YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hymn Of Death (Saui Chanmi) - Ep1-6 (Final) [2018] (MM Sub).zip

1.66 GB N/A application/x-zip-compressed 1250 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ultimate Avengers 2: Rise of the Panther
6.7

ဒါက​တော့ ၂၀၀၆ထွက် Ultimate Avengers: The Movieရဲ့ အဆက်ပဲဖြစ်ပါတယ်။ ပထမကားမှာ ချီတာရီ​တွေကို အနိုင်ယူ ခဲ့​ပေမယ့် ကပ္ပတိန်အ​မေရိကဟာ စစ်ပြန်​တွေရဲ့ ထုံးစံအတိုင်းပဲ PTSDအ​​သေးစား ဖြစ်လာတာ​ကြောင့် မစ်ရှင်​တွေပဲ ဖိလုပ်ရင်း သူဦး​ဆောင်ရတဲ့ Avengersအဖွဲ့နဲ့ အဆင်မ​​ပြေဘဲ One Man Armyလိုဖြစ်လာပါတယ်။ ​ဒေါက်တာဘန်နာကလည်း ​ဟော့ခ် ပုံစံကို မထိန်းချုပ်နိုင်တာ​ကြောင့် ဖြူရီရဲ့ ချုပ်​နှောင်ထားမှုကို ခံ​နေရပါတယ်။ အဲဒီအချိန်မှာ ကပ္ပတိန်အ​မေရိက​ကြောင့် ၁၉၄၅ခုကတည်းက ​သေသွားပြီလို့ ထင်မှတ်ထားကြတဲ့ ချီတာရီ​ကောင် တစ်ဖြစ်လဲ နာဇီဗိုလ်ချုပ်ကလိုင်ဇာဟာ ဝါကန်ဒါတိုင်းပြည်မှာ တစ်ဖန်ပြန် ​ပေါ်လာပြီး တီချာလာတို့ဆီက စွမ်းအင်အရင်းမြစ်ကို လုယူပြီး တစ်ကမ္ဘာလုံးကိုဖျက်ဆီးဖို့ ကြိုးစားလာတဲ့အတွက် စည်းလုံးမှု အားနည်း​နေတဲ့Avengersအဖွဲ့နဲ့ Black Pantherတို့​ပေါင်းပြီး ကလိုင်ဇာနဲ့ ကမ္ဘာဖျက်ရန်စွယ်ကို နှိမ်နင်းဖို့ အ​ကြောင်းဖန်လာ ပြန်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / (410 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......JimX Encoder..........SWM

Drama • Romance • Thriller
6.7 2006 73 mins
Ultimate Avengers 2: Rise of the Panther
The Shepherd: Border Patrol
6

2008 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဗန်ဒိန်းကားဟောင်းတစ်ကား ဖြစ်ပါတယ်။ ကန်ချက်လှလှတွေနဲ့ ဖမ်းစားခဲ့တဲ့ ပြင်သစ်မင်းသားကြီး ဗန်ဒိန်းဆို လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ ဒီကားထဲမှာ Scott Adkin တောင် အရန်နေရာလောက်ပဲ ပါဝင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးအော်လင်းမြို့ကြီးကနေ နယ်စပ်မြို့ကလေး ကိုလမ်ဘတ်စ်ကို ယုန်တစ်ကောင်နဲ့ ထူးဆန်းတဲ့ ရဲသားတစ်ယောက် ဂျက် ဌာနပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကလည်း နယ်စပ် တရားမဝင်ရွေ့ပြောင်းလူတွေ အမေရိကန်ဖက်ကို ခိုးဝင်ကြလို့ ဖြေရှင်းနေရတဲ့ကာလတစ်ခုပေါ့။ ဂျက်ရဲ့အထက်အရာရှိ ကပ္ပတိန်မမကြီးကလည်း အပေါက်ကတော့ တော်တော်ဆိုးပြောရမယ် အဲဒါအပြင် ဂျက်ကို တွဲဖက်ရှာပေးပြီး ပြဿနာမရှာဖို့ဆိုပြီး ထိန်းထားဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဂျက်တို့လည်း နယ်စပ်ကင်းလှည့်ရင်း ခိုးဝင်လာသူတွေကို ဖမ်းဆီးတဲ့အချိန် ဘိန်းဖြူသယ်လာတာကို မြင်ရပြီး မအောင်မြင်တော့ ဖောက်ခွဲပစ်တာကိုလည်း ကြုံလိုက်ရပါတယ်။ အဲဒါနဲ့ စုံစမ်းတဲ့အချိန်မှာ တစ်ဖက်က ဘိန်းဖြူကုန်ကူးနေတဲ့အဖွဲ့က အမေရိကန် စစ်ပြန် အတိုက်အခိုက်တော်ကြတဲ့လူတွေချည်း စုထားတာကို သိရှိရပါတယ်။ ဒီလိုနဲ့ ဂျက်တို့ ဒီမှောင်ခိုဂိုဏ်းကို ဘယ်လိုချေမှုန်းကြမလဲ၊ ဂျက် ဒီမြို့ကိုပြောင်းလာရတဲ့ တကယ့်ရည်ရွက်ချက်ကရော ဘာလဲဆိုတာကို အက်ရှင်ဝေဝေဆာဆာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.72GB / 635.7MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Crime ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6 2008 95 mins
The Shepherd: Border Patrol
Struck by Lightning
6.2

ဒီရုပ်ရှင်ကို ၂၀၁၂မှာ ဒါရိုက်တာ Brian Dannelly ကရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အထက်တန်းကျောင်းသား အပယ်ခံ ကာဆန်ဖီးလစ်အကြောင်း ရိုက်ကူးထားတဲ့ ကွန်မန်ဒီရုပ်ရှင်အမျိုးအစားပါ။ မြီးကောင်ပေါက်အရွယ်လေးတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ကိုယ့်အိပ်မက်နောက်လိုက်တာတွေကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း- ကာဆန်ဖီးလစ်ဟာ ဉာဏ်ကောင်းပြီး ထေ့ငေါ့ပြောတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့ရည်မှန်းချက်ကတော့ သတင်းစာဆရာတစ်ယောက်ဖြစ်လာချင်တာပါ။ ဘာအခွင့်အရေးမှမရှိတဲ့ သူ့မြို့ငယ်လေးကြောင့် ကာဆန်ဖီးလစ်ဟာ သူ့သူငယ်ချင်းတွေကို အကြပ်ကိုင်ပြီး သူ့မဂ္ဂဇင်းကို ကူညီရေးခိုင်းဖို့ ကြံစည်ပါတော့တယ်။ ဆက်ကျော်သက်ဘဝရဲ့စိန်ခေါ်မှုတွေ၊ အိမ်ထောင်ကွဲနေတဲ့ သူ့အမေနဲ့ဆက်ဆံရေးသိပ်အဆင်မပြေတာတွေကြောင့် ကာဆန်ရဲ့ဘဝခရီးဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပါတော့တယ်။ File size…(1.5 GB)/(700 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zaw Min Htwe

6.2 2012
Struck by Lightning
This Is Me…Now

ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me… Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ခံယူချက်ကတော့ လက်တွဲဖော်တစ်‌ယောက်နဲ့ ဘဝကို ဖြတ်သန်းချင်တာ ဘာများ မှားလို့လဲ ဆိုတာပါပဲ။ ဒီလိုနဲ့ JLo ဟာ သူများကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ် Sign ပို့ပေးပေး အဆင်မပြေတဲ့ မ JLo ကို ရာသီခွင်နတ်ဘုရားကြီးများက selflove lesson လေး ပို့ချပေးတဲ့အကြောင်းကို သူ့ရဲ့ album အသစ်ထဲက သီချင်းလေးတွေနဲ့ ရောကာယှက်ကာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တစ်မျိုးလေး entertaining ဖြစ်ပြီး စိတ်အပန်းပြေစေလို့ ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်။ File size…(1.7 GB)/(922 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:06:00 Genre…Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Moley

0 2024
This Is Me…Now
Love Letter
7.9

Love Letter ( 1995 ) Directed by Shunji Iwai ရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက အာရှရုပ်ရှင်ဂရုတစ်ခုမှာ ဖတ်ခဲ့ဖူးတာက ” ရှန်းဂျီအီဝေရဲ့ ရုပ်ရှင်တွေက ကမ္ဘာပေါ် နိဗ္ဗာန်ကို ပစ်ချပြလိုက်သလို ရုပ်ရှင်တွေပဲ”တဲ့။ နှစ်တွေကြာလာလေ အီဝေကိုပိုသိလာလေ ကျွန်တော့် ဒီစကားကို ပိုထောက်ခံမိလာလေပဲ။ အီဝေ့ရုပ်ရှင်တွေက လှပတာတစ်ခုသက်သက်ကြောင့်နဲ့တော့ ဒီလိုပြောတာမဟုတ်ဘူး။ အီဝေ့ရုပ်ရှင်အများစုမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို ဖြတ်သန်းရတတ်တယ်။ တစ်ချို့ကားတွေဆို အဲဒီဝမ်းနည်းစရာအခိုက်အတန့်ကို ဖြတ်သန်းတဲ့ အခိုက်အတန့်အကြောင်းကိုပဲ ရိုက်ပြထားတာ။ မရှိတော့တဲ့ ကိုယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ရဲ့ ကိုယ်မသိခဲ့ ရာဇဝင်ကို ပြန်လည်တူးဖော်ရတာမျိုးပေါ့။ အီဝေ့ရုပ်ရှင်တွေဟာ ဒီအခိုက်အတန့်တွေကို ဖြတ်သန်းပြီး အဆုံးမှာ ကမ္ဘာကြီးဟာ လှပနေပါသေးတယ်လို့ ကျွန်တော်တို့ကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ တစ်စုံတရာမရှိတော့ရင်တောင် ကျန်ခဲ့သေးတဲ့ အမှတ်တရတွေက ကျွန်တော်တို့ရှင်သန်မှုတွေကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ အကြောင်းတရားတွေကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ အီဝေ့ရုပ်ရှင်တွေဟာ ကမ္ဘာပေါ်မှာ နိဗ္ဗာန် တည်ရှိနေသေးကြောင်း, အဲဒီနိဗ္ဗာန်ဟာ ကျွန်တော်တို့ရဲ့ချစ်ခဲ့ခြင်းတွေ အမှတ်ရနေခြင်းတွေဖြစ်ကြောင်း သက်သေပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ အီဝေဟာ ကမ္ဘာပေါ်ကို နိဗ္ဗာန်ပစ်ချလိုက်တာထက် ကမ္ဘာအစစ်ထဲက နိဗ္ဗာန်ကို မြင်သာလာအောင် ပြပေးခဲ့တယ်ဆို ပိုမှန်လိမ့်မယ်။ File size… 1.9 GB / 899 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

7.9 1995
Love Letter
The Lonely Man with the Ghost Machine
5

လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးပျက်စီးသွားပြီး ကိုယ်နဲ့ကိုယ်ချစ်ရတဲ့ချစ်သူ ဒါမှမဟုတ် လင်မယားဖြစ်သူနဲ့ပဲကျန်ခဲ့မယ်ဆိုရင်ဘ၀ကြီးကလွယ်ကူနေဦး မှာပဲလို့တွေးမိတဲ့လူတွေရှိမှာပါ။ဒါပေမယ့်တကယ်တမ်းကိုယ်တွေ့မျက်မြင် ကြုံလာရတဲ့အခါမှာတော့အဲ့လောက်လွယ်ကူနေမှာမဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့လူကကိုယ့်ဘေးမှာရှိနေမယ်ဆိုပေမဲ့ ပျက်စီးနေတဲ့ကမ္ဘာကြီးကို ကြည့်ပြီး တစ်နေ့တစ်နေ့ဖြတ်သန်းဖို့ကိုမနည်းရုန်းကန်နေရရင်တော့ လွယ်ကူမှာမဟုတ်တော့ပါဘူး။ အဲ့လိုစိတ်ကူးယဉ်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရအောင်ပုံဖော် ရိုက်ကူးထားတဲ့ The Lonely Man With The Ghost Machine ဆိုတဲ့ ဘက်ဂျက်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အစမှာပြောခဲ့တဲ့အတိုင်း၀ူဇက်နဲ့နယ်လီတို့လင်မယားက ခရမ်းရောင် ကောင်းကင်တွေ တိမ်တိုက်ကြီးတွေနဲ့ ကောင်းကင်ပေါ်ကကျလာတဲ့ အကောင်ကြီးတွေရှိနေတဲ့ပျက်စီးနေတဲ့ကမ္ဘာကြီးမှာရှင်သန်အောင်ရုန်းကန် နေကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ စစချင်းတုန်းကတော့တစ်ယောက်လက်တစ်ယောက်တွဲပြီးလောကကြီးကို ရင်ဆိုင်ခဲ့ကြတယ်ဆိုပေမဲ့ကြာလာတဲ့အခါမှာတော့၀ူဇက်တစ်ယောက်လည်း စိတ်တွေလေလာပြီး အရက်တွေပဲသောက်နေပါတော့တယ်။ ဒီလိုနဲ့နယ်လီလည်းစိတ်တွေညစ်ပြီးစိတ်ပြေလက်ပျောက်လမ်းထွက် လျှောက်ရာကနေသေဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အကြီးအကျယ်တွေ နောင်တရနေတဲ့၀ူဇက်ကသူ့မိန်းမကိုပြန်ခေါ်ဖို့ကြိုးစားရင်းနဲ့ The Lonely Man With The Ghost Machine(အထီးကျန်နေသောယောက်ျားတစ်ယောက်နှင့် ဝိညာဉ်စက်)ဆိုတဲ့ဇာတ်ကားလေးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ File size…809MB / 432MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Adventure • Fantasy • Horror
5 2024 90 mins
The Lonely Man with the Ghost Machine
Out Come the Wolves
5

Out Come the Wolves ( 2024 ) တစ်နေ့သောအခါမှာ ဆိုဖီဆိုတဲ့ အမျိုးသမီးဟာ သူ့သတို့သားလောင်းရယ် သူ့အချစ်ဦးရယ်ကို သူငယ်ငယ်က‌ နေခဲ့တဲ့အိမ်လေးကို ဖိတ်လိုက်တယ်။ ဆိုဖီတို့က ဘိုးစဉ်ဘောင်ဆက် အမဲလိုက်တဲ့ အလုပ်ကိုလုပ်တယ်။ ဒါပေမဲ့ ဆိုဖီက သမင်တစ်ကောင်ရဲ့ အကြင်နာအကြည့်တွေမှာ တရားပေါက်ပြီး အမဲမလိုက်တော့ရုံတင်မဟုတ်ဘဲ သားသတ်လွတ်သမဖြစ်သွားတယ်။ မြို့ပေါ်တက် အလုပ်လုပ်ရင်းနေရင်း သူ့သတို့သားလောင်းနဲ့ ညားခဲ့တာပေါ့။ ညားတော့မယ့်အကြောင်းကို ရွာက အချစ်ဦးကို ပြောပြရင်း အချစ်ဦးနဲ့ သတို့သားလောင်းကို ဆုံပေးဖို့ ရွာကိုပြန်လာခဲ့တယ်။ မင်းက ငါ့စော်ကိုယူသွားတယ် မင်းက ငါ့စော်ကိုစားထားတယ် အငြင်းပွားကြရင်း အချစ်ဦးနဲ့သတို့သားလောင်းက မတည့်ကြဘူး။ ဒီလိုနဲ့ဆိုဖီက သူ့အချစ်ဦးနဲ့ သတို့သားလောင်းကို လေးနဲ့မြှားနဲ့ သေနတ်နဲ့ပေးပြီး တောထဲကို လွှတ်လိုက်တယ်။ မတည့်တဲ့လူနှစ်ယောက်ကို လက်နက်အပြည့်အစုံနဲ့ တောထဲလွှတ်လိုက်ပြီးမှ ပြန်မလာလို့ စိတ်ပူနေတဲ့ဆိုဖီ တောထဲလိုက်သွားတဲ့အခါမှာတော့….. File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Horror
5 2024
Out Come the Wolves
Miracle
6.5

Miracle (2011) **************** Family drama အမျိုးအစားဖြစ်တဲ့ Miracle ဆိုတဲ့ ဇာတ်ကားကောင်းလေးမှာ‌တော့ Boys Over Flower (F4) ကားထဲက မင်းသမီးရဲ့မောင်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင် Park Ji bin, ဒီကားနဲ့ debut လုပ်တဲ့ ကလေးသရုပ်ဆောင်လေး Lee Seul-Gi နဲ့ The Fiery Priest ကားထဲက မင်းသားကြီး Lee Moon Sik တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************** အွန်းချောလ် (Park Ji bin) နဲ့ အွန်းဟာ (Lee Seul-Gi) တို့ဟာ မိဘများဆုံးပါးသွားတဲ့အတွက် နာမကျန်းဖြစ်နေတဲ့အဘွားဖြစ်သူနဲ့ အတူနေနေရတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပါတယ်.. ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို အွန်းဟာလေး မျက်စိအမြင်အာရုံ ပျောက်ကွယ်ရတော့မဲ့အချိန်မှာ အဘွားဖြစ်သူဟာလည်း လူကြီးရောဂါနဲ့ ဆုံးပါးသွားရှာပါတော့တယ်… ကလေးမလေး အွန်းဟာတစ်ယောက် အသိအစ်ကိုတစ်ယောက်ရဲ့ ဗဟုသုတမျှဝေမှုကြောင့်နဲ့ ဝေလငါးတွေနဲ့ပတ်သက်ပြီး ရူးသွပ်လာတဲ့အခါ အစ်ကိုဖြစ်သူ အွန်းချောလ်အပေါ် ဝေလငါးကို အပြင်မှာ တွေ့မြင်နိုင်ဖို့အတွက် ပူဆာပါတော့တယ်… နိုဒေါ့ဆူ (Lee Moon-Sik) ဟာ သူဌေးဖြစ်သူကို သတ်မှုနဲ့ အလိုရှိဆုံးရာဇဝတ်သားဖြစ်ကာ ပြစ်မှုကိုရှောင်ရှားဖို့အတွက် အွန်းဟာတို့မောင်နှမရှိရာ တောရွာလေးဘက်ကို ရောက်လာကာ အွန်းဟာတို့ အွန်းချောလ်တို့နဲ့ ဘယ်လို သံယောဇဉ်တွေတွယ်သွားမလဲ အွန်းချောလ်တို့ရဲ့ ဝေလငါးသွားကြည့်မဲ့အစီအစဉ်ကိုလည်း ဘယ်လိုအကူအညီပေးသွားမလဲ ကလေးတွေအပေါ် ဘယ်လိုတွေ မေတ္တာထားပေးသွားမလဲဆိုတာကိုတော့ မျက်ရည်ဖြိုင်ဖြိုင်ကျကာ ကြည့်ရမဲ့ ရင်ကို ထိစေမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်တာမို့လို့ ခံစားကြည့်ရှုလိုက်ပါဦး‌နော် .. (အညွှန်းကို Theint မှ ရေးသားထားပါတယ်) File size…1.82GB / 772MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 40 min. Genre ….. Life,Family, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Encoded by AHtet

6.5 2011 100 mins
Miracle
The Sabarmati Report
6.6

The Sabarmati Report (2024) ဆာဘာမာတီရထား မီးလောင်မှု IMDb – 6.6/10 12တန်းကျမင်းသားရဲ့ အမိုက်စားကားလေးတစ်ကား ထပ်မံထွက်ရှိလို့လာခဲ့ပါပြီ။ ဒီကားမှာတော့ ဟင်ဒီဂျာနယ်လစ်တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၂ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂူဂျာရတ်မြို့ ဂိုဒရာဘူတာမှာ ရထားမီးလောင်တဲ့ကိစ္စဟာ တစ်နိုင်ငံလုံးအတိုင်းအတာထိအောင် ရိုက်ခတ်မှုတွေများခဲ့ပါတယ်။ ရထားမီးလောင်တာဟာလည်း ရထားတွဲနှစ်ခုပဲ မီးလောင်တာဖြစ်ပြီး မီးလောင်မှုမှာ လူပေါင်း ၅၉ယောက်အထိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူမျိုးရေးခြားနားမှုတွေ, ဇာတ်မျိုးကွဲမှုတွေကလည်း ပါဝင်နေတဲ့အတွက် အဓိကရုဏ်းတွေလည်း ဖြစ်လို့နေပါတယ်။ ဒီသတင်းကို လိုက်ဖို့အတွက် EBT Newsက အင်္ဂလိပ်ဂျာနယ်လစ် မနီကာတစ်ယောက် ဆမာဆိုတဲ့ ဟင်ဒီဂျာနယ်လစ်ကို ကင်မရာသမားအနေနဲ့ ခေါ်သွားပြီးတော့ စုံစမ်းစစ်ဆေးခဲ့ပါတော့တယ်။ ဒိလိုစုံစမ်းရင်းနဲ့ ဒီမီးလောင်မှုဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ လုပ်ကြံမှုတစ်ခုဆိုတာကို သိခဲ့ရပါတယ်။ မနီကာနဲ့ ဆမာတို့ ဂူဂျာရတ်မှာ စုံစမ်းပြီးနောက် မနီကာကတော့ မီးမလောင်ဘဲ ကျန်ရစ်တဲ့ရထားတွဲတွေကို ဆက်လက်ခုတ်မောင်းသွားတဲ့ အဟမ်ဒါဘတ်ဆီကို လိုက်သွားခဲ့ပြီး ဆမာ့ကိုတော့ ဂူဂျာရတ်က အခြေအနေတွေကို တင်ပြခိုင်းဖို့ ဒေလီက သတင်းဌာနကို ပြန်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း EBT Newsကို ဆမာတစ်ယောက် ဖြစ်ရပ်မှန်သတင်းတွေ ပေးခဲ့ပေမယ့် အထက်အာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ မတော်တဆမှုအနေနဲ့ပဲ ထုတ်ပြန်ခဲ့ပြီး ဆမာ့ကိုလည်း ဒီကိစ္စအတွက်နဲ့ စွဲချက်တွေ တင်ပြီး တရားစွဲခဲ့ပါသေးတယ်။ ဒီလိုနဲ့ ဆမာတစ်ယောက် သူ့အပေါ် မဟုတ်မမှန်တင်ထားတဲ့ စွဲချက်တွေကို သူ့ချစ်သူကောင်မလေးနဲ့အတူတူ ဘယ်လိုတွေ တိုက်ခိုက်သွားမလဲ …….. ဒီရထားတွဲမီးလောင်မှုကိစ္စကိုရော အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ ဖော်ထုတ်သွားမလဲ ….. ဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Action • Comedy • Drama • Crime
6.6 2024 123 mins
The Sabarmati Report
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
Entrapment

Entrapment ကတော့ မင်းသားကြီး Sean Connery ရဲ့ ၁၉၉၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ thriller, crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာမခံကုမ္ပဏီအေးဂျန့် ဗာဂျီးနီးယား ဘာကာဆိုတဲ့အမျိုးသမီးငယ်လေးဟာ အခိုးခံလိုက်ရတဲ့နာမည်ကျော် တန်ဖိုးကြီးပန်းချီကားအမှုကိုစုံစမ်းနေရင်း သံသယဖြစ်စရာတရားခံကဟာ ဂန္တဝင်သူခိုးကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမအနေနဲ့ ဒီပန်းချီကားကိုပြန်ရဖို့ ဘယ်လိုတွေအကွက်ချစီစဉ်ပြီး သူခိုးကြီးအနားကိုရောက်သွားမလဲဆိုတာကို ဇာတ်အိမ်တည်ထားတာပါ… ဒါပေမယ့် ဒီကောင်မလေးကတစ်ကယ်ပဲအမှုစုံစမ်းနေတာလား တစ်ခြားဘာရည်ရွယ်ချက်တွေရှိနေသေးလဲ … ဂန္တဝင်သူခိုးကြီးကရော ကောင်မလေးရဲ့လှည့်ကွက်ကိုကြိုမမြင်နိုင်ဘူးလား … ဘယ်သူကဘယ်သူ့ကိုလှည့်စားအသုံးချနေတာလဲဆိုတာကို စိတ်ဝင်စားဖွယ် အကွက်ကျကျဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် … မင်းသားကြီး Sean Connery နဲ့ မင်းသမီးချော Catherine Zeta-Jones တို့ရဲ့တွဲဖက်ညီညီ chemistry မိမိသရုပ်ဆောင်ချက်တွေကို mind game ဆန်ဆန် action လန်းလန်း mission ကြမ်းကြမ်းတွေအပြင် romance လေးပါရောထားတော့ ရသစုံစုံနဲ့ Old but gold ဆိုတဲ့ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှူခံစားကြည့်လိုက်ကြပါဦး… File size…(1.5 GB)/(832 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance drama , Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakr Khin

Romance • Drama
0 1999
Entrapment
The Tale of Zatoichi
7.6

The Tale of Zatoichi (1962) IMDb Rating (7.6) / Rotten Tomatoes (100%) Zatoichi (ဇာတိုအိချိ)ဟာ 1948 မှာ စာရေးဆရာနဲ့သမိုင်းပညာရှင် Kan Shimozawaရေးခဲ့တဲ့ The Tale of Zatoichiဆိုတဲ့ အက်ဆေးကို အခြေခံပြီးရိုက်ကူးထားတာပါ။ Zatoichiရုပ်ရှင်တွေဟာ ဂျပန်ရဲ့ အကြာဆုံး အရှည်ဆုံး franchise ဖြစ်ပြီး ပထမဆုံးထွက်ခဲ့တဲ့ The Tale of Zatoichi (1962 )ကနေ 1989အတွင်းမှာ ရုပ်ရှင်၂၆ကားထွက်ခဲ့ပါတယ်။ Original film seriesလို့ သတ်မှတ်ထားကြတယ်။ အဲဒီ၂၆ကားလုံးမှာ သရုပ်ဆောင် Shintaro Katsuကပဲ သရုပ်ဆောင်ထားတယ်။ 1974 ကနေ 1979အတွင်းမှာ အပိုင်းတစ်ရာရှိတဲ့စီးရီးတစ်တွဲထွက်ခဲ့တယ်။ နောက်Remakeကားတွေလည်း ထွက်ခဲ့တယ်။ ဂိမ်းတွေလည်း ထွက်ခဲ့တယ်။ သူ့ကိုမှီးပြီး ပြန်တည်ဆောက်ကြတဲ့ ကာရိုက်တာတွေလည်း ရှိခဲ့တယ်။ One Pieceထဲက Fujitoraဆိုလည်း ဇာတိုအိချိကိုပဲ Tributeထားတာပါပဲ။ ထွက်ခဲ့တဲ့ မူရင်း၂၆ကားထဲလည်း နာမည်ကြီးသိုင်းသမားဓားသမားရုပ်ရှင်တွေနဲ့ Crossoverလုပ်ထားတဲ့ ကားတွေလည်းရှိခဲ့တယ်။ ရှောဘရားသားရဲ့နာမည်ကျော် လက်တစ်ဖက်ပြတ်သိုင်းသမားနဲ့ Zatoichi and the One-Armed Swordsman (1971), ကူရိုဆာဝါရဲ့ ယိုဂျင်ဘိုနဲ့ Zatoichi Meets Yojimbo (1970) တို့ပေါ့။ အခုတော့ ဒစ်ဂျစ်တယ်အနေနဲ့ ပထမဆုံး The Tale of Zatoichi (1962 )ကစလို့ Zatoichi (1989 )အထိ ၂၆ကားလုံး အလွယ်တကူ ကြည့်လို့ရနေပါပြီ။ ဇာတ်ကောင်ရဲ့ ရင်းမြစ်ကတော့ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာဘူး။ မျက်မမြင်အနှိပ်သည်ဘဝကနေ အနှိမ်ခံရလွန်းလို့ လူလေးစားခံချင်လို့ လေ့ကျင့်ရင်း ဓားရေး အရမ်းမြန်သွားတဲ့ မျက်မမြင်ကြီးတစ်ယောက်ဆိုတဲ့ ဘဝကနေလာတယ်။ သူ့အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေရသမျှကလည်း မဖြူစင်မမြင့်မြတ်ဘူး။ လောင်းကစားတို့ လူမိုက်တွေက လူမိုက်ပြန်ငှားတာခံရတာတို့ပေါ့။ ပြောရရင် သူက ယာကူဇာတစ်ယောက်ပဲ။ ယာကူဇာတွေကို ဒီခေတ်ကာလ ရုပ်ရှင်တွေမှာတော့ သူ့အရှိတရားအတိုင်း အောက်တန်းစားသာသာသာ သရုပ်ဖော်ထားတာတွေ့ရတယ်။ ကူရိုဆာဝါရဲ့ Druken Angelထဲမှာရောပါပဲ။ ကူရိုဆာဝါကားထဲရော ဒီထဲရော နည်းနည်းတော့ကောင်းနေသေးတဲ့ သိက္ခာကိုအလေးထားတဲ့ ယာကူဇာဆိုလို့ အဓိကဇာတ်ကောင်တွေကိုပဲ ပြထားတယ်။ အိချိဟာ ယာကူဇာလုပ်နေပေမဲ့ ယာကူဇာဆိုတာ မကောင်းတဲ့ဂုဏ်ပုဒ်မှန်းသိတဲ့ ယာကူဇာပါပဲ။ အိချိဟာ ယာကူဇာပေမဲ့ သိက္ခာရှိတဲ့တိုက်ခိုက်ရေးသမားတွေကိုလည်း သူလေးစားသလို မကောင်းတဲ့လောကမှာကျင်လည်ရင်း မကောင်းခြင်းရဲ့အစွန်းတစ်ဘက်ကို မရောက်သွားအောင် နေခဲ့တဲ့ ယာကူဇာပါပဲ။ ဇာတိုအိချိဟာ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာပေမဲ့ နိမ့်ကျယုတ်ညံ့ခြင်းဘက်ဆီလည်း မသွားချင်တဲ့လူပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Drama Duration….01:36:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Romance • TV Movie
7.6 1962 96 mins
The Tale of Zatoichi
Goodbye Mom
6.7

Goodbye Mom (2009) ************************ IMDb….. 6.7 Goodbye Mom ကတော့ ၂၀၀၉ခုနှစ်မှာထွက်ခဲ့ပြီး အမေနဲ့သမီးကြားက ဆက်ဆံရေးကို ဦးစားပေးရိုက်ကူးထားတဲ့ မိသားစုကိုရီးယားဟာသကားလေး တစ်ကားဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Director for Asian New Talent ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ တစ်ကားလုံးရသအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ သမီးအဖြစ် Good casting, Hello Me တို့ထဲက ဝါရင့်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Choi Kang Hee ရဲ့ ငယ်စဉ်အရွယ်ကို မြင်တွေ့ရမှာဖြစ်ပြီး အမေအဖြစ်အနေနဲ့ကတော့ မင်းသမီးကြီး Kim Young Ae က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း- အယ်ဂျာ (Choi Kang Hee) ကတော့ စာရေးတဲ့နေရာမှာပါရမီပါပြီး ကျောင်းပညာရေးမှာပါထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လိမ္မာတဲ့စံပြကျောင်းသူပုံစံမျိုးမဟုတ်ဘဲ ဂျစ်ကန်ကန်နဲ့ အမြဲတမ်း ပြဿနာရှာနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။ အယ်ဂျာရဲ့ အမေဖြစ်သူ (Kim Young Ae) ကတော့ အယ်ဂျာ ရှာသမျှ ပြဿနာတွေကို နောက်ကနေ လိုက်ရှင်းရင်း ခေါင်းပူနေရသူပေါ့။ ငယ်စဉ်ကတည်းက အမေနဲ့ တကျက်ကျက် စကားများနေရတဲ့ အယ်ဂျာဟာ အရွယ်ရောက်တော့လည်း တစ်ပုံစံတည်းဖြစ်နေပြီး အိမ်ကိုတောင်ပြန်မလာဘဲ တခြားမြို့မှာပဲ တစ်ယောက်တည်း အခြေချရင်းစာရေးဆရာမဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့အမေဖြစ်သူရဲ့ ရောဂါဟောင်းကပြန်ထလာပြီး စောင့်ကြည့်မယ့်သူမရှိဘဲ နေလို့မရတဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့ အယ်ဂျာဟာ အမေကိုပြုစုဖို့ အိမ်ကိုပြန်လာခဲ့ရတော့တယ်။ မတည့်အတူနေ သားအမိနှစ်ယောက် ဘယ်လိုအတူတူနေရင်း ဖြတ်သန်းသွားကြမှာလဲ… အယ်ဂျာကရော ဘယ်လိုပြဿနာတွေဆက်ရှာနေဦးမှာလဲ… အမေကရော ရောဂါနဲ့ဘယ်လိုရင်ဆိုင်သွားမလဲ.. ဆိုတာကိုတော့ Goodbye Mom ဇာတ်ကားလေးထဲမှာ မင်းသမီးကြီးနှစ်ယောက်ရဲ့ Chemistry မိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ခံစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Vanessa ပဲ ဖြစ်ပါတယ်။) File Size : 1.69GB/ 780MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:51:02 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by Tiff

Crime • Drama • Romance
6.7 2009 111 mins
Goodbye Mom
Varsity Blues

Varsity Blues ဆိုတာ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဘောလုံးအကြောင်းနဲ့ လူငယ်ဘဝရဲ့ အလှည့်အပြောင်းတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်အိမ်က တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ တည်ထားတာ ဒီမြို့မှာ ဘောလုံးဆိုတာ ဘာသာတရားလိုပဲ အားလုံးက အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းကို အသက်သွင်းထားတဲ့ပုံစံပေါ့ အဓိကဇာတ်ကောင်ကတော့ ဂျွန်နီ မော့က်စ် ဆိုတဲ့ကောင်လေး (ဂျိမ်းစ် ဗန် ဒါ ဘိခ် သရုပ်ဆောင်ထားတာ) သူက အသင်းရဲ့ အရန် ကွာတားဘက် ပြီးတော့ ဒီဘောလုံးအရူးတွေနဲ့ ပြည့်နေတဲ့ မြို့မှာ သူ့ဘဝကို သူ ကိုယ်ပိုင်လမ်းနဲ့ သွားချင်တဲ့ ကောင်မျိုးဖြစ်နေတာ ဒါပေမယ့် ကံကြမ္မာက လှည့်စားတယ်လေ အသင်းရဲ့ စတားကစားသမား လန်စ် ဟာဘာ ဒဏ်ရာရသွားတော့ မော့က်စ်တစ်ယောက် မထင်မှတ်ဘဲ အဓိက ကွာတားဘက်ဖြစ်လာတယ် ဒီမှာ ပြဿနာက နည်းပြကြီး ဘတ်ကုန်း (ဂျွန် ဗွိုက်ထ် သရုပ်ဆောင်ထားတယ်) သူက အနိုင်ရဖို့ဆို ဘာမဆို လုပ်မယ့် လူမိုက်ပုံစံ ကစားသမားတွေကို စိတ်ရော ကိုယ်ပါ ဖိအားပေးတာ မော့က်စ်ကတော့ ဒီဖိအားတွေ မြို့သူမြို့သားတွေရဲ့ မျှော်လင့်ချက်တွေကြားမှာ သူဘာကို တကယ်လိုချင်လဲ ရှာဖွေရတော့တာပဲ ဇာတ်ကားထဲမှာ သူငယ်ချင်းတွေ အချစ်ရေး (အေမီ စမတ် သရုပ်ဆောင်တဲ့ ဒါစီနဲ့ ဇာတ်လမ်းလေး ပါသေးတယ်) မိသားစုပြဿနာတွေနဲ့ ဘဝရဲ့ ရွေးချယ်မှုတွေကို ဟာသလေးနှောပြီး ပြသွားတာ နောက်ဆုံး မော့က်စ်တစ်ယောက် အသင်းကို သူ့လမ်းနဲ့ ဦးဆောင်ပြီး သူ့ကိုယ်သူ ပြန်ရှာတွေ့သွားတဲ့ ပုံစံနဲ့ ဇာတ်သိမ်းထားပါတယ် ဘောလုံးပရိသတ်ဖြစ်ဖြစ် လူငယ်ဘဝ ဇာတ်လမ်းမျိုးကြိုက်တတ်သူဖြစ်ဖြစ် ဒီဇာတ်ကားက စိတ်ဝင်စားစရာပါပဲ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Romance
0 1999
Varsity Blues