YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

I.Spit.On.Your.Grave.2010.720p.BluRay {CM}.mp4

803.81 MB 720p video/mp4 2396 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bruce Lee - The Fighter
5.8

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…3.2GB / 1.7GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & BpL

Drama • Music
5.8 2015 151 mins
Bruce Lee - The Fighter
Throw Down
6.9

Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ သူတို့ရဲ့ ကာရိုက်တာChemistryထဲ ဝင်လာတဲ့ နောက်ကာရိုက်တာက Cherrie Yingရဲ့ မိုနာ။ သူလည်းရှေ့က ၂ကောင်လို ဗရုတ်သုတ်ခဘဝထဲ နေနေတာပဲ။ အဆိုတော်ဖြစ်ချင်ပေမဲ့ အသံကမကောင်း အေးဂျင့်က အောကားရိုက်ခိုင်းဖို့လုပ်ရာက အေးဂျင့်နဲ့ ပြဿနာတက်နေတဲ့ ကောင်မလေးပါပဲ။ သူ့ကာရိုက်တာက တစ်မျိုးတော့ဆန်းတယ်။ အိမ်လခမပေးနိုင်တာ ၆လရှိပြီမို့ အိမ်ရှင်ကမောင်းချတာကို ခေါက်ဆွဲစားရင်း မထုံတတ်သေး လမ်းပေါ်ရပ်နေတာလည်း ဂကြောင်နဲ့ကို တော်တော်ဆွဲဆောင်မှုရှိတဲ့အခန်းပါပဲ။ တိုနီလျောင်ခဖိုင်ကတော့ ခပ်ကြမ်းကြမ်းဇာတ်ပို့သက်သက်ပေါ့။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ထက် ဇာတ်ကောင်တွေကို ဦးစားပေးထားတယ်ဆိုပေမဲ့လည်း ဂျပန်သိုင်းပညာဖြစ်တဲ့ ဂျူဒိုကို အဓိကအခရာအဖြစ် ဇာတ်အိမ်တည်ထားပြီး ကူရိုဆာဝါရဲ့ ပွဲဦးထွက်ရုပ်ရှင် Sanshiro Sugataအကြောင်းလည်း ထည့်ပြောရင်း အဲဒီရုပ်ရှင်လိုပဲ စိန်ခေါ်သိုင်းချတဲ့အခန်းတွေကို ဦးစားပေး ရိုက်ကူးထားသလို ကူရိုဆာဝါကိုလည်း ဂုဏ်ပြုကြောင်း ထည့်သွင်းရေးထားတဲ့ ကူရိုဆာဝါကို Homage ပေးထားတဲ့ ရုပ်ရှင်ပါပဲ Throw Downဟာ Johnnie Toအရိုက်များတဲ့ ခပ်ကြမ်းကြမ်းပုံစံကနေ နည်းနည်းခွဲထွက်ပြီး သူ့မူလထက် နည်းနည်းပေါ့ပါးတဲ့ ပုံစံနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သို့ပေမဲ့ သူရဲ့ဟန်လိုဖြစ်နေတဲ့ Darkဆန်တဲ့ ဟန်ကနေတော့ ခွဲမထွက်သွားပါဘူး။ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရှေးဆရာကြီးတွေဖြစ်ခဲ့တဲ့ Louis kooတို့ တိုနီလျောင်ခဖိုင်တို့အပြင် တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Aaron Kwok တို့ကတော့ main castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Aaron Kwokဟာ သရုပ်ဆောင်ကောင်းလှတဲ့သူ မဟုတ်ပေမဲ့ Johnnie Toဟာ အကောင်းဆုံးဖြစ်အောင် ထည့်သွင်းနိုင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။ ဟုတ်မှာပါ။ ဒီထဲက Aaron Kwok ကာရိုက်တာဟာ တော်တော်လေး သဘောကျစရာကောင်းပါတယ်။ 2021မှာ art filmကားကောင်းတွေကိုပဲ ကွာလတီကောင်းကောင်းနဲ့ ပြန်ထုတ်ပေးတဲ့ The Criterion Collectionက throw downကို 4kပြန်ထုတ်ပေးခဲ့ပြီး တရုတ်ရှပ်ရှင်ဆုပေးပွဲတွေမှာ Best Pictureတို့ Best Directorတို့ ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Johnnie Toလည်း ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် ဟောင်ကောင်ရွှေခေတ်က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေအတွက် Throw Downဟာ ကြည့်ကိုကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.9GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:35:00 Type__Action, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Drama • Family
6.9 2004 95 mins
Throw Down
The Goat and Her Three Kids
7.2

The Goat and Her Three Kids (2022) ~ IMDb rating - 7.4/10 ~ ၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။ လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 715MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama
7.2 2022 83 mins
The Goat and Her Three Kids
Fist Fight
6.1

၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (680 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 31minutes Format : Mp4 Genre : Comedy  Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw

Crime • Drama • Mystery
6.1 2017 91 mins
Fist Fight
Battle for the Planet of the Apes

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီကားလေးကတော့ Planet Of The Apes ရဲ့ နောက်ဆုံး ၅ကားမြောက်ကားလေးလည်းဖြစ်ပါတယ် အရင်ကားမှာတော့ ဆီဆာရဲ့ခေါင်းဆောင်မှုနဲ့ မျောက်တွေဟာ ကျွန်ဘဝကနေလွတ်မြောက်ပြီး နယ်မြေအသစ်ဆီကိုထွက်သွားခဲ့ကြတာပါ သူတို့နဲ့အတူ တချို့လူသားတွေလည်းပါသွားခဲ့ကြတာပေါ့ ဇာတ်လမ်းအကျဉ်း ဆီဆာရဲ့ အောင်မြင်မှုကြီးပြီးတဲ့နောက်မှာပဲ လူသားတွေရဲ့သမိုင်းမှာအဆိုးရွားဆုံးစစ်ပွဲပြီးဖြစ်ခဲ့ကြီး ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားခဲ့တာပါ အဲဒီအချိန်မှာ ဆီဆာတို့ကတော့ တောထဲတစ်နေရာမှာ စခန်းချရင်း လူသားတချို့နဲ့ အတူတူနေထိုင်နေကြတာပါ အဲဒီလိုနဲ့တစ်နေ့မှာတော့ ဆီဆာ နဲ့ မက်ဒေါနယ်တို့စကားပြောရင်းသူ့အဖေနဲ့ အမေကို စစ်ဆေးထားတဲ့ ကော်မရှင်ရဲ့မှတ်တမ်းတွေရှိနေတာကို ဆီဆာကသိသွားခဲ့ပါတယ် အဲဒီတိပ်ခွေတွေကို သွားယူဖို့အတွက် အရင်ကလူတွေအုပ်ချုပ်ခဲ့တဲ့ မြို့ပျက်ကြီးဆီကို သူတို့တွေထွက်သွားခဲ့ကြတာပါ အဲဒီမှာပဲ စစ်ပွဲကြောင့် မသေဘဲကျန်နေခဲ့တဲ့သူတွေက သူတို့ကိုတွေ့သွားပြီး သူတို့ဘယ်မှာနေလဲဆိုလိုက်ရှာပါတော့တယ် အဲဒီလိုလိုက်ရှာရင်းနဲ့ သူတို့ မျောက်မြို့တော်ကြီးကိုတွေ့သွားကြလား တွေ့သွားရင်ရောဘာလုပ်ကြမှာလဲ ဆီဆာတို့ကရောဘယ်လိုစီစဉ်ထားလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်လို့ကောင်းမှာပါ နောက်တစ်ခုကတော့ ဆီဆာရဲ့ စစ်တပ်ကြီးကို အုပ်ချုပ်ရတဲ့ ဗိုလ်ချုပ် အယ်ဒိုဆိုတဲ့ ဂေါ်ရီလာမျောက်ကြီးပါပဲ သူကတော့ လူသားတွေကို အရမ်းမုန်းတီးနေတဲ့မျောက်ကြီးပေါ့ အဲဒီထက်ဆိုးတာကတော့ သူဟာ စာလည်းမသင်ချင်လို့ စာလည်းကောင်းကောင်းမတတ်ပါဘူး သူ့ရဲ့ဇာတ်ကောင်ကို ၁၉၇၃ ခုနှစ်ကနေ ၂၀၂၂ခုနှစ်အထိ ခေတ်မီနေအောင်တွေးပေးထားတဲ့ ဒါရိုက်တာကိုတော့ ချီးကျူးသင့်တယ်ထင်တာပါပဲ အသေးစိတ်ကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ File size…(1.48GB/(892MB/(452MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Action / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Planet of the Apes (1968) download link Beneath the Planet of the Apes (1970) download link Escape from the Planet of the Apes (1971) download link Conquest of the Planet of the Apes (1972) download link Battle for the Planet of the Apes (1973) download link

Drama • Fantasy • Romance
0 1973
Battle for the Planet of the Apes
Eden
6.6

Eden (2012) ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက် အကူအညီလာတောင်းတယ်ထား။ ခင်ဗျားလည်း ဒီလူဘာတုန်းလို့ အရင်တွေးမိကြမှာပဲ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေအတွက် သူစိမ်းဆီ အကူအညီတောင်းမိရင်တောင် သံသယနဲ့အကြည့်ခံရတဲ့ကမ္ဘာပဲမလား။ လူကုန်ကူးတဲ့ကောင်တွေက ဒီအထာတွေနပ်တော့ အရလိုက်ဖမ်း ခင်ဗျားတို့ဝင်ပါရင် ခင်ဗျားတို့ပါ ဒုက္ခရောက်သွားမယ် ဘာညာ ပြောပြီး ခြောက်လိုက်ရင် ကြောက်သွားကြတာချည်းပါပဲ။ ဒီတော့ မလွတ်နိုင်တဲ့ ကောင်မလေးဟာ ဒီသံသရာကြီးထဲ ရှင်သန်ခဲ့ရတယ်။ လိင်ကိစ္စအတွက်ရောင်းစားတာ , ဆေးရောင်းတာ , ကလေးရောင်းတာ စစသဖြင့် မကောင်းမှုမျိုးစုံကို တစ်စထက်တစ်စ ခရေစေ့တွင်းကျ သူမြင်လာခဲ့ရတယ်။ လူကုန်ကူးတဲ့လူတွေက သူတို့လို လူကုန်ကူးခံရတဲ့လူအချင်းချင်းကြားမှာ အချစ်တော်လေးမွေး ဒလန်လေးထည့်ပေးထားတတ်တယ်။ သူတို့မလွတ်နိုင်တာ သေချာအောင် ထပ်ပြီးကစားလိုက်တာပေါ့။ အဖမ်းခံရတဲ့ကောင်မလေးဟာ သူရှင်သန်ဖို့အတွက် လိုက်လျောညီထွေနေရင်း ဒီထက်ပိုနက်နဲတဲ့ မကောင်းမှုတွေကြားရောက်လာတယ်။ သူကိုယ်တိုင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒီလိုနဲ့ အခြေအနေတစ်ခုကိုရောက်လာခဲ့တဲ့အခါ သူ့အသိစိတ်နဲ့ရှင်သန်ချင်စိတ် ဘယ်ဟာက ပိုတာသွားမလဲ ကြည့်ရမယ့် ဝမ်းနည်းစရာဇာတ်လမ်းပါပဲ။ အညွန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.29GB | 602MB | 303MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

6.6 2012 98 mins
Eden
Angels Of Vengeance 3

၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိက မိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကို လိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာ သူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက် ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့က ဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား…… ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား…… မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြပါဦးနော်

Comedy • Drama
0 2023
Angels Of Vengeance 3
Skyline

ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ် ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ် ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Adventure, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2010
Skyline
[18+] Drive-Away Dolls
5.9

No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့ Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင် နေရာမှာတော့ Once Upon a Time… in Hollywood ထဲက Margaret Qualley နဲ့ Miracle Workers စီးရီးထဲက Geraldine Viswanathan တို့ ပါဝင်ထားပါတယ်။ အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း **************** လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက် တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။ တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက် ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင် အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာ အရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်က သူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာ လူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့ သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကို အသေအလဲ လိုက်ယူနေတာလဲ၊ လက်စ်ဘီယံနှစ်ယောက်နဲ့ ရွှေပန်းတု တစ်သေတ္တာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ တစ်ခွီးခွီးနဲ့ ကြည့်ရမဲ့ ဇာတ်လမ်းမျိုးပါ။ File size… 1.59GB /657MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama • Comedy
5.9 2024 84 mins
[18+] Drive-Away Dolls
An Easter Bloom
6.3

အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက် ဆုံးသွားတဲ့ ဖအေဖြစ်သူဆီက ရခဲ့တဲ့ပျိုးခင်းလေးကို တာဝန်ယူလုပ်ကိုင်နေတဲ့အချိန် ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဝင်လာတယ်။ ရေခဲပြီး နွေမဝင်သေးတဲ့အတွက် ပျိုးခင်းတွေဟာ အီစတာမတိုင်ခင် မဖူးပွင့်လာပဲ ရှိနေတယ်။ ပျိုးခင်းနေရာကို ပိုက်ဆံပေး ဝယ်ယူလိုသူတွေလည်း ရှိနေတယ်။ ဘဏ်ကနေချေးငွေ လျှောက်ပေမဲ့လည်း ရောင်းကြေးနည်းလို့ ချမပေးတဲ့အပြင် ပိတ်သိမ်းကြောင်း အကြောင်းကြားစာ ပို့ထားတယ်။ ဒီအချိန်မှာ ပျိုးခင်းနားကို ကားပျက်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီပေးလိုက်တော့ သူက ပန်းအလှဆင်သမားဟောင်းဖြစ်ပြီး အမန်ဒါကိုလည်း ဒီပညာတွေ သင်ပေးမယ် နှစ်ပတ်လည် ပန်းအလှဆင်ပြိုင်ပွဲ ဝင်ပြိုင်ပေါ့လေ။ အစကတော့ အင်တင်တင်ဖြစ်နေပေမဲ့ ပြိုင်ပွဲဆုကြေး ၂ သောင်းက သူတို့ခြံလေးကို ကယ်တင်ပေးနိုင်မယ်ဆိုတာသိပြီး အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် ဘုရားကျောင်းကို ဖခင်ဆုံးပါးကတည်းက မသွားတတ်တဲ့ အမန်ဒါတစ်ယောက် သင်းအုပ်ဆရာအသစ်လေးနဲ့တွေ့ဆုံပြီး ဘာတွေပြောင်းလဲသွားဦးမလဲဆိုတာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura aung

Drama • History
6.3 2024 85 mins
An Easter Bloom
I Miss You
5.9

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် လူငယ်အချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်တဲ့ I Miss you ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့ အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့် စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့ သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။ တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာ ကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။ နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။ တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်း အတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီး နေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သား အကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာ သူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန် ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့် ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းက စာရေးရတာဝါသနာပါတာကြောင့် စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကို ပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာက ဘယ်လိုတွေဖန်တီးပေးဦးမလဲ။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင်

5.9 2024
I Miss You
The Foul King
6.9

The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/Sport I Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။ နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , I Saw the Devil , The Age of Shadows, Illang: The Wolf Brigade, Cobwebစတဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တယ်။ အကုန်လုံး ဘောင်ဝင်တန်းဝင်ကားတွေချည်းပါပဲ။ ထုံးစံအတိုင်း ဟောလိဝုဒ်က သူ့ကိုခေါ်ရိုက်ခိုင်းထားတဲ့ အားနိုးကား The Last Stand (2013)တစ်ခုပဲ သိပ်မစွံလှတာပါ။ တစ်ချက်ရှိတာက ပွဲဦးထွက်၂ကားကိုကြည့်ရင် ကင်ဂျီးဝန်ဟာ Black Comedy အားသန်တဲ့ Black Comedyကို အသားပေးရိုက်ပြချင်တဲ့ ဒါရိုက်တာဆိုတာ မြင်သာနေပေမဲ့ Cobwebမတိုင်ခင် နောက်ပိုင်းကားတွေအကုန်လုံးမှာ သူဟာ Black Comedy မဆန်တော့ပါဘူး။ ကောင်းပေမဲ့ Mainstreamရုပ်ရှင်ဆန်ဆန်ကားတွေပဲဖြစ်သွားပါတယ်။ ပွဲဦးထွက်နှစ်ကားနောက်ပိုင်း ကားတွေအကုန်လုံး ဒီလိုဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Cobwebမှာတော့ ကင်ဂျီးဝန်ဟာ Black Comedyလိုင်းဘက် ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ လုံးဝ Black Comedy ဘက် ပြန်ရောက်လာပြီလို့တော့ ပြောမရပြန်ပါဘူး။ နောက်ရိုက်မယ့်၂ကားလုံး Black Comedy ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေလို့ပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ကင်ဂျီးဝန်ကို Black Comedyကားတွေပိုရိုက်စေချင်ပေမဲ့ နောက်၂ကားထိတော့ အလားအလာမရှိသေးဘူး။ ဒီနေရာမှာတစ်ခုရှိတာက လက်ရှိအရေအတွက်အရတော့ သူ့Black Comedyကားတွေထက် ကျန်တဲ့ကားအများစုက ဇာတ်လမ်းဇာတ်အိမ်ရော တင်ဆက်ပုံရောပိုကောင်းနေပါတယ်။ ပွဲဦးထွက်တွေမှာ ရိုက်ခဲ့သကိုး။ Cobwebမှာတော့ အဲဒီအားနည်းချက်တွေ မရှိသလောက်ဖြစ်သွားတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကင်ဂျီးဝန်းကို ကျွန်တော့်အနေနဲ့တော့ I Saw the Devilတို့လိုပုံစံမျိုးထက် Black Comedyကားတွေမှာ ပိုအရသာတွေ့ပါတယ်။ လက်ရှိအထင်ကရထိပ်တန်း ဒါရိုက်တာတွေထဲ ကင်ဂျီးဝန်းပုံစံဟာ အဲဒီကားတွေမှာတော့ လုံးဝကွဲထွက်နေလို့ မတူတဲ့အရသာတစ်မျိုးပေးနိုင်လို့ပါပဲ။ The Foul Kingကတော့ ရုံးမှာ အထက်လူကြီး အနိုင်ကျင့်ခံနေရတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကနေ မဆီမဆိုင် ပရိုနပန်းလောကထဲဝင်ပြီး နပန်းသမားဝင်လုပ်တဲ့အကြောင်းပါပဲ။ တော်တော်စားတဲ့ ဇာတ်ကြောင်းလို့ပြောရမယ်။ ဒီလိုစားတဲ့ ဇာတ်ကြောင်းကို ကင်ဂျီးဝန်က Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ အသက်သွင်းထားတာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရမှာပါ။ မင်းသားက ဆောင်းကန်ဟိုဆိုတော့ ဇာတ်ကောင်နဲ့လည်းတော်တော်လေးပနံသင့်တော့ အတိုင်းအတာတစ်ခုအထိတော့ ပြည့်စုံတဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဇာတ်အိမ်က အရမ်းကြီးတော့ အားရစရာမကောင်းနေတဲ့အတွက် ဒီရုပ်ရှင်ဟာ Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူတွေအတွက်လိုဖြစ်နေပါလိမ့်မယ်။ I Saw the Devilတို့လိုပုံစံမျိုး သွားမမျှော်လင့်မိဖို့တော့ လိုပါလိမ့်မယ်။ File size… 2.6 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

6.9 2000 112 mins
The Foul King