YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

It's.Beautiful.Now.S01E50.Final.1080P[CM].mp4

1.37 GB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Suro
6.5

IMDb Rating - 6.5/10 ဒီSpain ဇာတ်လမ်းကို ဒါရိုက်တာ Mikel Gurrea ရိုက်ကူး ထားပြီး rating 6.5 ရထားတာပါ။ Helenaနဲ့ Ivanဆိုတဲ့ ညား ခါစ လင်မယားနှစ်ယောက် ဖော့ဆို့ပင်သစ်တောရှိတဲ့ နယ်ဘက် က အိမ်တစ်အိမ်ကို ပြောင်းလာကြတယ်။ အဲ့အိမ်က ဆုံးသွားတဲ့ Helena ရဲ့ အဒေါ်ပိုင်အိမ်ပါ။ Helena တို့လင်မယားနှစ်ယောက် အဲ့မြို့ကိုပြောင်းလာတော့ မြို့ခံလူတွေက နွေရာသီမိုးခေါင်တဲ့အတွက် မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ Helenaတို့ကတော့ သူတို့ ကလေးလေးမမွေးခင် ဖော့ဆို့ပင်တွေ အခေါက်ခွာပြီး ချမ်းသာဖို့ ကိုပဲ အာရုံစိုက်နေကြတယ်။ အဲ့နောက်ပိုင်း ဖော့ဆို့ပင်အကြောင်း ဘာမှမသိတဲ့ Ivanနဲ့ Helenaတို့ အလုပ်သမားတွေငှားပြီး စုပေါင်း အလုပ်လုပ်ကြတော့ ဘယ်လိုပြဿနာတွေဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ညားခါစလင်မယား အချင်းချင်း အမြင်မတူလို့ရန်ဖြစ်တာတွေ၊ ဖော့ဆို့အခေါက်ခွာတဲ့ လုပ်နည်းတွေ၊ ပိုက်ဆံရဖို့ ခေါင်းဘယ်လောက်တောင် အခြောက် ခံလိုက်ရလဲဆိုတာတွေကို Mystery ဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(2.11 GB) / (782 MB) / (524 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thwal Htoo Zin Encoder..........SWM

Drama • Horror • Mystery • Thriller
6.5 2022 116 mins
Suro
The Secret Garden
6.4

~ IMDb - 5.6/10, Rotten Tomatoes - 67% ~ လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 39Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama • Romance
6.4 2020 99 mins
The Secret Garden
The Devil's Backbone
7.3

IMDb rating: 7.4/10 Rotten Tomatoes: 93% ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ.. မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို... ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ် စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ် ဇာတ်လမ်း‌အသွားအလာကရိုးရှင်းပေမယ့် Nomi တွေ ဝင်ခဲ့ပါသေးတယ် Goya Award for Best Special Effects တို့ Goya Award for Best Costume Design အစရှိတာတွေပါ ကဲ ရုပ်ရှင်ကြိုက်သူတို့ လိုက်ပါစီးမျောရင်း အတွေးနယ်ချဲ့လိုက်ကြပါဦး File Size :(2.1GB)  (862 MB) and (273 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Horror , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Action • Drama • Science Fiction
7.3 2001 108 mins
The Devil's Backbone
Stay
6.6

Ryan Gosling Ewan McGregor တို့လိုဝါရင့် သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့Thriller Mystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ ဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။ တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့ အနုပညာကျောင်းသားလေးတယောက်က သူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာက ဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေက တခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကို ကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြား လူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲ သိနေတာတွေကအစရှိနေတယ်။ ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင် တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက် ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေ ကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကို အစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့ အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲ ဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာက ကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ? ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကို stay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။ File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Crime
6.6 2005 99 mins
Stay
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Jurassic World: Fallen Kingdom
6.5

အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်... Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်.. အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့်ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကိုကယ်တင်မယ့်သူများပေါ်လာပါတယ်... ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်.. သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက်သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်.... နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင်ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်... အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက်အသိဉာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်... Jurassic World (2015) မှာ Raptor လေးကောင်ထဲက တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ... ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုးဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကိုခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်... ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇဝါတွေဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး... ဒါကြောင့် မြန်မာစာတန်းထိုးနဲ့ ကြည့်ပြီးဇာတ်ကားရဲ့သဘောသဘာဝကိုနားလည်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်.... File Size : 1 GB Quality : Blu-Ray 720p Running Time : 2hr 08min Format : Mkv Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hnin Kyi Thar Oo Encoded by Thanhtike Zaw

Drama • Romance
6.5 2018 129 mins
Jurassic World: Fallen Kingdom
5000 Blankets
6.1

5000 Blankets (2023) IMDb ~ 6.3 တက္ကဆက်ပြည်မြောက်ပိုင်း ဖို့တ်ဝေါ့သ်မှာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ “Philip’s Wish” ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ရှိပါတယ်။ အိမ်ခြေရာမဲ့တွေကို စောင်၊ စားစရာနဲ့ အခြေခံ လူသုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးပါ။ အဲဲဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူတွေကတော့ စင်ဒီနဲ့ဖေးလ်လစ်ဆိုတဲ့ သားအမိနှစ်ယောက်ပါ။ ဒီသားအမိက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီး အိမ်က ထွက်သွားတဲ့ စင်ဒီရဲ့ယောကျာ်း၊ ဖေးလ်လစ်ရဲ့အဖေ ဘော်ဘီကို လိုက်ရှာဖို့ ကြိုးစားရင်း ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့တွေရဲ့ ညတာရှည်ပြီး ချမ်းအေးလှတဲ့ ဘဝကို သိရှိခဲ့ရပါတယ်။ ဘော်ဘီလည်း သူတို့လို ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့ ၅၀၀၀ ထောင်ကျော်အတွက် စောင်တွေ လိုက်ဝေပေးဖို့ စိတ်ကူးမိရာကနေ ဒီဖောင်ဒေးရှင်းကြီး ပေါ်ပေါက်လာတာပါ။ ဒီဇာတ်လမ်းက အဲဒီဖြစ်ရပ်မှန်ကို အသက်သွင်းပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Plot twist တွေလည်း မရှိသလို တင်ပြပုံကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာတွေလည်း ရှိသေးကြောင်း လှလှပပ ပုံဖော်ပြထားပါတယ်။ ဖြစ်ရပ်မှန်လည်း ဖြစ်တာကြောင့် အသက်ဝင်ပြီး တစိမ့်စိမ့်ကြည့်ရင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားမျိုးပါ။ စင်ဒီတို့သားအမိ ဘော်ဘီကို ရှာတွေ့ခဲ့လားဆိုတာကို ဇာတ်ကားထဲမှာ အဖြေရှာရင်း မေတ္တာတရားနဲ့ ယုံကြည်ချက်တွေအကြောင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.93GB | 673MB | 328MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. Aaron

6.1 2023 105 mins
5000 Blankets
We’re the Millers
7

2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ် File size… 1.9 GB / 884 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Chanyein Soe

7 2013
We’re the Millers
The Slumber Party
5.8

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင် File size…(840 MB) Quality….Webrip 720p Format…mp4 Duration….01:23:00 Genre…Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Romance • Drama
5.8 2023
The Slumber Party
Man of Steel
7.1

DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/dceu/ ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013) – Batman vs Superman: Dawn of Justice (2016) – Suicide Squad (2016) – Wonder Woman (2017) – Justice League (2017) (Theatrical Cut) – Aquaman (2018) – Shazam! (2019) – Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020) – Wonder Woman 1984 (2020) – Zack Snyder’s Justice League (2021) – The Suicide Squad (2021) – Black Adam (2022) – Shazam!: Fury of the Gods (2023) – The Flash (2023) – Blue Beetle (2023) – Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Man of Steel (2013) IMDb Rating (7.1) / Rotten Tomatoes (56%) Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီးJune 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်… Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်းထူးဆန်းတဲ့ မိုးကောင်းကင်ကနေကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇာတ်လမ်းပါပဲ ဒါပေမယ့် ထူးခြားနေပါတယ်…. Spoiler Alert…. Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်းနဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ် ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်…. အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ် ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်းမဟုတ်ခဲ့ပါဘူး လူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှုကိုရရှိခဲ့ရတာပါ… ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာSuper Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်.. ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်ကSuper Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်… ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်းလမ်းတဝက်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်… လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ဝင်လာခဲ့ပါတော့တယ် အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကိုကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်တစ်ခု သက်ရောက်နေခဲ့မှာပါ…. ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်မှာတော့….။

Action • Drama
7.1 2013
Man of Steel
Half Baked: Totally High

စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။ အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။ File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Half Baked: Totally High
Across the Furious Sea
6.7

Across the Furious Sea (2023) IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။ အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။ နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။ မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….02:24:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.7 2023 144 mins
Across the Furious Sea
Sunset Boulevard
8.4

Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောက ထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ဘယ်လိုတွေ စခန်းသွားကြမလဲ။ နော်မာကရော သူ့ရဲ့ အိပ်မက်ကို ဘယ်လို အကောင်အထည် ပြန်ဖော်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။ File size…(1.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Film Noir, Drama, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

8.4 1950 110 mins
Sunset Boulevard