YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

In Cold Blood (2024) E87 WEB-DL 720P(CM).mp4

227.54 MB N/A video/mp4 61 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Morning, Vietnam
7.3

Good Morning, Vietnam (1987) ~ IMDb - 7.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ ဒီလိုပါပဲ ခရိုနော်နဲ့ ဒီလူကြားက ရေစက်ကလေး တိုတောင်းခဲ့သလို ခရိုနော်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသားကြီး Robin Williams နဲ့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ပရိသတ်တွေကြားက ရေစက်ဟာလည်း တိုတောင်းလွန်းခဲ့ပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 1Min Genre - Biography, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
7.3 1987 121 mins
Good Morning, Vietnam
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
Kabzaa
4.7

IMDb 7.2 ဒီကားကတော့ အိန္ဒိယသမိုင်းအကြောင်းတွင်တွင်ကျယ်ကျယ်ရိုက်ပြထားတယ်ဆိုရမှာဖြစ်ပြီး ရုံတင်ကားတကားဆိုလဲ မမှားပါဘူး Cast တွေအနေနဲ့ မင်းသမီးချောလေး Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ယင်ကောင်၂ဘဝကလဲ့စားကားထဲကဗီလိန် Kiccha Sudeep ကလည်းအပိုအလိုမရှိသရုပ်ဆောင်ထားပြန်ပါတယ် လူမိုက်တစ်ယောက်ကိုဖမ်းလိုက်မိလို့ ရဲစခန်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်တဲ့ဂိုဏ်းစတားတွေထကြွမှုကြောင့်ဒီလူမိုက်တွေကိုရှင်းပစ်ဖို့ ဘာဟ်ဂတ်ဘတ်ခ်ရှီကို အထက်ကတာဝန်ပေးခဲ့ပါတယ် မရေတွက်နိုင်တဲ့ တိုက်ပွဲတွေကိုအောင်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှဦးမညွတ်ဖူးတဲ့သူ ဒီလူဖြတ်ကျော်ခဲ့ရတဲ့သမိုင်းကလည်းနည်းနည်းနောနောမဟုတ် .. ၁၉၄၂ကနေ ၁၉၈၆အထိ သူဖြတ်သန်းခဲ့ရတဲ့အိန္ဒိယသမိုင်းမှာ သူကရာထူးကြီးလူတစ်ယောက် ဒီလိုလူက သောင်းကျန်းနေတဲ့လူမိုက်တွေမြို့ကိုရောက်ချလာပြီး လူမိုက်တွေအကုန်စုစေခဲ့တယ် ပြီးတော့ သူ့အာဏာကိုပြဖို့အတွက် သူတွေ့ကြုံခဲ့ရတဲ့ အိန္ဒိယလွတ်လပ်ရေးမရခင်ကစအခုချိန်အထိ နောက်ကြောင်းပြန်ပြကွက်မျိုးနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဲ သူကြုံတွေ့ခဲ့ရတဲ့ အိန္ဒိယသမိုင်းကိုလိုက်ပါရှုစားလိုက်ပါဦး File size…2GB / 907MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein

TV Movie • Thriller
4.7 2023 136 mins
Kabzaa
Diary of June
6.5

ကျောင်းသားတစ်ယောက် တံတားပေါ်မှာအသတ်ခံလိုက်ရတယ်... ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတစ်ယောက် သတ်သေတဲ့အမှု တစ်ခု ထပ်ဖြစ်သွားတယ်...သို့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါမှတော့ လူသတ်မှုပဲဖြစ်နေခဲ့တယ်...သဲလွန်စဆိုလို့ ဗိုက်ထဲမှာ မျိုချထားတဲ့ ခပ်ဆန်းဆန်းလက်ရေးတိုစာရွက်လေးတစ်ခုပဲရှိတယ်... အဲ့ဒီနောက်မှာတော့ လူသတ်မှု ၂ခုအပြီးမှာပဲ ဆက်တိုက်ဆိုသလို ကျောင်းသားကျောင်းသူအချို့ အသတ်ခံလိုက်ရချိန်မှာတော့.. ဘာ့ကြောင့် လူသတ်သမားဟာ ကျောင်းသား  ကျောင်းသူတွေကို အဓိက ထားပြီးသတ်တာလဲ... စုံထောက်တွေကရော ဒီတရားခံကိုဖော်ထုတ်နိုင်မလားဆိုတာကိုတော့... File Size :(3.3GB) and (1.02GB) Quality : BLU-RAY1080P5.1Ch,720P Format…mp4 Duration…01:45:00 Genre :Crime ,  Thriller Subtitle : Myanmar Subtitle (Hard Sub) Translated Thinn Thinzar Encoded by Phyo Pyae

Drama • Romance
6.5 2005 105 mins
Diary of June
Alabama Rose

ခင်ပွန်းဖြစ်သူ သေဆုံးပြီး ကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ကြိုးစားနေတာပါ အဲလိုနဲ့ သူငယ်ချင်းကအတင်းတိုက်တွန်းရင်း မော်ဒဲလ်စလုပ်ဖြစ်နေတဲ့ မယ်ရီဟာ အိမ်ရောက်သွားရင် သူ့ကိုတစ်ယောက်ယောက် စောင့်ကြည့်နေသလို့ခံစားနေရပါတယ်။ ရဲတွေဆီလည်း ဖုန်းဆက်လွန်းလို့ ရဲစခန်းတောင် သူ့ဖုန်းဆိုရင်မကိုင်တော့ပါဘူး။ အဲလိုမယ်ရီဟာ တစ်နေ့မှာတော့ ခရီးသွားဓါတ်ပုံဆရာတစ်ယောက်နဲ့တွေ့ဆုံရင်း တစ်ဖန်ပြန်ပြီးသူ့ဘဝကို ရှေ့ဆက်နိုင်မလား… သူစောင့်ကြည့်နေသလိုခံစားနေရတာကရော တကယ်ပဲတစ်ယောက်ယောက်ရှိနေလို့လား သူ့စိတ်ကပဲထင်နေတာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမဲ့ Thriller/Mystery အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်

Drama
0 2022 99 mins
Alabama Rose
Best Years Gone

ဒီတစ်ခါတော့ ပညာပေးကားလေးတစ်ကားပါပဲ အရက်သမားတွေအတွက် ပညာပေးကားလေးပေါ့ ကားပြိုင်ရင်းကားမှောက်ခဲ့ရာကနေ စိတ်ဓာတ်ကျ ပြီး အရက်သမားဖြစ်နေတဲ့ ဂေးလ်တစ်ယောက်ကတော့ ချစ်ရတဲ့သူတွေ့ပါစေ ဆိုပြီး အရက်ဆိုင်မှာနေ့တိုင်းဆုတောင်းနေတာကနေ သူ့ကို ချစ်လာမဲ့အရက် ဆိုင်ကတစ်ယောက်နဲ့တွေ့ပြီး ချစ်ခဲ့ကြတာပါ ဖြစ်ချင်တော့ အဲဒီအမျိုးသမီးမှာ သမီးအမွှာလေးနှစ်ယောက်ရှိနေတာပါပဲ ပထွေးနဲ့ သမီးတွေရဲ့ ထုံစံအတိုင်း အစေးမကပ်ကြဘူးပေါ့ ဒီလိုနဲ့ အရက်သမားစုံတွဲနှစ်ယောက်ဟာ အရက်မူးရူးပြီး နောက်နေ့မှာအမျိုးသမီးအဖမ်းခံလိုက်ရချိန်မှာတော့ ဇာတ်ရှိန်က တဖြည်းဖြည်းနဲ့ တက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာပဲ ဇာတ်လမ်းရဲ့ မြှုပ်ကွက်လေးတွေ တစစ ပေါ်လာပြီးတော့ ပြီးတဲ့အထိကို ဆွဲခေါ်သွားစေနိုင်တဲ့ကားကောင်းလေးပါပဲ File size…(1.25GB)/(671.2MB)/(350.44MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre…Comedy/ Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Comedy
0 2022 94 mins
Best Years Gone
Flickering Lights
7.5

Flickering Lights (2000) တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။ တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။ အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။) File Size : 4.5GB, 945MB, 444MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr 32mins Genre : Action, Comedy, Drama Translated by Yee Wai Encoded by Kinnov

7.5 2000
Flickering Lights
The Killing Room

ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။ MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ File size…(1.4 GB)/(675 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2009
The Killing Room
Undercover Blues
6

Genre – Comedy, Crime IMDB – 6.10 ၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာ ရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆို ဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီ လက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲ ဘလူးလင်မယားဟာ သမီးလေးမွေးထားလို့ အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာ သာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်က မစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေ ရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီး သာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီး အနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာက အစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကို ခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့ အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့် ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… 1.3 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6 1993 90 mins
Undercover Blues
Penthouse North
5.5

ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီး သူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်း မကြိုက်တတ်ပါဘူး။ ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာ သောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်း အိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကို သိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့ သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့ သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း …… သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ ……. လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ ….. သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား …… ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား ….. ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Thriller • Horror
5.5 2013 85 mins
Penthouse North
Freedom Hair
5.7

ဒီဇာတ်ကားလေးကတော့ မယ်လန်နီအမ်းစထရောင်းဆိုတဲ့ အမျိုးသမီးရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အဃြေံရိုက်ကူးထားတာပဲ​ဖြစ်ပါတယ် မယ်လန်နီဟာ ငယ်ကယ်လေးကတည်းက ဆံပင်တွေကိုချစ်တတ်တဲ့ ဆံပင်တွေကို လွတ်လွတ်လပ်လပ်ပဲရှိစေချင်တဲ့ကောင်မလေးတစ်ယောက်ပေါ့ သူမအရွယ်ရောက်လာတဲ့အခါ ကယ်ဗင်ဆိုသူနဲ့လက်ထပ်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ငွေရေးကြေးရေးအတွက် အလုပ်လုပ်မယ်ဆိုပြီး အရင်ဆုံးယောင်းမဖြစ်သူ”ဒီး”ရဲ့ဆံပင်ပြင်ဆိုင်မှာ ခေါင်းဝင်လျှော်ပေးပါတယ် အဲ့မှာစလုပ်ကတည်းက သူမရဲ့လက်တွေဟာ ဆံပင်နဲ့ပက်သက်ပြီးပါရမီပါလာတယ်ဆိုတာသိလိုက်ရပါတယ် နောက်ပိုင်းမှာ အာဖရိကန်စဆိုင်ဆံပင်ကျစ်နည်းသင်တန်းတွေတက်ပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ် သူမမှာပါရမီပါတဲ့အတွက် ထိုပညာရပ်ကိုလည်းကျွမ်းကျင်စွာတတ်မြောက်သွားခဲ့ပါတယ် ဘာမဆိုအမြဲထောက်ပံ့အားပေးတတ်တဲ့ခင်ပွန်းကလည်း သူ့ဇနီးရဲ့ဆန္ဒအတိုင်း ဆိုင်တစ်ဆိုင်ဖွင့်ပေးခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီမှာပဲပြဿနာတွေအခက်ခဲတွေပေါ်လာပါတော့တယ် အဲ့ဒါကတော့ လိုင်စင်လုပ်ဖို့လိုအပ်တာပါ အဲ့လိုင်စင်တန်ဖိုးကလည်း မတန်တဆကြီးနေပြီး မစ္စစ်စပီပြည်နယ်ရဲ့ဥပဒေက သူမတို့လိုအာဖရိကန်စတိုင်ဆံပင်ကျစ်သူတွေအတွက်ဖိနှိပ်ထားတယ်လို့ခံစားမိတာ​ကြောင့် အာဏာရှိတဲ့ပြည်နယ်ဘုတ်အဖွဲ့နဲ့တရားရင်ဆိုင်ပါတော့တယ်…… ဒီဇာတ်ကားလေးမှာ မယ်လန်နီတစ်ယောက် ဘယ်လိုအခက်အခဲအတားအဆီးပဲရှိရှိ လက်မလျှော့ပဲအကောင်းဆုံးကျော်ဖြတ်ခဲ့တာတွေကိုတွေ့ရမှာပါ တရားရင်ဆိုင်ရင်ရော သူမအနိုင်ရရှိပါ့မလား…… File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

5.7 2024
Freedom Hair
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates
Good Bad Things
5.8

အချစ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းနဲ့ထိုက်တန်ပါတယ်။ Gender မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေ လူသားအားလုံးရရှိနိုင်တဲ့ ရရှိသင့်တဲ့အရာတစ်ခုကိုပြောပါဆိုရင်တော့ အချစ်ပဲဖြစ်ပါတယ်။အချစ်နဲ့ပတ်သတ်လာရင် မျက်ကန်းတောတိုး သလိုဖြစ်တတ်တဲ့လူတွေရှိသလို တစ်ဖက်သတ်တစ်ယူသန်ကြတဲ့ လူတွေလည်း အမျိုးမျိုးအဖုံဖုံရှိကြပါတယ်။ တစ်ခုမှတ်ထားရမှာကတော့ လူသားတိုင်းက အမှားနဲ့မကင်းသလို အချစ်နဲ့ပတ်သတ်လာရင်လည်း မပြည့်စုံကြတဲ့အတွက် ဆိုးကောင်းတဲ့ အရာလေးတွေလည်းရှိတာကိုလက်ခံနိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ဒါကိုလှလှပပပုံဖော်ဖန်တီးထားတဲ့ Good Bad Things ဆိုတဲ့ IMDb Rating 5.8 ရရှိထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့အပြင်လောကမှာရော ဇာတ်ကားထဲမှာပါ ဒန်နီဆိုတဲ့ဇာတ်ကောင်ဖြစ်ပြီး သူကတော့ မွေးရာပါ မသန်မစွမ်းဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ သူ့ကိုအရမ်း ချစ်တဲ့အဖေနဲ့ အချိန်ပြည့်ဘေးနားမှာစောင့်ရှောက်ပေးနေတဲ့သူငယ်ချင်း ရှိနေတဲ့အတွက် သူ့ဘ၀လေးကတော့သာယာစိုပြည်နေခဲ့ပါတယ်။ ဒါပေမယ့်လူသားတစ်ယောက်ဖြစ်တဲ့နည်းတူ အချစ်ဆိုတဲ့အရာကလည်း မရှိမဖြစ်လိုအပ်တဲ့အတွက် သူ့အလုပ်နဲ့သက်ဆိုင်တဲ့ ရူဘီဆိုတဲ့ Tinder လို ချိန်းတွေ့ App တစ်ခုကိုသုံးမိရင်းနဲ့မှ ကောင်မလေးတစ်ယောက်နဲ့ဇာတ်လမ်း စခဲ့ပြီး တစ်သက်လုံးအချစ်စစ်ကိုမခံစားခဲ့ဖူးတဲ့သူ့အတွက် အချစ်ဆိုတဲ့ အရာက လှပလွန်းတယ်ဆိုတာကို ဖော်ကျူးရိုက်ကူးထားတဲ့ ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.17GB) / (671MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024 96 mins
Good Bad Things
The Woman in the Yard
5.4

The Woman in the Yard (2025) IMDb Rating (5.5) / Rotten Tomatoes (42%) ယောက်ျားဖြစ်သူ ဒေးဗစ် ကားမှောက်မှုမှာ သေဆုံးသွားပြီး တေလာအန်နီ ဆိုတဲ့ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တဲ့ ရိုမိုနာတို့ မိသားစုအကြောင်းပါ။ ကားအက်ဆီးဒင့်မှာ ခင်ပွန်းဒေးဗစ်ကိုဆုံးရှုံးလိုက်ရသလို သူကိုယ်တိုင်လည်း ခြေထောက်တစ်ဖက်ဒဏ်ရာရသွားပါတယ်။ ဇာတ်လမ်းစတာကတော့ သူ့ခင်ပွန်းဆုံးအပြီး ၁ ပတ်အကြာမှာပေါ့… သူတို့မိသားစုနေတဲ့အိမ်က စိုက်ခင်းတွေဘေးက လယ်တောအိမ် ဘေးမှာအိမ်နီးချင်းရယ်လို့မရှိ အိမ်ထောင်ဦးစီးခင်ပွန်းပါဆုံးသွားတော့ အိမ်က ပိုပြီးခြောက်ကပ်နေတယ်.. တစ်နေ့ သူတို့အိမ်က မီးပါပျက်သွားလို့ မိသားစု ၃ ယောက်ဒုက္ခပင်လယ်တွေဝေနေတယ်.. ဒီလိုနဲ့ တစ်မနက်မှာ နာရေးတွေမှာဝတ်တဲ့အမည်းရောင်ဝတ်စုံကြီးနဲ့အမျိုးသမီး တစ်ဦးမျက်နှာကိုအုပ်ပြီး သူတို့ခြံထဲမှာရောက်နေတယ်.. သူက တစ်ရက်လုံးဘယ်မှာမသွားဘဲထိုင်နေတဲ့အတွက် ရိုမိုနာတို့ သားမိ ၃ ယောက်အတွက်ပိုပြီးကျောချမ်းစရာဖြစ်လာတယ်.. နောက်တစ်နေ့ရောက်တော့ ဒီအမျိုးသမီးဟာ ခြံထဲကနေ အိမ်နဲ့ပိုပိုပြီးနီးကပ်လာတဲ့အခါ.. သူဟာ ဘယ်သူလဲ ဘယ်လိုကြောင့် ခြံထဲမှာရုတ်တရက်ကြီးပေါ်လာတာလဲဆိုတာကို မေးခွန်းပေါင်းများစွာနဲ့ ကျောချမ်းစွာကြည့်ရမယ့် Horror , Thriller ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size… (2.1 GB) / ( 760 MB) / (500 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:28:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thiha Yan Naing

Drama • War
5.4 2025 87 mins
The Woman in the Yard
Loveable Elskling
7.9

Loveable (2024) IMDb Rating (7.9) / Rotten Tomatoes (100%) နော်ဝေးအမျိုးသမီးဒါရိုက်တာLilja Ingolfsdottirရဲ့ ပွဲဦးထွက် ရုပ်ရှင်ပါ။ Rotten Tomatoes 100 ရထားတော့ ပွဲဦးထွက်အနေနဲ့အောင်မြင်တယ် ပြောရပါမယ်။ ဇာတ်လမ်းကတော့ မာရီနဲ့ ဆစ်မန်လို့ခေါ်တဲ့ လူ၂ယောက်ရဲ့ Love Life အကြောင်းပါပဲ။ မာရီက ကလေးတွေမွေးပြီးမှ ယောက်ျားနဲ့ကွာရှင်းထားရတဲ့သူ။ ဆစ်မန်ကို သူက သဘောကျသွားပြီးလို့ သူတို့တွဲမိပြီးတဲ့နောက် သူတို့ဘဝ၂ခုက ပေါင်းစည်းသွားခဲ့တယ်။ အချစ်နဲ့စတဲ့ဘဝပေမဲ့ အဆင်မပြေခြင်းတွေနဲ့ အဆုံးသတ်ရဖို့ အကြောင်းဖန်လာတာကို Anger Management ကုထုံးယူပြီး ကုစားကြည့်ခဲ့ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ဒီနိုင်ငံမှာတော့ သိပ်မထွန်းကားပေမဲ့ စိတ်ရောဂါကုကုထုံးယူတယ်ဆိုတာ လိုအပ်တဲ့အရာတစ်ခုဆိုတာကို ဒီရုပ်ရှင်မှာ ပါးပါးလေးပုတ်ပြထားတယ်။ ဒီတိုင်းကြည့်ရင် ဘာမှမဖြစ်နေဘူးလို့ ထင်နေရပေမဲ့ ကျွန်တော်တို့လုပ်ရပ်တွေဟာ ကျွန်တော်တို့ငယ်ဘဝက ထရော်မာတွေကနေလာတတ်တာကို ပါးပါးလေးပြပြီး ချစ်တတ်ဖို့ အချစ်ခံတတ်ဖို့တောင် ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ အရင်လိုတယ်ဆိုတာကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဆင်မပြေတဲ့ဆက်ဆံရေးတစ်ခု ခင်ဗျားဘဝမှာရှိနေရင်တော့ အဖြေရကောင်းရစေနိုင်လောက်မယ့် ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:40:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.9 2024 101 mins
Loveable Elskling