YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Invalid.2023.1080p.(CM).mp4

1.5 GB N/A video/mp4 190 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alkhallat+
6.9

ဆော်ဒီနိုင်ငံ နဲ့ Nextflix ပူးပေါင်းမှုရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ Alkhallat+ ပါ။ Alkhallat ဆိုတဲ့ series က ဆော်ဒီရဲ့ Youtube မှာနာမည်ရပြီးသားစီးရီးတစ်ခုဖြစ်ပါတယ်။ ၁.၅ဘီလီယံဗျူးတောင် ရထားတယ်ဆိုပါတယ်။။ ဒီ Alkhallat+ ကိုတော့ဇာတ်ကားအဖြစ်ပဲရိုက်ကူးထားပြီး ဟာသဇာတ်လမ်းငယ်လေးတွေ လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ IMDb လဲ ၇ ဆိုတော့ပွဲဦးထွက်လှတယ်ပြောရပါမယ် အာရပ်နိုင်ငံတွေဟာ များသောအားဖြင့်သီးသန့်နေကြတဲ့နိုင်ငံတွေပါ။ အမူအကျင့်ဓလေ့စရိုက်တွေကလဲ တခြားအာရှနိုင်ငံတွေနဲ့ တော်တော်ကိုထူးခြားကွဲဲပြားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေကလဲနည်းပါးတော့ အပြင်ကလူတွေအနေနဲ့ အာရပ်ကမ္ဘာကိုသိရဖို့ခက်ခဲပါတယ်။ ဒီဇာတ်လမ်းမှာတော့ အာရပ်ကမ္ဘာရဲ့ပင်မဖြစ်တဲ့ ဆော်ဒီကိုကြည့်ခွင့်ရမှာပါ။ ဆော်ဒီနိုင်ငံသားတွေရဲ့ အကျင့်ပျက်မှုတွေ ကြောင်သူတော်ဆန်မှုတွေကိုလဲ ပါးပါးလေးပုတ်ပြီးပြထားပေမယ့် ဟာသကိုပဲအဓိကဦးတည်တယ်လို့ ဒါရိုက်တာကပြောထားပါတယ်။ ဇာတ်လမ်းလေးပုဒ်လုံးမှာတော့ လူတွေဟာဆင်းရဲချမ်းသာမရွေး ကျဥ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားရင် အဲဒီအခြေအနေကလွတ်ဖို့ ရရာနည်းလမ်း ရရာလူကိုအသုံးချတတ်တာကို အတည်ပေါက်ကြီးနဲ့အူတတ်စေမယ့် ဆော်ဒီသားတွေက သရုပ်ဆောင်ဖော်ပြထားတာမို့ တမူထူးပြီးကြည့်သင့်တဲ့ dark comedy တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.78GB | 886MB | 186MB Format… mp4 Duration…. 1b 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Action • Animation • Comedy • Family
6.9 2022 116 mins
Alkhallat+
The Yards
6.2

Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။ အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။ မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( Ted 1,2 ) Willie အဖြစ် Joker မင်းသားကြီး Joaquin Phoenix နဲ့ Frank အဖြစ် Godfather မှ James Caan တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(1.62GB)  / (`777.52MB) / (347.98MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre...  Drama /Romance / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Mariposa

Drama
6.2 2000 115 mins
The Yards
Last Seen Alive
6.5

မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။ ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။ နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား? ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ တကယ့်အမှန်တရားက ဘာဖြစ်မလဲ? ဆိုတာ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size : 2.1GB, 887MB & 462MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 35mins Genre : Action, Mystery, Thriller Translated by May Myat Thu Encoded by Kinnov

Action • Crime • Thriller
6.5 2022 95 mins
Last Seen Alive
The Bang Bang Club
6.9

The Bang Bang Club (2010) အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။ သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။ သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ အစာရေစာငတ်လို့ သေအံ့မူးမူးဖြစ်နေတဲ့ ကလေးမလေးတစ်ယောက် လဲကျခါနီးမှာ လင်းတငှက်တစ်ကောင်က ဘေးမှာအသင့်စောင့်နေတဲ့အဖြစ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်ပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်ကြီးကို ကမ္ဘာကြီးက မျက်ဝါးထင်ထင်တွေ့လိုက်ရအောင် တင်ဆက်နိုင်လိုက်တဲ့ ဓာတ်ပုံဟာ ပူလစ်ဇာဆုကို ဆွတ်ခူးသွားပါတယ်။ အဲဒီနောက်မှာပဲ ဓာတ်ပုံဆရာဟာ အဲဒီကလေးမကို မကူညီခဲ့လို့ ဝိုင်းဝန်းပြစ်တင်ခံရတဲ့ နောက်ဆက်တွဲအပိုင်းတွေလည်း ရှိတာပေါ့။ နောက်တစ်ပုံ ရှိသေးတယ်ဗျ။ ကိုယ့်လည်ပင်းကို လှီးမယ့်ဓားသမားက ကိုယ်နဲ့ နှစ်ပေအကွာမှာရှိတယ်။ သုံးလေးချက်လည်း လှမ်းခုတ်နေသေးတာနော်။ မထိလိုက်လို့ လည်ပြတ်မသွားသေးတာ။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရလို့ မီးလုံးကြီးတဝင်းဝင်းလောင်နေတဲ့သူက ကိုယ့်ရှေ့က ဖြတ်ပြေးတော့ ဆယ်ပေအကွာမှာရောက်နေပါသတဲ့။ လူကြီးမင်းတို့ ဘာလုပ်မလဲ။ သတင်းထောက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်တဲ့နော်။ F 5.6 တဲ့။ သူတို့ခေတ်က ဖလင်ခေတ်။ Digital တွေမရှိဘူး။ ကင်မရာအလင်းဝင်ပေါက် အကျဉ်းအကျယ်က ကိုယ်တိုင်ချိန်ရတာ။ မီးတောက်လိုမျိုး အလင်းစူးစူးကိုရိုက်ရင် ‌shatter ပွင့်တဲ့အချိန် တိုရတယ်ဗျ။ ကြာသွားရင် ပုံက ဘာမှမပေါ်တော့ပဲ အဖြူပြင်ကြီးဖြစ်နေမှာ။ ဒီတော့ သတင်းထောက်က အလင်းဝင်ပေါက် အကျဉ်းဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ F 5.6 setting ကိုပဲ ခေါင်းထဲတွေးမိသတဲ့။ တကယ့်ကောင်တွေပါဗျာ။ သူ့ရဲ့ မီးလောင်နေတဲ့လူဓာတ်ပုံကလည်း ပူလစ်ဇာဆု ရခဲ့တယ်ဗျ။ ထူးခြားတာက ဒီဓာတ်ပုံသမားနှစ်ယောက်လုံးက ဘန်းဘန်းကလပ်လို့ခေါ်တဲ့ သတင်းထောက်ဓာတ်ပုံဆရာအသင်းငယ်လေးထဲကပါ။ ဒီတော့ ဘန်းဘန်းကလပ် လို့ နာမည်ပေးထားတဲ့ ဟောဒီဇာတ်ကားက ဘာကိုရိုက်ကူးတင်ဆက်ထားတယ်ဆိုတာ လူကြီးမင်းတို့ကို ညွှန်းစရာမလိုလောက်တော့ပါဘူး။ Cast တွေကလည်း ရှယ်မိုက်တာမလို့ အခုချက်ချင်း Download ဆွဲပြီး ကြည့်သင့်တဲ့ဇာတ်ကားပါပဲခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Crime • Thriller
6.9 2010
The Bang Bang Club
A Day and a Half
6

ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ရှိ ဆေးရုံတစ်ရုံကို ဒေါသထွက်နေတဲ့ လူတစ်ယောက် ရောက်လာပြီး ဆေးရုံဝန်ထမ်းဖြစ်တဲ့ သူ့မိန်းမနဲ့ တွေ့ခွင့်တောင်းပါတယ်။ ကောင်တာက အမျိုးသမီးဖြစ်သူစောင့်ခိုင်းတာတောင် စိတ်မရှည်ဖြစ်လာပြီး ထိုသူဟာ သေနတ်နဲ့ ထုတ်ချိန်ပြီး သူ့မိန်းမကို အတင်းအကြပ်ခေါ်ခိုင်းပါတော့တယ်။ အဲဒီ နောက် ရဲတွေရောက်လာချိန်မှာတော့ သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဓါးစာခံလုပ်ပါတော့တယ်။ ဒီလူ အခုလိုဆေးရုံမှာ အတင်းပြန်ပေးဆွဲတာက ဘာကြောင့်လဲ၊ သူ ဒေါသထွက်စရာအကြောင်းကရော တကယ်ဒေါသ ထွက်စရာလား၊ သူ့ မိန်းမကိုရော သူဘာလုပ်ပစ်မှာလဲ ဆိုတာကို စိတ်ဝင်စားစရာရိုက်ကူးထားပါတယ်။ အစပိုင်းမှာ ဒီလိုလုပ်ရပ်ကို ရှုတ် ချစရာဖြစ်ခဲ့ပေမယ့် ပြန်ပေးသမားရဲ့ ဘဝအကြောင်းကို ပြောရင်း ပြောပြရင်း သူ့နေရာမှာ ငါသာဆို ဒီလိုပဲဖြစ်သွား နိုင်မလားဆိုတဲ့ အတွေးဝင်လာနိုင်အောင် ဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းမှာ ပြန်ပေးသမား၊ ပြန်ပေးသမားရဲ့မိန်းမနဲ့ ရဲသားတစ်ယောက်ပဲ အဓိကပါဝင်ပါတယ်။ ဒါပေ မယ့် ဒီ ၃ ယောက်တည်းနဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ပြည့်စုံသွားပါတယ်။ သူတို့ ၃ယောက်ရဲ့ ဘဝအနိမ့်အမြင့်တွေ ကိုကြည့်ရှုခံစားရင် ကိုယ့်ကိုယ်တိုင်လည်း သူတို့နေရာရောက်သွားသလို ခံစားရနိုင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ် ပါတယ်။ File size…1.69GB / 752MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

Western • Action • Drama
6 2023
A Day and a Half
Retribution
5.4

Retribution (2023) မင်းသားကြီး လီယံနီဆန် စီးတဲ့ကားထိုင်ခုံအောက်ကို ဗုံးထောင်ရဲတဲ့ကောင် ပေါ်လာပါပြီ။ ဗုံးကတော့ ဖင်ကြွလိုက်ရင် ကွဲမယ့်ဗုံးပါ။ ကားထဲမှာ သူ့သားနဲ့ သမီးလည်း ပါနေပြီး ဖုန်းတစ်လုံးကနေ လူဆိုးခိုင်းတာမှန်သမျှ ဖင်မကြွဘဲ လိုက်လုပ်ရပါတော့တယ်။ ဒီတစ်ခါတော့ ဘတ်မန်းရဲ့ဆရာလည်းမဟုတ်၊ အိုဘီဝမ်ရဲ့ ဆရာလည်းမဟုတ်တာမို့ ဗုံးကိုဖြုတ်မရဘဲ တစ်မြို့လုံး ပတ် ပြဿနာရှာရပါတော့တယ်။ ဇာတ်လမ်းက ကောင်းပါတယ်။ ကောင်းဆို 2015 တုန်းကထွက်ခဲ့တဲ့ နာမည်ကြီးစပိန်ကားကို သုံးကြိမ်မြောက် ပြန်ရိုက်တာပါ။ ရှေ့မှာလည်း ဂျာမနီက Don’t Get Out (2018), ကိုရီးယားက Hard Hit (2021) ဆိုပြီး ရိုက်ထားပါသေးတယ်။ အရင်ကားတွေ ကြည့်ဖူးဖူး မကြည့်ဖူးဖူး ဒီမင်းသားကြီးနဲ့ ဘယ်လိုကြမ်းမလဲ ကြည့်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4K HEVC, 1.8GB, 600MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 31Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, TSK

Thriller • Mystery
5.4 2023 91 mins
Retribution
[18+] Fumiko’s Legs
5

ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ ဟုတ်ပါတယ်… စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ | ဖူမီကိုက သူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့… ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင် သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က | အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ… အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။ အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ် သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံက လူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Romance
5 2018 81 mins
[18+] Fumiko’s Legs
Kadak Singh
7.4

Kadak Singh (2023) “မှတ်ဉာဏ်ဝင်္ကပါ” IMDb-7.4/10 OMG 2(2023) Ludo(2020) Mimi(2021) စတဲ့ ရုပ်ရှင်တွေထဲက မင်းသားကြီး Pankaj Tripathi ရဲ့ family drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာ မင်းသားကြီး Pankaj Tripathi ကို လုံးဝကွဲထွက်နေတဲ့characterနှစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်သလို family dramaဆိုတဲ့အတိုင်း အတွေး အဆွေးရသစုံ ခံစားရမှာဖြစ်လို့ dramaချစ်သူတွေ လက်လွတ်မခံသင့်ပါကြောင်း… အေကေရှရီဗာစတာဟာ ငွေကြေးလိမ်လည်မှုတွေကိုဖော်ထုတ်တဲ့ဌာနက ရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ အလုပ်ကိုချစ်လွန်း အလုပ်ကိုတန်ဖိုးထားလွန်းတော့ မိသားစုအရေးကိုလည်းအရေးမစိုက် လူမှုရေးဆိုလည်းပျက်ကွက်တဲ့ စည်းကမ်းတင်းကြပ်တဲ့ စာအုပ်လိုအဖေတစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ထစ်ခနဲဆို ဆူပူမြည်တွန်တောက်တီးနေတတ်လို့ ကလေးနှစ်ယောက်က ကဒက်ဆင်းဂ်(ခက်ထန်လွန်းသူကြီး)လို့ နာမည်ပေးတဲ့အထိပါပဲ။ မိုးလင်းမိုးချုပ်အလုပ်ပဲသိတာကြောင့် မိသားစုနဲ့ကကြားမှာလည်း အဆက်ပြတ်နေတာဆိုတော့ မိသားစုအတွက် အရာရာလုပ်ပေးနေတဲ့ ဇနီးဖြစ်သူဆုံးသွားချိန်မှာ‌တော့ အေကေအတွက်ရော ကလေးတွေအတွက်ပါ အဆင်မပြေဖြစ်လာပါတော့တယ်။ ကုဋေ ၉၀၀ ငွေကြေးလိမ်လည်မှုဖြစ်ထားတဲ့ Chit Fundကိစ္စကိုစုံစမ်းရင်းနဲ့ မိသားစုဘက်ကိုမလှည့်နိုင်၊ တစ်ခုခုဆို ဆူပူရိုက်နှက်ဖို့လောက်ပဲသိတဲ့ ရှရီဗာစတာတစ်ယောက် အမှုစုံစမ်းလို့ရခါနီးမှာ ရုတ်တရင်ဆေးရုံပေါ်နိုးလာပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့နေတဲ့ ရှရီဗာစတာကတော့ သူ့ကိုယ်သူ ပျော်ပျော်နေတတ်တဲ့ မိသားစုကိုအလေးထားတဲ့သူလို့မှတ်ယူနေပြီး‌တော့ သမီးဖြစ်သူကိုလည်းမမှတ်မိဘဲ မှတ်ဉာဏ်ကွက်ကြားပျောက်ဆုံးနေတာကြောင့် သူ့ရဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့ပုံရိပ်တွေနဲ့ သမီးဖြစ်သူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်ဝန်းကျင်ကလူတွေကပြန်ပြောပြတဲ့ သူဟာဘယ်လိုလူဖြစ်ခဲ့တယ်ဆိုတာကို ဆက်စပ်ရှာဖွေရင်း အမှုကိုဆက်လက်ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.4 2023
Kadak Singh
Thirteen Generals of Han Dynasty
5.7

CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကား‌ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်‌တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း ‌ အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို ‌တပ်အင်အားကြီးမားတဲ့ မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီ တပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့ လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ် ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေး‌ဖြေးနဲ့ လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့ မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့ စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ် ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ် သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့ စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော်

5.7 2019
Thirteen Generals of Han Dynasty
Lady Scorpions

အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် DEA အေးဂျင့်ဖြစ်သူ Alena ဆိုတဲ့ ဘွားတော်က မူးယစ်ရာဇာတစ်ပါးကို အဆုံးစွန်ထိ လိုက်နေခဲ့ပြီး မိသားစုကို အချိန်မပေးနိုင်တဲ့လူပါ မူးယစ်ရာဇာ လူရှန်ကတော့ သွေးအေးအေးနဲ့ အလုပ်လုပ်တတ်သူဖြစ်ပြီ သူနဲ့ သူ့သားဖြစ်သူအနာဂတ်စိတ်ချရဖို့ နောက်ဆုံးအပေးအယူတစ်ခုဖြစ်ဖို့ မျှော်မှန်းထားသူပါ ဘွားတော် Alena ရဲ့ သမီးဖြစ်သူ Lacy ဟာ ကိုယ်ခံပညာ နည်းပြဆရာမတစ်ယောက်ဖြစ်ပြီး ၁၀ နှစ်အရွယ် မြေးမလေးလည်းရှိပါတယ် အဆုံးစွန်အထိ ယုတ်မာတဲ့ ဒုစရိုက်အုပ်စုနဲ့ သူတို့ကိုဖြုတ်ချမယ့် လေဒီနှစ်ယောက် ဘယ်လိုအားပြိုင်ကြမှာလဲ အက်ရှင်သိုင်းကွက် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှုစားရမယ့် ဇာတ်ကားလေးပါ File size…(1.5 GB)/(777 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
Lady Scorpions
Night Train
5.7

Night Train (2009) ****************** IMDb….5.7 ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Night Train ကတော့ Mystery ၊ Thriller အမျိုးအစားဖြစ်ပါတယ်။ ခရစ္စမတ်ညရဲ့ လူနည်းစုသာလိုက်ပါလာတဲ့ ရထားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ တွဲစောင့်မိုင်စ်နဲ့အတူ သေဆုံးသူနဲ့တစ်တွဲတည်းအတူစီးခဲ့ကြတဲ့ခရီးသည်တွေဖြစ်တဲ့ ခိုးလီနဲ့ ပိတို့ဟာ သေဆုံးသူရဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့သွားခဲ့ကြပါတယ်။ အဆိုပါသေတ္တာလေးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ ပစ္စည်းတစ်ခုဆိုတာ မသိကြဘဲ သေတ္တာထဲကို ကြည့်မိသူတိုင်းက မိမိလောဘကိုရောင်ပြန်ဟပ်ပြီး ကိုယ်အလိုချင်ဆုံးအရာကိုမြင်တွေ့ရတတ်ပါတယ်။ သေတ္တာထဲကို ကြည့်မိတဲ့ မိုင်စ်၊ ပိနဲ့ ခိုးလီတို့ သုံးယောက်ပေါင်းပြီး သေတ္တာကိုအပိုင်စီးဖို့အတွက် အလောင်းဖျောက်ဖို့ ကြိုးစားကြရာကနေ ရထားပေါ်မှာ သေတ္တာကိုလိုချင်နေတဲ့လူတွေက သူတို့တင်မကဘူးဆိုတာ သိရှိလာကြရပါတော့တယ်။ ရထားပေါ်မှာ သေတ္တာကိုပိုင်ဆိုင်ရဖို့ အချင်းချင်း သတ်ဖြတ်လာကြတဲ့အခါမှာတော့ မိုင်စ်၊ ပိနဲ့ခိုးလီတို့ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ July ပဲဖြစ်ပါတယ်) File Size : 800MB/ 2.23GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:31:00 Genre : Crime, Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by July Encoded by Tiff

Action • Thriller
5.7 2009 87 mins
Night Train
Not Another Teen Movie
5.8

ကပ္ပတိန်အမေရိကားကြီး Chris Evans ပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသ ဇာတ်ကားအမြူးလေးပါ။ ဘတ်ဂျက် ၁၅သန်းပဲကုန်ကျခဲ့ပေမယ့် Box Office 66.5 သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ American Pie ကားတွေလိုမျိုး ကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း ၁၈+အခန်းလေးတွေလဲ အများအပြားပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီး Cheer leader ဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက် ရုတ်တရက် အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။ အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ကကျောင်းမှာ ရိုးအအနဲ့ လူရာသိပ်မသွင်းတဲ့ ဂျေနီဘရစ်ဆိုတဲ့ ကျောင်းသူတယောက်ကို Queenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက် ဂျေနီဘရစ်နဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ ဒါပေမယ့်ကြားထဲမှာ အစ်မဖြစ်သူကတ်သရင်းကြောင့်ရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်း ရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးတာကို ကြုံရပါတော့တယ်။ အစ်မဖြစ်သူကတ်သရင်းကတော့ သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်း ဂျေနီကို ပုံစံလုံးဝပြောင်းပေးပြီး အလန်းလေးဖြစ်အောင်လုပ်ပေးလိုက်တဲ့အခါမှာတော့…. Chirs Evan အပါအဝင် တကျောင်းလုံးကကောင်တွေ ဘယ်လိုကြွေကျပြီး ဘယ်လိုသောက်တလွဲတွေနဲ့ အခွီတွေလုပ်ကြမလဲဆိုတာ……။ “Not another teen movie” ဆိုတဲ့အတိုင်း ခင်ဗျားတို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားမျိုးလို့တော့ မထင်လိုက်နဲ့ဆိုပြီး အချီကြီးနဲ့စထားပါတယ်… ဒါပေမဲ့ ကျွန်တော်တို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားတွေဖြစ်တဲ့ Bring It On, American Pie, Cruel Intentions, American Beauty, Never Been Kissed, Ferris Bueller’s Day Off, Can’t Buy Me Love, Jawbreaker, Sixteen Candles, Dazed and Confused, Lucas, Rudy, The Breakfast Club, Risky Business ဘာညာဇာတ်ကားတွေနဲ့မထူးခြားနား ကျောင်းသားဟာသအခွီကားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကပ္ပတိန်အမေရိကားကြီး စတိဗ်ရော်ဂျာ (Chris Evans) နဲ့ အဆိုတော်မလေး Chyler Leigh တို့နဲ့ပဲ ဒီဇာတ်ကားက ကြည့်ထိုက်တယ်ဆိုပါတော့လေ။ (ရုံတင် Version မဟုတ်ဘဲ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

5.8 2001 89 mins
Not Another Teen Movie
Badava
5.6

Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေ IMDb 6.7/10 အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။ မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။ အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.6 2025 150 mins
Badava