YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

In the Name of Brother E01 720p WEB-DL CM.mp4

326.6 MB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Drama
7.3 2014 109 mins
How to Steal a Dog
Mona Lisa Smile
6.9

၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။ အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ အဲဒီကျောင်းကြီးမှာ ကျောင်းသူတွေက အမြင်မကြည်၊ ကျောင်းတာ ဝန်ခံအဖွဲ့ကမုန်းနဲ့ စာသင်နှစ်တစ်ခုကို အလူးလူး အလဲလဲ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းပါပဲ။ ဒီလိုစနစ်ကြီးကို ယောက်ျားတွေက အပင်ပန်းခံ တည်ဆောက်ယူနေစရာ မလိုဘူး။ မိန်းမတွေကိုယ်တိုင်ကကို လိုလိုချင်ချင်နဲ့ ပုံဖော်ပေး၊ သမီးတွေကို အတင်းဆွဲသွင်းနေကြတာ တွေ့ရဦးမှာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေလို့ ဆောက်တည်ရာမရဖြစ်နေတဲ့သမီးကို အမေလုပ်တဲ့သူက အိမ်ကိုပြန်၊ ယောက်ျားပြန်လာတာကို ပြုံးပြုံးလေးကြိုနေစမ်းလို့ ပြောနေတဲ့ခေတ်ကာ လကြီး။ အနုပညာကို ထွင်းဖောက်မြင်တတ်ဖို့၊ အနုပညာကို သတ်မှတ်ထားတဲ့စံနှုန်း တွေအပြင်ကိုထွက်ပြီး အနုပညာရဲ့ အတွင်းပိုင်းကို မြင်အောင်ကြည့်တတ်ဖို့ ရှေးရိုးစွဲသင်ရိုးတွေချိုးဖောက်ပြီး သင်ပေးနေတဲ့ဆရာမလေးဟာ သူ့ကျောင်း သူတွေရဲ့ ဘဝနေထိုင်မှုအမြင်ကိုပါ ပြောင်းလာအောင် သင်ပေးနေခဲ့တယ်။ သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက် လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့် အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက် မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာ အစပြု ဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ် ရှင်ကို ခံစားကြည့်ရအောင်လား။ ကြည့်လိုက်စမ်း။ မိုနာလီဆာရဲ့ အပြုံးကို။ သူပျော်နေပါတယ်လို့ ဟန်ဆောင်နေပေမဲ့ သူ့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သူ့မျက်လုံးနဲ့ ငါတို့ကို ပြသွားတယ်။ တွေ့လား။ (ဘတ်တီ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(3.5 GB) / (1.07 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Arr Khun Winchester Encoder..........Zin Phyo Aung

Action • Adventure • Crime • Drama • Fantasy • Horror • Mystery
6.9 2003 117 mins
Mona Lisa Smile
Hatchet II
5.5

အမေရိကန် လူဝီဆီယားနာပြည်နယ်မှာ ချောက်ခြားဖွယ်ရာ စိမ့်တောပုံပြင်လေး တစ်ပုဒ်ရှိပါတယ်။ ဗစ်တာခရောင်လီဆိုတာ ရုပ်ဆိုးပန်းဆိုးနဲ့ မွေးဖွားလာတဲ့ကလေးတစ်ယောက်ပါ။ သားအဖနှစ်ယောက်တည်း လူသူကင်းဝေးတဲ့တောထဲ နေကြတာပေါ့၊ အဲဒီလိုနဲ့ တစ်ညကြတော့ ဖခင်ဖြစ်သူဟာ စိတ်ဖောက်သွားပြီး သားဖြစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ဆိုပြီး ရဲတင်းကြီးနဲ့ ခုတ်သတ်လိုက်ပါတယ်။ အဲဒါကြောင့် ခုထိ စိမ့်တောထဲမှာ သူတို့အိမ်နား ဖြတ်ရင် “ဖေဖေရေ” လို့ ငိုယိုပြီး ခေါ်နေသံ ကြားရတယ်လို့ ဆိုကြပါတယ်။ ဘန်တစ်ယောက် ၈ နှစ်ကြာတွဲခဲ့တဲ့ ကောင်မလေးနဲ့ ပြတ်ပြီး ဘော်ဒါတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေ မရပဲ လင်းတမှိုင်မှိုင်ပြီး ရည်းစားပူမိနေတာပေါ့။ ဒီလိုနဲ့ သူ့ ဘော်ဒါတွေနဲ့ မလိုက်ပဲ ကောလိပ်တုန်းကလူတွေ အကြံပေးလိုက်တဲ့ စိမ့်တောထဲက သရဲခြောက်တဲ့ လှေစီးခရီးစဉ် သွားဖို့ ကြံစည်ပါတော့တယ်။ အဲဒီမှာ မနေနိုင်တဲ့ သူငယ်ချင်း မားကပ်စ်ကလည်း ပါလာခဲ့တာပေါ့။ သူတို့ရဲ့ စိမ့်တောခရီးစဉ်မှာတော့ အသက်ကြီးကြီး စုံတွဲတစ်တွဲရယ် အပျော့စားအပြာကားရိုက်ဖို့ ကောင်မလေးနှစ်ယောက်နဲ့ ဒါရိုက်တာလိုဘဲကြီးရယ် စကားနည်းပြီး ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ရယ် ခရီးစဉ်ခေါင်းဆောင် လူလိမ်လိုလိုကောင်ရယ် ဘန်တို့ရယ် စိမ့်တောထဲ ထွက်လာကြတဲ့အချိန်မှာတော့…..။ Friday the 13th တို့ Texas Chainsaw Massacre တို့ Wrong Turn တို့လိုမျိုး Slahser အမျိုးအစား သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ ဆိုတော့ကား R Rated ဖြစ်နေတဲ့အတွက် အသတ်အဖြတ်တွေက ပေါ်တင်ပြကွက်တွေနဲ့ သွေးသံတရဲရဲ တကယ်ကြမ်းပါတယ် ကလေးသူငယ်တွေရှိတဲ့လူတွေအတွက် သတိထားကြည့်ရှုစေလိုပါတယ်၊ နောက်ပြီး ပေါက်စီနှစ်လုံးတွေဆိုတာလည်း အားတိုင်းယားတိုင်း ပြနေတဲ့အတွက် အသက်ကလေးပြည့်မှလည်း ကြည့်ရှုပေးဖို့ တိုက်တွန်း နှိုးဆော်ပေးလိုက်ရပါတယ်ဗျ။

Action & Adventure • Drama • Mystery
5.5 2010 85 mins
Hatchet II
As It’s Remembered

As It’s Remembered (2022) ဇာတ်ကောင်ရဲ့ ကောင်လေးက သူတို့နှစ်ယောက်ချိန်းတွေ့တုန်းမှာ မျက်နှာဖုံးနဲ့လူတစ်ယောက် ဓားနဲ့ လာထိုးသတ်လို့ သေသွားတယ်။ ဇာတ်ကောင်က ဒီအဖြစ်အတွက် ဖြေမဆည်နိုင်ဖြစ်နေတယ်။ ဒီတော့ သူက အတိတ်ကိုပြန်ပြင်ဖို့ ကြိုးစားတယ်။ သူ့ကြိုးစားပုံက တစ်မျိုး။ စိတ်နဲ့ပဲ အချိန်ခရီးသွားတာမျိုးပဲ။ သူ့အတွေးအခေါ်က လူဟာ သူ့အရှိတရားရဲ့ အရှင်သခင်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိမြင်တဲ့လူက ကိုယ့်အရှိတရားကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်နိုင်မယ်။ ဘုရားသခင်လိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ကို ပြောင်းလဲလိုက်ရင် ကိုယ်ပြောင်းလဲသွားသလိုမျိုး သူက အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သူက တခြားတစ်နည်းနဲ့ပြောင်းလဲလက်ခံလိုက်ရင် အတိတ်ကိုပြင်ပြီးသားဖြစ်ပြီး အတိတ်က အရှိတရားကို သက်ရောက်ပြီး လက်ရှိအရှိတရားပြောင်းလဲသွားမယ်လို့ ယုံထားတယ်။ ဒီတော့ သူက စိတ်နဲ့ အချိန်ခရီးသွားတဲ့ စက်တစ်မျိုးထွင်ပြီး သူ့အတိတ်က သူ့မှတ်ဉာဏ်ကို ပြင်ဖို့ ကြိုးစားတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။ ဒီရုပ်ရှင်ဟာ ကြာချိန်လည်း တစ်နာရီကျော်ကျော်ပါပဲ။ အပြအားဖြင့်ဆိုရင်လည်း နေရာလေး သုံးနေရာကို တစ်လှည့်စီ လှည့်ပြထားရုံပါပဲ။ နောက်ထူးတာက သူက ပစ္စုပ္ပန်ကို အဖြူအမဲနဲ့ပြပြီး အတိတ်ကိုအရောင်နဲ့ပြထားတယ်။ ဒါကဇာတ်ကောင်ရဲ့ အချိန်နဲ့ပတ်သက်တဲ့ သီအိုရီနဲ့ ချိန်တွေးရင်း ဖြစ်သင့်တဲ့အရာပါပဲ။ Rating သွားပြေးကြည့်မယ့် လူတွေအတွက်တော့ ပြဿနာတော့ရှိတယ်။ ပေးထားတာက ကျွန်တော်ကြည့်တဲ့အချိန်မှာတော့ ဆယ်ယောက်ပဲရှိသေးသလို ရုပ်ရှင်ကလည်း လူတိုင်းအတွက် အဆင်ပြေမယ့် ရုပ်ရှင်တော့မဟုတ်ဘူး။ Time Travel ကားပေမဲ့ Time Travel ထက် ဒဿနိကကိုနည်းနည်း တီးမိခေါက်မိရှိမှ ပိုအဆင်ပြေမှာပဲ။ ဖြစ်တည်မှုတို့ အရှိတရားတို့ သိမြင်မှုတို့ အကြောင်းကိုတော်တော် ပြောထားတာကိုး။ ဖြစ်တည်မှုပဓာန ဝါဒဆန်တဲ့ ဒိုင်တွေလည်း ပါသေးတယ်။ ဆိုတော့ လူတိုင်းအကြိုက်တွေ့မယ့် ရုပ်ရှင်တော့မဟုတ်ပါဘူး။ အချိန်ခရီးသွားသီအိုရီတို့ ဒဿနိကတို့ကို စိတ်ဝင်စားရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အကြောင်းအရာရော ထည့်သုံးသွားတဲ့ ဖလော်တွေကရော စိတ်ဝင်စားစရာကောင်းတာကြောင့် ပုဂ္ဂလိကအမြင်အရတော့ Rating 6 သို့ 7 လောက်ပေးသင့်တဲ့ရုပ်ရှင်လို့ မြင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 15Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
0 2022 75 mins
As It’s Remembered
Spoonful of Sugar
5.3

Spoonful of Sugar (2022) ~ Rotten Tomatoes – 56% ~ မီလီစန့်ထ်ဆိုတဲ့ မိန်းကလေးက ဓါတ်မတည့်ရောဂါပြင်းထန်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး သုတေသနစာတမ်းလုပ်ဖို့ ကျောင်းနှစ်ဝက်နားထားပြီး ဂျွန်နီလို့ခေါ်တဲ့ ကလေးလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မိဘမရှိခဲ့ဘဲ မွေးစားမိဘတွေ အဆင့်ဆင့်ပြောင်းရင်း ကျင်လည်ခဲ့ရတဲ့ မီလီစန့်ထ်အဖို့ သု့ကိုယ်သူ ဂျွန်နီလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားပါတော့တယ်။ Horror ကားလည်း ဖြစ်တဲ့အလျောက် စကြည့်ကတည်းက ရူးနှမ်းနှမ်းကလေးထိန်းအကြောင်းလို့ ထင်ရမှာပါပဲ။ ဟုတ်ပါတယ်… ဒါပေမဲ့ ရူးနေတာကရော တစ်ယောက်တည်းမှ ဟုတ်ရဲ့လား… ဘယ်သူတွေက ဘယ်လိုရူးနေကြပြီး ဂျွန်နီလေးရဲ့ ဓါတ်မတည့်ခြင်းနောက်ကွယ်ကရော ဘာများလဲ ဆိုတာတော့ Horror Fan တွေ ဒေါင်းပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 810MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 34Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.3 2022
Spoonful of Sugar
Ramabanam
5.6

Ramabanam 2023 IMDb 5.9/10 Action/Drama အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။ အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။)

5.6 2023
Ramabanam
Samara
7.9

Samara (2023) “ဇာတ်ရှုပ်” ===================== IMDb 8.6 အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Documentary • Horror • Thriller
7.9 2023 118 mins
Samara
All Souls

Billboard ရဲ့ Top 10 စာရင်းထဲထိပါအောင် အကြိမ်ကြိမ်နာမည်ကြီးခဲ့တဲ့ The Fate Of The Furious ဇာတ်ကားရဲ့ Sound Track ဖြစ်တဲ့ “Good Life” ဆိုတဲ့သီချင်းကို သီဆိုခဲ့တဲ့ The Bay Boyz အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ American Rapper တစ်ယောက်ဖြစ်တဲ့ တေးရေး၊ တေးဆို၊ သရုပ်ဆောင် G-Eazy က မူးယစ်ရာဇာနေရာကနေ သရုပ်ဆောင်ထားပြီး မင်းသားကြီး Leonardo DiCaprio ရဲ့ Once Upon a Time in Hollywood ဇာတ်ကားထဲမှာ ဆေဒီ နေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးငယ်လေး Mikey Madison တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်ကားလေး တစ်ကားပါ သမီးလေးတစ်ယောက်နဲ့ ဘဝကို မူးယစ်ဆေးဝါးရောင်းပြီး ခက်ခက်ခဲခဲရုန်ကန်နေတဲ့ ရေးဗား ဆိုတဲ့ကောင်မလေးတစ်ယောက် တနေ့မှာ ရဲတွေလက်ထဲရောက်သွားတယ် ရဲတွေက သူ့ကိုလိုချင်တာမဟုတ်ဘဲနဲ့ သူ့အရင်ရည်းစားဟောင်း မူးယစ်ရာဇာဖြစ်တဲ့ ဆိုင်လက်စ် ကိုဖမ်းချင်တော့ သူ့ကို အသွင်ယူပြီးလှုပ်ရှားခိုင်းတော့တာပေါ့ ရဲတွေရဲ့ အကြပ်ကိုင်စေခိုင်းမှုတွေနဲ့ ဆိုင်လက်စ် ရဲ့အဖွဲ့အကြားမှာ သူ့သမီးလေးကို ဆက်ပြီးတော့ စောင့်လျှောက်ခွင့်ရရေးအတွက် မိခင်တစ်ယောက်ရဲ့ ကိုယ့်သမီးကိုချစ်တဲ့ဇောနဲ့ ရှယ်ပလန်နဲ့ ဘယ်လိုတွေပွဲကြမ်းဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Comedy • Drama
0 2023
All Souls
Evie

Evie (2023) Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။ အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။ နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား… သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ… အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား… ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 23Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 83 mins
Evie
Shopgirl

ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အရောင်းဝန်ထမ်းမိန်းကလေး စီးပွားရေးသမားတစ်ဦးနဲ့ ရည်မှန်းချက်မရှိတဲ့ လူငယ်…သူတို့သုံးယောက်ကြားက ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ မစ်ရာဘယ်က လက်အိတ်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး တစ်ခါတလေ ပန်းချီကားလေးတွေ ဆွဲရောင်းပါတယ်။ သူ့ကျောင်းသားချေးငွေတွေကိုလည်း ခက်ခက်ခဲခဲ ပြန်ဆပ်နေရပြီး ကြပ်တည်းနေပါတယ်။ အထီးကျန်ပြီး အချစ်ခံချင်တဲ့ မစ်ရာဘယ်က ဂျယ်ရမီဆိုတဲ့ ကောင်လေးနဲ့ ဆုံမိပြီး တွဲဖြစ်သွားပါတယ်။ ဒါမဲ့ ဂျယ်ရမီကလည်း ချို့တဲ့ပြီး မစ်ရာဘယ်လိုချင်တာတွေ မဖြည့်ဆည်းနိုင်တဲ့အခါ နှစ်ယောက်သားဆက်ဆံရေးက သွေးအေးသွားပါတယ်။ အဲဒီမှာပဲ ရေးပေါ်တာဆိုတဲ့ 50 ကျော်အရွယ်စီးပွားရေးသမား ပေါ်လာပါတယ်။ ရေးက မစ်ရာဘယ်အလိုရှိတာတွေ အကြိုက်ဆောင် လုပ်ပေးနိုင်ပေမယ့် သူမလိုချင်တဲ့အချစ်ကိုတော့ မပေးနိုင်ဘဲ စည်းခြားထားပါတယ်။ ပြည့်စုံလာတဲ့ဘဝမှာ အချစ်စစ်ကိုတောင့်တလာတဲ့ မစ်ရာဘယ်နဲ့ ရေရှည်ပတ်သက်မှုမျိုးမလိုချင်တဲ့ ရေး…မစ်ရာဘယ်ကြောင့် ဘဝရည်မှန်းချက်တွေ့သွားတဲ့ ဂျယရမီတို့ သုံးဦးကြားက အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ခံစားကြည့်ရှုလို့ရပါပြီ။ File size…(1.8 GB)/(939 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Comedy,Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2005
Shopgirl
Horror Story
6.1

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိ ထားပါတယ်။ ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကား ဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့ လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့ လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာ မလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့ အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင် မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုက ဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့ သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးက သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီ အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲ မြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့ လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူး ပြသထားပါတယ်။ တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ် ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေး တစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှု တွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ် ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့ မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲ တကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေး သာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော် အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်း ချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း အလုပ်ရှိအကိုင်ရှိ စီးပွားရေးသမားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရတဲ့အခါမှာတော့ တိုမက်ရဲ့ဘ၀မှာ အလုပ်မရှိအကိုင်မရှိ ပိုက်ဆံမရှိမှုက လက်တွေ့လောကရဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်း စစ်စစ်ဖြစ်နေကြောင်းကို အတွေးတစ်မျိုးနဲ့ရိုက်ကူးတင်ဆက် ထားတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.77GB/ 681MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Adventure • Comedy • Fantasy • Drama
6.1 2023 105 mins
Horror Story
Don’t Tell Mom the Babysitter’s Dead
5.7

Don’t Tell Mom the Babysitter’s Dead (2024) ခရန်ဒယ်မိသားစုဟာ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ သားသမီး ၄ ယောက်ကို အမေတစ်ယောက်တည်းကပဲ ပြုစုပျိုးထောင်လာခဲ့တာဖြစ်ပြီး သားသမီးတွေက တစ်ယောက်တစ်မျိုးဆိုးသွမ်းကြလို အမေဖြစ်သူက နိုင်ငံခြားကိုသွားချိန်မှာ ၁၇ နှစ်အရွယ် သမီးကြီးက အားကိုးလိုမရလို ကလေးထိန်းနဲ့ထားခဲ့ရတယ်။ လူမည်းခရန်ဒယ်မိသားစုဆီရောက်လာတဲ့ ကလေးထိန်းအဖွားကြီးဟာ လူဖြူအမျိုးသမီးဖြစ်နေပြီး လူမျိုးရေးအလွန်ခွဲခြားသူ။ ကံဆိုးချင်တော့ ကလေးထိန်းအဖွားကြီးဟာ သူတိုအိမ်ပေါ်မှာတင် သေဆုံးသွားတာကြောင့် လူကြီးမရှိဘဲ ကလေး ၄ ယောက် ဘယ်လိုတွေဖြရှင်းကြမလဲ။ ရှေ့ဆက်ပြီးတော့ရော ဘယ်လိုအရာတွေနဲ့ ကြုံရမှာလဲ။ ၁၉၉၁ ခုနှစ်ထွက် Don’t tell Mom the Babysitter’s Dead ရဲ့ remake ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (2 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:38:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su

Horror • Thriller • Crime • Drama
5.7 2024 99 mins
Don’t Tell Mom the Babysitter’s Dead
The Patriot

ဒီဇာတ်ကားကတော့Steven Seagalပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်နိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုနဲ့ တိုင်းပြည်အရေးအခင်းတွေအကြောင်းရိုက်ကူးထားတဲ့ Action, Drama ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းအညွှန်း ဒေါက်တာ ဝက်စ်လေက သိပ်ကိုတော်ပြီး အစိုးရရဲ့ ထိပ်တန်းလျို့ဝှက်ချက်လုပ်ငန်းတွေကို အရင်ကပူးပေါင်းဆောင်ရွက်ပေးခဲ့သူပါ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် အဲဒီကနေထွက်ခဲ့ပြီး မြို့သေးသေးလေးတစ်မြို့မှာ ပြည်သူ့ဆရာဝန်အဖြစ်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ အစွန်းရောက်လူတစ်ချို့က လေထဲကကူးနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို မြို့ထဲမှာဖြန့်ခဲ့ပြီး သူတို့ကိုယ်တိုင်ပါမထိန်းတတ်တော့ပဲ သူတို့အပါအဝင်တစ်မြို့လုံးကလူတွေတစ်ယောက်ပြီး‌တစ်ယောက်သေကုန်တော့ပါတယ်။ အဲဒါနဲ့ ဝက်စ်လေလဲ သူ့မိတ်ဆွေဟောင်းတစ်ယောက်ကိုအကူအညီတောင်းပြီး ဖြေဆေးရှာဖို့ကြိုးစားတော့တာ‌ပေါ့။ အဲဒီလိုကြိုးစားရင်းနဲ့သူ့သမီးဟာ ထိုဗိုင်းရပ်စ်ကိုခံနိုင်တဲ့တစ်ယောက်ထဲသောသူဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒါကိုသိလိုက်ရတာက သူတစ်ယောက်ထဲမဟုတ်ပဲ အစွန်းရောက်အဖွဲ့ကပါသိသွားပြီးနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Action • Crime • Comedy
0 1998
The Patriot