာတော့ရှိတယ်။ ပေးထားတာက ကျွန်တော်ကြည့်တဲ့အချိန်မှာတော့ ဆယ်ယောက်ပဲရှိသေးသလို ရုပ်ရှင်ကလည်း လူတိုင်းအတွက် အဆင်ပြေမယ့် ရုပ်ရှင်တော့မဟုတ်ဘူး။ Time Travel ကားပေမဲ့ Time Travel ထက် ဒဿနိကကိုနည်းနည်း တီးမိခေါက်မိရှိမှ ပိုအဆင်ပြေမှာပဲ။ ဖြစ်တည်မှုတို့ အရှိတရားတို့ သိမြင်မှုတို့ အကြောင်းကိုတော်တော် ပြောထားတာကိုး။ ဖြစ်တည်မှုပဓာန ဝါဒဆန်တဲ့ ဒိုင်တွေလည်း ပါသေးတယ်။ ဆိုတော့ လူတိုင်းအကြိုက်တွေ့မယ့် ရုပ်ရှင်တော့မဟုတ်ပါဘူး။ အချိန်ခရီးသွားသီအိုရီတို့ ဒဿနိကတို့ကို စိတ်ဝင်စားရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အကြောင်းအရာရော ထည့်သုံးသွားတဲ့ ဖလော်တွေကရော စိတ်ဝင်စားစရာကောင်းတာကြောင့် ပုဂ္ဂလိကအမြင်အရတော့ Rating 6 သို့ 7 လောက်ပေးသင့်တဲ့ရုပ်ရှင်လို့ မြင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 15Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
0 2022 75 mins
As It’s Remembered
As a Prelude to Fear
4.2

ဆယ်နှစ်ကြာပြီးတဲ့အချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ လူပျောက်မှုသုံးမှု… ဒီအမှုတွေရဲ့ သံသယတရားခံ ဂီတပညာရှင်လူဂွစာကြီး ဂျားလ်စ်ကာ့ကရွန် သက်သေမပြနိုင်လို့ အခုထိမဖမ်းနိုင်ဖြစ်ခဲ့ရလို့ အခဲမကျေတဲ့ ရဲမှူးကြီး… နှစ်အတော်ကြာနေပြီဖြစ်တဲ့ သူတို့နှစ်ဦးကြားက မီးပွားလေးက အိဗ်တေလာဆိုတဲ့ကျောင်းသူတစ်ယောက် ထပ်မံပျောက်ဆုံးချိန်မှာ ပြန်ပေါ်လာတဲ့အချိိန်မှာတော့…. ဒီပျောက်ဆုံးမှုတွေဟာ သူတို့နဲ့ဘယ်လိုပတ်သက်နေတာလဲ။ အမှုမှန်ရော ပေါ်ပေါက်နိုင်ပါ့မလား။ ဒီရုပ်ရှင်ကိုတော့ မြန်မာပရိသတ်များရင်းနှီးနေပြီးသားဖြစ်တဲ့ ဘရိုက်တန်(Brighton)မြို့တစ်ဝိုက်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့သိရပြီ။ independence movie ဖြစ်လို့ နည်းနည်းလိုအပ်ချက်တွေတော့ရှိတာတွေ့ရမှာပါ။ ကြည့်ပြီး ဝေဖန်ပေးကြပါဦးခင်ဗျာ။ File size…(1.1GB)/(541MB)/(310MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …SPK

Drama • Thriller
4.2 2022
As a Prelude to Fear
Famous

သွေးမတော်သားမစပ် မွေးစားညီအစ်ကို နှစ်ယောက်ဖြစ်ကြတဲ့ Wayne နဲ့ Famous ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ music business အထဲမှာ ကျင်လည်ကြပုံကို ရိုက်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဆန့်ကျင်ဖက်တွေဖြစ်ကြပြီး Wayneက Famousရဲ့ ပရိုဂျူဆာဖြစ်ပါတယ်။ Famous က ဆေးစွဲနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့အစ်ကိုရဲ့ ထိန်းချုပ်ခြင်းကိုခံနေရသူပါ။ တညမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဆေးဖြတ်တဲ့သူတွေကိုအထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ငွေသွားလှူခဲ့ရင်း Eileen ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ်ရည်မှန်းထားတဲ့ Eileenရဲ့ နောက်ကြောင်းကို သူသိသွားတဲ့အခါမှာ၊သူ့ကို ထိန်းချုပ်ထားတဲ့ သူ့အစ်ကိုက Eileenနဲ့ သဘောတူကြည်ဖြူရဲ့လား သူရောဆေးဖြတ်ပြီး သူ့အစ်ကို ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်မလား ရုန်းထွက်လို့မရတဲ့ ထိန်းချုပ်မှုဆိုတာကရော တကယ်ရှိတာလား ဆိုတာသိရဖို့ ရုပ်ရှင်ကားကိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ File size…(960 Mb/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre…Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie

0 2023 70 mins
Famous
Jananam Pranayam Thudarunnu (2024)

Jananam 1947 Pranayam Thudarunnu (2024) “အဆုံးအစမဲ့အချစ်” CM ပရိသတ်ကြီးအတွက် ရင်ကိုနွေးစေမယ့် မလေယာလမ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ကီရယ်လာက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်ခြင်းနဲ့အတူ အချစ်ကို တဖန်ရှာဖွေပုံကို ရှုစားရမှာပါ ရိပ်သာတစ်ခုမှာ အငြိမ်းစားဆရာမ ဂေါ်ရီဟာ အမြဲလိုလို အိမ်လွမ်းနေတတ်ပြီး ချွေးမဖြစ်သူနဲ့ အဆင်မပြေတာကြောင့် ရိပ်သာပို့ခံရတဲ့ဘဝကို နေသားမကျနိုင်သူရယ်ပါ အဘိုးကြီး ရှီဗာကတော့ ရိပ်သာက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဆုံးသွားလို့ တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရသူ ဘဝနေဝင်ချိန်မှာ မှီခိုလို့ရမယ့် ပုခုံးတစ်ဖက်ကို တောင့်တမိတဲ့ အထီးကျန်ဆန်လူသားနှစ်ယောက်… လူမှုပတ်ဝန်းကျင်က စကားသံတွေ၊ သားသမီးတွေရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားပြီး အတူနေခွင့်ရနိုင်မလားဆိုတာ ပရိသတ်ကြီးကပဲ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ်

0 1947
Jananam Pranayam Thudarunnu (2024)
Lost Soulz
5.7

“Lost Soulz” ရုပ်ရှင်ကားဟာ ဒါရိုက်တာ Katherine Propper ရိုက်ကူးပြီး အမေရိကန် ဟစ်ဟော့ဂီတသမားများတွေရဲ့ စိတ်ကူးအိပ်မက်တွေနဲ့ လမ်းမပေါ်က ခရီးစဉ်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဖျော်ဖြေရေးခရီးထွက်လာတဲ့ Sol တို့ဘော်ဒါတစ်အုပ်က ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုနဲ့ ပေါင်းစပ်ပြီး စွန့်စားခန်း တစ်ခုထွက်လာတာဖြစ်သလို သူတို့အချင်းချင်းကြားက စကားလုံးတွေမလိုဘဲ တေးဂီတဖန်တီးမှုကြောင့် ထူးခြား‌ပျော်စရာကောင်းလာပြီး ခင်မင်ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အမိုက်စားကိုယ်ပိုင် ရက်ပ်သီချင်းတွေကို တဝကြီးခံစားရမှာဖြစ်သလို Sol နဲ့ သူ့ရဲ့ဘော်ဒါတစ်သိုက်က ဂီတသံတွေနဲ့ သူ့ဘဝ အကြောင်းတွေကို ထင်ဟပ်ပြသသွားမှာပါ။ ဂီတရှုခင်းတွေ၊ အနုပညာကို အတူတကွ ဖန်တီးခြင်းတွေနဲ့ အတူ လူအများကိုပျော်ရွှင်မှုပေးစွမ်းစေနိုင်တာကြောင့် စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ရက်ပ်ဂီတရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…3.34GB / 1.19GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.7 2023 95 mins
Lost Soulz
Shame on Dry Land
6.2

ဒင်မ်မန်က လူလိမ်တစ်ယောက်ဖြစ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရာကနေ အခင်ဆုံးသူငယ်ချင်းဟောင်းဖြစ်သူ တွဲဖက်ဟောင်းလည်းဖြစ်သူ ဖရက်ဒရစ်ရဲ့ မင်္ဂလာဆောင်နဲ့ အချိန်ကိုက် မော်လ်တာကို ရောက်လာပါတော့တယ်။ မော်လ်တာမှာ သူ့သူငယ်ချင်း ဖရက်ဒရစ်နဲ့ ဆာရာတို့ စုံတွဲက ဆွီဒင်လူမျိုးအွန်လိုင်းလောင်းကစားအဖွဲ့ကြီးတစ်ခုမှာ ပါဝင်နေပြီးတော့ ငွေကိစ္စအရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ … ကျွန်းပေါ်ကို စုံထောက်တစ်ယောက်ကလည်း ရောက်လာတဲ့အခါ … ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Drama • Crime • Thriller • Horror
6.2 2023
Shame on Dry Land
Culpa Tuya : Your Fault
5.5

Culpa Tuya : Your Fault (2024) 2023 တုန်းက ထွက်ရှိခဲ့တဲ့ My Fault ရဲ့ sequel ဇာတ်လမ်း Your Fault ဖြစ်ပါတယ်။ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင်တော့ My Fault ကို အရင်ကြည့်ဖို့ လိုပါလိမ့်မယ်။ My Fault မကြည့်ရသေးရင်တော့ ရီဗျူးကို ဆက်မဖတ်ဘဲ စပွိုင်လာရှောင်သင့်ပါတယ်။ Your Fault မှာတော့ နစ်ခ်နဲ့နိုအာတို့က တိတ်တိတ်လေး ခိုးကြိုက်နေကြတဲ့ ချစ်သူတွေ ဖြစ်နေပါပြီ။ နစ်ခ်က အလုပ်သင်ဘဝနဲ့ ရှေ့နေကုမ္ပဏီတစ်ခုမှ အလုပ်ဆင်းနေပြီး နိုအာက အထက်တန်းပြီးလို့ ကောလိပ်သွားတက်ပါတော့မယ်။ နစ်ခ်ဟာ အလုပ်မှာ ဆိုဖီယာဆိုတဲ့ ကောင်မလေးနဲ့ အတူတူ အလုပ်တွဲလုပ်ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရတာကလည်း နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုက ရှိနေပါတယ်။ တစ်ဖက်မှာလည်း နိုအာဟာ ကောလိပ်မှာ နစ်ခ်ရဲ့ အတိတ်ကပတ်သတ်ခဲ့သူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။ ဒီတော့ နဂိုကမှ တိတ်တိတ်ပုန်း ချစ်ကြိုက်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဘယ်လိုအနှောက်တွေ ဝင်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး File Size : 2.2 GB, 1 GB Quality : WEB-DL 1080p / 720p Running Time : 2hr Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Act Molemy Encode by : Thit San Khant

Action • Comedy • Crime
5.5 2024 118 mins
Culpa Tuya : Your Fault
The Texas Chainsaw Massacre
6.2

The Texas Chainsaw Massacre (2003) IMDb Rating (6.2) မင်းသမီး Jessica Biel ရဲ့ နာမည်ကြီး Texas Chainsaw ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ကောင်လေးနဲ့ကောင်မလေးအတွဲ ၂တွဲနဲ့သူငယ်ချင်း၁ယောက်တို့ မက္ကဆီကိုနိုင်ငံမှာ ဆေးခြောက်ဝယ်ပြီး Dallasမြို့က ဂီတပွဲတစ်ခုသို့ သွားရောက်ကြပါတယ် တက္ကဆက်ပြည်နယ်ကို ဖြတ်မောင်းနေတုန်း လမ်းလယ်မှာ ငူငူငိုင်ငိုင်နဲ့ တစ်ယောက်တည်းလျှောက်နေတဲ့ မိန်းကလေးတစ်ဦးကို လမ်းကြုံတင်ခဲ့ရာကနေ သူမကို စကားပြောကြည့်ဖို့ ကြိုးစားကြပေမယ့် မိန်းကလေးက လူဆိုးတစ်ယောက်အကြောင်းကို မရေမရာပြောပြီး နင်တို့အားလုံး သေရလိမ့်မယ်ဆိုကာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ အဆုံးစီရင်သွားလို့ အမှုကြီးကြီးတက်ပါတော့တယ်… ဒါနဲ့ ရဲကို အကြောင်းကြားဖို့ နီးစပ်ရာ ဓာတ်ဆီဆိုင်ဝင်ပြီး ဖုန်းဆက်ဖို့ ကြိုးစားပေမယ့် ဆိုင်ရှင် အဒေါ်ကြီးက ရဲမှူးက မလာနိုင်ကြောင်း ကြိတ်ခွဲစက်ရုံကို လာခဲ့ဖို့ ပြောပါတယ် သူတို့ ၅ယောက်လည်း သေဆုံးသူကို လမ်းဘေးမှာ မထားခဲ့ချင်တာနဲ့ အရောက်သွားခဲ့ပေမယ့် ရဲမှူးကို မတွေ့ခဲ့ရဘဲ ကလေးငယ်တစ်ယောက်နဲ့သာ ဆုံခဲ့ပါတယ် ရဲမှူးက အိမ်မှာ အရက်သောက်နေတယ်လို့ ကလေးကပြောတာကြောင့် အကြောင်းကြားဖို့ ရဲမှူးရှိရာအိမ်ဆီကို အယ်ရင်နဲ့ ကမ့်ပါတို့ ထွက်ခွာလာခဲ့ကြပါတော့တယ်… နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ရဲမှူးကရော ဘယ်ရောက်နေသလဲ သတ်သေသွားတဲ့ မိန်းကလေးရဲ့ ဇာတ်ကြောင်းကရော ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေကိုတော့ ခြောက်ခြားဖွယ်ရာဆက်လက်ကြည့်ရှုရမှာပါ။ ကြမ်းတမ်းတဲ့ပြကွက်တွေ ပါတာကြောင့် အသည်းငယ်တတ်သူများမကြည့်ဖို့ သတိပေးလိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thu Thu မှ တင်ဆက်ထားပါတယ်။)

Romance
6.2 2003 98 mins
The Texas Chainsaw Massacre
Monster Awakens
5

ဘရီ တို့ သားအဖနှစ်ယောက်က အမေရိကန်မြောက်ပိုင်းရဲ့ နှင်းတွေအမြဲဖုံးလွှမ်းနေပြီး အေးချမ်းတဲ့ ဒေသတစ်ခုမှာ နေထိုင်ကြတယ်။ အမေ မရှိတော့တဲ့ အဖေတစ်ခု သမီးတစ်ခု ဘဝမို့ အဖေဖြစ်သူက ဘရီ့ကို အစစအရာရာ ဂရုစိုက်ပေး ပါတယ်။ တစ်ရက်မှာတော့ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ရှိလို့ သမီးဖြစ်သူ ဘရီကို အိမ်ထဲမှာပဲ သော့ပိတ်ပြီးနေဖို့ မှာရင်း ထွက်သွားတယ်။ ဓာတ်ပုံဝါသနာအိုးလေးဖြစ်တဲ့ ဘရီကတော့ အဖေဖြစ်သူ စကားကို နားမထောင်ပဲ နှင်းတွေဖုံးနေတဲ့ တောအုပ်ထဲကို ဓာတ်ပုံရိုက်ဖို့ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထောင်သားတစ်ယောက်ကို လွှဲပြောင်းဖို့ သယ်လာတဲ့ ရဲကားဟာ ဘရီတို့ မြို့ကို ဖြတ်နေစဥ်မှာပဲ ကားပျက်ပြီး ထောင်သားက ထွက်ပြေးသွားတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ အဖေဖြစ်သူက သမီးဖြစ်သူကို စိတ်ပူတာကြောင့် အိမ်အမြန်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူကို အိမ်မှာမတွေ့တဲ့နောက်မှာ အဖေ ဖြစ်သူလည်း သမီးကို ရှာဖို့ တောထဲကိုလိုက်လာပါတော့တယ်။ ဒီလိုနဲ့ပဲတောထဲမှာ ထူးဆန်းထွေလာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာရတဲ့အခါမှာတော့ … File size… (1.25GB) / (666MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Animation • Adventure • Family • Comedy
5 2024 75 mins
Monster Awakens