YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

In Cold Blood (2024) E32 WEB-DL 720P(CM).mp4

222.91 MB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Prophet
7.6

~ IMDb - 7.8/10, RT - 96%, Meta - 90% ~ A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ထောင်ထဲမှာ သူ့ဘ၀ ၆ နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ဂလယ်အူကြောင် မလိခ်တစ်ယောက် ထောင်တွင်းမှာ နှစ်ဂိုဏ်းကွဲနေတဲ့ ကော်စီကန်လူမျိုးအဖွဲ့နဲ့ မူစလင်လူမျိုးအဖွဲ့ နှစ်ဖွဲ့ကြားမှာ ပဲလှော်ကြားဆားညပ် ဖြစ်ရတဲ့အခြေအနေကို ရောက်ကိန်းဆိုက်နေပါပြီ။ ဒီလိုနဲ့ ကော်စီကန်အဖွဲ့ခေါင်းဆောင် လူရှန်နီဟာ မလိခ်ကို ထောင်တွင်းမှာ လူသတ်မှုတစ်ခုအတွက် စေခိုင်းရာကနေ မလိခ်ရဲ့ဘ၀က တဖြည်းဖြည်း ပြောင်းလဲလာပုံကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။ မလိခ်တစ်ယောက် ကော်စီကန်တွေ ဘက်ပဲ ပါသွားမလား၊ မူစလင်တွေဘက်ပဲ ပါသွားမလား... ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီနှစ်ဖွဲ့ကြားထဲမှာ မလိခ် အသက်ရှင်ကျန်ရစ်ရအောင် ဘယ်လိုတွေ ဉာဏ်နီဉာဏ်နက်သုံးပြီး ကစားသွားမလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထောင်တွင်းဇာတ်ကားဖြစ်တဲ့အတွက် အသုံးအနှုန်းကြမ်းကြမ်းတွေ သတ်ဖြတ်ခန်းတွေ ပါမှာတော့ ပြောဖို့လိုတော့မယ် မထင်ပါဘူး။ (ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ဒါရိုက်တာဟာ အပြစ်သားဟောင်းတချို့ကို အကြံပေးတွေ ဖြတ်လျှောက်တွေအနေနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒီဇာတ်ကားမရိုက်ကူးမီမှာ သူဟာ ပြင်သစ်မှာ အကျဥ်းသားတွေအတွက် ဇာတ်ကားပြသခဲ့ပြီး အကျဥ်းထောင်တွင်းအခြေအနေတွေကို မြင်တွေ့လိုက်ရတော့ အတော်လေးတုန်လှုပ်သွားခဲ့ပါတယ်။ အဲဒီမှာ သူဟာ ဒီဇာတ်ကားကို ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်) ( * ပြင်သစ်စကားပြောကနေမှ အင်္ဂလိပ်ဘာသာကို မြန်မာလို ပြန်ဆိုထားတာဖြစ်တဲ့အတွက် တချို့နေရာလေးတွေမှာ ဘာသာပြန် ချို့ယွင်းချက်လေးအနည်းငယ်ရှိနိုင်ပါတယ် * ) (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1.4GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.8/10 Format - mp4 Duration - 2H 35Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Drama
7.6 2009 155 mins
A Prophet
Gemini Man
6.3

ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။ အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။ ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။ သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။ သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။ သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။ ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့....။ File size…(7.6 GB)/(1.9 GB) /(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:57:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Science Fiction
6.3 2019 117 mins
Gemini Man
Roald Dahl’s Matilda the Musical
7.3

Roald Dahl’s Matilda the Musical (2022) ============================= IMDb Rating – 7.3/10 ဒီတစ်ခါမှာတော့ IMDb Rating 7.3 ရရှိထားတဲ့ “Matilda the Musical” ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက် ပေးပါရစေ။ စာရေးဆရာ Roald Dahl ရဲ့ Matilda ဆိုတဲ့ဝတ္တု ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ် ပါတယ်။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်က သီချင်းတွေပါ။ သံစဉ်ပိုင်းကတော့ ရှယ်ပါပဲ။ “မာတေလ်ဒါ” ဆိုတဲ့ကလေးမလေးဟာ မိဘတွေရဲ့မလိုလားမှုကို ခံနေရသူ‌လေး။ ကျောင်းမထားပေးလို့ ကျောင်းမနေခဲ့ရပေမယ့် အသိအန်တီတစ်ယောက်အကူအညီနဲ့ စာဖတ်ဝါသနာအိုးလေးဖြစ် နေခဲ့တာပေါ့။ ပုံပြင်အပြောကောင်းသူဆိုလည်းဟုတ်ပါတယ် ။ တစ်နေ့ကျ သူ့မိဘတွေက စစ်ဆေးရေးကြောင့် သူ့ကိုမဖြစ်မနေ ကျောင်းထားပေးခဲ့ရပါတော့တယ်။အဲ့ကျောင်းက ကျောင်းသားတွေ ပြောပုံအရဆိုရင် ကျောင်းကထောင်ကြီးတစ်ခုလိုပဲတဲ့။ အဲ့လိုနဲ့ ဖြတ် ထိုးဉာဏ်ကောင်းတဲ့ မာတေလ်ဒါလေးနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းအုပ်ကြီးထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြပါလေရော။ ဘဝကမတရားဘူးလို့ခံစားရရင် ညစ်ကျယ်ကျယ်ထလုပ်တတ်တဲ့ မာတေလ်ဒါလေးတစ်ယောက် ကျောင်းတက်ရင်းဘာတွေကြုံရမလဲ။ ဆိုးသွမ်းတဲ့ကျောင်းအုပ်ကြီးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ…ဆို တာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်ခုလုံးစကားပြောတွေချည်းမဟုတ်ဘဲ ဇာတ်ကွက်တွေကို သီချင်းတွေနဲ့တွဲပြီး အကောင်းဆုံးပုံဖော်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ဇာတ် ကားမြူးမြူးလေးတွေ ကြည့်ချင်သူများလက်မလွှတ်သင့်ပါကြောင်း ဖြည့် စွက်ပြောကြားလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size……….(2.92 GB) / (1.1 GB) / (672 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 57mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Family Translator…….Ngwe Zin, May Thet Khine Soe Encoder………..SWM

Action • Crime • Drama
7.3 2022
Roald Dahl’s Matilda the Musical
The List
5.3

The List (2023) ~ IMDb – 5.3/10, Rotten Tomatoes – 96% ~ “Celebrity Free Pass” ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ဘယ်လိုလူတွေနဲ့ကြုံတွေ့လိုက်ရလဲ၊ ဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ Scouts Guide to the Zombie Apocalypse နဲ့ Goosebumps က မင်းသမီး Halston Sage ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး Rotten Tomatoes မှာလည်း 96% အထိ ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် “Unconditional Love” ဆိုတဲ့ အတိုင်း ကိုယ့်ကိုတကယ်ချစ်တဲ့သူဟာ ကိုယ်ဘယ်အခြေအနေပဲရောက်နေပါစေ ချစ်နေမှာပါပဲ၊ ဒီလိုလူမျိုးကို ကိုယ့်ဘက်ကနေ သစ္စာမဖောက်မိဖို့က အရေးကြီးဆုံးပဲဆိုတာကိုပါ ပေါ်လွင်အောင်ရိုက်ကူးပေးသွားပါသေးတယ်။ ဒါ့ကြောင့် အခုလိုမိုးအေးအေးလေးမှာ ဒရာမာတွေကို ခံစားရင်း ထိုင်ခွီနေရမယ့်ကားလေးမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 830MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 37Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Drama • Mystery
5.3 2023
The List
Demons At Dawn

ကြေးစားလူသတ်သမား Mickey ဆိုတဲ့သူက လောင်းကစားဝါသနာထုံသူတစ်ယောက်ပါ။ သူ့မှာ မိန်းမနဲ့ မွေးကင်းစ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မိန်းမကို နောက်ထပ် လူသတ်တဲ့အလုပ်ကို လက်မခံတော့ဘူးလို့ ကတိပေးထားပေမယ့် တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဆက်သွယ်လာပါတယ်။ Mickey အနေနဲ့ ဆပ်စရာ အကြွေးတွေ အလွန်များနေကြောင်း နောက်ဆုံး အလုပ်တစ်ခု လက်ခံပေးရင် သူဌေးက အကြွေးတွေ အကုန်ပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Mickey က လက်မခံဘူး ငြင်းပေမယ့် မိတ်ဆွေဖြစ်သူက အဆွယ်ကောင်းနေတော့ လက်ခံဖြစ်ခဲ့ပါတယ်။ သူသတ်ပေးရမယ့်သူရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးတစ်လုံးဆီကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသတ်ရမယ့်သူက သူမသတ်ခင် အသတ်ခံရထားနှင့်ပြီးသားဖြစ်နေပါတယ်။ သူလည်းအိမ်ထဲဝင်ပြီး ပတ်ဝန်းကျင် အခြေအနေစောင့်ကြည့်နေတုန်း သူ့လည်ပင်းကို အမျိုးသမီးတစ်ယောက်က ဓားနဲ့ရွယ်ပြီး လာခြိမ်းခြောက်ပါတော့တယ်။ အမျိုးသမီးက ဘယ်သူလဲ? ဟိုလူကရော ဘာလို့သေနှင့်ပြီးသားဖြစ်နေတာလဲ? သူ့မိတ်ဆွေကရော တကယ်ပဲယုံကြည်ရတဲ့သူလား ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှုစားအဖြေထုတ်ကြည့်လိုက်ပါဦး…… File size…(1.4 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

0 2022
Demons At Dawn
Trafficked
5.8

Trafficked (2017) Genre – Drama, Thriller တကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့ လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးက မိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါ ကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေ လူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကို မချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီး ဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူက ဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့ မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီး အခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေ ထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ File size… 3 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5.8 2017
Trafficked
The Killer
7.8

The Killer (1989) ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်… ဂျွန်ဝူးရဲ့ရွှေခေတ်…. ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ရရင်လည်း လူပီပီ နာပြကျင်ပြ ခံစားပြတယ်။ လူကိုး။ ခိုးကိုးရာမဲ့ချိန် တစ်ချိန်ချိန်မှာ စိတ်ရဲ့အမြင့်ကလည်း ပြုတ်ကျလာတတ်တာပဲ။ဒီအက်ရှင်ကားရဲ့ တစ်ချို့အခန်းတွေဟာ ရင်ထဲနင့်စရာ သိပ်ကောင်းတယ်။ ဂျွန်ဝူးဟာ သူ့ခေတ်သူ့အခါက တကယ်တော်ခဲ့တဲ့ ဆရာတစ်ပါးပါပဲ။ ရုပ်ရှင်ကိုတောင် ရိုက်နေရင်းမှ ဇာတ်ညွှန်းရေးခဲ့တဲ့သူ တစ်ယောက်ပါ။ နောက်ဒီရုပ်ရှင်ကို ရိုက်ရာမှာ ပီပီပြင်ပြင်ရှိစေဖို့ ဂျွန်ဝူးဟာ တကယ့်သေနတ်အစစ်တွေသုံးပြီး ရိုက်ခဲ့တယ်။ လမ်းမပေါ် ရိုက်တဲ့အချိန်ဆို ဖြတ်သွားဖြတ်လာ လူတွေကတောင် ဓားပြတိုက်နေတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါပဲ။ 1991မှာ အနောက်ကလူတွေက ဒန်ဇယ်ဝါရှင်တန်နဲ့ Remakeလုပ်ဖို့ ကြံခဲ့ကြပါတယ်။ နောက်ကျ ဟောလိဝုဒ်က ဒန်ဇယ်နဲ့ Remake လုပ်ဖို့ အဆင်မပြေတော့ ကီယာနူးရိဗ်ကို ငှားခဲ့ပေမဲ့ သူကတော့ ငြင်းလိုက်ပါတယ်။ မငြင်းရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ သို့ပေမဲ့ ကီယာနူးရိဗ်ဟာ John Wickမှာမှ The Killerကို Inspiration ယူခဲ့တယ်။ အစမှာတော့ ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ပြောကြတာကို နည်းနည်းလွန်တယ် ထင်မိပေမဲ့ ဇာတ်အသိမ်းမှာတော့ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး။ ဒါရိုက်တာဟာ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ့် အရသာတစ်ခုကို ထပ်ဆောင်းပေးခဲ့လိုက်ပြီ။ ဒီအရသာက ကျွန်တော် ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့ အရသာတစ်ခုပဲ။ ရုပ်ရှင်အပြီးမှာ တစ်ခုသောစာသားကလေးကိုပဲ ကျွန်တော် ပြေး သတိရမိတယ်။ ” ဘဝသည် နာကျင်ဖွယ်အတိနဲ့ ကြင်နာတတ်ကြောင်း ပြလိမ့်ဦးမည်”တဲ့…… (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 890MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 51Min Type – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.8 1989 110 mins
The Killer
The Face Reader
6.8

အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ) File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ….. History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna

6.8 2013 140 mins
The Face Reader
The Platform 2
6.2

The Platform 2 (2024) 2019 ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင် The Platform ရဲ့ အဆက် ဒုတိယရုပ်ရှင် ထွက်လာပါပြီ။ အဆက်ထွက်တဲ့ ရုပ်ရှင်တွေဟာ ပေါသွားတတ်တယ်ဆိုပေမဲ့ ဒီတစ်ခါမှာတော့ ပထမရုပ်ရှင်ကို ပိုပြီး ပြီးပြည့်စုံစေတဲ့ ဇာတ်လမ်းအနေနဲ့ထွက်ရှိလာပါပြီ။ ပထမကားဒါရိုက်တာဖြစ်တဲ့ Galder Gaztelu-Urrutia ပဲ ရိုက်ကူးထားတာပါ။ ဒုတိယကားဆိုပေမဲ့ Trimagasi နဲ့ Goreng တို့ရဲ့စကားအရ ပလက်ဖောင်း-၁ (၂၀၁၉) မစခင် ရှေ့နှစ်ပိုင်းကာလကို ရိုက်ကူးထားတယ်လို့ ယူဆရပါတယ်။ ဇာတ်လမ်းအကျဉ်း (၁ ရော ၂ ရော မကြည့်ရသေးတဲ့သူတွေ ဖတ်ဖို့ပါ) ဇာတ်လမ်းရဲ့ သဘောတရားကတော့ ထောင်တစ်ခုရှိတယ်။ ထောင်ထဲမှာ အကျဉ်းခန်းတွေကို တစ်ထပ်တစ်ခန်းဆီ မျှော်စင်ကြီးလိုတည်ဆောက်ထားတယ်။ နေ့တိုင်း အဲဒီ အထပ်တွေကို အပေါ်ဆုံးကနေ အောက်ဆုံးအထိ စားစရာတွေပါတဲ့ ပလက်ဖောင်းဆိုတဲ့ အခင်းပြားကြီးကို ချပေးတယ်။ တစ်ထပ်မှာ စားသောက်ချိန် မိနစ်ပိုင်းပဲရပြီး စားစရာတွေကို သိမ်းထားခွင့်လည်းမရှိဘူး။ ဒီတော့ အပေါ်ဆုံးကလူတွေက စားချင်တာတွေကို အားရပါးရစားတယ်။ အောက်ရောက်လေလေ ရွံစရာအကြွင်းအကျန်တွေပဲ ရှိလေလေပဲ။ အောက်ဆုံးထပ်ကလူတွေဆိုရင် ငတ်မွတ်ပြီး အချင်းချင်းပါ သတ်စားရတဲ့အခြေအနေဖြစ်လာတယ်။ ဒါပေမဲ့ ဒါက တသမတ်တည်းမဟုတ်ဘူး။ တစ်လကို တစ်ခါ အကျဉ်းသားတွေကို မေ့ဆေးပေးပြီး အထပ်တွေကို ကျပမ်းပြန်လဲပစ်တဲ့အတွက်၊ အပေါ်ဆုံးရောက်တဲ့လူတွေက အောက်ကလူတွေကို တဖန် အကျင့်ပြန်ယုတ်ပြီး သံသရာလည်နေတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီသံသရာကို ချိုးဖျက်ပြီး လူတွေအားလုံး တန်းတူစားနိုင်ဖို့ ကြိုးစားတဲ့လူတစ်ယောက်အကြောင်းနဲ့ လူတွေရဲ့ စိတ်ရိုင်းနဲ့ စရိုက်တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်ကို ကြည့်ရမှာပါ။ ဒုတိယရုပ်ရှင်ကတော့ အဲဒီ ပထမဇာတ်လမ်းရဲ့ နောက်ဆက်တွဲတွေကို ရိုက်ကူးပြထားတာပါ။ The Platform 2 ဇာတ်လမ်းအကျဉ်း (၁ ကြည့်ပြီးသူများသာ ဖတ်ပါ) ဒီရုပ်ရှင်က ပထမဆုံး ရုပ်ရှင်ကို ဘာလို့ ပြီးပြည့်စုံသလဲဆိုရင် ပထမရုပ်ရှင်ကို ကြည့်ခဲ့တဲ့လူအားလုံးရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေပေးလို့ပါပဲ။ လူတွေအကုန် မျှမျှတတစားကြမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာပေါ့။ ဒုတိယရုပ်ရှင်မှာတော့ ပထမဆုံးရုပ်ရှင်ရဲ့ မင်းသား ကြိုးစားခဲ့သလိုပဲ မျှတစွာစားသုံးရေး နည်းလမ်းကို ယုံကြည်သူတွေ ရှိနေပါတယ်။ သူတို့ကိုယ်သူတို့ သစ္စာရှင်တွေလို့ ခေါ်ကြတယ်။ အဲဒီလူတွေက ဒီနည်းလမ်းကို စပြီးဖော်ဆောင်ခဲ့တဲ့ ပရောဟိတ်ကို ဘုရားလို ကိုးကွယ်ပြီး ထောင်တစ်ခုလုံးကို ဥပဒေထုတ်ထားပါတယ်။ ကိုယ်မှာခဲ့တဲ့ အစားအစာပဲ စားရမယ်။ သူများဟာကိုမစားရဘူး။ သေသွားတဲ့လူဟာကိုတောင် မစားရဘူးစသဖြင့်ပေါ့။ စည်းကမ်းဖောက်တဲ့လူရှိရင်လည်း အပေါ်ထပ်တွေကနေ လူစုပြီး လာသတ်ကြတယ်။ ထောင်တစ်ခုလုံးကို တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတယ်။ အဲဒီတော့ ထိန်းချုပ်မှုထဲမှာ ပါလာတဲ့ မတရားတာတွေ အစွန်းရောက်တာတွေကို မခံနိုင်တဲ့လူတွေက အရင်အတိုင်း နိုင်ရာစားအခြေအနေကို ပြန်သွားနိုင်ဖို့ တော်လှန်ကြပြန်တယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာပေါ်က နိုင်ငံရေးသဘောတရားမျိုးစုံ အားပြိုင်နေပုံနဲ့ ဘယ်သဘောတရားမဆို အစွန်းရောက်နေသရွေ့ လူဆိုတဲ့အမျိုးရဲ့ မကောင်းတဲ့သဘာဝတွေပါနေသရွေ့ ချို့ယွင်းချက်တွေရှိနေမှာပဲဆိုတာ မီးမောင်းထိုးပြထားသလိုပါပဲ။ (အားလုံးသေမှအေးမယ်) ပြီးတော့ ပလက်ဖောင်းထောင်ဟာ အဖြေမရှိတဲ့ ငရဲတွင်းတစ်ခုလိုပဲဆိုတာကို မြင်ရမှာပါ။ အဲဒီထက်ပိုပြီး မသိမသာ မက်ဆေ့ပေးချင်တာကတော့ အထပ်အရေအတွက်နဲ့ လူအရေအတွက်ပါပဲ။ ၃၃၃ ထပ်မှာ ၂ ယောက်စီ နေတာကြောင့် စုစုပေါင်း အကျဉ်းသား ၆၆၆ ယောက်ရှိပါတယ်။ ဒါဟာ ငရဲကို ကိုယ်စားပြုတဲ့နံပါတ်ပါပဲ။ ကျန်တဲ့မက်ဆေ့တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင် ဆက်ကြည့်လို့ရတာမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB, 655MB Quality – 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 39Min Genre – Horror, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.2 2024 101 mins
The Platform 2
Lubuk
6.7

Lubuk (2024) ***************** အခုတစ်ခါမှာတော့ Lubuk ဆိုတဲ့ Thriller ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီကားလေးဟာ အိမ်ခြေယာခြေမဲ့လူတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဂေဟာကြီးက စပွန်ဆာပေးတဲ့သူတွေကြောင့်လည်ပတ်နေပြီး အဆောင်သူ အဆောင်သားတွေက ပျော်ရွှင်​စွာနေနေကြပါတယ်။ ဂေဟာကို အဆောင်သားသစ်တစ်ယောက်ရောက်လာတိုင်း အဆောင်သားဟောင်းတစ်ယောက်ကလျော့သွားတတ်တဲ့တိုက်ဆိုင်မှုလေးတွေကစပြီး ဂေဟာကြီးရဲ့ ထူးဆန်းမှုကို အဆောင်သားတွေ သတိထားမိလာကြပါတော့တယ်။ ဘယ်လိုထူးဆန်းမှုမျိုးလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်​ရအောင်ပါ။ ဇာတ်လမ်း​အစကနေအဆုံးအထိတဖြည်း​ဖြည်း​ချင်းဇာတ်ရှိန်တက်လာမယ့် Thriller​ကားလေးမို့လို့ ဇာတ်ကား​ကောင်းကြိုက်နှစ်သက်သူတွေအတွက်အကြိုက်ဖြစ်စေမှာပါ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်) File size…1.16GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Thura Mg Mg Encoded by AHtet

6.7 2024
Lubuk
YMCA Baseball Team
6.3

YMCA Baseball Team (2002) ************************** ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho , Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့ Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့ Comedy , Drama , Sports ကားလေးပါ .. ဇာတ်လမ်းအကျဉ်း **************** ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာ သံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက် တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာက ဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် .. အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား .. ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကို ဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊ မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. (အညွှန်းကို Lucien မှ ရေးသားထားပါတယ်) File size…1.68GB / 775MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Historical, Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet

Comedy • Romance
6.3 2002 104 mins
YMCA Baseball Team
Bangkok Traffic Love Story
6.5

Bangkok Traffic (Love) Story (2009) *********************************** ဘန်ကောက်မြို့ဆိုတာ ထိုင်းနိုင်ငံရဲ့ သိပ်စည်ကားတဲ့မြို့ဖြစ်သလို စည်ကားသလောက် လမ်းလည်းအရမ်းပိတ်လို့ ရုံးတက်ရုံးဆင်းချိန်ဆို ကားလမ်း ရထားလမ်းမှာ လူအပြည့်နဲ့ သိပ်ကိုစိတ်ရှုပ်ရတဲ့မြို့လေးပေါ့…ဒါပေမဲ့ ဒီလိုလမ်းမထက်မှာ သိပ်ကိုရိုးရှင်းပေမဲ့လှပတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးပါသတဲ့…အခုတင်ဆက်ပေးမှာကတော့ The root ထဲက နှုတ်ခမ်းနီမလေးတို့အသည်းစွဲ မမChrisနဲ့ မင်းသားကြီး Theeradejတို့ရဲ့ တစ်ချိန်ကအတော်လေးနာမည်ကြီးခဲ့တဲ့ Bangkok Traffic love storyဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ဒီဇာတ်လမ်းလေးရဲ့ သဘောကျစရာကောင်းတဲ့ အချက်ကတော့ ဒရာမာနည်းနည်းနဲ့ လက်တွေ့ဆန်ပြီးတော့ အခွီလေးတွေ အလွဲလေးတွေနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အလှဆုံးပုံဖော်ထားတာဖြစ်လို့ မရှုစားရသေးဘူးဆိုရင်တော့ လက်လွတ်မခံဘဲ အခုပဲ ရှုစားလိုက်ကြပါစို့… ဇာတ်လမ်းကျဉ်း ———— အပျိုကြီးလည်းဘာဖြစ်လဲ သူငယ်ချင်းတွေနဲ့ပျော်မယ် တစ်ကိုယ်တည်းတောက်ပမယ်ဆိုပြီး ဇက်ဇက်ကြဲခဲ့တဲ့မေလီတစ်ယောက် အသက် 30 အရောက် သူငယ်ချင်းတွေက ဆိုင်သူကိုယ်စီရှိသူကရှိ ယောက်ျားယူတဲ့သူကယူဖြစ်လာတဲ့ချိန်မှာတော့ မကြီးမငယ် ကြေကွဲမမဘဝရောက်ရပါတော့တယ်…ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကနေ အထီးကျန်စိတ်နဲ့ ပျော်တဲ့စိတ်ရောပြီး မူးမူးနဲ့ကားမောင်းပြီးအပြန်မှာ အက်ဆီးဒင့်ဖြစ်ရာကတစ်ဆင့် သူ့ကိုကူညီပေးဖို့ ရောက်လာတဲ့ သူ့ဘဝရဲ့ နတ်သားလေးလုန်နဲ့ ဆုံတွေ့ရဖို့ ဖြစ်လာပါတော့တယ်…ဒါပေမဲ့ ထိုင်းတရုတ်နွယ်ဖွားအိမ်က တစ်ဦးတည်းသောသမီးပီပီ အမေအဖေတွေ အဘွားတွေရဲ့ ဆုံးမမှုတွေကြား ဗိုင်းကောင်းကျောက်ဖိနေခဲ့ရတဲ့သူမလို့ ယောက်ျားလေးကို မိန်းကလေးဖြစ်ပြီး စ’မကြူရဘူးဆိုတာကို အရိုးစွဲနေတဲ့မေလီတစ်ယောက် အမေဖြစ်သူက လွန်ခဲ့တဲ့ ၁၇နှစ်က ဂျင်းထည့်ခဲ့တယ်ဆိုတာ သိသွားပြီး လုန်ကိုရေ‌လာမြောင်းပေးလုပ်ဖို့ အကွက်တွေမျိုးစုံဖန်ပါတော့တယ်…ဒါပေမဲ့ မူခဲ့တာ အသက် 30 ထိတိုင်ခဲ့တာမလို့ အလွဲလွဲအချော်ချော်တွေနဲ့ပဲ စခဲ့ရတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာချိန်ဟာ ဘယ်လောက်ထိလှပမလဲ… ညဘက်မှာပဲအလုပ်ဆင်းရတာကြိုက်တဲ့ ရထားအင်ယာ ကိုရေခဲလုန်နဲ့ အမြဲတလွဲလုပ်တတ်တဲ့ ဆိုလာဆဲလ်အရောင်းစာရေးမလေးမေလီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လိုလှပစွာ ပုံဖော်ထားလဲဆိုတာ အခုပဲCMနဲ့အတူ ပြန်လည်ခံစားလိုက်ရအောင်ပါ… ဇာတ်လမ်းအကျဉ်းကို Mary မှ ရေးသားပေးထားပါတယ် File Size : 2.67GB / 944MB Quality : WEB-DL 1080p 5.1ch / 720p Duration : 02:06:00 Genres : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Adventure • Animation • Drama • History
6.5 2009 126 mins
Bangkok Traffic Love Story
Risky Business Modal Nekad
6.9

Risky Business (2024) IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။ အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။ အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Thriller • Crime • Mystery
6.9 2024 107 mins
Risky Business Modal Nekad
The Stone

ကြမ္မာငင်တဲ့ အဆောင် ============== ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့အယူအဆတွေကနေ ဆင်းသက်လာတဲ့ အဆောင်လက်ဖွဲ့ဆိုတဲ့အရာတွေ ထိုင်းနိုင်ငံမှာ ဘယ်လောက်ခေတ်စားတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ နှစ်ပေါင်းများစွာ ဘုရင်တွေလက်ထက်ကတည်းက အဆောင်တွေလက်ဖွဲ့တွေရှိခဲ့တာဖြစ်လို့ အဲဒီခေတ်ကအဆောင်အစစ်သာမှန်ရင် ရှေးဟောင်းပစ္စည်းတွေဖြစ်လို့ တန်ဖိုးကလည်းမသေးဘူးပေါ့။ ဒီလိုနဲ့ပဲ အဆောင်ရောင်းဝယ်ရေးဟာ ကျောက်မျက်ရတနာတွေလို ဈေးကွက်နဲ့ အရောင်းအဝယ်ဖြစ်တဲ့အထိပါပဲ။ အေး ဆိုတဲ့ကောင်လေးဟာ အဖေဖြစ်သူ ဦးနှောက်ခွဲစိတ်မှုအတွက် ဆေးကုသစရိတ်မရှိလို့ အကြံအိုက်နေတုန်း ဇင်ပါရာဒိုက်စ်က အဆောင်အစစ်ဟုတ်မဟုတ် စစ်ဆေးတဲ့လိုက်ဖ်ကိုကြည့်မိရာကနေ အဖေ့ရဲ့ အဆောင်တွေ လှန်လှောရှာပြီး သွားရောင်းပါတော့တယ်။ သူ့ရဲ့အဆောင်တွေထဲမှာ အဆောင်လောကရဲ့ အဖိုးတန်ဆုံးလို့ပြောရမဲ့ ဆုန်ဒေ့ဝပ်ခရန်အဆောင်လည်းပါတာပေါ့။ (မင်းဆွေမင်းမျိုးတွေ ကိုးကွယ်တဲ့ ထိုင်းထွက်ရပ်ပေါက် ဘုန်းကြီးရဲ့ပုံတော်ပါ) ဒီလိုနဲ့ အေး တစ်ယောက် အစ်ကိုဇင်ဆီ အဆောင်တွေသွားပြတုန်းမှာ အစ်ကိုဇင်က ပါချီပါချက် မနူးမနပ်ကောင်လေးကို အပြတ်နှပ်မလိုကြံနေတုန်း မွေဆိုတဲ့ကောင်မလေးရောက်လာပြီး ဆုမ်ဒေ့အဆောင်က အစစ် သန်းတစ်ရာလောက်တန်တယ်လို့ပြောတဲ့အခါ… တုတ်ပြီးဓားပြီးတယ်လို့ နာမည်ကြီးနေတဲ့ ဒဏ္ဍာရီလာ သူဌေးရတ်ရဲ့အဆောင်၊ နှစ်ဆယ်ချီပျောက်ကွယ်နေရာကနေ ဈေးကွက်ထဲပြန်ပေါ်လာချိန် အေးတစ်ယောက် လောဘသားကောင်တို့ရဲ့ပစ်မှတ် ဖြစ်မှန်းမသိ ဖြစ်လိုလာချိန်မှာတော့…. File size…(2.6 GB)/(962 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:59:00 Genre… Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mary, DaoPhyo, Okka & KIM

Crime • Drama
0 2025 125 mins
The Stone