YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

I Remember You (2015)EP10.WEB-DL.1080P(CM).mp4

990.51 MB 1080p video/mp4 110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Origin of Evil
6.6

The Origin of Evil (2022) ~ IMDb - 6.6/10, Rotten Tomatoes - 86% ~ Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။ စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။ စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို သူတို့အိမ်ကြီးဆီခေါ်သွားပြီး မိသားစုတွေနဲ့ တွေ့ဆုံစေပါတယ်။ သူ့ရဲ့ အဖေတူအမေကွဲညီမဖြစ်သူ ဂျော့ရှ်ကတော့ စတေဖနဲစ်ကို မယုံပါဘူး။ ငွေတွေလိုချင်လို့ သမီးယောင်ဆောင်ပြီး ချဉ်းကပ်တယ်လို့ထင်တာပါ။ သူတို့မိသားစုရဲ့ ဆက်ဆံရေးကလည်း အဆင်မပြေကြပါဘူး။ ဖခင်သူဌေးကြီးက သူ့လုပ်ငန်းတွေကို ဂျော့ရှ်က ဦးစီးပြီး ပြောင်းလဲပစ်မှာကို မကြိုက်တဲ့အတွက် စတေဖနဲစ်ကို အရေးပေးလာပါတယ်။ ဒီလိုနဲ့ သူဌေးကြီး‌ရဲ့ အမွေတွေ ရဖို့ ကြံစည်ကြပုံတွေ၊ အားလုံးက စတေဖနဲစ်လို ထင်ကြတဲ့ အမျိုးသမီးရဲ့ တကယ့်ဘ၀အစစ်အမှန်က ဘယ်သူလဲ၊ သူပြောသလို သူဌေးကြီးရဲ့ သမီးရင်း ဟုတ်ပါ့မလား၊ အမွေတွေကို နောက်‌ဆုံးမှာ ဘယ်သူရမလဲ......စတာတွေကို မြှုပ်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 2H 5Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.6 2022 123 mins
The Origin of Evil
The Accountant
7.1

Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB /  720MB Quality…4k HEVC AAC5.1CH /  1080p  / 720p Format…mkv / mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by LittleNeo & Idiot Myo Ko

Mystery
7.1 2016 128 mins
The Accountant
Lady of the Dynasty

တကယ့်အဖြစ်အပျက်တွေက ပုံပြင်တွေထက် ဆန်းကြယ်တာမျိုးပဲထင်တယ်… ၇ ရာစုခန့်က တရုတ်ပြည် ထန်မင်းဆက်ခေတ်မှာ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်…. သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်… ပြသနာက အဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်…. ဒါပေမယ့်သူဟာ ရှင်ဘုရင်ဖြစ်ပြီး လိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့် အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကို မိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်… ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်လိုဆက်သွားပြီး ရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကို ပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့် ရာဇဝင်အပြည့်အစုံကို ဒီ Post https://www.facebook.com/tianxiadiyi888888/posts မှာ ဖတ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ကိုတော့ ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီး အချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။

0 2015
Lady of the Dynasty
Dead in a Week Or Your Money Back
6.3

Dead in a Week Or Your Money Back (2018) ~ IMDb – 6.3/10, Rotten Tomatoes – 52% ~ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ ‌စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ဆက်သွယ်လာတဲ့ စာအုပ်တိုက်ကနေ မိန်းမချောလေး အယ်လီနဲ့ ဆုံလာတဲ့အချိန်မှာ သေချင်တိုင်း သေလို့မရတဲ့ ဝီလျံရယ်၊ ပဲလှော်ကြား ဆားညပ်မယ့် အလှလေး အယ်လီရယ်၊ အလုပ်အပေါ် အရမ်းသိတတ် တာ၀န်ကျေပြီး ဝီလျံကို မရရအောင် သတ်ပေးမယ့် လုပ်ကြံရေးသမားကြီး လက်စ်လေတို့ သုံးယောက် ဘယ်လိုတွေလွဲပြီး ဘယ်လိုတွေ ခွီရမလဲ ဆိုတာ ဒီ Dark Comedy ရုပ်ရှင်‌လေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 680MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Action • Thriller • Mystery • Crime • Horror
6.3 2018 90 mins
Dead in a Week Or Your Money Back
Stories Not to be Told
6.2

Stories not to be told (2023) ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron

Drama • Adventure • Fantasy • TV Movie
6.2 2023 100 mins
Stories Not to be Told
Bolt
6.8

Walt Disney Animation Studio ရဲ့ ၂၀၀၈ ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ် ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာ ထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကို တစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက် ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကို ကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလို မဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာ အချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်း အတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကို ကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာ အစစ်အမှန်တွေလို့ ယုံကြည်နေပြီး အပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။ နောက်ဆုံးမှာတော့ လမ်းကြားက ကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူ ကြွက်ကလေး ရိုင်နို တို့နဲ့အတူ ပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာ သူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့ အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များ ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ် File size… 1.74 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Adventure, Comedy , Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.8 2008
Bolt
The Passion of the Christ
7.2

The Passion of the Christ (2004) ~ IMDb – 7.2/10, Rotten Tomatoes – 49% ~ ခရစ်တော်တို့ မယ်တော်မေရီတို့အကြောင်းဇာတ်ကားတွေ သမ္မာကျမ်းစာလာကားတွေကို ရိုက်ရတယ်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ပါပဲ။ လူပေါင်းမြောက်များစွာ လုပ်ခဲ့ကြပေမဲ့ နာမည်ကြီးဒါရိုက်တာကြီးတွေတောင် အောင်မြင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ပေါ့။ ဒီတစ်ခါ “The Passion of the Christ” ဆိုတဲ့ ဇာတ်ကားကိုတော့ Mel Gibson က ရိုက်ထားတယ်။ ဂစ်ဆင်ကိုတော်တော်များများ မင်းသားအနေနဲ့ ပိုသိကြမှာပါ။ ဒါပေမဲ့ သူလည်း သရုပ်ဆောင်သက်တမ်းမနည်းသလို ဒါရိုက်တာသက်တမ်းလည်း အတော်တော့ရှိနေပါပြီ။ Braveheart လို ဂန္ထဝင်တွင်တဲ့ကားတွေ၊ Hacksaw Ridge နဲ့ Apocalypto တို့လို တကယ့်ကားကောင်းတွေရိုက်ခဲ့သလို အခုရုပ်ရှင် The Passion of the Christ ကိုလည်း IMDB rating မှာ 7.2 ရထားတဲ့အပြင် ဆုပေါင်း ၃၀ ကျော် ဆွတ်ခူးထားနိုင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း တကယ်မခေတဲ့သူပါပဲ။ ခေါင်းစဉ်အတိုင်း ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲမှာတဲ့ “Jesus Christ” သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပေမဲ့ သခင်ယေရှုသက်တော်စဉ်ဖြစ်တဲ့ ဘဝတစ်ခုလုံးအကြောင်းရိုက်ပြထားတာပဲမဟုတ်ဘဲ “The Last Supper” လို့ နာမည်ကြီးတဲ့ နောက်ဆုံးညစာစားပွဲပြီး နောက်တစ်နေ့နံနက်အချိန် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် ကားစင်တင်သတ်မခံရခင် ၁၂ နာရီကာလကို အသေးစိတ်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခရစ်တော်အကြောင်းရိုက်တဲ့ကားတွေထဲကမှ ဒီကားကတော့ ထူးထူးခြားခြား အချိန်တိုလေးကို သုံးပြီး ရိုက်ကူးထားတာဖြစ်လို့ အန္တရာယ်ပိုကြီးမှာပေမဲ့ Mel Gibson ကတော့ ကောင်းကောင်းကြီး ပုံဖော်သွားခဲ့နိုင်တယ်ပဲ ပြောရပါမယ်။ ~ ဇာတ်လမ်းအကျဉ်း ~ သခင်ယေရှုဟာ သူရဲ့သာဝက ၁၂ ပါးနဲ့ ပွဲတော်စားပြီးတဲ့အချိန်မှာ နောက်တစ်နေ့မနက် အသတ်ခံရတော့မှာကိုသိတဲ့အတွက် ဂေသရှေမန်ဥယျာဉ်ထဲမှာ ခမည်းတော် အဘဘုရားဆီဆုတောင်းဖို့သွားခဲ့ပါတယ်။ ဆုတောင်းအပြီးမကြာခင်မှာပဲ ရောမရဲမက်တစ်သိုက်နဲ့အတူ သခင်ယေရှုကို ဖာရိရှဲလို့ခေါ်တဲ့ ထိုခေတ်အခါက ကျမ်းတတ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဆီ ငွေအသပြာ သုံးဆယ်နဲ့ရောင်းစားခဲ့တဲ့ သခင်ယေရှုရဲ့တပည့်တော် ၁၂ ပါးထဲမှ သခင်ယေရှုကိုသစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ဆိုတဲ့ တပည့်တော်လည်းပါပါတယ်။ ဒီလိုအကြောင်းဖန်လာတာကတော့ ဖာရိရှဲတို့က သခင်ယေရှုကို မှားယွင်းတဲ့ဩဝါဒဖြန့်သူ၊ မဟုတ်မမှန်ဘဲ ဘုရားသားလို့ မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်သူဖြစ်တယ်ဆိုပြီး ရဲမက်တွေကိုဖမ်းဆီးခိုင်းလိုက်လို့ပဲဖြစ်ပါတယ်။ ယေရုရှလင်(ဂျေရုဆလင်)မြို့ရဲ့ တရားစိုးမိုးမှုအောက်မှာရှိနေတဲ့ သခင်ယေရှုက နောက်ဆုံးမှာ ဘယ်လိုမျိုးကားစင်တင်သတ်ခံသွားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲက သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်သတ်ခံရပုံကို သမ္မာကျမ်းစာထဲကအတိုင်း တိကျသေသပ်အောင် ရိုက်ကူးထားနိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်တွေရဲ့ နာမည်ကြီးထုံးတမ်းစဉ်လာတွေဖြစ်ကြတဲ့ “ပွဲတော်စားခြင်း”၊ သခင်ယေရှုရဲ့ ငယ်ဘဝအကျဉ်း၊ ကျမ်းတတ်ပေမဲ့လည်း သမာသမတ်မကျတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲတွေရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လာမယ့် 2024~2025 မှာလည်း ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကောင်းကင်ပေါ်ပြန်မကြွခင်ကာလအကြောင်းဇာတ်ကားကို Mel Gibson ကပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – (8 GB)/ (2.7 GB)/(1.4 GB) Quality – BluRay 4K HEVC /1080p/ 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 7Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

7.2 2004 127 mins
The Passion of the Christ
How to Have Sex
6.6

How to Have Sex (2023) ~ IMDb – 6.6/10, RT – 95%, Meta – 80% ~ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ဒီအရွယ်ရောက်ရင် လက်တည့်စမ်းချင်တာတွေရှိကြတာပေါ့။ ဖြစ်ချင်တော့ သူငယ်ချင်းသုံးယောက်လုံးထဲမှာ တာရာတစ်ယောက်တည်းကပဲ အတွေ့အကြုံမရှိသေးတာပါ။ ဒီလိုနဲ့ပဲ ခရီးရောက်ခိုက် သူတို့လိုလူငယ်တစ်သိုက်နဲ့တွေ့တဲ့အခါမှာ “မိုးရွာတုန်းရေခံ” ဆိုသလို တာရာတစ်ယောက်ရေလာမြောင်းပေးလုပ်ဖို့ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ တာရာတစ်ယောက် ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲ၊ “အမှန်တရားက ခါးသီးတယ်” ဆိုတဲ့စကားကို ဘယ်လိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမျိုးအစားကို ဒရာမာထဲထည့်ထားကြပေမယ့်လည်း ဇာတ်လမ်းရေးသူက Documentary အနေနဲ့ကော တကယ့်လက်တွေ့ လူငယ်တွေအကြားဖြစ်ပျက်နေတာကို မီးမောင်းထိုးထားတဲ့သဘောနဲ့ ရေးသားပြီးထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် Hollywood ဇာတ်ကားတွေလို American Vibe မျိုးမဟုတ်ဘဲ British တွေရဲ့ Original Vibe ကိုလည်း ခံစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 31Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
6.6 2023 91 mins
How to Have Sex
The Pretty Official
5.8

ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အိမ်တော်ထိန်းတစ်ယောက်ဟာ သူ့သစ္စာသခင်ကြီးအပေါ် သစ္စာရှိခဲ့တဲ့အတွက် သခင်ကြီးက ခရိုင်မှူးအရာရှိအဖြစ် သခင်ကြီးကိုယ်စားသွားပေးဖို့စေလွှတ်ခဲ့တယ်။ သူ့ကိုယ်သူ အရာရှိတစ်ယောက်ဖြစ်ပြီ ချမ်းသာပြီးတော့ သူ့ရဲ့အဖေအရင်းကိုလဲရှာနိုင်ပြီပေါ့ ကံကောင်းလှပြီလို့ထင်ခဲ့တယ်။ တကယ်တော့ တက်တက်စင်အောင်လွဲတာပါပဲ။ တကယ်တော့ သူရောက်နေတဲ့ခရိုင်မြို့ကို စီးပွားရှင်တစ်ဦးက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီးတော့ အရာရာကိုထိန်းချုပ်နေတာဖြစ်နေတယ်။ ခရိုင်မှူးကိုလဲ လာဘ်ထိုးပြီးတော့ သူ့ဘက်တော်သားဖြစ်အောင်သိမ်းသွင်းတယ်။အကြပ်ကိုင်ခြိမ်းခြောက်တယ်။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ဒီသူဌေးကြီးကို တွန်းလှန်ချင်ပေမယ့်လဲ မစွမ်းသာဘူးဖြစ်နေပါတယ်။ ကြီးပွားချမ်းသာချင်လို့ခရိုင်မှူးလာလုပ်တဲ့သူတစ်ယောက် သူဌေးကြီးရဲ့ဖျားယောင်းမှုအောက်ကလွတ်နိုင်ပါ့မလား…… တရားတဲ့ဘက်မှာပဲရပ်တည်ပြီးတော့ မြို့လေးကို ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်တွေဝေဝေစာစာနဲ့ကြည့်လိုက်ပါဦးနော်

5.8 2024
The Pretty Official
Angrezi Medium
7.6

Angrezi Medium (2020) IMDb Rating (7.2/1) ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့ Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။ Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။ မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦး ဇာတ်လမ်းကတော့ အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ် ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ် ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကို လူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ……။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

7.6 2020
Angrezi Medium
Ucha Dar Babe Nanak Da
7.4

Ucha Dar Babe Nanak Da (2024) “ငြိမ်းအေးရာ” ပန်ချာပီ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ပျော်ရွှင်မှု၊ ငြိမ်းအေးချမ်းသာမှုဆိုတာက လူတိုင်းလိုချင်ကြတဲ့အရာ၊ တောင့်တကြတဲ့အရာပါပဲ။ ဒီရုပ်ရှင်မှာတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်စားသောက်ရင်း မိသားစုပြဿနာ၊ အလုပ်ပြဿနာတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မိသားစုတစ်စုအကြောင်း။ ပျော်ရွှင်ငြိမ်းအေးမှုကိုရဖို့ ဂူဘာနီလို့ခေါ်တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရင်း ပြဿနာတွေ၊ ပူလောင်မှုတွေနဲ့ ကင်းဝေးလာပုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး၊ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။

7.4 2024
Ucha Dar Babe Nanak Da
The Score
6.8

The Score ( 2001) IMDb Rating (6.8) / Rotten Tomatoes (74%) နာမည်ကြီးမင်းသားများပါဝင်ထားသောအမေရိကန်ဖောက်ထွင်းမှုဆိုင်ရာဂ န္တဝင်ဇတ်ကားကောင်းတစ်ကား.. ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာနေတဲ့ နစ်ခ်ဝဲလ်(ရောဘတ်ဒီနီရိုးRobert De Niro)ဟာကနေဒါပြည်နယ်တွေသာမကပဲ အခြားနိုင်ငံများကမီးခံသေတ္တာတွေကိုပါဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသူဖောက်ထွင်းသမားတစ်ယောက်ဖြစ်ပါတယ်။ မက်စ်(မာလွန်ဘရန်ဒို Marlon Brando)ကတော့ နောက်ကွယ်ကနေလိုတဲ့ငွေကြေးကိုထောက်ပံ့ပေးပြီးပစ္စည်းရလာတဲ့အခါဝယ်သူရှာပြီးဝေစုခွဲလေ့ရှိပါတယ်။ နစ်ခ်က ဂျက်ဇ်ဂီတကလပ်ကိုပိုင်ပေမယ့်အကြွေးပေးဖို့ကျန်နေပါသေးတယ်။သူကလည်း ဒီအလုပ်ကနေအနားယူပြီးအေးအေးဆေးဆေး နေဖို့စိတ်ကူးထားပါတယ်။ နစ်ခ်ရဲ့ချစ်သူဒိုင်ယန်း(အိန်ဂျယ်လာဘက်စ်ဆက်ထ် Angela Bassett)ကလည်းဒီအလုပ်ထပ်မလုပ်ဖို့ပြောလာပါတယ်။ ၂၅ နှစ်လုံးဖောက်ထွင်းမှုတွေလုပ်လာပြီး ဒီတစ်ခါနောက်ဆုံးပဲအချီကြီးကြံပြီးနစ်ခ်နဲ့မက်စ်တို့ဖောက်ထွင်းခိုးယူဖို့ကြံတဲ့ပစ္စည်းက သူတို့နေတဲ့မွန်ထရီယယ်မြို့ကအခွန်ကောက်ခွန်ရုံးမှာရှိနေတဲ့အခါနစ်ခ်ကမလုပ်ချင်ပေမယ့်မက်စ်ကိုငဲ့ပြီးလုပ်မယ်ဆုံးဖြတ်လိုက်ပါတယ်။ နစ်ခ်တစ်ယောက်တည်းဒါကိုလုပ်လို့မရပဲအတွင်းလူတစ်ယောက်လိုလာတဲ့အခါဖောက်ထွင်းသမားလောကထဲကိုစဝင်လာတဲ့ ဂျက်ခ်ဆဲလား( အက်ဒဝပ်နော်တန်Edward Norton)နဲ့တွဲလုပ်ရဖို့ဖြစ်လာပါတယ်။ သူတို့ဖောက်ထွင်းခိုးယူမှာကဘာပစ္စည်းလဲ ဘာတွေကို ဘယ်လိုအစီအစဥ်ဆွဲသလဲ ဘယ်လိုတွေဖောက်ထွင်းသလဲဆိုတာနဲ့ မထင်မှတ်တဲ့အလှည့်အပြောင်းတွေကစိတ်ဝင်စားစရာကောင်းလို့ဖန်သားပြင်ပေါ်မှာဆက်ကြည့်ရှု့နိုင်ပါတယ်။ ရုပ်ရှင်မှာစတန့်တွေ အထူးပြုလုပ်ချက်တွေမပါပဲ ဇတ်ကောင်စရိုက်ကိုပေါ်လွင်အောင်ပြနိုင်ပါတယ်။ဖောက်ထွင်းမှုဇတ်ကားတွေထဲမှာတော့ ဂန္တဝင်ဇတ်ကားတစ်ကားလို့သတ်မှတ်ထားကြပါတယ်။ ဒါရိုက်တာ ဖရန့်ခ်အော့ဇ်(Frank Oz)ကရိုက်ကူးထားပါတယ်။ မင်းသမီး အိန်ဂျယ်လာဘက်စ်ဆက်ထ်ကဆုနှစ်ခုအမည်စာရင်းတင်သွင်းခံရပြီး NAACP Image Award ဆုကိုဇတ်ပို့သရုပ်ဆောင်အနေနဲ့ရရှိခဲ့ပါတယ်။ ငွေးကြေးအရလည်းအောင်မြင်တဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File Size : 1.84GB / 930MB Quality : 1080p 5.1ch / 720p Duration : 02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Sakar Khin Encoded by Heather Oo

6.8 2001 124 mins
The Score
Madame Claude
5.4

Madame Claude (2021) မဒမ်ကလောက် ဒါမှမဟုတ် ဖာနန်ဒီဘရူနက်လို့ ၂၀ ရာစုနှောင်းပိုင်းက အာဏာရှင်သဖွယ်ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်ပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အခု ဒီ ၂၀၂၁ ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကတော့ နောက်ဆုံး ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီတော့ ၂၀၀၀ ခုနှစ်မပြည့်ခင်တုန်းက ထွက်ခဲ့တဲ့ OG ဇာတ်ကားလည်းရှိပါသေးတယ်။ ဇာတ်အိမ်အကျဉ်း မဒမ်ကလောက်ဟာ ၁၉၆၀ နှောင်းပိုင်းမှာ ပြည့်တန်ဆာခေါင်အဖြစ်နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ ဘယ်လောက်တောင် အာဏာရှိခဲ့လဲဆိုရင် ကျင့်ဝတ်အရ အောက်တန်းကျတယ်လို့ ဆိုနိုင်တဲ့အလုပ်ကိုလုပ်နေပေမယ့် အစိုးရပိုင်းလူကြီတွေနဲ့ပေါင်းသင်းဆက်ဆံရပြီး နောက်ကွယ်က ဖြစ်ရပ်တချို့ကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အထိ အာဏာရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်က ဖြစ်ရပ်ဆိုးရှိခဲ့တဲ့ မဒမ်ကလောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းပေါ်ရောက်သွားခဲ့တဲ့အချိန် ခေတ်ကာလရေစီးကြောင်းအရလည်း ကမ္ဘာစစ်ဖြစ်ပြီး သွေးအေးစစ်ပွဲ ဒါမှမဟုတ် တိုင်းပြည်တွေပြည်လည်နာလည်ထူခါစ စစ်အေးကာလမှာ ယောက်ျားသားတွေရဲ့ ရမ္မက်ကြီးပုံကို အရသာတွေ့သွားပြီ အဲဒီကနေ အမြတ်ထုတ်ရာကနေ အာဏာတဖြည်းဖြည်းရလာခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှတော့ သူရဲ့ ဘဝအစ သူ့ရဲ့သက်တမ်းတစ်လျှောက် နောက်ကွယ်နေ ပြည့်တန်ဆာလောကကို ဘယ်လိုကြိုးကိုင်ခြယ်လှယ်ခဲ့လဲ၊ ဒါ့အပြင်နောက်ဆုံးမှာ ရာဇဝတ်မှုကြီးတွေရဲ့ ဖြစ်မြဲဓလေ့အတိုင်း ဘယ်လိုလုံးပါးပါးသွားလဲဆိုတာကို ဖြစ်ရပ်မှန်သဖွယ် တရှုတမောတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။) File size…(1.2 GB) / (820 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Biography, Crime, Drama, Romance Duration….01:52:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by SM

5.4 2021 112 mins
Madame Claude