YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

In.The.House.2012.720p.(CM).mp4

1.09 GB 720p video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aum Mangalam Singlem

Aum Mangalam Singlem (2022) ******************************************* IMDb - 7.6/10 ငယ်ငယ်ကတည်းကနေ ခင်လာပြီး တတွဲတွဲနေလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်။ ချစ်သူတွေဆိုလည်း ဟုတ်။မိဘအသိုင်းအဝိုင်းကလည်း လွပ်လပ်ခွင့် ပေးထားပေမဲ့ နေရင်းနေရင်း ဒီ RS ဆိုတာကြီးကို ငြီးငွေ့လာကြတယ်။ မင်္ဂလာဆောင်မယ်လို့ စီစဉ်ထားရင်းကနေ စင်ဂယ်လ်ဘ၀ဆိုတာ ဘာလဲလို့ ချစ်သူက မေးလာတဲ့အခါမှာတော့ အလယ်တန်းကျောင်းတက်ကတည်းက တွဲလာတဲ့ သူတို့နှစ်ယောက် စင်ဂယ်လ်ဆိုတာ ဘာလဲ ရေရေရာရာမသိကြပါဘူး။ ဒီတော့ RS ကို Pause လုပ်လိုက်ပြီး စင်ဂယ်လ်လုပ်ကြည့်ကြမယ်ပေါ့။ ဇာတ်လမ်းနာမည်ကကို ငါတို့ရဲ့ စင်ဂယ်လ်ဖြစ်ရင်လုပ်မဲ့စာရင်းတဲ့။ သူတို့တွေ စင်ဂယ်လ်ဘ၀ကိုပဲ တပ်မက်ပြီး စင်ဂယ်လ်ပဲ လုပ်လိုက်ကြမလား တယောက်ကိုတယောက် ပြန်တွယ်တာသွားပြီး အသက်ထက်ဆုံး ပျော်ရွှင်စွာနေသွားကြလေသတည်းဆိုပြီးပဲ ဇာတ်သိမ်းသွားမလားဆိုတာလေးကို RS တွေ ချစ်ကြည်နူးတစ်တီတူးကြပုံ စင်ဂယ်လ်ဘ၀ရဲ့ ငြိမ်းချမ်းသာယာပုံတွေကို နှိုင်းယှဉ်ကြည့်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Sai~Thaik San တို့ပဲ ဖြစ်ပါတယ်) File size…2.64GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration….2h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  chiclon3~Sai~Thaik San

Comedy • Drama
0 2022 174 mins
Aum Mangalam Singlem
[18+] Cruel Intentions
6.8

Slaking a thirst for dangerous game~ IMDb - 6.8/10, Rotten Tomatoes - 54% ~ 1782 ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ဝတ္ထုတိုတစ်ပုဒ်ကို မှီငြိမ်းရိုက်ခဲ့တဲ့ ဒီဇာတ်ကားဟာ အစကတော့ Low Budget ရုပ်ရှင်တစ်ကားအနေနဲ့သာ ထုတ်ဖို့ရည်ရွယ်ခဲ့ကြပေမဲ့ ရုံဝင်ငွေ အမြတ်တွေ အတော်ရပြီး အကြီးအကျယ်ပေါက်ခဲ့သလို Cult Classic ရုပ်ရှင်တစ်ကားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီထဲမှာ ပါတဲ့သူတွေကတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်းနှီးနေပြီးသားဖြစ်မယ့်သူတွေချည်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောရအောင်ဗျာ... ဆီဘက်ရှန်နဲ့ ကတ်သရင်းဆိုတာ အဖေမတူအမေကွဲ ငြိတိတိ ချိတ်တိတ်တိတ် မောင်နှမတွေပေါ့။ နှစ်ယောက်လုံးက ခပ်ဟော့ဟော့နဲ့ စားဘဲကြီးစားစော်ကြီးတွေ အသီးသီးလုပ်နေကြတာပေါ့။ ဆီဘက်ရှန်ဘဝမှာ မအောင်မြင်သေးတဲ့ ပန်းတိုင်ကတော့ ကတ်သရင်းပါပဲ။ ကတ်သရင်းကလည်း ဆီဘက်ရှန် သူ့ကို လိုချင်မှန်းသိတော့ မထိတထိ ကလူသလို လူကိုမြူဆွယ် ကျီစယ်နေကျပါပဲ။ တစ်ရက်မှာတော့ အရမ်းရိုးသားဖြူစင် ဗိုင်းကောင်းကျောက်ဖိကောင်မလေးတစ်ယောက်ကို ဆီဘက်ရှန်တစ်ယောက် ကတ်သရင်းကို ဖြုတ်ခွင့်ရမယ်ဆိုတဲ့ မက်လုံးနဲ့ အလောင်းအစားလုပ်ပြီး လိုက်ကြိုက်ပါတော့တယ်။ အဖြူထည်မလေးကရော ဆီဘက်ရှန်လို ငရှုပ်ကောင်ကို လက်ခံမှာလား... ကတ်သရင်းကိုရော ဆုအနေနဲ့ ထပ်ရမှာလား... ဒီမေးခွန်းတွေရဲ့ အဖြေတွေသိရဖို့ကတော့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ Plot က သိပ်ပြီး‌ဆန်းလှတာ‌တော့ မဟုတ်ပေမဲ့ မင်းသားနဲ့မင်းသမီးတွေရဲ့ အချင်းချင်းကြားက Chemistry တွေ၊ Interaction တွေက အဲဒီရိုးစင်းနေတဲ့ Plot ဇာတ်ကြောင်းကြီးကို မေ့သွားအောင် ပြုစားနိုင်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 980MB, 570MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 1H 37Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Sai Thurein Lynn Encoded by Ys, Kathryn challenges her stepbrother, Sebastian, to deflower their headmaster's daughter before the summer ends. If he succeeds, the prize is the chance to bed Kathryn. But if he loses, Kathryn will claim his most prized possession.

Crime • Drama
6.8 1999 98 mins
[18+] Cruel Intentions
Karan Arjun
6.7

အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်.....သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် "Karan Arjun " အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။ ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို သတိထားကြည့်မိရင် များသောအားဖြင့် အက်ရှင် ၊ဖိုက်တင် ၊ စွန့်စားခန်းတွေ ပါလေ့ရှိတဲ့အပြင် အမြဲမြင်နေကျ ခမ်းနားကြီးကျယ်လှတဲ့ ရွှေမြို့တော်တို့နဲ့ ဝေးရာ တောတောင်ရေမြေ သဘာဝရှုခင်းတွေနဲ့ ပြည့်နက်နေတဲ့ ကျေးလက်ဇနပုဒ်တွေ ၊ လှပတဲ့ သစ်တောအုပ်တွေမှာ ရိုက်ကူးလေ့ရှိတာက သူ့ရဲ့ထူးခြားချက်တစ်ခုလို့ပဲ ဆိုရမယ်ထင်ပါတယ် ။ ပြီးတော့ သူ့ရဲ့ ဇာတ်ကားတိုင်းလိုလိုဟာ အင်္ဂလိရှ်အက္ခရာ "K "နဲ့ အစချီလေ့ရှိတာကိုလဲ သတိထားမိကြမယ်ထင်ပါတယ် ။ ဥပမာ.. "Koyal " "Karan Arjun " "Kaho Naa Pyar Hai " "Koi Miligaya " " Khrish " တို့ပေါ့ ။ ဒီဇာတ်ကားဟာ ဘတ်ဂျတ် ရူပီ ၆ ကုဋေအကုန်ကျခံရိုက်ကူးခဲ့ပြီး ၊ ရူပီ ကုဋေ ၅၃.၅၈ ပြန်ရခဲ့ကာ ၁၉၉၅ခုနှစ် ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင် အနေနဲ့ရပ်တည်ခဲ့တယ် ။ (ဘာလို့ဆို ၁၉၉၅ ရဲ့ ဝင်ငွေအကောင်းဆုံး(၁) ဇာတ်ကားက DDLJ ဖြစ်နေခဲ့လို့ပါပဲ) ဇာတ်လမ်းအကျဉ်း ************* ဒူရ်ဂါဆင်းဂ် (Raakhee) ဟာ ဆင်းရဲနုံချာလှတဲ့ အမျိုးသမီးကြီးပေမဲ့ တည်ငြိမ်ရိုးသားပြီး ၊ ကရန်(ဆယ်လ်မားန်) နဲ့ အာဂျွန်(ရှာရွတ်) ဆိုတဲ့ သားနှစ်ယောက်ကို လူလားမြောက်ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ အာဂ မုဆိုးမအမျိုးသမီးကြီးပါ ။ တစ်နေ့မှာ သူမရဲ့ ယောက္ခထီး (Thakur) ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်း လူတစ်ယောက်က သူမကို လာရောက်အကြောင်းကြားတာကို သားနှစ်ယောက်ကြားသိသွားခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် က Thakur ဟာ သားတို့ရဲ့ဘိုးဘိုးဖြစ်ကြောင်း နဲ့ သူမခင်ပွန်း ဟာ သူ့ဖေဖေ (နယ်မြေဧကများစွာတို့ရဲ့ အရှင်သခင် သူဌေးကြီး) သဘောမတူတဲ့ကြားက သူမကို လက်ထပ်ခဲ့လို့ သူမတို့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ ဖြစ်ကြောင်း ၊ ခု သူ( Thakur) မဆုံးခင်မှာ သူ့ရဲ့မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်တာဖြစ်ကြောင်း သားနှစ်ယောက်ကို ဖွင့်ပြောပြခဲ့တယ် ။ ဒူရ်ဂျန်း(Amrish Puri) ဟာ Thakur ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက် ။ သူက Thakur ရဲ့ နယ်မြေများစွားနဲ့ တစ်သက်စားမကုန်တဲ့ အမွေတွေကို တစ်ယောက်တည်း မောင်ပိုင်စီးလိုမှုနဲ့လောဘ ရမ္မက်မီးတောက်နေသူ ။ ဒူရ်ဂျန်းဟာ မြေးနှစ်ယောက်အလာကို မျှော်နေရှာတဲ့ Thakur ကို ဒီစည်းစိမ်းအာဏာတွေကို သူလိုချင်လွန်းလို့ Thakurရဲ့သား (ကရန်-အာရ်ဂျွန်ရဲ့ဖေဖေ) ကိုလွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူကိုယ်တိုင် သတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြောပြီး ၊ Thakur ကိုလဲ သတ်ခဲ့တယ် ။ ဒါ့အပြင် ရောက်ရှိလာခဲ့တဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ ကရန် - အာရ်ဂျွန် ညီအစ်ကိုကိုလဲ ဒူရ်ဂျန်း နဲ့ အဖွဲ့က သူ့မေမေမုဆိုးမကြီး ဒူရ်ဂါဆင်းဂ် ရှေ့မှာ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ် ။ အသည်းနှလုံးအိမ်တစ်စစီ ကြွေခဲ့ရတဲ့ ဒူရ်ဂါဆင်းဂ် ဟာ ဒီအဖြစ်ကို လုံးဝ မခံမရပ်နိုင်ခံစားရရှာပြီး ၊ ကာလီမယ်တော်ကို တိုင်တည်သစ္စာပြုကာ သူ့ရဲ့သားနှစ်ယောက် လု့လောကကို ပြန်လည်မွေးဖွားလာပြီး ၊ ဒီလိုလူမဆန်တဲ့သစ္စာမဲ့တဲ့ လူယုတ်မာတွေကို ကလဲ့စားခြေသုတ်သင်နိုင်ပါစေကြောင်း ကျိန်ဆိုခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် ရဲ့ ကျိန်စာတွေ အယုတ်တမာမှူအပေါင်း သရဖူဆောင်းထားတဲ့ ဒူရ်ဂျန်းကို သင့်ပါ့မလား ။ ကရန်-အာရ်ဂျွန် ညီအစ်ကိုကရော လူ့လောကကို တစ်ဖန်ပြန်လည်ဝင်စားမွေးဖွား့ပါ့ဦးမလား ဆိုတာ ဆက်ကြည့်လိုက်နော် ။ လုံးဝကို အကြမ်းကြီးနော် ။ ♠ဘောလီးဝုဒ် ရဲ့ အခန့်ညားဆုံးမင်းသားလေး Hrithik Roshan အတွက် ဒီဇာတ်ကားဟာ သူ့ရဲ့ ပထမဦးဆုံး လက်ထောက်ဒါရိုက်တာ လုပ်ခဲ့တဲ့ ရုပ်ရှင်ပါတဲ့ ။ ♠ဇာတ်ကားတစ်ကားလုံးကို ရာဂျစ်စတန် မှာရိုက်ကူးခဲ့ပြီး ၊ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေရိုက်တဲ့ ရွာကတော့ ရာဂျစ်စတန် ပြည်နယ် ၊ အယ်လ်ဝါခရိုင်ရှိ ဘန်ဂါ့သ်ရွာမှာ ရိုက်ကူးခဲ့တယ် ။ ♠ ဒီဇာတ်ကားထဲက ဒူရ်ဂါမယ်တော် ဘုရားကျောင်း ကတော့ အဂျ်မာရ်အနီးရှိ ပူရ်ကားရ်ရွာမှာ တည်ထားတဲ့ မယ်တော်ကျောင်းပါတဲ့ ။ ♠ဒီ ကရန်- အာရ်ဂျွန် အတွဲအတွက် Sunny Deol နဲ့ Ajay Devgan အတွဲကို အရင်ကမ်းလှမ်းခဲ့ပြီး ၊ သူတို့က ရိုက်ရက်မပေးနိုင်လို့သာ ဆယ်စုနှစ်တွေကြာသည့်တိုင် မမေ့နိုင်တဲ့ ကျနော်တို့ရဲ့ SRK -Sallu အတွဲကို ကြည့်မြင်ခွင့်ရခဲ့တာပါ ။ ♠Filmfare Best Action Award နဲ့ Filmfare Best Editing Award ရခဲ့တယ် ။ ♠ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေကို Rajesh Roshan (ဒါရိုက်တာ ရာကေ့ရှ်ရိုရှန် ရဲ့ ညီ) ကိုယ်တိုင်သီကုံးရေးဖွဲ့ခဲ့ပြီး ၊ ဒီသီချင်းတွေရဲ့ မူပိုင်ခွင့်တွေကိုတော့ Times Magnetic မှ အစောပိုင်းကတည်းက ဝယ်ယူသွားခဲ့တယ် ။ ♠ ဒီဇာတ်ကားနာမည် ကို အစောပိုင်းတုန်းက "Kaaynaat " လို့ပေးထားခဲ့တာပါတဲ့ ။ ♠ ကရန်ဇာတ်ကောင်အတွက် ဆယ်လ်မားန် ကို ရွေးချယ်ဖို့ရှာရွတ်က မရမက တောင်းဆိုခဲ့တယ် ။ ♠ ရှာရွတ် နဲ့တွဲမဲ့ မင်းသမီးကို ဂျူဟီးချော်လာကို အရင်ရွေးချယ်ဖို့စဉ်းစားခဲ့ပြီး ၊ ကာဂျိုးကို အတည်ပြုရွေးချယ်ခဲ့တယ် ။ ဆယ်လ်မားန် နဲ့တွဲမဲ့မင်းသမီးကိုလဲ Nagma ကို အရင်ရာထားခဲ့ရာကနေ Mamta Kulkarni ကို နောက်ဆုံးရွေးချယ်ဖြစ်သွားခဲ့တယ် ။ #HN(SRK UNIVERSE MYANMAR) (ရုပ်ရှင်အညွှန်းကို SRK Universe Myanmar Page မှ ကူးယူဖော်ပြပါသည်။) File size…(3.7 GB)/(1.5 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Drama • Romance
6.7 1995 175 mins
Karan Arjun
Land of the Dead
6.2

Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး ​မြို့ပျက်​တွေက​နေ လူကုံထံ မြို့သစ်​တွေဆီကို အစာရှာဖို့ တက်လာကြပါ​တော့တယ်၊ ဒီလိုနဲ့ပဲ ရိက္ခာရှာ​ပေးရတဲ့ ရိုင်​လေတို့အဖွဲ့ဟာ ဖုတ်​ကောင်​တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါ​တော့တယ်။ ​သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူ​အောင် ပြကွက်​တွေက အ​တော်​လေးကြမ်း​လို့ သွေးလန့်တတ် သူ​တွေ၊ ​ရွံစရာ​တွေကို sensitiveဖြစ်သူ​တွေ သတိထားပြီး ကြည့်ဖို့ ​ပြောချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__Blu-Ray_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:33:00 Type__Horror, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Crime • Drama
6.2 2005 93 mins
Land of the Dead
Species
5.9

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Adventure • Science Fiction
5.9 1995 108 mins
Species
Over the Moon
7.2

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ သိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေး ဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေး ကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကို လက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့ အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကို တားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality –  720p WebRip Duration - 1hr 35min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Adventure, Comedy Source : 1080p.WebRip Translator – Chuck Chuck Encoder – SWM

Action & Adventure • Comedy • Sci-Fi & Fantasy
7.2 2020 100 mins
Over the Moon
After Everything

Channel Myanmar ပရိတ်သတ် တွေ အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ May 19 ရက် နေ့မှ ထွက်ရှိခဲ့တဲ့ ပူပူနွေးနွေး "Everything Everything "ဆိုတဲ့ ဇာတ်ကားပါ ရိုမတ်တစ် အချစ် ဇာတ်ကားတစ်ကားပါ ဇာတ်လမ်းအညွှန်း ပြောပါရစေ- မယ်ဒလင်း လို့ခေါ်တဲ့ ကောင်မလေး ဟာ ၁၈ နှစ်လုံးလုံး အိမ်ပြင်ထွက်ခွင့် မရခဲ့ပါဘူး... သူ မထွက်ရတဲ့ အကြောင်းရင်းကတော့ သူ့ရောဂါ ကြောင့်ပါ.... ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ စကစ် ရောဂါကို သူမ ခံစားခဲ့ရပါတယ်... အဲ့ရောဂါ က ကိုယ်ခံအားနည်းတဲ့ ရောဂါတစ်မျိုးပါ... အပြင်လောကနဲ့ ထိတွေ့လိုက်တာနဲ့ သူ့ ခန္ဓာကိုယ်မှာ ဓာတ်မတည့်တာတွေ စဖြစ်တော့တာဘဲ... ၁၈နှစ်လုံးလုံး ဘယ်မှမသွားရ သူငယ်ချင်း မိတ်ဆွေလဲ မရှိတဲ့ဘဝ ဟာ မတွေးရဲလောက်အောင် ခက်ခဲလွန်းပါတယ်... တစ်နေ့မှာတော့ သူ့ အိမ်ရှေ့ကို ပြောင်းလာတဲ့ ခပ်ချောချော အိုလီ ဆိုတဲ့ ကောင်လေး နဲ့ မယ်ဒလင်း ရင်းနှီးခဲ့ပါတယ်... သူတို့နှစ်ယောက်ဟာ ပြတင်းပေါက်မှန်ကနေ လက် ဟန်ခြေဟန် ပြပြီး စကားပြောကြတာပါ ... Taylor Swift ရဲ့ You belong with me သီချင်းထဲကလိုလေ ... သူတို့နှစ်ယောက်ဟာ မတ်ဆေ့ အပြန်အလှန်ပို့ စကားအပြန်အလှန်ပြောရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြပါတယ်... ခက်တာက မယ်ဒလင်း အိုလီ နဲ့ တွေ့ရအောင် ဘယ်လို အိမ်ပြင်ထွက်ရမလဲ... မတော်တဆ သေ တဲ့ အဆင့်ထိ အန္တရာယ်ရှိနိုင်မလား... ပျော်စရာ ဇာတ်သိမ်းဖြစ်မလား??? ဝမ်းနည်းစရာ ဇာတ်သိမ်းဖြစ်မလား ဆိုတာကတော့ Channel Myanmar ပရိတ်သတ်တို့ ရင်ခုန်စွာ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်... ဇာတ်လမ်း ကို ပေါ့ပေါ့ပါးပါး နဲ့ စိတ်ကူးယဉ်ဆန်စရာ ရိုက်ကူးထားတာမို့ ကြည့်ရှူသူ တန်မှာပါ.. (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ May Haruko ပါ) File Size : (700 MB) and (390 MB) Quality : Bluray 720p Running Time : 1hr 36minutes Format : Mp4 Genre : Drama,Romance Subtitle : Myanmar Subtitle (Hardsub) Translated By May Haruko Encode By Thanhtike Zaw

0 2023
After Everything
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
Hi Nanna
8.4

Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ) IMDb 8.4/10 , RT 100% Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ Main cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ် “တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ” ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့… ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ယာ့ရှ်နာနဲ့ ဖေဖေဗီရာ့ဂျ်တို့ ဆုံတွေ့ကြတဲ့အခါမှာ …. ဗီရာ့ဂျ်ရဲ့အတိတ်က ဇာတ်လမ်းက ဘာဖြစ်မလဲ မာဟီလေးကရော သူ့ရောဂါပျောက်ကင်းသွားမလား ယာရှ်နာကရော သူတို့သားအဖနဲ့ ဘာတွေပတ်သတ်နေလဲ စိတ်ဝင်တစားနဲ့ မိဘမေတ္တာ သံယောဇဉ် အချစ်ဇာတ်လမ်းလေးကို ကြည်ကြည်နူးနူး ကြည့်ရှုနိုင်ဖို့ ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်လိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Romance • Family • Drama
8.4 2023 155 mins
Hi Nanna
Háromezer számozott darab(Three Thousand Numbered Pieces)
6.6

အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။ File size…(1.1 GB)/(749 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Action • Romance • Thriller
6.6 2022 97 mins
Háromezer számozott darab(Three Thousand Numbered Pieces)
Joy Ride 3 : Road Kill

ပြိုင်ကားမောင်းသမား ဂျော်ဒန်နဲ့အော်စတင်တို့ဟာ သူတို့ရဲ့အဖွဲ့သားတွေနဲ့အတူ ကနေဒါက ကားမောင်းပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ခရီးထွက်လာခဲ့ကြပါတယ်။ လမ်းတစ်ဝက်က ထရပ်ကားနားစခန်းတစ်ခုမှာအမြန်ရောက်နိုင်တဲ့ဖြတ်လမ်းကိုရှာရင်းနဲ့အဝေးပြေးလမ်း နံပါတ် ၁၇ ဆိုတာကိုတွေ့ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီဖြတ်လမ်းဟာ ပုံနှိပ်မြေပုံပေါ်မှာသာရှိနေပြီး GPS ပေါ်မှာလုံး၀ရှိမနေတာပါပဲ။ အဲ့ဒီလမ်းအကြောင်းစုံစမ်းလိုက်ချိန်မှာတော့ သူတို့စုံစမ်းတဲ့ထရပ်ကားမောင်းသမားက အဲ့ဒီလမ်းက မသွားသင့်ကြောင်း အဲ့ဒီလမ်းကို လူသတ်လမ်းကြားလို့ခေါ်ပြီး အဲ့ဒီလမ်းမှာ ပျောက်ဆုံး သေဆုံးခဲ့တဲ့သူတွေဟာ အမေရိကန်တကြောလုံးမှာရှိတဲ့ ဘယ်လမ်းထက်မဆို များတယ်ဆိုတာ သူတို့ကိုပြောပြပါတယ်။ ဒါပေမယ့် ခေတ်လူငယ်ပီပီ ပုန်ကန်တတ်တဲ့၊ အယုံအကြည်မရှိတဲ့စရိုက်တွေနဲ့ သူတို့တစ်သိုက်ဟာ အဲ့ဒီလမ်းအတိုင်းထွက်ခဲ့ကြပြီး လမ်းမှာတွေ့တဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ကို ကျော်တက် ၊ ပိတ်မောင်းရင်း အပျော်တမ်းစနောက်မိတဲ့အခါမှာတော့.. အဲ့ဒီလမ်းဟာ တကယ်ပဲ သူတို့အတွက် သေမင်းတမန်လမ်းကြီးဖြစ်လာပါတော့မယ်။ Joy ride triology ရဲ့နောက်ဆုံးကားဖြစ်ပြီး Franchise ထဲမှာမှ သတ်ခန်းဖြတ်ခန်းရော ဝတ်လစ်စလစ်ခန်းတွေပါပါဝင်ပြီး အကြမ်းဆုံးကားဖြစ်ပါတယ်။ အထူးသဖြင့် Wrong turn ထဲကလို ကြမ်းတမ်းလွန်းတဲ့သွေးထွက်သံယိုတွေ ပါဝင်တဲ့အတွက်ကြည့်ရဲမှ ကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.8 GB)/(934 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2014
Joy Ride 3 : Road Kill
The Mysterious Cloths
6

မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား… ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ… ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်… ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့ ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ… တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်… ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်… ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်…. စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား… လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ… မြဝတ်ရုံရဲ့ တကယ့်ဇစ်မြစ်ကရော ဘာလဲ… ရှီရှပြည်ထောင်နဲ့ လျန်ဝမ်သေဆုံးမှုက တကယ် ပတ်သက်နေတာလား… ဇာတ်လမ်းလေးထဲမှာ အဖြေရှာတွေ့မှာပါ

6 2022
The Mysterious Cloths
Mother
7.7

Missing You (2016) ******************* IMDb….7.7 ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့ Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့ မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja, DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာ ဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက် သားဖြစ်သူအပြစ်မရှိကြောင်းကို သက်သေပြဖို့ သက်သေတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေကာ ဘယ်လိုတွေ လုပ်ကိုင်သွားမလဲ… ထိုခက်ခဲလှတဲ့အခြေအနေတွေကြား သားဖြစ်သူအပေါ် ထားရှိတဲ့ အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာဖြစ်တဲ့အလျောက် လှည့်ကွက်ပေါင်းများစွာနဲ့ လှလှပပလေး ဖော်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint ပဲဖြစ်ပါတယ်…) File Size : 2,21GB/ 880MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Encoded by Tiff

Drama • Fantasy • Mystery
7.7 2009 129 mins
Mother