YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Imitation Ep4 1080p(CM).mp4

439.84 MB N/A video/mp4 1156 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Church of Darkness
4.5

ဒီ Church Of Darkness ဆိုတဲ့ကားလေးကတော့ Horror အမျိုးအစား ကားလေးဖြစ်ပြီး လူငယ်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ ဒေးဗစ်ဆိုတဲ့ ခရစ်ယာန်ဘာသာ ယုံကြည်သူ ကောင်လေးတစ်ယောက် မစ်ရှင်ပွိုင့်ဆိုတဲ့ မြို့ကလေးကို စပြောင်းရွှေ့လာစဉ် အင်မတန်ထူးခြားတဲ့ အဆောက်အဦးတစ်ခုကို မြင်တွေ့မိရာကစတင်ထား ပါတယ်။ ဒေးဗစ်ဟာ ဘာသာရေးကို ယုံကြည်သက်ဝင်သူဖြစ်သော်လည်း လူငယ်ဖြစ် သည့်အလျောက် ဘာသာရေးအပေါ် နားလည်မှုလွဲခြင်းများလည်းရှိနေပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးများကို ပူဇော်သည့် Wheelmakerဆိုတဲ့ ဂိုဏ်းတစ်ခုကြီးစိုးနေတဲ့ မစ်ရှင်ပွိုင့်မှာ ဒေးဗစ်တစ် ယောက်ဘာတွေကြုံတွေ့ရမလဲ။ ဘယ်လိုတွေစွန့်စားရမလဲဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.0 GB) / (411 MB) / (232 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Horror Translator.......Lwin Bo Encoder..........SWM

Comedy • Drama
4.5 2022 87 mins
Church of Darkness
Werewolf by Night
7

မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း မာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် စွမ်းအားမျိုးစုံပေးနိုင်တာကြောင့်နာမည်ကြီး မုဆိုးတွေလည်း ကျောက်တုံးကို ပိုင်ဆိုင်ဖို့ အမဲလိုက်ပြိုင်ပွဲကို ရောက်လာကြပါတော့တယ်။ အဲဒီမှာပဲ သမန်းဝံပုလွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားလိုက်ရအောင်... File size…1 Gb / 400 Mb Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Thriller
7 2022 55 mins
Werewolf by Night
Shyam Singha Roy
6.4

ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကား‌ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့ တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။ အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲ မူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီး အစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ်‌ နောက်ကွယ်အမှန်တရားက အတိတ်ဘဝနဲ့‌ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ..... File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH /  720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko

Crime • Drama • Thriller
6.4 2021 157 mins
Shyam Singha Roy
[18+] La Maison
5.7

La Maison (2022) La Maison ခေါ် စံအိမ်တော်လို့ခေါ်တဲ့ ဆောင်ကြာမြိုင်လေးတစ်ခုရဲ့ ဇာတ်လမ်းပါ။ အဓိက ဇာတ်ဆောင် မင်းသမီးက စာရေးဆရာ။ သူက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ရင်း ဆောင်ကြာမြိုင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတဲ့နောက်မှာ ဆောင်ကြာမြိုင်ကို စိတ်ဝင်စားသွားပြီး ကိုယ်တိုင်အလုပ်လုပ်ရင်း နောက်ရေးမယ့်စာအုပ်အတွက် ကုန်ကြမ်းရှာပါတော့တယ်။ စာအုပ်အသစ်မရေးနိုင်သေးလို့ ကြပ်တည်းနေတဲ့အချိန်မှာ ဒီအလုပ်က ငွေရတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာပေါ့။ ဒါပေမဲ့ သူက စာရေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ဒီအလုပ်ကို ခင်တွယ်လာတယ်။ ဒီစံအိမ်ကို ခင်တွယ်လာတယ်။ အဲဒီက အမျိုးသမီးလေးတွေကို ခင်တွယ်လာတယ်။ လိင်ကိစ္စကို နဂိုကတည်းက ဝါသနာလို့ လုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ်လုပ်ကြည့်တော့မှ ဒီလောကအကြောင်း ဒီလောကကလူတွေအကြောင်း သိလာပြီး ချစ်စိတ်ဝင်သွားတဲ့ အဖြစ်လေးပါ။ အက်ရှင်ခန်းတွေမှာတော့ ကွင်းကွင်းကွက်ကွက်ပြမထားပေမဲ့ ဘုရားသခင်ရဲ့ အနုစိတ်ဖန်တီးထားတဲ့ အလှအပတွေကိုတော့ အပြည့်အဝခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 710MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 29Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

5.7 2022
[18+] La Maison
Tomb Keeper
5.9

ဒီဇာတ်လမ်းလေးတော့ နာမည်အတိုင်း သင်္ချိုင်းစောင့်တွေရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် ။ ဇာတ်လမ်းမှာထူးခြားတာက ဒီကားထဲက သင်္ချိုင်းစောင့်နေတာ ရိုးရိုးမြေပြင်ပေါ်က သင်္ချိုင်းတွေကို စောင့်တာမဟုတ်ဘဲ ရေဘေးကြောင့်နဲ့နစ်မြစ်သွားရတဲ့ ရေထဲက သင်္ချိုင်းတွေကို စောင့်ကြပ်ကြတာပဲဖြစ်ပါတယ် ။ ရှေးဟောင်းသင်္ချိုင်းတွေနစ်မြုပ်နေတဲ့နေရာက မြစ်ဝါမြစ်ရဲ့ ကြမ်းအောက်ခြေမှာဖြစ်ပြီး ထိုမြစ်ဝါမြစ်မှာ အလုပ်လုပ်ပြီး ဘိုးဘေးအမွေတွေကို ဆက်ခံနေတဲ့ သင်္ဘောဂိုဏ်းတစ်ဂိုဏ်းကလည်းရှိနေပါတယ် ။ အဲ့ဒီသင်္ဘောဂိုဏ်းမှာက ထောင်ရှား ( ရွှေကျင်တဲ့အဖွဲ့ ) , မြစ်ထဲကအလောင်းဆယ်ယူတဲ့အဖွဲ့နဲ့ ‌အလောင်းမြှပ်ပြီး သင်္ချိုင်းစောင့်အဖွဲ့ဆိုပြီးလေးဖွဲ့ရှိပါတယ် ။ မြစ်ဝါမြစ်ရဲ့လျို့ဝှက်ချက်တွေကဘယ်အရာတွေဖြစ်နိုင်မလဲ ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲ…သင်္ချိုင်းစောင့်အဖွဲ့ တွေကြားထဲက ပတ်သတ်မှုတွေကရောဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပါ CGI တွေလည်းတကယ်ကောင်းပြီး တရုတ်ရိုးရာ ပြင်္ကဒိန်ကခုနှစ်လတွေနဲ့ လုပ်ထားတဲ့ စက်ယန္တယားတွေ တခြားစိတ်ဝင်စားစရာ ရာဇဝင်တွေရော အစုံပါပါသေးတယ်။ ဆိုတော့ ‌ဇာတ်လမ်းကစလယ်ဆုံးဟာကွက်မရှိလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်

Comedy
5.9 2023
Tomb Keeper
Dinner Rush
7.2

2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ 2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။ Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.8 GB)/(941 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

7.2 2000
Dinner Rush
Lover
7.4

Lovers (2024) “တစ်စစီကျိုးပဲ့” IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလို ပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့် ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ် ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး “ဒီဗယာ” ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါ အာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့် ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ “I can fix you” ဆိုတဲ့ မိန်းကလေးပေါ့ မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊ သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်… ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ…. များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်း သူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊ အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့…. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

TV Movie • Comedy • Romance
7.4 2024 145 mins
Lover
Joshua Imai Pol Kaakha
6.1

Joshua( 2024) ကြေးစားချစ်သူ ၂၀၂၄ မှအသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.0/10 ရရှိထားတဲ့ EX ကို အသက်ပေးပြီး ကာကွယ်သွားမဲ့ ကြေးစားလူသတ်သမားကားလေး လာပါပြီ။ ဂျော့ရှ်ရွှာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကြေးစားလူသတ်သမားတစ်ဦးပါ။ ငွေသာရရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတဲ့လူမျိုးပေါ့။ ဒါပေမဲ့ ဒီလူကြမ်းကြီးမှာလည်း အတိတ်က အချစ်ဇာတ်လမ်းရှိခဲ့ပါသေးတယ်။ အဲဒါကတော့ ရှေ့နေမလေး ကွန်ဒါဗီနဲ့ပဲဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ရတဲ့သူတို့ကို ကံကြမ္မာတစ်ပတ်လည်ပြီး ပြန်ဆုံဖို့ အကြောင်းဖန်လာချိန်မှာတော့ ဂျော့ရှ်ရွှာတစ်ယောက် ကွန်ဒါဗီ့ကို သက်တော်စောင့်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ အကြီးစားမူးယစ်ဆေးအမှုကိုရုံးတင်ရမဲ့ EX ရှေ့နေမလေးကို တာဝန်အတိုင်း စာချုပ်ပြီးသည်အထိ ကာကွယ်ပေးသွားနိုင်ပါ့မလား…။ ကွန်ဒါဗီ့ရဲ့ မူးယစ်ဆေးအမှုကရော သက်တော်စောင့် ငှားရလောက်အောင် ဘာလို့သိပ်အန္တရာယ်များနေရတာလဲ…။ နှစ်ယောက်သားရဲ့ တစ်ကျော့ပြန်ဆုံစည်းမှုမှာ ရင်ထဲကမီးပွားလေးတွေ ပြန်တောက်လောင်လာဦးမလား… (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်)

6.1 2024
Joshua Imai Pol Kaakha
No Pressure
5.1

အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

5.1 2024
No Pressure
Carousel

CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်း တစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဇာတ်ကြောင်း လစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာ အလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြို ဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကို ညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။ ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်က သူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာ အုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေး အသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်း အပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာ တိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ…။ File size…1.37GB / 600MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
0 2023 93 mins
Carousel
Once Upon a Time in China IV
5.9

ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး စစ်ပွဲဆီ ဦးမတည်သွားအောင် ဘယ်လိုကြံဆောင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

5.9 1993 100 mins
Once Upon a Time in China IV
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Let’s Start a Cult

ဒီရုပ်ရှင်က နာမည်အတိုင်းပဲ cult တစ်ခုထောင်ဖို့ ကြိုးစားကြတဲ့ လူနှစ်ယောက်အကြောင်းကို ဟာသတွေနဲ့ ရောယှက်ပြီး ရိုက်ကူးထားတာပါ။ William က The Cosmic Dynasty ဆိုတဲ့ cult ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Chip ကတော့ cult ထဲက ဘယ်သူမှ သဘောမကျတဲ့ အပယ်ခံ ဖက်တီးလေးတစ်ယောက်ပေါ့။ သူတို့ cultက နောက်ဆုံးမှာ ဘုံဘဝကူးပြောင်းခြင်းဆိုပြီး မိမိကိုယ်ကို အဆုံးစီရင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း William က သူတို့အားလုံး ဘုံမကူးပြောင်းခင် Chip ကို တိပ်ခွေတစ်ခွေပေးပြီး စာတိုက်ပုံးကို သွားပို့ခိုင်းပါတယ်။ ဘာလုပ်လုပ် တလွဲဖြစ်လာတဲ့ Chip က တိပ်ခွေမပို့ရသေးခင် စာအိတ်ပျက်စီးသွားတဲ့အတွက် ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းအားလုံးသေနေကြပြီးဆိုတော့ သူ့ပစ္စည်းတွေ အကုန်မီးရှို့ပြီး အိမ်ကိုပဲ ပြန်သွားခဲ့ပါတယ်။ အိမ်ကလူတွေနဲ့လည်း အဆင်မပြေပဲ တစ်နေ့ သတင်းထဲမှာ သူတို့ cult အကြောင်းပါလာခဲ့ပါတယ်။ သတင်းကနေ Williamတစ်ယောက် မသေသေးဘဲ ထွက်ပြေးနေမှန်း သိလိုက်ရပြီး လိုက်ရှာခဲ့ပါတယ်။ William နဲ့ တွေ့တဲ့အချိန်မှာ ဒေါသထွက်နေတဲ့ Chip ကို စိတ်ပြေအောင် သူဟာ Chip မပါဘဲ ဘုံမကူးပြောင်းနိုင်လို့ သူ့ကို သေရာကနေ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာလို့ လိမ်ခဲ့ပါတယ်။ အယုံလွယ်တဲ့ Chip က William ရဲ့ အလိမ်အညာတွေကို ယုံသွားပြီး ဒီတစ်ခါ အမှန်တကယ် cult တစ်ခု အတူတူ တည်ထောင်ကြဖို့ ပြောလာပါတယ်။ ဒီလိုနဲ့ သူတို့ cult ထဲ တစ်ယောက်စ နှစ်ယောက်စ ဝင်ရင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…(1.6 GB)/(936 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama • Romance
0 2024
Let’s Start a Cult
My Sister, the Pig Lady
5.6

My Sister, the Pig Lady (2015) ****************************** IMDb….. 5.6 ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့Romantic Comedy ကိုရီးယားရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာတော့ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ Kill Me Heal Me, She Was Prettyစ တဲ့ ဇာတ်လမ်းတွဲတွေထဲမှ မင်းသမီး Hwang Jung Eum နဲ့အတူ မင်းသား Lee Jong Hyuk, မင်းသမီး Choi Ye Jin, Park Jin Juတို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ငါးဖမ်းခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ တံငါရွာလေးမှာ တစ်နေ့တော့ ငါးတွေဟာ ပင်လယ်ထဲမှာ မရှိတော့တဲ့ အထိဖြစ်သွားခဲ့ပြီး ရွာလေးဟာလည်း စီးပွားပျက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့် လူငယ်အများစုဟာ မြို့ကို အသီးသီး ထွက်ခွာသွားခဲ့ကြပေမဲ့ ရွာမှာ ကျန်ခဲ့တဲ့ လူငယ်အနည်းစုထဲက သူငယ်ချင်း သုံးယောက်ဖြစ်ကြတဲ့ ဂျယ်ဟွာ (Hwang Jung Eum), ယူဂျာ (Choi Ye Jin), မီဂျာ (Park Jin Ju)တို့ဟာ ရွာမှာ လူပျိုဆိုလို့ တစ်ယောက်တည်း ကျန်တော့တဲ့ ဂျွန်ဆော့ (Lee Jong Hyuk) ကို တိတ်တခိုး ကြိုက်နေကြပြီး ပိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့ သူတွေပါ။ ဂျယ်ဟွာကတော့ ဝက်တွေ မွေးမြူရင်းနဲ့ ချမ်းသာဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ဆိုပေမဲ့ သူ့ရဲ့ အမေဖြစ်သူဟာ ဖောက်ပြန်နေတယ်ဆိုပြီး ရွာထဲမှာ ကောလာဟလတွေ ထွက်နေခဲ့သလို အဖေဖြစ်သူကလည်း အချိန်တိုင်း အရက်မူးနေလေ့ရှိပြီး မောင်ဖြစ်သူကလည်း မကြာခဏ ရန်ဖြစ်နေတတ်တဲ့အတွက် သူ့အတွက် မိသားစု ပြဿနာတွေဟာ တစ်စတစ်စ ကြီးမားလာခဲ့ပါတော့တယ်။ ဂျွန်ဆော့ကတော့ မိသားစုပြဿနာတွေကြောင့် စိတ်ညစ်နေရတဲ့ ဂျယ်ဟွာ့ကို အမြဲတမ်း အားပေးလေ့ရှိပြီး ဂျယ်ဟွာ့ဘေးမှာ ရှိနေပေးတတ်တဲ့ သူတစ်ယောက်ပါ။ သူတို့နှစ်ယောက်ဟာ အနေနီးတာ ကြာလာတဲ့အခါမှာတော့ အဆင့်တက်ပြီး ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။။ ဒါပေမဲ့ ဂျွန်ဆော့ကို တစ်ဖက်သတ် ကြိုက်နေကြတဲ့ ယူဂျာနဲ့ မီဂျာတို့ကတော့ လက်မလျှော့ကြဘဲ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ဝင်ရောက်ချိုးဖောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဂျယ်ဟွာနဲ့ ဂျွန်ဆော့ရဲ့ ချစ်သူဘဝလေးဟာ လှပတဲ့ အဆုံးသတ်လေး ဖြစ်သွားမလား… ဒါမှမဟုတ် သူတို့ နှစ်ဦးကြားကို ဝင်ရောက်လာတဲ့ ယူဂျာနဲ့မီဂျာတို့ရဲ့ အကြံအစည်တွေကပဲ အောင်မြင်သွားမလား… ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 2.05GB/ 1.05GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:00 Genre : Comedy, Romance, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Drama
5.6 2015 102 mins
My Sister, the Pig Lady