YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Husbandd in Disguise(2022).EP.14.WEP-DL1080P(CM).mp4

533.55 MB N/A video/mp4 240 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Beverly Hills Chihuahua
5.3

ဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။ တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။ 2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.6GB) / (900MB) Quality__BluRay_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:31:00 Type__Adventure, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Action • Crime • Drama • Thriller
5.3 2008 91 mins
Beverly Hills Chihuahua
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
Forgetting Sarah Marshall
7.1

Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama • History • War
7.1 2008 111 mins
Forgetting Sarah Marshall
Stir of Echoes
6.9

Stir of Echoes (1999) ================ IMDb Rating – 6.9/10 တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။ အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။ Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.72 GB) / (636 MB) Quality…………BLU-RAY L 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

Drama • History
6.9 1999 99 mins
Stir of Echoes
The Legend of Muay Thai: 9 Satra
7.3

“မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး” မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက် သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီး ပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့် ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ… မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီး ဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာ မွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့ စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်း အကျဥ်းချထားပါတယ်။ ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာ ဖျက်ဆီးဖို့ကြံပါတော့တယ်…။ သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာ မှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာ အဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့် မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ.. လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူ တော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.3 2018
The Legend of Muay Thai: 9 Satra
Bhimaa
6.4

Bhimaa (2024) ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

6.4 2024
Bhimaa
Downtown Owl

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်သုံးယောက်ပါပါတယ်.ပထမဇာတ်ဆောင်ဖြစ်တဲ့ဂျူလီယာရေဘီယာဟာ အောင်းလ်မြို့ကို အထက်တန်းကျောင်းဆရာမအဖြစ်ပြောင်းရွေ့လာခဲ့ပါတယ်….သူမရဲ့ယောက်ျားဖြစ်သူ ပါရဂူအတန်းတက်နေလို့ အချိန်ပိုရ‌အောင် ပြောင်း‌လာတာပါ။သူမဟာပထမနှစ်ဝက်ပဲသင်ဖို့ရည်ရွယ်ထားတာဖြစ်ပြီး ‌နောက်နှစ်ရောက်ရင်အိမ်ပြန်ပြီးကလေးယူဖို့စီစဉ်ထားပါတယ်….အောင်းလ်မြို့ကိုရောက်ရှိလာတဲ့ ဆရာမအသစ်ဖြစ်တဲ့အလျောက် သူမကနာမည်ကြီးလာပါတယ်…. နောက်တစ်ယောက်‌ကတော့ ထိုမြို့ကအထက်တန်းကျောင်းသား မစ်ခ်ျပါ…မစ်ခ်ျကဝါသနာမပါတဲ့ဘောလုံးကိုကစားရင်း သူသဘောကျနေတဲ့ကောင်မလေးက ဆရာတစ်ယောက်နဲ့ဖောက်ပြန်နေလို့ စိတ်ညစ်နေရသူပါ…. နောက်တစ်‌ယောက်ကတော့ ဟော်ရေစ့်ဆိုတဲ့အဖိုးကြီးပါ….ဒီတော့ အောင်းလ်မြို့ကိုပြောင်းရွှေ့လာတဲ့ဆရာမအသစ် ဂျူလီယာရေဘီယာနဲ့ မစ်ခ်ျတဲ့ဟော်ရေစ့်တို့နဲ့တွေ့ဆုံခဲ့ပါတယ်….အချိန်ကြာလာတဲ့အခါ ဂျူလီယာဟာ အောင်းလ်မြို့ရဲ့လူနေမှုစံနှုန်းတွေကိုသိမြင်လာတဲ့အခါမှာတော့…. ဒီဇာတ်ကားဟာ အဆိုပါဇာတ်ကောင်သုံးယောက်ကိုအကြောင်းပြုရင်း ရိုက်ကူးထားပါတယ်…..တင်ဆက်ပြသပုံတွေ…နောက်ခံသီချင်းတွေကောင်းမွန်တဲ့အတွက် ကြည့်ပျော်တယ်လို့ပြောလို့ရပါတယ်…ခံစားကြည့်ကြပါခင်ဗျာ File size…(1.3 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

War • Action • History • Drama
0 2023
Downtown Owl
The Abandon

အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။ အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2022 97 mins
The Abandon
Patagonia
6

Patagonia (2023) Genre- Drama IMDB – 6/10 ၂၀၂၃ ခုနှစ်ထွက် အီတလီစကားပြော BL ဒရမ်မာ ရုပ်ရှင်လေးဖြစ်ပါတယ်။ “ယူရီဆိုတာ အီတလီနိုင်ငံ မြို့ငယ်လေးတစ်မြို့မှာ အဒေါ်တွေရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ကမ္ဘာတစ်ခုအဖြစ် နေထိုင်နေတဲ့ အသက် ၂၀ အရွယ် အူကြောင်ကြောင်ကောင်လေးတစ်ယောက်ပါ။ ညီဝမ်းကွဲရဲ့ မွေးနေ့ပါတီမှာ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ ဖျော်ဖြေသူ အာဂိုစတီနိုနဲ့ တွေ့ပြီး ဟိုက သူ့ကို မင်းလိုချင်တဲ့ တစ်ကိုယ်ရေ လွတ်လပ်မှုကို ပေးမယ်ဆိုပြီး လက်ထောက်အဖြစ် ခန့်ပါတယ်။ အဲဒါနဲ့ ဒွိဟတွေဖြစ်ပြီးနောက်မှာတော့ ယူရီတစ်ယောက် အာဂီုစတီနိုနဲ့ မြို့တွေပတ်ပြီးတော့ သူ့ကိုယ်သူအဖြေရှာဖို့ ၂ ယောက်သား ခရီးထွက်ခဲ့ကြရင်း ဘယ်လိုမျိုး ဆက်ဆံရေးတွေ ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Toxic ဖြစ်တဲ့ အချစ်ဆိုတာ ဘယ်လိုရှိတယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း အချင်းချင်းသိရဖို့ ဒီအရာက ဘယ်လိုကူညီပေးတယ် စသဖြင့် တင်ဆက်ပြသပေးထားပြီး သံယောဇဉ်နဲ့ လွတ်မြောက်မှုရဲ့ အဓိပ္ပာယ်အစစ်တွေကို သူတစ်ပါးတွေနဲ့ မတူပဲ ပြင်းထန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖော်ကျူးထားတာဆိုလည်း မမှားပါဘူး။ မိသားစုနဲ့ ကြည့်ဖို့မသင့်တဲ့ အခန်း အနည်းငယ် ပါဝင်သောကြောင့် သတိပြုစေလိုပါတယ်ဗျ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

6 2023 107 mins
Patagonia
Hichki
7.5

Hichki ( သို့မဟုတ်)ဝင်ရိုးစွန်းကြယ်လေး ~~~~~~~~~~~~~~~~~~~ ” ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး ” ပါပဲ။ ဒါကတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။ ” ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် ” သို့ပင် Naina ဟာ ပြင်မရတဲ့ အားနည်းချက်ကို သိမ်ငယ်မနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ဇာတ်ကားရဲ့ Message တစ်ခုပါပဲ။ ဘဝလူသားတွေဆီမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပြီး ပြင်မရတဲ့အားနည်းချက်တွေမှာပဲ စိတ်ဓာတ်ကျရပါတယ်။ ဒါပေမဲ့ Naina ရဲ့ စရိုက် က ဒီစိတ်ဓာတ်ကို ရိုက်ချိုး ပြနိုင်ခဲ့ပါတယ်။ Naina အနေနဲ့ ဆရာမ အလုပ်အကိုင် လျှောက်တော့လည်း ကျောင်းပေါင်းများစွာက ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံး အဆိုးဆုံး အတန်းကို သင်ပေးဖို့ ဖြစ်ခဲ့ပါတယ်။ 9F ဆိုတဲ့အတန်းကလည်း တကယ့်အဆိုးလေးတွေချည်း။ ဆရာမ တွေကိုတောင် ထွက်ပြေးအောင် ကြံဖန်ကြတဲ့ကလေးတွေ။ ကျောင်းတစ်ခုလုံးမှာ ရတဲ့ “Perfect ” တံဆိပ်လေးတွေ တပ်ခွင့်မရှိတဲ့ကလေးတွေ။ ကျောင်းသန့်ရှင်းရေးသမား တွေရဲ့ ကလေးတွေ။ ဒီတော့ 9F ကလေးတွေကို ပညာရေးစိတ်ဝင်စားအောင် Naina တစ်ယောက် စီစဉ်ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ပညာရေးတည်ဆောက်ပုံက တကယ် လက်တွေ့ဆန်တယ်။ စူးစမ်းချင်စိတ်ကို တည်ဆောက်တယ်။ ကျွန်တော်ကတော့ ဒီဇာတ်ဝင်ခန်းတွေ သိပ်ကြွေခဲ့တာပဲ။ ” ကလေးတို့ နားထောင်။ မင်းတို့ကြောက်ရတဲ့ အလုပ်တွေ စာရွက်တွေပေါ်ရေးပါ။ ပြီးရင် လေယာဉ်လေးခေါက်ပြီး လွှင့်ပစ်လိုက်ကြပါ။ မင်းတို့ကြောက် တာ မင်းတို့ အားနည်းချက် အစစ်အမှန်မဟုတ်ဘူး ” ဒီလို တည်ဆောက်ခဲ့တဲ့ Naina ။ တကယ့် ဆရာစစ် တစ်ယောက်ရဲ့ အသွင်အပြင်တွေ။ တကယ် ချစ်မြတ်နိုးရတဲ့ စိတ်ထားတွေ မြင်ခဲ့တယ်။ ကျွန်တော်တို့ ဖြတ်သန်းရာမှာလည်း ကြယ်စင်တွေ မြင်ခဲ့ဖူးကြတယ် မဟုတ်လား။ဒီဇာတ်ကားလေး ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ဆရာသမား များကို ပြန်မြင်ယောင်လာမိတယ် ။ ဘယ်လောက် အချိန်ပေးရကောင်းတဲ့ ဇာတ်ကားကောင်းပါလဲ။ – ဘ၀ မှာ နေရောင်ခြည် ရှိရုံနဲ့ ပန်းလေးတွေ မသန်မာတတ်သေးပါဘူး။ ပျိုးထောင် တတ်ဖို့ လိုအပ်ပါသေးတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ ဒီကလေးတွေ ဘာကြောင့် ဆိုးသွမ်းရလဲ။ အညံ့ဆုံးဖြစ်နေရတာလဲ ဆိုတာ Naina တစ်ယောက် အဖြေရှာခဲ့တယ်။ ဇာတ် အိမ်အနေနဲ့ လည်း အပန်းပြေစေဖို့ သက်သက်မဟုတ်ဘဲ နိုင်ငံ့ပညာရေး ကိုပါ မီးမောင်းထိုးပြနေခဲ့တယ်။ လူမှုရေး နဲ့ ပညာရေးကို နှီးနွယ်နေမှု / ဖြတ်သန်းရာ ဘဝတွေနဲ့ မိသားစုနွေးထွေးမှုကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ အတော် ကြည်နူးရတဲ့ ပန်းချီ တစ်ချပ်လိုပါ။ ဒီဇာတ်ကားလေး ဟာ ကျွန်တော် ပြောပြရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဝေဒနာ ခံစားနေရတဲ့ Naina တစ်ယောက် ဆရာမ အလုပ်ကို ဘာကြောင့် အသည်းအသန် လုပ်ချင်ခဲ့တာလဲ။ 9F အတန်းက ကလေးတွေကရော ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ ကတော့…………………။

7.5 2018 116 mins
Hichki
All About My Mother
6.3

Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ…ဘယ်လောက်နားလည်အောင်ကြိုးစားပါစေ နားမလည်နိုင်တဲ့ အမေ့အကြောင်းပါ….ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူး အမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေ ငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့ တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကို ပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး… ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်း ငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကို သိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူး ဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက် တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါ တတိယကတော့ ” အမေ မစောင့်နိုင်တော့ဘူး” ကနေ ” သမီးကြောက်တယ်” အထိ ကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ပတ်သက်ရင် အရမ်းအီမိုတတ်တဲ့ ရင်ဘတ်ချင်းတူတဲ့သူရှိရင်တော့တစ်သျှူးဆောင်ကြည့် မျက်ရည်သုတ်ပေးမယ့်သူမရှိရင်ပြောတာပါ

6.3 2021
All About My Mother
Northeast “Da Xian’er”
5.6

တရုတ်ကားတွေကြည့်ရင်ဖြစ်ဖြစ်… တရုတ်အသိတွေရှိရင်ဖြစ်ဖြစ်… ဖုန်းရွှေဆိုတဲ့စကားလေးနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်… ဒီနေ့ကတော့ ဖုန်းရွှေနဲ့ပတ်သက်ပြီး လူတချို့ရဲ့ ဘဝပြောင်းလဲသွားတဲ့ အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ လျို့ဝှက်ဆန်းကြယ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့…သရဲပွဲတော်ကာလဆို ဆိုင်တွေ ၁ ပတ်ပိတ်ကြ… လူတွေ ညအပြင်မထွက်ကြနဲ့ နေကြတာ…ဒါကို လေယာဉ်မယ်လေးနဲ့ သူ့ရည်းစားသူဌေးကြီး လျိုချန်ဟူက … အမျိုးပိုင်ရေချိုးခန်းမှာ ရေအတူချိုးရင်း အရှင်လတ်လတ် ရေခဲရိုက်ခံရပြီးသေသွားခဲ့တာပဲ… ဒါက သူ့တရားဝင်ဇနီးကြောင့် ခိုက်တာပါဆိုပြီးဖြစ်တာပဲ… ဒီကြားထဲမှာ နတ်ဆရာနဲ့ ပရောဟိတ်ဆရာကြီးတို့ကလည်း ဝင်ပါနေသေးတယ်… သရဲခြောက်ခံရပြီးသေတာလို့ ပြောနေတဲ့ နတ်ဆရာရယ်…ကံဆိုးတဲ့ ဇနီးကြောင့် ဘိုးဘေးတွေက မကျေနပ်လို့ ဝိညာဉ်နှုတ်ခံရတဲ့အထိ ခိုက်တာပါလို့ စွပ်စွဲနေတဲ့ ပရောဟိတ်ဆရာကြီးရယ်… ကြားထဲမှာ သရဲကလေးလေးကို ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သေဆုံးသူရဲ့ဇနီး ကိုယ်ဝန်သည်ရယ်… နောက်သေဆုံးသူထက် ၁ မိနစ်နောက်ကျမွေးလို့ အဖေကြီးရဲ့ မျက်ကွယ်ပြု ငြိုငြင်ခံရတဲ့ သေဆုံးသူရဲ့ အမြွာညီလေးရယ်… ကဲ ဒီဇာတ်ထုတ်ကြီးက ဘယ်လိုတွေရှင်းကြမှာလဲ…အားလုံးက ဒီအမွေဆိုင်လုပ်ငန်းကို လိုချင်နေကြပြီး.. အားလုံးကလည်း အပြန်အလှန်လက်ညှိုးထိုးနေကြတယ်…ဒီတော့ အဆုံးသတ် အမွေတွေ ဘယ်သူရမှာလဲ… ဘယ်သူက လျိုချန်ဟူကို သတ်ခဲ့တာလဲ…

5.6 2025
Northeast “Da Xian’er”