YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

House Of David 2025 S01 E05 720p WEB-DL [RMC].mp4

463 MB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dreaming Walls: Inside the Chelsea Hotel
5

Dreaming Walls: Inside the Chelsea Hotel (2022) ~ IMDb - 6.1/10, Rotten Tomatoes - 70% ~ ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။ ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။ နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။ Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။ အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။ ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။ ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။ ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။ "နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး" လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 620MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 17Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5 2022 80 mins
Dreaming Walls: Inside the Chelsea Hotel
Lesson Plan
6.3

သူ့နာမည်က ဒမ်မီယမ်... သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။ သိပ်မကြာခင်မှာပဲ... သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ... ဒီ ၂၀၂၂ မှ ထွက်ထားတဲ့ Low budget ပိုလန်ကားလေးပါ... စိတ်ဝင်စားရင် ဒေါင်းကြည့်လိုက်ပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance
6.3 2022 101 mins
Lesson Plan
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
The Headless General Who Stole the Book of Heaven
5.1

ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီး ချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့ မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကို အပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာ ရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကို ကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်း ရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီး ဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။ “ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်”ဆိုတဲ့ ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။ အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား…… ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality – WEB DL 1080p,720p Format – mp4 Genres – Action, Horror, Mystery Runtime – 1 hr 22 min Subtitle – Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Moon Encoded by LK

Crime • Drama • Thriller
5.1 2023
The Headless General Who Stole the Book of Heaven
The Ministry of Ungentlemanly Warfare
7.3

The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို ၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာ လာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံး သေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။ သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာ ဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီး ဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့ တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်း အဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။ တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက် ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ တလောလေးကပဲ Gentlemen စီးရီးနဲ့ အားလုံးကို အစွမ်းပြထားတဲ့ Guy Ritchie ပါပဲ။ မင်းသားတွေကတော့ စူပါမန်းကြီး Henry Cavill နဲ့ ဂျက်ရိချာကြီး Alan Ritchson တို့ပါပဲ။ ဟင်နရီ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် ဗိုလ်မှူး ဂပ်စ် ဟာဆိုရင် အပြင်မှာတကယ်ရှိတဲ့သူဖြစ်ပြီး ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ရဲ့ မြစ်ဖျားခံရာ မူလ စစ်ပြန်သူရဲကောင်းလို့တောင် သမုတ်ကြပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ File size… (4.1 GB)/ 1.8 GB / 848 MB Quality… Web-DL 4K HEVC/1080p / 720p Format… mp4 Duration…. 2h Genre ….. Action/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr.Anderson

7.3 2024 120 mins
The Ministry of Ungentlemanly Warfare
Creep

မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ် ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလား File size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Science Fiction • Thriller
0 2004
Creep
Srikanth
7.8

Srikanth (2024) ဆရီကန့်သ် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ကံဆိုးချင်တော့ မျက်မမြင်ကျောင်းရဲ့ကျောင်းအုပ်နဲ့ အဆင်‌မပြေဖြစ်ပြီး ကျောင်းကနေ ထုတ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆရာမဒေဗီကာက သူ့ကို ပညာဆက်သင်ခိုင်းရင်း စာမေးပွဲကို 96 ရာခိုင်နှုန်းနဲ့ အောင်မြင်သွားပါတော့တယ်။ ကောလိပ်တက်ဖို့ ဘာသာရပ်ရွေးတဲ့အချိန် သိပ္ပံပညာရပ်ကို မျက်မမြင်မသင်ရဘူးဆိုတဲ့ ဥပဒေကြောင့် ဆရီကန့်သ်က အိန္ဒိယပညာရေးစနစ်ကြီးကို တရားစွဲရင်း ဆရီကန့်သ်တစ်ယောက် သူသင်ချင်တဲ့သိပ္ပံပညာသင်ကြားနိုင်ပါ့မလား….. သူ့ဘဝမှာရော နောက်ထပ် ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

7.8 2024 134 mins
Srikanth
Yatra 2
6.5

Yatra 2 2024 ၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။ အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကို ဝန်ကြီးချုပ်ရာထူးနေရာပေးဖို့ ထောက်ခံပေးခဲ့ပါတယ်။ နိုင်ငံရေးဝါကြီးတဲ့သူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၉လသာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဂျာဂန်ကို ဝန်ကြီးချုပ်နေရာ မပေးချင်ခဲ့ပါဘူး….. ဒီလိုနဲ့ နိုင်ငံရေးလောကရဲ့ ထုံးစံအတိုင်း မနာလိုသူတွေရဲ့ ကန့်ကွက်မှုတွေကြားမှာ ဂျာဂန်မိုဟန်တစ်ယောက် ဘယ်လိုတွေ ဖြတ်သန်းရမလဲ ….. ဝန်ကြီးချုပ်ရာထူးနေရာကိုရောက်ရှိဖို့ ဘယ်လို ဆူးလမ်းခရီးကို ဖြတ်ကျော်ရဦးမလဲ …. ဆိုတာတွေကို ကြည့်ရှုရမယ့် နိုင်ငံရေးဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.5 2024 130 mins
Yatra 2
The Spirit of the Beehive
7.8

ရုပ်ရှင်ဆိုတာ ကြည့်ရှုသူတွေရဲ့အပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတတ်ကြပါတယ်……တကယ်မဟုတ်မှန်းသိပေမဲ့ ငိုကြရတယ် ပျော်ကြရတယ် ကြောက်ကြတယ် ခံစားချက်မျိုးစုံ အစုံအလင်ကို ခံစားကြတာပါပဲ…..ကြောက်ရွံ့မှုတွေ ထိတ်လန့်မှုတွေဆို ညဘက်တွေ အိပ်မက်ဆိုးမက်တဲ့အထိကို စွဲသွားစေတတ်တာပါ….အဲဒါကြောင့် တချို့ ရုပ်ရှင်တွေမှာ အသက်ကန့်သတ်ချက်နဲ့ ဘယ်နှနှစ်အောက်မကြည့်ရဆိုတဲ့ သတိပေးကြေညာချက်လေးတွေပါတတ်ပါတယ်…..လူကြီးတွေအနေနဲ့ကလည်း အဲဒါလေးတွေကို သေချာစူးစမ်းပြီးမှ မိမိကလေးကို ရုပ်ရှင်တကားပြသသင့်တာပါ….. ဒီကားလေးကတော့ ကြောက်မက်ဖွယ်ရာရုပ်ရှင်ကားတစ်ကားကို ကြည့်မိရာကနေ စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖန်တီးမိသွားတဲ့ ၇နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားလေးပါပဲ…..သင်ခန်းစာယူစရာတွေ ဖြစ်တတ်တဲ့သဘောတွေ တွေ့ရမှာဖြစ်တာကြောင့် ကြည့်ရှုခံစားစီးမျောလိုက်ကြပါဦးလို့…… File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Coming of Age, Dark Fantasy, Psychological Drama, Supernatural Fantasy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by….Garfield

7.8 1973
The Spirit of the Beehive
The Curse of the Necklace
5.5

ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ (ဖရန့်ခ်- Pet Sematary၊ လော်ရာ – Shevenge ၊ အယ်လင်- M3GAN) ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစု တစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ သမီးအငယ် အယ်လင်ကတော့ မိခင်ဖြစ်သူနဲ့ အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ်က သက်သေခံ ပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့ အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသား အမှုမို့ ပြဿနာ တက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာက လက်မခံဘဲ ဒီလည်ဆွဲကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင်က ကောက်ယူထားလိုက်ပါတယ်။ အဲဒီကနေ စပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ…..။ File size…939MB / 500MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Curse of the Necklace
I Know When You Dead: Suicide Village Aku Tahu Kapan Kamu Mati: Desa Bunuh Diri
6.8

I Know When You Dead: Suicide Village (2023) IMDb Rating (6.8) 2020 တုန်းကလူကြိုက်များခဲ့တဲ့ I Know When You Dead ရဲ့ sequel ဖြစ်ပါတယ်။ sequel ဆိုပေမယ့် ဆီယန်နာတစ်ယောက် သေခြင်းနိမိတ်ကိုမြင်နိုင်တာကလွဲလို့ အဆက်အစပ်မရှိတဲ့အတွက် ပထမကားမကြည့်ဖူးလည်းကြည့်လို့ရတဲ့ကားပါပဲ။ ဒီကားမှာတော့ လူတစ်ယောက်သေဆုံးကာနီးပြီဆိုရင် သူတို့အနားက သေခြင်းနိမိတ်တွေကိုမြင်နိုင်တဲ့ ဆီယန်နာဆိုတဲ့ကောင်မလေးဟာ အဲ့ဒီအစွမ်းကြောင့် စိတ်ဖိစီးအိမ်မက်ဆိုးတွေမက်ပြီး ဆေးတွေပါသောက်နေရပါတယ်။ တစ်နေ့တော့ သူတို့ကျောင်းဝင်းထဲမှာဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုတစ်ခုမှာ အဲ့ဒီလူမသေခင်သေခြင်းနိမိတ်ကို သူမမြင်ခဲ့တဲ့အတွက် အံ့ဩခဲ့ရပြီး သူစုံစမ်းကြည့်မိချိန်မှာတော့ အဲ့ဒီလူဟာ သူနဲ့ရင်းနှီးချစ်ခင်တဲ့ ဆရာမ နာယာနဲ့ဆက်စပ်နေတာကိုသိခဲ့ရပါတယ်။ ဆရာမ နာယာဟာ အဲ့ဒီလူအလောင်းနဲ့အတူ သူတို့ရွာ ရယ်မတွတ်ခ်ကိုပြန်သွားပြီဆိုတာကိုပါ သိလိုက်ရချိန်မှာတော့ ဆီယန်နာနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ ဆရာမဆီကိုလိုက်သွားခဲ့ကြပါတယ်။ အဲ့ဒီရွာကိုရောက်ရောက်ခြင်းမှာပဲ ထူးခြားထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ အံ့ဩစရာတွေကိုသူတို့သုံးယောက်ဆက်တိုက်ဆိုသလိုကြုံဆုံခဲ့ရပြီး သူတို့ရောက်နေချိန်မှာပဲ ရွာသားတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ့်ကိုယ်ကိုသတ်သေကြတာတွေနဲ့ကြုံလာရချိန်မှာတော့..။ ဒီဖြစ်ရပ်ဆိုးတွေက ဘယ်အကြောင်းကြောင့်စတင်ခဲ့တာလဲ? သူတို့ဆရာမ နာယာကိုယ်တိုင်ရော ဘယ်လိုပတ်သက်နေမလဲ? အဲ့ဒီကျိန်စာကနေ သူတို့ရောလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကိုဆက်လက်ရှုစားကြပါ။ Jump scare တွေရောဇာတ်လမ်းနဲ့လှည့်ကွက်တွေပါကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:46:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Animation • Comedy • Family • Fantasy
6.8 2023
I Know When You Dead: Suicide Village Aku Tahu Kapan Kamu Mati: Desa Bunuh Diri
American Pie American Pie 1
7

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Pie (1999) IMDb Rating (7.0) ဒီကားကတော့ American Pie ဇာတ်လမ်းတွေရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး အရယ်ရဆုံးနဲ့ အကြိုက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးတော့မယ့် ကျောင်းသားအုပ်စုတစု ကောလိပ်မရောက်ခင် ကျောင်းနှုတ်ဆက်ပါတီမှာတင် လူပျိုဘဝကိုစွန့်လွှတ်နိုင်ရမယ်ဆိုတဲ့ သံဓိဌာန်တွေချပြီး ချစ်သူရည်းစားအသီးသီးရှာကြပါတယ်။ – ရည်းစားလဲမထားဖူး မိန်းကလေးတွေကို စကားတောင် ရဲရဲမပြောရဲသူဆိုပေမယ့် လုပ်ချင်တာလဲအလွန်ဖြစ်နေသူ ဝင်းနုသမားလေး Jim – ရည်းစားတော့ရှိပေမယ့် ခရီးအဆုံးထိမသွားဖူးလို့ အချိန်ကောင်းကိုစောင့်ဆိုင်းနေတဲ့ BJ သမားလေး Kevin – ရှိတဲ့ရည်းစားကို စောင်တလွဲတွေသွားပြောမိလို့ ဖြတ်ခံလိုက်ရပြီး လူမသိသူမသိကောင်မလေးကိုထပ်ကြိုးစားမယ့် ကဗျာသမားလေး Oz – လူနားမလည်တဲ့စကားတွေပြောလို့ အရင်က ဘယ်ကောင်မလေးမှစိတ်မဝင်စားပေမယ့် ဘယ်ကမှန်းမသိတဲ့ သတင်းတခုကြောင့်ကောင်မလေးတွေကြား ရေပန်းစားလာတဲ့ Finch – တွေ့သမျှချောက်တွန်း ရှိသမျှချကျွေး ကြုံသမျှဆော်တဲ့ သဘောကောင်းလူမိုက်ကြီး Stifler ဒီလို တကယ့်ကောင်တွေစုထားတဲ့ သူငယ်ချင်းအုပ်စုလိုက်ကြီး သူတို့ရည်မှန်းထားသလို ဖြစ်လာနိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်နဲ့ ခွီနေကြရမလဲဆိုတာ…….။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Romance • Comedy
7 1999 95 mins
American Pie American Pie 1
Mad Hairdressers
5.5

ဒီတစ်ခါမှာ CM ကနေဟာသဇာတ်လမ်းတိုတစ်ပုဒ်လေးနဲ့မိတ်ဆက်ချင်ပါတယ်။ လျိုကန့်ရှန်းလို့ခေါ်တဲ့လူကတော့ရပ်ကွက်ထဲမှာ အသံကောင်းဟစ်နိုင်ဆုံးဖြစ်ပြီး တကယ်တမ်းမှာအဖြစ်မရှိတာကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့ကို ဆန်ကုန်မြေလေးကိုခေါ်ကြတာပေါ့။သူ့မှာ သူအရမ်းချစ်ရတဲ့ဇနီးတစ်ယောက်ရှိပြီး အဲ့ဇနီးကရင်သားကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ်။ ဇနီးသည်ဆုံးပါးသွားတာတောင်မှ ဘာလုပ်ရမှန်းမသိ ဘာမှမလုပ်တတ်တဲ့လျိုကန့်ရှန်းတစ်ယောက် အကြွားလုံးတစက်မှမရှိပဲ ဇနီးသည်နဲ့အတူဖွင့်ထားတဲ့ ကန့်ရှန်းလက်ရာဆံပင်ညှပ်ဆိုင်ကိုပြန်သွားခဲ့တာပေါ့။ ဒါပေမဲ့ဘာမှမလုပ်တတ်တဲ့အပြင် ဇနီးသည်ရှိစဉ်တုန်းကတချက်မှဝင်မကူပေးခဲ့တဲ့ လျိုကန့်ရှန်းတစ်ယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရတော့ပါတယ်။ ဆိုင်ဌားခမပေးနိုင်လို့ အကြွေးတင်နေရပြီး ဇနီးသည်ရှိစဉ်ကပူးပေါင်းခဲ့တဲ့ ဆံပင်ထုတ်ကုန်ကုမ္ပဏီနဲ့လည်း စာချုပ်ဖောက်ဖျက်မှုကြောင့် လျော်ကြေးပေးရတာတွေ ရင်ဆိုင်ရတဲ့အပြင် ဇနီးသည်ကဓါတ်ကင်ဖို့ ပိုက်ဆံမရှိတာကြောင့် အိမ်ကိုပါအပေါင်ထားခဲ့တာတွေပါ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့ အလှဆုံးဆံပင်ညှပ်ဆိုင်ပြိုင်ပွဲရွေးချယ်ပွဲကြီးကိုကျင်းပပြီးတော့ သူ့ ဆံပင်ညှပ်ဆိုင်ဖြစ်တဲ့ကန့်ရှန်းဆံပင်ညှပ်ဆိုင်လည်း ရွေးချယ်ပွဲထဲပါဝင်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကတ်ကြေးတောင်မကိုင်ရဲတဲ့လျိုကန့်ရှန်းတစ်ယောက်က သူအရင်ကြွားထားတဲ့ ဆံပင်ညှပ်ဆရာရဲ့ခေါင်းဆောင်ဆိုတဲ့ကြွားလုံးနဲ့ ပိတ်မိပြီးအဲ့ရွေးချယ်ပွဲမှာ ဆိုင်ကိုယ်စားပြုဝင်ပြိုင်ဖို့ရာအကြောင်းဖန်လာပါတော့တယ်

5.5 2025
Mad Hairdressers
He Got Game

ဒီတစ်ခုကတော့ ကြာပြီပေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ Spike Lee ရိုက်ကူးထားပြီး American sports flim မျိုးပါ။ Plot အရဆိုရင် ဂျိတ်ခ်ရှက်တာဝေါ့ဆိုတဲ့လူက မိန်းမဖြစ်သူကို သတ်မှုနဲ့ အကျဉ်းကျနေတဲ့ထောင်သားတစ်ယောက်ပါ။ ဂျိတ်မှာ သားနဲ့သမီး နှစ်ယောက်ရှိပြီး သူ့ရဲ့သားဖြစ်သူဂျီးဆပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘက်စကက်ဘောမှာ တော်တော်လေးကို တော်တဲ့ကစားသမားဖြစ်တာကြောင့် ကျောင်းအကုန်လုံးနီးပါးက သူ့ကိုမျက်စိကျနေကြပါတယ်။ ဂျီးဆပ်ကိုယ်တိုင်ကလည်း ဘ၀ရဲ့အရေးအကြီးဆုံးဆုံးဖြတ်ချက်ဆိုတဲ့စကားတွေကြားမှာ ဘယ်တက္ကသိုလ်တက်ရမလဲ ဝေခွဲမရဖြစ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကဂျီးဆပ်က ဂျိတ်ခ်ရဲ့သားမှန်းသိတော့ သူတက်ခဲ့တဲ့ တက္ကသိုလ်ဘစ်စတိတ်ကို တက်ဖို့ သူ့သားကို သိမ်းသွင်းနိုင်ရင် ဂျိတ်ခ်ရဲ့ထောင်ဒဏ်သက်တမ်းလျှော့ချပေးမယ်ဆိုပြီး အပေးအယူလုပ်ခဲ့ပါတယ်။ ဂျိတ်ခ်က အဲဒါကိုလက်ခံလိုက်ပြီး ခံ၀န်တစ်ပတ်နဲ့လွတ်လာပြီး သူ့သားဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ကြားက ဘစ်စတိတ်ကို တက်ဖို့ သိမ်းသွင်းသွားနိုင်မှာလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ File size…(2.7 GB)/(1.4 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet khin

Drama • Comedy
0 1998
He Got Game
Lyvia’s House
6.5

၂၀၂၄ ခုနှစ်ထွက် IMDb 7/10 ရထာပြီး Rotten Tomatoes မှာလည်း Popcommenter တွေရဲ့ 100% ကျေနပ်မှုကို ရရှိထားတဲ့ ဒီစိတ်လှုပ်ရှားဖွယ်ရာသည်းထိတ်ရင်ဖိုဇာတ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင် ဝတ္ထုရေးဆရာမ Patricia V. Davis ဟာ ယောက်ျားဖြစ်သူအမျိုးတွေရှိရာ ဆူတန်ပြည်နယ်ကို လိုက်သွားပြီး ကျေးလက်ရဲ့အလှတွေနဲ့ ရွာခံတွေရဲ့အချစ်တွေကို ခံစားခံရပြီး ဒီအရာတွေကို ကမ္ဘာကြီးဆီချပြမယ်ဆိုပြီး ဝတ္ထုရေးပါတယ်။ အဲဒီဝတ္ထုကို Lyvia’s House ဆိုတဲ့ရုပ်ရှင်တစ်ကားဖြစ်လာအောင် သူနေထိုင်ရာအိမ်အသစ်နဲ့ သိပ်မဝေးတဲ့ သစ်သီးခြံတွေထဲက ရက်စက်တဲ့လူသတ်မှုကို ပေါင်းစပ်ပြီး အကောင်းဆုံး ပုံဖော်ပြသွားပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ သတင်းထောက်မလေး တာရာက အမေဖြစ်သူနဲ့စကားများပြီး သူရဲ့ပူပူနွေးနွေးရထားတဲ့ချစ်သူသစ်လေးနောက်ကို လိုက်သွားရှာပါတယ်။ တကယ်တမ်း သူ့ကောင်လေး ဂျော်နီက ဗိသုကာပညာရှင်တယောက်ဖြစ်ပြီး ကျေးလက်ဒေသတစ်ခုမှာ အလုပ်နဲ့သွားနေရမှာပါ။ အဲဒီတော့ တာရာလည်း သူကြီးပြင်းခဲ့ရာ လူမှုအသိုက်အဝန်းကနေ ထွက်ခွာပြီး ပျောက်ဆုံးနေခဲ့တဲ့ ပန်းချီဆရာမလေးလီဗီယာနေခဲ့ဖူးတဲ့အိမ်ကြီးမှာ ကောင်လေးနဲ့အတူနေဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ လီဗီယာရဲ့ပျောက်ဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀က ဒီဒေသမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေက တစ်နည်းနည်းနဲ့ဆက်စပ်နေတာကို သိသွားတဲ့အခါမှာတော့ ……… File Size… (1.57 GB) / (823 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre …..Fantasy , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Action • Thriller
6.5 2024 117 mins
Lyvia’s House