YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Industry (2022) S02EP05 WEB-DL,1080p(CM).mp4

1.31 GB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Defendor
6.4

~ IMDb - 6.7/10, Rotten Tomatoes - 75% ~ နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး... အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။ သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။ တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ရယ်လည်းရယ်ရ သနားစရာ‌လည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson နဲ့ Thor ကားတွေထဲက မင်းသမီး Kat Dennings အပြင် Killing Eve စီးရီးထဲက မင်းသမီးကြီး Sandra Oh စတဲ့ ရင်းနှီးပြီးသားသူတွေချည်းဆိုတော့ ကြည့်ရ ပိုအဆင်ချောပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.45GB, 600MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Comedy, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.4 2009 101 mins
Defendor
The Art of War
5.7

Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Crime • Thriller
5.7 2000 117 mins
The Art of War
Table for Six
6.9

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ Comedy အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ရှင် ။ ဒီဇာတ်ကားလေးကတော့ မအေတူ ဖအေကွဲ ညီအစ်ကိုသုံးယောက်အကြောင်း ရိုက်ကူးထားတာပါ ။ အိမ်ရဲ့ အစ်ကိုကြီးဆုံးဖြစ်သူဟာ အစွဲအလန်းကြီးသူဖြစ်ပြီးတော့ သူ့ရဲ့အရင်ရည်းစားဖြစ်တဲ့ မိုနီကာကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ် ။ ဒါပေမဲ့လို့ သူ့ရဲ့ အရင်ရည်းစားဟာ သူ့ရဲ့ မအေတူ ဖအေကွဲ ညီလေး (၂) ရဲ့ လက်ရှိရည်းစားဖြစ်နေခဲ့သောအခါ...။ သူ့ရဲ့ မာနတရားတွေအတွက် သူဟာ လက်ရှိသူ့မိတ်ဆွေ မြောင်မြောင်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။နောက်ထပ် ညီအငယ်ဆုံးလေးဖြစ်သူဟာလဲ သူ၏ ချစ်သူနဲ့ နှစ်ပေါင်းရည်ကြာလာအောင်တွဲလာခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်ရေးဟာ ပြတ်ဆဲလုနီးပါးဖြစ်ပြီး နေ့တိုင်းပြဿနာတွေနဲ့ပဲ ကြုံတွေ့ရနေရတာပါ ။ တစ်မိုးအောက်ထဲမှာ စုံတွဲ ၃ တွဲ ဆက်ဆံရေး ၄ ခုနဲ့ အတူ အစ်ကိုကြီး အဖအရာ ဆိုတဲ့ စကားအတိုင်း အစ်ကိုကြီးဖြစ်သူတစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ - ❏ အချစ်ဟောင်းနဲ့ အချစ်စစ်တို့ ထိပ်တိုက်တွေ့လာတဲ့အခါမှာရော ဘယ်လိုဖြေရှင်းကြမလဲ? ❏ အိမ်ရဲ့ ပြဿနာတွေကိုရော သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ? ❏မိသားစုအငွေ့အသက်လေးတွေ ရောထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ အသိုက်အမြုံလေး ဖြစ်သွားနိုင်ပါ့မလား ?ဆိုတာ ဟာသလေးတွေ ရောနှောပြီး ဘဝအမောတွေဖြေကာ ကြည့်ရှုလိုက်ကြရအောင်ပါနော်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Comedy , Romance Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Documentary
6.9 2022 116 mins
Table for Six
U311 Cherkasy
6.8

IMDb Rating - 6.6/10 ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် စစ်ပွဲကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ကားကောင်းလေးတစ်ကား ကို တင်ဆက်ပေးလိုက် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၄ ခုနှစ် ရုရှားနိုင်ငံဟာ ယူကရိန်းပိုင်ဖြစ်တဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ပြီး ဒွန်နူစလပ်ပင်လယ်ကွေ့မှ ပင်လယ်နက် ဆီသို့ ထွက်ပေါက်ကို ပိတ်ဆို့လိုက်ပါတော့တယ်။ အဆိုပါ ပိတ်ဆို့မှုကြောင့် ယူကရိန်း ‌ရေတပ်သင်္ဘော ၇ စင်းဟာလည်း နိုင်ငံဆီသို့ပြန်မရဘဲ ပိတ်မိသွား ပါတော့တယ်။ သင်္ဘော ၇ စင်းဟာ တစ်စင်းပြီး တစ်စင်း ရုရှားထံသို့ အညံ့ခံ သွားခဲ့ကြပါတယ်။ သို့သော် မိုင်းရှင်းလင်းရေး သင်္ဘော Cherkasy ကတော့ မျှော်လင့်ချက် မရှိနိုင်သည့်တိုင်အောင် ပြန်လည်ခုခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Cherkasy သင်္ဘောမှ ယူကရိန်းရေတပ်သားတွေ အင်အားကြီးမားတဲ့ ရုရှား‌‌ရေတပ်ကို ဘယ်လိုခုခံကြမလဲ။ ရှုံးနိုင်ချေများတဲ့ စစ်ပွဲတစ်ခုမှာ စစ်သားတွေရဲ့ ခံယူချက်၊ ခံစားချက်၊ ရုန်းကန်ရမှုတွေကို ရှု့ထောင့်တစ်မျိုးမှ ကြည့်ရှု့ရမယ် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size - (1.13 GB) / (650 MB) / (420 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Drama, War Translator – Leonard Lin Encoder – SWM

Comedy • Drama
6.8 2020 102 mins
U311 Cherkasy
Twelve Monkeys
7.6

ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။ 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ ဆိုတော့ကာ ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။ လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို ၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။ ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။ ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။ အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။ ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။ သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။ ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။ ‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။ 12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။ သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့... Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။ တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့ အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။ ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__(2.5GB ) and (1.4GB) Quality__1080p ,720p IMDb Rating__8.0/10 Format__mp4 Duration__02:09:31 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama
7.6 1995 129 mins
Twelve Monkeys
Harry Potter and the Chamber of Secrets
7.7

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! (The Philosopher's Stone(or)The Sorcerer's Stone (2001) နဲ့ The Chamber of Secrets (2002) နှစ်ကားက ရုံတင်ဗားရှင်းထက် 10မိနစ်စာလောက်ပိုပါတဲ့ EXTENDED Version ထွက်ထားပါတယ်။ဒါကြောင့်မို့ 1080p နဲ့ 720p ကို EXTENDED version နဲ့ တင်ဆက်ထားပြီး 4K ကတော့ ရုံတင်ဗားရှင်းဖြစ်ပါတယ်။) File size…(5.7 GB) /(2.5 GB)/(1.1 GB) Quality….BluRay 4K HEVC/EXTENDED 1080p /720p Format…mkv/mp4 Duration….02:54:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yoon Sandi Aung

Comedy • Drama
7.7 2002 161 mins
Harry Potter and the Chamber of Secrets
Superman I
7.4

Superman I (1978) Extended Cut =============================== ~ IMDb – 7.4/10, RT – 93%, Meta – 82% ~ ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။ အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် နောက်ခံ‌တေးသံကိုဖန်တီးခဲ့တာက စပီးဘာ့ခ်လက်စွဲတော် ဂန္ထ၀င်မြောက် Music Composer ကြီး ဂျွန်ဝီလီယမ်။ ဒါရိုက်တာက ရစ်ချက်ဒွန်နာ။ မင်းသားက စူပါမန်းဆိုတာနဲ့ သူ့ပဲပြေးမြင်ကြတဲ့ Charming အပြည့်နဲ့ ခရစ္စတိုဖာရိဗ်။ Line up ကြီးက ဂေါ်ထွက်နေရုံတင်မဟုတ်ဘဲ Rating တွေကလည်း ဟိုးထိပ်မှာရှိတယ်။ အကောင်းဆုံးမဟုတ်ရင်‌တောင် သမိုင်းအတွင်ခဲ့ဆုံး စူပါမန်းကားပါပဲ။ ခရစ်ပတွန်ဂြိုဟ်ကြီး မပျက်ခင်မှာ စထားပြီး စူပါမန်းအဖေ Jor-El တဖြစ်လဲ မာလွန်ဘရန်ဒိုကြီးရဲ့ ခရစ်ပတွန်ဂြိုဟ်ပေါ်က ဘ၀ကို အရင်ပြထားတယ်။ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်ရပုံတွေ၊ ဗိုလ်ချုပ်ဇော့ဒ်‌တို့ကို နယ်နှင်လိုက်ပုံ‌တွေ၊ စူပါမန်းကို ကမ္ဘာပေါ် လွှတ်လိုက်ပုံ၊ သူတတ်ထားတဲ့ ပညာတွေအကုန် အမွေထည့်ပေးလိုက်ပုံတွေနဲ့ စထားတယ်။ ဒီမှာထူးတာက မာလွန်ဘရန်ဒိုကြီးရဲ့ ဒိုင်ယာလော့တွေနဲ့တင် ခရစ်ပတွန်ဂြိုဟ်ဟာ ဘယ်လောက်ထိ အသိပညာအတတ်ပညာရှေ့တန်းရောက်နေတဲ့ ဂြိုဟ်ကြီးလဲဆိုတာ သိသာအောင်ပြထားတယ်။ ဒီဂြိုဟ်ကြီးပျက်ရခြင်းကိုလည်း ဒဿနိကဆန်ဆန်ပြထားတယ်။ နောက်ကမ္ဘာပေါ် စူပါမန်းရောက်လာပုံတွေ သူ့စွမ်းအားတွေကို ထိန်းချုပ်တတ်အောင် လူတွေအကြောင်းသိအောင် သင်ယူရပုံတွေ ပြထားတယ်။ ထူးတာက စူပါမန်းကားပေမဲ့ မသိမသာနဲ့ ဟာသတွေ တော်တော် ဖောဖော‌သီသီကို ထည့်ထားတယ်။ မသိရင် ဟာသကားလိုလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒဿနိကတွေကိုလည်း မြင်နိုင်တယ်။ မာရီယိုပူဇိုကြီး The Godfather ဇာတ်ညွှန်းရေးပြီး ‌စိတ်အရမ်းလေးနေလို့များ ဖြေချလိုက်‌တယ်လို့ကို ထင်ရတယ်။ ဟာသတွေရော တချို့ဇာတ်၀င်ခန်းတွေကရော ဒီခေတ်နဲ့ဆို နည်းနည်းတော့ တစ်မျိုးဖြစ်ပေမဲ့ Iconic ဇာတ်၀င်ခန်းတွေဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ခံစားမိနေတယ်။ သူ့ဟာသတွေက အတင်းကြီးလည်းမဟုတ်ပေမဲ့ စူပါမန်းက ဘာကောင်လဲသိနေတဲ့လူတွေအတွက် တော်တော်ရယ်ရတဲ့ဟာသတွေဆိုလည်းမမှားဘူး။ ကလာ့ခ်ကန့်ကိုရော စူပါမန်းကိုရော တော်တော်လေး လူဆန်ဆန်ပုံဖော်ထားတယ်။ ရယ်လည်းရယ်ရ မာစတာပိစ်လည်းဖြစ်သလို Iconic ဖြစ်တဲ့ စူပါဟီးရိုးရုပ်ရှင်မို့ စူပါဟီးရိုးကားကြိုက်ရင်ပဲဖြစ်ဖြစ် ငယ်ဘ၀ကကြည့်ဖူးတာကို ပြန်သတိရချင်ရင်ဖြစ်ဖြစ် ကလပ်စစ်ကားအရသာကို ခံစားချင်ရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဂန္ထဝင်ရုပ်ရှင်ပါပဲ။ #Christopher Reeve (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.6GB Quality – Extended Cut 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration -3H 8Min Genre – Action, Adventure, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1978
Superman I
Theri
7.3

Theri (2016) “အတိတ်က မီးခိုးငွေ့အမျှင်တန်း” IMDb 7.3 မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်… ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်… လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါ ဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်… နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်… ရဲစခန်းမှာ ဆရာမက တိုင်ချက်ဖွင့်တော့ ရဲစခန်းမှာ လက်မှတ်ထိုးဖို့ လိုလာတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် မလုံမလဲတွေဖြစ်နေပါတော့တယ်… ဒါကို ရိပ်မိသွားတဲ့ အန်နီက ဂျိုးဆပ်တစ်ယောက် အတိတ်မှာ ရဲမှူးတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကို သိသွားခဲ့ပြီး အန်နီ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြရပါတော့တယ် တချိန်က သောက်ကြမ်းကြီးတစ်ယောက် ဘာဖြစ်လို့ လူမသိသူမသိ ဇာတ်မြှုပ်ပေါင်မုန့်ဖုတ်နေရသလဲ နိုင်ငံရေးသမားတွေနဲ့ အထိ ပတ်သက်နေခဲ့ပြီး ရန်ငြိုးတစ်ချို့ရဲ့ ရိုက်ခတ်မှုက အန်နီလေးရဲ့ အမေ့ကိုပါ ထိခိုက်ရတဲ့အထိ ဘယ်လိုများ ရှုပ်ထွေးခဲ့သလဲ ကိုယ်က ဘယ်လောက်ပဲ ကင်းအောင်နေနေ တချိန်က ရန်ငြှိုးတွေက မီးခိုးကြွက်လျှောက်သလို ပါလာနေသေးတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် သူ့သမီးကို အန္တရာယ်တွေကြားက ဘယ်လိုကာကွယ်မလဲ ချစ်ခြင်းတရား ဒေါသ နဲ့ ကလဲ့စားချေခြင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဘယ်လို အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ကြမှာလဲ ဆိုတာကတော့… အက်ရှင်ပြကွက် ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ရှုစားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Saii ~ Yunni ~ ToMo ~ KKKZ တို့ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.3 2016 157 mins
Theri
The Champion
5.4

ဒီကားလေးကတော့ အခုနှစ်ပိုင်းမှ ထွက်ရှိထားတဲ့ sport/comedyကားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ တခြားအားကစားကားတွေနဲ့မတူဘဲ ‌အားကစားသမားရဲ့ ဇာတ်ကောင်စရိုက်ကို‌ရိုက်ပြထားတဲ့ကားဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လာပြီး ဇာတ်ကောင်ရဲ့စိတ်အခြေအနေ မိသားစု၀င်အချင်းချင်းတောင် ကိုယ့်အပေါ်အမြတ်ထုတ်တာတွေ ခံစားချက်ကိုမထိန်းချုပ်နိုင်တာတွေ အစရှိတဲ့အကြောင်းကိစ္စတွေကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ‌ဒီရေဂိုကအသက်ငယ်ငယ်နဲ့ ထူးချွန်တဲ့ဘောလုံးကစားသမားဖြစ်ပြီး အသင်းနဲ့စာချုပ်ချုပ်စ ပထမဆုံးရာသီမှာတင် (၁၁)ဂိုးသွင်းထားသူပါ။ ဒါပေမဲ့ ကမူးရှူးထိုးသမားဖြစ်သူမလို့ လာလီဂါချန်ပီယံရှစ်အဆုံးအဖြတ်အတွက် သုံးပွဲအလိုမှာတင် အသင်းခေါင်းဆောင်နဲ့ရန်ဖြစ်ပြီး နှစ်ပွဲနားလိုက်ရပါတယ်။ တတိယမြောက်ပွဲပါ နားခံထိမှာစိုးရိမ်တဲ့အတွက် သူ့အဖေ အေးဂျင့်နဲ့အသင်းတို့က လက်ဝါးချင်းရိုက်ပြီး သတင်းစာတောင်းပန်ပွဲလုပ်ပြီး စာဖတ်တဲ့နေရာမှာအခက်အခဲဖြစ်နေတဲ့သူ့ကိုတက္ကသိုလ်က စိတ်ရောဂါကျွမ်းကျင်သူနဲ့စာသင်ပေးမယ်လို့ ပရိသတ်ကိုပြောလိုက်ပါတယ်။ မရင့်ကျက်တဲ့ဒီရေဂိုတစ်ယောက် သူ့ဆရာအကူအညီနဲ့ ကိုယ်ကိုယ်ကိုယ်ဘယ်လိုပြောင်းလဲသွားမလဲ ဖခင်ရဲ့အရိပ်အောက်ကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Soccer, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Horror • Drama • Thriller
5.4 2024
The Champion
Robert Downey Jr.: High Altitude
6.5

Robert Downey Jr: High Altitude IMDb – 6.5 ====================== ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ ကျွန်မတို့ ချစ်ရတဲ့ Iron Man တိုနီစတာ့ခ်ရဲ့ တကယ့်ဘဝအကြောင်းရိုက်ထားတဲ့ ‌မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ လူတိုင်းချစ်ရတဲ့ အိုင်ရွန်းမန်း ကာရိုက်တာရဲ့ ပဲ့ကိုင်ရှင် ‌ရောဘတ်တစ်ယောက် ဒီလိုအခြေအနေမျိုး ‌ရောက်လာဖို့ လာအခက်အခဲတွေရှိခဲ့မလဲ ရိုလာကိုစတာလိုမျိုး သူ့ဘဝမှာ အတက်အကျတွေများပြီး‌ ကြမ်းတမ်းခဲ့တာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရောဘတ်က အရည်အချင်းလေးလည်းရှိလို့ အနုပညာလောကထဲရောက်ပြီး အောင်မြင်ခါစအဖြေအနေမှာ သူ့ရဲ့ ဆေးသုံးတတ်တဲ့ပြဿနာက သူ့ကို အောက်ဆုံးထိဆွဲခေါ်သွားခဲ့ပါတယ်။ ဒီနေ့လူတွေမြင်နေရတဲ့ မိသားစုကိုချစ်တဲ့ အလုပ်ကြိုးစားပြီး တော်တဲ့ရောဘတ်တစ်ယောက်ဖြစ်အောင် သူမူးယစ်ဆေးကို ဘယ်လိုဖြတ်ခဲ့ရလဲ အောက်ဆုံးကနေဘယ်လိုပြန်တက်ရလဲဆိုတာ ကြည့်ပြီး အားကျအတုယူဖို့ကောင်းလှပါတယ်။ စတားဘဝကိုရောက်ပြီး အောက်ဆုံးပြန်ကျခဲ့တာတောင် လက်မလျော့ပဲ ထပ်ကြိုးစားခဲ့တဲ့ ရောဘတ်ရဲ့အတုယူဖွယ်ကောင်းတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်ရှင်ကနေကြည့်ပြီး အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

6.5 2023
Robert Downey Jr.: High Altitude
Birds of Passage
7.3

Birds of Passage (2018) *********************** ဒီဇာတ်ကားလေးဟာ ၁၉၆၀ နဲ့ ၁၉၈၀ ကြားလောက်က ကိုလံဘီယာမြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဝါရူးလူမျိုး မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်… ငယ်ငယ်ကတည်းက တစ်ကောင်ကြွက်အဖြစ်ကြီးပြင်းခဲ့ရတဲ့ ရာပါရက်ဟာ သူအမြဲတမ်းလိုချင်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုတစ်စုလေးတည်ထောင်ချင်ခဲ့သူပေါ့… ဝါရူးလူမျိုးတွေဟာ မိသားစုသည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘာအကြောင်းကိစ္စတွေပဲဖြစ်နေပါစေ မိသားစုအရေးသည်သာ ပထမဆိုတဲ့လူမျိုးစုဖြစ်ပါတယ်… ပြီးတော့သူတို့ဟာ သူတို့ရဲ့သေဆုံးသွားတဲ့အမျိုးတွေနဲ့ အိမ်မက်ထဲမှာ စကားပြောလို့ရနိုင်တယ်လို့ ယုံကြည်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်…သူတို့ကို သေသူတွေ ဝိညာဉ်တွေကစောင့်ရှောက်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ အယူသည်းသူတဲ့လူမျိုးစုလည်း ဖြစ်တယ်… ဝါရူးလူမျိုးမဟုတ်ရင် ကျန်တဲ့သူတွေကို အပြင်လူလို့သတ်မှတ်ပြီး အယုံအကြည်ကင်းမဲ့တဲ့လူမျိုးတွေလည်း ဖြစ်တယ်… ရာပါရက်ဟာ ပါရှနာမိသားစုက ဇိုင်ဒါဆိုတဲ့ ကောင်မလေးကိုကြိုက်ပြီးတောင်းရမ်းခဲ့တယ်… သို့ပေမယ့် မိန်းကလေးရှင်တို့က တင်တောင်းဖို့ပြောတဲ့ပစ္စည်းတန်ဘိုးဟာ မြင့်မားလွန်းလှတယ်… သို့ပေမယ့် ရက်ပါရက်ဟာ ရရာနည်းလမ်းသုံးပြီး ရှာခဲ့ပါတယ်… ရက်ပါရက်တစ်ယောက်အောင်မြင်မလား…. ဒီလိုနဲ့ဆက်သွားပြီး ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ပါဦး…. ဒီကားက မူးယစ်ကားလို့ပြောလို့ရသလို ဂိုဏ်းစတားဟန်တွေအများကြီးပါတယ်… အစပိုင်းမှာ အနည်းငယ်အေးသလိုဖြစ်လို့ နာရီဝက်လောက်ထိသည်းခံပြီး ကြည့်စေချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ဖြစ်ပါတယ်… File Size : 2.13GB / 930MB Quality : BluRay 1080p / 720p Duration : 02:05:00 Genre : Crime, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Heather Oo

Action • Crime • Thriller • Mystery
7.3 2018 125 mins
Birds of Passage
Monster Awakens
5

ဘရီ တို့ သားအဖနှစ်ယောက်က အမေရိကန်မြောက်ပိုင်းရဲ့ နှင်းတွေအမြဲဖုံးလွှမ်းနေပြီး အေးချမ်းတဲ့ ဒေသတစ်ခုမှာ နေထိုင်ကြတယ်။ အမေ မရှိတော့တဲ့ အဖေတစ်ခု သမီးတစ်ခု ဘဝမို့ အဖေဖြစ်သူက ဘရီ့ကို အစစအရာရာ ဂရုစိုက်ပေး ပါတယ်။ တစ်ရက်မှာတော့ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ရှိလို့ သမီးဖြစ်သူ ဘရီကို အိမ်ထဲမှာပဲ သော့ပိတ်ပြီးနေဖို့ မှာရင်း ထွက်သွားတယ်။ ဓာတ်ပုံဝါသနာအိုးလေးဖြစ်တဲ့ ဘရီကတော့ အဖေဖြစ်သူ စကားကို နားမထောင်ပဲ နှင်းတွေဖုံးနေတဲ့ တောအုပ်ထဲကို ဓာတ်ပုံရိုက်ဖို့ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထောင်သားတစ်ယောက်ကို လွှဲပြောင်းဖို့ သယ်လာတဲ့ ရဲကားဟာ ဘရီတို့ မြို့ကို ဖြတ်နေစဥ်မှာပဲ ကားပျက်ပြီး ထောင်သားက ထွက်ပြေးသွားတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ အဖေဖြစ်သူက သမီးဖြစ်သူကို စိတ်ပူတာကြောင့် အိမ်အမြန်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူကို အိမ်မှာမတွေ့တဲ့နောက်မှာ အဖေ ဖြစ်သူလည်း သမီးကို ရှာဖို့ တောထဲကိုလိုက်လာပါတော့တယ်။ ဒီလိုနဲ့ပဲတောထဲမှာ ထူးဆန်းထွေလာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာရတဲ့အခါမှာတော့ … File size… (1.25GB) / (666MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Animation • Adventure • Family • Comedy
5 2024 75 mins
Monster Awakens
The Door
6.5

The Door (2025) “နောက်ဆက်တွဲ” တမီးလ် ဟော်ရာ/သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်လေးကို တင်ဆက်လိုက်ပါတယ် မစ်တရာဟာ ဗိသုကာပညာရှင်လေးတစ်ယောက် သိပ်မကြာသေးခင်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး အဖေ့ရဲ့နောက်ဆုံးထွက်သက်ငင်ချိန်မှာ အနားရှိမနေပေးခဲ့တဲ့အတွက် နောင်တရနေသူ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘုရားကျောင်းတစ်ခုကို ဖြိုဖျက်ခဲ့မိလို့ ဒီလိုကံဆိုးတယ်လို့ ယုံကြည်နေတယ် တစ်ဖက်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တခြားသော မသင်္ကာစရာ မတော်တဆမှုတွေ ဖြစ်နေပြီး အထက်လူကြီး တောင်းဆိုချက်နဲ့ ပူဆွေးသောကကို ဘေးချိတ်ကာ လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ မစ်တရာ ဘယ်လိုခြောက်လှန့်မှု တွေ့ကြုံရမလဲ၊ မတော်တဆမှုတွေနောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာလား ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller
6.5 2025 131 mins
The Door