YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Invasion.2021.S02E02.720p(CM).mp4

363.91 MB N/A video/mp4 642 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Defendor
6.4

~ IMDb - 6.7/10, Rotten Tomatoes - 75% ~ နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး... အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။ သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။ တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ရယ်လည်းရယ်ရ သနားစရာ‌လည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson နဲ့ Thor ကားတွေထဲက မင်းသမီး Kat Dennings အပြင် Killing Eve စီးရီးထဲက မင်းသမီးကြီး Sandra Oh စတဲ့ ရင်းနှီးပြီးသားသူတွေချည်းဆိုတော့ ကြည့်ရ ပိုအဆင်ချောပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.45GB, 600MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Comedy, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.4 2009 101 mins
Defendor
Gabriel's Inferno
8.5

အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကို အခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Drama • Horror • Thriller
8.5 2020 122 mins
Gabriel's Inferno
Amsterdam
6.1

ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ဇာတ်လမ်းအကျဉ်း ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ခဏခဏ သတိပေးခံနေရတဲ့သူပါပဲ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စစ်ပြန်ကြီးကတော့ ဟာရိုးဝုမန်းဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့အတူ ၁၀ နှစ်ကျော်အလုပ်တွဲလုပ်နေခဲ့တာပါ။ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူနာပြု ဗယ်လာရီအဖြစ် မာဂေါ့ရော်ဘီက သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက် နဲ့  အာညာတို့အတွဲကတော့ အရေးပါတဲ့ ဇာတ်ကောင်လင်မယားနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်နေ့မှာ ရှေ့နေ ဟာရိုးကို ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးက အမှုအပ်လာတယ်။ သူ့အဖေ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်သေဆုံးမှုကို စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအမှုက ထင်သလို လူသေမှုလား လူသတ်မှုလား ခွဲရုံတင်မကဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးဖြစ်လာတဲ့အခါ.... File size…(1.5 GB)/(888 MB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Family • Fantasy
6.1 2022 134 mins
Amsterdam
The Adventures of Peanut and Pig

ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ animation ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ပင်လယ်ကျွန်းမျောပေါ်မှာ တည်ရှိတဲ့ ဂူလာကျွန်းကြီးဟာ ဆိုရင်တော့ဖြင့် သက်ရှိသတ္တဝါတို့ရဲ့ အားထားမှီခိုရာဗိမ္မာန် လေးတစ်ခုပေါ့။ သီးစုံပန်းမန်တွေနဲ့ ပျော်စရာအတိပြည့်နေတဲ့ ဂူလာကျွန်းကြီးက တစ်နေ့မှာ‌တော့ ပင်လယ်ရေအောက်ထဲကို စုံးစုံးနစ်မြုပ်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီကျွန်းကို ကယ်တင်ဖို့အတွက် အပျော်အပါးနဲ့ မိန်းကလေး ကိစ္စကလွဲရင် ကျန်တာစိတ်မဝင်စားတဲ့ ဖီးနတ် ဆိုတဲ့ မျောက်တစ်ကောင်အား ဂူလာကျွန်းကိုကယ်တင်ဖို့ တာဝန် ပေးအပ်လိုက်တဲ့အခါမှာတော့။ ဖီးနတ်က သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါ့မလား၊ ဖီးနတ်ရဲ့ကောင်းမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ထဲ ပါသွားရရှာတဲ့ ဘဝမှာ အစားအသောက်သည်သာ နံပါတ်တစ်ဆိုတဲ့ ဝက်ကလေး ပစ်ဂ် ကရော ဒီခရီးစဉ်မှာ ဘယ်လိုတွေ ကြံစည်ဦးမလဲ။ ဂူလာကျွန်းကြီး နစ်မြုပ်ရတဲ့ အဓိကတရားခံကရော ဘာကြောင့် ဖြစ်နိုင်မလဲ စတဲ့ သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစားကြည့်ရှု့နိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ယူတတ်ရင်ပညာ ဆိုသလို စော်ကြည်ဘဲလေး ဖီးနတ်ရဲ့ ကောင်မလေးတွေကို ချုပ်နည်း၊ ကြူနည်းကျမ်းများကိုလည်း တွေ့ရှိ ရဦးမှာမို့  ဇာတ်လမ်းကြည့်ရင်း  လေ့လာသင်ယူနိုင်ပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေ‌ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size - (1.58 GB) / (853 MB) Quality – Web-Rip 1080p/ 720p Duration - 1Hr 15mins Subtitle – Myanmar Hardsub Format – MP4 Genre : Animation, Adventure Translator – May Thet Khine Soe Encoder – SWM

Action • Drama
0 2022 75 mins
The Adventures of Peanut and Pig
Wheels on Meals
7

တရုတ်ကွန်ဖူးရုပ်ရှင်တွေမှာ နာမည်ကြီးတဲ့မင်းသားသုံးဦးဖြစ်တဲ့ Jackie Chan, Yuen Biao, Sammo Hung တို့ရဲ့ ပေါင်းစပ်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကွန်ဖူးနဲ့ဟာသကို ရောထားတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံမှာပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ Jackie Chan နဲ့ Yuen Biao တို့ဟာ စပိန်နိုင်ငံမှာ အခြေချတဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး Mobile စားသောက်ဆိုင်လေးနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ Yuen Biao ရဲ့အဖေကတော့ စိတ်ကျန်းမာရေးမကောင်းသူမို့ ဆေးရုံကိုသွားရင်းနဲ့ လှပချောမောတဲ့ စပိန်သူ လေးကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ လှပတဲ့စပိန်သူလေးက Jackie Chan နဲ့ Yuen Biao တို့ကို ဒုက္ခတွေအမျိုးစုံရောက်စေခဲ့ပါတယ်။ အလွတ်စုံထောက် Sammo Hung ကလည်း သူ့ရဲ့အမှုသည်အတွက် အဲဒီစပိန်သူလေးနောက်ကို လိုက်နေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူဆိုးတစ်အုပ်က စပိန်သူလေးကို အတင်းပြန်ပေးဆွဲဖို့ ကြိုစားတာကို မင်းသားသုံးယောက်က ကယ်ရင်းနဲ့ တကယ့်ဇာတ်လမ်းတစ်ခုထဲ ရောက်နေမှန်းသိလိုက်ရပါတယ်။ ဘာကြောင့် အဲဒီစပိန်သူလေးကို လူဆိုးတွေက အလိုရှိသလဲ။ မင်းသား သုံးယောက်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရှုစားကြပါ။ ဒီဇာတ်ကားထဲက Villain တစ်ယောက် ဖြစ်တဲ့ Benny Urquidez The Jet ဟာ အပြင်မှာ တကယ့်ကစ်ဘောင်ဆာချန်ပီယံ တစ်ယောက်ဖြစ်ပြီး Jackie Chan နဲ့ Fight တဲ့ Fighting Scenes ဟာ အခုအချိန်အထိ နာမည်ကြီးပါတယ်။ ဒီကားအပြီးမှာ Jackie နဲ့ The Jet ဟာ ခင်မင်သွားပြီး နောက်ပိုင်း Jackie ရဲ့ကားတွေမှာလည်း The Jet ဟာ ဝင်ပြီးသရုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyi Nyi Kyaw Myint Translated by Littleneo

7 1984
Wheels on Meals
Dick Figures: The Movie
6.6

Dick Figures: The Movie (2013) ======================= ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်း တွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီး Dick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီး အောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Joke ဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင် သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွား ရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင် ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေ သွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါ တယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက် ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူး နှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအ တွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.2 GB) / (512 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thiha Yan Naing Encoder……….SWM

6.6 2013 73 mins
Dick Figures: The Movie
[18+] BJJ: Woman on Top
5.9

BJJ: Woman on Top (2023) BJJ ဆိုတာ Brazilian Jiu-jitsu ကိုဆိုလိုပါတယ်။ အားလုံးထင်ထားသလိုတော့မဟုတ်ပါဘူး။ အဲလိစ်က သူ့အဖေသေဆုံးမှုကြောင့် စိတ်ဓာတ်ကျအားငယ်နေရတဲ့ကြားထဲ ပါတီတစ်ခုမှာ ဆေးခတ်ပြီး မုဒိမ်းကျင့်ခံလိုက်ရချိန်မှာတော့ ကိုယ်စိတ်နှလုံးဂျူံးဂျူံးကျပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဲတဲ့အထိ ဖြစ်သွားခဲ့တဲ့ စိတ်ဒဏ်ရာရှင် ကောင်မလေးတစ်ယောက်ပါ။ သူ့ကို ငယ်ဘဝကတည်းက ချစ်ရေးဆိုခဲ့တဲ့ သူငယ်ချင်း မာကိုရှိပေမဲ့ သူငြင်းလိုက်တဲ့နောက်မှာတော့ မာကိုက တစ်ခြားတစ်ယောက်ကိုရွေးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မာကိုရည်းစားကတော့ သူ့ကိုကြုံတာနဲ့ စောင်းမြောင်းတိုက်ခိုက်လေ့ရှိပါတယ်။ အဲဒီလို စိတ်ချမ်းသာစရာမရှိတဲ့သူ့ဘဝကို လူတောတိုးရဲအောင်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် စေတနာအပြည့်နဲ့ အားပေးကူညီခဲ့တဲ့ ဂျူဂျစ်ဆုနည်းပြလူချောကို အားကိုးပုံအပ်မိချိန်မှာ အဲဒီလူဟာလည်း ဆုံးပါးသွားတဲ့ ဇနီးသည်ကိုအခုထိမမေ့နိုင်သေးတဲ့အတွက် သူ့ကိုအပြည့်အဝမေတ္တာမပေးနိုင်ပြန်တဲ့သူဖြစ်နေတဲ့နောက်တော့… Angela Morena, Alexa Ocampo, Jela Cuenca, Julia Victoria အစရှိတဲ့ မျက်နှာသစ်မျက်နှာဟောင်း အမိုက်စားမင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.9 2023 105 mins
[18+] BJJ: Woman on Top
All the Pretty Horses
5.8

All the Pretty Horses (2000) ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး “Best Seller” စာအုပ်တစ်အုပ်ဖြစ်တဲ့ “All the Pretty Horses” ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့… တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 946MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 56Min Genre – Drama, Romance, Western Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2000 117 mins
All the Pretty Horses
Saltburn
7.5

Saltburn (2023) ~ IMDb – 7.5/10, RT – 72%, Meta – 60% ~ ပွဲဦးထွက်အနေနဲ့ Promising Young Woman (2020) ကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ရိုက်ပြီး ပွဲဦးထွက်ကားနဲ့တင် Academy Award for Best Original Screenplay ဆုရသွားတဲ့ Emerald Fennell ထပ်ရိုက်လိုက်တဲ့ ရုပ်ရှင်ပေါ့။ ပွဲဦးထွက်ကားမှာလည်း ဇာတ်ညွှန်းရေးပြီး အော်စကာရထားသလို ဒီဒုတိယကားမှာလည်း သူ့ဘာသာဇာတ်ညွှန်းရေးပြီး ရိုက်ထားပြန်တာပါပဲ။ သုံးထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆန်ခါတင် ဝင်ခဲ့တဲ့သူတွေအများသားပါ။ The Banshees of Inisherin နဲ့ မနှစ်က ဆန်ခါတင်ဝင်ခဲ့တဲ့ Barry Keoghan, ဖန်နဲလ်ရိုက်ခဲ့တဲ့ Promising Young Woman နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့တဲ့ Carey Mulligan, Gone Girl နဲ့ ဆန်ခါတင်ဝင်ဖူးတဲ့ Rosamund Pike, Best Supporting Actor ဆန်ခါတင်ဝင်ဖူးတဲ့ Richard E. Grant စတဲ့ အော်စကာတန်းဝင်ဖူးတဲ့ သရုပ်ဆောင်တွေချည်း။ တစ်ယောက်မှတော့ မရကြသေးဘူးပေါ့။ ဒီကားနဲ့လည်း Rosamund Pike နဲ့ Barry Keoghan တို့ ဆန်ခါတင်ဝင်ကောင်းဝင်လောက်တယ်။ နောက် The Kissing Booth နဲ့ လူသိများတဲ့ Jacob Elordi လည်း အဆစ်ပါထားတယ်။ ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်တစ်ကောင်ကိုပဲ ဦးတည်ထားတဲ့ဇာတ်ဖြစ်သလို အဲဒီဇာတ်ကောင်ကလည်း Barry Keoghan ဖြစ်နေတော့ စစချင်းကြည့်ရင် သူရိုက်နေကျပုံစံကနေ ကွဲထွက်သွားပြီလို့ထင်ရတယ်။ အောက်စ်ဖို့က ရိုးရိုအေးအေး စာကြမ်းပိုးကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လိုလိုပဲ။ အပေါင်းအသင်းမဲ့နေတဲ့ စာကြမ်းပိုးလေးက ကျောင်းက မင်းသားလေးနဲ့ တွေ့ရာက ဇာတ်လမ်းစတယ်ပေါ့။ သနားစရာကောင်းတဲ့ သူ့ဘဝအကြောင်းသိသွားတော့ မင်းသားလေးက သူ့အိမ်မှာ နွေပိတ်ရက်လိုက်နေဖို့ခေါ်တယ်။ မင်းသားလေးအိမ်ကလည်း တကယ့်နန်းတော်ကြီးပဲ။ ဒီလိုနဲ့ စာကြမ်းပိုးကျောင်းသားလေးဟာ အထက်တန်းလွှာလူတွေရဲ့ မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရမယ့် နွေရာသီတစ်ခု ဆိုက်ရောက်လာခဲ့တယ်။ တချို့ကတော့ ဘယ်ရီက ဒီဇာတ်ကောင်အတွက် အသက်ကြီးလွန်းနေသလို Rosamund ကို အမေဇာတ်နေရာ ပို့ထားတာက သူ့အလှကို စော်ကားရာရောက်တယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ရဲ့အချိုးအကွေ့ကို ဘယ်ရီလို သရုပ်ဆောင်မျိုးကပဲ သရုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူ့ထက်အငယ်တန်းမှာလည်း ဒီလိုမျိုးမမြင်မိတော့ မှားတော့မမှားဘူး ထင်တာပဲ။ ဒါပေမဲ့ ပြောကြတာလည်း မှားတော့မှားမနေဘူး။ Barry Keoghan ရဲ့ အပြည့်အဝကွဲထွက်လာတဲ့သရုပ်ဆောင်ပုံကိုတော့ မြင်ရဦးမှာမဟုတ်ပေမဲ့ ကွဲထွက်စပြုလာတဲ့ ပုံစံကိုတော့ မြင်ရလိမ့်မယ်။ ဒီနှစ်ထဲ ထွက်ထားတဲ့ ထွက်တော့မယ့် ကားကောင်းတွေ တော်တော်များပါတယ်။ ဒီထဲမှာမှ Saltburn ဟာ ၁ကနေ ၂၀အထိစာရင်းလုပ်ရင် တစ်နေရာရာမှာ ပါနေလောက်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်။ ဇာတ်လမ်းကတော့ တခြားအော်စကာဆန်ခါတင်ဝင်နိုင်တဲ့ ကားအများစုလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်သွက်သွက်နဲ့ပဲ သွားထားတယ်။ ဘာဖြစ်ဖြစ် ဒီနှစ်ရဲ့ မဖြစ်မနေကြည့်ရမယ့်စာရင်းထဲတော့ ဝင်နေတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9.04GB, 2.25GB, 1.1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 11Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Comedy • Romance
7.5 2023 131 mins
Saltburn
Speak No Evil
7.1

ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။ စိတ္တဇလူသတ်သမား စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။ “မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ” “မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ” ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲ သားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီး ဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။ ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီး James McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size : 6.8 GB, 1.8 GB, 866 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 50min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr. Anderson Encode by : Thit San Khant

7.1 2024
Speak No Evil
Dying to be Famous
4.1

Dying to be Famous (2024) နာမည်ကြီး influencer ဖြစ်ဖို့ ကြိုးစားနေတဲ့ London က မကြာခင်မှာပဲ သူ့ဖခင်ဆီက အမွေသုံးစွဲခွင့်ကုန်ပြီး ဆင်းရဲတော့မှာဖြစ်ပေမဲ့ သူ့အမေက အဲဒီအကြောင်းကိုဖုံးကွယ်ထားတာမို့ မသိခဲ့ဘူး။ ဒါပေမဲ့ London ရဲ့ ကျော်ကြားမှုနောက်ကိုလိုက်တဲ့ခရီးလမ်းက စိတ်ဖိစီးမှုတွေ အခက်အခဲတွေအများကြီး ရင်ဆိုင်လာရတဲ့အခါ London ရဲ့အတိတ်ကအရိပ်မဲတစ်ခုက ဘယ်လိုပြန်ပေါ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမဲ့ Thriller ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ စိတ်ကျန်းမာရေးအပေါ်ထိခိုက်စေတဲ့ Social Media ရဲ့ ဆိုးကျိုးတွေနဲ့၊ အခုခေတ်လူငယ်တွေရဲ့ နာမည်ကြီးချင်စိတ်တွေ၊ အောင်မြင်တဲ့သူဖြစ်ဖို့ ဘယ်အရာမဆိုလုပ်ရဲကြတဲ့ ပြိုင်ဆိုင်မှုပေါတဲ့ influencer တွေရဲ့လောကအကြောင်းကို သင်ခန်းစာယူဖွယ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery, Thriller Duration….01:26:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

4.1 2024 85 mins
Dying to be Famous
The Rebound
6.3

The Rebound (2009) Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။ အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့ မမနဲ့ မောင်လေး​ဇာတ်လမ်း ရေးကြပါတော့တယ်။ ကောင်လေးက ရင့်ကျက်ပေမဲ့လည်း မိဘအိမ်မှာကပ်နေတုန်း ဘဝဆိုတာ ဘာလဲအဖြေရှာနေတုန်း အတွေ့အကြုံတွေ အစုံ မခံစားဖူးသေးဘူးဆိုပြီး မမက စိတ်မကောင်းဖြစ်ပြီး ဖြတ်လိုက်ပါတယ်။ သူတို့တွေ ပြန်တွေ့ဖြစ်ကြမှာလား… ဒီတိုင်း တစ်ချိန်တုန်းက တစ်ယောက်သောသူအနေနဲ့ပဲ ဇာတ်လမ်းပြီးသွားမှာလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 760MB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.3/10 Format – mkv, mp4 Duration – 1H 35Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Mystery • Thriller • Crime
6.3 2009
The Rebound
Ma Da: The Drowning Spirit
4.9

Ma Da: The Drowning Spirit (2024) မာဒါဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ရေနဲ့နီးစပ်တဲ့အရပ်၊ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ဒေသတွေမှာ လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာတစ္ဆေပုံပြင်ထဲက တစ္ဆေတစ်ကောင်ပါ။ လူတစ်ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး သူ့အလောင်းကို ဆယ်ယူမယ့်သူမရှိပဲ ရေထဲမှာပဲလမ်းဆုံးသွားခဲ့ရင် အဲ့ဒီလူရဲ့ဝိဉာဉ်ဟာ မာဒါ ဖြစ်သွားပါသတဲ့။ မာဒါဟာ သူနဲ့လိပ်ပြာတူသူတွေကိုဖမ်းယူလူစားလဲဖို့ကြိုးစားလေ့ရှိပြီး သူ့ကိုတစ်နည်းနည်းနဲ့စော်ကားခဲ့ရင်လည်း အရှင်မထားတတ်ဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူတွေကတော့ တကယ့်ကိုသက်ဝင်စွာနဲ့ ကိုယ်တွေ့ဆိုတဲ့ ဇာတ်လမ်းတွေကို အခုချိန်ထိ လက်ဆင့်ကမ်းကြတုန်းပါပဲ။ ဇာတ်လမ်းကတော့ လိုင် ဆိုတဲ့အလောင်းဆယ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေခံပါတယ်။ လိုင်ရဲ့သမီးလေးဟာ သူတို့ပတ်ဝန်းကျင်မှာ မကြာသေးခင်ကမှ သတ်သေသွားခဲ့ပြီး မာဒါဖြစ်သွားတယ်လို့ သတင်းထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရုပ်ကလေးကို ကောက်ယူလာခဲ့မိရာကစပြီး မာဒါရဲ့ခြောက်လှန့်မှုတွေကို တစ်ဖြည်ဖြည်းခံလာရပါတယ်။ အစပိုင်းမှာ လိုင်က အယုံအကြည်မရှိပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ရေနစ်သေဆုံးမှုတွေကြုံလာရုံတင်မက သူ့သမီးလေးကိုပါ မာဒါဖမ်းယူသွားတယ်ဆိုတာ ယုံကြည်လောက်တဲ့ အနေအထားမျိုးတွေ့ကြုံရချိန်မှာတော့ သူ့အသက်နဲ့လဲပြီးကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တစ္ဆေတစ်ကောင်ရဲ့ဖမ်းစားမှုကိုခံရပြီးဖြစ်တဲ့ သူ့သမီးလေးကိုကယ်တင်နိုင်ပါ့မလား? မာဒါရဲ့လက်က လွတ်နိုင်တဲ့သူရှိသေးရဲ့လား ဒါမှမဟုတ် ဒီတစ္ဆေကိုဘယ်လိုအနိုင်ယူဖို့ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယုံကြည်သက်ဝင်မှုတွေ၊ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ ဝေဝေဆာဆာနဲ့တင်ဆက်ထားပြီး ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ထူးထူးခြားခြားဇာတ်ကားသစ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.9 2024
Ma Da: The Drowning Spirit
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Mobile Suit Gundam I
7

Mobile Suit Gundam Movies Trilogy Mobile Suit Gundam 1 (1979) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 2.57 GB / 1.92 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 17m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Action • Science Fiction • Adventure
7 1981 139 mins
Mobile Suit Gundam I