YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Imitation Episode 11 1080p(CM).mp4

675.55 MB N/A video/mp4 967 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
Air Bud
5.5

"ခွေးလေးတွေဆိုတာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေ" ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ကောင်လေးတစ် ယောက်နဲ့ ခွေးလေး တစ်ကောင်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ချစ်စရာ၊ သနားစရာ တွေ့မြင်ကြရမှာပါ။ ဂျော့ရှ်ဆိုတဲ့ ကောင်လေးဟာ ဖခင်ဆုံးပြီးတဲ့နောက် မပျော်မရွှင်နဲ့ စိတ်ဓာတ် တွေကျနေသူပေါ့။ ကျောင်းမှာလည်း အဆင်မပြေသလို သူကြိုက်တဲ့ ဘတ် စကတ်ဘောကိုတောင် မကစားတော့ပါဘူး။ တစ်နေ့တော့ ဂျော့ရှ်ကိုစိတ်ဓာတ် တွေတက်ကြွ ပျော်ရွှင်လာစေတဲ့ သူတစ်ဦးပေါ်လာပါတယ်။အဲဒါကတော့ Golden Retriever ခွေးလေးတစ်ကောင်ပါ။ ဘာဒီလို့နာမည်တွင်သွားတဲ့ အာဝုလေးနဲ့ ဂျော့ရှ်တို့ကြားက သံယောဇဉ်ကတော့ ဘတ်စကတ်ဘော သံယောဇဉ်လို့ ပြောရမလိုပါပဲ။ ဘာဒီဟာ ဘတ်စကတ်ဘောကစားရာမှာ ဂိုးသွင်းနိုင်တဲ့အထိ ကျွမ်းကျင်လိမ္မာတဲ့ ခွေးလိမ္မာလေးပါ။ ဒီလိုနဲ့ ဘာဒီဟာ ဂျော့ရှ်တို့ရဲ့ကျောင်းဘတ်စကတ်ဘောအသင်းနဲ့ ဘယ်လိုပါ၀င်ပတ်သက်လာမလဲ၊ သူတို့နှစ်ဦး ဘယ်လိုတွေ သံယောဇဉ်နှောင်တွယ် ကြမလဲ၊ ဘာဒီရဲ့ပိုင်ရှင်ဖြစ်သူဆိုတာ ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ချစ်စရာ၊ ရယ်စရာမောစရာ၊ သနားစရာ၊ ရသစုံစုံလင်လင် ကြည့်ရှု ခံစားရမှာပါ။ အဲဒါကြောင့် အာဝုချစ်သူတွေသာမက ချစ်စရာကောင်းတဲ့ ဒရမ်မာ ဇာတ်ကားမျိုး ကြိုက်တတ်တဲ့သူတွေပါ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးအဖြစ် ညွှန်းပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.11 GB) / (970 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Family Translator.......C'mon Encoder..........Zin Phyo Aung

Family • Romance
5.5 1997 98 mins
Air Bud
In from the Side
6.8

မာ့ခ်ဟာ ရက်ဂ်ဘီအသင်းက ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းပွဲစဉ် ပြီးဆုံးလို့ ကလပ်တက်ကြတဲ့အခါအမှတ်မထင် ဝါရန်နဲ့ တွေ့ဆုံခဲ့ပါတယ် ထိုတွေ့ဆုံမှုကနေ အစပျိုးခဲ့တဲ့ သူတို့ဆက်ဆံရေးဟာ တကယ်တော့ ရပ်တန့်ပစ်ရမှာပဲဖြစ်ပါတယ်။ အကြောင်းကတော့ မာ့ခ်နဲ့ ဝါရန်မှာ ကိုယ်ဆီကိုယ်ငှဆိုင်သူရှိနေကြလို့ပါ။ သူတို့ရဲ့ ဇာတ်လမ်းလေးကို တိတ်တဆိတ်ပဲ ဆက်လှုပ်ရှားမှာလား… ပတ်ဝန်းကျင်က သတိထားမိသွားမလား… အသိ သတိကပ်ပြီး စိတ်ကို ချုပ်တည်းသွားနိုင်မလားဆိုတာကို ကြည့်ရှုရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.4GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:04:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

6.8 2023 134 mins
In from the Side
So Different
4.8

So Different (2009) =============== ဒီ‌တစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်‌နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။ စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Jaka ဖြစ်ပါတယ်) File Size……….(2.17 GB) / (927 MB) / (554 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Jaka Encoder……….SWM

4.8 2009
So Different
Haunted Mansion
6.2

သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023) ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။ တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6.2 2023 123 mins
Haunted Mansion
Bottom of the Water

Bottom of the Water (2023) horror ဇာတ်လမ်းမှကြည့်ချင်သူတွေအတွက် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ညီအစ်မနှစ်ယောက်က အမေမှာထားတဲ့စကားကို နားမထောင်ရာကနေ ရေကန်ကနေ ရေသရဲ ပါလာပါတော့တယ် တစ်နေ့တခြား အခြေအနေပိုဆိုးလာတဲ့ သမီးငယ်ကို သရဲဝင်ပူးရာကနေ ကာကွယ်နိုင်အောင်လုပ်ပေမဲ့ အမေဖြစ်တဲ့သူကလည်း သူငယ်ပြန်တဲ့ရောဂါဖြစ်လာတဲ့အခါမှာ… အကြီးမလေး ဂါယောင်းက အဲဒီပြဿနာကိုဘယ်လိုကိုင်တွယ်မလဲ.. ရေသရဲလက်ထဲကနေ ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်… အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 935MB | 356MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2023
Bottom of the Water
Family Drama
6.5

Family Drama (2024) ဒရာမာမိသားစု IMDb-6.6/10 အိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်‌ယောက်တည်းရဲ့ ကြပ်တည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေး အနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။ အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီး မြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊ သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲ ဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ‌ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့ လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

6.5 2024
Family Drama
Scooby-Doo! in Where’s My Mummy?
6.6

အီဂျစ်က ပြန်လည်ထူထောင်ရေးစခန်းမှာ မထင်မှတ်ထားဘဲ ဘုရင်မကလီယိုပတ်ထရာရဲ့ ရှေးဟောင်းလိုဏ်ဂူကို ‌တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ထူးဆန်းထွေလာဖြေရှင်းကြတဲ့ စကူဘီတို့ဟာလည်း အခင်းဖြစ်ရာနေရာကို တစ်လက်စတည်း ရောက်ရှိသွားကြပါတော့တယ် ကျိန်စာတွေအထပ်ထပ်ခတ်ပြီး ထောင်ချောက်တွေနဲ့ စနစ်တကျစီမံထားတဲ့မသေမျိုးမံမီစစ်သည်တွေရှိနေတဲ့ဂူထဲမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေဖြစ်နေတာလဲ အဲဒီဖြစ်ရပ်ဆန်းတွေကို စကူဘီတို့အုပ်စု ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ movie တစ်ခုပဲဖြစ်ပါတယ် File Size : 1.8 GB, 868 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

Comedy • Drama
6.6 2005 75 mins
Scooby-Doo! in Where’s My Mummy?
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
My Annoying Brother
8.3

My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး ================================= ၂၀၁၆ က နာမည်ကြီးခဲ့တဲ့ ” My Annoying Brother” ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့ အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာ ပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာ ကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။ အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကို အကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီး ထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။ အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့ အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သား အလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်း သွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီး လောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့………… သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ရင်ကိုထိခတ်စေတဲ့ ညီအစ်ကိုသံယောဇဉ်နဲ့အတူ ကြည့်ရှုအားပေး ခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ToMo~Cym~KKKZ~STAR တို့ပဲဖြစ်ပါတယ်။

Drama • Thriller
8.3 2024 114 mins
My Annoying Brother
The Dish
7.2

The Dish (2000) IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။ Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind. ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး ‌နီးလ် အမ်စ‌ထရောင်းပြောခဲ့သလို “လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ” ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ၁၁ကြိမ်မြောက်မှာ လပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ခုနေ ယူကျုဘ်ကနေ First Moon landing ဆိုရှာရင် ခုန်ပေါက်ပြနေတဲ့ အာကာသယာဉ်မှူးကို မြင်ရမှာပါ။ ဒီ ရုပ်ပုံတွေကို ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာရော သင်သိပါသလား။ အဲဒီလို ပြသနိုင်အောင် အဓိကစွမ်းဆောင်ခဲ့တာကတော့ အခု ရုပ်ရှင်ရဲ့ ခေါင်းစဉ် The Dish ပါ။ ရေဒီယိုတယ်လီစကုပ်တစ်ခုဖြစ်ပြီး ဩစတြေးလျနိုင်ငံ ပက်စ်မြို့လေးရဲ့ သိုးစားကျက်ကွင်းအလယ်မှာရှိပါတယ်။ အဲဒီ’စလောင်း’ကို အသုံးပြုပြီး Moon walking လုပ်တာကို အခက်အခဲတွေကြားက ရအောင် ထပ်ဆင့်လွှင့်ပေးနိုင်ဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး တကယ့် နေရာ၊ တကယ့်စလောင်း နဲ့ တကယ့် Footage တွေကို ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းကိုအများကြီး မညွှန်းလိုပေမယ့် သူ့ခေတ်သူ့အခါက နာမည်ကြီး သရုပ်ဆောင်တွေ၊ နိုင်ငံရေးအပါအဝင် ပျက်လုံးတွေထုတ်ပုံ၊ အင်္ဂလိပ်စကားကိုပဲ ဩစီ နဲ့ အမေရိကန်ပြောပုံမတူလို့ စကားပြန်နဲ့ပြောရပုံတွေ၊ Moon landing လုပ်ပုံတွေကို ရှုစားရမှာပါ။ သရုပ်ဆောင်တွေ အ‌နေနဲ့ ဒိုင်နိုဆောဆရာကြီး Sam Neill က ဦးဆောင်ထားပြီး Roy Billing, Patrick Warburton, Kevin Harrington, Tom Long နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒါရိုက်တာက Rob Sitch ဖြစ်ပါတယ်။ Nominations ၁၀ ခု ဝင်ထားပြီး Soundtrack, Music နဲ့ screen play ဆု သုံးခု ရထားပါတယ်။ တစ်ကားလုံးမှာ ပျင်းစရာမပါအောင်ပြသွားသလို အကြိုက်ဆုံးစကားတစ်ခွန်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ “ရှုံးနိမ့်ခြင်းဆိုတာ နောင်တလောက် ကြောက်စရာကောင်းတဲ့ အရာမျိုးမဟုတ်ဘူး” (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, History Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

7.2 2000 101 mins
The Dish
Who’s Watching Us
5

Who’s Watching Us ဆိုတဲ့ ဇာတ်ကားလေးဟာ ၂၀၂၄မှာထွက်ထားပြီး ဒါရိုက်တာ Denise Mone’t မှ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ Harris ဆိုတဲ့မိသားစုလေးအကြောင်းနဲ့ အစပြုထားပါတယ်။ Jasmine Harris ရဲ့အဖေနဲ့အမေဟာ မွေးနေ့ပွဲအတွက် လင်မယားနှစ်ယောက်တည်းအပြင်မှာညစာသွားစားဖို့ အစီအစဥ်ဆွဲထားကြပါတယ်။ သို့သော်လည်း Jasmine နဲ့ Micah တို့ မောင်နှမနှစ်ယောက်ကို စောင့်ရှောက်ထိန်းပေးနေကျ ကလေးထိန်းဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့ တဲ့အခါ ကလေးထိန်းအသစ်တစ်ယောက်ကို ခေါ်ခန့်လိုက် ရပါတော့တယ်။ ကလေးထိန်းအသစ် ဖြစ်တဲ့ Ruth ဟာ မူမမှန်တာကြောင့် Jasmine ဟာတစ်ခုခုမှားနေကြောင်း သတိထားမိသွားပါတယ်။ ထို့ နေ့ည Jasmine တို့အိမ် မှာ ဘာတွေဖြစ်ပျက်သွားမလဲ… Jasmine ဟာလည်းတစ်ခုခုမှားနေကြောင်းကိုရှာဖွေ တွေ့ရှိသွားမလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သည်းထိတ်ရင်ဖိုနှင့်စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ File size… (620 MB) / (377 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 21m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Action • Science Fiction • Adventure
5 2024 81 mins
Who’s Watching Us
Tomb Guardians
5.6

ရှေးခေတ်တရုတ်တွေရဲ့ ရိုးရာအရ ဘုရင်ကြီး အမတ်ကြီးတွေ သေဆုံးတဲ့အခါမှာ သင်္ချိုင်းအကြီးကြီးဆောက်ကြပြီး ရတနာအများအပြားကိုလည်း ထည့်မြှုပ်ခဲ့တတ်ကြပါတယ်။ အဲဒီရတနာတွေကို ခိုးယူဖို့ သင်္ချိုင်းဖောက်သူတွေလည်းရှိပါတယ်။ အဲဒီသင်္ချိုင်းဖောက်သူတွေရန်က ကာကွယ်ဖို့အတွက် သင်္ချိုင်းတွေတိုင်းမှာ အကာအကွယ် အစီအရင်တွေ ထောင်ချောက်တွေ ချထားတတ်ပါတယ်။ ၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ ဟူပါးရီး၊ ဝမ်ခိုင်ရွှမ်၊ ရွှယ်လီယန်တို့ရဲ့ သူငယ်ချင်းဖြစ်သူ တာ့ကျင်းယာဟာ ရုတ်တရက်အဆိပ်မိပြီး အသက်အန္တရာယ်ရှိနေခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အသက်ကို ကယ်ဖို့အတွက် သူတို့ ၃ ယောက်ဟာ စီချွမ်းက ဝူးရှာတောင်ကြား ချင်းရှီးရွာကို ဖြေဆေးရှာဖို့ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားဘဲ နှစ်ပေါင်းများစွာ ကြံစည်ခဲ့တဲ့ ကလဲ့စားချေမှုတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရတဲ့အခါ…… ဟူပါးရီးတို့အဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ…… သူငယ်ချင်းကို ကယ်တင်ဖို့ ဖြေဆေးကိုရော ရှာတွေ့နိုင်ပါ့မလား…… ချင်းရှီးရွာမှာရော ဘယ်လို ရင်နင့်စရာ ဇာတ်လမ်းမျိုး ရှိနေမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Thriller
5.6 2025
Tomb Guardians
Heads of State
6.7

IMDb Rating (6.5) / Rotten Tomatoes (68 %) အားလုံးရဲ့အချစ်တော် John Cena ကြီးကတော့ Heads of State ဆိုတဲ့ ဇာတ်ကားနဲ့ထပ်မံပြီးတော့ ပွဲထွက်လာပြန်ပါပြီ။ ဒီဇာတ်ကားလေးကတော့ 2025 ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသား John Cena , Idris Elba , မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Ilya Naishuller ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ သရုပ်ဆောင်လုပ်ရင်း အမေရိကန်နိုင်ငံရဲ့ သမ္မဖြစ်လာသူ Will Derringer(John Cena) နဲ့အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ် Sam Clarke(Idris Elba) တို့ဟာ ရန်သူတစ်ယောက်ရဲ့ အကြံအစည်ကြောင့် သူတို့လိုက်ပါလာတဲ့ Air Force One လေယာဉ်ကြီးနှင့်အတူပျက်ကျသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး ကံကောင်းထောက်မစွာ အသက်ရှင်ပြီးတဲ့နောက်မှာ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ ဘယ်သူတွေရှိလဲဆိုတာတွေကို စုံစမ်းထုတ်ဖော်ဖို့အတွက် မတည့်အတူနေနှစ်ယောက် ပူးပေါင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ လုပ်ကြံသူတွေအနေနဲ့လည်း သူတို့အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အခါ သူတို့ကိုလိုက်ပြီးတော့ ထပ်မံလုပ်ကြံပါတော့တယ်။ Will နဲ့ Clarke တို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File Size… (7.36 GB) / (2.07 GB) / (1.12 GB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Nay

Comedy • Romance
6.7 2025 117 mins
Heads of State