YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

hustle.2022.480p.web.[CM].mp4

551.79 MB N/A video/mp4 516 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kaapa
5.2

ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါ ပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni

5.2 2022 133 mins
Kaapa
Madhuram
6.6

Madhuram ဟာ အိန္ဒိယMalayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ် ဟင်းပွဲတစ်ပွဲမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ် အရသာစုံတတ်သလို အမြဲတစေ ချိုမြိန်မနေနိုင်တဲ့ ဘဝဇာတ်ခုံကို ဒါရိုက်တာက ရိုးရှင်းစွာပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကိုယ်ချစ်ရတဲ့သူတွေ အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရတာကို ဆေးရုံစောင့်ကြရင်း တွေ့ဆုံလာကြရတဲ့ မိတ်ဆွေတွေရဲ့… အိမ်ထောင်သက်နှစ်ပေါင်း၄၀ အကြောင်း ကြွားလုံးထုတ်တတ်သူတစ်ယောက်အကြောင်း၊ ရိုးသားကြိုးစားတဲ့ ဆာဘူးတစ်ယောက် ချစ်ရသူကို ပိုးပန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း ၊ ဘယ်သူကမှ အပြစ်မရှိပါဘဲ မပြေလည်ရတဲ့ ဆက်ဆံရေးတွေအကြောင်း စသည်စသည်…. ချိုချဉ်ငံစပ်ခါးဘဝအစုံစုံကို ရိုက်ကူးထားတဲ့ အပြင် အိန္ဒိယရိုးရာ အစားအစာတွေကိုပါ သွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ဘဝအတွက် သူတို့တွေ ဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦးနော် File size…461MB / 1.97GB Quality…720p HEVC Small Size  Format…Mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & Honeyey & Allena

Crime • Drama • Romance • Thriller
6.6 2021 122 mins
Madhuram

Mirage(2018) IMDb....7.8 ၁၉၈၉ ခုနှစ်.... နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး... နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်.... တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့်  သွားကြည့်မိတယ်...သွားကြည့်မိတာ နီကိုအတွက် တကယ့်မဟာအမှားပါပဲ..သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်.. နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်... သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့..... ဒီTV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်... နောက်နှစ်ပေါင်း (၂၅)နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်.. အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့.... တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်... ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်.. ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ ကြည့်ရှုတဲ့သူဟာ "ဟာ" ခနဲတောင်ရေရွတ်မိမယ်ထင်တယ်...Tempo ကျသွားတာမရှိသလောက်ပဲ...  မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်...sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်... ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ... ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်..... စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲဖြစ်ပါတယ်... File Size : (0.99GB) and (380 MB) Quality :WEB-DL 720p, Format…mp4 Duration…02:08:00 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae

Action & Adventure • Drama • Sci-Fi & Fantasy
null 2018
Mirage
Klondike
7

Klondike (2022) ============= IMDb Rating – 7.0/10 Rotten Tomatoes ? ~ 96 % 39 Wins & 18 Nominations Rating တွေလည်းကောင်းသလို ဆုတွေလည်း တနင့်တပိုး ရထားတဲ့ ယူကရိန်း ဇာတ်ကားပါ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်း- ရုရှားနယ်စပ်ဒေသမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည်​ (၂၈၃) ယောက်နဲ့ လေယာဉ်ဝန်ထမ်း (၁၅) ယောက်လုံးသေဆုံးခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ ရုရှားတွေ အားပေးအားမြှောက်ပြုထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ အတည်ပြုနိုင် ခဲ့ပါတယ်။ ဒီဇာတ်လမ်းက အဲဒီအချိန်ကာလ အဲဒီဒေသမှာ ခွဲထွက်ရေး သမားတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတာပါ။ တိုလစ်နဲ့ အီရီခါတို့ ဇနီးမောင်နှံဟာ ယူကရိန်း-ရုရှားနယ်စပ်က ဒွန်နတ်စ်ရွာမှာ နေထိုင်ကြသူတွေပါ။ အီရီခါက ကိုယ်ဝန်အရင့် အမာကြီးနဲ့ဖြစ်ပြီးတော့ အိမ်ကနေ ဘယ်ကိုမှ မသွားဆိုပြီး ခေါင်း မာနေတာကြောင့် သူတို့မိသားစု ရွာမှာပဲ ဆက်နေကြရင်း ခွဲထွက် ရေးသမားတွေရဲ့ရက်စက်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေနဲ့ ရင် ဆိုင်ကြရပုံကို ရင်တနင့်နင့်နဲ့ ရှုစားကြရမှာပါ။ စစ်ပွဲရဲ့အနိဌာရုံတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ လူမဆန်မှုတွေကို ပီပီပြင်ပြင်ကြီး ရိုက်ပြထားတာကြောင့် ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရတာနဲ့မတူဘဲ ဖြစ်ရပ်မှန်တစ်ခုကို ထိုင်ကြည့်နေရသ လိုမျိုး ခံစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.3 GB) / (430 MB) / (300 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, War Translator…….Roman Nox Encoder……….SWM

7 2022 100 mins
Klondike
The Out-Laws
5.5

The Out-laws (2023) ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

5.5 2023
The Out-Laws
Splinter

လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။ သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2008
Splinter
Broken Hearts Trip

Broken Hearts Trip (2023) Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်‌ပါ။ LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင် Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။ သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။ သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။ သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့် ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။ သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလို တစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီး ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့ သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။ တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလို ဖိလစ်ပိုင်ရဲ့ အလှပဆုံး စိတ်လှုပ်ရှားဖို့အကောင်းဆုံးနေရာတွေမှာရိုက်ပြထားတာမို့ ဇာတ်လမ်းတော့ အရမ်းကြီးမကောင်းလှပေမဲ့ ဖိလစ်ပိုင်းကားတစ်ကားအနေနဲ့တော့ ကြည့်ရမဆိုးတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller
0 2023
Broken Hearts Trip
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
Over the Fence
6.6

ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။ သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲ အခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာ မကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကို လွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူ လူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။ အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကို ကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ကျွန်တော်တို့လိုတယ်။ File size… 1.8 GB / 866 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Drama • Music
6.6 2016
Over the Fence
Vettaiyan
8

Vettaiyan (2024)”မုဆိုး” =================== တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။ အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။ နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

8 2024 161 mins
Vettaiyan
Coward Hero
5.7

ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသ‌တွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်က လူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ် ယန်သဟိုင်မှာ တိတ်တခိုးချစ်‌နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ် ယန်သဟိုင်က သူ့ဘဝ‌လေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲ သူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါ သူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်‌ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ… ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ… သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ.. သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော်

5.7 2019
Coward Hero
Fair Rain
5.8

Low-Budget ဆိုပေမဲ့ မဆိုးဘူးလို့ပြောရမဲ့ Fair Rain ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။စိတ်ကူးယဉ်ဇာတ်ကားတွေရိုက်လိုက်ပြီဆိုရင် သိတဲ့အတိုင်း အမေရိကန်ကိုတော့ ခလုတ်မတိုက်ဘဲမနေနိုင် ဘူးဆိုတဲ့အတိုင်း ဒီကားမှာလည်း အမေရိကန်နိုင်ငံမှာပဲ ဇာတ်အိမ်တည်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခု ဖြစ်ခဲ့ပြီး မီးတွေအချိန်ကြာမြင့်စွာ ပြတ်တောက်သွားတဲ့ အခါမှာတော့ နိုင်ငံလည်းတဖြည်းဖြည်းဆုတ်ယုတ်လာပြီး ပြည်နယ်အခွဲတွေလည်း စိတ်ဝမ်းကွဲလာပါတော့တယ်။ အဲ့ဒီအပြင်ကိုမှ ကလေးပေါင်း ၃ ဘီလီယံကျော်ကလည်း ပျောက်ချင်းမလှကြီးပျောက်ဆုံးသွားတဲ့အတွက်အခြေအနေ တွေကပိုပိုဆိုးလာခဲ့ပါတော့တယ်။နောက်ပိုင်းမှာ အမေရိကန် နိုင်ငံတင်မကဘဲ ကမ္ဘာတစ်ဝှမ်းမှာပါ ဒီလိုတွေဖြစ်လာတဲ့ အခါမှာတော့ အသစ်တက်လာတဲ့ UN ဝန်ကြီးချုပ်ကို နိုင်ငံတွေ အားလုံးအဆင်ပြေအောင် တစ်ကမ္ဘာလုံးဆိုင်ရာအစိုးရဖွဲ့စည်း ခဲ့ပြီး ထိန်းချုပ်ဖို့လုပ်ခဲ့ပါတော့တယ်။ အဲ့ဒါကိုလက်ခံတဲ့လူတွေရှိသလို လက်မခံတဲ့လူတွေလည်း ရှိနေခဲ့ပါတယ်။အစိုးရအသစ်ရဲ့မတရားမှုကိုမခံနိုင်တဲ့လူတွေက ထုံးစံအတိုင်း ပြန်လည်တော်လှန်ဖို့ အဖွဲ့တွေများစွာစုစည်းခဲ့ ကြပေမဲ့ ရက်စက်မှုအပေါင်းသရဖူဆောင်းတဲ့အစိုးရကြောင့် တော်လှန်ရေးအဖွဲ့တွေအားလုံး တဖြုတ်ဖြုတ်နဲ့သေဆုံးကုန် ကြပြီး နောက်ဆုံးမှာတော့ အကြွင်းအကျန်အဖွဲ့လို့ခေါ်တဲ့ တစ်ဖွဲ့ပဲကျန်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် အစိုးရအသစ်က ဒီလိုအကြောတင်းတင်းနဲ့ကျန်ခဲ့တဲ့အဖွဲ့ကို သုတ်သင်ရှင်းလင်းဖို့ အားထုတ်ခဲ့ကြသလို ဒီအဖွဲ့ကလည်း မတရားတဲ့အစိုးရကို တော်လှန်ဖို့ကြိုးစားရင်း နှစ်ဖက်အားပြိုင်ကြပုံတွေကို အက်ရှင်တွေ နိုင်ငံရေးတွေနဲ့ ရောထွေးရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.36 GB) / (710 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Adventure • Family
5.8 2025 97 mins
Fair Rain
Daveed
6.3

Daveed (2025) နောက်ဆုံးအလှည့် IMDb 6.6/10 အက်ရှင် ပရိသတ်တွေအတွက် လက်ဝှေ့ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်‌နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်‌နေလေရဲ့။ အ ာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။ ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။ သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။ တစ်ခါတစ်‌လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့‌အလုပ်တွေထဲက တစ်ခုပေါ့လေ။ တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။ မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပါ )

6.3 2025 137 mins
Daveed