YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Infinite.Love.S01E13.720p.CM.mp4

318.46 MB 720p video/mp4 125 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fireflies in the Sun
6.4

ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။ လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Rion Encoded by LK

Action • Animation • Romance
6.4 2021 118 mins
Fireflies in the Sun
Zombies
6.5

Zombies(2018) IMDb…6.5 ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ ….. ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး.. ..မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်.. .အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်…နောက်ပိုင်း တိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်.. .ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်.. .သီချင်းတွေဆိုကြတယ်.. .သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ.. .ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်. . Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေ မြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်… ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက် အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Inzali Than Htike ဖြစ်ပါတယ်… File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae

Drama
6.5 2018 94 mins
Zombies
Rugrats in Paris: The Movie
6.1

Rugrats In Pairs 2000 IMDb 6.1 ဒီတစ်ခါတော့ ဒီကလေးတစ်သိုက်က တောထဲရော လူသူကင်းမဲ့တဲ့ကျွန်းပေါ်ပါရောက်သွားတာမျိုးမဟုတ်ဘဲ ပဲရစ်မြို့ကြီးကိုရောက်သွားတာပါ အလုပ်မှာအမှားဖြစ်သွားတာကြောင့် ReptarLandရဲ့ တာဝန်ရှိသူက ချက်ကီရဲ့အဖေကိုလှမ်းခေါ်ပြီး အမှားပြင်ဆင်ခိုင်းပါတယ် ချက်ကီမှာအားလုံးသိကြတဲ့အတိုင်း အမေမရှိပါဘူး တခြားကလေးတွေလိုမိခင်ရဲ့နွေးထွေးကြင်နာမှုကိုမခံရဘဲ ဖခင်နဲ့ပဲကြီးပြင်းလာတဲ့ချက်ကီလေးတစ်ယောက်ပဲရစ်မြို့ကြီးမှာတစ်ယောက်တည်းအထီးကျန်နေရာက သူငယ်ချင်းတွေကကြည့်မနေနိုင်တော့ဘဲ မေမေသစ်ရှာပေးမယ်ဆိုပြီး အကောင်အထည်ဖော်ပါတော့တယ် ဖြစ်ချင်တော့ ReptarLandရဲ့ တာဝန်ရှိသူ ကိုကိုးကလည်းကလေးချစ်တဲ့အထက်အရာရှိကို သူလည်း ကလေးအဖေတစ်ယောက်နဲ့ယူတော့မှာဖြစ်ကြောင်းလိမ်လည်လိုက်ရာက အထက်လူကြီးကမင်္ဂလာပွဲအထိလာကြည့်ပြီးမှ လုပ်ငန်း‌တွေဆက်လက်တွဲသွားမယ်ဆိုပြီး ပြောလာတာကြောင့် အကြပ်ရိုက်နေချိန် …တစ်ဖက်မှာလည်းမေမေသစ်လိုချင်နေတဲ့ချက်ကီနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ကလေးမချစ်တတ်တဲ့ကိုကိုးနဲ့ ချက်ကီတို့ကလေးတစ်သိုက်ရဲ့ ဗရုတ်ကျတဲ့အလွဲတွေနဲ့ ရယ်မောစရာကာတွန်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed by Yunni

Crime • Drama
6.1 2000
Rugrats in Paris: The Movie
Kid Cannabis
6.4

Kid Cannabis (2014) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ…? သေချာပါတယ်… မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။ အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ မှောင်ခိုလုပ်မလဲ လောကဓံတရားတွေကို သူကြံ့ကြံ့ခံနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဗဟုသုတအနေနဲ့ဖြစ်စေ ငွေကြေးတွေဒလဟောဝင်တာ ဘယ်လိုမျိုးလဲ လေ့လာဆန်းစစ်ချင်လို့ပဲဖြစ်စေ ဒီ Kid Cannabis ကားလေးဟာ အပျင်းပြေကြည့်ရှုဖို့အဆင်ပြေတဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1.3GB, 602MB Quality – 1080p, 720p, 480p IMDb Rating – 6.4/10 Format – mp4 Duration – 1H 50Min Genre – Biography, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Chuck

Drama • Music • Romance • War
6.4 2014 110 mins
Kid Cannabis
Die Tomorrow
7.1

Die Tomorrow (2017) အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။ လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။ Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။ လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။ လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့ အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။ မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 629MB | 291MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

7.1 2017 75 mins
Die Tomorrow
The Baader Meinhof Complex
7.3

၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.3 2008
The Baader Meinhof Complex
The Prequel of Gold Convoyers 6: A Fearful Crisis
5.7

အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒီတစ်ခါမှာတော့ ယိုယွိနယ်စပ်မှာစစ်ပွဲပြင်းထန်နေတဲ့အကြောင်းအမှုကို အခြေခံထားတယ်။ယိုယွိနယ်စပ်မှာ စစ်ပွဲပြင်းထန်နေပြီး စားနပ်ရိက္ခာပြတ်လပ်နေတဲ့အချိန် ဖျင်အန်းပို့ဆောင်ရေးစခန်းက ရဲမက်တွေအတွက် စားနပ်ရိက္ခာပို့ဆောင်တဲ့ ခရီးကိုစတင်ခဲ့တယ်။ ဒီလိုနဲ့စစ်သည်အင်အားမမျှ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ ယန်အိမ်တော်တပ်ကို နန်းတော်ကအာဏာပါးကွက်ကြား မှူးမတ်တွေရဲ့မျက်ကွက်ပြုမှုပါခံထားရတယ်။ အဲ့အချိန်မှာ မြို့ထဲမှာကြွက်သေအမြောက်အမြားဖြစ်ပွားနေတဲ့ တချိန်တည်းမှာရန်သူတပ်ဘက်ကနေ အလောင်းကိုလွှင့်ပစ်လာတယ်။ ဒီလိုအကျပ်ရိုက်နေတဲ့ယန်အိမ်တော်စစ်တပ် ဘယ်လိုတွေကြုံတွေ့လာရမလဲ။ ဒီကြွက်သေနဲ့ လူသေအလောင်းဘယ်လိုပတ်သက်နေလဲ။ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့ကကော ဘယ်လိုအမှုကိုဖော်ထုတ်ကြမလဲ။ ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတဲ့ အကြောင်းရာတွေကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းကိုဆက်လက်ကြည့်ရူအဖြေရှာကြည့်ရအောင် ~

5.7 2010
The Prequel of Gold Convoyers 6: A Fearful Crisis
The Mental State
6.1

2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်…..လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ…Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး…. Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(783 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Comedy • Crime • Mystery
6.1 2022 103 mins
The Mental State
The Town that Dreaded Sundown

ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ဂျေမီနဲ့ သူ့ချစ်သူ ကော်ရီပါပဲ။ ချစ်သူနဲ့ အတူရှိနေချိန် မိမိမျက်စိရှေ့မှာပဲ ချစ်သူကို ဆုံးရှုံးလိုက်ရသူ ဂျေမီက အမှုမှန်ပေါ်အောင် လိုက်လံဖော်ထုတ်ရင်း တစ်စတစ်စနဲ့ မထင်ထားတဲ့ အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တစ္ဆေက ဘယ်သူလဲ၊ ဘာလို့သတ်တာလဲ၊ ဘာလို့ ၆၅ နှစ်အကြာမှ ထပ်ပေါ်လာတာလဲ၊ မြို့ငယ်လေးနဲ့ တစ္ဆေကြား ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ၊ ဂျေမီကရော တစ္ဆေလက်ထဲက လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ လိုက်ပါစီးမျော အဖြေရှာကြည့်လိုက်ကြပါဦး။ (ဘာသာပြန်သူအတွက်ကတော့ ထင်သမျှလွဲတဲ့ကားပါပဲ။ ကိုယ်က ဒီလူလို့ထင်လိုက် သေလိုက်၊ ဟိုလူလို့ထင်လိုက် သေလိုက်နဲ့ နောက်ဆုံး တရားခံပေါ်လာတော့မှပဲ မှန်းတာလည်း ရပ်သွားပါတော့တယ်။) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File size…(1.1 GB)/(571MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2014
The Town that Dreaded Sundown
A Very Vermont Christmas

ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။ File size…(1.4 GB)/(814 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Horror • Comedy
0 2024
A Very Vermont Christmas
Okiku and the World
6.8

Okiku and the World (2023) IMDb 6.8 ရထားတဲ့ ဂျပန် အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် အဲဒို(လက်ရှိတိုကျို)မှာ ဇာတ်လမ်းတည်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ချူးဂျိဆိုသူက မစင်တွေလိုက်ကျုုံးပြီး ရောင်းချအသက်မွေးရတဲ့လူပါ ဒီလိုနဲ့ တစ်နေ့မှာ အိုကီကူဆိုတဲ့ ကောင်မလေးနဲ့တွေ့ပါတယ် အိုကီကူကတော့ ဆာမူရိုင်းမဟုတ်တော့တဲ့ တစ်ချိန်က ဆာမူရိုင်းကြီးရဲ့သမီးဖြစ်ပြီး လက်ရှိမှာတော့ ဆင်းရဲသားအိမ်တန်းလျားမှာ ငှားနေရပါတယ် နိမ့်ဆင်းသွားတဲ့လက်ရှိဘဝကို စိတ်ပျက်ညှိုးမှိုင်လျက်ရှိတဲ့ မိန်းကလေးတစ်ယောက်… သူ့ဘဝထဲကို မစင်ကျုံးသမားလေး ဝင်လာတဲ့အခါမှာ အေးစက်တဲ့ လောကဓံကြားမှာ နွေးထွေးတဲ့ ချစ်ခြင်းကို ရှာတွေ့သွားနိုင်မှာလား ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ KKKZ ~ ToMo တို့ပဲ ဖြစ်ပါတယ်

6.8 2023
Okiku and the World
A Record of Sweet Murder

A Record of Sweet Murderer (2014) ********************************* စိတ္တဇဆေးရုံကနေထွက်ပြေးလွတ်မြောက်ပြီး စိတ္တဇလူသတ်သမား ဘတ်ဆန်းဂျွန်း… ဘတ်ဆန်းဂျွန်းက သူလူသတ်ရတဲ့ အကြောင်းအရင်းတွေကို လူတွေကိုပြောပြချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းထောက်လည်းဖြစ်တဲ့ ဂင်ဆိုယွန်းထံ ဖုန်းခေါ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်ပေးဖို့အတွက်လည်း ဂျပန်လူမျိုးကင်မရာသမားတစ်ယောက်ကိုပါ ခေါ်ခဲ့ဖို့… ဂင်ဆိုယွန်းကို တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်ဖြစ်တဲ့ ဆိုယွန်းကလည်း သူတောင်းဆိုတဲ့အတိုင်း… သူနဲ့ရင်းနှီးတဲ့ ဂျပန်လူမျိုးကင်မရာသမား တာရှီရိုကိုခေါ်ပြီး ချိန်းဆိုတဲ့နေရာကိုသွားခဲ့ပါတယ်။ ဘတ်ဆန်းဂျွန်းရဲ့လူလိုက်သတ်ရတဲ့အကြောင်းပြချက်ကလည်းထူးခြားလှပါတယ်။ အဲဒီအကြောင်းအရင်းကိုဆိုယွန်းအပါအဝင် ဘယ်သူမှမယုံကြည်ကြပါဘူး။ သူလူသတ်ရတဲ့အကြောင်းအရင်းက ဘာတွေဖြစ်မလဲ….အလောင်းရှာမတွေ့သေးဘဲ.. သူသတ်လာတဲ့လူတွေ ဘယ်နှယောက်တောင်ရှိပြီလဲ…. ဘယ်လိုလူမျိုးကိုရွေးသတ်တာလဲ… ဆိုယွန်းနဲ့ တာရှီရိုရော အန္တရာယ်ကင်းနိုင်ပါ့မလား…ဘတ်ဆန်းဂျွန်းရဲ့ လူသတ်ရတဲ့… အကြောင်းအရင်းကရော…ယုတ္တိရှိနေမလား…ရူးနှမ်းမှုသက်သက်ပဲလားဆိုတာ… ဒီ Thriller, Drama ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်နော် File size… 1.89GB / 780MB Quality…WEB-DL 1080p 720p Genres: Horror, Drama Duration: 1 hr 30 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Han Encoded By Heather Oo

0 2014 86 mins
A Record of Sweet Murder
The Storm is Coming
5.6

ဒီဇာတ်လမ်းလေးကတော့ တွဲလာတာ4နှစ်ကြာပြီးတဲ့နောက်မှာ ကောင်လေးဘက်ကနေ သတ္တိ‌​မွေးပြီး ကောင်မလေးကို ပရိုပိုစ်လုပ်တဲ့ဇာတ်ကွက်လေးနဲ့ ရိုမန်တစ်ဆန်ဆန်စထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ကောင်လေးဘက်က အမှတ်တရဖြစ်စေချင်လို သူစီစဉ်သမျှအကုန်လုံးကို video recording လုပ်ထားခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူrecordလုပ်မိတာက သူတိုအမှတ်တရတွေတင်မကပဲ ရာဇဝတ်မှုနဲ့ဆိုင်တာတွေပါ တိုက်တိုက်ဆိုင်ဆိုင် record လုပ်မိရက်သားဖြစ်သွားတဲ့အချိန်မှာတော့ သူတိုသမီးရည်းစားအတွက် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ ရောက်လာသမျှအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ တကယ်ရော ကျော်ဖြတ်သွားနိုင်ရဲ့လားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်

5.6 2024
The Storm is Coming
That Untold Story
6

ဒီနေ့မှာတော့ CM တရုတ်ကားချစ်သူတို့အတွက်… ပေါက်စီမြေမှာ ဝတ္ထုဖတ်ပြီး ဝက်ဝက်ကွဲ မျက်ရည်မိုးရွာခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့… စာရေးသူ ကျိုးအိုက်ဟွားရဲ့ “ဘယ်သူမှမသိခဲ့သော ဇာတ်လမ်းလေး တစ်ပုဒ်” ဆိုတဲ့ ဝတ္ထုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ထိုင်ဝမ်ရုပ်ရှင်ဗားရှင်းလေးပါပဲ… ဟုတ်ပါတယ်… ဒရာမာဗာရှင်းလေးလည်း ရှိသေးတာမို့ ဒရာမာစောင့်ရင်း ရုပ်ရှင်ဗားရှင်းအရင်ကြည့်ထားနိုင်ပါတယ်နော်… ဇာတ်လမ်းလေးကတော့… ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးလို့ ပျက်စီးဆုံးရှုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့အလုပ်လုပ်နေသူ ယန်ကျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝအချိုးအကွေ့တစ်ခုမှာ ဒုက္ခတိခြေပြတ် ချန်မင်ရှန်းနဲ့ ဆုံတွေ့ခဲ့ပါတော့တယ်… အတိတ်ကံကြောင့်ပဲလား နတ်ဖူးစာရွာလည်လို့လားမသိပေမယ့်… အချစ်တစ်ခု သူတို့ကြားမှာ ပေါက်ပွားလာခဲ့ပါတယ်… ထူးခြားတာကတော့ ဒီချန်မင်ရှန်းက…မူးယစ်ဆေးနဲ့ပတ်သက်ရင် အရမ်းကို အထိမခံဖြစ်လွန်းပြီး တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်… နောက်ပြီးတော့ သူက လူသိမခံတဲ့ မြေကြွက်လေးလိုပဲ ဘဝကြီးကို ပုန်းလျိုပြီး ဖြတ်သန်းနေတတ်ပြန်တယ်…ဓာတ်ပုံလည်းအရိုက်မခံဘူး… တစ်ခုခုဆို ကိုယ့်အသားအနာခံပြီး ရှောင်ပြေးတတ်တယ်… သူဘာကိုလျို့ဝှက်နေတာလဲ…ဒီလျို့ဝှက်ချက်တွေပေါ်လာတဲ့တစ်နေ့မှာ သူတို့ကြားက ဇာတ်လမ်းလေးက ဘာဆက်ဖြစ်သွားမှာလဲ

Drama
6 2024
That Untold Story
Happiness for Sale
6.4

Happiness for Sale (2013) ************************** Hello Me ထဲက မင်းသမီး Choi Kang Hee နဲ့ Penthouse ထဲက မင်းသား Bong Tae Gyu တို့ ပါဝင်ပြီး IMDb RATING 6.4 ရရှိထားတဲ့ comedy drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ မီနာ(ချွဲဂန်ဟီး)ဟာ ဆိုးလ်မှာ အခွန်ဌာနဝန်ထမ်းတစ်ဦးဖြစ်ပါ။ တစ်နေ့မှာတော့ မွေးရပ်မြေ မူဂျူမှာနေထိုင်တဲ့ သူမရဲ့အဖေ ဆေးရုံတက်လိုက်ရတာကို သိခဲ့ရပါတယ်။ သူမရဲ့အဖေက မီနာရဲ့ကုန်စုံဆိုင်ဆိုတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အဖေ ဆေးရုံတက်နေရတော့ မီနာက အိမ်ခြံမြေအကျိုးဆောင်နဲ့ ဆက်သွယ်ပြီး ကုန်စုံဆိုင်ကို ရောင်းဖို့လုပ်တယ်။ ဒါပေမဲ့ ဆိုင်ကိုရောင်းဖို့ဆိုရင် မီနာပြန်လာပြီး ဆိုင်ဖွင့်ပေးရမယ်လို့ အိမ်ခြံမြေအကျိုးဆောင်က ပြောခဲ့တယ်။ မီနာက မွေးရပ်မြေမှာ အပယ်ခံတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရ‌တာကြောင့် သူ့ရဲ့ငယ်ဘဝကို မနှစ်ခြိုက်ဘဲ မွေးရပ်မြေကိုလည်း မပြန်ချင်ခဲ့ဘူး ။ သို့ပေမဲ့ မီနာရဲ့ချစ်သူက ဖောက်ပြန်ခဲ့ပြီး အလုပ်မှာလည်း ပြဿနာတက်ခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။ အလုပ်ရပ်ဆိုင်းခံရတဲ့ မီနာဟာ မွေးရပ်မြေဆီ ပြန်လာခဲ့ပြီး ကုန်စုံဆိုင်ကို ရောင်းရဖို့အတွက် ဆိုင်ပြန်ဖွင့်ပါတော့တယ်။ တစ်လျှောက်လုံးမှာ မီနာရဲ့ရည်ရွယ်ချက်က ဆိုင်ကိုရောင်းဖို့ပါပဲ။ ဒါပေမဲ့ ဆိုင်ရောင်းထွက်ဖို့အတွက် ဆိုင်လေးကိုပြန်ဖွင့်ရင်း ဆိုင်ရဲ့ဖောက်သည် ကလေးလေးတွေနဲ့ ဘယ်လို ဇာတ်လမ်းလေးတွေဖြစ်လာမလဲ .. သူမရဲ့ ငယ်ဘဝက မကောင်းခဲ့တဲ့အမှတ်တရတွေကရော ဘာလဲ .. မီနာက ဆိုင်လေးကို တကယ်ပဲ ရောင်းဖြစ်သွားမလားဆိုတာကိုတော့ ခံစားချက်အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ (အညွှန်းကို KYoun မှ ရေးသားထားပါတယ်) File size…2.42GB / 1.05GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 46m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by KYoun Encoded by AHtet

Drama
6.4 2013 106 mins
Happiness for Sale