YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

In Cold Blood (2024) E58 WEB-DL 1080P(CM).mp4

634.56 MB N/A video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Spit on Your Grave 2
6.3

ဒီဇာတ်ကားရဲ့ ပထမတစ်ကားဖြစ်တဲ့ I Spit On Your Grave ကို ကြည့်ဖူးမယ်ဆိုရင် ဒီကားဟာ လက်စားချေတဲ့ကားဆိုတာ သိကြမှာပါ။ ကိုယ့်ကိုအုပ်စုဖွဲ့ မုဒိမ်းကျင့်သွားသူတွေကို ပြန်လက်စားချေဖို့ကြိုးစားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကေတီ ဟာ အပို၀င်ငွေလေးရဖို့ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်၀င်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်လောကမှာ သူ့နာမည်ထင်ပေါ်ချင်တာကြောင့် အခမဲ့ဓာတ်ပုံအရိုက်ခံမယ့် ကြော်ငြာတစ်ခုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘူဂေးရီးယန်းညီအစ်ကို ဓာတ်ပုံဆရာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့တွေဟာ ကေတီကို အလွန်အမင်း စွဲလမ်းသွားကြပါတယ်။ ဒါပေမယ့် ကေတီရဲ့ အပေါ်ပိုင်းဗလာပုံရိုက်ဖို့ တောင်းဆိုလာတဲ့အခါမှာ ကေတီက ဓာတ်ပုံရိုက်တဲ့နေရာကနေ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ သူတို့လုပ်ရပ်တွေတစ်စတစ်စပိုပိုဆိုးရွားလာခဲ့ပြီး မုဒိမ်းကျင့်တဲ့အခြေအနေအထိဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့် ကေတီလည်း သူ့ကိုမုဒိမ်းကျင့်ပြီး လွတ်မြောက်‌နေကြတဲ့ အဲဒီဓာတ်ပုံဆရာတွေကို တဖန်ပြန်ပြီး လက်စားချေဖို့ကြိုးစားပါတော့တယ်။ File Size          : 1.67GB, 803MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 46mins Genre              : Horror , Thriller Encoded by   Thit San Khant

Action • Comedy • Crime • Fantasy
6.3 2013 106 mins
I Spit on Your Grave 2
Beauty and the Beast
7

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်း အင်မတန်ကြောက်စရာကောင်းတဲ့ အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင် ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကို စင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။ အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။ အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူ Belle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။ Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကို ရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီး Emma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evans နဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ? (အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..) Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy

Comedy • Crime
7 2017 129 mins
Beauty and the Beast
Fido
6.7

IMDb Rating (6.7)/ Rotten Tomatoes (73%) ဇွန်ဘီးကားတွေစောင့်မျှော်နေကြတဲ့သူတွေအတွက် ဇွန်ဘီးကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။2006 ကထွက်ရှိခဲ့ပြီးတော့ သရုပ်ဆောင်တွေအဖြစ် Billy Connolly ၊ Matrix ကားများမှမင်းသမီးချောကြီး Carrie-Anne Moss ၊ Henry Czerny တို့မှပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇွန်ဘီးကပ်ဖြစ်ပြီးနောက်ပိုင်း ၁၉၅၀ခုနစ်သဏ္ဍာန်ကိုနောက်ခံတည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အာကာသအမှုန်အမွှားတစ်ခုမှထွက်တဲ့​radiationaများကြောင့်လူတွေသေပြီးရင် ဇွန်ဘီးအဖြစ်ကိုပြောင်းကုန်ပါတယ်။ဇွန်ဘီးကပ်ကိုရှေ့ပိုင်းမှာ ရွတ်ရွတ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီးနောက် လူသားတွေကဇွန်ဘီးကို ထိန်းချုပ်လို့ရတဲ့လည်ပတ်ကို တီထွင်ခဲ့ပါတယ်။အဲ့လည်ပတ်နဲ့ဇွန်ဘီးတွေကိုထိန်းချုပ်ထားပြီးနောက် နေ့စဉ်ဓူဝအလုပ်တွေမှာခိုင်းစေအသုံးပြုလာကြတဲ့အထိတိုးတက်နေကြပါတယ်။မြို့တွေအလိုက်ခြံစည်းရိုးတွေကာထားပြီးတော့ လုံခြုံရေးကိုဇွန်ကွန်လို့ခေါ်တဲ့networkတစ်ခုမှ ကြီးကျပ်ပါတယ်။အဲ့လိုစနစ်တကျထိန်းချုပ်မှုများနဲ့နေထိုင်ခဲ့ပြီးနောက်မှာ တင်မီဆိုတဲ့ကောင်လေးဟာ သူ့ရဲ့အိမ်ကိုခိုင်းစေဖို့ရောက်လာတဲ့ဇွန်ဘီး Fidoနဲ့မိတ်ဆွေဖြစ်သွားပါတယ်။ဇွန်ဘီးနဲ့လူသားကြားကသံယောဇဉ်ကိုကာကွယ်ရင်း တင်မီကပြဿနာတွေနဲ့ရင်ဆိုင်ရပါတော့တယ်။တစ်ဖက်ကလည်းမြို့ကိုကာကွယ်စောင့်ရှောက်နေတဲ့ အိမ်နီးချင်းဇွန်ကွန်ခေါင်းဆောင်ကလည်း ဇွန်ဘီးနဲ့လူသား မပေါင်းဖက်စေရရေးအစွမ်းကုန်တားဆီးတာနဲ့ ကြုံရပါတော့တယ်။တင်မီ သူ့ရဲ့တစ်ဉီးတည်းသောအချစ်ဆုံးသူငယ်ချင်းကောင်လေး ဖိုင်ဒိုနဲ့မခွဲရဖို့ဘယ်လိုစွန့်စားသွားမလဲဆိုတာကိုကားလေးကိုကြည့်ရှုရင်း ရုပ်ရှင်ရသခံစားလိုက်ကြပါစို့။ Horror Comedy ဖြစ်ပေမဲ့မိသားစုနဲ့တပျော်တပါးကြည့်ရှုလို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ File size…2.6 GB / 798.6 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

6.7 2006
Fido
Manderlay

၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ် အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam’s Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့…. တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်…… Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce Dallas Howard ရဲ့ ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်…. ဂရေ့စ် တစ်ယောက် မန်းဒလေး ကကျွန်တွေရဲ့ဘဝကို ဒီမိုကရေစီနည်းနဲ့ ပြောင်းလဲအုပ်ချုပ်လို့ရပါ့မလား…. ခြံပိုင်ရှင်လူဖြူမိသားစုကရော ဂရေ့စ် ကိုဘယ်လိုသဘောထားပြီးဆက်ဆံမှာလည်း….. ကျွန်စနစ်ကိုဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာထားတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်ကရော ဘယ်လိုသဘောထားတွေရှိနေတာလဲ….. ဂရေ့စ် တွေးထားသလို ခြေနှစ်ချောင်း ကယ်ကောင်းရဲ့လား ဆိုတာတွေကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:19:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2005
Manderlay
The New Legend of Shaolin
6.3

ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။ ၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းမယ်ဆိုတဲ့အတွက် မာတာ့ရှန့်က ဟုန်တို့ကို ပြန်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟုန်ရှီးကွမ်းတို့ သားအဖနှစ်ယောက်ရဲ့ သိုင်းပညာကျွမ်းကျင်မှုကို တွေ့ပြီး သူ့ရဲ့ ကိုယ်ရံတော်လုပ်ဖို့ မာတာ့ရှန့်က ခေါ်သွားခဲ့ပါသေးတယ်။ ဟုန်တို့သားအမိဟာ သူတို့ လိမ်လည်မှုကို ဟုန်ရှီးကွမ်းက သတိထားမိပြီး နှောင့်ယှက်မှာ စိုးတဲ့အတွက် ဟုန်ရှီးကွမ်းကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဟုန်တို့သားအမိနှစ်ယောက် သူဌေးကြီးမာတာ့ရှန့်ကို အောင်မြင်စွာ လိမ်လည်နိုင်ပါ့မလား…… ဟုန်ရှီးကွမ်းကလည်း ကလေး ၅ ယောက်နဲ့ ဘယ်လိုဆက်သွယ်မိမလဲ…… ချင်မင်းဆက် အစိုးရကရော ဟုန်ရှီးကွမ်းတို့ကို ဘယ်လို လိုက်လံနှောင့်ယှက်မလဲ …… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6.3 1994
The New Legend of Shaolin
Bas Terakhir Malam Raya
8.7

Bas Terakhir Malam Raya ( 2023 )==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။ ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။ ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒီမလေးရှားရုပ်ရှင်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ရယ်စရာတွေအပြည့်နဲ့ အချိန်ဖြုန်းလို့တော့ကောင်းမယ့် ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2GB)/(870MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

8.7 2023
Bas Terakhir Malam Raya
The Beastmaster
6.2

The Beastmaster (1982) Genre – Action, Adventure, Fantasy IMDB – 6.2/10 1980 ကျော်ကာလက Conan the Barbarian တို့ Red Sonja တို့ Hercules တို့လို ရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။ တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလို ဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီး ထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။ ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီး အတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့် ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကို ဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည် ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီး ရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တော့ ပြန်ပြီးလက်စားချေမယ်ဆိုကာ သူ့ရဲ့အဖော်မွန်တွေဖြစ်တဲ့ ကျားသစ်နက်ရယ် သိမ်းငှက်ကြီးရယ် မြွေပါလေးနှစ်ကောင်ရယ်နဲ့ စွန့်စားခန်းကြီး ထွက်ပါတော့တယ်။ လမ်းခရီးတလျှောက် ဘယ်လိုထူးဆန်းခက်ခဲတာတွေ ကြုံတွေ့ရမလဲ အရမ်းချောတဲ့ ကျွန်မလေးကရော ဘယ်သူလဲ ဂျင်းစစ်တပ်နဲ့ နတ်ဆရာကြီးမက်စ်တို့ ဘယ်လိုဆက်စပ်နေမလဲ စသဖြင့် အစုံအလင်နဲ့ ၁၉၈၂ ခုနှစ်ထုတ်ဆိုပေမဲ့လည်း သူ့ခေတ်သူ့အခါနဲ့သူ CGI တွေ သိပ်မသုံးပဲ ရှိသလောက်နဲ့ ရအောင်ရိုက်ပြထားတာတွေကို ပြန်ပြီး ခံစားရမှာပဲ ဖြစ်ပါတယ်။ အိပ်ရာခန်းတွေ မပါဝင်ပေမဲ့လည်း မိန်းကလေး ရင်သားအလှတွေ ကွင်းကွင်းကွက်ကွက် ပြသထားတဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျာ။ File size… 1.8 GB / 939 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Adventure/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Drama • Fantasy • Thriller
6.2 1982
The Beastmaster
People Who Talk to Plushies Are Kind
6

ဒီဇာတ်လမ်းမှာ Private စုံထောက်ဖြစ်တဲ့ Ned က ထောင်ကလွတ်လာတဲ့လက်ဝှေ့သမားဟောင်းရဲ့ စာပို့ဖော်ရည်းစား အပျော်အကမယ်ကောင်မလေးကို ရှာဖို့ အလုပ်ခန့်ခံခဲ့ရတယ်။ Ned လည်း ဘယ်သူမှမမြင်ဖူးတဲ့ အဲဒီကောင်မလေးကိုလိုက်ရှာရင်း သူစုံစမ်းဖို့လိုက်မေးခဲ့တဲ့ လူတိုင်းက အသတ်ခံလိုက်ရတဲ့အပြင် သူ့နောက်ကိုပါ နောက်ယောင်ခံတွေလိုက်လာတာကို သတိထားမိလာခဲ့တယ်။ နောက်တော့ Ned တစ်ယောက် ကောင်မလေးရှိနိုင်ခြေရှိတဲ့ လူသူနည်းတဲ့မြို့ဆီသွားပြီး မဟာစကြဝဠာစတင်ဖြစ်ပေါ်ချိန်က ပေါက်ကွဲမှုကြီးဖြစ်တဲ့ Big Bang ကို ပြန်လည်ဖန်တီးဖို့ကြိုးစားနေတဲ့ ကမ္ဘာ့17 ယောက်မြောက် အချမ်းသာဆုံးသူဌေးနဲ့တွေ့ခဲ့ပါတယ်။ Ned က အကမယ်ကောင်မလေးကို ရှာတွေ့နိုင်မလား၊ အဲဒီကောင်မလေးက တကယ်ရောရှိရဲ့လားနဲ့ ဘယ်လိုလှည့်ကွက်နဲ့အမှုတွေ ဆက်ပေါ်လာမလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.4GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6 2023 109 mins
People Who Talk to Plushies Are Kind
The Twilight Samurai

IMDb – 8.1/10 Rotten Tomatoes – 99% ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ “Hiroyuki Sanada” ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။ သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood’s 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ… ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြည်သူတွေမှာလည်း အငတ်ဘေး ရောဂါဘေးဆိုက်နေတဲ့ကာလ၊ “အိဂုချိ” ဆိုတဲ့ ဆင်းရဲပေမယ့် စိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်ဟာ သူ့နယ်မြေနန်းတော်မှာ အငယ်တမ်းဆာမူရိုင်းအဖြစ် အမှုတော်ထမ်းနေပါတယ်။ အစိုးရအောက်တန်းစာရေးလို ရာထူးမျိုးဆိုတော့ သိကြတဲ့အတိုင်း မလောက်မငှရတဲ့အထဲမှာ မိန်းမက တီဘီဖြစ်ပြီး ဆုံးလေရဲ့။ လူမမယ်သမီးလေးနှစ်ယောက်ရယ်၊ ရောဂါသည် အမေအိုကြီးရယ်နဲ့ အိဂုချိတစ်ယောက် လောကအလယ်မှာ ဒေါင်ချာစိုင်းပြီးကျန်ခဲ့တုန်း ငယ်ချစ်ဦး “တိုမိုအဲ” နဲ့ မထင်မှတ်ပဲ ပြန်တွေ့ဖို့အကြောင်းဖန်လာပါတယ်။ တိုမိုအဲက သူဘာကောင်ကြီးဖြစ်နေနေ မေတ္တာရှိရှာပေမယ့် ကလေးနှစ်ကောင်နဲ့ လုံးလည်ချာလည်လိုက်ပြီး ရေတောင် နပ်မှန်အောင်မချိုးနိုင်တဲ့ အစိုးရဝန်ထမ်း ဘဝသမားလေး အိဂုချိကတော့ တိုမိုအဲကိုပါ ဒုက္ခတွင်းထဲ ဆွဲမသွင်းရက်ဘူးပေါ့လေ။ အမှန်တော့ သူကလည်း ကြိုက်ပါတယ်။ ကြိုက်လို့ပဲ မမူနိုင်တော့တဲ့အဆုံး ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းမယ်လည်းဆိုရော ကံဆိုးမ အိဂုချိတစ်ယောက် အသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့်တာဝန်တစ်ခု ပေးအပ်ချင်းခံရပါတော့တယ်။ ဘယ်လိုတာဝန်မျိုးလဲ… အိဂုချိတစ်ယောက် အသက်ရှင်ရက်မှ ပြန်လာနိုင်ပါ့မလား… ချစ်လှစွာသော တိုမိုအဲကရော သူပြန်လာတဲ့အချိန်ထိ သစ္စာရှိရှိစောင့်နေမှာလား… လက်ရှိအနေအထားနဲ့ ဆန့်ကျင်ဘက် ၁၉ ရာစုနှစ် ဂျပန်နိုင်ငံကြီးကို နောက်ခံထားပြီး ကြည်နူးချည်တစ်ဖုံ ရင်မောချည်တစ်လှည့် ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thant Sin

0 2002
The Twilight Samurai
Paternal
6.3

ပြင်သစ်နိုင်ငံရဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အယူအဆအကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေလိုက်နာရတဲ့ ဝိနည်းစည်းမျဉ်း‌တွေအကြောင်း၊ လူ‌သားတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်အနှောင်အဖွဲ့အကြောင်းကို ခံစားကြည့်ရှုရမယ့် မေတ္တာဘွဲ့ဒရာမာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Simonဆိုတဲ့အမျိုးသားတစ်ဦးဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကက်သလစ်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့တဲ့သူဖြစ်ပြီးအသင်းတော်ရဲ့ ယုံကြည်သူတွေကလည်း အင်မတန်လေးစားအားကိုးကြတယ် အဲဒီအချိန် ပြင်သစ်မှာ ကလေးတွေအပေါ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု‌တွေပေါ်ပေါက်လာခဲ့ပြီး ဘုရားကျောင်းတွေကို လူတွေက ယုံကြည်မှုကျဆင်းလာခဲ့တယ် တစ်နေ့မှာတော့ Simonတို့ဘုရားကျောင်းက ကလေးမလေးတစ်ယောက် ရုတ်တရက်ကိုယ်ဝန်ရှိလာတဲ့အခါ ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲဆိုတာ‌ ဖြေရှင်းဖို့ကြိုးစားနေရင်း Simon လူဝတ်ကြောင်ဘဝက ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Louise Fisher ဆိုတဲ့အမျိုးသမီးဟာ Aloe ဆိုတဲ့ကလေးတစ်ယောက်နဲ့အတူ Simon ကိုလာ‌တွေ့ပြီးနောက် ပြဿနာတွေစတင်လာခဲ့တယ် ဘုန်းတော်ကြီးမဖြစ်ခင်က ဇာတ်လမ်းတစ်ခုကြောင့် Simon ရဲ့ ဘုန်းတော်ကြီးဘဝကို သက်ရောက်မှုရှိတွေခဲ့လာတဲ့အခါ Simon တစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ကို‌ရောယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ပြင်သစ်ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vivien

Romance • Drama
6.3 2024 93 mins
Paternal
A Reason to Live
6.1

A Reason to Live (2011) *********************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီး မင်းသား မင်းသမီးတွေပါဝင်တဲ့ Life, Drama အမျိုးအစားလေး A reason to live ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ရင်ထဲရောက်သွားတဲ့ မင်းသမီးချောလေး အွန်စော Song Hye Kyo, Good Partners ကားထဲက ရှေ့နေဟန် မင်းသမီး Nam Ji Hyun, Mother of Mine ကားထဲက မင်းသား Ki Tae Young, နဲ့ Desperate Mrs. Seonju ကားထဲက မင်းသား Song Chang Eui တို့ပဲဖြစ်ပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************* မတော်တဆမှုတစ်ခုကြောင့် စေ့စပ်ထားတဲ့သူ ဆုံးရှုံးသွားတဲ့ ဒါဟယ်(Song Hye Kyo)ဟာ ကတ်သလစ်ဘာသာ ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနဲ့ အပြစ်သားကို ခွင့်လွှတ်ပေးဖို့ လက်မှတ်ကို ကိုယ်တိုင် ထိုးခဲ့သူပါ… တစ်နှစ်ကြာပြီး တစ်နေ့မှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုရဲ့ တောင်းဆိုမှုအရ သေဒဏ်ကို ဖျက်သိမ်းပေးဖို့အတွက် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ဖို့ဖြစ်လာတဲ့အခါ .. အမျိုးမျိုးသော လူသေမှုတွေရဲ့ နစ်နာသူတွေဘက်က မိဘဆွေမျိုးတွေကို အင်တာလိုက်ဗျူးရင်း သူ့စေ့စပ်ထားတဲ့သူ ဟန်ဆန်းဝူ (Ki Tae Young)ကို သတ်ပစ်ခဲ့တဲ့ အလယ်တန်းကျောင်းသား ဘယ်လိုများ ရှင်သန်ကြီးပြင်းနေလဲဆိုတာကို သိချင်လာပါတော့တယ် .. ဒါဟယ်တစ်ယောက် ဘုရားသခင်ရဲ့အလိုဆန္ဒနဲ့ သူရဲ့ စိတ်ထဲက ခွင့်လွှတ်မှုဟာ အစစ်အမှန်ဖြစ်မလား ဆိုတာကို ရသမြောက်မြောက်တင်ဆက်ထားတာမို့လို့ ကြည့်ရှုစီးမျောလိုက်ပါဦးနော် .. ။ (အညွှန်းကို Theint မှ ရေးသားထားပါတယ်) File size…1.67GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 7 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Encoded by AHtet

Romance
6.1 2011 119 mins
A Reason to Live
Mouse Of Horrors
5.5

ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ဖို့ Slasher ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဥရောပနိုင်ငံ ဆိပ်ကမ်းမြို့လေး တစ်မြို့မှာ နေတဲ့ ကလိုဝီဆိုတဲ့ ကောင်မလေးတစ်ယောက် ကယ်လီ ဖိုးနီးယားကို ကျောင်းသွားတက်ဖို့အတွက် မသွားခင် သူငယ်ချင်းတွေ အားလုံး ဆုံကြပြီးတော့ နှုတ်ဆက်ပွဲ အနေနဲ့ ပျော်ပျော်ပါးပါး သောက်ကြစားကြဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ သောက်စားနေကြရင်းနဲ့ ပွဲတော်ရက် ပြီးလို့ ပိတ်သွားပြီတဲ့ ဖြစ်တဲ့ ဖန်ဖဲပွဲတော်ဝင်းကို ခိုးဝင်ကြပြီး ကစားကြဖို့ သူငယ်ချင်းတစ်ယောက်က စလိုက်တာ အားလုံးက သဘောတူကြပါတယ်။ သူတို့ မသိလိုက်တာက သူတို့မြို့လေးမှာ စိတ္တဇ ရူးသွပ်နေတဲ့ ဆရာဝန်တစ်ယောက် ရောက်နေတယ် ဆိုတာပါပဲ။ အဲဒီဆရာဝန်က သူဖန်တီးထားတဲ့ သွေးဆာနေတဲ့ သတ္တဝါတွေသုံးပြီး လူတွေကို သတ်ဖြတ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စုဆောင်းနေတာပါ။ ဒီသတ္တဝါတွေ ကလိုဝီတို့ ကစားနေကြတဲ့ ပွဲတော်ဝင်းထဲကို ရောက်ရှိလာချိန်မှာတော့….။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5.5 2025 83 mins
Mouse Of Horrors
Elbow Ellbogen
6.2

Elbow (2024) IMDb Rating (6.2) ဂျာမန်စာရေးဆရာမ Fatma Aydemirရဲ့ စာပေဆုရစာအုပ်ဖြစ်တဲ့ Ellbogen (Elbow)ကို ပြန်ရိုက်ထားတာပါ။ ဇာတ်ကတော့ coming-of-age dramaပါ။ ဒီဘက်ခေတ် coming-of-ageတွေ တော်တော်များများက ဘာလို့လဲမသိ ဒုက္ခသုက္ခတွေ တော်တော်စုံလာတယ်။ ဒီကားကလည်း ၁၈ပြည့်တဲ့နေ့မှာတင် လူပါသတ်မိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဒုက္ခသုက္ခတွေအကြောင်းပဲ။ ပြောရရင် ၁၈မပြည့်ခင်ကတည်းက အလုပ်ရှာမရ ရတဲ့အလုပ်ကငွေကောင်းကောင်းမရတဲ့ ဒုက္ခတွေရှိနေပြီးသား ကလေးမလေးရဲ့ကမ္ဘာထဲ အဖြစ်တွေပိုဆိုးသွားတာကို ရိုက်ပြထားတာပဲ။ ဒီဘက်နောက်ပိုင်း coming-of-age dramaတွေအကုန် ဒီလိုတွေဖြစ်လာတာက လက်တွေ့လား လူနည်းစုကိုမှ တော်တော်နည်းတဲ့လူနည်းစုကို ထင်ဟပ်တာလားတော့မသိပေမဲ့ coming-of-age ဒရာမာတွေကို ဒီလိုစတိုင်တွေနဲ့ ရိုက်ပြလာတာတော့ တော်တော်များနေပါပြီ။ လူကြိုက်တော့များကြပုံပါပဲ။ ဒီလိုစတိုင်တွေကြိုက်ရင် ကြည့်လို့ကောင်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Science Fiction • Adventure • Thriller
6.2 2024 87 mins
Elbow Ellbogen
2nd Miracle in Cell No. 7
7.8

2nd Miracle in Cell No. 7 (2024) IMDb Rating (7.8) Miracle in Cell No. 7 ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။ မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။ မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။ မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ကိုရီးယားကားရဲ့အဆုံးသတ်အတိုင်းဖြစ်မလာခင် ကြားက အခြေအနေတွေကို ရိုက်ပြထားတယ်ပြောလို့ရတယ်။ နာမည်ကြီးပြီးသားကားရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကိုမူရင်းကားကို သစ္စာမဖောက်ဘဲ ရိုက်ထားတာဆိုတော့ 2nd Miracle in Cell No. 7ဟာ ပထမ Miracle in Cell No. 7လို အားလုံးကို မျက်ရည်ထပ်ခြူဦးမယ့်ရုပ်ရှင်ပါပဲ။ အားလုံးကြိုက်ကြမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family Duration….02:27:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

7.8 2024 147 mins
2nd Miracle in Cell No. 7
Darkest Miriam
6

ဖခင်သေဆုံးမှုကြောင့် ပူဆွေးသောကရောက်နေရဆဲ ဖြစ်တဲ့ စာကြည့်တိုက်မှူးမီရီအမ်ဟာ စာကြည့်တိုက်မှာ ဘာမှမဖြစ်သလိုပဲ နေ့စဉ်ပုံမှန်ဖြတ်သန်းလျက်ရှိပါတယ်။ တစ်ရက်မှာတော့ စာကြည့်တိုက်ထဲကစာအုပ်တချို့ထဲမှာ သူ့အတွက်ခြိမ်းခြောက်စာတွေရှိနေတာကိုတွေ့လိုက်ရသလို တစ်ချိန်တည်းမှာပဲ ဆလိုဗေးနီးယားတက္ကစီသမားလေး ယန်ကိုနဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ ပူဆွေးနေရတဲ့မီရီအမ်ရဲ့ဘဝဟာ ယန်ကိုကြောင့်ပြောင်းလဲ ခဲ့ရပေမယ့် ယန်ကိုလည်း တစ်နေ့မှာ သူ့အဖေလိုရုတ်တရက် သူ့ဘဝထဲကထွက်ခွာသွားမှာကို တုန်လှုပ်စိုးရိမ်နေခဲ့ရပါတယ်။ မီရီအမ်ရဲ့ဘဝထဲမှာ ယန်ကိုကဆက်ရှိနေဉီးမှာလား။ ခြိမ်းခြောက်စာတွေကရော ဘယ်သူကပို့နေတာလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.45 GB) / (595 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2025 90 mins
Darkest Miriam