YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

house.s03e22.1080p.bluray {CM}.mp4

484.72 MB N/A video/mp4 639 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Summer Frost
10

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါး လေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စား ဖို့ကောင်းပါတယ်။ "ငါတို့တွေ မွေးဖွားခွင့်ရဖို့အတွက် ပိုက်ဆံပေးရတယ်၊ အသက်ရှင် နေထိုင်ရေးအတွက် ပိုက်ဆံပေးရတယ်၊ နောက်ဆုံးသေသွားတဲ့ အချိန်ထိ ပိုက်ဆံပေးရတယ်၊ ဒီလိုလည်ပတ်နေတဲ့ကိစ္စကြီးကို ဖျက် သိမ်းပစ်ချင်တယ်"။ ဇာတ်လမ်းတစ်နေရာမှာ တံမျက်စည်းလှဲနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအပေါ် က အမှိုက်ချသွားတဲ့အမျိုး သားကို အမှိုက်ပုံးထဲကိုသေချာပစ်ဖို့ ပြောတဲ့အခါမှာ "ငါတို့အခွန်တွေ ဆောင်ထားတယ် အဲဒီ့အခွန်တွေနဲ့ နင့်ကိုလစာပေးထားရတာ ဒါနင် လုပ်ရမယ့်အလုပ်"ဆိုတဲ့ သဘော မောက်မောက်မာမာပြန်ပြောတယ်။ သန့်ရှင်းရေးအမျိုးသမီးက ဒါပိုက်ဆံကြောင့်မဟုတ်ဘူး ဒါကနိုင်ငံသား တစ်ယောက်ရဲ့ မဖြစ်မနေသိနေရမယ့် ကျင့်ဝတ်ဆိုတာမျိုး ပြန်ပြောရဲ တယ်။ သူတို့နိုင်ငံမှာ သန့်ရှင်းရေးသမားကလည်း ပြန်ဆုံးမလို့ရတာပဲ၊ ယုံကြည်မှုအပြည့်ရှိတယ်။ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးမုန်းတီး မှုတွေရှိတာကို မသိမသာထည့်ရိုက်ထားတယ်။ နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကတော့ ကိုယ့်အဖေအပေါ်ဖောက် ပြန်ခဲ့တဲ့အမေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမတွေကို မယုံကြည်၊ လေးစားမှုမရှိဘဲ အချစ်ကိုကိုးကွယ်တဲ့မိန်းမ တွေဆို အထင်သေးတတ်တဲ့လူဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်လက်ထပ် ထားတဲ့မိန်းမအပေါ် ဂရုမစိုက်ဘဲ ကွဲသွားတဲ့ရည်းစားဟောင်းအပေါ် စိတ် မပြတ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို "နင့်မိန်းမကိုသာ နင်တကယ်ချစ်ပြီး တကယ်ဂရုစိုက်မယ်ဆိုရင် တခြားတစ်ယောက်အကြောင်းကို ဆယ်နှစ်လုံး လုံးသတိရနေမှာမဟုတ်ဘူး။ သူ့ကိုကွာရှင်းလိုက်တာထက် သူနဲ့အတူရှိနေတဲ့ ဆယ်နှစ်တာမှာ တခြားမိန်းမအကြောင်းပဲ သတိရနေတာကမှ သစ္စာဖောက် တာပဲ" ဆိုပြီးပြောထားတဲ့အခန်းဆို တော်တော်လေးရင်ထဲထိစေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကမ္ဘာကြီးအဆုံးမသတ်ခင် လူတွေရဲ့အမျိုးမျိုးသော စိတ် ဆန္ဒတွေ လိုချင်တပ်မက်မှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့ လိုချင်တဲ့ လိင်စိတ်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်၊ အနုပညာ စတဲ့အရာတွေ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ မိတ်ဆွေတို့ လည်း အခုအချိန်မှာ ကမ္ဘာပျက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တကယ့်ဆန္ဒကဘာလဲ၊ ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားကြည့်ဖူးပါလား။ ကဲပါ ဒီကားလေးကိုကြည့် လိုက်ကြရအောင် . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ HannaH ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......HannaH Encoder..........SWM

Action
10 2022 112 mins
Summer Frost
Lake Placid
5.9

ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေ အကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ် နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ...ဘယ်ကမှန်းမသိတဲ့ ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့ အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်... ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့် စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်... ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲ လူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီး အဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:22:00 Genre...Action / Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Crime • Drama • Thriller
5.9 1999 82 mins
Lake Placid
Till
7.4

၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။) အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲလိုအဖြစ်အပျက်တွေ ကြီးစိုးနေတဲ့ ၁၉၅၅ ခုနှစ်မှာ အန်မက် ‌တေးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ချီကာဂိုမြို့ကနေ သူ့ဆွေမျိုးတွေရှိရာ မန်းနီးမြို့၊ မစ္စစ္စပီပြည်နယ်ကို အလည်အပတ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်မက် တစ်ယောက် ကြမ္မာဆိုးငင်ချင်တော့ စတိုးဆိုင်တစ်ခုက လူဖြူမတစ်ယောက်ကို စကားပြောရင်း စနောက်မိပါတော့တယ်။ ထိုနေ့ညမှာပဲ အန်းမက်ကို လူတစ်စုကို အိမ်အတွင်း ဝင်ပြီး ဖမ်းခေါ်သွားပါတော့တယ်။ မကြာခင်မှာပဲ အန်မက်ရဲ့အလောင်းကို မြစ်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ရပြီး အလောင်းမှာ ရစရာမရှိအောင် ရိုက်နှက်နှိပ်စက်ခံထားရပြီး ခေါင်းကို သေနတ်နဲ့ အပစ်ခံထားရတာပဲဖြစ်ပါတယ်။ အန်မက်ရဲ့ အမေဖြစ်သူ မေမီ တေးလ် မော်လီလည်း သားဖြစ်သူဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ကာ သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ မေမီ့ကို ဆွေမျိုးတွေ၊ NAACP လို အဖွဲ့အစည်းတွေက ကူညီပေးခဲ့ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုမှာ မေမီတစ်ယောက် သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, History Quality…. 1080p | 720p | 480p File size… 1.4GB | 802MB | 427MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Fantasy
7.4 2022 131 mins
Till
A Perfect Pairing
6.9

IMDb Rating - 6.1/10 ဒီနေ့မှာတော့ Netflix ကရိုက်ကူးထားပြီး ဩစတေးလျရဲ့ရေမြေတောတောင်နဲ့ ကောင်းဘွိုင်ဆန်ဆန် ဘ၀ကိုရိုက်ကူးတင်ဆက်ထားတဲ့ Romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း လိုလာဆိုတဲ့ တစ်ခုလတ်မလေးဟာ  ဝိုင်လုပ်ငန်းမှာ ကျွမ်းကျင်အဆင့်ထက်ပိုတဲ့ အဆင့်မှာရှိပြီး၊ ဝိုင်သွင်းကုန်ကုမ္မဏီမှာအလုပ်လုပ်ပါတယ်။ လုပ်ငန်းချဲ့ထွင်ဖို့အတွက် ဩစတေးလျက  ဗွန်းမိသားစုဝိုင်လုပ်ငန်းကို တင်သွင်းခွင့်ရဖို့ကြိုးစားပြီးတဲ့အချိန်မှာ ကုမ္မဏီက သူ့ကိုကန်ထုတ်လိုက်ပါတော့တယ်။ အဲ့တော့ သူ့ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး ဗွန်းမိသားစုဝိုင်လုပ်ငန်းကို တင်သွင်းခွင့်ရဖို့ ဩစတေးလျထိ သွားရောက်ခဲ့ရမှာတော့ သူလုပ်ချင်တဲ့ လုပ်ငန်းကို လုပ်ခွင့်ရမှာလား၊ ဩစတေးလျမှာကော ဘာတွေကြုံတွေရမှာလဲ ဆိုတာတော့ ဇာတ်လမ်းအေးအေး ရှုခင်းကောင်းကောင်း သဘာ၀ဆန်ဆန် ဇာတ်လမ်း လေးထဲမှာ လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size..........(1.57 GB) / (780 MB) / (517 MB) Quality............Blu-Ray 1080p / 720p / 360p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Lwin Htoo Aung Encoder..........SWM

Action • Adventure • Crime • Thriller
6.9 2022 101 mins
A Perfect Pairing
Don’t Look Away

တစ်မူထူးခြားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပြီး သရဲလား ဝိဉာဉ်လား ကျိန်စာလား နတ်ဆိုးလားဆိုတောင်သိပ်မသဲကွဲပါဘူး….. ဖက်ရှင်ဆိုင်တွေမှာထောင်ထားတတ်တဲ့ မော်ဒယ်ရုပ်/လူရုပ် က ကျောချမ်းစရာအပြုံးကြီးနဲ့ လူလိုက်သတ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်းကတော့….. ကောင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ လူရုပ်ကြီးတစ်ရုပ်ကိုရုတ်တရက်တွေ့လိုက်ရပြီး အရုပ်ကနောက်ကိုလိုက်လာနေခဲ့တာကိုသိပေမဲ့ ဘယ်သူမှသူပြောတာကိုမယုံကြပါဘူး………… ဒါပေမဲ့ သူ့သူငယ်ချင်းတွေအားလုံးလည်း တွေ့သွားကြတဲ့အခါမှာတော့ တစ်ယောက်ပြီးတစ်‌ယောက် ဆက်တိုက်အသတ်ခံနေရပါတော့တယ် ဒီလူရုပ်ကြီးက ဘာကိုလိုချင်နေတာလဲ ဝိဉာဉ်ပူးနေလို့လား နတ်ဆိုးများလား ကျိန်စာကြောင့်ဖြစ်တာလားဆိုတာကိုလည်းဘယ်သူမှရေရေရာရာမသိကြပါဘူး…. သူတို့သူငယ်ချင်းတစုသား ဒီကျောချမ်းစရာ လူရုပ်ကြီးကိုတားဆီးလို့ရနိုင်ပါ့မလား သူ့လက်ထဲကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးသံရဲရဲနဲ့ခြောက်ခြားစရာအခန်းတွေသိပ်မပါပေမဲ့ အရုပ်ကြီးရဲ့ကျောချမ်းစရာအပြုံးကြီးက ကြက်သီးထစေပြီး The boy ရဲ့ cheaper version လိုခံစားရစေမှာပါ File size…(985 MB)/(470 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Horror
0 2023
Don’t Look Away
GomBurZa
7.9

GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်က သမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movie တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက် ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင် ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွား စပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာ ဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြား ဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေ ပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာ အရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာ ငြင်းစရာမရှိပါဘူး….. File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.9 2023
GomBurZa
Angrezi Medium
7.6

Angrezi Medium (2020) IMDb Rating (7.2/1) ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့ Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။ Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။ မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦး ဇာတ်လမ်းကတော့ အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ် ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ် ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကို လူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ……။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

7.6 2020
Angrezi Medium
Narc
7.1

Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့ Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။ IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်‌ဆိုင်းခံထားရတဲ့ ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကို ပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။ သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီး ဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ် လက်‌စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့ လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊ အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo

7.1 2004 105 mins
Narc
Maborosi
7.5

Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 440MB Quality – BluRay 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 1995 110 mins
Maborosi
Look Back
8.1

Look Back (2024) ~ IMDb – 8.1/10, RT – 100%, MyAnimeList – 8.8/10, Meta – 87% ~ “Chainsaw Man” ရဲ့ Manga Artist ဖြစ်သူ Tatsuki Fujimoto ရေးဆွဲထားပြီး Anime Movie အဖြစ် ထွက်လာခဲ့တဲ့ “Look Back” ကို တင်ဆက်ပေးလိုက်ပါတယ်။ မူလတန်းကျောင်းသူ အာယူမူဖူဂျီနို (Ayumu Fujino) ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး မန်းဂဆရာ (Manga Artist) လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ ကရိုမိုတို (Kyomoto) ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။ “Look Back” Manga ကို ၂၀၂၁ ခုနှစ်မှာ Tatsuki Fujimoto က ရေးဆွဲပြီး Shuheisha ရဲ့ Shonen Jump+ မှာ One-Shot Manga (တစ်ထိုင်တည်းဖတ် သို့ တစ်အုပ်တည်းအပြီးမန်းဂ) အဖြစ်ထုတ်ဝေခဲ့ပါတယ်။ Studio Durian ကနေထုတ်လုပ်ပြီး Kiyotaka Oshiyama (Chainsaw Man, Devilman Crybaby) တာဝန်ယူရိုက်ကူးထားတဲ့ “Look Back” Anime Movie ကိုတော့ ဒီနှစ် ဇွန်လမှာရုံတင်ခဲ့ပြီးနောက် ဒီလအတွင်းမှာ Amazon Prime Video ကနေ ပြသခဲ့ပါတယ်။ Look Back ကို Manga ရော Movie ရော ဖတ်ပြီး ကြည့်ပြီးသူအနေနဲ့ အမြင်ကိုပြောပြပါဆိုရင်တော့… Fujimoto-sensei ရဲ့လက်ရာကို ဖတ်ဖူးသူတွေ သိကြမှာပါ။ အပြောထက် အပြကိုဉီးစားပေးလေ့ရှိပါတယ်။ ဒီ Look Back မှာလည်း အပြောနည်းနည်း အပြများများနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ အဲဒါကို ဒါရိုက်တာက Manga ထဲက Panel တွေအတိုင်း တစ်ကွက်ချင်းစီ ပိုင်ပိုင်နိုင်နိုင် လှလှပပ Adapt လုပ်ပြသွားတာက ချီးကျူးစရာကောင်းပါတယ်။ နောက်ပြီး တစ်ကားလုံးမှာ ရုပ်ရှင်အနုပညာ (Hollywood, Manga, Anime) နဲ့ဆိုင်တဲ့ Reference တွေကို မသိမသာရော သိသိသာသာရော ဖော်ပြထားတာမို့လို့ Easter Egg ရှာသလို ရှာကြည့်လိုက်ပါ။ ဒီ Look Back ထဲက Shark Kick ဆိုတာ Chainsaw Man ကို အစအဆုံး Reference လုပ်ထားတာပါ (ကြည့်ရင်သိပါလိမ့်မယ်)။ Look Back ဇာတ်လမ်းတည်ထားတဲ့ခုနှစ်က Movie ထဲမှာမပါပေမဲ့ Manga ထဲမှာတော့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် ဆိုပြီး ဖော်ပြထားပါတယ်။ Look Back က စာရေးသူအတွက်တော့ မျှော်လင့်ထားတာနဲ့ကွက်တိဖြစ်သွားပြီး အကြိုက်တွေ့မိခဲ့လို့ Fujimoto-sensei ရဲ့ နောက်ထပ် One-Shot Manga တွေဖြစ်တဲ့ Goodbye, Eri (2022) နဲ့ Just Listen to the Song (2022) ကို Anime Movie အဖြစ် ကြည့်ချင်သွားပါပြီ။ Anime ကို ခဏလေးနဲ့လည်းမကြည့်ချင်ဘူး၊ အကြာကြီးလည်းမကြည့်ချင်ဘူး၊ စိတ်ဝင်စားစရာလည်းကောင်းရမယ်၊ ခေါင်းမစားတစားလည်းဖြစ်ချင်တယ်၊ ခံစားချက်တစ်ခုခုလည်းရသွားချင်တယ်ဆိုရင် ဒီ ၅၈ မိနစ်စာရှိတဲ့ Look Back ကကွက်တိပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 830MB, 400MB Quality -1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 58Min Genre – Anime, Coming-of-Age, Hand-Drawn Animation, Shōnen, Animation, Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Animation • Adventure • Family • Fantasy
8.1 2024 58 mins
Look Back
Into the Deep
5.5

နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfuss ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံ ရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကို လေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်း ဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကို ဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်း လိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက် ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့ တည့်တည့်တိုးပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကို ဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေး အထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေ အကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကို အသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.88GB) / (1.04GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Animation • Family • Comedy
5.5 2025 90 mins
Into the Deep
Blended
6.5

Blended (2014) ************** IMDB….. 6.5 ဒီကားထဲက မင်းသား Adam Slander ကို အတော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှုတ်ခမ်းနီမလေးတို့အကြိုက်မဖြစ်သလို ရိုက်တဲ့ ဇာတ်ကားတော်တော်များများရဲ့ Character ပိုင်းကလည်း ထက်မြက်ထူးချွန်တဲ့ ပုံစံမျိုးမရှိသလောက်ပါပဲ… အူတူတူ အတတနဲ့ ပေါက်ကရ အလွဲလွဲအချော်ချော်တွေကြီးပဲ… သို့ပေမဲ့ ဒီစရိုက် ဒီပုံစံနဲ့လူကြီးကပဲ ကျွန်တော်တို့ရဲ့ နှုတ်ခမ်းတွေကို ပြုံးပျော်နိုင်စေသလို နှလုံးအိမ်ကိုလည်း ဝမ်းနည်းကြေကွဲအောင်လုပ်နိုင်စွမ်းရှိတယ်…. ဒီကားလေးမှာလည်း အိမ်ထောင်ဖက်ကောင်းရှာဖို့ blind date ကျရင်း အလွဲလွဲအချောချောဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ… ကိုင်းပရိတ်သတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် တင်းတင်းစေ့ထားရတဲ့ ခင်ဗျားတို့ နှုတ်ခမ်းတွေကို ပျော်ရွှင်စွာနဲ့ ကွေးညွှတ်သွားစေချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါနော်….. စကားမစပ် ဒီမင်းသားနဲ့မင်းသမီးပဲရိုက်ထားတဲ့ 50 First Dates လည်းကောင်းတယ်နော်….. File Size : 2.51GB/ 1.20GB Quality : Blu-Ray 1080 5.1Ch/ 720p Format…mp4 Duration…01:57:00 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Tiff

6.5 2014 117 mins
Blended
Kumbaari
6.3

Kumbaari (2024) “တို့အတူ” ပေါ့ပေါ့ပါးပါး တမီးလ် ဖန်စီအချစ်ကားလေးကို တင်ဆက်လိုက်ပါတယ် သာယာတဲ့ နယ်မြို့လေးတစ်မြို့က အာရွန်ဆိုတဲ့ တည်ကြည်ရိုးသားတဲ့ ကောင်လေးနဲ့ အစအနောက်သန်တဲ့ ဒါရှီနီဆိုတဲ့ ကောင်မလေးတို့ဇာတ်လမ်းမှာ ဒါရှီနီက ယူကျုဘာတစ်ယောက်ဖြစ်ပြီး prank ဗီဒီယိုတွေ ရိုက်ရင်း အာရွန်နဲ့ မတော်တဆဆုံမိတာပါ ဗီဒီယိုတစ်ပုဒ် နာမည်ကြီးသွားတဲ့နောက်မှာတော့ အာရွန်တစ်ယောက် ဟီးရိုးကြီးဆိုတဲ့ နာမည်ရလာခဲ့ပြီး သူတို့နှစ်ယောက်ဘယ်လိုတွေ နီးစပ်လာကြမှာလဲ ဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ဖိုက်ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller • Mystery
6.3 2024 115 mins
Kumbaari
Clara
7.1

Clara (2024) IMDb Rating (7.1) ရိုမန်းနီးယား အမျိုးသမီးကြီး ကလဲရာ က အိမ်ထောင်ကွဲပြီး သူမရဲ့ ဒန်းညုမြစ်ကမ်းကျေးရွာကို စွန့်ခွါပြီး ဂျာမနီနိုင်ငံကို ကလေးထိန်းအဖြစ် အလုပ်လုပ်ဖို့ ထွက်ခွါခဲ့တယ်။ ဂျာမန်ကလေးမလေးကို နွေးထွေးစွာ ပြုစုနေပေမဲ့ သူမရဲ့ ကလေးဖြစ်သူကိုတော့ အဘိုးဖြစ်သူနဲ့ ထားခဲ့ရတယ်။ ကလေးဖြစ်သူက အမေမှ စွန့်ခွါသွားတယ်လို့ ခံစားရပြီး မြစ်ကြောတလျှောက်လှေနဲ့ အမေကို ရှာပါတော့တယ်။ ဒီအချက်က ကလဲရာကို အိမ်ပြန်ဖို့ ဖိအားပေးလိုက်ကာ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဝမ်းနည်းစရာအဖြစ်မှန် တွေကို မြင်တွေ့ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (700 MB) / (360 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:20:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

7.1 2024 80 mins
Clara
Simp
4

Simp (2024) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပြီး ဂျက်စီကာ ဆိုတဲ့ ပြန်ပေးဆွဲခံလိုက်ရတဲ့ အင်စတာဂရမ်မော်ဒယ် အကြောင်းကို ရိုက်ကူးပြထားတာပဲ ဖြစ်ပါတယ်။ သူ(မ) က ရိုက်ကွင်းအတုတစ်ခုဆီကို မျှားခေါ်ခံရပြီး ပြန်ပေးဆွဲခံလိုက်ရတာပဲ ဖြစ်ပါတယ်။ သူ့ကို အဖွဲ့အစည်းတစ်ခုကနေ ဖမ်းဆီးပြီး လိင်ကျွန်အဖြစ် လေလံတင်ရောင်းစားဖို့ ကြံစည်ခံရတာဖြစ်တယ်။ အဲ့လိုနဲ့ သူ့ကို တောထဲက အိမ်ထဲမှာ စောင့်ကြည့်တဲ့သူတစ်ဦးနဲ့အတူ ထားထားပြီး အဲ့ကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်ကားလေးကနေတဆင့် မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.6 GB) / (700 MB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Thriller Duration…. 01:40:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

Mystery • Thriller
4 2024 100 mins
Simp