YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ice.Age.Continental.Drift.2012.1080p.DSNP.WEB-DL 5.1 H {CM} TSK.mp4

2.22 GB N/A video/mp4 704 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Overdose
6.6

တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် ... တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ... လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ဇာတ်ကား အသစ်လေးပဲဖြစ်ပါတယ်။ Plot twist လည်း ပါသေးတာမလို့ ဒီဇာတ်ကားကောင်းလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 2.3GB, 891MB, 454MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Action, Crime, Thriller Translated by Kit Encoded by Kinnov

Action • Thriller
6.6 2022 119 mins
Overdose
To Live
8

~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~ " Directed by Zhang Yimou " အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။ ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို " မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်" ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။ ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။ To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။ To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.21GB Quality - Blu-ray 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 13Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Thriller
8 1994 133 mins
To Live
After Yang
6.5

~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~ Directed By Kogonada A24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ Poetic ဖြစ်မှုကို အတော်သဘောကျခဲ့သလိုပဲ ဒီနှစ်လည်း အရမ်းအသိရမခက်ဘဲ ကိုင်းခွဲများတဲ့ After Yang ရဲ့ Poetic ဖြစ်မှုကို တော်တော်သဘောကျမိတယ်။ Poetic Cinema ကိုကြိုက်တဲ့သူတွေ ကျိန်းသေကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်အိမ်ကတော့ ကာလတစ်ခုမှာတည်ထားတယ်။ လူဖြူအမျိုးသားနဲ့ လူမဲအမျိုးသမီးလင်မယားက တရုတ်မလေးတစ်ယောက်ကို မွေးစားထားတယ်။ ပြောရရင် လူမဲ၊လူဖြူ၊အာရှမိသားစုပေါ့။ လူမျိုးရေးအရမ်းဆန်နေသလိုဖြစ်နေပေမဲ့ ဘာလို့တရုတ်မလေးကိုမှ မွေးစားထားလဲဆိုတဲ့အကြောင်းအရာကို ပေါ်‌လွင်အောင် လူဖြူအမျိုးသားရဲ့ ဇာတ်ကောင်ကို သေချာတည်ဆောက်ထားတာပါပဲ။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ ပြောရမယ်။ သူတို့က ဒီတရုတ်မလေးကို မွေးစားလိုက်ပေမဲ့ သူ့မူလဇာတိမျိုးရိုးဖြစ်တဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုလည်းသိစေချင်တယ်။ ဘာလို့ သိစေချင်ရလဲဆိုတဲ့အချက်ကို ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ အပင်တွေနဲ့ ဥပမာပြသွားတာလေးကလည်း တော်တော်လေးလှတာပါပဲ။ ကိုင်းဆက်ထားတဲ့ အကိုင်းဟာ သူလက်ရှိတည်နေတဲ့ သစ်ပင်နဲ့ ကြာလာရင် တစ်သားတည်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်သလို မူလဇာတိသစ်ပင်ကလည်း အရေးပါတယ်တဲ့။ တရုတ်ကလေးမလေးကို ‌မွေးစားထားတဲ့ မိဘ၂ယောက်ဟာ သူတို့ကိုယ်တိုင်ကလည်း မအားကြဘူး။ ကလေးကိုလည်း သူ့လူမျိုးယဉ်ကျေးမှုအကြောင်းသိစေချင်တော့ စက်ရုပ်လို့ ပြောလို့ရသလို စက်ရုပ်လို့ပြောလို့လည်းမရတဲ့ အရာတစ်ခုဝယ်ပေးလိုက်တယ်။ TECHNO-SAPIEN တဲ့။အလွယ်ပြောရရင် နည်းပညာနဲ့လုပ်ထားတဲ့လူသားပေါ့။ သူ့နာမည်က ယန်းပါ။ တရုတ်ပုံစံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း အကုန်သိတဲ့ Techno ပေါ့။ ယန်းရဲ့အသိဉာဏ်က ထင်တာထက်မြင့်နေတော့ ယန်းဟာ ကလေးမလေးကို တရုတ်အကြောင်းသင်ပေးရုံတင်မဟုတ်ဘဲ အကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကလေးမလေးကလည်း ယန်းကို အရမ်းအားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ယန်း ရုတ်တရက်ကြီး ပါဝါကျသွားတယ်။ ဒီရုပ်ရှင်ဟာ ယန်းပါဝါပိတ်ကျသွားပြီးနောက်ပိုင်း သူတို့အခြေအနေကို ကျောရိုးတည်ပြီး ကိုင်းခွဲများစွာနဲ့ အတွေးပွားစရာပေးထားတဲ့ ရုပ်ရှင်ပါ။ After Yang လည်း Drive My Car လိုပဲ တစ်ခုထက်ပိုတဲ့ ရှု့ထောင့်ကနေ ကြည့်ရှုသူ စိတ်ကြိုက်ခံစားလို့ရတဲ့ ကားမျိုးဆိုတော့ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် အရာတွေများတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်တော်တော် သဘောကျသွားတယ်ပြောရမှာပဲ။ အထူးသဖြင့် တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကိုခံစားတဲ့အခန်းတို့ လောင်ဇူးရဲ့ ဒဿနကို အကျယ်ဖွင့်ကြတဲ့ အခန်းတို့ သစ်တောထဲ Long take ရိုက်ထားတဲ့အိပ်မက်ဆန်ဆန်အခန်းတို့ပေါ့။ လူသားတွေရဲ့ ငါဗဟိုပြုဝါဒတို့ ကလေးမွေးစားရေးနဲ့ပက်သက်တဲ့အကြောင်းတို့ကတော့ ပုဂ္ဂလိက ခံစားချက်အရတော့ သိပ်မညိလိုက်ပါဘူး။ သို့ပေမဲ့ လွတ်လွတ်လပ်လပ် ခံစားလို့ရတဲ့ရုပ်ရှင်ဆိုတော့ ညိချင်တဲ့လူ ညိချင်တဲ့နေရာညိမှာပါပဲ။ ယန်းဟာ လူမဟုတ်တဲ့ လူသားနဲ့တူအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေရဲ့ ဘဝမှာ ယန်းဟာ လူသားတစ်ယောက်လို အရေးပါနေတယ်။ ကျွန်တော့်မှာလည်း လူသားမဟုတ်ပါဘဲ လူသားတစ်ယောက်လို သံယောဇဉ်တွယ်ရတဲ့ အရာတွေရှိခဲ့ဖူးတယ်။ အရုပ်လို့တောင်မသုံးချင်တဲ့ ဝက်ဝံလေး၂ကောင်ပေါ့။ အားလုံးမဟုတ်တောင် ဒီလိုမျိုးရှိတဲ့ လူတွေရှိကြမှာပါပဲ။ လူ့ခံစားချက်ဟာ သက်ရှိခြင်းသက်မဲ့ခြင်းနဲ့ မဆိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အချိန်တစ်ခုမှာတော့ အခြေအနေအကြောင်းကြောင်းနဲ့ လက်လွတ်ရတာပါပဲ။ ဒီလိုပဲ နေသားကျအောင်နေလာကြရတာပါပဲ။ ရုပ်ရှင်ထဲ သေချာမပြသွားပေမဲ့ ယန်းမရှိတော့တဲ့နောက်မှာ (After Yang) တရုတ်ကလေးမလေး မီခါဟာ ကျွန်တော်တို့လို့ပဲ ယန်းကို လက်လွတ်တတ်ဖို့ သင်ယူသွားရမှာပါပဲ။ တစ်ချို့ကပြောကြတယ်။ အရာရာမှာ အဆုံးသတ်မရှိဘူးတဲ့။ ပေါက်ဖတ်ရဲ့ အဆုံးသတ်ဟာ လိပ်ပြာရဲ့အစလို့ဆိုကြတယ်။ ရှိခြင်းရှိဖို့ မရှိခြင်းလည်းရှိရမယ်လို့တော့ ဆိုကြတာပါပဲ။ ပသို့ပဲဆိုဆို ဒီလောကကြီးမှာ ဘာမှမရှိတော့တဲ့ အဆုံးသတ်တွေလည်း ရှိကြတာပါပဲ။ After Yang ဟာ ယန်းရဲ့ အသစ်ပြန်ဖြစ်စရာမရှိတော့တဲ့ အဆုံးသတ်ကို လက်မခံနိုင်ရင်း လက်ခံလိုက်ရတဲ့သူတွေအကြောင်းပါပဲ။ After Yang ကို ကိန်းနဲ့ Sundance တို့လို နာမည်ကျော်ရုပ်ရှင်ပွဲတော်တွေမှာ ပွဲဦးထွက်ပြထားပြီး မတ်လ၄ရက်နေ့မှာ ရုံမှာရော Streaming ပလက်ဖောင်းတွေမှာရော ပြခဲ့ပါတယ်။ "Saying Goodbye to Yang" ဆိုတဲ့၀တ္တုတိုကို မှီငြမ်းပြီး ၂၀၁၇ရဲ့ အလှပဆုံးကားတွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Columbus ကိုရိုက်ခဲ့တဲ့ Kogonada ကပဲ ရိုက်ကူးထားပါတယ်။ Poetic Cinema အရသာကို ကောင်းကောင်းရစေမယ့် Sci-Fi Drama ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 500MB Quality - Web-dl 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 36Min Genre - Drama, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 2021 96 mins
After Yang
A Ghost Story
7.1

IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw

Crime • Drama
7.1 2017 93 mins
A Ghost Story
Bedeviled
4.2

Bedeviled (2016) ============= ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။ Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.4 GB) / (500 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator……Mugiwara Ya Encoder……….SWM

4.2 2016 91 mins
Bedeviled
Bringing Down the House
5.6

Bringing down the House (2003) Genre – Comedy IMDB – 5.6/10 ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။ မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲ ရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။ American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူ လူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကို ခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက အလုပ်ပဲအရမ်းလုပ်ပြီး ကလေး ၂ ယောက်ကို အချိန်မပေးနိုင်တဲ့အပြင် ဇနီးဖြစ်သူကိုပါ ချစ်ပေမဲ့လည်း ကွာရှင်းခံထားခဲ့ရတဲ့လူပါ။ အဲဒီမှာတင် လိုင်းပေါ်ကနေ ကောင်မလေးတစ်ယောက်နဲ့ ဥပဒေအကြောင်း တိုင်ပင်ဆွေးနွေးကြပြီး အပြင်မှာပါ တွေ့ဖို့ ချိန်းထားတဲ့အထိ အဆင်ပြေ ချောမွေ့နေတာပေါ့။ တစ်ရက်ကျ အလုပ်မှာ အပေါက်ဆိုး ဂုဏ်မောက်တဲ့ဖောက်သည် တစ်ယောက်ကိုလည်း အလုပ်ကိစ္စ စာချုပ်ရအောင် ချုပ်ရမယ့်အချိန် ကလေးနှစ်ယောက်ကိုလည်း အိမ်မှာခေါ်ထားရမယ့်အချိန် မတိုင်ခင်မှာ အွန်လိုင်းပေါ်က လူဖြူကောင်မလေးနဲ့ ညစာဒိတ်ထားလို့ စောင့်နေတာပေါ့။ ဒီမှာတင် ပေါက်ချလာတာက ပုံထဲမှာ ပြထားသလို လူဖြူမချောချောလေး မဟုတ်ပဲ ထောင်ထွက် ရာဇဝတ်သား လူမည်းအမျိုးသမီးကြီး ဖြစ်နေပြီး သူ့ကို တစ်ပတ်ရိုက် ဂျင်းထည့်ပြီး ရောက်လာတာနဲ့ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်လိုမှ နှင်ချမရတဲ့အဆုံး အိမ်ပေါ်ခေါ်တင်ထားပြီး ကလေးနှစ်ယောက်နဲ့ အပြင် ဖောက်သည် စာချုပ်ချုပ်ရမယ့်ကိစ္စတွေကြား ဒီ ဘွားတော်နဲ့ ပြဿနာတွေတက် တလွဲတွေ ဖြစ်ကြပြီး ဘယ်လိုဖြေရှင်းကြမလဲ ရယ်မောပြီး ကြည့်နေရမှာ ဖြစ်ပါတယ်။ File size… 1.73 GB / 833 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Western • Action • Adventure
5.6 2003
Bringing Down the House
Carrot Cake Murder: A Hannah Swensen Mystery
6.2

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်…စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်….ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ….မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်….ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်…စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်…. နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်…ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်…. ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်…. ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

Adventure • Action • Fantasy
6.2 2023
Carrot Cake Murder: A Hannah Swensen Mystery
Brother Team / Kardes Takimi

မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ…. ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ကယ်တင်ကြမလဲ လူဆိုးတွေက ဘာလို့ သူတို့မိဘကိုဖမ်းထားတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(981 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2024
Brother Team / Kardes Takimi
Alien Hunt
4.3

Alien Hunt (2024) အမ်မလီဟာ မြို့ကြီးပြကြီးက အလုပ်မှာအဆင်မပြေတာကြောင့် နယ်မှာရှိတဲ့ သူ့အိမ်ကိုခဏပြန်လာရင်း အစ်ကိုတစ်သိုက်နဲ့အတူတောအုပ်ထဲကိုစိတ်ပြေလက်ပျောက်အမဲလိုက်ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့သွားမယ့်တောအုပ်ထဲမှာ အမျိုးသားအစောင့်တပ်ဖွဲ့အမည်ခံ သိပ္ပံပညာရှင်တစ်ယောက်နဲ့ သူ့လက်ပါးစေအမျိုးသမီးဆာဂျင်တစ်ယောက်တို့ဟာ လျှို့ဝှက်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလုပ်ဆောင်နေပြီး တောအုပ်ထဲဝင်လာတဲ့သူတွေကို သူတို့လျှို့ဝှက်ချက်ကိုသိသွားမှာစိုးလို့ နူတ်ပိတ်ရှင်းပစ်တတ်ပါတယ်။ အမ်မလီဟာ အစ်ကိုတစ်သိုက်နဲ့အတူ တောအုပ်ထဲအရောက်မှာတော့ သူတို့လိုက်စရာ အမဲတိရိစ္ဆာန်တစ်ကောင်တစ်မြီးမှမတွေ့ရပဲ အန္တရာယ်ကြီး အင်အားကြီးတဲ့ အမည်မသိသတ္တဝါတစ်ကောင်နဲ့အပြန်အလှန်အမဲလိုက်တမ်းကစားရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:21:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.3 2024
Alien Hunt
Spy Puzzle
5.6

ရှေးခေတ်သူလျှိုတစ်ယောက်ရဲ့ဘဝခရီးတစ်ခုအကြောင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ရာဇဝတ်မှုဌာနရဲ့သူလျှိုတစ်ယောက်ဖြစ်တဲ့ ချိုးရှင်းကျစ်ဟာ တစ်ဦးတည်းသောညီမလေးကို မသမာသူတွေရဲ့လက်ကနေမကယ်နိုင်ခဲ့ပဲ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲတဲ့သူလျှိုဘဝကိုစွန့်လွှတ်ချင်ပေမယ့် စစ်ဆွေခရိုင်မြို့လေးမှာ ကလေးနဲ့ ယောင်္ကျားတွေပျောက်နေတာကိုသိရတဲ့အခါ ကိုယ်ချင်းစာပြီးတော့ စစ်ဆွေဂိုဏ်းမှာ သူလျှိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုကူညီဖို့အတွက် ရိုးသားဖြောင့်မတ်တဲ့ လူဆိုးထိန်းခေါင်းဆောင်ကိုလဲ ဌာနကလွှတ်ပေးလိုက်တယ်။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ စစ်ဆွေခရိုင်ရဲ့လူပျောက်မှုကို စုံစမ်းတဲ့အခါ ဒါကလူကုန်ကူးမှုဖြစ်နိုင်ဆိုပြီးသိလိုက်ရပါတယ်။ လူတွေအများကြီးပျောက်နေတဲ့ဒီအမှုရဲ့နောက်ကွယ်ကတရားခံအစစ်ဟာဘယ်သူဖြစ်နေမလဲ…… ရှုပ်ထွေးလှတဲ့စစ်ဆွေခရိုင်လူပျောက်မှုကိုသူတို့၂ယောက်ဟာ အချိန်တိုအတွင်းမှာ ဖော်နိုင်ပါ့မလား……

Comedy • Drama • Romance
5.6 2025
Spy Puzzle
Black Bag
7.2

Black Bag (2025) IMDb Rating (7.2) / Rotten Tomatoes (97%) မြန်မာနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ပြီး ငွေတွေဖွက်ထားတဲ့ သစ္စာဖောက် စပိုင်အေးဂျင့်ကို ဖော်ထုတ်ရတဲ့ ရုပ်ရှင်ပါ။ စပိုင်ရုပ်ရှင်တွေထဲမှာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကလည်း X-Men ထဲက မင်းသား Michael Fassbender၊ ကိတ်ဘလန်းချက်၊ ဂျိမ်းစ်ဘွန်မင်းသားကြီး Pierce Brosnan တို့ပါထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရုပ်ရှင်နာမည် အိတ်အနက်ဆိုတာ စပိုင်တွေရဲ့ လျှို့ဝှက်ချက်ကို ရည်စူးတာဖြစ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့တစ်ခုဟာ ရုရှားအစိုးရကို ဖြုတ်ချနိုင်လောက်တဲ့ ကွန်ပြူတာဗိုင်းရပ်စ်တစ်ခုကို တီထွင်ပြီးချိန်မှာ အခိုးခံလိုက်ရပါတယ်။ သူတို့အဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေတာသိပေမဲ့ ဘယ်သူမှန်း ရှာလို့မရဖြစ်နေပါတယ်။ အဲဒီတရားခံကို ရှာဖို့ကြိုးစားရင်း စပိုင်တွေ အချင်းချင်း အောက်ဖဲလှန်၊ သစ္စာဖောက်ကြကျတာတွေကို ကြည့်ရင်း နောက်ဆုံးမှာ ဘယ်သူက တရားခံလည်းဆိုတာ သိလာရမဲ့ အမျိုးအစားပါပဲ။ ပစ်တာခတ်တာ အသားပေးမဟုတ်ဘဲ စပိုင်တွေ ဉာဏ်ချင်းပြိုင်တဲ့ကားမို့ ဦးနှောက်သုံးရတာ ကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (5 GB) / (1.1 GB) / (540 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:34:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Drama • War
7.2 2025 94 mins
Black Bag
Creation of the Gods II: Demon Force
6.4

Creation of the Gods II : Demon Force (2025) အကြည်လာပါပြီ 4K ကတော့ မကြာခင်တင်ဆက်သွားမှာပါ 2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့Creation of the Gods I: Kingdom of Storms ( 2023 ) အဆက် ဖြစ်တဲ့ Creation of the Gods IIDemon Force (2025) ကို CM ကနေ ဆက်လက်ပြီးတင်ဆက် ပေးလိုက်ပါတယ် ဒါရိုက်တာ Wuershan ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား​ကြီးဟာဆိုရင်တရုတ်ပြည်ရဲ့ ဂန္ထဝင် မြောက်ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာ တရုတ်ပြည်ရဲ့နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ် 1 မှာတုန်း ကတော့ Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအပြင် ဒါရိုက်တာကလဲ အကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ်ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ် ကြပြီးတော့တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။ အခု ၂ မှာတော့ နီကျားနဲ့အပြိုင်ဖြစ်ခဲ့ပြီးနီကျားကို Box Office ပိုင်းမှာ မကျော်နိုင်ပေမဲ့လဲ သူ့နည်းသူ့ဟန်သူ့အရသာနဲ့ ပရိသတ်တွေအတွက်ကောင်းမွန်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်. ဒီကားမှာတော့ ကျီးဖားကရှန်းတိုင်းပြည်ဘုရင်ကြီးယင်းရှို့ကို လုပ်ကြံပြီးသွားတဲ့နောက်မှာ ရှန်းတိုင်းပြည်နဲ့ရှီးချီ စစ်ပွဲကြီးစတင်သွားပါတယ်။ ဘုရင်မင်းမြတ်အမိန့်နဲ့ စစ်သူကြီးတန့်ချန်ယွိကို မိစ္ဆာစစ်သူကြီး(၄)ယောက်ကို ဦးဆောင်စေပြီး ရှီးချီကိုစစ်တိုက်စေခဲ့တယ်။ ရှီးချီဖက်မှာတော့ယင်းကျောင်း၊ ယန်ကျန်၊ လေကျန့်ကျီ၊ နီကျားတို့က ပါဝင်ကူညီရခဲ့ပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျီးဖားက ရှီးချီစစ်တပ်ကိုဦးဆောင်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့ အပြင်းအထန်ကြိုးစားရပါတယ်။ နတ်ဘုရားတွေရဲ့တိုက်ပွဲဟာ ဘယ်လိုကြမ်းမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ

6.4 2025
Creation of the Gods II: Demon Force