YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

I.Came.By.2022.480p.WEBRip.(CM).mp4

354.66 MB N/A video/mp4 178 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Would You Rather
6

"မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်‌ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်‌ခေါ်တာခံလိုက်ရပါတယ်။ ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအ‌ထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရ‌ပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Crime • Thriller
6 2012 93 mins
Would You Rather
Everglow
6

“အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဆိုတဲ့ ဘွားဘွားနဲ့ ကောင်လေးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ :3 ဒီဇာတ်လမ်းလေးမှာတော့ ရေငုပ်သမဘွားဘွားနဲ့ ဆိုးလ်ကနေ ရိုက်ကူးရေးလာလုပ်တဲ့ ပီဒီကောင်လေးတို့နှစ်ယောက် ဂျယ်ဂျူဒိုမှာ တွေ့ဆုံကြပြီးချစ်သွားကြတဲ့အကြောင်းလေးကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂိုဂျင်အို့ဆိုတဲ့ ဘွားဘွားအန်တီက ဂျယ်ဂျူကျွန်းရဲ့အတော်ဆုံးရေငုပ်သမဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝဟာ သမီးလေးမရှိတော့တဲ့နောက် အထီးကျန်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။ ဒါ့အပြင် အိပ်ရာပေါ်လဲနေတဲ့ ခင်ပွန်းဖြ်စ်သူကို ပြုစုရင်း ၊ တစ်ဖက်မှာလည်း ရေငုပ်သမအနေနဲ့ အသက်မွေးရင်း အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတယ်။ ဂယောင်ဟွန်းကတော့ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာအလုပ်လုပ်နေတဲ့ ပီဒီတစ်ဦးဖြစ်ပြီး ဂိုဂျင်အို့အကြောင်းကို အစီအစဉ်မှာထည့်သွင်းရိုက်ကူးချင်တာကြောင့် ဂျယ်ဂျူဒိုကိုရောက်လာခဲ့သူပါ။ ဒါပေမယ့် ဂိုဂျင်အို့ကတော့ ရိုက်ကူးရေးလုပ်ဖို့ အဆုံးထိငြင်းဆန်နေတဲ့အတွက်ကြောင့် မရရတဲ့နည်းလမ်းအစုံသုံးပြီး ဖြောင်းဖျကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ဘယ်လိုနီးစပ်သွားမလဲ ….. တူညီတဲ့စိတ်ဒဏ်ရာရှိတဲ့သူအချင်းချင်း ဘယ်လိုအားပေးရင်း ချစ်မိသွားကြမလဲဆိုတာကို ရသဆန်ဆန်တင်ဆက်ထားတဲ့ ကားကောင်းလေးမို့ မလွတ်တမ်းအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9GB | 857MB | 400MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ThantSin Encoder ..... August

Action • Comedy
6 2021 95 mins
Everglow
A Perfect Getaway
Rocky Balboa
7.1

လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p 5.1CH/ 720p / 480P Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.1 2006 102 mins
Rocky Balboa
Clean Job
6.7

Clean Job(2023) *************** ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အိမ်သန့်ရှင်းရေးအလုပ်လုပ်တဲ့ လူမည်းအမျိုးသမီးတစ်စုအကြောင်းရိုက်ကူးထားတဲ့ Comedy Dramaကားလေးပါ။ သူတို့သန့်ရှင်းရေးက အိမ်ထဲရှိသမျှပစ္စည်း အကုန်ရှင်းအောင် “မ”သွားတဲ့အလုပ်ပါ… ချမ်းသာတဲ့လူတွေဆီကို အိမ်သန့်ရှင်းရေး၊အိမ်စေအဖြစ် ဟန်ပြလုပ်ပြပြီး ယုံကြည်မှုရအောင်လုပ်တယ်… အိမ်ရှင်တွေရဲ့ ဘယ်အချိန်အပြင်ထွက်တယ် ဘယ်အချိန်ပြန်လာတယ်၊ အဝင်အထွက်တွေ၊ ကင်မရာတွေ၊ လျှို့ဝှက်နံပါတ်တွေအကုန်သိအောင်လုပ်ပြီးမှ အိမ်ဖောက်ထွင်းကြတဲ့ အမျိုးသမီးတစ်စုပေါ့။ ဒီအလုပ်ကို ဘယ်လိုစလုပ်ခဲ့ကြတာလဲဆိုတော့… ကင်ဘာလေရဲ့ မိခင်ဖြစ်သူဟာ ချမ်းသာတဲ့မိသားစုတစ်ခုရဲ့အိမ်စေဖြစ်ပါတယ်။ အမေဖြစ်သူဆုံးသွားတော့ ကင်ဘာလေဟာ သူဌေးအိမ်ကနှင်ချခံရပြီး ‌အမျိုးရင်းဦးလေးရှိတဲ့ အောက်ခြေလူတန်းစားတွေကြားရောက်သွားပါတယ်။ အဲ့ဒီနေရာက ပညာမတတ်တဲ့ အမျိုးသမီးတွေဟာ ချမ်းသာတဲ့ အိမ်တွေမှာ အိမ်ဖော်အဖြစ်အလုပ်သွားလုပ်ကြပြီး ဖိနှိပ်ခံ၊ အမှိုက်လိုဆက်ဆံခံရ၊ အလုပ်ဖြုတ်ခံနေရပါတယ်။ ဒါတွေကို မြင်တွေ့ရတာများလာတော့ နဂိုကတည်း သူဌေးအိမ်တွေကိုနာကျည်းချက်ရှိတဲ့ ကင်ဘာလေဟာ ပြန်တိုက်ဖို့ကြံပါတော့တယ်… ဒီလိုနဲ့ပဲ သန့်ရှင်းရေးအမျိုးသမီးတစ်စုက အိမ်တွေကို ဘယ်လိုဖောက်ထွင်းကြမလဲ၊ ကင်ဘာလေရဲ့နာကျည်းမှုကရောဘာလဲ နာကျည်းမှုတွေနဲ့ မကောင်းမှုပြုလုပ်ခဲ့ကြတဲ့သူတို့တွေ ဥပဒေလက်ကလွှတ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။ File Size :(1.8GB)& (814MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6.7 2023
Clean Job
Atlantis: Milo’s Return
5

Atlantis Milo’s Return (2003) Genre – Animation, Action, Adventure ၂၀၀၁ ခုနှစ်တုန်းက Disney ကနေ ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Atlantis The Lost Empire ရဲ့ အဆက်ရုပ်ရှင် ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ပထမကားတုန်းက အဖြစ်အပျက်တွေပြီးတော့ မိုင်လိုကလည်း အတ္တလန်တစ်မှာ ကီဒါနဲ့ အတူနေနေကြပါတယ် ကီဒါကလည်း ဘုရင်မ အဖြစ်ကို ရောက်ရှိနေပါပြီ။ အဲဒါနဲ့ နှစ်ယောက်သားအတူတူ ပုံဆောင်ခဲစွမ်းအင်ကို အသုံးချပြီး သူတို့မြို့လေးကို ပြန်ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ပထမကားတုန်းက မိတ်ဆွေဟောင်းတွေဖြစ်တဲ့ မစ္စတာဝှစ်မောတို့ ဗင်နီတို့ သြဒရီတို့ မိုးလ်တို့ အတ္တလန်တစ်ကို ရောက်လာကြပြီး ကုန်းမြေကမ္ဘာမှာ အတ္တလန်တစ်နဲ့ ဆက်နွယ်နေနိုင်လောက်တဲ့ အန္တရာယ်တွေကျရောက်နေပြီ ဖြစ်လို့ အတ္တလန်တစ်ကျွမ်းကျင်သူ မိုင်လို့ကို လာ အကူအညီတောင်းကြပါတော့တယ်။ ဒီလိုနဲ့ ဘုရင်မဖြစ်နေတဲ့ ကီဒါကပါ ဒါကလည်း သူ့အဖေ လက်ထက်တုန်းက စနက်တွေ ကင်းရဲ့လား သံသယဖြစ်မိတာကြောင့် အတူလိုက်ပါမယ်ဆိုပြီး အုပ်စုလိုက် ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ ရန်စွယ်ဟာ တစ်ခုတည်း မဟုတ်ပဲ ၃ ခုလောက် ဖြစ်နေပြီး အကုန်လုံးက ကမ္ဘာပျက်လောက်တဲ့အထိ ဆိုးဝါးနေခဲ့တော့ မိုင်လိုတို့တသိုက် စွန့်စွန့်စားစားနဲ့ ဖြေရှင်းဖို့ ဖြစ်လာကြတာပေါ့။ မြောက်ဖက်သမုဒ္ဒရာထဲက ခရာကန်ရန်စွယ်နဲ့ ထူးခြားတဲ့ရွာလေးတို့ သဲကန္တာရထဲက ထူးဆန်းတဲ့ ဝံပုလွေတို့ နောက်ပြီး နော်ဝေနတ်ဘုရား အိုဒင်နဲ့ ကမ္ဘာပျက်ကိန်း ရက်ဂနောရော့တို့ စသဖြင့် စွန့်စားခန်းပေါင်းများစွာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ File size… 1.3 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror • Thriller
5 2003
Atlantis: Milo’s Return
It’s Quieter in the Twilight
7.8

It’s Quieter in the Twilight (2022) ========================= IMDb Rating – 7.8/10 အာကာသထဲမှာရှိတဲ့ဂြိုဟ်တွေအကြောင်း စိတ်ဝင်စားကြတဲ့သူတွေ၊ အထူးသဖြင့် တိုးတက်နေတဲ့ သိပ္ပံနည်းပညာတွေနောက်ကို လိုက်နေ ကြတဲ့သူတွေအဖို့ ဒီမှတ်တမ်းရုပ်ရှင်က ရတနာသိုက်တစ်ခုပါပဲ။ ပေး ရတဲ့အချိန်နဲ့ တန်တဲ့ information တွေ knowledge တွေကို ရချင် တယ်ဆိုရင်တော့ must watch ပါပဲလို့ ထပ်ပြီးညွှန်းပေးချင်ပါတယ်။ 1977 ခုနှစ်မှာ NASA က Jupiter နဲ့ Saturn ဂြိုဟ်နှစ်လုံးကို စူး‌စမ်း လေ့လာဖို့အတွက် Voyager 1 နဲ့ Voyager 2 ဆိုတဲ့ အာကာသယာဉ် နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။ ပထမမစ်ရှင်ကတော့ ဒီဂြိုဟ်နှစ်လုံးကို လေ့လာဖို့အတွက်ပါပဲ။ ဒါပေမဲ့ Jupiter ရဲ့ လပေါ်မှာ မီးတောင်ရှင်တွေ ရှိနေတာရယ်၊ Saturn ရဲ့ ကွင်းတွေကြားက ရှုပ်ထွေးမှု ပုံသဏ္ဍာန်တွေ ကြောင့် ထပ်ဆောင်းမစ်ရှင်‌တွေ ရှိလာခဲ့ပါတယ်။ Voyager 2 က Uranus, Neptune ဂြိုဟ်တွေနဲ့ တွေ့ဆုံမှုကို အောင်မြင် သွားပြီး ထပ်မံစူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ သူကတော့ ပြင်ပ ဂြိုဟ်တွေဆီ သွားရောက်နိုင်ခဲ့တဲ့ တစ်စင်းတည်းသော အာကာသယာဉ် အဖြစ် အခုချိန်ထိ ရပ်တည်နေတုန်းပါ။ ဒါ့အပြင် 2012 August လမှာ Voyager 1 က interstellar space ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး၊ 2018 November လမှာတော့ Voyager 2 က ဆက်လက်ဝင်ရောက်နိုင်ခဲ့ပါ တယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အခုလိုအောင်မြင်ခဲ့တဲ့ မစ်ရှင်တွေရဲ့ နောက်ကွယ်က Voyager အဖွဲ့သား သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအား ထုတ်မှုတွေကို တွေ့မြင်ကြရမှာပါ။ မစ်ရှင်တွေအကြောင်း အသေးစိတ် ရှင်းပြချက်တွေနဲ့အတူ အဖြေရှာရခက်တဲ့ အာကာသထဲက ပုစ္ဆာ‌တွေအ ကြောင်းလည်း မျက်မြင်တွေ့ရပါလိမ့်မယ်။ (ပရိသတ်တို့ စိတ်ဝင်စားကြမယ်ဆိုရင်တော့ Voyager နှစ်စင်းရဲ့ အကွာ အဝေးတွေ၊ ပတ်လမ်းတွေကို Voyager JPL NASA website ကနေ တိုက် ရိုက်ကြည့်ရှုလို့ရတဲ့အကြောင်း သတင်းပါးလိုက်ချင်ပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……May Thet Khine Soe Encoder……….SWM

7.8 2022 83 mins
It’s Quieter in the Twilight
Locked In
5.5

X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့ မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ….။ ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့ လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်…။ လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံး အကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊ မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ….။ ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့….. ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကို လက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့…. ‌ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲ သားဖြစ်သူအတွက်သာ အမွေ‌တွေအကုန်ပေးအပ်ခဲ့ပါတယ်…။ ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့….။ အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့် အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ….။ အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကို ပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်….။ ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါ ထပ်ရလာတဲ့အခါမှာတော့…. အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ….။ မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်က အမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့် Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Comedy • Drama
5.5 2023
Locked In
Big Momma’s House 2
4.8

Big Momma’s House 2 (2006) ====================== ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma’s House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။ အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.8 2006 99 mins
Big Momma’s House 2
Breakwater
5

Breakwater (2023) Mystery နဲ့ Thriller ပေါင်းစပ်ထားတဲ့ Plot ဆန်းဆန်းနဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ ရေးနဲ့ ဒက်ဗီဆိုတဲ့လူငယ်တို့က အကျဉ်းသားတွေဖြစ်ပြီး ထောင်ထဲမှာ ရင်းနှီးခဲ့တာပါ။ ဒက်ဗီက သူ့ပြစ်မှုအတွက် ထောင်သုံးနှစ်ကျတာဖြစ်ပြီး မကြာခင် ပြန်လွတ်တော့မှာဖြစ်တဲ့အတွက် ရေးက အကူအညီတစ်ခုတောင်းရာကနေ စပါတယ်။ ရေးက သူ့မှာသမီးရှိကြောင်း၊ သူက ကင်ဆာဖြစ်နေလို့ မနေရတော့တဲ့အတွက် သူ့သမီးရှိတဲ့မြို့ကိုသွားပေးပြီး သူ့သမီး ပျော်နေလား ကြည့်ခိုင်းပါတယ်။ သူ့သမီးနာမည်က မာရီနာပါတဲ့။ အဘိုးကြီးရေးကို စာနာပြီး ထောင်ကလွတ်တဲ့အချိန် ဒက်ဗီက နယ်မကျော်ရတဲ့စည်းကမ်းကိုပါ ချိုးဖောက်ပြီး မာရီနာရှိတဲ့ ကမ်းရိုးတန်းမြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမှာ မာရီနာအမည်နဲ့မဟုတ်ဘဲ အိဖ်‌ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ တွေ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါသည် သနားစရာအဘိုးကြီးလို့ ဒက်ဗီထင်နေတဲ့ရေးက သွေးအေးလူသတ်သမားဖြစ်ပြီး ထောင်ကထွက်ပြေးလာတဲ့အခါ… ရေးနဲ့မာရီနာက တကယ်ပဲ သားအဖလား… အိဖ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ… သူတို့နှစ်ဦးပြောပြတဲ့ အဖြစ်တွေနောက်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ… ဘုမသိဘမသိကူညီမိတဲ့ ဒက်ဗီရော ဘယ်လိုကိစ္စတွေ ကြုံရမလဲဆိုတာ… ဆက်လက်ရှုစားနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 790MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 37Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 97 mins
Breakwater
Falling in Love in Niagara
6.7

အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်‌လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲ‌ပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာက‌တကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အစ်မဖြစ်သူရဲ့စည်းရုံးမှုကြောင့် ဟန်းနီးမွန်းမဟုတ်ဘဲ စစ်စတားမွန်းကိုထွက်ခဲ့ရတဲ့ မက်ဒလင်းတစ်‌ယောက် နိုင်အာဂရာကိုရောက်သွားတဲ့အချိန်မှာတော့ သူမဘ၀ရဲ့ ဖူးစာရှင်အစစ်ကိုမထင်မှတ်ဘဲရှာတွေ့သွားပြီး သူမ တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ စွန့်စားမှုတွေကို အရဲစွန့်လုပ်ကြည့်ပြီး အတွေ့အကြုံသစ်တွေကိုခံစားရင်း ဘ၀ကြီးကိုစိတ်သစ်လူသစ်နဲ့ပြန်လည်စတင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးကြည့်ဖို့တကယ်သင့်တဲ့ရုပ်ရှင်လေးပါ။ အိမ်ထဲကနေ ထိုင်နေရင်း မက်ဒလင်းတို့ညီအစ်မနဲ့အတူ ခရီးအတူသွားပြီး နိုင်အာဂရာရဲ့အလှတွေကိုလည်း ခံစားရမှာပါ။ ပြီးတော့ ဘ၀မှာ ကိုယ်အမြဲကြောက်ရွံ့ခဲ့ရတဲ့ အကြောက်တရားတွေကို ရင်ဆိုင်ကျော်လွှားပြီး မလုပ်ဖူးသေးတဲ့အတွေ့အကြုံအသစ်တွေကို စမ်းလုပ်ကြည့်ဖို့သင့်တဲ့အကြောင်းကိုလည်း ဒီရုပ်ရှင်လေးက မီးမောင်းထိုးရိုက်ကူးပြထားတာကြောင့် စိတ်အပန်းဖြေချင်နေတဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် နိုင်အာဂရာက အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်‌ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Adventure • Family
6.7 2024 84 mins
Falling in Love in Niagara
Buya Hamka Vol. 1
6.8

Buya Hamka Vol. 1 (2023) ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 850MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.8 2023
Buya Hamka Vol. 1