YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

It's.ok.to.be.30.S01E06.1080p.CM.mp4

795.88 MB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Moustache
6.3

~ IMDb - 6.6/10, Rotten Tomatoes - 86% ~ ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ထားတဲ့ Mystery / Drama အမျိုးအစားရုပ်ရှင်ပါ။ ကိန်းကနေ မင်းသားဆုရထားတဲ့ ပြင်သစ်မင်းသား Vincent Lindon နဲ့ César Award for Best Actress ရထားတဲ့ မင်းသမီး Emmanuelle Devos တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဝေဖန်ရေးသမားတွေတော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြပြီး RT - 86% ရထားပါတယ်။ Mystery / Drama ဆိုပေမဲ့ Psychological Drama လိုလို ဘာလိုလိုပါပဲ။ ဒီတစ်ကားလုံးကို မင်းသားနဲ့ သူ့နှုတ်ခမ်းမွှေးအပေါ် အခြေခံထားတယ်။ ကားစစမှာ မင်းသားနဲ့ သူ့မိန်းမပြောစကားအရ မင်းသားဟာ နှုတ်ခမ်းမွှေးမရိတ်တာ တော်တော်ကြာပြီဖြစ်တဲ့လူဆိုတာကို ပြထားတယ်။ ပြီးကျ သူတို့တွေ သူတို့မိတ်ဆွေတွေရဲ့ ကလေးတစ်ယောက်ရဲ့မွေးနေ့ပွဲသွားကြတယ်။ ထူးတာက မင်းသားက မုတ်ဆိတ်ရိတ်လာပေမဲ့ သူ့မိန်းမအပါအဝင် ဘယ်သူကမှ သတိမထားမိကြဘူး။ ဒီလိုနဲ့အပြန်မှာ သူ့ကိုနောက်နေကြတာလားဆိုပြီး ပေါက်ကွဲရော။ နောက်မှ သူ့မိန်းမစကားအရ သူ့မှာ နှုတ်ခမ်းမွှေးမရှိခဲ့ဘူးဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူယုံရခက်နေတယ်။ ဒီလိုနဲ့နောက်ထပ် သူ့ဘဝထဲကလူတွေကို သူနှုတ်ခမ်းမွှေးရှိခဲ့ပြီး အခုမရှိတော့တာ သတိထားမိလား လိုက်စမ်းသပ်တယ်။ ဒီလိုနဲ့ သူ့မှာမရှိခဲ့တာ သေချာသလိုလိုဖြစ်လာတယ်။ ဒါပေမဲ့လည်း ရှိခဲ့လား မရှိခဲ့လားနဲ့ သူ မသည်းကွဲနေဘူး။ ဒီကားဟာ လူတစ်ယောက် နှုတ်ခမ်းမွှေးတကယ်ရှိမရှိ အဖြေရှာရမယ့်ကားပါ။ အဆုံးကျ အဲဒီလူမှာ နှုတ်ခမ်းမွှေး ရှိမရှိ ခင်ဗျားတို့ ဆုံးဖြတ်ရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.85GB,780MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 27Min Genre - Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Horror • Romance • Thriller
6.3 2005 87 mins
The Moustache
The Last: Naruto the Movie
7.7

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့ အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး  shippuden လူငယ် ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ သတ္တမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.8/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​မ​ပြော​တော့ပါဘူး။ ဒီကားမှာ Narutoနဲ့ Hinataတို့ချစ်သွားကြပုံကိုမြင်ရမှာဖြစ်ပြီး Hinata ရဲ့ ပထမ​ ယောက်ျားအ​ကြောင်းလည်း ကြည့်ရမှာပါ။ ? Borutoစီးရီးကြည့်​နေတဲ့သူဆိုရင် Borutoရဲ့မျက်လုံးက ဘာလို့ရတာလဲဆိုတာကိုပါ ရိပ်သံဖမ်းသံသိရမယ့်ရုပ်ရှင်ပါ။ File size…1.42GB / 652MB Quality…1080p  / 720p Format…mp4 Duration….1h 52m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Action • Thriller
7.7 2014 114 mins
The Last: Naruto the Movie
Brave
7.1

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ.. မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ် မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…..။ IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။

7.1 2012
Brave
Mountain Village Inn
5.9

CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့ နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့ တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ….. ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား (၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး….. မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာ လူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ…… ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေ ကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်…..

5.9 2023
Mountain Village Inn
Adam’s Apples
Ransomed
6.7

Ransomed(2023) **************** ကိုရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်.. လက်ဘနွန်ဆိုတာ ပြည်တွင်းငြိမ်းချမ်းမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေ များစွာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်…သံရုံးတွေကတော့ နိုင်ငံရေးအခြေအနေရ တည်ရှိနေရတယ်ဆိုပေမဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး.. တစ်နေတော့ ကိုရီးယားသံရုံးရဲ့ အကြီးအကဲအရာရှိတစ်ဦး လက်ဘနွန် သူပုန်တွေဆီမှာ အဖမ်းခံလိုက်ရတယ်.. ထူးခြားတာက အရာရှိကြီးကို ဘယ်သူဖမ်းတယ်လို့ မကြေငြာတော့သတင်းအစအနပါပျောက်နေတယ်.. ဒီနောက် ၁ နှစ်နဲ့ ၈လကြာတဲ့နောက်မှာ လက်ဘနွန်ကနေ ကိုရီးယားနိုင်ငံရဲ့ သံရုံးကို ဖုန်းဝင်လာတယ်.. အဲ့ဒါကတော့ သံရုံးအရာရှိကို ၂.၅သန်းနဲ့ လာရွေးကြပါပေါ့.. ကိုရီးယားထိပ်သီးအစိုးရဝန်ထမ်းတွေဟာ ဒီကိစ္စကိုလူသိရှင်ကြားနဲ့ကြေငြာပြီးကယ်မယ်ဆိုရင်လည်း ဓားစာခံဟာသေပြီးသားလူဖြစ်နေရင် အရှက်ကွဲမယ်..မကယ်ရင်လည်း နောက်မှ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ သတင်းပေါက်လို့ရှိပြန်ရင်လည်း သူတို့အရှက်ကွဲမှာဆိုတော့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့ လူတစ်ယောက်ကိုစေလွှတ်လိုက်ပါတော့တယ်…အဲ့ဒီနောက်မှာတော့….ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့… File Size :(2.2GB) and (987MB) Quality : WEB-DL 1080p, 720p Format…mp4 Duration…02:12:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri,Stary, Lia Fay & Treasure Htet Encoded by Phyo Pyae

Action
6.7 2023
Ransomed
Believer
5.9

Believe (2018) ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော် အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime Quality…. 1080p | 720p File size… 1.3GB | 566MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin, Cali, Thae, Laii Encoder ….. Aaron

5.9 2018
Believer
Entergalactic
7.3

Entergalactic (2022) ~ IMDb – 7.3/10, Rotten Tomatoes – 97% ~ “အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး” လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။ ဒီ TV Special ကို Kid Cudi ရဲ့ Entergalactic Album ရဲ့ Visual Companion Piece အနေနဲ့ထုတ်ခဲ့တယ်။ Visual Album ဆိုတာကတော့ သီချင်းအလ်ဘမ်ကို တွဲဖက်ရုပ်ရှင်အနေနဲ့ ပိတ်ကားပေါ် ‌တင်ဆွဲလိုက်တာမျိုးပေါ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်အများစုကို Entergalactic အလ်ဘမ်ရဲ့ “She’s Looking For Me”, “Somewhere to Fly”, “Can’t Shake Her” နဲ့ “Do What I Want” သီချင်းတွေကို အဓိက မှီငြမ်းထားတယ်။ Music Video တွေတပုဒ်ချင်းထုတ်မယ့်အစား အလ်ဘမ်တစ်ခုလုံးစာကို ရုပ်ရှင်ထဲ ပစ်ထည့်လိုက်တဲ့သဘော။ ဒါကြောင့် သုံးထားတဲ့သီချင်းတွေ၊ Visual တွေက ကြည့်ရတာသိပ်အရသာရှိလွန်းတယ်။ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Kid Cudi သီချင်းတွေနဲ့ အလှဆင်ထားတာပဲ။ Album ထဲက သီချင်းတွေကိုလည်း သူ့အနေနဲ့‌မဟုတ်ဘဲ သူ့စိတ်ကူးထဲကဇာတ်ကောင်၊ သူ့စိတ်ကူးထဲကအချစ်၊ သူ့စိတ်ကူးထဲက စကြဝဠာကို ပုံဖော်တဲ့အနေနဲ့ ရေးခဲ့တယ်။ အလ်ဘမ်ထဲက အချစ်သီချင်းတွေတင်မကဘူး၊ ဒီ ရုပ်ရှင်ကပါ Kid Cudi ရဲ့ စိတ်ကူးထဲက အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်လို့သူပြောတယ်။ သူကိုယ်တိုင် ဇာတ်လမ်းရေးသလို အဓိကဇာတ်ကောင် ဂျဘာရီနေရာမှာလည်း သူ့အသံနဲ့သရုပ်ဆောင်ထားတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jessica Williams, Thimothée Chalamet, Ty Dolla Sign အပြင် တခြားသရုပ်ဆောင်တွေပါဝင်ထားတယ်။ ထူးခြားချက်အနေနဲ့ အသံသရုပ်ဆောင်တဲ့လူတွေနဲ့ ဇာတ်ကောင်တွေရဲ့ပုံစံကို ခပ်ဆင်ဆင် ဖန်တီးထားတယ်။ Animation အရဆိုရင် Spider-Verse နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Spider-Verse ထက်ပိုပြီး Comic ဆန်တယ်။ ကြည့်ရတာကော၊ နောက်ခံသီချင်းနားထောင်ရတာတွေကပါ ဇာတ်လမ်းအသွားနဲ့ အံဝင်ပြီး ပြီးသွားတာမြန်လိုက်တာလို့တောင်ထင်ရက်နိုင်စရာပါ။ ဇာတ်ကောင်တွေရဲ့ အဝတ်အစားကိုတော့ Virgil Abloh က သူ မကွယ်လွန်ခင်မှာ ဒီဇိုင်းဆွဲပေးသွားခဲ့တယ်။ အဲဒါကြောင့် အလ်ဘမ်နဲ့ ဒီရုပ်ရှင်ကို Kid Cudi က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Virgil Abloh ကိုရည်စူးပြီး Virgil မွေးနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ခဲ့တယ်လို့ဆိုတယ်။ Dialogue တွေကလည်း အားရဖို့ကောင်းတယ်။ ရယ်စရာတွေ၊ ငိုစရာတွေ၊ တွေးစရာတွေ၊ မေ့နေတဲ့အချက်တွေကို ဘေးကနေဘော်ဒါတစ်ယောက်က ထိုင်အကြံပေးနေသလို ခံစားရလိမ့်မယ်။ အသုံးအနှုန်းကြမ်းနဲ့ ဝတ်လစ်စလစ်ပြကွက်တွေပါတာကြောင့် အသက်မပြည့်သေးတဲ့သူတွေအနေနဲ့တော့ မကြည့်သင့်ဘူး။ လူငယ်အထာဆိုတော့ လူငယ်စကားတွေပြောရင်း လူငယ်ကိစ္စတွေလုပ်ကြတာပေါ့။ လမ်းသရဲ ‌ဒေါင်းတောင်းပက်ရဲ့စကားအရဆိုရင်တော့… “အချစ်ဆိုတာ မြေနိုးကြီးပဲ ငါ့ကောင်တို့ရ ဒါပေမဲ့ အချစ်က ငါတို့ကိုကယ်တင်မယ့် တစ်ခုတည်းသောအရာပဲ” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 855MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Animation, Comedy, Music Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Thriller • Mystery
7.3 2022 93 mins
Entergalactic
The Prequel of Gold Convoyers 7: A Supernumerary Candidate
5.7

ဒါကတော့ The Prequel of Gold Convoyers ရဲ့(၇)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းတို့ပို့ဆောင်ရေးအဖွဲ့ဟာ ဆားဂိုဏ်းဂိုဏ်းချုပ်ကြီးအပ်တဲ့ပစ္စည်းကိုပို့ရတာပဲဖြစ်ပါတယ်။ ရှေးခေတ်မှာ ဆားကိုတရားမဝင်ရောင်းဝယ်တဲ့သူဟာ အပြစ်တော်တော်ကြီးပါတယ်။ ဆားဂိုဏ်းဆိုတာကတော့ ဆားမှောင်ခိုအရောင်းအဝယ်အားလုံးထိန်းချုပ်ထားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အရမ်းကိုချမ်းသာပါတယ်။ ဘုရင်ကဆားရောင်းဝယ်တာတွေကိုပြန်စီမံမယ်ဆိုတော့ စံပြနမူနာအနေနဲ့ ဆားဂိုဏ်းဂိုဏ်းချုပ်တူဝရီးကိုအရင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဝမ်ကျောက်ရှင်းက ဆားဂိုဏ်းကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတဲ့အတွက် ဆားဂိုဏ်းဂိုဏ်းချုပ်ဖမ်းဆီးဖို့စစ်ဆင်ရေးမှာ သူပါပါဝင်ရတော့တာပေါ့။ နဂါးတော်ဝင်တပ်ရဲ့ရန်အပြင် အတွင်းရေးပဋိပက္ခတွေပါရှိနေတဲ့ ဆားဂိုဏ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲ။ ဝမ်ကျောက်ရှင်းတို့အဖွဲ့ဟာ ဒီတာဝန်ကိုရောဘယ်လိုအောင်မြင်အောင်လုပ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။

5.7 2010
The Prequel of Gold Convoyers 7: A Supernumerary Candidate
Urban Legends: Bloody Mary
5

Urban Legends: Bloody Mary (2005) =========================== Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာ အဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ် မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာ အစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေ တာပါပဲ။ ၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံး အဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ် မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာ မတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။ နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ် ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ် လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody mary ဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီ တစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက် သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.3 GB) / (1.1 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

TV Movie • Comedy • Romance
5 2005 93 mins
Urban Legends: Bloody Mary
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
Telekinesis
7.5

Telekinesis (2024) IMDb Rating (7.5) ရှားရှားပါးပါးထွက်ရှိလာတဲ့ မလေးရှားစွမ်းအားရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။ စွမ်းအားရှင်ဆိုပေမယ့် လူတစ်ယောက်စီမှာ စွမ်းအားတစ်မျိုးဆီရှိနေတာမဟုတ်ပဲ တစ်ချို့လူတွေဟာ အရာ၀တ္ထုတွေကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားနဲ့ မွေးဖွားလာကြတဲ့ ကမ္ဘာကြီးကိုအခြေခံထားတာပါ။ နိုင်ငံတိုင်းမှာ အဲ့ဒီလိုလူသားတွေရှိနေပြီး သူတို့ဟာ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ သိုသိုသိပ်သိပ်နေထိုင်ကြပြီး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က သူတို့ကိုဥပဒေနဲ့ထိန်းချုပ်ထားပါတယ်။ မလေးရှားနိုင်ငံမှာတော့ NTSF ဆိုတဲ့အဖွဲ့က အာဏာရရှိနေပြီး သူတို့ဆီကခေါင်းဆောင်ပိုင်းချင်း အကွဲအပြဲဖြစ်ကြရာက TLM ဆိုတဲ့အဖွဲ့တစ်ဖွဲ့ထပ်မံပေါ်ပေါက်လာပြီး အချင်းချင်းဦးသူဆော်စတမ်းလုပ်ကြံသတ်ဖြတ်နေတဲ့အချိန်ပါ။ ဖက်ဒ်လီကတော့ NTSF အဖွဲ့ရဲ့အလားအလာအကောင်းဆုံး လူငယ်အရာရှိတစ်ယောက်ဖြစ်ပြီး TLM အဖွဲ့သားတွေကိုဖမ်းမိတဲ့အခါကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့် အသေသတ်ပစ်လေ့ရှိပါတယ်။ အဲ့ဒီအငြိုးကတော့ သူငယ်စဉ်တုန်းက TLM အဖွဲ့ခေါင်းဆောင်ဟာ သူ့ဖခင်ကိုသတ်ပြီး သူ့ညီဖြစ်သူကိုဖမ်းခေါ်သွားခဲ့ဖူးတဲ့ အတိတ်ကြောင့်ပါ။ NTSF နဲ့ TLM ကြားထဲက ဝိရောဓိတွေ အချင်းချင်းသစ္စာဖောက်မှုတွေ လှည့်ကွက်တွေကို တမူထူးခြားတဲ့ဇာတ်အိမ်နဲ့ စိတ်ဝင်စားစရာတွေ့မြင်ရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.7 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Sci-Fi, Thriller Duration….01:46:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.5 2024 106 mins
Telekinesis
Maybe Baby 2
5.6

ဒီဟာသကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ခဲ့တဲ့ ဒိန်းမတ်စကားပြော Maybe Baby ရဲ့အဆက်ပါ။ အန်ဒရီရာ- စီစီလီ ‌စုံတွဲနဲ့ မော့ထ်-လိဗ် စုံတွဲနှစ်တွဲရဲ့ အလွဲလေးတွေအကြောင်းရိုက်ထားတာပါ။ ပထမကားမှာ သူတို့စုံတွဲကို ဆေးခန်းက မတော်တဆ မျိုးဥချင်းမှားထည့်ပေးမိလိုက်လို့ ကလေးမွေးပြီးမှ ကလေးချင်းလဲလိုက်ရပါတယ်။ ဘယ်လိုတောင်ပြောရမလဲ ကိုယ်ကမွေးတဲ့သူများကလေးနဲ့ သူများမွေးတဲ့ကိုယ့်ကလေးပေါ့။ အဲ့တာနဲ့ ကလေးလေးတွေ ၂ နှစ်ပြည့်ရောက်ခါမှ ဇာတ်လမ်းကပြန်စလာတယ်။ အဲ့အချိန်တုန်းက ဆေးခန်းက သူနာပြုရဲ့ တိကျမှုကြောင့် မျိုးဥတွေမလွဲပါဘူးတဲ့ ကိုယ်မွေးခဲ့တာကိုယ့်ကလေးအရင်း ခေါက်ခေါက်ပါတဲ့။ ကဲဘယ်လိုလုပ်ကြမလဲ။ အတော်နောက်တဲ့ဆေးခန်း။ အဲ့ဒီတော့ ၂နှစ်လောက်တောင် ကိုယ့်ကလေးလို့ထင်ပြီး သံယောဇဉ်တွေတွယ်လာကြတာ ပြန်လဲမပေးချင်၊ တစ်ဖက်စုံတွဲဆီက ကိုယ့်ကလေး အရင်းလေးနဲ့လည်း နေချင်ဆိုတော့ နောက်ဆုံးနှစ်အိမ်ထောင် ပေါင်းပြီး ပူးတွဲနေထိုင်ရေးအစီအစဉ်လုပ်ကြပါတော့တယ်။ ဒါပေမယ့် သွေးမတော်သားမစပ်တွေ ပေါင်းနေတဲ့အချိန်မှာ မတူညီတဲ့အကျင့်စရိုက်တွေ၊ ကိုယ့်ကလေးကို ပိုင်ဆိုင်ချင်တဲ့ လောဘစိတ်တွေနဲ့ ဘယ်လိုတွေလွဲကြ ပြန်ပေါင်းထုပ်ကြမလဲ ဆိုတာ တစ်ချက်မှမပျင်းရဘဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size… (1.72GB) / (895MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Action • Thriller • Adventure
5.6 2024 104 mins
Maybe Baby 2
Ice Road: Vengeance
5.2

Ice Road: Vengeance (2025) IMDb Rating (5.2) The Ice Road (2021) ရဲ့ အဆက် Ice Road: Vengeance (2025) ထွက်ရှိလို့လာပြီဘဲဖြစ်ပါတယ်။ နီပေါရဲ့ ဧဝရတ်တောင်တန်းတွေမှာသွားရိုက်ထားတာဖြစ်တဲ့အတွက် ရိုက်ချက်အပြင်အဆင်တွေက အတော်လေး ကြည့်လှပါတယ်။ အီရတ်မှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ ညီဖြစ်သူရဲ့ နောက်ဆုံးဆန္ဒအရ သူ့ရဲ့အရိုးပြာကို ဧဝရတ်တောင်တန်းတွေမှာ ကျဲပေးဖို့ဆိုပြီး နီပေါကို မိုက်မက်ကယ်ဆိုတဲ့ အစ်ကိုဖြစ်သူဟာ တစ်ကိုယ်ထဲ့ပူဆွေးရင်းခရီးနှင်လာခဲ့ပါတယ်။ ဒါပေမဲ့ သူရောက်လာတဲ့ ဧဝရတ်တောင်ခြေစခန်းကတောင်ပေါ်ရွာလေးမှာ ဒေသခံမြေတွေကိုအပိုင်သိမ်းပြီး ဆည်ကြီးဆောက်ဖို့ တာဆူနေတဲ့ လူမိုက်ဂိုဏ်းတစ်ခုရဲ့ ရန်စွယ်နဲ့တွေ့ပြီးဒေသခံတိုးဂိုက်အဖွဲ့နဲ့ရွာသူ/သားတွေကို ကူညီပေးဖို့ မိုက်ခ်တစ်ယောက်ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cyberboy ဖြစ်ပါတယ်။) File size…(6.3 GB) / (3.1 GB) / (1.4 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama,Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Cyberboy

Documentary
5.2 2025 113 mins
Ice Road: Vengeance