YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hurts.Like.Hell.S01E02.THAI.1080p.WEBRip.CM.mp4

546.46 MB N/A video/mp4 215 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Man of Vendetta
6.2

ဂျူယောင်းဆူဟာ ဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ဝင်ယုံကြည်ခဲ့သူ သင်းအုပ်ဆရာတစ်‌ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ ဂျူဟယ်ရင်းပြန်ပေးဆွဲခံလိုက်ရပြီး ဂျူယောင်းဆူဟာ သမီးဖြစ်သူကို ပြန်ရှာတွေ့နိုင်ဖို့အတွက် ဘုရားသခင်ထံမှာ နေ့နေ့ညညဆုတောင်းခဲ့ပါတယ်။ အဲ့ဒီလိုမျိုး 8နှစ်ကြာအောင် ဆုတောင်းနေခဲ့ပေမယ့် သမီးဖြစ်သူကို ပြန်ရှာမတွေ့ခဲ့ပါဘူး.. အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူ သေဆုံးသွားပြီဟုယုံကြည်ထားတဲ့ဂျူယောင်းဆူဆီကို ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်။ သမီးဖြစ်သူကို ၄၀၀မီလီယံနဲ့ အလဲအလှယ်လုပ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့.... Man of Vendetta ဇာတ်ကားဟာ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်တော်ကြီး ဂျူဒန်းထယ် Best New Actor အဖြစ် Nomination ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ File Size : (2.1GB) and (723B) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Action ,Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae

Drama • Horror
6.2 2010 113 mins
Man of Vendetta
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
The Matrix Revolutions
6.7

Matrix သမိုင်းအကျဉ်း ၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။ အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို စစ်တွေဆက်တိုက်ဖြစ်နေပြီး ဒုက္ခပင်လယ်ဝေနေတဲ့ Matrix တစ်ခုဖန်တီးပေးပြန်ပါတယ်။ ဒါကိုလည်း လူသားဦးနှောက်က လက်မခံပြန်ပါဘူး။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ဘဝအစစ်လို့ အဓိကယုံကြည်စေဖို့ လိုအပ်တဲ့အရာဟာ Choice လို့ခေါ်တဲ့ ရွေးချယ်မှု ရှိတယ်လို့ ထင်ရတဲ့ ကမ္ဘာပဲဆိုတာ စက်ရုပ်တွေ သိသွားပါတယ်။ ဒီတော့မှ Matrix ဟာ အောင်မြင်ပြီးလူသားတွေကို ဖြစ်တည်မှုအတုထဲမှာ အကျဉ်းချထားနိုင်ပါတော့တယ်။ ဒီ Matrix ထဲမှာပဲ ရင်းမြစ်ကုတ်ကို ထိန်းချုပ်တဲ့ Architect ဗိသုကာဆိုတဲ့ လူကို ဖန်တီးထားလိုက်တယ်။ ပြီးတော့ လူသားတွေကိုလေ့လာပြီး ပြောင်းလဲပေးနိုင်ဖို့ ရှေ့ဖြစ်ဟော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးထားတယ်။ ဒါပေမဲ့ ဒီ Matrix ဟာလည်း လူသား ၉၉ ရာနှုန်းကိုပဲ လှည့်စားနိုင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ဒါဟာ အတုအယောင်လို့ သံသယဝင်လာတဲ့ ပရိုဂရမ်ချို့ယွင်းချက်တွေဖြစ်လာတယ်။ အဲဒီ မက်ထရစ်ကနေ လွတ်မြောက်လာပြီး Zion လို့ခေါ်တဲ့ နောက်ဆုံးလူသားတိုင်ပြည်ကို တည်ထောင်လာတယ်။ ပြီးတော့ ဒီလူတွေကပဲ Matrix ထဲကို ပြန်ဝင်လာပြီး လူသားအားလုံးကို လွတ်မြောက်အောင် ပြန်တိုက်ခိုက်လာတယ်။ ဒီလို error လူတွေကို ကာကွယ်ဖို့ အေးဂျင့်ဆိုတဲ့ အင်အားကြီးတဲ့ ပရိုဂရမ်မျိုးတွေဖန်တီးထားခဲ့တယ်။ ဒီတော့ Matrix စနစ် တည်ငြိမ်ဖို့ အဲဒီ ချို့ယွင်းကုတ်တွေ အားလုံးကို သယ်ဆောင်နေတဲ့ ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်တယ်။ The One ခေါ် Neo ပေါ့။ အဲဒီ The One ဟာ လူသားအားလုံးကို ကယ်တင်မယ့်သူလို့ Zion တွေ ယုံကြည်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီ The One ရဲ့ လမ်းကြောင်းဟာ နောက်ဆုံးမှာ ဗိသုကာဆီမှာ အဆုံးသတ်ပါတယ်။ Neo ဟာ လူသားတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံရမယ်။ သူသေသွားချိန်မှာ သူ့ရဲ့ မူလ ကုတ်တွေအားလုံးကို မူလရင်းမြစ်ကုတ်ထဲကို ပူးပေါင်းစေပြီး Matrix ကို reload ဖြစ် အစက ပြန်စတင်စေတာပါ။ Zion ဆိုတဲ့ လူသားကမ္ဘာကိုလည်း အားလုံးပျက်စီးစေမှာပါ။ မပျက်စီးခင်မှာ Neo ကို လူသား ၂၃ ယောက်ရွေးချယ်ခိုင်းပြီး Matrix အသစ်ပြန်စ Zion အသစ်ပြန်စပြီး နောက်တစ်ဖန် ထိန်းချုပ်လည်ပတ်စေတာပါ။ ဒီလိုနဲ့ Matrix ရဲ့ error တွေကိုရှင်းပြီး reload လုပ်ခဲ့တာ ငါးကြိမ်တိုင်ခဲ့ပါပြီ။ Neo ငါးယောက်လည်း သေဆုံးပြီးခဲ့ပါပြီ။ အခု Matrix ရုပ်ရှင်ထဲက ၆ ယောက်မြောက် Neo ကတော့ မတူတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ရင်းမြစ်ကုတ်ဆီမှာ အသေခံရမယ့်အစား သူ့ချစ်သူ ထရစ်နတီကို ကယ်တင်ခဲ့တယ်။ နောက်ပြီးတော့ ဇိုင်ရွန်တွေ ပျက်စီးရမယ့်စား စစ်ပြေငြိမ်းနိုင်ဖို့ စက်ရုပ်မြို့တော်အထိ ရောက်အောင်သွားပြီး အပေးအယူလုပ်ပြီးမှ အသေခံခဲ့တာပါ။ ဒီလိုနဲ့ ကမ္ဘာကျော် Matrix ရုပ်ရှင်တွေ အဆုံးသတ်ခဲ့တာပါ။ ဒီတစ်ခါတော့ Matrix ပြန်လည်ရှင်သန်ခြင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်လိုက်ရအောင်။ The Matrix ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=the+matrix+neo  မှာကြည့်ပါ။ File size…(4.2 GB)/(1.3 GB)/(1.5 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….02:09:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Myo Thu ,Little Neo

Action • Horror • Science Fiction
6.7 2003 129 mins
The Matrix Revolutions
Runaway God of Wealth 2
6

အတွဲ ၁ ရှိပါသေးတယ် အခုဇာတ်ကားကလဲ အတွဲ ၁ ရဲ့ အဆက်မဟုတ်ပါဘူး နာမည်သာတူပြီး ဇာတ်လမ်းကတခြား Plot နဲ့လာတာမို့ မကြည့်ရသေးလဲ အတွဲ ၂ ကိုတန်းကြည့်လို့ရပါတယ် ကြည့်ချင်သူများအတွက် လင့်ပေးထားပါတယ် အတွဲ ၁ ကြည့်ရန် ဒီကိုနိပ့်ပါ ❏ ဆင်းရဲမွဲတေနေတဲ့ သူ့ရဲ့ဘဝကို အမြဲ အပြစ်တင်လေ့ရှိသူ ၊ ချစ်ရသူ အမျိုးသမီးကိုလဲ သူဒီလို နိမ့်ကျရတဲ့ ဘဝရောက်တာဟာ သူကြောင့်ဟု အမြဲတမ်း အပြစ်တင်လေ့ရှိသူ ၊ လက်ရှိလုပ်ကိုင်ရာ အလုပ်ထဲမှာလဲ အဆင်မပြေဖြစ်နေသူ – ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက် နတ်ပြည်မှ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားတစ်ပါးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဝမ်ကျားချန်ဟာ နတ်ဘုရားရဲ့ ကံ​ကောင်းခြင်း သံလိုက်အိမ်မြှောင်ကို ဖျက်ဆီးမိလိုက်ပြီး ၎င်းကို ၁၀ ရက်အတွင်းမှာ ပြန်ပြင်ပေးရမှာပဲဖြစ်ပါတယ် ။ ၁၀ ပြီးလို့ မပြင်နိုင်ပါက သူ့ရဲ့အသက်ကို ပေးဆပ်ရမှာဖြစ်တာမို့ ကြိုးစားပြီး ပြင်ဆင်ဖို့ လုပ်ကိုင်ခဲ့ပါတယ် ။ ၁၀ ရက်ပြီးတဲ့နောက် ဝမ်ကျားချန်ဟာ ချစ်သူမိန်းကလေးဖြစ်သူ ဝမ်ရှောင်ဟွားနဲ့ အတူတူပူးပေါင်းကာ တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပြီးတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားက သူ့ကို ဆုလာဘ်အနေနဲ့ ချမ်းသာတဲ့ဘဝတစ်ခုကို အပ်နှင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒီချမ်းသာတဲ့ဘဝတစ်ခုရဲ့ ပေးဆပ်မှူဟာဆိုရင် သူ့ရဲ့ချစ်ရသူ မိန်းကလေး သူ့ကို မေ့ပျောက်သွားတဲ့ ပေးဆပ်မှုဖြစ်တဲ့အကြောင်းသိရှိသွားတဲ့အခါ …? ❏ ဝမ်ကျားချန်တစ်ယောက် သူ့ရဲ့ ကံကြမ္မာတွေကိုပြောင်းလဲနိုင်ပါ့မလား ? ❏ အဖြစ်မှန်အားလုံးသိပြီးတဲ့နောက်မှာ အရာတွေအားလုံးဟာ ပြန်ပြင်ဖို့ အခွင့်အရေးရှိပါဦးမလား ? ❏ အမြဲတမ်း ချမ်းသာချင်နေတဲ့ ဝမ်ကျားချန်တစ်ယောက် ချမ်းသာပေမဲ့လဲ အထီးကျန်နေတဲ့ဘဝကြီးကို ဆက်လက်အံတုနိုင်ပါ့မလား? ❏ ဘာတွေဆက်ပြီးဖြစ်ကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါ ။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ ငွေ နဲ့ မေတ္တာတရားမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာ ခွဲခြားသိမြင်လာစေမှာ အမှန်ပါပဲရှင် ။

6 2021
Runaway God of Wealth 2
Bad Blood
6.1

ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ….။ ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျ မင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ….။ မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကို အများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေ လက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်… အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့ သာစိတ်ကူးခဲ့ပါတော့တယ်…. ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ…။ ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရ အလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး… လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်… ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး…။ ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုက ဖမ်းခေါ်သွားတဲ့အခါမှာတော့… လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကို အက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ…။ File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror
6.1 2023
Bad Blood
The Squad
4

The Squad (2023) ============= ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက မွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့ သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.3 GB) / (444 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 18Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Alias Encoder……….SWM

4 2023
The Squad
From the Ashes
5.2

From the Ashes (2024) ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။ မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးက‌ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 745MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 32Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.2 2024
From the Ashes
A Chinese Ghost Story 3
6.7

Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ် A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Action • War • Thriller
6.7 1991
A Chinese Ghost Story 3
Good Bye, Lenin!

IMDb Rating – 7.7/10 အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။ အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ နောက်တစ်ခါနှလုံးဖောက်ရင် အသက်ပါ ပါနိုင်ကြောင်း ပြောလာတဲ့အခါ အဲလက်စ်တစ်ယောက် သူ့အမေ ထိုအဖြစ်အပျက်တွေကို မသိရှိရေး အသည်းအသန် ကြိုးစားရပါတော့တယ်။ နိုင်ငံကြီးက ခေတ်နဲ့အမီ တိုးတက်နေတဲ့အချိန် ဂျာမဏီနိုင်ငံက ကမ္ဘာ့ဘောလုံးပွဲမှာတောင် ချန်ပီယံဖြစ်နေတဲ့အချိန် အဲလက်စ်တစ်ယောက် အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ သူ့မိခင်အတွက် အရှေ့ဂျာမဏီရဲ့ ဆိုရှယ်လစ်အုပ်ချုပ်မှုစနစ်ကြီးကို တစ်ယောက်တည်းအသက်သွင်းနေရတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲလက်စ်တစ်ယောက် သူ့မိခင်ကို အဆုံးထိ လိမ်သွားနိုင်မလား… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.1 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

Drama • Family
0 2003
Good Bye, Lenin!
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Marni: The Story of Wewe Gombel
6.5

Channel Myanmar ရဲ့ Horror ပရိသတ်ကြီး အကြိုက်ဖြစ်မယ့် အင်ဒိုဇာတ်ကားကောင်း တစ်ကားကို ပိတ်ရက်မှာ ကြည့်ဖို့ မိတ်ဆက်ပေးချင်ပါတယ်။ ကြောက်တတ်တဲ့သူတွေ အနားမှာ အဖော်ရှိမှ ကြည့်ဖို့တော့ အကြံ ပေးချင်ပါတယ်။ အင်ဒိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ခြောက်ခြားဖွယ် ဖြစ်အောင် ရိုက်ကူးပြထားနိုင်သလို သရုပ်ဆောင်တွေရဲ့ ဟန်ပန်တွေနဲ့ သရဲဇာတ်ကောင်တွေရဲ့ မိတ်ကပ်ကောင်းမွန်မှုတွေ ကွန်ပျူတာ ပြလုပ်ချက်တွေနဲ့ တကယ်ကို ကြည့်ရတန်တဲ့ ဇာတ်ကားတစ်ကားပါ။ ယုံတမ်းပုံပြင် ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ အယူသည်းမှုတွေ ရှိနေဆဲပဲ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းဆွယ်က ရွာငယ်လေးတစ်ခုကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ညအိပ်ရာဝင်ပုံပြင်တစ်ပုဒ်လည်း ဖြစ်သလို မလိမ်မာတဲ့ ကလေးတွေ နေဝင်ရီတရော အိမ်မပြန်ဘဲ အဆော့မက်တဲ့ ကလေးတွေကို ခြောက်လှန့်ပြီး ပြောနေကျ ဒဏ္ဍာရီတစ်ပုဒ်က “ဝီဝီဂွန်ဘယ်”သရဲမ ဖမ်းစားလိမ့်မယ် ဆိုတာပါ။ ဇာတ်ညွှန်းကတော့ ရာဟာယုဆိုတဲ့ အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ သူ့ယောကျ်ားဟောင်းရဲ့ ကြွေးရှင်တွေလက်က လွတ်ဖို့အတွက်ရော ဘဝသစ်ကို အေးအေးချမ်းချမ်း စချင်တာရောကြောင့် ရွာငယ်လေးတစ်ရွာကို ကလေးနှစ်ယောက်နဲ့ အတူ ပြောင်းလာ ခဲ့ပါတယ်။ သမီးအကြီးမလေး အန်နီဆာနဲ့ သားအငယ်လေး အန်းတို့ အတူ ရွာကိုရောက်လာကြပြီး အိမ်တစ်လုံးကို ငှားရမ်း နေထိုင် ကြပါတယ်။ စာသင်နှစ်ဝက်ချိန်မို့ ကျောင်းဆက်မတက်ရသေးတဲ့ အန်နီဆာအနေနဲ့ အိမ်မှာ အော်တစ်ဇင်ဖြစ်နေတဲ့ မောင်လေး အန်းကို ဝိုင်းဝန်းထိန်းကျောင်း ရပါတယ်။ ရာဟာယုဟာ အိမ်ရဲ့ စီးပွားရေးကို ပါတိတ်ဒီဇိုင်းတွေ ဆွဲပြီး နေ့တိုင်းအိမ်မှာပဲ အလုပ်လုပ်ရတဲ့အတွက် သူ့ကလေးတွေကို ဂရုတစိုက် မရှိလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ အန်းဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ဒီအခါမှာမှ…သူတို့မိသားစု မသိထားတဲ့ ဒီရွာလေးရဲ့ နောက်ကြောင်း ရာဇဝင်တွေ အဖြစ်ဆိုးတွေကို ကြားသိလိုက်ရတဲ့ အချိန်မှာတော့…။ အန်နီဆာတစ်ယောက် ချစ်ရတဲ့ မောင်လေးအန်းကို ပြန်တွေ့နိုင်ပါ့မလား။ သူတို့မိသားစုအတွက် ဘယ်လိုဂြိုလ်ဆိုးတွေ ဝင်ဦးမှာလဲ..။ သူတို့ငှားနေတဲ့ အိမ်မှာလည်း ဘာရာဇဝင်တွေ ရှိနေလဲ ဆိုတာတော့…။ File size… (1.10GB ) / (601MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Action • Drama • Romance
6.5 2024 120 mins
Marni: The Story of Wewe Gombel
Dark Night of the Soul

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Drama, Mystery အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမိုင်းမတင်မီခေတ်က ကမ္ဘာကြီးပေါ်မှာ ကူးစက်ရောဂါဗိုင်းရပ် တွေရှိခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်တွေဟာ ရေခဲခေတ်နဲ့အတူ ဝင်ရိုးစွန်းဒေသတွေရဲ့ ရေခဲဆောင်ကြီးတွေထဲမှာ အေးခဲပြီး ပိတ်မိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရေခဲဆောင်တွေ အရည်ပျော် လာတဲ့အခါမှာတော့ ရှေးဟောင်းဗိုင်းရပ်တွေကလည်း လူသားတွေကို ကူးစက်လာပါတော့တယ်။ အဲလက်စ်ဆိုတဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဟာ ဒီဗိုင်းရပ်ကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်ကလည်း သူမအပေါ်မှာ မူတည်နေပါပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူသူမရှိတဲ့ဒေသမှာ ကားမတော်တဆမှုဖြစ်ပြီး ခြေထောက်ကလည်း ညပ်မိနေတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဗိုင်းရပ်ကြောင့် စတင်ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးကြီးနဲ့ အစပြုထားပေမဲ့ ဇာတ်လမ်းတစ်လျှောက်မှာတော့ အဲလက်စ်ရဲ့ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေကို တင်ဆက်ထားတာပါ။ ကားထဲမှာ ပိတ်မိနေရင်း သေလုမျောပါးဒဏ်ရာကြောင့် ထင်ယောင် ထင်မှားဖြစ်နေတဲ့ အတွေးစတွေကို တင်ဆက်ထားပြီး တာဝန်ဝတ္တရား ၊ ရွေးချယ်မှု၊ အကျိုးဆက်နဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို မေးခွန်း ထုတ်သွားခဲ့ပြီး ကြည့်ရှုသူပရိသတ်ကိုပါ ကြည့်ရင်းနဲ့ အတွေးစထဲ မျောသွားစေမဲ့ ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ အဲလက်စ် တစ်ယောက် ရှင်သန်ကျန်ရစ်နိုင်ခဲ့မလား၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။ File size… (1.48GB) / (667MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Crime • Drama • Thriller • Horror
0 2024 81 mins
Dark Night of the Soul
Runaway God Of Wealth 6
5.6

CMက‌နေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့နတ်မင်းတွေ အကြောင်းရိုက်ကူးထားတဲ့ ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် လူတွေရဲ့သဘောသဘာဝအရ ချမ်းသာကြွယ်ဝချင်ကြတာကြောင့် စည်းစိမ်ဥစ္စာနတ်မင်းဆီမှာ ဆုတောင်းကြတာပေါ့ အဲ့တော့ သူတို့နတ်မင်း ဌာနက အရမ်းကို အလုပ်ရှုပ်တာပေါ့ အဲ့လိုနဲ့ တစ်နေ့မှာ နတ်မင်းတွေရဲ့ ခေါင်းဆောင်ဖြစ်သူက ကံကောင်းခြင်းနတ်မင်းငါးပါးရဲ့ဌာနကနေ လူလျှော့ရမယ်ဆိုပြီး အထက်အမိန့်ကျလာတာပေါ့နော် အဲ့တော့ ဘယ်ဌာနကို လျှော့ရမလဲဆိုတာ ခေါင်းစားစရာတစ်ခုဖြစ်လာရော အားလုံးကလည်း စည်းစိမ်ဥစ္စာနတ်မင်းရဲ့ ဌာနက လူများတာကြောင့်သူ့ဌာနက လျှော့ဖို့ ထောက်ခံကြရော အဲ့အချိန်မှာ စည်းစိမ်နတ်မင်းက သူ့ဆီက လူမလျှော့ဖို့အရေး ကောင်းကင်ဘုံကနေ ပျောက်ဆုံးသွားတဲ့ အံ့ဖွယ်ကျောက်ကို တစ်လအတွင်း ပြန်ရှာပေးမယ်ဆိုပြီးကတိတစ်ခုပြုလုပ်လိုက်ပါတယ် အဲ့တော့ သူ့လူတွေကို သဲလွန်စအတိုင်း လိုက်ရှာခိုင်းတဲ့ အချိန်မှာတော့ အံ့ဖွယ်ကျောက်ရဲ့ တည်နေရာကို ညွှန်ပြပေးနိုင်မယ့် ကြေးပြားမှန်ချပ်က လူ့ပြည်က ပဲပေါက်စီဆိုင်ပိုင်ရှင် ဝမ်ရှောင်ဟွားဆီမှာရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့

Drama • Music
5.6 2025
Runaway God Of Wealth 6
Jail
6.2

Jail (2009) “ဘဝတစ်ကွေ့” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကား‌ပြော ဒရာမာဇာတ်‌လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ ဒါပေမဲ့ ‌တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။ လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ ‌ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်း‌ကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Horror • Thriller
6.2 2009 155 mins
Jail