YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

house.s01e14.720p.bluray {CM}.mp4

321.53 MB 720p video/mp4 1828 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider: Spirit of Vengeance
5

ဒီဇာတ်ကားကတော့ 2007 က ထွက်ရှိခဲ့တဲ့ Ghost Rider Origin Story ရဲ့ အဆက်ဖြစ်ပါတယ်။ Ghost Rider 1 Elements တွေနဲ့ တိုက်ပွဲအပြီးမှာ identity ပေါ်သွားတဲ့ Jhonny Blaze ဟာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ ဘဝကို ချန်ထားခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ပေါင်းများစွာ လေလွင့်သွားလာနေခဲ့ပါတယ်။အဲ့လိုသွားလာရင်းနဲ့ သူ့ကိုယ်ထဲက နတ်ဆိုးကျိန်စာကို ဖြေနိုင်ဖို့ နည်းလမ်းတွေလည်းရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို မော်ရူဆိုတဲ့ အရက်သမားဘုန်းတော်ကြီးတစ်ပါး ရောက်ချလာပါတယ်။ပြီးတော့ ကလေးတစ်ယောက်ကို ကယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။အလဲအလှယ်အနေနဲ့ သူ့ကိုယ်ထဲက ကျိန်စာကို ဖြေပေးမယ်လို့လဲ ဆိုပါတယ်။ အဲ့ကလေးကလည်း တခြားသူမဟုတ်ပါဘူး။သူနဲ့ စာချုပ်ချုပ်ပြီး သူ့ကို လှည့်စားသွားတဲ့ နတ်ဆိုးရဲ့သားပါ။ဖြစ်ချင်တော့ အဲ့ကလေးဟာလည်း သူ့လို အပေးအယူတစ်ခုကြောင့် သဘာဝလွန် မွေးဖွားလာတာဖြစ်ပြီး နတ်ဆိုးရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီကားမှာတော့ Jhonny Blaze တစ်ယောက် နတ်ဆိုးရဲ့ ကလေးကို ကယ်ရင်း သူ့ကိုယ်ထဲက ကျိန်စာကိုဖြေနိုင်ဖို့ကြိုးစားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Ghost Rider အဖြစ် မင်းသားကြီး Nicolas Cage နဲ့ Moreau အဖြစ် မင်းသားကြီး Idris Elba တို့ကသရုပ်ဆောင်ထားပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:35:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Comedy • Drama • Romance
5 2011 96 mins
Ghost Rider: Spirit of Vengeance
Unwelcome
5.9

Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
5.9 2023 104 mins
Unwelcome
When the Screaming Starts
5.1

သင် Serial Killer တစ်ယောက် ဖြစ်ချင်ခဲ့ဖူးလား။ သင်ဟာ သမ္မတတွေ နိုင်ငံကျော်ဘောလုံးသမားတွေ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေမဖြစ်ခဲ့ရင်တောင် လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ဆိုရင် သူတို့လိုပဲ ကမ္ဘာ့သမိုင်းမှာအမြဲရှိနေမှာလေ... မဟုတ်ရင် Serial Killer တစ်ယောက်ရဲ့နေထိုင်ပုံ သတ်ဖြတ်ပုံ စတာတွေကို Interview တွေနဲ့ရော သူလူသတ်တဲ့နေရာမှာ ကင်မရာတွေထောင်ပြီးတော့ပါ တကယ်ကို အမှန်အကန်ရိုက်ထားတဲ့ Documentary Movie ကြီးကို ကြည့်ရမယ်ဆိုရင် ဘယ်လောက်များ Hype လိုက်မလဲ... အဲလိုအတွေးအခေါ်ကို ရိုက်ကူးထားတဲ့ When the Screaming Starts ဟာ ဒီ Message ကို ဟာသပေါင်းစုံနဲ့ ရောစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Norman Greysmith ဟာ Documentary ရိုက်ကူးသူ တစ်ယောက်ဖြစ်ပါတယ်။ Norman ဟာ အထက်ပါပုံစံ Documentary ကိုရိုက်ရင် လူတွေအရမ်းစိတ်ဝင်စားပြီး သူအောင်မြင်မှုတွေများစွာရမယ်လို့ ယုံကြည်သူပါ။ ဒီလိုနဲ့ Aidan Mendle ဆိုတဲ့ အရမ်းကြမ်းတဲ့ Serial Killer တစ်ယောက်ကို Internet ပေါ်က ရှာဖွေတွေ့ရှိပြီးနောက်မှာ သူ Documentary ဇာတ်လမ်းကို စတင်ပါတော့တယ်။ သရုပ်ဆောင်တွေကလည်း နာမည်အရမ်းမကြီးပေမယ့် တကယ် Comedian ရုပ် ပီသပြီး တကယ်ရယ်ရတာမို့ ဒီ လူသတ်ဟာသ ဇာတ်ကားကြီးက အတော်လေး Entertaining ဖြစ်စေမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 870MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 28Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Drama
5.1 2021 89 mins
When the Screaming Starts
Crying Fist
7.2

မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလို Rating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင် ကားဖြစ်ပါတယ်... ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့ လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။ File Size :(3.6GB)(1.2GB) and (462 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:14:00 Genre : Action,Sport , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae

Comedy • Drama • Romance
7.2 2005 121 mins
Crying Fist
The Whole Nine Yards
6.4

The Whole Nine Yards (2000) ~ IMDb rating - 6.7/10 ~ Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့... ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, Jimmy ကိုအသေအကြေမုန်းတီးနေတဲ့ ဂိုဏ်းခေါင်းဆောင် Janni, Jimmy ရဲ့ဇနီးဟောင်းမိန်းမလှလေး Cynthia, အဲဒီ Cynthia ကိုမှချစ်မိသွားတဲ့ Oz တို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် လှည့်စားအနိုင်ယူရမယ့် ဉာဏ်ကစားပွဲတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးသိကြတဲ့မင်းသားကြီး Bruce Willis နဲ့ Friends ပရိသတ်တွေရဲ့အသည်းစွဲ Chandler တဖြစ်လဲ Matthew Perry တို့ခေါင်းဆောင်ပါဝင်ထားတာပါ။ Matthew ဟာ Bruce နဲ့အတူဒီဇာတ်ကားရိုက်နေချိန်မှာ အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဒီဇာတ်ကားသာ ဝင်ငွေကောင်းခဲ့မယ်ဆိုရင် Friends မှာဧည့်သည်အဖြစ်လာရိုက်ပေးဖို့ပါပဲ။ Bruce ကိုယ်တိုင်ကလဲ အဲ့ဒီလောက်အောင်မြင်မယ်မထင်ခဲ့မိတဲ့အတွက်လက်ခံခဲ့ပြီး ဒီဇာတ်ကားက အံ့သြစရာကောင်းလောက်အောင် ဝင်ငွေကောင်းခဲ့ချိန်မှာတော့ သူရှုံးသွားခဲ့တဲ့အတွက် Friends မှာပါလာခဲ့တာဖြစ်ပါတယ်။ Friends ထဲက Bruce ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Ross ရဲ့ယောက္ခမလောင်း Paul Stevens ကိုမှတ်မိကြဦးမှာပါ။သူ့သမီးနဲ့ Ross ကိုသဘောမတူနိုင်ပဲ တစ်ချိန်လုံးအပြစ်ရှာ ထိုင်ဖောက်နေတတ်တဲ့ဘဲကြီးပေါ့။ အခုဇာတ်ကားမှာတော့ ကြေးစားလူသတ်သမားအဖြစ် သူ့ရဲ့မထီတရီအပြုံးတွေ အေးစက်စက်အကြည့်တွေကိုပြန်မြင်ရမှာဖြစ်ပြီး Matthew ရဲ့ဇာတ်ကောင် Oz ကတော့ Chandler နဲ့စရိုက်ချင်းတူတဲ့အတွက် Friends တုန်းကအတိုင်း အလွဲလွဲ အချော်ချော်ဖြစ်ရပ်တွေနဲ့ပွဲကျစေဦးမှာပါပဲ။ Comedy နဲ့ Crime ကိုမျှမျှတတ ပေါင်းစပ်ထားတဲ့အတွက် အားလုံးအကြိုက်တွေ့မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 890MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 38Min Genre - Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

Comedy • Drama
6.4 2000 98 mins
The Whole Nine Yards
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
Cocaine Godmother
5.6

လက်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ အတုယူလေးစားစရာ ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ ကိုလမ်ဘီယာကနေ အမေရိကကို ပြောင်းလာတဲ့ မူးယစ်ဆေးရာဇာကြီးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Cocaine Godmother ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ မာဒီရီနာဘလန်ကိုဆိုတဲ့ အမျိုးသမီးက ကိုလမ်ဘီယာနိုင်ငံ မယ်ဒီအင်မြို့မှာ မိသားစုအတွက် ရုန်းကန်နေရတဲ့ သာမန်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အလုပ်မည်မည်ရရ မလုပ်တဲ့ ယောက်ျားကြောင့် သား ၃ ယောက်ကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့က မလွယ်ကူခဲ့ဘူး။ ထမင်းနပ်မှန်အောင် စားရဖို့တောင်မှ မနည်းရုန်းကန်ခဲ့ရသူပါ။ တစ်ရက်မှာတော့ ယောက်ျားရဲ့ မိတ်ဆွေဖြစ်သူနဲ့ ချိတ်ဆက်မိပြီးတော့ မူးယစ်ဆေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ်။ သူဟာ ဆေးတွေကို ဖြန့်ပေးမယ်ဆိုပြီး အလုပ်ဝင်လုပ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ယောက်ျားဖြစ်သူနဲ့လည်း ကွဲသွားခဲ့ပြီးတော့ မူးယစ်ဆေးလောကထဲကို လုံးဝခြေစုံချခဲ့တော့တာပါ။ သာမန်အကူဘဝကနေ သူ့ရဲ့ ဉာဏ်ပြေးမှုကြောင့် မူးယစ်ဆေးလောကမှာ နာမည်ကြီး ဘိန်းရာဇာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သား ၃ ယောက်ကလည်း သူ့အမေနဲ့အတူ ဒီအလုပ်ကိုပဲ ကူညီလုပ်ပေးခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ သူ့ဘဝတစ်လျှောက်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ဆေးတွေကို ဖြန့်ဖြူးခဲ့သလဲ၊ စီးပွားပြိုင်ဖက်တွေကို ဘယ်လိုလက်စဖျောက်ပစ်ခဲ့လဲ၊ နှစ်အတော်အကြာအထိ အဖမ်းမခံရဘဲ ဘယ်လိုရှောင်ထွက်နိုင်ခဲ့လဲ၊ နောက်ဆုံးမှာရော သူ ဘယ်လိုအဆုံးသတ်သွားခဲ့လဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ အမြင်ကိုပြောရရင်တော့ ဒီဇာတ်ကားက တခြား အတ္ထုပ္ပတ္တိရုပ်ရှင်တွေလို ပျင်းစရာကောင်းမနေဘဲ ဇာတ်လမ်းတစ်လျှောက် ကြည့်ရှုသူကို ဆွဲခေါ်နိုင်တယ်လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် အချိန်ပေးပြီး ကြည့်ရှုမယ်ဆိုရင်လည်း အချိန်ကုန်ရတာ အလဟဿမဖြစ်စေရဘူးလို့တော့ ခံစားမိတာမလို့ အားလုံးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size… 2 GB / 852 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

5.6 2017 100 mins
Cocaine Godmother
Heaven Down Here
7

Heaven Down Here (2023) ==================== IMDb Rating – 7.0/10 Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.72 GB) / (615 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

Drama • Music
7 2023
Heaven Down Here
Tales of Babylon
5.9

Tales of Babylon (2023) 2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။ လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့… တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 925MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 2H 6Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.9 2023
Tales of Babylon
L.I.F.E.

အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အမ်မာက ‌ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။ အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Sett Naing

Drama • Crime
0 2024
L.I.F.E.
Au Revoir les Enfants (aka) Goodbye, Children
8

Best European Film, Best Film, Best Director ဆုတွေကို ဒီဇာတ်ကားနဲ့ပဲ ဆွတ်ခူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာကြီး Louis Malle ရိုက်ကူးထားပြီး ဆုတွေအများကြီး ရထားတဲ့ Drama/War ဇာတ်ကားကောင်းလေးတစ်ကားပါ ဇတ်အိမ်လေးကတော့ 1944 ခုနှစ် ပြင်သစ်ကို ဂျာမန်တွေဝင်လာတဲ့ကာလကိုရိုက်ကူးထားတာပဲဖြစ်ပြီး ဂျူလီယန် နဲ့ ဖရန်ဆွာ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အားလပ်ရက်ပြီးတော့ ST. JOHN ဆိုတဲ့ ကျေးလက် ဘုန်းတော်ကြီးသင် ဘော်ဒါကျောင်းကို တက်ဖို့ပြန်လာကြတာပေါ့…..တစ်နေ့တော့ အဲဒီကျောင်းကို ဘွန်နက် ဆိုတဲ့ ကျောင်းသားသစ်လေးတစ်ယောက်ရောက်လာတယ်….. အချိန်ကာလအနေနဲ့ နာဇီတွေဟာ ဂျူးတွေကို လိုက်ရှင်းနေတဲ့အချိန်ဖြစ်ပြီး တစ်ဖက်မှာလည်း မဟာမိတ်တပ်တွေက နာဇီတွေကို ချေမှုန်းဖို့အတွက် စစ်မျက်နှာဖြန့်နေတဲ့အချိန်ပေါ့….နာဇီတွေလိုက်ဖမ်းနေတဲ့ရန်ကနေ ထွက်ပြေးခိုလုံနေကြတဲ့ ဂျူးလူမျိုးတွေလည်း နေရာအသီးသီးမှာ ပြန့်ကျဲနေကြတာပေါ့…. နာဇီ ဂတ်စတာပို တွေဟာလည်း ST. JOHN ကိုဝင်ရောက်ရှာဖွေတဲ့အခါမှာတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

8 1987 105 mins
Au Revoir les Enfants (aka) Goodbye, Children
Heretic
7.2

Heretic (2024) IMDb Rating (7.2) / Rotten Tomatoes (91%) ဒီဇာတ်ကားလေးကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှ ပူပူနွေးနွေး ထွက်ရှိထားတာဖြစ်ပြီး အိမ်တစ်အိမ်တည်းမှာ ဇာတ်အိမ်တည်ထားတာကို ကြည့်ရင်းတဖြည်းဖြည်း စိတ်ကျဉ်းကျပ်လာကာ ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ရှုထောင့်တစ်မျိုးကနေ ပျင်းစရာမကောင်းပဲ ရင်ဖိုစိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စစ္စတာ ဘန်းစ်နဲ့ စစ္စတာ ပက်စတန်ဟာ ဆယ်ကျော်သက်အရွယ် သီလရှင်နှစ်ယောက်ဖြစ်ပြီး သူတို့ဟာ ခရစ်ယာန်ဘုရားကျောင်းမှာပဲ မွေးပြီး အဲမှာပဲ ပြုစုပျိုးထောင်ခံရကာ ကြီးပြင်းလာခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း စက်ဘီးကိုယ်စီနဲ့ မြို့ထဲပတ်သွားပြီး လူတွေကို သူတို့ရဲ့ မော်မွန်ဘာသာ (၁၈၃၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာဂိုဏ်းခွဲ)ကို ဝင်ရောက်ကြဖို့ တရားလိုက်ဟောရင်း သာသနာပြုကြပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ မြို့စွန်မှာနေတဲ့ ဘာသာမျိုးစုံကို လေ့လာလိုက်စားပြီးတော့ မေးခွန်းထုတ်တတ်တဲ့ မစ္စတာရိဒ်ဆိုတဲ့ ဘာသာရေးပညာရှင်ရဲ့ အိမ်ကို သူတို့ရဲ့ ဘာသာက စစ်မှန်ကြောင်း သာသနာပြုရှင်းပြဖို့ သွားရောက်ခဲ့ပါတယ်။ မစ္စတာရိဒ်က သူတို့နှစ်ယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်ခုရှိတာက သူ့ရဲ့ အိမ်နံရံ၊ မျက်နှာကြက်နှင့် ပြတင်းပေါက်တွေဟာ သံတိုင်တွေအပြည့်နဲ့ ထွက်ပေါက်မရှိပါဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မစ္စတာရိဒ်နဲ့ ဘာသာရေးအကြောင်းဆွေးနွေးရင်း သူတို့ရဲ့စကားဝိုင်းက ထူးဆန်းလာပြီး နေရခက်လာခဲ့ပါတယ်။ ဒီတော့ မစ္စတာရိဒ်မှာ ဘာအကြံရှိနေတာလဲ၊ သူတို့နှစ်ယောက်ကရော ဒီအိမ်ထဲက ဖြောင့်ဖြောင့်တန်းတန်း ထွက်လာနိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ ဘာသာရေးဆွေးနွေးမှုကို ရင်ဖိုစိတ်လှုပ်ရှားစွာ စိတ်တထင့်ထင့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) / (730 MB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:51:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Matteo

Crime • Drama
7.2 2024 111 mins
Heretic
4 Horror Tales: February 29
5.5

4 Horror Tales: February 29 (2006) ************************************ Four Horror Tales စီးရီးရဲ့ ပထမမြောက်ဇာတ်လမ်းဖြစ်တဲ့ February 29 ရုပ်ရှင်ဟာ ရက်ထပ်နှစ်တိုင်း ပေါ်လာတဲ့ ၂ လပိုင်း ၂၉ ရက်နေ့ကို အခြေတည်ပြီး ဖန်တီးထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းပဲဖြစ်ပါတယ်။ တိုးဂိတ်မှာ လက်မှတ်ဖြတ်သူအဖြစ် အလုပ်လုပ်တဲ့ ဂျီယွန်းဟာ တစ်နေ့မှာ သူမနဲ့ တစ်ပုံစံတည်း ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ကြားလိုက်ရတော့တယ်။ တိုက်ဆိုင်မှုဆိုပြီး သတ်မှတ်လိုက်တဲ့ သူမဟာ နောက်ပိုင်းမှာ သူမရဲ့ အလုပ်ခွင်ဖြစ်တဲ့ တိုးဂိတ်အနီးမှာပဲ လူသတ်မှုတွေကို တစ်စတစ်စကြားလာရတော့တယ်။ ထူးဆန်းတာက အဲဒီလူသတ်မှုတွေအပြီးမှာ သူမရှိတဲ့တိုးဂိတ်ဆီကို အမည်မသိကားနက်တစ်စီးလာပြီး သွေးစွန်းနေတဲ့ လက်မှတ်တစ်စောင်ကို လာဖြတ်တာပါပဲ။ ဒီလိုနဲ့ သူမဟာ တရားခံကိုရှာဖို့ စိတ်ပိုင်းဖြတ်ရင်း အကြောင်းစုံကို သိလိုက်ရတဲ့အခါမှာတော့….။ Alchemy of Souls မှာ ဂျင်းအိမ်တော်ရဲ့ သခင်မအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးဘတ်အွန်းဟယ် ဦးဆောင်ပါဝင်ထားတာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ချက်တွေက ပြောစရာမလိုအောင် ပိရိနေပြီး ကြည့်ရှုသူပရိသတ်ကို ဆွဲငင်စေမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Esth ပဲ ဖြစ်ပါတယ်။) File Size : 1.57GB/ 690MB Quality : WEB_DL 1080p 5.1CH/ 720p Format…mp4 Duration…01:32:00 Genre : Thriller, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Esth Encoded by Tiff

Comedy • Drama
5.5 2006 90 mins
4 Horror Tales: February 29
Scarface
8.3

Scarface (1983) IMDb Rating (8.3) / Rotten Tomatoes (79%) မင်းသားကြီး Al Pacino ရဲ့နာမည်ကြီးရုပ်ရှင်ကားကြီးပါ။ Rating တွေလဲ အတော်ကောင်းဆိုသလို အပြင်မှာတကယ်ရှိတဲ့ Tony Montana ဆိုတဲ့မူးယစ်ရာဇာအကြောင်းရိုက်ထားတာ။ တိုနီမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်.. ရွှေ့ပြောင်းဒုက္ခသည်ဆိုတဲ့အတိုင်း အောက်ခြေအလုပ်တွေဖြစ်တဲ့ စားသောက်ဆိုင်ပန်းကန်ဆေးဆိုတဲ့အလုပ်ကနေ အသက်ရှင်ဖို့ရုန်းနေကြရင်းနဲ့ မူးယစ်ဆေးဝါးကုန်သည် သူဌေး ဖရန့်နဲ့အဆက်အသွယ်ရပြီး မူးယစ်အရောင်းအဝယ်လောကထဲကိုဝင်လာပါတော့တယ်။ တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်… ဒီ့နောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကိုယ်ပိုင်အင်ပါယာထူထောင်နိုင်တဲ့အထိ ချမ်းသာလာပါတော့တယ်… ပိုက်ဆံတွေအများကြီး မိန်းမတွေအများကြီးနဲ့ မူးယစ်လောကထဲက တိုနီတယောက် ဘဝကြီးကို ဘယ်လောက်ထိ စိတ်ကြိုက်လွှင့်မျောမိုက်ကန်းတော့မယ်ဆိုတာ ဆေးပြင်းလိပ်ကြီးခဲပြီး သေနတ်ကြီးဆွဲလို့ သွေးသံရဲရဲနဲ့ Al Pacino ရဲ့ သရုပ်ဆောင်ချက်တွေကို ၃ နာရီနီးပါး ကျကျနနခံစားကြရမှာပါ။

Comedy • Drama • History • Romance
8.3 1983 170 mins
Scarface