YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hu Tong E03 (1080p) CM.mp4

501.31 MB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kadina Kadoramee Andakadaham
4.8

Kadina Kadoramee Andakadaham (2023) IMDb-6.6/10 ၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးက တကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးက ကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။ စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။ လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။ မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာ ဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုး စျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။ ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်း အပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကို စိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှ သူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှ တခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့ သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊ အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ် ဇာတ်လမ်းလေးတပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်) File size…1.68GB / 838MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~Saii~chiclon3~YH~Aditi

Drama • Mystery
4.8 2023 120 mins
Kadina Kadoramee Andakadaham
A Twelve-Year Night
7.4

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။ လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။ ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။ သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ကိုယ်ခံစားနေရသလို ခံစားရတဲ့အထိရိုက်ပြနိုင်တဲ့ကားပါပဲ။ " မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်မရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောရဘူး "တဲ့။ စိတ်သတ်ကွင်းဆိုတာ အဲဒီလိုနေရာမျိူးပါပဲ၊ စိတ်နဲ့ခန္ဓာ မအပ်စပ်တော့အထိ နှိပ်စက်ခဲ့ကြပြီး ဒီ တူပါမာရိုအကျဉ်းသား‌တွေရဲ့အပေါ့အလေးကိစ္စဟာလည်း မြောက်ကိုရီးယား နျူထိန်းချုပ်ရေးကိစ္စထက် ပိုအရေးကြီးခဲ့ကြပါတယ်။ စိတ်သတ်ကွင်းမှာ သားရဲတွင်းက လွတ်လာတဲ့ သူတစ်ဦးကလည်း ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးနိုင်ငံကြီးကို ဦးဆောင်ပြသွားခဲ့ပါတယ်။ ဆိုတော့ ဒီစာကို ဂျိုဆေးမူဂီကာရဲ့အမေပြောထားတဲ့စကားလေးနဲ့အဆုံးသတ်ပါရစေ။ " တိုက်ခိုက်နေတာကို ရပ်လိုက်တဲ့သူက ရှုံးနိမ့်သွားတာပဲ... " (ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်) Size - 1.97GB, 790MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 2Min Genre - Adventure, Biography, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y

7.4 2018 122 mins
A Twelve-Year Night
Slapface
5.1

Slapface (2021) =========== လူးကက်စ်နဲ့ တွမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ မိခင် မတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့နောက် တောထဲက အိမ်လေးမှာ နှစ်ကိုယ်တည်းနေနေခဲ့ကြပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းတဲ့ဂိမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မနာနာအောင် ပါးရိုက်ကြေးဆိုတဲ့ဂိမ်းပါ။ အန်နာ ဆိုတဲ့ ကောင်မလေးက တွမ်နဲ့ ချစ်ကြိုက်မိပြီး အန်နာကပါ သူတို့အိမ်လေးမှာ လိုက်နေလာခဲ့ပါတယ်။လူးကက်စ်မှာလည်း ချစ်သူဖြစ်သူ မိုရိုင်ယာရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ အမြွှာမိန်းကလေးနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသူပါ။ တစ်ရက်မှာတော့ လူးကက်စ်တစ်ယောက် တောထဲမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့မိပြီး မိတ်ဆွေဖွဲ့ခဲ့ရာကနေ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေ အားလုံး စတင်လာခဲ့ပါတော့တယ်။ Virago Witch Story နဲ့ ချိတ်ဆက်ထားတဲ့ Horror and Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1 GB) / (430 MB) / (240 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….May Thet Khine Soe Encoder……….SWM

Horror • Mystery • Thriller
5.1 2021
Slapface
A New Old Play
5.9

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၉၈၀ ခုနှစ်နဲ့ ညနေခင်းလေးတစ်ခုမှ ၂၀ရာစုရဲ့ စစ်ချွမ်းအော်ပရာ ထိပ်တန်းသရုပ်ဆောင် ချိုးဖူ ဆိုသူဟာ ဒီလောကကနေ စွန့်ခွာပြီး မြေအောက်ကမ္ဘာက အရာရှိကြီးနှစ်ဦးရဲ့ ဦးဆောင်မှုနဲ့ အတူ “သစ္ဆေမြို့တော်” ကို သွားရောက်ခဲ့ရပါတော့တယ် ။ ဒီလိုနဲ့ လမ်းမှာ မိတ်ဆွေဟောင်း ၂ ယောက်နဲ့တွေ့ဆုံပြီး သူတို့မသေခင်က အတိတ်ကို ပြန်လည်တမ်းတ ခဲ့ကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ❏ အတိတ်မှာ ကံကြမ္မာ ကသောင်းကနင်းဖြစ်နေတဲ့ကြားက အော်ပရာ ပညာကို သင်ယူခဲ့ရှာတဲ့ ချိူးဖူ ❏ စစ်ပွဲတွေ မတည်မငြိမ် ဂျပန်တွေအုပ်စိုးနေစဥ်ကာလမှာ စစ်ချွမ်းရဲ့ ထိပ်တန်းအော်ပရာ ဆရာဖြစ်လာသူ ချိူးဖူ ❏ အော်ပရာကတဲ့ သရုပ်ဆောင်ဖြစ်ပေမဲ့လို့ နိုင်ငံရေးအတွက် တော်လှန်မှုတွေပြုလုပ်ခဲ့တဲ့ နေရာမှာလဲ ပါဝင်ခဲ့ရရှာတဲ့ ချိုးဖူ ဝမ်းနည်းမှုတွေ ခါးသီးမှုတွေ နဲ့ပြည့်နှက်နေတဲ့ ဇာတ်ကောင် ချိုးဖူ ရဲ့ အကြောင်းကိုရင်နင့်ဖွယ်ရာ တွေ့ရှိရမှာပဲဖြစ်ပါတယ် ။ ဒီ ““A New Old Play” ဆိုတဲ့ရုပ်ရှင်လေးကို ဒါရိုက်တာ ချိုးကျုံးကျုံး က ရိုက်ကူးထားပြီး ဇာတ်အိမ်လေးကတော့ သူ့ရဲ့ အဖိုးဖြစ်သူအကြောင်း ဖြစ်ရပ်မှန် အခြေခံထားတာလေးပါ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်။

5.9 2022
A New Old Play
Capote
7.3

Imdb မှာ Rating 7.3 အထိရရှိထားတဲ့ Crime/Drama ဇာတ်လမ်းဟောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Capote ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ၁၉၅၉ ခုနှစ် ကန်းဆက်ပြည်နယ်ရဲ့ လယ်ယာအိမ်မှာနေထိုင်တဲ့ ကလပ်တာမိသားစုရဲ့အလောင်းကို တွေ့ခဲ့ရာကနေ စတင်ပါတယ်။အဲ့ဒီအချိန်မှာက ပိုတီဆိုတဲ့နာမည်ကြီးတဲ့ စာရေးဆရာက ဒီအကြောင်းကို လာရောက်စူးစမ်းပါတော့တယ်။သူစူးစမ်းလေ့လာပြီး သိပ်မကြာခင်မှာ တရားခံတွေကို ဖမ်းမိသွားပါတော့တယ်။ကပိုတီတစ်ယောက် သူ့ရဲ့စာအုပ်အသစ်ကို ရေးဖို့အတွက် အဲ့ဒီတရားခံတွေနဲ့ စကားပြောခွင့်ရအောင်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ စကားတွေပြော ရင်းနဲ့မှ ရင်းနှီးလာပြီး ကပိုတီက တရားခံတွေအတွက် ကောင်းတဲ့ရှေ့နေတွေငှားပေး အသနားခံလွှာတင်ဖို့အတွက် ကူညီပေးတာတွေ လုပ်ခဲ့ပေးပါသေးတယ်။ဒါပေမယ့် အပြစ်ဒဏ်ကိုရှောင်လွှဲလို့ မရဘဲ သေမိန့်ကျလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီအကြောင်းကိုအခြေခံပြီး သူရေးသားမဲ့ စာအုပ်အသစ်ကရော ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ လူ့သဘောသဘာဝစရိုက်တွေကိုပါ တွေ့မြင်ရဦးမှာဖြစ်လို့ စီးမြောရင်းနဲ့ကြည့်ရှုသင့်တဲ့ကားလေးဖြစ်ပါတယ်။ File size…1.73GB / 541MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Thriller • Mystery • Drama
7.3 2005 114 mins
Capote
[18+] Piaffe
6

Piaffe (2022) ~ IMDb – 6/10, Rotten Tomatoes – 92% ~ ဒီကားကို German Expressionist Cinema ရုပ်ရှင်လို့ပြောလို့ရလောက်မယ်။ ဂျာမန်တွေဟာ German Expressionist ရုပ်ရှင်တွေကို ပထမကမ္ဘာစစ်လွန်ကာလတွေကတည်းက ရိုက်ခဲ့ကြတာဆိုတော့ ဒီလိုင်းမှာ ဂျာမန်တွေရဲ့စကေးက အထင်တော့သေးမရဘူး။ The Cabinet of Dr. Caligari (1920), Nosferatu (1922), Metropolis (1927) နဲ့ M (1931) တို့လို ရုပ်ရှင်သမိုင်းရဲ့ မှတ်ကျောက်တစ်ခု အထင်ကရတစ်ခုဖြစ်ခဲ့ကြတဲ့ Expressionist ရုပ်ရှင်တွေလည်း ဂျာမန်က ဟိုးကတည်းက ထုတ်ခဲ့ဖူးတယ်။ ဒီတော့ ဂျာမန် Expressionist ရုပ်ရှင်တွေကို အထင်သေးလို့မရပါဘူး။ ဒီကားလည်း ခရမ်းချဉ်သီး ၉၂လုံးရထားတဲ့ကားပါပဲ။ ဇာတ်ကတော့ စားတယ်။ Expressionist ရုပ်ရှင်ပီသအောင်ပဲ Realism ကိုပယ်ပြီး ထင်ယောင်ထင်မှားအမြင်တွေ အတွင်းစိတ်ကိုထင်ဟပ်နေတာတွေကို နိမိတ်ပုံဆန်ဆန်ပြထားတယ်။ ဇာတ်လမ်းအကျဉ်းတော့ မလိုပါဘူး။ ကြည့်ကြည့်ဖို့ပဲလိုတာပါ။ မရဘူး ဇာတ်လမ်းသိချင်သပဆိုရင်တော့ ဒီလို… ကောင်မလေးတစ်ယောက်က သူ့မောင် ဆေးရုံရောက်နေတုန်း သူ့မောင်အလုပ်ကို အစားဝင်လုပ်ပေးတယ်။ သူက Introvert ဆိုတော့ လူတွေနဲ့ ဆက်ဆံရတာကို သိပ်အသားမကျဘူး။ ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း သူ့မြှီးညှောင့်ရိုးကနေ မြင်းမြီးကြီးထွက်လာခဲ့တယ်။ ဒါပါပဲ။ ပြောခဲ့သလိုပဲ ကြည့်ကြည့်ဖို့ပဲလိုတာပါ။ မောင်နဲ့နှမ သားနဲ့အမေ တူယှဉ်တွဲမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတွေတော့ ဖောဖောသီသီပါပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 26Min Genre – Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6 2022 86 mins
[18+] Piaffe
Project Eerie
4.2

Project Eerie (2023) =============== ဒီရုပ်ရှင်ဟာ Halloween ရာသီအတွက်တော့ ကွက်တိပါပဲ။ Found footage ပုံစံ(ရုပ်ရှင်ကို ဇာတ်ကောင်ရဲ့ ကင်မရာကနေ တစ်ဆင့်မြင်ရသလို ကြည့်ရတဲ့ အမျိုးအစားပါ)။ ရုပ်ရှင်မို့လို့ ဒါမျိုးကို မကြိုက်တတ်တဲ့၊ ကြည့်ရင် ခေါင်းမူး တတ်တဲ့သူတွေ မကြည့်သင့်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီ Found footage အမျိုးအစားက horror, thriller တွေကို ပိုပီပြင်ပြီး တကယ် ဖြစ်နေသလိုမျိုး ခံစားစေရလို့ ကြိုက်ပါတယ်။ Rating တွေ ဘာညာကို သိပ် ဂရုမစိုက်ဘူး horror, thriller ကိုမှ found footage အမျိုးအစားကို ကြိုက်ရင် ဒါကို ကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်စေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေး ၂ ယောက် ဟာ ဟောလိုးဝင်းညမှာ လျှောက်လည်ကြရင်း ကျောချမ်းစရာ တစ်ခုခုလုပ်ရ အောင်ဆိုပြီး ပိတ်ထားတဲ့ အစိုးရအဆောက်အဦးထဲကို ခိုးဝင်ကြပါတယ်။ အဲမှာ စီဒီတစ်ခွေကို ရှာတွေ့ခဲ့ပြီး အိမ်မှာ ပြန်ဖွင့်ကြည့်ပါတယ်။ အဲအခွေဟာ အမေရိ ကန်နိုင်ငံ တစ်လွှားမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို အစိုးရက စုစည်းစုံစမ်းထားတဲ့အခွေ ဖြစ်နေပါတယ်။ မတူညီတဲ့ထူးဆန်းတဲ့ အဖြစ်အပျက် တွေကို ဇာတ်လမ်းတစ်ပုဒ်ချင်းအလိုက် ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.74 GB) / (933 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Leonard Lin Encoder……….SWM

Horror • Comedy • Thriller
4.2 2023 76 mins
Project Eerie
Dicks: The Musical
5.5

Dicks: The Musical ( 2023 ) A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်း ဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။ A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။ မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။ သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။ သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကို ချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်း တစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲ သူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ အမွှာ၂ကောင်ဟာ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်အောင်လုပ်ပေးပြီး မိသားစုတစ်ခုတည်ထောင်ဖို့ ကြံကြတယ်။ အဖေနဲ့ပဲ နေခဲ့ရတဲ့ကောင်က အမေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးနားသွားချ , အမေနဲ့ပဲနေခဲ့ရတဲ့ကောင်က အဖေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးသွားနားသွားချဖို့ ကြံကြတယ်။ ဘာမှတော့ တူမနေပါဘူး။ ဒါပေမဲ့ ဆံပင်တုစွပ်လိုက်ရုံနဲ့ သူတို့အဖေအမေတွေက မမှတ်မိပါဘူး။ အဲဒီလိုနဲ့ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်ဖို့လုပ်ရင်း သူတို့သိလိုက်ရတာက သူတို့အဖေက ဂေးနေပြီး သူတို့အမေက ဗဂျိုင်နာကြီးပါ ပြုတ်ထွက်နေတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဇွဲမလျှော့တမ်း ကြိုးစားကြည့်တဲ့ ညီအစ်ကို၂ကောင် သူတို့အဖေနဲ့အမေကို ပြန်ပေါင်းအောင်လုပ်ပေးနိုင်မလား ဆက်ကြည့်ရမယ့်ဇာတ်ပေါ့။ ရိုက်တဲ့ဒါရိုက်တာကလည်း Boratတို့ The Dictatorတို့ရဲ့ ဒါရိုက်တာ Larry Charlesပါ။ အဲဒီကားတွေ ဘယ်လောက်ရယ်ရလဲ အားလုံးအသိပါပဲ။ ဇာတ်ကတော့ ၄ခန်းလောက်ပဲပါသလားမှတ်ရအောင် နှစ်ဖြတ် သုံးဖြတ် လေးဖြတ်ဆိုတာနဲ့ ပြီးသွားတဲ့ ဇာတ်ပါပဲ။ ဇာတ်အိမ်ကတော့ အရမ်းမြန်ပေမဲ့ ဟာသကားက ရယ်ရရင် သူ့တာဝန်ကျေပြီဆိုတော့ ကြည့်လို့ကောင်းတဲ့ဟာသကားလို့ပဲ ပြောရမယ်။ ကြည့်လို့ တော်တော်လည်း ရိုင်းပါတယ်။ မျက်လုံးပေါက်နေတဲ့ အကျိအချွဲတွေနဲ့ ဗဂျိုင်နာကြီး လိပ်ပြာလို ပျံသွားတဲ့ ဇာတ်ဝင်ခန်းကိုတော့ သေချာကြည့်မိတဲ့လူတွေ တော်တော်နဲ့ မေ့နိုင်မယ်မထင်ဘူး။ ဇာတ်ကသာတိုပေမဲ့ ငစားလုပ်ထားတာကတော့ နည်းပေါင်းစုံပါတယ်။ ဘုရားသခင်ကလည်း တော်တော်စားစားပါပဲ။ လခွမ်းဆိုပြီး ထိုင်ထိုင်ရယ်ချင်တဲ့လူတွေအတွက် အံကိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Musical Quality…. 1080p | 720p File size… 1.6GB | 790MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

5.5 2023
Dicks: The Musical
Our Son

Our Son (2023) ~ Rotten Tomatoes – 58%, Meta – 86% ~ ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ… သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။ နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား… ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။ နစ်ကီကလည်း အို၀မ်ကို မပေးနိုင်… ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ… ၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား… အို၀မ်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ… လိင်တူစုံတွဲတွေ ကြုံရတတ်တဲ့ မိသားစုပြသာနာတွေ ကလေးပြသာနာတွေအပြင် ပတ်၀န်းကျင်နဲ့ မိဘတွေဘက်က သဘောထားတွေကိုပါ ထည့်သွင်းထားတာ မြင်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 600MB Quality – 1080p, 720p Format – mp4 Duration – 1H 44Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023
Our Son
Midnight Show
5.7

ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင် ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။ မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာ လန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။ ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကို ရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့.. တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ? ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလို ရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကို သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

5.7 2024
Midnight Show
Talk Radio
7.2

1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။ မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ရသအမျိုးမျိုးပေးစွမ်းနိုင်တဲ့ကားကောင်းလေးမို့တင်ဆက်ပေးလိုက်ရပါတယ်။ ဒ့ါအပြင်ဇာတ်ကားနာမည်မှာလည်းတကယ့်အပြင်မှ ရှိုးရဲ့နာမည်လည်းဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Psychological Thriller, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint

7.2 1988
Talk Radio
Jade
5.3

Jade (1995) ဒီဇာတ်ကားကို ကြည့်မိတော့ မင်းသမီး ရှရွန်စတုံးပါတဲ့ Basic Instinct ဇာတ်ကားကို တန်းသတိရမိတာပါပဲ။ ပုံစံချင်းဆင်သလို ကြည့်ရတဲ့ Vibe ကလည်း တူတူလိုပါပဲ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းသုံးယောက်ရှိတယ်။ တစ်ယောက်က အစိုးရရှေ့နေ၊ တစ်ယောက်က ရှေ့နေနဲ့ သူတို့ကြိုက်တဲ့ ကောင်မလေး။ သူတို့သုံးယောက်က အဓိကဇာတ်ကောင်တွေပါပဲ။ ရှေ့နေနဲ့ ကောင်မလေး ညားသွားတယ်။ အစိုးရရှေ့နေကလည်း ကြိုက်နေတုန်းပဲ။ ရှေ့နေနှစ်ယောက်ကလည်း သူငယ်ချင်းဖြစ်နေကြတုန်းပါပဲ။ နည်းနည်းတော့ တစ်မျိုးကြီးပေါ့။ ဇာတ်လမ်းကတော့ ကောင်မလေးနဲ့ ရင်းနှီးတဲ့သူတစ်ယောက် အသတ်ခံရတာကနေ စပါတယ်။ အဲဒီလူသတ်မှုကို အစိုးရရှေ့နေက လိုက်ရင်းနဲ့ ဂျိတ်ဒ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်နေတာကို တွေ့လာရပြီး ဆက်စုံစမ်းရင်း ဂျိတ်ဒ်က သူ့ရဲ့ တစ်ဖက်သတ်ချစ်ရသူမိန်းကလေးဖြစ်နေတဲ့အချိန်မှာတော့… ခပ်အေးအေးပေမဲ့ သိပ်ပျင်းစရာမကောင်းတဲ့ စုံထောက်ကားလေးပါ။ Twist လေး နည်းနည်း၊ အညှီအဟောက်လေး နည်းနည်းပါပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 925MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 35Min Genre – Erotic Thriller, Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Thriller • TV Movie
5.3 1995 95 mins
Jade
The Female Chief of the Shadow’s King
5.9

Thriller Romance ကြိုက်တဲ့သူလေးတွေအတွက် The Female Chief of the Shadowing King ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 1920ခုနှစ်ကျော်ကာလမှာ အရိပ်ဘုရင်လို့ခေါ်တဲ့ တပ်မှူးရှီးဇယ်ကအမိန့်အရသစ္စာဖောက်တွေကိုဖမ်းဆီးခဲ့ပြီး သူဟာငွေ၅ယွမ်အကြောင်းပြုပြီး လုရှောင်ခွေဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ခဲ့တယ်။ ရှီးဇယ်ကအရမ်းမောက်မာပြီးပုန်ကန်ချင်စိတ်ရှိတဲ့သူတစ်ယောက်ပဲ။ သူ့အဖေကသူ့ကိုယဉ်ကျေးအောင်သင်ပြပေးဖို့ စစ်ပညာသင်ကျောင်းကထူးချွန်ကျောင်းသားတစ်ယောက်ကိုသင်ပြပေးစေချင်ခဲ့တယ်။ ဒီလိုနဲ့သူကရှီးဇယ်ကိုသင်ပေးဖို့လုရှောင်ခွေကိုခေါ်လာခဲ့တယ်။ ဆိုးသွမ်းတဲ့ကိုလူဆိုးရှီးဇယ်ရဲ့ဒဏ်ကိုသိမ်မွေ့တဲ့လုရှောင်ခွေကအလူးအလဲခံရတာပေါ့။ စရိုက်မတူတဲ့သူတို့၂ယောက်ကဆန့်ကျင်ဘက်တွေလိုဖြစ်ပေမယ့် နှစ်ယောက်သားနီးစပ်လာကြတော့ အချစ်မီးပန်းတွေပွင့်လာတာပေါ့။ ဒါပေမယ့် လုရှောင်ခွေကချစ်မိတော့မယ်ဆိုတဲ့အချိန်မှာ ရှီးဇယ်က မင်းငါ့ကိုဒီကမ္ဘာမှာချစ်လို့မရဘူး ဆိုပြီးပြောပါတယ်။ သူတို့၂ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ချစ်ခွင့်မရှိတဲ့အကြောင်းပြချက်ကရောဘာတွေဖြစ်နေမလဲဆိုတာ အဆုံးထိကြည့်ရှုအားပေးလိုက်ပါဦးနော်……

5.9 2018
The Female Chief of the Shadow’s King
Iron Fighter
5.5

လက်ဝှေ့ဝါသနာရှင်များအတွက် အကြမ်းစားကြီးရိုက်ကူး ထားတာတော့မဟုတ်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းမဲ့ Iron Fighter ဆိုတဲ့ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားက စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပေမဲ့ ဒီဇာတ်ကားရဲ့မင်းသားဖြစ်တဲ့လက်ဝှေ့သမားကလောက်ဒီယိုက အပြင်လောကမှာလည်း ဒီနာမည်နဲ့ပဲလက်ဝှေ့နဲ့ကရာတေးချန်ပီယံ ဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကိုဒီဇာတ်ကားထဲထည့်သွင်းပုံဖော် ထားတာပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းထဲမှာ ကလောက်ဒီယိုကို မိန်းမဆုံးသွားပြီးတဲ့နောက်မှာ အကြီးအကျယ်စိတ်ထိခိုက်ပြီး လက်ဝှေ့လောကနဲ့ပရိသတ်ရှေ့ကနေ ပျောက်သွားတဲ့ ၁၀၂ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ချန်ပီယံကြီး အနေနဲ့ပုံဖော်ထားပါတယ်။ ဒါပေမယ့်လည်းဘ၀ကရှေ့ဆက်သွားနေရမှာဖြစ်တဲ့အတွက် သမီးဖြစ်သူနဲ့နောက်မိန်းမနဲ့အတူတူအေးဆေးနေသွားရဖို့အတွက် နောက်ဆုံးတစ်ပွဲအနေနဲ့နာမည်ကြီးလက်ဝှေ့သမားတစ်ယောက်နဲ့ စိန်ခေါ်ထိုးသတ်ခဲ့ပါတော့တယ်။ဆုကြေးကလည်း ဒေါ်လာ ၁၀ သန်းနဲ့ ၃ သန်းတန်တဲ့ဆုဖလားကြီးဖြစ်တဲ့အတွက် အပြင်းအထန်ထိုးသတ်တဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုလည်း ရှုစားရဦးမှာဖြစ်ပါတယ်။ ဒီလိုကြမ်းတမ်းမဲ့ထိုးသတ်ပွဲကြီးမှာ ကလောက်ဒီယိုတစ်ယောက် အနိုင်ရသွားမလား ကြိုး၀ိုင်းအပြင်ကနေစောင့်ကြည့်နေကြတဲ့ ကြေးကြီးလောင်းတဲ့ လောင်းကစားသမားတွေနဲ့ရော ဘာအရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာတွေကို အက်ရှင်နဲ့လက်ဝှေ့ အချိုးကျကျ ပေါင်းစပ်ပြီး လှလှပပရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… (998MB) / (502MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 20m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Iron Fighter
Worlds Apart
4

Worlds Apart (2025) နာမကျန်းတဲ့အမေ၊ အကြွေးတွေ၊ တောအုပ်ထဲက လျှိဝှက်မှုတွေနဲ့ —Dee ရဲ့ဘဝဟာ တနေ့ထဲမှာ အပြောင်းအလဲကြီးဖြစ်သွားခဲ့တယ်။ ဇာတ်လမ်းအကျဉ်း Dee ဆိုတဲ့ကောင်လေးက သူ့အမေကိုပြုစုရင်း နေ့စဉ် ဝမ်းရေးစရိတ်ကို တွေးပူနေရတဲ့ လူငယ်တစ်ယောက်။ ပိုက်ဆံမရှိပေမဲ့ သူ့မှာ Sebastian ဆိုတဲ့ စိတ်ချရတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်။ တစ်နေ့မှာတော့ သူ့အမေဆေးဖိုးအတွက် ချေးခဲ့တဲ့ လမ်းသရဲအဖွဲက သူ့ကိုမြင်ပြီး အကြွေးပြန်တောင်းတယ်။ Dee အနေနဲ့ ဆပ်ဖိုပိုက်ဆံမရှိတာကြောင့် ထွက်ပြေးလိုက်တာ တောအုပ်ထဲထိရောက်သွားတယ်။ တကယ့်ဇာတ်လမ်းက အဲဒီမှာစတာ။ သူ့နောက်ကိုလိုက်လာတဲ့လူတွေ တစ်ယောက်ချင်းစီဟာ အရမ်းမြန်တဲ့ အကောင်တစ်ကောင် ဆွဲခံလိုက်ရသလို ထူးဆန်းစွာ ပျောက်ဆုံးသွားကြတာ အဖွဲထဲ Travis တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အဲဒါတွေမသိတဲ့ Dee ကိုတော့ လျှိဝှက်ဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက်က ကယ်တင်ပြီး “ဒီတောအုပ်ကနေ ဝေးဝေးနေဖို” သတိပေးခဲ့တယ်။ ဒါပေမဲ့ Dee တစ်ယောက် Travis နဲ့ Sebastian တိုနဲ့အတူ ပျောက်သွားတဲ့ သူတွေကို ရှာဖိုတောထဲကို ပြန်ဝင်ဖိုဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Travis ရဲ့လူတွေကို ဆွဲသွားတဲ့ ထူးဆန်းတဲ့အရာက ဘာလဲ? အဲ့ဒီကောင်မလေးက ဘယ်သူလဲ? တောထဲမှာဘာတွေရှိနေတာလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်လျှိဝှက်မှုတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခရီးတစ်ခုကို ကြည့်ရှုရမဲ့ Sci-Fi ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.8 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Sci-Fi Duration….01:43:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Science Fiction • Adventure • Action • TV Movie
4 2025 108 mins
Worlds Apart