YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

I Will Knock You (2022) (Ep5)_720p.mp4

433.56 MB N/A video/mp4 49 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Welcome to Dongmakgol
7.5

ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်‌‌‌မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။ လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်.... စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်.... ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။ တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေ သူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့် ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာ‌ကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and 350MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... August

Crime • Drama • Thriller
7.5 2005 133 mins
Welcome to Dongmakgol
Harry Potter and the Deathly Hallows: Part 1
7.8

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! File size…(5 GB) /(1.6 GB)/(900 MB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….02:26:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Drama
7.8 2010 146 mins
Harry Potter and the Deathly Hallows: Part 1
One Million Years B.C.
6

လွန်ခဲ့တဲ့နှစ်တစ်သန်းက ကမ္ဘာဦးလူသားတွေရဲ့ဘဝကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးကတော့ 20ရာစုမှာဆွဲဆောင်မှုအရှိဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ စွယ်စုံရမင်းသမီး Jo Raquel Welch ဖြစ်ပြီး ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ဖြစ်တဲ့အပြင် သူ့ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့တာဆိုရင်လည်းမမှားပါဘူး Shawshank Redemption ကပိုစတာထဲမှာ ဒီဇာတ်ကားထဲကပုံကိုထည့်ထားတာပါ ရိုးရိုးကျောက်ခေတ်လူသားအကြောင်းချည်းမဟုတ်ဘဲ ဒရမ်မာပုံစံလေးနဲ့ဇာတ်လမ်းတွေပါထည့်ပြီးရိုက်ထားတဲ့အပြင် ကျောက်ခေတ်လူသားဖြစ်နေတာတောင် ဆွဲဆောင်မှုရှိပြီးလှပနေတဲ့ Jo Raquel Welch ကိုမြင်တွေ့ရမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားတွေထဲကတစ်ခုပါပဲ

Horror
6 1966 100 mins
One Million Years B.C.
Good Time
7.2

IMDb - 7.4/10_____Rotten - 92% Rating 7.4 ထိရထားတဲ့ Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။ (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (852 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Comedy
7.2 2017 102 mins
Good Time
The Irish Mob

IMDb – 5.3/10 အိုင်ယာလန်နိုင်ငံမှာရှိတဲ့ ဒပ်ဗလင်မြို့ကြီးကို ဗယ်လန်တီနို ဖေဂန် / ဗယ်လ် လို့ခေါ်တဲ့ မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်က အုပ်စိုးနေပါတယ်။ ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့အတွက်ကြောင့်လည်း ဂါဒါ လို့ခေါ်တဲ့ အိုင်းရစ်ရဲတပ်ဖွဲ့က သူတို့ခြေလှမ်းမှားမဲ့အချိန်ကို အမြဲတစေစောင့်ကြည့်နေကြတာပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဗယ်လ်ဆီကိုရောက်လာရမဲ့ မူးယစ်ဆေးတွေကို လမ်းမှာအသိမ်းခံလိုက်ရပြီး ဈေးကွက်ထဲမှာ ပစ္စည်းပျက်မသွားဖို့လိုတဲ့အတွက် ယူရိုငွေ တစ်သန်းနဲ့ ပစ္စည်းအသစ်တွေထပ်မှာဖို့လိုလာခဲ့ပါပြီ။ ဒီလောက်ပိုက်ဆံအများကြီးကို တစုတစည်းထဲ ရနိုင်မဲ့နေရာကို ဗယ်လ်ရဲ့ လက်ရုံးဖြစ်တဲ့ ရေးနိုးကလမ်းပြပေးလိုက်ပြီး၊ အဲဒီနေရာကို ဓားပြတိုက်ကြဖို့အစီအစဉ်တွေချကြပါတော့တယ်။ ဒီလိုနဲ့ သေချာစီစဉ်ပြီးတိုက်ခဲ့တဲ့ ဓားပြမှုကနေ ယူရို ၅.၅ သန်းကိုရရှိခဲ့ပြီးနောက်မှာတော့ ဗယ်လ်တစ်ယောက်အာဏာအရှိဆုံးနဲ့ ချမ်းသာဆုံးဂိုဏ်းခေါင်းဆောင်် တစ်ယောက်ဖြစ်လာခဲ့ပြီး ဂါဒါရဲတွေရဲ့ နောက်ယောင်ခံစစ်ဆေးမှုတွေကလည်း ပိုပ်ုကြီးမားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ပလ္လုင်နေရာကို ဘယ်လိုကောင်မျိုးမှမလုယူနိုင်ဘူးလို့ထင်နေတဲ့ ‌မူးယစ်ရာဇာ ဗယ်လ်တစ်ယောက် တကယ်ပဲသူ့နေရာကို ဆက်ထိန်းထားနိုင်မလား ရာဇဝတ်လောကမှာဖြစ်တတ်တဲ့အလှည့်အပြောင်းတွေနဲ့ လူတွေရဲ့သဘောသဘာဝကို သေချရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တဲ့အပြင် သွေးထွက်သံယိုပြကွက်အချို့ပါပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူးဗျ။ Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre…Drama, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

Drama
0 2023
The Irish Mob
After
5.6

“သူနဲ့ မတွေ့ခင်က ကျွန်မဘဝဟာ… အရမ်းကို ရိုးရှင်းပြီး ပုံသေ သတ်မှတ်ထားပြီးသားပါ… အခုတော့ သူနဲ့ တွေ့ပြီးနောက်ပိုင်း… သူနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ဆိုတာပဲ… ရှိတော့တယ်” “ကျွန်တော့်ဘဝမှာ ဝတ္ထုပေါင်းများစွာ ဖတ်ခဲ့ဖူးပါတယ်… အများစုက အချစ်ဆိုတာ စကြဝဠာကြီးရဲ့ ဗဟိုချက်လို့ ပြောကြပါတယ်… အချစ်က ကျွန်တော်တို့ရဲ့ အတွင်းဒဏ်ရာတွေကို ကုစားပေးနိုင်တယ်… အချစ်ဟာ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တဲ့အရာပါပဲတဲ့… သူနဲ့ မတွေ့ခင်အထိ ကျွန်တော့်ကို အခြားတစ်ယောက်က… လုံးဝဖမ်းစားသွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး” ဒီတစ်ခါတော့ ရိုမက်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကောင်းလေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် After ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် တက်ဆာဆိုတဲ့ စာတော်ပြီး အမေစိတ်တိုင်းကျ ကြိုးစားနေတဲ့ စာကြမ်းပိုးမလေးတစ်ယောက် ကောလိပ်ကို ရောက်လာတာက ဇာတ်လမ်းကို စတည်ထားပါတယ် အမေဖြစ်သူက စီစဉ်တဲ့အတိုင်း ဘဝကို နေထိုင်ရင်း ဟာဒင်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ သူဘာတွေ ပြောင်းလဲ သွားမှာလဲ ဟာဒင်ကရော ဘယ်လိုကောင်လေးလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ ဇာတ်ကားအနှစ်သာရ ပျက်သွားမှာ စိုးလို့ အများကြီး မညွှန်းပေးတော့ပါဘူး စကြည့်မိတာနဲ့ လုံးဝနစ်မျောသွားမယ့် အချစ်ဇာတ်လမ်းလေးပါ ကြည့်ပြီး နောင်တမရစေရမယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ကြဖို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Tharaphi Lwin ပါ) File Size : (1.70 GB) , (850 MB) and (420 MB) Quality : AMZN WEB-DL (1080p 5.1,720p,480p) Running Time : 1hr 45min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEB-DL.DDP5.1.H.264-NTG Translated by May Tharaphi Lwin Encoded by THZ

5.6 2019
After
Exiled
7.2

Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by “Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 50Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2006 108 mins
Exiled
A Bride for Rip Van Winkle
7.2

CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကို အသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင် ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ ကောင်မလေးက စားဝတ်နေရေးအတွက် အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။ သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။ နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီး အဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့ လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။ အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင် ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူက တစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာ ထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်း မိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကို စုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး plot twist တွေ ရောက်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားက နာနာမီရဲ့ ဘဝအပိုင်းအခြားတစ်ခုမှာ ကြုံတွေ့ရတဲ့ လောကဓံတွေကို ရိုက်ပြထားတာ ဖြစ်တာမလို့ သူ့ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရပုံတွေ၊ အချစ်ရေးရဲ့ အတက်အကျတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ဝင်လာသူတွေလည်းရှိသလို ထွက်လာသူတွေလည်း ရှိတယ်။ အရင်းနှီးဆုံးလို့ထင်ရသူတွေက သူစိမ်းဖြစ်နေသလို သူစိမ်းလို့ထင်ရသူတွေ အရင်းနှီးဆုံးလူ ဖြစ်နေတတ်ပြန်တယ်။ ဒီလိုမျိုး လူ့သဘောသဘာဝတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာမလို့ လက်တွေ့ဆန်တဲ့ ဇာတ်လမ်းမျိုးတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.1 GB Quality… BluRay director’s cut 1080p / 720p Format… mp4 Duration…. 2h 59m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.2 2016 179 mins
A Bride for Rip Van Winkle
Katak: The Brave Beluga
6.1

ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။ အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre… Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

6.1 2023
Katak: The Brave Beluga
Jeepers Creepers
6.1

Jeeper Creeper ဇတ်ကားဟာဆိုရင် 2001ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2001ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်မြင်လူကြိုက်များခဲ့လို့ အပိုင်း2နဲ့အပိုင်း3ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။1938မှာကျော်ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်ကားထဲမှာ ရိုက်ကူးခဲ့ပါတယ်။ Horrorကားတွေကြိုက်တဲ့ ပရိတ်သတ်တွေတော့တကယ်ကိုကြည့်သင့်ဇာတ်လမ်းကောင်းပါ။Jeeper Creeper ဆိုတဲ့ သတ္တဝါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တဝါကြီးတစ်ကောင်ပါ။ သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။ ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…….. နွေရာသီအားလပ်ရက်တွေမှာ ဒယ်ရီနဲ့သရစ်ရှာတို့မောင်နှမနှစ်ယောက်ဟာ အိမ်ကိုပြန်လာခဲ့ကြပါတယ်။လမ်းမှာ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး အဲ့ကားကိုမောင်းတဲ့သူက လမ်းမကြီးဘေးမှာရှိတဲ့ ဘုရားကျောင်းအိုကြီးထဲကို ပိုက်လုံးတွေထဲကနေ လူသေအလောင်းကိုပစ်ချနေတာတွေ့လိုက်ကြတယ်။ အဲ့မှာ သူတို့မောင်နှမ နှစ်ယောက်ကစိတ်ဝင်စားပြီးသွားကြည့်တဲ့အခါမှာတော့ လူသေအလောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်သီပြီးဘုရားကျောင်းနံရံတွေမှာချုပ်ထားတာတွေ့လိုက်ရပါတယ်။အဲ့မှာတင်ပဲ မောင်နှမနှစ်ယောက်ဟာ အနီးဆုံးမှာရှိတဲ့လမ်းဘေးစားသောက်ဆိုင်ကိုသွားပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အဲ့မှာအမျိုးသမီးတစ်ယောက်ရဲ့ဖုန်းဝင်လာပြီး၊ အဲ့ဒီဘုရားကျောင်းထဲကလူဟာဆိုရင် Jeeper Creeperဖြစ်ကြောင်း၊သူဟာ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင်လူတွေကိုစားပစ်ကြောင်းပြောပါတယ်။ ဘယ်လိုလူတွေကိုသူကစားလဲဆိုတော့…..လူတွေရဲ့အကြောက်တရားကိုအနံ့ခံပြီး သူကြိုက်တဲ့လူကိုစားပစ်ပါတယ်။အဲ့လိုသူကြိုက်တဲ့လူကိုစားဖို့လိုက်ဖမ်းပြီဆိုရင် ဘယ်လိုမှတားဆီးမရပါဘူး။အဲ့ဒီ သရစ်ရှာနဲ့ဒယ်ရီတို့မောင်နှမနှစ်ယောက်လည်း Jeeper Creeper-သေမင်းတမန်တော်လက်က ဘယ်လိုမျိုးလွတ်အောင်ပြေးပြီးအိမ်ကိုအရောက်ပြန်နိုင်ခဲ့မလား၊ ဒါမှမဟုတ် သေမင်းတမန်တော်လက်ထဲမှာပဲ ကျရှုံးခဲ့သလားJeeper ကြီးဟာဘယ်လိုသတ္တဝါလည်း ဘာကြောင့်လူတွေကိုသတ်စားရတာလဲ ဆိုတာကိုတော့ တကယ်ကိုသဲတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ရူ့စားလိုက်ပါ…….. File size…(1.7 GB)/(907 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

6.1 2001
Jeepers Creepers
The Ceremony Is About to Begin
5

ဒီကားကတော့ ဒါရိုက်တာ Sean Nichols Lynch ရိုက်ကူးထားပြီး Chad Westbrook Hinds, John Laird, Raul Delarosa တို့က အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Psychological Thriller အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ကိုးကွယ်မှုအသစ်ကို ယုံကြည်သက်ဝင်သူတွေဆီ သွားပြီးတော့ မှတ်တမ်းဗီဒီယို ရိုက်ကူးမယ့် Youtuber တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကိဒ်ဆိုတဲ့ Youtuber တစ်ယောက်က လက်ထပ်ပြီးတာတောင် မမေ့နိုင်သေးတဲ့ ရည်းစားဟောင်းဆီကနေ အီးမေးလ်တစ်စောင်ရခဲ့ပါတယ်။ ဒါပေမယ့် စာကိုရပြီးနောက်မှာတော့ ရုတ်တရက်အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ သူမက သူ့ကိုပစ်သွားခဲ့ပြီးတော့ ရှေးဟောင်း အီဂျစ်သက်ဝင်ယုံကြည်တဲ့အဖွဲ့ထဲကို ဝင်သွားခဲ့တဲ့သူပါ။ သူမရဲ့စာထဲမှာ‌ အနူးဘစ်လို့ခေါ်တဲ့လူအကြောင်းရေးထားခဲ့ပြီးတော့ ကိဒ်ကကောင်မလေးအန္တရာယ်ကြုံနေပြီလို့ ထင်နေတဲ့အပြင် အနူးဘစ်ကိုပါ သံသယဝင်နေခဲ့ပါတယ်။ အဲဒီနောက်မှာ အနူးဘစ်ဆီကနေ သူတို့အဖွဲ့နေထိုင်ရာဆီကို မှတ်တမ်း လာရိုက်ဖို့ ဖိတ်ခေါ်စာရောက်လာတဲ့အချိန်မှာတော့ ရည်းစားဦးကို မမေ့နိုင်သေးတဲ့ကိဒ်တစ်ယောက် ကောင်မလေးအတွက်စွန့်စားပြီး သွားရောက်ရိုက်ကူးဖို့ ဖြစ်လာပါတယ်။ အီဂျစ်ယဉ်ကျေးမှုတွေကို ကိုးကွယ်နေတဲ့ဒီအဖွဲ့မှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေ ရှိနေတာများလဲ….. လူတွေပျောက်သွားတာရော ဘာကြောင့်ဖြစ်နေမလဲ…. ဒါတွေကိုအဖြေရှာရမယ့်အပြင် ဒဏ္ဍာရီလာမမ်မီတွေနဲ့ ပတ်သက်တာတွေလည်း ထည့်သွင်းရိုက်ကူးထားလို့ ထိတ်လန့် ခြောက်ခြားဖွယ်ရာကြည့်ရှုရမှာပါ။ File size… (1.43 GB) / (735 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Drama • Action • Thriller • Science Fiction
5 2024 70 mins
The Ceremony Is About to Begin
No Address
5.8

“ခင်ဗျားက လမ်းမှာ အိမ်ယာမဲ့တစ်ယောက်ကို တွေ့တယ်ဆိုကြပါစို့။ ” ခင်ဗျား အခု ဘာလုပ်ရမလဲလို့ တွေးနေလား” “ဖြေရှင်းနည်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတဲ့ ခံစားချက်ဟာ သာမန်ပါပဲ၊ ဒါပေမယ့် စိတ်မပူနဲ့။ “အိမ်ယာမဲ့” သံသရာကို ဖြိုခွဲပြီး တကယ့်ကွဲပြားမှုတစ်ခု ဖန်တီးဖို့ ငါတို့ရဲ့ ကြိုးပမ်းမှုတွေမှာ မင်းပါဝင်လာစေချင်တယ်။” ဒါက ဒီဇာတ်ကားအဆုံးမှာ ပြောသွားတာပါ။ ပြောရရင် အမေရိကန်က အိမ်ယာမဲ့တွေဘဝကို အကောင်းဆုံးပုံဖော်ပြသွားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ငလျင်ဘေး၊ရောဂါဘေး၊တခြားအကြောင်းအမျိုးမျိုးကြောင့် အိမ်ခြေယာမဲ့ဖြစ်သွားတာတွေမှ ဒုနဲ့ဒေးပါပဲ။ ဒီလိုဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေပြီး မမောမပန်း လုပ်ဆောင်နေတဲ့ အကျိုးအမြတ်မယူတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအများကြီးးရှိပါတယ်။ အမှန်တကယ် ပြောင်းလဲမှုဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိရှိနားလည်ခြင်းကနေ စတင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရည်ရွယ်ချက်က လှုပ်ရှားမှုတစ်ခု ဖန်တီးဖို့၊ လူတွေကို ပိုမိုစာနာစိတ်ရှိလာစေဖို့၊ အိမ်ယာမဲ့ဘဝရဲ့ လူသားဆန်တဲ့ဘက်ကို မြင်လာစေဖို့၊ ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ကူညီပေးဖို့ပဲ။ ဇာတ်လမ်းအကျဥ်း +++++++++++ လော်ရင်ဆိုတဲ့ ၁၇ နှစ်အရွယ် မိဘမဲ့မိန်းကလေးတစ်ဦးရဲ့ဘဝကို အခြေပြုထားပြီး သူဟာ မွေးစားမိသားစုက အိမ်ပေါ်က နှင်ထုတ်ခံရပြီးနောက် လမ်းပေါ်မှာ အိမ်ယာမဲ့ဘဝထဲ ရောက်ရှိသွားပါတယ်။ လော်ရင်ဟာ အိမ်ယာမဲ့စခန်းတစ်ခုမှာ ဂျင်မီ၊ ဟယ်ရစ် (Xander Berkeley – “The Walking Dead”)နဲ့ ဗိုင်အိုလက် (Ashanti – GRAMMY Award-winning singer/actress) တို့နဲ့ ဆုံတွေ့ပြီး သူတို့ဟာ တစ်ဦးနဲ့တစ်ဦး အားကိုးရာ မွေးစားမိသားစုတစ်ခုလို ဖြစ်လာကြတယ်။ ဒီဇာတ်ကားဟာ အိမ်ယာမဲ့တွေရဲ့ ဘဝရုန်းကန်မှုတွေကို လူသားဆန်စွာ ပုံဖော်ထားပြီး လူမိုက်ဂိုဏ်းတွေ၊ ရက်စက်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ရင်း သူတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size… (1.28GB) / (700MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 46m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

5.8 2025 125 mins
No Address
Keluang Man
6.3

Keluang Man (2025) IMDb Rating (6.3) ကူလောင်မန်းဆိုတဲ့ ဒီကားလေးကတော့ မလေးရှားဘတ်မန်း(လင်းနို့လူသား)ကားလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ကူလောင်မန်းဆိုတဲ့ မလေးရှားစူပါဟီးရိုး animated series ကို ၂၀၂၅ မှာ live action ပြန်လည်ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ဘိုဟန်ဟာ စိတ်ကျန်းမာရေးကုသပေးတဲ့စင်တာတစ်ခုမှာနေထိုင်နေသူပါ။ ဒေါက်တာမာလီနီရဲ့ ဆေးကုထုံးတွေကြောင့် သူ့ရဲ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကို ပြန်ရလာခဲ့ပါတယ်။ သူရဲ့တစ်ပိုင်းတစ်စ မှတ်ဉာဏ်အရ သူဟာငယ်စဉ်က ကလေးမှောင်ခိုဂိုဏ်းတစ်ခုတွင် မိဘများ၏ရောင်းစားခြင်းကို ခံခဲ့ရတယ်။ သို့သော် အားမက်ဒ်ဆိုတဲ့လူတစ်ယောက်ဟာ သူတို့ကိုကယ်တင်ပေးခဲ့ပြီး မိဘမဲ့ဖြစ်နသည့် သူနဲ့အတူ ရှန်မ်ဆေးဆိုသည့်သူငယ်ချင်းကိုပါ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ သူတို့သူငယ်ချင်းနှစ်ဦးဟာ မွေးစားဖခင်ဖြစ်တဲ့ အားမက်ဒ်ရှိရာ အစိုးရရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ နောက်ထပ်သူမှတ်မိသလောက်ကတော့…. ရှန်မ်ဆေး… သစ္စာဖောက်ကောင်။ အားမက်ဒ်ကို သူလုပ်ကြံခဲ့တယ်၊ ဘိုဟန်ကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပေးမယ့် ကံအားလျော်စွာ အသက်မသေခဲ့ဘဲ နဖူးက ကျည်ဆံဒါဏ်ရာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခဲ့ရသည်။ ဘိုဟန်အနေနဲ့ ဒါတွေကို နာကျင်ရလို့ ဆက်မတွေးချင်ခဲ့ပါ။ ဒါပေမယ့် တစ်ချိန်မှာတော့ ရှန်မ်ဆေးကို စိတ်ကျန်းမာရေးစင်တာမှာ တွေ့လိုက်ရပါတယ်။ နောက်ဖြစ်လာမယ့်အရာတွေဟာ ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာတဲ့အတွက် ဘိုဟန်ရဲ့ လက်စားချေချင်စိတ်ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့ ဘိုဟန်ဟာ မျက်နှာဖုံးဝတ်ထားတဲ့ ညဉ့်နက်သူရဲကောင်းဖြစ်လာခဲ့ပါတော့တယ်။ DCက ဘတ်မန်းလိုအတည်ပေါက်မဆန်ပဲနဲ့ ရူးကြောင်ကြောင်ဘတ်မန်းကိုတွေ့မြင်ရမယ့် Comedy Action ကားလေးဖြစ်ပါတယ်။ budget အနေနဲ့ RM 13million လောက်သုံးထားတဲ့အတွက် မလေးရှားနိုင်ငံအတွက်ဆိုရင် High production တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ်ကလည်း မြင်နေကျမဟုတ်ဘဲ plot twist များလည်း ပါတဲ့အတွက် entertainment တစ်ခုကို ကောင်းကောင်းခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size… (2.1 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Adventure,Comedy,Science Fiction Duration…. 02:11:49 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by ZMT

Horror • Thriller
6.3 2025 137 mins
Keluang Man