YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Ishq.Next.Door.S01E06.1080p.Jio.WEB-DL.DD.5.1.H.264(CM).mp4

447.3 MB 1080p video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
King of Snipers
4.6

Libiwala ဆိုတဲ့ နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါး တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုမှုရှိလာခဲ့ပြီး တရားဝန်စိုက်ပျိုးဖို့အထိ အာဏာပိုင်တွေက လက်ဝါးကြီးအုပ်တိုးချဲ့ခဲ့ပါတယ် ။ ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ / အထိအခိုက်မရှိစေဖို့အတွက် အနယ်နယ်အရပ်ရပ်ကနေ လုပ်ဆောင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေလဲ ဆက်တိုက်ဖြစ်ခဲ့ပါတော့တယ် ။ တစ်ဆက်ထဲမှာပါ အမျိုးသမီးစနိုက်ပါသမား အန်းန ၊ အေးဂျင့် အားထိုက် နဲ့ ဒေါက်တာဖန်းတို့ဟာ တာဝန်တစ်ခုက်ို အတူတူ လုပ်ကိုင်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီတာဝန်ကို သူတို့တွေ လုပ်ကိုင်ကြရင်း လုပ်ကြံသတ်ဖြတ်မှုတစ်ခုရဲ့ နောက်ကွယ်က အမှန်တရားကို သိရှိခဲ့ကြပြီး အမှောင်ထု ဒုစရိုက်လောကထဲကို နက်နက်ရှိုင်းရှိုင်း လုပ်ဝင်ရောက်လာခဲ့ကြတဲ့အခါ - ❏ မူးယစ်ဆေးနွံနစ်နေတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော သူတို့တွေကယ်တင်နိုင်ကြပါ့မလား ? ❏ သူတို့တွေ တာဝန်ထမ်းဆောင်ရတဲ့ မစ်ရှင်ကိုရော အပြစ်ဆုံးထိ တာဝန်ထမ်းဆောင်နိုင်ပါ့မလား ? ❏ သူတို့ကိုယ်တိုင်ကရော ဒုစရိုက် အမှောင်ထုတောကြီးအတွင်းက ရုန်းထွက်နိုင်ပါ့မလား? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ။ အက်ရှင်ကားကောင်းကောင်းလေးဖြစ်တာမ်ို့ လက်လွှတ်မခံတမ်းကြည့်ရှုပေးကြပါဦးရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy • Crime • Fantasy
4.6 2023 98 mins
King of Snipers
Baking All the Way
5

ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။ တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို စာအုပ်ထဲထည့်ခွင့် ပေးမယ်လို့ ဆိုင်ရှင်နဲ့ အပေးအယူလုပ်လိုက်တဲ့အခါမှာ ဘာတွေဆက် ဖြစ်မလဲဆိုတာ . . . ခရစ္စမတ်ကာလ နောက်ခံထားထားတဲ့ Baking all the way ဆိုတဲ့ ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Cho ဖြစ်ပါတယ်) File Size..........(1.5 GB) / (550 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Myat Noe Cho Encoder..........SWM

Horror • Mystery
5 2022 90 mins
Baking All the Way
My Art Teacher

ဘာမှမသိနားမလည်တဲ့ အရိုင်းဆန်တဲ့ ပန်းချီပါရမီရှင်လေးကို အလယ်တန်းကျောင်းက အနုပညာဆရာကနေပြီး ပျိုးထောင်ပေးတဲ့ ကျောင်းသားကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၀ကျော် ကျေးလက်မှာအနုပညာမဖွံ့ဖြိုးသေးတဲ့အချိန်မှာ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ ပန်းချီကလွဲပြီးကျန်တဲ့စာတွေသင်ဖို့စိတ်မဝင်စားပါဘူး။ သိပ္ပံ၊ဝိဇ္ဇာဘာသာတွဲကိုသာအလေးထားတဲ့ ရွာကျောင်းလေးမှာ သူဟာသင်းကွဲတစ်ယောက်ဖြစ်နေတော့တာပေါ့။ ဆရာတိုင်းကသူ့ကိုအော့ကြောလန်ပြီး ပြဿနာကောင်လို့ သဘောထားကြတဲ့အချိန်မှာ မြို့ကနေ အနုပညာဆရာတစ်ယောက်ရောက်လာပါတယ်။ အနုပညာကိုအလေးထားရကောင်းမှန်းမသိတဲ့ ရွာကျောင်းလေးမှာ အနုပညာဆရာလုပ်ရတာလဲ မလွယ်လှဘူး။ ပန်းချီပါရမီရှိတဲ့ကျောင်းသားလေးကို အနုပညာကျောင်းကိုပို့နိုင်ဖို့အတွက် ကြိုးစားကြပုံကို အားတက်စရာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Crime • Drama • Mystery
0 2023 93 mins
My Art Teacher
Confessions of Felix Krull
6.4

Confessions of Felix Krull (2021) ======================== IMDb Rating – 6.4/10 ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.7 GB) / (732 MB) / (403MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 54mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Crime, Drama Translator…….C’mon Encoder……….SWM

Science Fiction • Thriller
6.4 2021 114 mins
Confessions of Felix Krull
Pizza 3: The Mummy
6.3

Pizza 3: The Mummy (2023) IMDb-7.0/10 နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်)

Crime • Drama • Thriller
6.3 2023
Pizza 3: The Mummy
The Bell Keeper

The Bell Keeper (2023) ဒီတစ်ခါ မိတ်ဆက်ပေးမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်ကတော့ ဘဲလ်တီးလိုက်ရင် ကြောက်စရာကောင်းတာတွေ ဖြစ်လာမယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခုပေါ် အခြေခံထားတာပါ။ အမေရိကတစ်၀ှမ်းက သရဲခြောက်တဲ့နေရာတွေကို Documentary လိုက်ရိုက်တဲ့ လူငယ်တစ်စု… ညသန်းခေါင် ဘဲလ်တီးလိုက်ရင် လူသတ်သမားပေါ်လာတယ်ဆိုပြီး ကောလဟာလရှိတဲ့ ဘဲလ်လိက်ဆိုတဲ့ မြိုလေးကို ရိုက်ကူးဖို့ရောက်လာကြတယ်။ အဲဒီမြို့က ဘဲလ်ရှိတဲ့ Camping Site မှာ လူတွေပျောက်သွားကြတဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ မြို့လေးမှာ အကိုပျောက်သွားလို့ လိုက်ရှာနေတဲ့ မိန်းကလေးနဲ့ပါ ဆုံပြီး သွားမယ့်နေရာပါတူနေပါရော… ည သန်းခေါင်မှာ သူတို့အဖွဲ့ ဘဲလ်တီးလိုက်တဲ့အခါ ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ… ကောလဟာလတွေ တကယ်မှန်နေတာလား… ကျိန်စာသင့်နေတဲ့နေရာမှာ အတိတ်က ဘယ်လို အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာ အဖြေရှာကြရမယ့် Horror ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 92 mins
The Bell Keeper
The Grey Man
5.9

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။ အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌ အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

Fantasy • Romance
5.9 2024
The Grey Man
Baipan Bhari Deva
8.2

Baipan Bhaari Deva (2023) “မိန်းမသားတို့ ဘဝ” IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခု ခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့ မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ရှုထောင့်ပေါင်းစုံကနေ သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် များသောအားဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးတွေကို အသားပေးတဲ့ အမျိုးသမီးဝါဒီ အိန္ဒိယကားတွေနဲ့ ကွဲထွက်ပြီး သက်လတ်ပိုင်း အမျိုးသမီးတွေရဲ့ ဘဝ အဖုံဖုံကို ရှုထောင့်အလီလီကနေ မြင်သာအောင် ဖော်ကျူးထားတဲ့ ကားလေးမို့ ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Drama
8.2 2023
Baipan Bhari Deva
Friday Night Sext Scandal
6.4

အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ စီနီယာတွေက ရှောင်ကို သူ့အခင်ဆုံးသူငယ်ချင်း လော်ရန်ရဲ့ ဝတ်လစ်စလစ်ပုံကိုပါ အရယူဖို့ ခိုင်းစေလာပါတော့တယ်၊ ဒီတော့ ရှောင်တစ်ယောက် လူဝင်ဆံ့ဖို့အတွက် အခင်ဆုံးသူငယ်ချင်းကိုချနင်းမလား၊ ဒါမှမဟုတ် မှန်ကန်ရာကိုလုပ်မလား ဘယ်သူတွေက ထိခိုက်ရမလဲဆိုတာကို လက်ရှိခေတ်နဲ့ ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Comedy • Drama
6.4 2024 87 mins
Friday Night Sext Scandal
Eternal Sunshine of the Spotless Mind
8.3

Eternal Sunshine of The Spotless Mind (2004) IMDb Rating (8.3) / Rotten Tomatoes (93%) သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့…. မင်းသားကြီး ဂျင်မီကာရေး မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ++++++++++++++++++++++++++++++ “ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal Sunshine of the Spotless Mind ပါ။ Warning– This content contains spoilers !!! ဇာတ်လမ်းအစမှာ Joel တစ်ယောက် မရည်ရွယ်ထားတဲ့ခရီးတစ်ခုမှာ Clementine ဆိုတဲ့ကောင်မလေးတစ်ယောက် နဲ့ ဆုံမိပြီး အပြန်ရထားပေါ်မှာ နှစ်ယောက်တူတူစကားလက်ဆုံကျရင်း ရင်းနှီးကျွမ်းဝင်သွားကြတယ်။ သူတို့နှစ်‌ယောက်လုံးရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဒါက သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပေါ့။ တကယ်တမ်းကတော့ ဒါကသူတို့ရဲ့ ဒုတိယမြောက်ပြန်တွေ့ဆုံမှုပါ။ နှစ်ယောက်လုံးက အရင်ကဆုံခဲ့ဖူးကြပြီး ချစ်ခဲ့ကြပြီး တွဲခဲ့ဖူးကြတဲ့သူနှစ်ယောက်ပါ။ တဖြည်းဖြည်းနဲ့ toxic ဆန်လာတဲ့ သူတို့နှစ်ယောက်ရဲ့ relationship မှာ Clementine က မပျော်တော့လို့ ဆိုပြီး အကြောင်းပြချက်နဲ့ မှတ်ဉာဏ်ဖျက်ပေးတဲ့ ဆေးခန်းကိုသွားပြီး Joel နဲ့ပက်သတ်ခဲ့ဖူးတဲ့ အမှတ်တရတွေ မှတ်ဉာဏ်တွေအားလုံးကို ဖျက်ပစ်လိုက်တယ်။ မှတ်ဉာဏ်ဖျက်ပေးတဲ့ဆေးခန်းရဲ့စည်းမျဉ်းစည်းကမ်းအရ အမှတ်တရကိုမဖျက်စီးပစ်ခင် ဖျက်စီးခံရမယ့် မှတ်ဉာဏ်ထဲကလူနဲ့ ပက်သတ်ခဲ့ဖူးတဲ့ ဖလှယ်ခဲ့ဖူးတဲ့ ပစ္စည်းတွေ လက်ဆောင်တွေအားလုံးကို ဆေးခန်းကိုယူသွားရပြီး တချို့ပစ္စည်းတွေကိုတော့ ဆေးခန်းကဖျက်စီးပစ်ပြီး ကြီးမားလွန်းတဲ့အမှတ်တရတွေတည်ရှိနေတဲ့ပစ္စည်းတွေကိုတော့မူရင်းပိုင်ရှင်ဖြစ်တဲ့ တနည်းအားဖြင့် အမှတ်တရတွေကိုတူတူဖန်တီးခဲ့တဲ့ ကာယကံရှင် Joel ဆီ လိပ်မူပြီး Clementine က Joel နဲ့ ပက်သတ်တဲ့မှတ်ဉာဏ်တွေအားလုံးကို ဖျက်စီးပစ်လိုက်ပြီ delete လုပ်လိုက်ပြီ ဖြစ်တာမလို့ Clementine နဲ့ပြန်တွေ့ရင် မသိသလို နေပေးပါဆိုတဲ့ အသိပေးစာဆန်ဆန်စာတစ်စောင်ကိုပို့ထားပေးတယ်။ Joel ကလည်း ဒီလိုအမှတ်တရတွေကို ဖျက်စီးပစ်ရမလားဆိုပြီး ဒေါသတွေထွက် Anxiety တွေဝင်ပြီး လောကကြီးမှာ ကိုယ့်အကြောင်းကိုမေ့ပစ်ထားတဲ့လူရဲ့ မှတ်ဉာဏ်တွေကို ဘာလို့ သယ်ဆောင်ထားရဦးမှာလဲဆိုပြီး သူပါ မှတ်ဉာဏ်ဖျက်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ Joel ဆေးခန်းသွားတဲ့နေ့က Valentine Day မတိုင်ခင်တစ်ရက်အလိုဖြစ်ပြီး ဆေးခန်းမှာ လူအရမ်းကျတဲ့နေ့ပေါ့။ အမှတ်တရနေ့မတိုင်ခင် အမှတ်တရတွေကို လာဖျက်နေကြတဲ့သူတွေအမြောက်အများကြောင့် Joel တစ်ယောက် awkward ဖြစ်သွားတယ်။ နာမည်ကြီးတဲ့စကားတစ်ခွန်းဖြစ်တဲ့ တွယ်ငြိရာသာဆုံးရှုံးရာဆိုသလိုပေါ့။ မှတ်ဉာဏ်တွေသာမရှိတော့ရင် နာကျင်ရတာတွေလည်းရှိတော့မှာမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ side effects အရမ်းများတဲ့ မှတ်ဉာဏ်ဖျက်တဲ့လုပ်ငန်းစဉ်ကို မကြောက်မရွံ့ လုပ်ကြတဲ့သူတွေပေါ့။ နောက်ဆုံးမှာ Joel တစ်ယောက် Clementine နဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီမလို့ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်မသိ ကြတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် မမှတ်မိကြတော့ဘဲ ကိုယ်စီကိုယ်စီ သူတို့ရဲ့ ပုံမှန်လူနေမှုဘဝမှာ ကျင်လည်လှုပ်ရှားနေကြရင်းနဲ့ နောက်ထပ်တစ်ကြိမ် ရထားပေါ်မှာ ဆုံဖြစ်သွားကြပြီး ပြန် ချစ်သွားကြတယ်။ ပြန်ပြီး တွယ်ငြိသွားကြပြီး ချစ်သူတွေပြန်ဖြစ်သွားကြပြန်တယ်။ ဒီလို meant to be သဘောတရားတွေကို what if ထဲက absolute point တွေလို့ သတ်မှတ်ရမယ်ထင်တယ်။လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတစ်ခုမှာ absolute point တစ်ခုကတော့ သေချာပေါက်ကို ရှိကိုရှိနေမယ်ထင်တယ်။ ကြုံဆုံရမယ့်သူတွေက ဆုံကိုဆုံမှာဖြစ်ပြီး သူတို့ကို ဘယ် what if တွေကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ မှတ်ဉာဏ်တွေ ဖျက်ပစ်ခံထားရရင်တောင် သူတို့ကနောက်တစ်ခါထပ်ဆုံတဲ့အချိန်ကြရင် နောက်ထပ် ထပ်ချစ်မိကြဦးမှာ။ ထပ်ပြီးတစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်မိကြဦးမှာ။ Joel နဲ့ Clementine တို့နှစ်ယောက် အဲ့နေ့က ရထားပေါ်မှာမဆုံဖြစ်ခဲ့ရင်တောင် သူတို့အမြဲသွားနေကြ စာအုပ်ဆိုင်မှာ ပြန်ဆုံဖြစ်ကြဦးမှာဘဲ။ မှတ်ဉာဏ်တွေမရှိတော့ပေမယ့်လည်း သူတို့ရဲ့မသိစိတ်ထဲမှာ အဲ့လူရဲ့ဖြစ်တည်မှုက တည်ရှိနေတာမလို့ မှတ်ဉာဏ်တွေဖျက်လို့ရရင်တောင် သူတို့ရဲ့ရွေးချယ်မှုအပြောင်းအလဲတွေကနေ ထပ်ထပ်ပြီး ခွဲထွက်သွားတဲ့ နောက်ထပ်သက်ရောက်မှုအသစ်တွေက သူတို့ကိုမဆုံဆုံအောင် ပြန်ဖန်တီးပေးနေဦးမှာပဲ။ ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ ရေးထားတာကိုကိုးကားပြောရရင် လောကကြီးမှာ လူနှစ်မျိုးနှစ်စားရှိပြီး တစ်မျိုးကတော့ ဘဝမှာ အချစ်ကို ရှာဖွေရင်း အချိန်ကုန်ဆုံးပြီး တစ်မျိုးကတော့ ဘဝမှာ အချစ်ကို စောင့်ဆိုင်းရင်း အချိန်ကုန်ဆုံးကြတယ်တဲ့။ တိုက်ဆိုင်တာက ရှာဖွေတဲ့သူက စောင့်ဆိုင်းနေတဲ့သူကိုတွေ့ပြီး စောင့်ဆိုင်းနေတဲ့သူက ရှာဖွေတဲ့သူကို စောင့်နေကြတယ်တဲ့။ ဒါကြောင့်ပဲ ရွေးချယ်မှုမတူညီကြရင်တောင် တစ်ယောက်အတွက် တစ်ယောက် ဖြစ်တည်လာစေတဲ့ butterfly effect ဆိုတဲ့ မမြင်ရတဲ့ ကံကြမ္မာဝဲဂယက်တွေက ကူးလွန့်နေကြတာပါ။ နှစ်ယောက်လုံးကရှာဖွေသူဖြစ်နေရင် ဒါမှမဟုတ် နှစ်ယောက်လုံးက စောင့်ဆိုင်းသူဖြစ်နေရင် သေချာပေါက် လွဲချော်သွားကြမယ့် သူတွေပါတဲ့။ ဒီရုပ်ရှင်ရဲ့ alternate endingတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ထဲမှာ Clementine က အသက် 50ကျော် အဘွားကြီးတစ်ယောက် ဖြစ်နေပြီး မှတ်ဉာဏ်ဖျက်ဖို့ ဆေးခန်းကိုထပ်လာတယ်။ ဆရာဝန်က Clementine ကို သိနေပြီး nurse assistant ကတောင် Clementine နဲ့သူငယ်ချင်းတွေဖြစ်နေပေမယ့် Clementine ကတော့မှတ်ဉာဏ်ဖျက်ထားတဲ့သူမို့ ဘာမှမမှတ်မိပါဘူး။ ဆရာဝန်က ထုံးစံအတိုင်း ဘယ်သူနဲ့ ပက်သတ်တဲ့ မှတ်ဉာဏ်ကိုဖျက်ပစ်မလဲမေးတော့ ” Joel ဆိုတဲ့ လူနဲ့ ပက်သတ်တဲ့မှတ်ဉာဏ်ကို ဖျက်ပစ်ချင်လို့ပါ။ သူနဲ့ ကျွန်မ senior ကပွဲမှာ ‌ဆုံခဲ့ကြတာလေ။ နှစ်ယောက်လုံးကလူလွတ်တွေမလို့ ကျွန်မတို့ တွဲဖြစ်ခဲ့ကြတယ် ။ ခုတော့ ကျွန်မသူ့ကိုတော်တော်စိတ်ကုန်သွားပြီ။ ဒါကြောင့်မလို့ သူနဲ့ပက်သတ်တဲ့မှတ်ဉာဏ်တွေကို ဖျက်ပေးပါရှင်။ ဒီလောက်နှစ်တွေအကြာကြီး ကျွန်မ ဘာလို့ကောင်းကောင်းမွန်မွန် လူတစ်ယောက်နဲ့များ အိမ်ထောင်မကျဘဲ ခုထိ အတည်တကျ ဘဝမရှိနေရလဲဆိုတာ ကျွန်မဖြင့်နားကိုမလည်နိုင်တော့ပါဘူးရှင်”ဆိုပြီး Clementine ကငြီးငြီးငြူငြူပြောတော့ ဒေါက်တာက Clementine နာမည်ကို ကွန်ပျုတာမှာရိုက်လိုက်ပြီး ဆေးမှတ်တမ်းဖွင့်ကြည့်တော့ နာမည်တူ ဆေးမှတ်တမ်း 15 ခုကျလာပြီး မှတ်တမ်း 15 ခုလုံးမှာ Clementine က Joel ဆိုတဲ့ လူကိုသူ့မှတ်ဉာဏ်ထဲက လာလာဖျက်နေတယ်ဆိုတာပေါ့။ ဒါကဖတ်ဖူးတဲ့ alternate ending တစ်ခုပါ။ ဒွိဟဖြစ်ကျန်စရာကတော့ Joel ဘက်ခြမ်းကို ပြောမပြထားတာမလို့ Clementine မှတ်ဉာဏ် ဖျက်တဲ့ 15ကြိမ်လုံးမှာ Joelကကော ဖျက်ပစ် မဖျက်ပစ်ဆိုတာကိုတော့ မသိရပါဘူး။ မဖျက်ပစ်ရင် Joel ကတမင် Clementine နဲ့ ပြန်‌ဆုံအောင် ဖန်တီးတွေ့ဆုံနေတာဖြစ်ပြီး Joel ဘက်ကလည်းမှတ်ဉာဏ်ကိုဖျက်ပစ်ရင် သူတို့ မှတ်ဉာဏ် 15ကြိမ်ဖျက်ပြီးတာတောင် ပြန်ပြန်ဆုံကြပြီး အကြိမ်ကြိမ်ထပ်ထပ် ပြန်ချစ်မိသွားကြတာမလို့ စစ်မှန်တဲ့အချစ်လို့ပဲခေါင်းစဉ်တပ်ရမလား ဝဋ်ကြွေးလို့ပဲဆိုရမလား။ တကယ်တော့ မှတ်ဉာဏ်ဆိုတာက နေရောင်သေးသေးလေးနဲ့တူပါတယ်။ မှောင်မည်းနေတဲ့ချောင်ကြိုချောင်ကြားလေးထဲမှာတောင် ဖွင့်ပေးလိုက်တာနဲ့ တိုးဝင်လာတတ်တဲ့ နေရောင်ခြည်ပေါ့။ အမှတ်တမဲ့ ဘာမဟုတ်တာလေးကို စဉ်းစားမိရင်တောင် တသီကြီးတတန်းကြီး အတွေးတွေပေါ်လာစေတဲ့ ကြည်နူးစေနိုင်သလို နာကျင်စေနိုင်တဲ့ မှတ်ဉာဏ် နေရောင်အပိုင်းအစတွေပေါ့။ Eternal Sunshine of the Spotless Mind ဆိုတဲ့ ခေါင်းစဉ်ကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် ဒါမှမဟုတ် ဇာတ်လမ်းအကြောင်းအရာ မှတ်ဉာဏ်တွေနဲ့ တွဲဖက်စဉ်းစားကြည့်လိုက်ရင် နေရောင်(မှတ်ဉာဏ်) ဆိုတာ စိတ်အခံပေါ်မူတည်ပြီး နွေးထွေးမှုကိုပေးသလို တစ်ခါတစ်ရံတော့လည်း တောက်လောင်အောင် မီးမြိုက်ပေးနေတဲ့ အမှတ်တရတချို့ပေါ့။ နာကျင်ရတာချင်းတူရင်တောင် လူတစ်ယောက်ဆီက အကြိမ်ကြိမ်အခါခါ နာကျင်ရတာထက် မတူတဲ့သူတွေဆီက မတူတဲ့ ပုံစံကြောင့် နာကျင်ရတာက ပိုသက်သာမယ်ထင်တယ်။ ဒါကြောင့် Clementine ကအမြဲတမ်း မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့နည်းကိုဘဲ ရွေးပြီး အဆိပ်အတောက်ဖြစ်ဖြစ်သွားတဲ့ သူတို့ဆက်ဆံရေးကနေ ရုန်းထွက်နိုင်ဖို့ကြိုးစားခဲ့တာထင်တယ်။ မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီး quitလုပ်တဲ့နည်းက အဆုံးသတ်လိုက်ဖို့ အလွယ်ဆုံးလို့ တွေးမိလို့ Clementine တစ်ယောက် ဒီနည်းကိုရွေးခဲ့ပေမယ့်လည်း တကယ်တမ်းကျတော့ သူ့မသိစိတ်မှာကျ Joel အပေါ် တွယ်ငြိ စွဲလမ်းနေလို့ ပြန်ဆုံတွေ့တိုင်း အရင်ကမှားတယ်လို့ သူယူဆခဲ့တဲ့ လမ်းကိုဘဲ သူအကြိမ်ကြိမ်ပြန်ရွေးချယ်နေခဲ့တုန်းပါပဲ။ (ရုပ်ရှင်အညွှန်းကို Midnights Film Cafe FB Page မှ ကူးယူဖော်ပြပါသည်။)

Action
8.3 2004 108 mins
Eternal Sunshine of the Spotless Mind
Mother, Couch!
5.8

ဒီတစ်ခေါက် CMကနေတင်ဆက်ပေးသွားမဲ့ဇာတ်ကားလေးကတော့ နာမည်နဲ့တင်ထူးဆန်းနေတဲ့ Mother, Couch ဆိုတဲ့ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ထဲကအတိုင်း အမေနဲ့ဆိုဖာတစ်လုံးကို ဦးတည်ပြီး ဇာတ်အိမ်တည်ထားတာပါ။ အသက် ၈၂ အရွယ် အဘွားကြီးတစ်ယောက်ဟာ Oakbed ဆိုတဲ့ ပရိဘောဂအ‌ဟောင်း ဆိုင်ထဲကိုဝင်ပြီး ဆိုဖာအစိမ်းရောင်ကြီးပေါ်မှာ သွားထိုင်နေပါတယ်။ ခဏထိုင်တာ ကိစ္စမရှိပေမဲ့ အဘွားကြီးကတော့ ဆိုဖာပေါ်မှာ ထိုင်ရာကမထဘဲ အိမ်မပြန်ဘူးငြင်း‌ရာကနေ ပြဿနာက စပါတော့တယ်။ သူ့သားအကြီးဖြစ်တဲ့ ဂရစ်ဖ်ကတော့ ဒီကိစ္စကိုပေါ့ပေါ့ တန်တန်ပဲတွေးပြီး ပရိဘောဂဆိုင်ကကောင်မလေးနဲ့ ပရောပရည်လုပ်လို့ နေပါတယ်။ အဲဒီအချိန်မှာ သားအငယ် ဒေးဗစ်ဟာ သူ့သမီး မွေးနေ့ပွဲကို သွားရမဲ့ကြားကနေ အမေကိုအိမ်ပြန်ပို့ဖို့ရောက်လာခဲ့ကာ စိတ်မကျန်းမာတဲ့ ပုံပေါက်နေတဲ့မိခင်ကို ဆိုဖာကြီးကနေထပြီး အိမ်ပြန်ဖို့ ချော့မော့ပြောပါ တော့တယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ဆိုဖာထိုင်ခုံပေါ်ကနေထဖို့စိတ်ကူးလုံးဝမရှိတဲ့ အမေနဲ့ သူ့သားသမီးတွေကြားက ဆက်ဆံရေးကို တစ်စတစ်စပုံဖော်သွားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေးဗစ်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ မွန်းကြပ်ပေါက်ကွဲ မှုတွေကို ဖြည်းဖြည်းချင်းစီ ချပြသွားတာပါ။ အစတုန်းက ဒီရုပ်ရှင်ကို ရိုးရိုးတန်းတန်း family/drama လို့ပဲထင်ခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်လိုက်တော့မှ psychology/drama အမျိုးအစား ဖြစ်နေတာပါ။ ဒေးဗစ်နဲ့သူ့မိသားစုကိုဦးတည်ထားတဲ့ metaphor တွေ၊ တွေးကြည့်မှ သဘောပေါက်နိုင်မဲ့အရာတွေနဲ့ အဓိကဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေနဲ့ trauma တွေအကြောင်း ကောင်းကောင်းကြီးကြည့်ရှုရမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size…1.18GB / 629MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
Mother, Couch!
Great Nobody
5.9

ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းလေးကတော့… တိုးတက်နေတဲ့ခေတ်ကြီးမှာ… ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား… ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကို လုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်… ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ… ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်… နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီက နှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်… အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး…. လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ… ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲ ဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့… ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့

Science Fiction • Comedy • Fantasy
5.9 2024
Great Nobody
Today Again Un oggi alla volta
6.8

Today Again (2023) IMDb Rating (6.8) အခုခေတ်နည်းပညာတွေကို သဘောမကျတဲ့ အူကြောင်ကြောင် စိုးရိမ်လွယ်တဲ့ 19 နှစ်အရွယ်ကောင်လေး Marco က သူငယ်ချင်းတွေနဲ့ သူ့တစ်ယောက်တည်းကမ္ဘာမှာ အေးဆေးနေတတ်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို Aria လို့ခေါ်တဲ့ ပစ္စုပ္ပန်ကိုပဲတွေးပြီး ဘဝကို သွက်သွက်လက်လက်နေထိုင်တတ်တဲ့ ကောင်မလေးနဲ့တွေ့အောင်လုပ်ပေးခဲ့ပြီးနောက်မှာတော့ သူ့ဘဝ အများကြီးပြောင်းလဲလာခဲ့တယ်။ Aria က စာညံ့တဲ့ Marco ကို အထက်တန်းစာ သင်ပေးရင်း သူတို့နှစ်ယောက်အတူတူ အချင်းချင်းရဲ့ကြောက်ရွံမှုတွေကို နှစ်သိမ့်ပေးပြီး သံယောဇဥ်တွယ်လာခဲ့ကြတယ်။ ဒီဇာတ်လမ်းလေးက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ “နေ့တစ်နေ့ချင်း ဖြတ်သန်းဖို့” ရဲ့ အရေးပါမှုကို ဖော်ပြထားပြီး ရယ်စရာအလွဲတွေနဲ့ နှလုံးသားနွေးထွေးမှုတွေပါ ရသစုံအောင်ပေးစေမယ့်အီတလီ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:42:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

6.8 2023 101 mins
Today Again Un oggi alla volta
Death on Holiday (aka) Moartea In Vacanta
7.4

Moartea In Vacanta (aka) Death on Holiday (2024) “အားလပ်ရက် အပန်းဖြေခရီး” ရိုမေးနီးယား ဟာသဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အာဒရီယန်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သားသမီးမရှိ၊ အိမ်ထောင်မရှိတဲ့ လူချမ်းသာအဘွားကြီး မစ္စရိုဒီကာရဲ့ တိုက်ခန်းမှာ ငှားနေပြီး လောင်းကစားကလွဲရင် ကျန်တာမလုပ်တတ်တဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကိုက သူ့အိမ်မှာကပ်နေရင်း အဘွားကြီးအကြောင်းသိသွားတဲ့အခါမှာ ဝင်ရောဖို့ကြိုးစားပါတယ် နောက်ဆုံး အဘွားကြီးနဲ့ သူ့ဘော်ဒါကောင်မလေး ဂရိကို အပန်းဖြေခရီးထွက်သွားတဲ့အခါမှာ သူတို့နှစ်ယောက် နောက်ကလိုက်သွားခဲ့ပြီး ဘယ်လိုအလွဲအချော်တွေ ဆက်ဖြစ်ကြမှာလဲ ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်

Horror • Thriller
7.4 2024 89 mins
Death on Holiday (aka) Moartea In Vacanta