YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

House.S01E21.720p.BluRay (CM).mp4

319.76 MB N/A video/mp4 1252 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Independent
7.1

ဂျွန်ဆီးနားကြီးကို တည်တည်တံ့တံ့နဲ့ အမေရိကန် သမ္မတောင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ်တွေ့ရမှာပါ အမေရိကန် နိုင်ငံရေးလောကရဲ့ ဒီမိုကရက်တစ်နဲ့ ရီပါ့ဘလစ်ကန်တွေကြား အားပြိုင်မှုက ထင်သလောက်မရိုးရှင်းပဲ နောက်ကွယ်က မဲအသာစီးရအောင် လွှမ်းမိုးထိန်းချုပ်နေတဲ့ လက်မဲကြီးတွေရှိနေပါတယ်... နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးခရိုနီကြီးတွေက ရွေးကောက်ပွဲကာလမှာ ပြည်သူကိုဖူးဖူးမှုတ်ပြီး အာဏာရရေးအတွက် ယှဉ်ပြိုင်နေကြတဲ့အချိန်ဖြစ်ပါတယ် နိတ်စတာလင်ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ယောက်က နိုင်ငံရေးလောကထဲဝင်လာပြီး တစ်သီးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်က သူ့ရဲ့တည့်တိုးဟောပြောချက်တွေကြောင့် လူတွေကြားထဲမှာ ရေပန်းစားကြော်ကြားလာပါပြီ နှစ်ကောင်တဲ့ပြေးနေတဲ့ ပြိုင်ပွဲတစ်ခုကနေ နိတ်စတာလင်ပါ ဝင်ရောက်လာပြီး ... ဒီမိုကရက်တစ်...ရီပါ့ဘလစ်ကန်နဲ့ နိတ်စတာလင်ရဲ့ Independent ပါတီဆိုပြီး အင်အားကြီး ၃ ခုဖြစ်လာပါတယ်.... ဒီအကြောင်းကို ဝါရှင်တန်ခရိုနီကယ်က အလုပ်သင် ဂျာနယ်လစ်လေးတစ်ယောက်က သတင်းလိုက်ရင်း နောက်ကွယ်က ပါတီကြီးတစ်ခုရဲ့ငွေကြးအလွဲသုံးစားလုပ်မှုနဲ့ မသမာစွာ ယှဉ်ပြိုင်မှုတွေကိုပါ တွေ့ရှိလိုက်ရတာကြောင့် ဒီအကြောင်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း နောက်ဆုံး အမေရိကန်ရဲ့ သမ္မတက ဘယ်သူဖြစ်သွားမလဲဆိုတာကို ကြည့်ရမယ့် နိုင်ငံရေး နဲ့ အမေရိကန်ရဲ့ဂျာနယ်လစ်ဆင် လောကကို ကောင်းကောင်းကြီး နားလည်သွားစေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ် Dialouge ကောင်းကောင်းတွေနဲ့ ဇာတ်ကားကိုဆွဲဆောင်သွားပြီး ကတုံးပေါ်ထိပ်ကွက်ဆိုသလို လူအချင်းချင်း ဉာဏ်နီဉာဏ်နက်တွေနဲ့ အာဏာကုန်လုကြတဲ့ နိုင်ငံရေးကားကောင်းတစ်ခုဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်) Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.12GB | 631MB | 364MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Comedy • Romance
7.1 2022 108 mins
The Independent
The Long Walk

မျက်မှောက်ခေတ် ရုပ်ရှင်လောကမှာတော့ အနောက်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွေက ပိုပြီးလူသိများရေပန်းစားနေပေမယ့်လည်း အရှေ့တောင်အာရှရုပ်ရှင်တွေကလည်း တစ်စတစ်စ ကြိုးစားထိုးဖောက်လာနေပါတယ်။ ဒီရုပ်ရှင်ကတော့ အမေရိကန်မှာမွေးပြီး အဖေဖြစ်သူအငြိမ်းစားယူပြီးနောက်မှာ အမိမြေကိုပြန်လာတဲ့ Mattie Do ဆိုတဲ့ အမျိုးသမီးဒါရိုက်တာက ရိုက်ကူးထားတဲ့ရုပ်ရှင်ပါပဲ။ သူက လက်ရှိအချိန်ထိတော့ စုစုပေါင်း ရုပ်ရှင်သုံးကားရိုက်ခဲ့ဖူးတယ်။ - 2012 မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး horror film "Chanthaly" မှာပဲ ပေါက်သွားခဲ့ပြီး - 2016 မှာ "Dearest Sister" ဆိုတဲ့ horror film နဲ့ - 2019 မှာ "The Long Walk" ဆိုတဲ့ sci-fi /horror film ကို ရိုက်ကူးခဲ့တယ်။ ရုပ်ရှင် သုံးကားလုံးက ဝေဖန်ရေးသမားတွေကြားမှာ နာမည်ရခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ်ကြိမ်ပြသခွင့်တွေ ရခဲ့တယ်။ ပထမဆုံးရုပ်ရှင်ထုတ်အပြီးမှာတော့ သူက လာအိုနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဒါရိုက်တာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။ ယခင်ရုပ်ရှင် နှစ်ကားမှာတော့ horror သီးသန့် ရိုက်ကူးခဲ့ပေမယ့် ယခုတစ်ကြိမ်မှာတော့ ဆန်းသစ်တဲ့ပုံစံနဲ့ horror ရယ် sci-fi ရယ်ကို တွဲစပ်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကိုတော့... လာအိုနိုင်ငံရဲ့ လူတွေသိပ်မသိတော့တဲ့ အမေ့လျော့ခံကျေးရွာလေးတစ်ရွာနားမှာ အခြေတည်ထားတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... ရွာစွန်နားက လမ်းမပေါ်မှာ မတော်တဆမှုဖြစ်ရာကနေ သေဆုံးသွားတဲ့မိန်းမငယ်လေးကို ကောင်လေးက တွေ့ခဲ့တယ်။ အဲ့ဒီမိန်းမငယ်လေးရဲ့ဝိညာဉ်က အချိန်ခရီးသွားနိုင်တာကို ကောင်လေးအရွယ်ရောက်လို့ သိလာတဲ့အခါမှာတော့ သူ ငယ်စဉ်က သူ့ရှေ့မှာတင် ချောင်းဆိုးသွေးပါဖြစ်ပြီး ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ဝေဒနာခံစားနေရမှုကိုသက်သာအောင် ကူညီပေးဖို့အတွက် အဲ့ဒီဝိညာဉ်ရဲ့အကူအညီရဲ့ အတိတ်ကာလကိုပြန်သွားဖို့ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ရုပ်ရှင်ရဲ့ တစ်ဝက်လောက်က အနာဂတ်မှာ ဖြစ်တည်နေပြီး တစ်ဝက်ကတော့ အတိတ်မှာဖြစ်ပျက်နေတယ်။ Horror ‌အနည်းငယ်ပါပေမယ့်လည်း သရဲအကောင်လိုက်ကြီးတွေ ပြူးပြဲပါလာမှာ မဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ခုလုံးက ငြိမ့်ငြိမ့်‌လေးစီးဆင်းနေပြီး အားလုံးပြီးသွားတဲ့အခါမှာ ဘာကြီးမှန်းမသိတဲ့ခံစားချက်မျိုးကျန်ရစ်ခဲ့မယ့် ရုပ်ရှင်တွေထဲကတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ်.... "အတိတ်ဆိုတာ ဘယ်တော့မှ ပြီးဆုံးမသွားပါဘူး...မင်းက အတိတ်ကို ဆက်ပြီးဆွဲကိုင်နေရင်ပေါ့" ဆိုတဲ့ စာရေးဆရာကြီးဝီလီယမ်ဖော့ခ်နားရဲ့စကားက ဒီရုပ်ရှင်ထဲကလူကြီးအတွက်တော့ မှန်ကန်နေတဲ့ပုံပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲဖြစ်ပါတယ်) Genre.....Drama, Mystery, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 843MB and 265MB Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August

Drama
null 2019 116 mins
The Long Walk
Poupelle of Chimney Town
6.4

Poupelle of Chimney Town (2020) ========================= IMDb Rating – 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ “ဟာ ဒီကောင် င‌ပေါကြီး” ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ “Poupelle of Chimney Town” ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.6 GB) / (850 MB) / (550 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 40mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Khant Sett Naing Encoder……….SWM

Comedy • Drama • Western
6.4 2021
Poupelle of Chimney Town
Blood Vessel

Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်ပေပတ်‌လည်လောက်ပဲကျယ်တဲ့ ပြည်ပနိုင်ငံကိုရောက်ရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ အာဘီနဲ့ အိုရင် အပါအ၀င် လူခြောက်ဦးဟာ သမုဒ္ဒရာထဲမှာစောင့်ဆိုင်းနေတဲ့ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ကအရမ်းကြီးမရှုပ်ထွေးနေပေမဲ့ ဇာတ်အိမ်တော်တော်ခိုင်တဲ့အထဲ ပါတယ်လို့ပြောရပါမယ်။ ဇာတ်ကြောင်းဟာ အာဘီနဲ့ အိုရင်နှစ်ယောက်တည်းရဲ့အကြောင်းအပြင် နောက်ထပ်လိုက်ပါလာခဲ့တဲ့ လူလေးယောက်ရဲ့အကြောင်းကိုပါ ထည့်ရိုက်ထားပါတယ်။ အာဘီနဲ့ အိုရင်ကို အိုရင်ရဲ့ချစ်ခြင်းကို အဖေဖြစ်သူက ဘာကြောင့် ခါးခါးသီးသီး တားမြစ်ကန့်ကွက်ရတာလဲ၊ သင်္ဘောပေါ်က နောက်ထပ်ခရီးသွားလေးဦးကရော ဘယ်လိုအကြောင်းတွေကြောင့် ဒီသင်္ဘော၀မ်းဗိုက်ထဲကနေ အတူလိုက်လာဖို့ အကြောင်းဖန်လာခဲ့ရတာလဲ၊ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးတွေ ကျရောက်လာတဲ့အခါမှာ‌ရော ဒီခြောက်ယောက်ဟာ ရှင်သန်နိုင်ပါ့မလားဆိုတာကို ထိတ်တလန့်လန့်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2023
Blood Vessel
A Christmas Serenade

ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Agents Of S.H.i.E.L.D ထဲကမင်းသား B.J.Britt နဲ့ Lucifer ဇာတ်လမ်းတွဲထဲက မင်းသမီး Skye Townsend တို့အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Holiday ဇာတ်ကားလေးတစ်ကားပါ အလုပ်နဲ့ ကမ္ဘာပတ်နေရပြီး အိမ်ကိုပြန်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဂျရာမိုင်း တစ်ယောက် ခရစ္စမတ်အကြိုမှာ အလုပ်ကိစ္စနဲ့ မွေးရပ်မြို့လေးဆီကိုပြန်လာဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ ဝယ်လို ဆိုတဲ့ သူ့အဖေရဲ့ဧဝံဂေလိဘုရားကျောင်းက ဓမ္မတေးဆရာမလေးတစ်ယောက်နဲ့ ပြန်ဆုံပြီး ပြန်ပေါင်းထုပ်တဲ့အကြောင်းလေးပါ ဇာတ်ကားထဲမှာ မင်းသားရော မင်းသမီးရော သီချင်းဆိုတာ အသံတွေအရမ်းကောင်းကြပါတယ် ဇာတ်ဝင်သီချင်းလေးကတော့ အမိုက်ဆုံးပါပဲ ဒီတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2023
A Christmas Serenade
Collision
5.9

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ File size…1.69GB / 858MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Drama
5.9 2013
Collision
Joy Ride
6.6

လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။ သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။ မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။ File size…(1.5 GB)/(738 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre…Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

6.6 2001 97 mins
Joy Ride
No Strings Attached
6.2

No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး…. အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး… တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်…. ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ….။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့….။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။

6.2 2011
No Strings Attached
God of Novels
5.2

Our Story ( 2020 ) ================ Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ခံယူချက်ချင်းမတူလို့ မတည့်နေတဲ့ သူ၂ယောက် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အတူတူရေးကြရင်း သူတို့ရဲ့နောက်ခံဇာတ်လမ်းတွေပါ ပုံပေါ်လာပြီး သူတို့ချင်းနားလည်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းမျိုးကို သူတို့ဖန်တီးဖြစ်ကြမလဲ မြင်ကြရမယ့်ဇာတ်ပဲ။ ကျောင်းတွင်းရိုမန့်လေးတော့ နည်းနည်းစွတ်ထားတယ်။ Kingdomတို့ Gintamaတို့ထဲက ဂျပန်မင်းသမီးချောလေး Kanna Hashimotoက အဓိကသရုပ်ဆောင်ပေးထားတာမို့ ဂျပန်မင်းသမီးချောချောလေးနဲ့ကြည့်ရမယ့် ဂျပန်ကျောင်းသားဇာတ်လို့ ပြောလည်းမမှားပါဘူး ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Comedy
5.2 2020 106 mins
God of Novels
The Green Hornet
5.8

The Green Hornet (2011) နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို မကြည့်ဖူးရင်လည်း မြည်းစမ်းကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါးဟာသတွေနဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

Horror
5.8 2011
The Green Hornet
Our Beautiful Summer Part2
9

Our Beautiful Summer Part2 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 2 လေးကို ဆက်လက်တင်ပေးလိုက်ပါတယ်။ ဒီဒုတိယအပိုင်းလေးမှာတော့ ညီအစ်ကိုတွေဟာ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း ယောရွန်းကိုလည်း သူတို့ ညီမလေးလို အမှားမျိုးထပ်မဖြစ်ရအောင် ဘယ်လိုမျိုးကြိုးစားသွားကြမလဲ…။ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ယောရွန်းကရော အမြွာညီအစ်ကိုရဲ့ ဖေးမမှုတွေကြား သူ့နှလုံးသားတံခါးလေးကို ဖွင့်ပေးသွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။) File size…1.10GB / 5500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Romance, Youth Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth, ToeToe Aung , Hsu Pyae & Muse

9 2024
Our Beautiful Summer Part2
The Tooth and the Nail
7

The Tooth and the Nail (2017) ****************************** 2017 ခုနှစ်မှာ ပြသခဲ့ပြီး Thriller Mystery အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လေးမှာတော့ Ko Soo, Kim Ju Hyeok, Park Sung Woong, Moon Sung Geun နဲ့ မင်းသမီး Lim Hwa Youngတို့လို နာမည်ကြီး မင်းသား မင်းသမီးတွေက အဓိကပါဝင်ထားကြပါတယ်။ ဂျပန်ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီးစကာလ ငွေစက္ကူအတုဖြန့်ချီမှု များပြားတဲ့ကာလကို နောက်ခံထားရိုက်ကူးထားပြီး မှုခင်းအကြောင်းအရာပါတဲ့ ဇာတ်လမ်းမို့ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. အီဆော့ဂျင်ဟာ ငယ်ငယ်ကတည်းက ဆက်ကပ်မှာရောင်းစားခံရပြီး ကြီးပြင်းလာတဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဂျောင်ဟာယောင်းနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ခြေဦးတည့်ရာလျှောက်သွားရင်း ဖျော်ဖြေရတဲ့ ဖျော်ဖြေရေးသမားမို့ ဂျောင်ဟာယောင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဆန်ကိုပြန်ပြီး ဖျော်ဖြေဖို့ သွားတော့တယ်။ ဒါပေမဲ့ ဘူဆန်ကိုပြန်ရောက်တဲ့အခါ အိုကာမိုထို ရှီဂယ်ရူလို့ခေါ်တဲ့ လူဆီကနေ စာတစ်စောင်ရရှိပြီးနောက် ဇနီးဖြစ်သူ ဂျောင်ဟာယောင်းက အသတ်ခံလိုက်ရတဲ့အခါ.. ဇနီးဖြစ်သူအသတ်ခံရတာက ငွေစက္ကူအတုလုပ်တဲ့ကြေးပြားတွေနဲ့ ဆက်စပ်နေမှန်း သိသွားပြီးနောက် အီဆော့ဂျင်ဟာ အိုကာမိုထို ရှီဂယ်ရူကို လိုက်ရှာပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပေမဲ့… ငွေကြေးချမ်းသာပြီး အဆက်အသွယ်များတဲ့ အိုကာမိုထိုအနားကို သာမန်မျက်လှည့်ဆရာလေးက ဘယ်လိုချဥ်းကပ်ပြီး လက်စားချေသွားမလဲ..။ ဂျောင်ဟာယောင်းရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ..။ ကြေးပြားတွေကိုရော ပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရ‌အောင်နော်။ File size…1.16GB / 500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre …..Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary

7 2017 109 mins
The Tooth and the Nail
How to Survive a Marriage? Catatan Harian Menantu Sinting
7.1

How to Survive a Marriage? (2024) IMDb Rating (7.1) မီနာနဲ့ဆာဟတ်တို့ဟာ ငယ်သူငယ်ချင်းဘ၀ကနေစုံမက်လက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက်လင်မယားဖြစ်ပါတယ်။ လက်ထပ်ပြီးပြီးချင်းမှာ အိမ်ခွဲနေဖို့ကြိုးစားခဲ့ကြပေမယ့် ချက်ချင်းကြီး အိမ်ရှာဖို့ခက်ခဲနေတဲ့အပြင် ယောက္ခမကြီးကလည်း သူတို့လင်မယားငယ်စဉ်ကနေခဲ့တဲ့ အိပ်ခန်းကို မီနာတို့လင်မယားနေဖို့အတွက်ကမ်းလှမ်းလာတဲ့အတွက် သဘောတူလက်ခံခဲ့ကြပါတယ်။ အဲ့ဒီကစလို့မီနာဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့နေ့စဉ်ဘ၀ထဲကို ယောက္ခမဖြစ်သူရဲ့ မသိမသာရော သိသိသာသာဝေဖန်စွက်ဖက်မှုတွေကြုံရတော့တာပါပဲ။ အဆိုးဆုံးကတော့ မြေးအရမ်းလိုချင်နေတဲ့ ယောက္ခမဖြစ်သူရဲ့ သူတို့လင်မယားရဲ့အိပ်ယာပေါ်က အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ်စပ်စုတဲ့ဒဏ်ပဲဖြစ်ပါတယ်။ အဲ့ဒါတွေကိုမခံစားနိုင်တဲ့အဆုံး အိမ်ခွဲဆင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် အဲ့ဒီအိမ်ကိုပါ ယောက္ခမကြီးက အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး မပြန်နိုင်တော့တာပဲ သောင်တင်နေတဲ့အချိန်မှာတော့..။ မီနာနဲ့ဆာဟတ်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေနိုင်ပါ့ဦးမလား? ယောက္ခမကြီးလိုချင်တဲ့ မြေးရတနာကို မီနာတို့လင်မယားမွေးပေးနိုင်ပါ့မလား? မီနာရဲ့ယောက္ခမကြီးအပေါ် သည်းခံစိတ်တွေဘယ်အချိန်မှာထပေါက်ကွဲမလဲ အစရှိတာတွေကို သဘာ၀ကျကျ ပြုံးစရာ ရယ်စရာတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားဆိုရင် စုန်းကဝေ၊သရဲကားတွေနဲ့အသားကျနေခဲ့ကြပေမယ့် အခုလိုပေါ့ပေါ့ပါးပါးမိသားစုဟာသဇာတ်ကားလေးက အရသာသစ်တစ်ခုပေးစွမ်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….02:02:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.1 2024 122 mins
How to Survive a Marriage? Catatan Harian Menantu Sinting
Mozart and the Whale
6.7

Mozart and the Whale (2005) **************************** IMDb… 6.7 Autism လို့ခေါ်တဲ့ မြန်မာအခေါ် အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေက လူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်း ကြိုးစားနေသူတွေလည်းရှိပါတယ်။ အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါ အားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း Autism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူး စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်က Mozart and the Whale ဖြစ်ပြီး IMDb Rating 6.7 အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်း နာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့ အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က ဒေါ်နယ်တည်ထောင်ထားတဲ့ ဝေဒနာရှင်အချင်းချင်း ဖေးမကူညီပေးတဲ့အဖွဲ့မှာ စတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒေါ်နယ်က ဝေဒနာခံစားနေရပေမဲ့ သင်္ချာမှာ သာမန်လူတွေထက်ကို ပိုမိုထူးကဲကျွမ်းကျင်ပြီး အစ်စဘဲလ်ကလည်း အနုပညာကိုရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့စတွေ့ပြီး သိပ်မကြာခင်မှာတင် အစ်စဘဲလ်က အချစ်ငတ်နေသူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒေါ်နယ့်ကို ရေလာမြောင်းပေးလုပ်ရင်းနဲ့မှ သူတို့နှစ်ယောက်ကြားက သာမန်နဲ့မတူတဲ့ အချစ်ခရီးစဉ်လေးက ဘယ်လိုဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲရှုစားလိုက်ကြဖို့ ညွှန်းပေးလိုက်ချင်တဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်) File Size : 2.01GB/ 900MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:34:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Tiff

6.7 2005 92 mins
Mozart and the Whale
Mickey Blue Eyes

Mickey Blue Eyes ကတော့ နယူးယော့ခ်မှာရှိတဲ့ လေလံလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ ရိုးသားကြိုးစားတဲ့လူရိုးလေးတစ်ယောက် သူချစ်ရတဲ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့အချိန်မှာ ကောင်မလေးမိသားစုနဲ့ပတ်သက်ပြီး မထင်မှတ်ထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီးနောက် သူ့ဘဝကြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမယ့် အလွဲတွေများတဲ့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ် မင်းသားရဲ့ရည်းစားကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရုပ်ရှင်မို့ သရုပ်ဆောင်ပီပြင်ချက်တွေနဲ့ ကြည့်ရတာအရသာရှိမယ့် ကားတစ်ကားဖြစ်ပါတယ် The Godfather ဇာတ်ကားထဲမှ မင်းသားကြီး James Cann ကိုကြည့်မဝတဲ့သူတွေရှိရင်လည်း ဒီဇာတ်ကားထဲမှာ မင်းသားကြီးကိုယ်တိုင် မာဖီးယားအဖြစ် ပါဝင်ပေးထားတာမို့ ကြည့်ရတန်မယ်လို့ထင်ပါတယ် ဘာသာပြန်ကြောင့်ကြည့်ရတာ ပိုအနှစ်သာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by KST

Drama
0 1999
Mickey Blue Eyes