YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

IRL.In.Real.Love.S01E05.720p(CM).mp4

575.3 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dragon Squad
5.6

ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။ တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ... ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်... ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ... ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Action • Drama • History
5.6 2005 110 mins
Dragon Squad
Gabriel's Inferno
8.5

အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကို အခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Drama • Horror • Thriller
8.5 2020 122 mins
Gabriel's Inferno
Paradise Highway
6

ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။ မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ အတွဲညီမှုကတစ်ဖက် စိတ်၀င်စားဖွယ်မြင်တွေ့ရမှာ ဖြစ်ပါတယ် Rating က အရမ်းထောင်တက်မနေပေမယ့် စာရေးသူအနေနဲ့တော့ ဆိုးဆိုးရွားရွားကြီးထဲ မပါဘဲ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားလို့ မြင်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality…. 1080p | 720p | 480p File size…1.5GB | 854MB | 434MB Format… mp4 Duration….1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator .....Yoon Sandi Aung Encoder .....August

Drama • Fantasy • Romance
6 2022 115 mins
Paradise Highway
The Pursuit of Happyness
7.9

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ... ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ... ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​... ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ... ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​... ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​...၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့် > MTV+TV awards(2007) : Breakthrough Performance ဆု > Phoenix Film Critics Society Awards(2006) :Best Performance by a Youth ဆု > Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​...အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့... မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ > Academy Awards,USA(Oscar)(2007): Nominated > Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့.. အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ...။ IMDb Rating(8.0)ထိရရှိထားပါတယ်။ File size…(1.7 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Bwar

Comedy • Romance • TV Movie
7.9 2006 117 mins
The Pursuit of Happyness
Irresistible
6.1

Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ File Size : 732 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre :   Comedy, Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin, T Lone Encoded by Littleneo

Action & Adventure • Animation • Drama • Sci-Fi & Fantasy
6.1 2020 101 mins
Irresistible
Patriots Day
7

ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။ ၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။ ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။ ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။ ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။ ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။ အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့် အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။ 2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး Commissioner Ed Davis (John Goodman)နဲ့ FBI Special Agent Richard DesLauriers (Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့ ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။ Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။ J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။ (Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။) 10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့ Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ဒီကားမှာသရုပ်ဆောင်မှုဟာလည်း အရမ်းမကောင်းဘူးဆိုတောင် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။ Supergirl မင်းသမီး Melissa Benoistလည်းအရံအဖြစ်ပါဝင်အားဖြည့်ထားပါတယ်။ တခြားခြားသောသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုတွေဟာလည်း အပြစ်ရှာရခက်တယ်ဆိုရလောက်အောင် ကောင်းမွန်လွန်းခဲ့ပါတယ်။ Real Life Eventကိုမှီးထားတဲ့ဒီကားကို အပြင်ကအဖြစ်အပျက်နဲ့ ထပ်တူကျအနိုင်ဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ကူးခဲ့ပါတယ်။ဝတ်ခဲ့တဲ့အဝတ်အစားတွေ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုအသေးစိပ်လေ့လာခဲ့ပြီးမှ ဒီကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗုံးပေါက်သွားတဲ့အခါ လာရောက်အားပေးသူတွေအပေါ် ဖြစ်ပျက်သွားတဲ့ဖြစ်ရပ်ဆိုးတွေ မနှစ်မျို့ဖွယ်မြင်ကွင်းတွေ သွေးပျက်ဖွယ်ကောင်းတဲ့ထိခိုက်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာတွေကို Tvကလာတဲ့Documentryမှာ မကြည့်ခဲ့ရပေမယ့် ဒီကားမှာတော့ အသေးစိပ်ရိုက်ပြသွားလို့ ကြည့်ခဲ့ရပါတယ်။ ဖြစ်ရပ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရသူ ဆုံးရှုံးသွားခဲ့သူတွေအတွက်လည်းဝမ်းနည်းခဲ့ရပါတယ်။ :'( သူတို့နိုင်ငံကရဲတွေ တရားခံဖမ်းဖို့ကို ပညာသားပါပါနဲ့အဆင့်ဆင့်ထောက်လှမ်းပုံ သက်သေပစ္စည်းတွေခင်းကျင်းထားပုံတွေ ဖြစ်ရပ်ဆိုးနဲ့ကြုံလာတဲ့အခါ မြို့ခံရဲတွေကနေ ကူညီကယ်ဆယ်ပုံ စတာတွေကိုလည်း အသေးစိပ်သိရှိရမှာဖြစ်ပါတယ်။ နောက်ဆုံး တရားခံတွေနဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်ခဲ့တဲ့ Gunfightဟာလည်း Actionကားတကားအတွက် အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ ဗုံးဒဏ်ရာကြောင့်တယောက်တဖက်စီခြေထောက်ဖြတ်လိုက်ရတဲ့ Jessica Kensky နဲ့ Patrick Downesတို့ စုံတွဲအကြောင်းကိုအများကြီးထည့်မရိုက်သွားပါဘူး။ ဗုံးခွဲသူတွေကို လိုက်လံစုံစမ်းနေတယ့် ဇာတ်ကြောင်းနဲ့ သိပ်မဆိုင်လို့ အဲ့အတွဲအကြောင်း နည်းနည်းပဲထည့်ရိုက်သွားတာလို့ ထင်မိပါတယ်။အပြင်မှာတော့ သူတို့စုံတွဲဟာ ဘဝကိုအရှုံးမပေးဘဲဆက်လက်လျှောက်လှမ်းနေကြသူတွေမို့ လူအများရဲ့လေးစားခြင်းခံရတာလည်းဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဇာတ်ကားပြီးတယ်ဆိုပြီးထမပြန်ပါနဲ့ဦး။ MCU Credit Sceneလောက်တောင်မကြာပါဘူးစောင့်ရတာ။ အပြင်ကဖြစ်ရပ်မှန်ဓါတ်ပုံတွေကိုစာသားနဲ့အတူယှဉ်တွဲပြသွားပြီး Interviewအတိုလေးတွေလည်းပါဝင်ခဲ့သေးတယ်။ မကြည့်လည်းရတယ်ဆိုပေမယ့် ကြည့်သင့်တယ်လို့ထင်ပါတယ်။ ၅မိနစ်ကျော် ၁၀မိနစ်လောက်ပဲကြာတာမို့လည်း သိပ်အချိန်မပေးရပါဘူး ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆို Patriots Dayဆိုတဲ့ဇာတ်ကားဟာ မနှစ်ကထွက်ခဲ့တဲ့Real Life Eventကိုရိုက်ထားတဲ့ Sullyလိုပဲ ကားကောင်းတကားလည်းဖြစ်ပြီး ဇာတ်လမ်းက Sullyထက်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းလွန်းခဲ့ပါတယ်။ ရုပ်ရှင်ကားကောင်းကြိုက်တတ်သူတွေ အတွက်တော့ ရုံမှာသွားကြည့်သင့်တယ်လို့ အကြံပြုပရစေ။ ________________________________________________ ________________________________________________ IMDb Rating - 7.6/10 Rottem Tomatoes - 79% MetaCritic - 69% My Rating - 3.9/5 (ဇာတ်လမ်းအညွှန်းကိုတော့ Thway Thway ZarNi Aung ရဲ. facebook account (https://www.facebook.com/sophie.turner.grace.moretz1999?fref=nf&pnref=story) မှကူးယူဖော်ကြထားတာဖြစ်ပါတယ်) File Size : 1 GB Quality :  Bluray 720P Running Time : 2hr 13minutes Format : Mp4 Genre :   Drama, History, Thriller  Encoder : Thanhtike Zaw

Drama • History
7 2016 133 mins
Patriots Day
In the Land of Blood and Honey

ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး) File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2011
In the Land of Blood and Honey
Courtney Gets Possessed

ဘဝမှာအမြဲတမ်း မယုံသင်္ကာစိတ်တွေနဲ့ကြီးပြင်လာတဲ့ ကော့ဒ်နေ နဲ့ သူ့အစ်မဆီက ဘာမဆို ခိုးဖို့ နောက်ဆုံး သူ့အစ်မဘဲတွေကိုပါ အမြဲတမ်းစနိုက်ကြော်နေတဲ့ ကော့ဒ်နေ ရဲ့ ညီမ ကိတ်တလင်း တို့ရဲ့ တစ်ယောက်နဲ့တစ်ယောက်ရွဲ့ကြရင်း ဖြစ်လာတဲ့ ပြဿနာတွေပေါ့ ကော့ဒ်နေ တစ်ယောက် မင်္ဂလာဆောင်တော့မယ်ဆိုတော့တော့ သူ့ ညီမစနိုက်ကြော်မှာကိုကြောက်လို့ အစီအရင်တွေနဲ့ ဂါထာမန္တာန်တွေ လျှောက်လုပ်ရာကနေ စေတန်ကို သူတို့မိသားစုထဲ အမှတ်မထင်ခေါ်ခဲ့မိလိုက်တယ်လေ….. မင်္ဂလာဆောင်ဖို့ ၁ ရက်အလိုညမှာ စေတန်ကိုယ်တိုင်ရောက်ချလာပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သတ်တော့တာပဲ…… သူတို့ညီအစ်မနှစ်ယောက်နဲ့သူငယ်ချင်းတစ်သိုက် စေတန်ကို ဘယ်လိုရင်ဆိုင်သွားပြီ ငရဲ့ကိုပြန်ပို့ကြမလဲဆိုတာကိုတော့…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(898 MB)/(398 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
Courtney Gets Possessed
Break In

ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက် ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်….။ အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့ နေရာမျိုးမှာရှိတာပါ….။ အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ…။ ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်း တစ်ရက်မှာတော့…. လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကို ဖောက်ထွင်းဖို့ကြံပါတော့တယ်…. ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား…ဒါမှမဟုတ် ဟယ်သာ့ကို အန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား…. ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.16 GB / 449 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023 78 mins
Break In
Rush
8.1

Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie‌‌ လေးကို recommend‌ ပေးပါရစေ။ ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ် ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။ အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။ သူတို့ကပြိုင်ဘက်‌တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။ Nikiကတော့ ပုံရိုးပြီး စတိုင်လည်း သိပ်မထုတ်တတ်တဲ့သူ၊ ဘဝကို တသမတ်တည်းနေတတ်ပြီး တစ်ခုခုဆို စဉ်းစားချင့်ချိန်တွက်ချက်ပြီးမှ လုပ်တဲ့သူ။ အဲ့လိုမျိုး ဘဝခံယူချက်သဘောထားတွေ မတူကြပေမယ့် ကားပြိုင်ပွဲမှာတော့ သူတို့ရဲ့လယ်ဗယ်ကလာတူနေတဲ့အခါ ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ရတဲ့အခါမှာ သူတို့တွေအဆင်ပြေကြပါ့မလား လူတွေယူဆထားတဲ့အတိုင်း သူတို့ကတကယ်ပဲ ရန်သူတွေလား? ကားပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အသက်ကိုပါလောင်းကြေးထပ်ပြီး ပြိုင်ရတာဖြစ်တဲ့အတွက် သူတို့တွေ ဘေးကင်းကြပါ့မလား နောက်ဆုံးမှာ ဘယ်သူကအောင်နိုင်သူလဲ ဘယ်သူကအရှုံးသမားလဲ ဘယ်သူ့အယူအဆကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ စသဖြင့် drama၊ အဓိက‌ဇာတ်ကောင်နှစ်ယောက်က ပြိုင်ကားသမားတွေဖြစ်လို့ သူတို့ယှဉ်ပြိုင်တဲ့ ကားပြိုင်ပွဲတွေ အတွေ့အကြုံတွေကို ပီပီပြင်ပြင် ရိုက်ကူးထားလို့ action, sports စသဖြင့် genreအမျိုးအစားစုံလင်စွာနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:03:00 Genre…Action, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

8.1 2013 123 mins
Rush
Chicago Overcoat
5.9

အက်ရှင်ကားတွေထဲမှာ အဖိုးကြီးတွေကြမ်းရင် လူငယ်တွေကြမ်းတာထက်ကို နှစ်ဆပိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကကြမ်းတမ်းတဲ့အရာတွေကို ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကပိုများပြီး ရှေ့ဆက်ရမဲ့ ဘ၀ဆိုတာကလဲသေမထူးနေမထူးဖြစ်နေလို့ပါပဲ။ အခုလည်းရှယ်ကြမ်းပြီး ရှယ်သွေးအေးတဲ့နာမည်ကြီး လူသတ်သမားကြီးတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံတွေကို ပုံဖော်ထားတဲ့ IMDb Rating 5.9 ရရှိထားတဲ့ Chicago Overcoat ဆိုတဲ့ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက် ပေးချင်ပါတယ်။ “လူ” ဆိုတဲ့အဖိုးကြီးတစ်ယောက်ကငယ်ရွယ်စဉ်မှာ ကြေးစားလူသတ်မှုပေါင်းများစွာကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီး အခုဆိုရင် သူလူမသတ်ပဲအနားယူနေခဲ့တာတော်တော်ကို ကြာနေခဲ့ပါပြီ။ဒါပေမယ့် သူ့သမီးလေးနဲ့မြေးလေးတို့ရဲ့ နောင်ရေးအပြင် သူကိုယ်တိုင်ကလဲ လက်စ်ဗီးဂတ်စ်မှာ သွားအနားယူချင်နေတဲ့အတွက် ပိုက်ဆံကလိုလာပါတော့တယ်။ ဒီလိုနဲ့ သူ့အတွက်သေနတ်ကိုင်ပြီး လူပြန်သတ်ဖို့အကြောင်းဖန် လာပါတော့တယ်။ဒါပေမယ့် သူပြန်လာတာကိုသိနေခဲ့တဲ့ လူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဟိုးအရင်တုန်းက ပန်းပို့သမားဆိုပြီး “လူ” နာမည်ကြီးခဲ့တဲ့အချိန်ကတည်းက လိုက်နေခဲ့တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။အခုလည်း “လူ” ကအရင်ပုံစံအတိုင်းပြန်လာတဲ့အခါမှာတော့ တစ်ချိန်တုန်းကနာမည်ကြီး လူသတ်သမားတစ်ယောက်ကို အသည်းအသန်လိုက်ဖမ်းပုံတွေနဲ့ ဒုစရိုက်အရှုပ်တော်ပုံတွေ များစွာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73GB / 864MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 34m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.9 2009 95 mins
Chicago Overcoat
Saved!

ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ သူငယ်ချင်း ဟယ်လာရီအဖြစ် Mandy Moore နဲ့ Home Alone ရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Macaulay Culkin က ဟယ်လာရီရဲ့ အစ်ကို ရိုလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(955 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Saved!
End of the Rope

ကြိုးရဲ့အဆုံးတစ်ဖက် Rotten Tomatoes 76%အထိ ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရင်ထဲမှာ လှိုက်ကနဲခံစားသွားစေရမယ့် အီမိုရှင်းအနိမ့်မြင့်အတက်ကျဖြစ်အောင် လုပ်ပေးနိုင်မှာတော့ သေချာပါတယ်။ စီအေဂျေကော့ဆန်ကတော့ တစ်မြို့လုံးရဲ့ အထင်ကြီးလေးစားမှုကို ခံနေရတဲ့ မြောက်ဒက်ကိုတာပြည်နယ်၊ Schaferမြို့က ရဲမှူးတစ်ဦးဖြစ်ပါတယ်။ တဖက်မှာလည်း ချာလ်းစ်ဘန်နွန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ စီအေနဲ့မတူဘဲ တစ်မြို့လုံးရဲ့ မုန်းတီးခြင်းခံနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဘဝလေးက ဇာတ်ကြောင်းတော့ မလှရှာပါဘူး သူ့ဖခင်ကိုယ်တိုင်က သူ့ကိုထားခဲ့ပြီး သူ့မိခင်ကလည်း သူ့ကိုအိမ်ပေါ်ကနေ နှင်ချထားတာပါ။ ဒီလိုကြုံရာကျပန်း လယ်အလုပ်တွေမှာ ဝင်လုပ်ရင်းနဲ့ နေထိုင်နေသူပါ။ ဘဝပေးကုသိုလ်ကံမကောင်းလှတဲ့ ချာလ်းစ်ကို တမြို့လုံးက သူ့ကို အကုသိုလ်ကောင်လေးလို့ သတ်မှတ်ကာ မုန်းတီးနေကြပါသေးတယ်။ ဒီလို အမုန်းခံနေရတဲ့ ချာလ်းစ်အတွက် ပိုမိုဆိုးရွားတဲ့အဖြစ်ပျက်တစ်ခုက စောင့်ကြိုနေပါတယ်။ ထိုအရာကတော့ ရဲမှူး စီအေရဲ့သမီးတွေ ရှိနေတဲ့ အိမ်ကို မတော်တဆ မီးရှို့ပြီး သတ်လိုက်မိသွားပါတယ်။ စီအေတစ်ယောက်လည်း ဆုံးသွားတဲ့သမီးတွေအတွက် ပူဆွေးသောက ရောက်ရင်းနဲ့ ရဲမှူးအလုပ်ကနေ အနားယူသွားပါတော့တယ်။ ဒီလိုနဲ့ ချာလ်းစ်တစ်ယောက် ထောင်ကျသွားပြီး ပြန်လွတ်လာတော့ စီအေရဲ့မိတ်ဆွေဖြစ်သူ ကောင်တီကော်မရှင်နာ အဲလ်ဘတ်တို့မိသားစုလယ်မှာ ဝင်အလုပ်လုပ်ပါတယ်။ ကိုယ့်သမီးတွေကို သတ်သွားတဲ့ ချာလ်းစ်ကို အလုပ်ပေးထားတော့ အဲလ်ဘတ်ကို စီအေကတော့ မကျေနပ်ဘူးပေါ့လေ။ ဒါပေမဲ့ နှောင့်ယှက်ခြင်းတစ်စုံတစ်ရာတော့ မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ချာလ်းစ်တစ်ယောက်အလုပ်ဝင်လုပ်ရင်း ၂လအကြာမှာတော့ အဲလ်ဘတ်မိသားစုတစ်စုလုံး အစနမရှိဘဲ ပျောက်သွားပါတော့တယ်။ ထိုအကြောင်းကို သိသွားတဲ့ စီအေက ရဲမှူးနေရာမှာ ယာယီပြန်လုပ်ရင်း အဲလ်ဘတ်တို့မိသားစုပျောက်ဆုံးရခြင်းနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းပါတော့တယ်။ အဲလ်ဘတ်တို့မိသားစုလိုက် ပျောက်ဆုံးသွားတာနဲ့ ချာလ်းစ်ဘန်နွန်နဲ့ ဘာများပတ်သက်နေမလဲ။ ဘန်နွန်က အဲလ်ဘတ်တို့ကို မိသားစုလိုက်သတ်လိုက်တာလား။ ဘန်နွန်ကို ဖမ်းဖို့ သက်သေတွေကို ဘယ်လိုရှာကြမလဲ။ တစ်မြို့လုံးရဲ့မုန်းတီးခြင်းကို ခံနေရတဲ့ ဘန်နွန်ရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲ။ တရားဥပဒေရဲ့ဘက်တော်သားဖြစ်ခဲ့တဲ့ စီအေကလည်း သူ့သမီးတွေရဲ့အသက်တွေကို နှုတ်ယူခဲ့တဲ့ ဘန်နွန်ကို တရားကျကျနဲ့ စီရင်နိုင်ပါ့မလားဆိုတာကို အဆုံးထိစိတ်ဝင်တစားနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူကတော့ Minn Khant Kyi Winဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:13:00 Genre… Crime, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Horror • Mystery • Thriller
0 2023
End of the Rope
Haraa
7

Haraa (2024) တစ်ကိုယ်တော်ပုစ္ဆာရှင်းတမ်း Genre – Thriller, Action IMDB – 7.8/10 အသစ်စက်စက်ထွက်ရှိထားတဲ့ တမီးလ်စကားပြော သည်းထိတ်ရင်ဖို အိန္ဒိယ အက်ရှင်ကားလေး ဖြစ်ပါတယ်။ မင်းသားကြီး Mohan တစ်ယောက် ၁၄ နှစ်ကြာ ဇာတ်ကားမရိုက်ပဲ အနားယူနေခဲ့ရာကနေ ယခုမှ ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကွိုင်တာပူရ်မြို့မှာ ဘုရားပွဲ စီတန်းလှည့်လည်မှာကို ရဲတွေတသိုက် ပြဿနာမတက်အောင် လုံခြုံရေးတွေ တင်းကြပ်စွာ ချမှတ်ပြီး အလုပ်တွေ များနေကြတယ်။ အဲဒီမှာလည်း ပဟေဠိဆန်ဆန်နဲ့ ရမ်ဆိုတဲ့ဘဲတစ်ပွေဟာ သမီးဖြစ်သူ အဆုံးစီရင်ပြီး ဆုံးပါးခဲ့ရတာကို ပူဆွေးနေခဲ့တဲ့အတွက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းနေတယ်။ သူ့နောက်ကိုလည်း ရဲလိုလို ဘာလိုလို လူတွေအုပ်လိုက်က အသည်းအသန် လိုက်ဖမ်းနေကြတယ်။ သမီးလေးဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရမ်တစ်ယောက် ကြက်သွန်နွှာသလို တစ်ဆင့်ချင်း ဖော်ထုတ်နေရင်းနဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ နိုင်ငံရေး မသမာမှုတွေရဲ့ ကမ္ဘာထဲကို တစ်စတစ်စ ချည်းနင်းဝင်ရောက်မိခဲ့တဲ့အချိန်မှာတော့….။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

7 2024 138 mins
Haraa
Tom and Jerry Santa’s Little Helpers
5.7

ဒီဇာတ်လမ်းက Tom and Jerryရဲ့ ခရစ္စမတ်အထိမ်းအမှတ် ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ်။ နယ်စာတိုက်လေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ တွမ်က သူ့ကိုချစ်ပေးတဲ့အိမ်တစ်အိမ်ကို ရောက်သွားဖို့ ခရစ္စမတ်ဆုတောင်းထားတာပါ။ ဒီလိုနဲ့ပဲ မတော်တဆမှုတစ်ခုကြောင့် တွမ်တစ်ကောင် ဆန်တာရှိရာဝင်ရိုးစွန်းဒေသကို မထင်မှတ်ဘဲ ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ရန်သူတော်ကြီး ဂျယ်ရီတို့ ညီအစ်ကိုတွေနဲ့ တွေ့ပြီး သောင်းကျန်းရာကနေ ဆန်တာ‌‌တို့ပြင်ဆင်ထားတဲ့ ခရစ္စမတ်လက်ဆောင်တွေကို ဖျက်ဆီးမိသွားခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့အမှားတွေကို ပြန်ပြင်ဆင်တဲ့အနေနဲ့ လက်ဆောင်တွေ ပြန်ပြင်ပေးဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ရဲ့ကြိုးပမ်းမှုက အချိန်မီပါ့မလား၊ ခရစ္စမတ်မနက်အမီ လက်ဆောင်တွေကို အရောက်ပို့ပေးနိုင်ပြီး ဆန်တာတို့ကိုပြန်ကူညီပေးနိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File Size : 288 MB, 129 MB Quality : WEB-DL 1080p / 720p Running Time : 22min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Romance • Drama
5.7 2014 22 mins
Tom and Jerry Santa’s Little Helpers