YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hunter With A Scalpel (2025) E07 720p WEB-DL [RMC].mp4

231.55 MB 720p video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What We Found
5.1

သင်သာ ကျောင်းသားကား Teen Drama မျိုးကို ကြိုက်နှစ်သက်သူ ဖြစ်တယ်ဆိုရင် ဒီကားဟာ သင့်အတွက်ပါပဲ။ Mystery, Thriller အမျိုးအစားလည်းဖြစ်တာမို့ ပျင်းရိစရာမကောင်းပါဘူး။ မားကပ်စ်ဟာ ဘယ်တီမိုး အထက်တန်းကျောင်းမှာ ပထမနှစ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။သူ့မှာ အလယ်တန်းကျောင်းကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ဟော်လီနဲ့ ဂရန့်တ်တို့ ရှိပါတယ်။ ဂရန့်တ်ကတော့ အထက်‌တန်းမှာ တစ်ခြားကျောင်းကို ပြောင်း သွားခဲ့ပြီး ဘယ်တီမိုးမှာတော့ မားကပ်စ်နဲ့ ဟော်လီတို့သာ ကျန်ခဲ့ပါတယ်။ မားကပ်စ်ဟာ အလယ်တန်းမှာကတည်းက အနိုင်ကျင့်ခံခဲ့ရသလိုမျိုး အထက် တန်းကျောင်းမှာလည်း မဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ အထက်တန်းမှာ တက်နေရင်း သူ့ကို ငယ်ငယ်က ကလေးထိန်းလုပ်ခဲ့တဲ့ ကက်စီ ဆိုတဲ့ ကောင်မလေးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ ကက်စီဟာ မားကပ်စ် အနိုင်ကျင့် ခံနေရတုန်းမှာ ဝင်ပြီး ကူညီပေးခဲ့ပါတယ်။  ဒီလိုနဲ့ တစ်နေ့မှာတော့ ကျောင်းက အပြန် ကက်စီတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ ရဲတွေလည်း လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဘယ်တီမိုးမြို့မှာလည်း အရင်က ဒါနယ်လ်ဆိုတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရပါတယ်။ မားကပ်စ်လည်း သူငယ်ချင်းဖြစ်သူ ဟော်လီနဲ့အတူ ကက်စီ့ကို ရှာဖွေဖို့ ကြိုးစားတဲ့အခါမှာတော့...... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(2.34 GB) / (1.0 GB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Leonard Lin Encoder..........SWM

Comedy • Science Fiction
5.1 2020 110 mins
What We Found
Home Coming
6.6

ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Numedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ------------ ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁.၅ ဘီလီယံ​ကျော်ရရှိခဲ့သည့်အပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျန်းယိ ဝမ်ကျွင့်ခိုင်(TFBOYS အဖွဲ့ခေါင်းဆောင်) နဲ့ ယင်းထောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးဖြစ်တာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Science Fiction • Thriller
6.6 2022 137 mins
Home Coming
Karan Arjun
6.7

အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်.....သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် "Karan Arjun " အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။ ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို သတိထားကြည့်မိရင် များသောအားဖြင့် အက်ရှင် ၊ဖိုက်တင် ၊ စွန့်စားခန်းတွေ ပါလေ့ရှိတဲ့အပြင် အမြဲမြင်နေကျ ခမ်းနားကြီးကျယ်လှတဲ့ ရွှေမြို့တော်တို့နဲ့ ဝေးရာ တောတောင်ရေမြေ သဘာဝရှုခင်းတွေနဲ့ ပြည့်နက်နေတဲ့ ကျေးလက်ဇနပုဒ်တွေ ၊ လှပတဲ့ သစ်တောအုပ်တွေမှာ ရိုက်ကူးလေ့ရှိတာက သူ့ရဲ့ထူးခြားချက်တစ်ခုလို့ပဲ ဆိုရမယ်ထင်ပါတယ် ။ ပြီးတော့ သူ့ရဲ့ ဇာတ်ကားတိုင်းလိုလိုဟာ အင်္ဂလိရှ်အက္ခရာ "K "နဲ့ အစချီလေ့ရှိတာကိုလဲ သတိထားမိကြမယ်ထင်ပါတယ် ။ ဥပမာ.. "Koyal " "Karan Arjun " "Kaho Naa Pyar Hai " "Koi Miligaya " " Khrish " တို့ပေါ့ ။ ဒီဇာတ်ကားဟာ ဘတ်ဂျတ် ရူပီ ၆ ကုဋေအကုန်ကျခံရိုက်ကူးခဲ့ပြီး ၊ ရူပီ ကုဋေ ၅၃.၅၈ ပြန်ရခဲ့ကာ ၁၉၉၅ခုနှစ် ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင် အနေနဲ့ရပ်တည်ခဲ့တယ် ။ (ဘာလို့ဆို ၁၉၉၅ ရဲ့ ဝင်ငွေအကောင်းဆုံး(၁) ဇာတ်ကားက DDLJ ဖြစ်နေခဲ့လို့ပါပဲ) ဇာတ်လမ်းအကျဉ်း ************* ဒူရ်ဂါဆင်းဂ် (Raakhee) ဟာ ဆင်းရဲနုံချာလှတဲ့ အမျိုးသမီးကြီးပေမဲ့ တည်ငြိမ်ရိုးသားပြီး ၊ ကရန်(ဆယ်လ်မားန်) နဲ့ အာဂျွန်(ရှာရွတ်) ဆိုတဲ့ သားနှစ်ယောက်ကို လူလားမြောက်ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ အာဂ မုဆိုးမအမျိုးသမီးကြီးပါ ။ တစ်နေ့မှာ သူမရဲ့ ယောက္ခထီး (Thakur) ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်း လူတစ်ယောက်က သူမကို လာရောက်အကြောင်းကြားတာကို သားနှစ်ယောက်ကြားသိသွားခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် က Thakur ဟာ သားတို့ရဲ့ဘိုးဘိုးဖြစ်ကြောင်း နဲ့ သူမခင်ပွန်း ဟာ သူ့ဖေဖေ (နယ်မြေဧကများစွာတို့ရဲ့ အရှင်သခင် သူဌေးကြီး) သဘောမတူတဲ့ကြားက သူမကို လက်ထပ်ခဲ့လို့ သူမတို့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ ဖြစ်ကြောင်း ၊ ခု သူ( Thakur) မဆုံးခင်မှာ သူ့ရဲ့မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်တာဖြစ်ကြောင်း သားနှစ်ယောက်ကို ဖွင့်ပြောပြခဲ့တယ် ။ ဒူရ်ဂျန်း(Amrish Puri) ဟာ Thakur ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက် ။ သူက Thakur ရဲ့ နယ်မြေများစွားနဲ့ တစ်သက်စားမကုန်တဲ့ အမွေတွေကို တစ်ယောက်တည်း မောင်ပိုင်စီးလိုမှုနဲ့လောဘ ရမ္မက်မီးတောက်နေသူ ။ ဒူရ်ဂျန်းဟာ မြေးနှစ်ယောက်အလာကို မျှော်နေရှာတဲ့ Thakur ကို ဒီစည်းစိမ်းအာဏာတွေကို သူလိုချင်လွန်းလို့ Thakurရဲ့သား (ကရန်-အာရ်ဂျွန်ရဲ့ဖေဖေ) ကိုလွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူကိုယ်တိုင် သတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြောပြီး ၊ Thakur ကိုလဲ သတ်ခဲ့တယ် ။ ဒါ့အပြင် ရောက်ရှိလာခဲ့တဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ ကရန် - အာရ်ဂျွန် ညီအစ်ကိုကိုလဲ ဒူရ်ဂျန်း နဲ့ အဖွဲ့က သူ့မေမေမုဆိုးမကြီး ဒူရ်ဂါဆင်းဂ် ရှေ့မှာ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ် ။ အသည်းနှလုံးအိမ်တစ်စစီ ကြွေခဲ့ရတဲ့ ဒူရ်ဂါဆင်းဂ် ဟာ ဒီအဖြစ်ကို လုံးဝ မခံမရပ်နိုင်ခံစားရရှာပြီး ၊ ကာလီမယ်တော်ကို တိုင်တည်သစ္စာပြုကာ သူ့ရဲ့သားနှစ်ယောက် လု့လောကကို ပြန်လည်မွေးဖွားလာပြီး ၊ ဒီလိုလူမဆန်တဲ့သစ္စာမဲ့တဲ့ လူယုတ်မာတွေကို ကလဲ့စားခြေသုတ်သင်နိုင်ပါစေကြောင်း ကျိန်ဆိုခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် ရဲ့ ကျိန်စာတွေ အယုတ်တမာမှူအပေါင်း သရဖူဆောင်းထားတဲ့ ဒူရ်ဂျန်းကို သင့်ပါ့မလား ။ ကရန်-အာရ်ဂျွန် ညီအစ်ကိုကရော လူ့လောကကို တစ်ဖန်ပြန်လည်ဝင်စားမွေးဖွား့ပါ့ဦးမလား ဆိုတာ ဆက်ကြည့်လိုက်နော် ။ လုံးဝကို အကြမ်းကြီးနော် ။ ♠ဘောလီးဝုဒ် ရဲ့ အခန့်ညားဆုံးမင်းသားလေး Hrithik Roshan အတွက် ဒီဇာတ်ကားဟာ သူ့ရဲ့ ပထမဦးဆုံး လက်ထောက်ဒါရိုက်တာ လုပ်ခဲ့တဲ့ ရုပ်ရှင်ပါတဲ့ ။ ♠ဇာတ်ကားတစ်ကားလုံးကို ရာဂျစ်စတန် မှာရိုက်ကူးခဲ့ပြီး ၊ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေရိုက်တဲ့ ရွာကတော့ ရာဂျစ်စတန် ပြည်နယ် ၊ အယ်လ်ဝါခရိုင်ရှိ ဘန်ဂါ့သ်ရွာမှာ ရိုက်ကူးခဲ့တယ် ။ ♠ ဒီဇာတ်ကားထဲက ဒူရ်ဂါမယ်တော် ဘုရားကျောင်း ကတော့ အဂျ်မာရ်အနီးရှိ ပူရ်ကားရ်ရွာမှာ တည်ထားတဲ့ မယ်တော်ကျောင်းပါတဲ့ ။ ♠ဒီ ကရန်- အာရ်ဂျွန် အတွဲအတွက် Sunny Deol နဲ့ Ajay Devgan အတွဲကို အရင်ကမ်းလှမ်းခဲ့ပြီး ၊ သူတို့က ရိုက်ရက်မပေးနိုင်လို့သာ ဆယ်စုနှစ်တွေကြာသည့်တိုင် မမေ့နိုင်တဲ့ ကျနော်တို့ရဲ့ SRK -Sallu အတွဲကို ကြည့်မြင်ခွင့်ရခဲ့တာပါ ။ ♠Filmfare Best Action Award နဲ့ Filmfare Best Editing Award ရခဲ့တယ် ။ ♠ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေကို Rajesh Roshan (ဒါရိုက်တာ ရာကေ့ရှ်ရိုရှန် ရဲ့ ညီ) ကိုယ်တိုင်သီကုံးရေးဖွဲ့ခဲ့ပြီး ၊ ဒီသီချင်းတွေရဲ့ မူပိုင်ခွင့်တွေကိုတော့ Times Magnetic မှ အစောပိုင်းကတည်းက ဝယ်ယူသွားခဲ့တယ် ။ ♠ ဒီဇာတ်ကားနာမည် ကို အစောပိုင်းတုန်းက "Kaaynaat " လို့ပေးထားခဲ့တာပါတဲ့ ။ ♠ ကရန်ဇာတ်ကောင်အတွက် ဆယ်လ်မားန် ကို ရွေးချယ်ဖို့ရှာရွတ်က မရမက တောင်းဆိုခဲ့တယ် ။ ♠ ရှာရွတ် နဲ့တွဲမဲ့ မင်းသမီးကို ဂျူဟီးချော်လာကို အရင်ရွေးချယ်ဖို့စဉ်းစားခဲ့ပြီး ၊ ကာဂျိုးကို အတည်ပြုရွေးချယ်ခဲ့တယ် ။ ဆယ်လ်မားန် နဲ့တွဲမဲ့မင်းသမီးကိုလဲ Nagma ကို အရင်ရာထားခဲ့ရာကနေ Mamta Kulkarni ကို နောက်ဆုံးရွေးချယ်ဖြစ်သွားခဲ့တယ် ။ #HN(SRK UNIVERSE MYANMAR) (ရုပ်ရှင်အညွှန်းကို SRK Universe Myanmar Page မှ ကူးယူဖော်ပြပါသည်။) File size…(3.7 GB)/(1.5 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Drama • Romance
6.7 1995 175 mins
Karan Arjun
Fantasy Island
5.8

စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။ Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။ ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။ အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှ လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။ သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။ ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။ ဒါပေမယ့် ဒီအပျော်တွေကနေ လူတိုင်းရဲ့ ဆန္ဒတွေဟာ ကြောက်စရာအဖြစ်တွေဆီကို တဖြည်းဖြည်းကူးပြောင်းသွားတဲ့အခါမှာတေ့ာ… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်… File Size : (900 MB) and (450 MB) Quality : AMZN WEB-DL 720p Running Time : 1hr 49min Format : Mp4 Genre : Adventure, Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Littleneo Encoded by Thanhtike Zaw

Comedy • Sci-Fi & Fantasy
5.8 2020 109 mins
Fantasy Island
Blue Crush
5.7

Blue Crush (2002) ~ IMDb – 5.7/10, Rotten Tomatoes – 62% ~ ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ… မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။ အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။ နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ… ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး အနိုင်ရမလားကျွန်းသူ‌လေးအန်းနဲ့ မြိုကြီးသား မက်တို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလို့ရပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 831MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 44Min Genre – Drama, Romance, Sport Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.7 2002 104 mins
Blue Crush
Diary Of Security
5.7

လင်ရှောင်းဖုန်း ခေါင်းဆောင်တဲ့ လုံခြုံရေးအဖွဲ့ ၁၉ ဟာ သူများကိစ္စတွေဝင်ပါပြီး အလေးအနက်တွေလုပ်လွန်းတာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတယ်… အလုပ်ထုတ်ခံရပြီး သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျနေတဲ့ အချိန် ရှေးဟောင်းပစ္စည်းဆိုင် သူဌေးတစ်ယောက်ရဲ့ ဆိုင်လုံခြုံရေးအတွက်ဌားရမ်းခဲ့ပါတယ်… သူဌေးက သူ့ရဲ့ ရှေးဟောင်းပန်အိုးပြည်ပမှာ ပြသထားချိန် အတု ဖန်တီးကာဆိုင်မှာတင်ထားပြီး စျေးပေါပေါနဲ့ လုံခြုံရေးဌားကာ ဟန်ဆောင်စောင့်ခိုင်းထားတာဖြစ်နေခဲ့တယ် …. ရှေးဟောင်းပန်းအိုးရဲ့သတင်းကိုကြားတဲ့ သူခိုးအဖွဲ့ကလည်း အဲ့ဒီပန်းအိုးကို သူတို့သုံးယောက်ကိုလှည့်စားကာခိုးယူနိုင်ခဲ့တယ်… ပန်းအိုးပျောက်သွားတဲ့အတွက် သူဌေးဟာ သူတို့သုံးယောက်ကိုအလုပ်ထုတ်ပြီး သတင်းမပေါက်ကြားစေရန်အတွက် ပြည်ပက ပန်းအိုးအစစ်ကိုသွားယူခဲ့တယ်… ပန်းအိုးပြန်သွားယူနေတဲ့အချိန် သူဌေးရဲ့သမီးဖြစ်သူနဲ့ သူတို့သုံးယောက်က ပန်းအိုးကို အတုမှန်းမသိပဲ လိုက်ရှာဖို့လုပ်ခဲ့ကြတယ်…. သူတို့ရော သူခိုးကိုရှာတွေ့ပြီး ပန်းအိုးကို ပြန်ရှာတွေ့နိုင်မှာလား… ပြသာနာတွေရောရင်ဆိုင်ရဦးမှာလား… ဘာတွေဆက်ဖြစ်နိုင်ဦးမလဲဆိုတောတော့ ဆက်လက်စောင်မျှော်ကြည့်ရှုပေးကြပါဦးနော်…

5.7 2022
Diary Of Security
Tabu: Mengusik Gerbang Iblis
5.5

Tabu: Mengusik Gerbang Iblis (2019) အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း… ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။ တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ… တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 757MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2019
Tabu: Mengusik Gerbang Iblis
Heaven’s Seven 2
6.5

Heaven’s Seven 2 (2005) ဒုတိယ ကမ္ဘာစစ်က ထိုင်းနိုင်ငံအတွင်း ဂျပန်အင်ပါယာတွေ ကြီးစိုး‌ခဲ့တဲ့ခေတ်ပါ ဂျပန်အင်ပါယာတွေကို တော်လှန်ဖို့ ဖိုက်တာ ခုနှစ်ယောက် (ခေါ်) သူရဲကောင်းခုနှစ်ဖော် ရှိခဲ့ပါတယ် ဂျပန်ဘက်က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ် တစ်နေ့ သူတို့ကို ဖမ်းဖို့အတွက် တရုတ်ပြဇာတ်ရုံကို ဂျပန်တွေ ၀င်တိုက်ရောက်တိုက်ခိုက်ပါတယ် သို့ပေမဲ့ သူရဲကောင်းခုနှစ်ဖော်ကို ဖမ်းမမိတော့ ပြဇာတ်ရုံပိုင်ရှင်ကို ဖမ်းခေါ်သွားပါတယ် ဖမ်းပြီး မီးရထားလမ်းဆောက်လုပ်ရေး စခန်းကို ပို့ဆောင်လိုက်ပါတယ် အဲ့ဒီဆောက်လုပ်ရေးစခန်းမှာ လိင်မှုကိစ္စပြုကျင့်ဖို့အတွက် ထိုင်းအမျိုးသမီးတွေကိုလည်း ဂျပန်တွေ ဖမ်းခေါ်ထားပါတယ် ဆိုတော့ သူရဲကောင်းခုနှစ်ဖော် သူတို့ရဲ့ထိုင်းလူမျိုးကို ဘယ်လိုသွားကယ်ထုတ်ကြမှာလဲ သူတို့နိုင်ငံအတွက် ဘယ်လိုပုန်ကန်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ အညွှန်း န့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size…1h 28min Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Fake Love Encoder ….. Aaron

Drama • War
6.5 2005 101 mins
Heaven’s Seven 2
You Get Me

You Get Me (2017) ဒီကားလေးကတော့ မင်းသမီးချောလေး”ဘယ်လာသွန်း”က အဓိကဇာတ်ကောင် “ဟိုလီ” အဖြစ်ပါဝင်ထားတဲ့ Crime Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ “ဟိုလီ” ဟာ ဒီမြို့မှာ သူ့မိထွေးနဲ့အတူအခြေချခါစ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့ “ဟိုလီ”ပါတီတက်ရင်း “တိုင်လာ”ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညနဲ့ နောက်နေ့တစ်ဝက်တာအချိန်ကို ပျော်ပျော်ပါးပါး အတူကုန်ဆုံးခဲ့ကြတယ်။ “ဟိုလီ”အတွက် သူတို့အတူကုန်ဆုံးခဲ့တဲ့အချိန်ဟာထူးခြားပေမဲ့လို့ “တိုင်လာ”အတွက်တော့ ပျော်ခဲ့ရတဲ့သာမန်အချိန်တွေပဲဖြစ်ခဲ့ဟန်တူပါတယ်။ “တိုင်လာ”ဟာ ပါတီမှာတုန်းက သူ့ကောင်မလေး”အယ်လီ”နဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာကြောင့် သူတို့ ၂ဦးကိစ္စပြတ်သွားပြီလို့ထင်နေခဲ့ပေမဲ့ ကောင်မလေးရဲ့ ဖြေရှင်းချက်တွေကို နားထောင်အပြီးမှာတော့ သူတို့ချစ်သူ၂ဦး ပြန်လည်ပေါင်းထုပ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါမှာ အသစ်ရောက်လာတဲ့ကျောင်းသူဟာ အခြားသူမဟုတ်၊ “တိုင်လာ”နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ “ဟိုလီ”ပဲဖြစ်ပါတယ်။ တဖြည်းဖြည်း “ဟိုလီ”တစ်ယောက် သူတို့သူငယ်ချင်းအုပ်စုထဲကို ဝင်ရောက်လာပြီး “အယ်လီ”နဲ့ လက်ပွန်းတတီး ခင်မင်လာခဲ့တယ်။ “တိုင်လာ”ကတော့ “အယ်လီ”နောက်ကွယ်မှာ မှားမိထားတာကို ထုတ်မပြောနိုင်ဖြစ်နေခဲ့တယ်။ အလန်းဇယားလေး”ဟိုလီ”က Social Media မသုံးတာဟာ “အယ်လီ့”သူငယ်ချင်းအတွက် အထူးအဆန်းဖြစ်နေခဲ့တယ်။ တစ်နေ့တော့ အဲဒီသူငယ်ချင်းဟာ ကျောင်းမှာ ရုတ်တရက်ကြီး သူနဲ့မတည့်တာကိုသောက်မိပြီး တက်ကာ သတိလစ်သွားခဲ့တယ်။ “ဟိုလီ”ဟာ “တိုင်လာ”နဲ့နီးစပ်ဖို့ကို နည်းမျိုးစုံသုံး ကြိုးစားနေပြီး သူလိုချင်ရဖို့အတွက် ဘေးလူထိခိုက်တာကိုလည်း မမှုတဲ့သူဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ “တိုင်လာ”တစ်ယောက် “ဟိုလီ့”နာမည်အပြည့်အစုံကိုသိလိုက်ရပြီး အွန်လိုင်းမှာရှာကြည့်တဲ့အခါမှာတော့ “ဟိုလီ”ဟာ အန္တရာယ်ရှိတဲ့ပြဿနာအိုးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီအချိန်မှာတော့ “တိုင်လာ”ဟာ အသိနောက်ကျသွားပြီလား… “ဟိုလီ”တစ်‌ယောက် ဘယ်လောက်အထိ လက်လွန်ကြက်သွန်လိုက်ပြီလဲ… ဆိုတာ‌ကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

TV Movie • Comedy • Romance
0 2017 89 mins
You Get Me
Down the Rabbit Hole
5.5

Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာ အသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်း ယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့် သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကို တို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့ ၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီး လိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။ တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံ တစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့ အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင် ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှ အရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူက အာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာ နန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာ မက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက် တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ် သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာ စူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့် ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိ လာခဲ့ပါတော့တယ်။ File size…1.91 GB / 829 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 103 mins
Down the Rabbit Hole
Devil’s Horns
5

သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက် အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခု နောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကို တွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင် ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင် ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက် ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan (Devil’s Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖို စရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်က မီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေ ဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါ တော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲက ကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့ သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုး ရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့က မနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့ အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကို တန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်း မြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက် ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024
Devil’s Horns
Peeping Tom
7.6

Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 41Min Genre – Slasher Horror, Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

War • Drama
7.6 1960 101 mins
Peeping Tom
Hitpig!

ဒီဇာတ်ကားလေးကတော့ အသစ်ထွက်ရှိထားတဲ့ Animation Comedy ကားလေးဖြစ်ပါတယ်။ မိသားစုနဲ့အတူဖြစ်စေ ကလေးငယ်လေးတွေအကြိုက်ဖြစ်စေ အပျော်သက်သက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟစ်ပစ်ဆိုတဲ့ ကြေးစားမုဆိုးဝက်ကလေးတစ်ကောင်က ပိုင်ရှင်ဆီကနေ ထွက်ပြေးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်လိုက်ဖမ်းပြီး ပို့ပေးကာ ပိုက်ဆံရှာနေတဲ့ကောင်လေးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ငယ်ငယ်ကတည်းက ပြဇာတ်ရုံမှာအဖမ်းခံထားရတဲ့ ပစ်ကယ်ဆိုတဲ့ဆင်မလေး လွတ်မြောက်သွားတဲ့အခါ ဆင်မလေးကိုပြန်ဖမ်းပြီးပို့ပေးဖို့အတွက် ပိုင်ရှင်ဖြစ်သူက ဟစ်ပစ်ကိုအလုပ်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟစ်ပစ်ဟာ ဆင်မလေးကိုလိုက်ရှာဖို့အတွက် မစ်ရှင်တစ်ခုကိုစတင်လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒီတိရစ္ဆာန်ကောင်လေးတွေကြားက အလွဲအချော်လေးတွေ၊ ဟာသလေးတွေကို ပျော်ပျော်ပါးပါးနဲ့ရယ်မောရင်းကြည့်ရမယ့် ကြည့်ပျော်ရှုပျော်ရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size : 1.3 GB. 628 MB Quality : WEB-DL 1080p / 720p Running Time : 1hr 26min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encode by : Thit San Khant

0 2024 85 mins
Hitpig!
[18+] The Secret Game of the Immoral Wife
6.6

The Secret Game of the Immoral Wife (2016) IMDb Rating (6.6) ဟာရူအိုဟာ လမ်းပေါ်ကလူအသွားအလာတွေကိုရေတွက်ရတဲ့ ဆာဗေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူရေတွက်နေတဲ့သူတွေထဲက မိန်းမလှလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ နောက်ငါးနှစ်အကြာမှာတော့ ဟာရူအိုရဲ့အရူးရောဂါက အတော်လေးမြင့်တက်နေခဲ့ပါပြီ။ သူကြိတ်ချစ်နေတဲ့ကောင်မလေး မာကိုတိုဟာ အိမ်ထောင်နဲ့ဆိုတာသိရတဲ့နောက် မာကိုတိုနဲ့မျက်နှာချင်းဆိုင်က အိမ်ကိုငှားနေပြီး အလုပ်ကိုပါပြောင်းပစ်လိုက်ပါတယ်။ မာကိုတိုနဲ့သူ့ရဲ့သာယာတဲ့အိမ်ထောင်ဘက်ကို တစ်ဖက်ကနေချောင်းကြည့်ပြီး စိတ်ဖြေတတ်သလို တစ်ခါတစ်လေ ပစ်စာလိုလိုကြောင်တောင်တောင်စာတွေလည်းပို့တတ်ပါသေးတယ်။ တစ်ချိန်မှာတော့မာကိုတိုဘက်က သူ့ကိုရိပ်မိသွားခဲ့ပြီး လူရိုးကြီး ဟာရူအိုကို အရူးအမဲသားကျွေးလိုက်ချိန်မှာတော့ ဟာရူအိုတစ်ယောက်ဘယ်လောက်အထိရူးရူးမိုက်မိုက်ရှေ့ဆက်တိုးမလဲဆိုတာကို ဆက်ပြီးရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Romance Duration….01:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.6 2016 71 mins
[18+] The Secret Game of the Immoral Wife
Padakkalam
5.6

Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလို‌စုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ‌ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.6 2025 123 mins
Padakkalam