YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Imitation.E12.End.720p.CM.mp4

528.54 MB N/A video/mp4 660 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Perfect Creature
5.3

ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့ Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွ ငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့ အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။ အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။ လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size…  1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Adventure • Family • Science Fiction
5.3 2007 90 mins
Perfect Creature
The Dead Zone
7

Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့  လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားက‌တော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ‌‌တော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့  Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ် File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama, Horror, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Drama
7 1983 103 mins
The Dead Zone
Malik
7.4

Action, Drama, Biography IMDb 8.1/10 ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့... လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား... မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ... သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့... ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့.. အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်... ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး... အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်... ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့... လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Drama • Romance
7.4 2021 161 mins
Malik
The Predator
5.6

အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo

Comedy
5.6 2018 107 mins
The Predator
Shazam!
7

ဒီဟီးရိုးကတော့ မှော်အစွမ်းကို အခြေခံထားတာပါပဲ။ Shazam လို့အော်လိုက်ရင် 14 နှစ်သားကောင်လေးအဖြစ်ငးကနေ လူကြီးအရွယ် စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာအဖွဲ့ကြီးတစ်ခုရဲ့ နောက်ဆုံးကျန်တဲ့ မှော်ဆရာဟာ ကမ္ဘာကြီးကို နတ်ဆိုး ၇ ပါးရန်ကနေ ကာကွယ်ထားရပါတယ်။ သူ့ရဲ့အစွမ်းတွေ အားနည်းလာချိန်မှာတော့ သူ့နေရာကိုဆက်ခံဖို့ စိတ်ထားကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့ တယ်။ဒီဟီးရိုးကတော့ Justice League သာ ဆက်ထွက်ခဲ့ရင် ပါလာနိုင်တာမို့ သူ့ရဲ့ မူလဇစ်မြစ်ကို ဒီကားမှာ သေချာတွေ့ရမှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (2.50 GB) , (1.20 GB) and (600 MB) Quality : Blu-Ray (1080p 5.1,720p,480p) Running Time : 2hr 12min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.Bluray.Atmos.TrueHD.7.1.x264-EVO Translated by Littleneo Encoded by THZ

Drama • TV Movie
7 2019 132 mins
Shazam!
All the Places
5.6

All the Places (2023) =============== ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထား တယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီး ရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ် ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရ နိုင်တာမဟုတ်လား။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ် ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှ ပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာ ဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှု ခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေး ဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲ ထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂) ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။ ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေ အချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေ အတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့ အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင် မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်) File Size……….(1.48 GB) / (657 MB) / (367 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Drama Translator…….Chit Min Thu Encoder……….SWM

5.6 2023 97 mins
All the Places
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
The Strange Case of a Claustrophobic Ghost

အိမ်အသစ်ကို ​ပြောင်းလာတဲ့ Nikolajဟာ ညဘက်​တွေဆို သူ့အဝတ်ဗီရိုထဲက အသံ​တွေ​ကြောင့် လန့်နိုးလာ​ရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အို​ဟောင်း​နေတဲ့ အိမ်ကြီးတလုံးလည်း ရှိ​နေပါ​သေးတယ်။ ဒါ​တွေက ဘယ်လိုချိတ်ဆက်​နေလဲ။ Nikolaj က မမြင်သင့်တဲ့ ​လောကတခုကို မြင်​နေရတာလား။ သူ့အခန်းမှာဆက်​နေလို့ မရ​ဘူးဆိုတာကို လက်မခံချင်ဖြစ်​နေတဲ့ Nikolajတစ်​ယောက် စပ်စုတတ်တဲ့ညီ​​လေးနဲ့အတူ ​ကျောင်းက သူငယ်ချင်း အသစ်​လေး Ximenaနဲ့ ဘယ်လိုပူ​ပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီ​ပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်​မှာ ကြည့်ရှုရမှာပါ​။ ကြည့်​နေကျ horror ကား​တွေနဲ့ မတူတဲ့ ဇာတ်​ကြောင်း​ပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ​ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီး​မျောနိုင်မှာပါ။ စပိန်စကား​ပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်​နေကျမဟုတ်တဲ့ ကင်မရာ ရှု​ထောင့် ​တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်​​တွေ့ရမှာပါ။ မိသားစု အတူတကွ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

0 2023
The Strange Case of a Claustrophobic Ghost
Treasure Hunting : The Palace of the North Hell
5.9

ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။ အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ…… ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ…… ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Action • Thriller
5.9 2024
Treasure Hunting : The Palace of the North Hell
Under the Sand
7

Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Family
7 2000
Under the Sand
Qayamat Se Qayamat Tak
7.4

အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။ သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။ မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ် File Size : 3.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 2hr 42min Format : Mp4 Genre : Drama, Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Boomer Encode by : Thit San Khant

7.4 1988 162 mins
Qayamat Se Qayamat Tak
The Christmas Room
6

The Christmas Room (2024) IMDb Rating (6.0) မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Grace Dorsey (Maya Jai Pinson) ဟာ ခရစ္စမတ်အတွက် မိသားစုဆီပြန်လာပြီး သူ့အဖိုးရဲ့ ကျန်းမာရေးကို ဘယ်သူမှ မစိုးရိမ်ကြောင်း သိရှိသွားတဲ့အချိန်မှာ မိသားစုအတွက် တာဝန်ယူပြီး အလေးထားဖို့ ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်က ခရစ္စမတ်ရဲ့ အဓိပ္ပာယ်အပြင် မိသားစုဆက်ဆံရေးတွေကို ထိထိမိမိ ပြသနိုင်တာပါ။ ဒါရိုက်တာ Maya Jai Pinson ရဲ့ လက်ရာဟာ ခံစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာအချိန်တွေကို ပေါင်းစပ်ပြီး ပရိသတ်တွေကို ရင်ထဲထိမှန်စေတဲ့ ဇာတ်လမ်းဖြစ်လာစေပါတယ်။ ဒီဇာတ်ကားဟာ ခရစ္စမတ်အချိန်မှာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family Duration….01:39:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

6 2024
The Christmas Room
The Way Out
6.2

သိပ်တော်လွန်းတဲ့ ပါရမီရှင်နဲ့ စိတ်ရောဂါဝေဒနာရှင်ဆိုတာကလေ စည်းလေးတစ်ခုပဲ ခြားနေတယ်ဆိုတာကိုသိကြလား… ဒီကားလေးမှာတော့ စီနီယာ ပရိုဂရမ်မာ ဟယ်လီဝေတစ်ယောက်ဟာ သူ့ရုံးမှာ သူပဲမြင်ရတဲ့ ကုလားအုတ်ဆိုတဲ့သူနဲ့အတူ ပရောဂျက်တစ်ခုကို ဒီဇိုင်းစပြီး အဆုံးသတ်ထိ တာဝန်ယူဖန်တီးခဲ့ပေမယ့်… သူဌေးရဲ့ တစ်ဖက်သတ်အမြင်ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်… ဒါပေမယ့်လည်း သူဌေးအတည်ပြုတဲ့ ပရောဂျက်မှာသုံးထားတာက သူဒီဇိုင်းဖြစ်နေပြန်တာကြောင့် သူ့ဉာဏမူပိုင်ခွင့်တောင်းရာကနေ နောက်ဆုံးမှာတော့ သူ့ကိုစိတ်ဝေဒနာသည်လို့ ခေါင်းစဉ်တပ်ပြီးတော့ စိတ်ရောဂါစင်တာကို ပို့ခဲ့တာပါပဲ… တည်ဆဲဥပဒေအရလည်း စိတ်ဝေဒနာသည်မှာ တောင်းဆိုနိုင်တဲ့ လူ့အခွင့်အရေးမရှိသလို လူ့အခွင့်အရေး တောင်းဆိုခွင့်ပြုထားတဲ့ ဥပဒေလည်း မရှိနေပြန်ဘူး… ဒါကြောင့်လည်း သူဟာ မရူးကြောင်းကို သက်သေပြဖို့ကြိုးစားခဲ့တာပေါ့… တစ်ဖက်မှာလည်း ငယ်ငယ်တည်းက မမျှတဆက်ဆံခံရတဲ့ သူ့အစ်ကိုက သူ့ကိုတစ်သက်လုံး စိတ်ရောဂါစင်တာမှာ ရှိနေစေချင်ပြန်တာကတစ်ကြောင်း တစ်ဖက်မှာလည်း ဉာဏမူပိုင်ခွင့်ကို အပိုင်သိမ်းချင်တဲ့ သူဌေးရန်ကတစ်ကြောင်းနဲ့ ဟယ်လီဝေတစ်ယောက် အကြပ်ရိုက်ခဲ့ပါတော့တယ်… ဒီလိုနဲ့ ဆေးရုံစင်တာက ထွက်ပြေးခဲ့ရင်းကနေ သူမိတ်ဆွေ ကုလားအုတ်က တကယ် အပြင်မှာမရှိဘူးဆိုတာကို သိလိုက်ရချိန်မှာတော့…

Drama
6.2 2025
The Way Out