YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

House Of David 2025 S01 E04 1080p WEB-DL 5.1 [RMC].mp4

1.07 GB N/A video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In the Name of Love
7.5

In the name of love (2011) ၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။ မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.5Gb | 1.1GB | 512MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
7.5 2011 115 mins
In the Name of Love
Wedding Dress
7.3

ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ် အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5GB | 724MB | 352MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron

Action • Crime
7.3 2010 109 mins
Wedding Dress
Blade of the 47 Ronin
6.6

ဒီကားလေးကတော့ ဆာမူရိုင်းတွေ၊ နင်ဂျာတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းမယ့်ကားလေး တစ်ကားပါ။ ရှေးခေတ်က ဆာမူရိုင်းတွေကို ဒီဘက်ခေတ်အနေအထားနဲ့ ယှဉ်ရိုက်ပြထားတာ ဖြစ်ပြီးတော့ မင်းသားကြီး Keanu Reeves ရဲ့ နာမည်ကျော် (47) Ronin ရဲ့ spin-off ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားကတော့ ယူရေဆိုတဲ့ စုန်းမျိုးနွယ် တစ်ယောက်ဟာ ရိုနင်(၄၇)ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ပြီး ဆာမူရိုင်းတွေ အားလုံးကို ရှင်းပစ်ချင်နေသူပါ။ ယူရေကိုတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ဟာ ထန်ဂူဓားကို ကိုင်ဆွဲပြီး ယူရေကို သုတ်သင်ဖို့ပဲ ဖြစ်ပါတယ်။ ထန်ဂူဓားဆိုတာတော့ အင်မတန်စွမ်းအားကြီးတဲ့ ဓားဖြစ်ပြီး စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကို ပေါင်းစည်းမှသာ ရလာနိုင်မယ့် ဓားပါ။ ဒီတော့ ဆာမူရိုင်းတွေ အနေနဲ့ ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ကို ရှာတွေ့နိုင်ပါ့မလား၊ စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကိုရော ယူရေထက်အရင် ရှာတွေ့ပါ့မလား စုန်းမျိုးနွယ် ယူရေကိုရော နှိမ်နင်းနိုင်ပါ့မလား စတာတွေကို ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 1.1GB | 582MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leo Encoder ..... August

Action • Adventure • Comedy • Family
6.6 2022 106 mins
Blade of the 47 Ronin
Amsterdam
6.1

ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ဇာတ်လမ်းအကျဉ်း ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ခဏခဏ သတိပေးခံနေရတဲ့သူပါပဲ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စစ်ပြန်ကြီးကတော့ ဟာရိုးဝုမန်းဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့အတူ ၁၀ နှစ်ကျော်အလုပ်တွဲလုပ်နေခဲ့တာပါ။ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူနာပြု ဗယ်လာရီအဖြစ် မာဂေါ့ရော်ဘီက သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက် နဲ့  အာညာတို့အတွဲကတော့ အရေးပါတဲ့ ဇာတ်ကောင်လင်မယားနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်နေ့မှာ ရှေ့နေ ဟာရိုးကို ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးက အမှုအပ်လာတယ်။ သူ့အဖေ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်သေဆုံးမှုကို စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအမှုက ထင်သလို လူသေမှုလား လူသတ်မှုလား ခွဲရုံတင်မကဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးဖြစ်လာတဲ့အခါ.... File size…(1.5 GB)/(888 MB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Family • Fantasy
6.1 2022 134 mins
Amsterdam
Kelly's Heroes
7.4

~ IMDb - 7.6/10, Rotten Tomatoes - 78%~ စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.4GB, 791MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 24Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Thriller
7.4 1970 144 mins
Kelly's Heroes
The Girl and the Wooden Horse Torture
5.3

နာမီဆူချီယာဟာ စာတော်ပြီး ဆရာအရေးပေးခံရတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်ချို့ကျောင်းသူတွေမနာလိုဖြစ်ကြရအောင်လဲ သူတို့တွေကြိတ်ကြွေနေတဲ့ ခန့်ညားချောမောတဲ့ ဆရာဟာ နာမီ့အပေါ်ကို သိသိသာသာကြွေဆင်းနေခဲ့တာအမှန်ပါ။ ဆရာဟာ နာမီ့အပေါ်ကို စိတ်ကူးတွေယဉ်တယ်၊ နာမီကိုယ်တိုင်ကလဲ ဆရာက သူဒုက္ခရောက်နေတဲ့ အချိန်မှာ လာရောက်ကယ်တင်တတ်တဲ့အကြောင်း၊ ကယ်တင်ပြီးရင် သူ့ကိုရက်ရက်စက်စက်နှိပ်စက်ပြီးရင် မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့အကြောင်း အိမ်မက်တွေမက်တတ်တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက နှောင်ဖွဲ့မှု စိတ္တဇတွေ နက်ရှိုင်းလာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့မှတ်ချက်တွေထဲမှာ ဂျပန်တွေဟာ လက်တွေ့ဘဝမှာ လိမ်မာယဉ်ကျေးကြတဲ့ အပြင်ပန်းမျက်နှာစာကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ပြီးတော့ anime နဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ကူးတွေကို ရိုင်းချင်တိုင်းရိုင်းကြမ်းချင်တိုင်းကြမ်းခွင့်ပေးထားတာ သိပ်ကြိုက်တယ်ဆိုတဲ့ တစ်ခုကိုသဘောကျမိပါတယ်။ ဒီကားထဲမှာလဲ စိတ်ကူးယဉ်တဲ့အခန်းတွေတင်မက၊ လက်တွေ့ကျကျဆက်ဆံခန်းတွေမှာပါကြမ်းချက်တွေကတော့ ရုပ်ရှင်ကားကြီးမှ ဟုတ်ရဲ့လားလို့ပြန်ကြည့်ရလောက်အောင်ကိုကြမ်းလွန်းတာပါ။ ဒါကိုက ဇာတ်ကားရဲ့အနှစ်ပါပဲ။ Dark Side ဖက်ခြမ်းကို ဖော်ပြရာမှာတော့ ဂျပန်ကားတွေက အရင်ကတည်းက ကြမ်းနေခဲ့တာပါပဲ။ ( Dark Side Production မှ တင်ဆက်သည်။) File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:08:01 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Thriller
5.3 1982 68 mins
The Girl and the Wooden Horse Torture
Three Times
7.1

Directed by Hou Hsiao-Hsien တမြေ့မြေ့အောက်မြေ့ခြင်းကြားက ငါတို့ရဲ့ အခါခါလွဲခဲ့ကြခြင်းတွေ။ ပထမဆုံးရက်‌စွဲတစ်ဖြစ်လည်း နောက်ဆုံးရက်စွဲမှာ တို့ရဲ့အနက်ရောင်ဖဲထီးကလေးပေါ်မှာ မိုးရိပ်တွေလည်းဖြာလို့။ တစ်ခါတလေကျ နဖူးစာဟာ ကံကြမ္မာဆိုတာထက် ပိုပါတယ်။ ဆန္ဒ‌ပေါ့။ မနီးစပ်ခြင်းတွေကို အနီးဆုံးဆွဲကပ်ပစ်လိုက်နိုင်တာ လူနှစ်ယောက်ရဲ့ နီးစပ်ချင်စိတ်ပဲမို့လား။ သုံးခေတ်သုံးဖန် သုံးကြိမ်သုံးလီ နီးလာခြင်း‌ ဝေးသွားခြင်း မျက်ရည် မိုးစက်များ တိုင်ပေရဲ့ နီယွန်ည နှုတ်ခမ်းဖျားမှာ ခေတ်အဆက်ဆက်ဟာ စုထုံးလို့။ စီးကရက်နဲ့မိုးစက်တွေကို တစ်သားတည်းအဖြစ် မှတ်ယူလိုက်ကြတာပေါ့။ ဘောလုံးနဲ့ ၀င်ကျင်းဟာ ကျူတံရဲ့အတွေ့မှာ ဆုံစည်းကြရမှာပဲမလား။ ငါတို့သာသေချာခဲ့ရင် အရာရာဟာ သေချာနေပြီးသား။ Three Timesဟာ world cinemaရဲ့ leading figure တစ်ယောက်ဖြစ်သလို ထိုင်၀မ် New Wave Cinemaရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsienရဲ့ Second New Waveခေတ်‌အလွန်မှာ ရိုက်ခဲ့တဲ့ကားပါပဲ။ Houဟာ the assassin (2015)နဲ့ ကိန်းမှာ Best Directorဆုရထားတဲ့သူလည်းဖြစ်ပြီး ထိုင်၀မ်ရဲ့ နာမည်ကျော် Artဒါရိုက်တာ စာရင်း၀င်တစ်ယောက်ပါ။ cinematographer ကတော့ In the mood for loveကို ရိုက်ခဲ့တဲ့၃ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Houနဲ့ ရိုက်နေကျ Mark Lee Ping-bingဆိုတော့ ပြောစမရှိအောင် လှပါတယ်။ Actor Actressတွေကတော့ ကလေးပေါက်စနကတည်းက Edward Yangရဲ့ A brighter Summer Dayမှာ သရုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်နာမည်ကျော် ဒါရိုက်တာတွေဖြစ်တဲ့ ဝေါင်ကာဝေးတို့လူတွေရဲ့ လက်စွဲလည်းဟုတ်တဲ့ အန်းလီတို့ ဂျွန်ဝူးတို့လိုလူတွေပါ မကြာမကြာသုံးတဲ့ Chan Chenပါပဲ။ မင်းသမီးကတော့ houရဲ့ လက်စွဲတော် ပုရိသတွေရဲ့ အသည်းစွဲ ရှုကြည်ပါ။ Three Timesဟာ စီနီမာတို ၊ ပါဖောမင့်န် ဘာမှပြောစရာမရှိအောင်လှပြီး ခေတ်သုံးခေတ်ကို Hou စတိုင်နဲ့ အပြိုင်ပြသွားတဲ့ ထိုင်၀မ် Art Fillmအချစ်ကားကောင်းပါပဲ။ 2005မှာ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင်၀င်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ နယူးယောက်တိုင်းမ်က စာရင်းလုပ် တင်ပြခဲ့တဲ့ ၂၁ရာစုရဲ့အကောင်းဆုံး ရုပ်ရှင် ၂၅ထဲက တစ်ကားလည်းဟုတ်ပါတယ်။ ဟောင်ရဲ့ဟန်ဟာ ၀က၀လိုစတိုင်နဲ့ခပ်ဆင်ဆင်မျိုးကိုမှ ပိုရိုးရှင်းပြီး Realistic ပိုဖြစ်တာမို့ ၀က၀ ပရိသတ်တွေလည်း သဘောကျလောက်မယ့် ထိုင်၀မ် မာစတာပိစ်အချစ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.3GB) Quality__DVDRip IMDb Rating__6.9/10 Format__mp4 Duration__02:00:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Mystery • Science Fiction • Thriller
7.1 2005 130 mins
Three Times
Triad Election
7.3

~ IMDb – 7.3/10, RT – 96%, Meta – 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 575MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min IMDb rating – 7.3/10 Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7.3 2006 92 mins
Triad Election
Deadly Love Poetry
5

IMDb Rating/(5.0) Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွ‌လေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကား‌လုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်‌ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ‌ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ Ranum တစ်ယောက် စိတ်ပါလုလုအဖြစ်မျိုး။ ဒါပေမဲ့ အဲဒီမမကလည်း နောက်ကြောင်းမရှင်းတဲ့ စားဆော်ကြီး။ အဲဒီမမကြီးက သူ့ရဲ့ သူငယ်ချင်းဟောင်း ကောင်မလေးနဲ့ ပလူးနေပြန်ရော။ ဖက်ရှင်မမလည်း မကြာပါဘူး။ သေတာပဲ။ Ranum အပေါ် ဖောက်ပြန်သမျှလူတွေ အသေဆိုးနဲ့ သေလာရတဲ့အချိန် Ranum နောက်မှာ အကောင်အထည်မဲ့၊ လျှို့ဝှက်ဆန်းကြယ်အရာတစ်ခု အရိပ်လိုကပ်ပါလာခဲ့တယ်။ ဒီတော့ ဖောက်ပြန်သူတွေကို Ranum ကပဲသတ်တာလား။ အသံမပေး အကောင်အထည်မပြတဲ့ အဲဒီအရိပ်နဲ့ပဲဆိုင်နေသလား။ အဲဒီနောက်ပိုင်း ဘယ်လိုကြုံရမယ်ဆိုတာတော့ အင်ဒိုနီးရှား သရဲကားတွေရဲ့ Vibe နဲ့ ခံစားနိုင်ပြီဖြစ်ကြောင်းပါ။

5 2022
Deadly Love Poetry
Wild Bill
7.2

ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။ တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။ Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ Rating တွေနဲ့အညီ တကယ် မိုက်တဲ့ကားပါပဲ။ ဒါနဲ့ဒီထဲက သရုပ်ဆောင်နှစ်ယောက်က နာမည်ကျော် meme characters တွေပါ။ File size…(690 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:38:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Romance • Comedy
7.2 2011 98 mins
Wild Bill
Golden Doll
5.9

Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာ ပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာ မကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို့ မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။ ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်း သူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲ့ကနေပါ နှင်ထုတ်ပါတော့တယ်။ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင် တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ် ။ ဆရာမဖြစ်သူကလည်း တပည့်ဖြစ်သူ suicide လုပ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး တချိန်လုံးအပြစ်ရှိသလိုခံစားနေရပြီး စိတ်ချောက်ခြားနေတော့ သရဲခြောက်ခံရသလိုဖြစ်လာပါတယ် ။ ဒါနဲ့သူ့သူငယ်ချင်းကို ပြောပြလိုက်တဲ့အချိန်မှာ သူငယ်ချင်းက ကုမန်ထိုလို့ခေါ်တဲ့ ရွှေရောင်ရုပ်ထုလေးကို အိမ်မှာကိုးကွယ်ဖို့ပြောလိုက်တဲ့အချိန်ကနေစပြီး အိမ်မှာထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာပါတော့တယ် ။

Drama
5.9 2016
Golden Doll
Enemy at the Gates
7.5

Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Horror • Thriller
7.5 2001
Enemy at the Gates
Jodi
7

Jodi 2024 သီချင်းသည်လေးရဲ့ဘဝခရီး ဘာပဲနေနေ သီချင်းလေးဆိုလိုက်ရမှ နေသာထိုင်သာရှိတဲ့ရွာလေးက သီချင်းဝါသနာအိုး ပန်ချာပီလူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ စစ်တာရာဟာ ငယ်စဉ်ကတည်းက ပြဇာတ်တို့ သီချင်းဆိုတာတို့ကို အင်မတန်ဝါသနာထုံတဲ့ကလေးတစ်ယောက် ဒါပေမဲ့ဘဝကြီးကအခြေအနေမပေးတဲ့အပြင် မောင်နှမတပုံတပင်နဲ့ မိတဆိုးလေးဆိုတော့ မောင်နှမတွေကို ဂရုစိုက်ရဖို့က စစ်တာရာပခုံးပေါ်ရောက်လာပါတော့တယ်။ ဒါပေမဲ့ စစ်တာရာကတော့လက်မလျှော့ဘဲ သီချင်းတွေဆို သီချင်းတွေရေးဖို့ ရသလောက်ကြိုးစားနေဆဲပါပဲ။ ဒီလိုနဲ့ သူ့ရဲ့‌ မောင်နှမတွေ အရွယ်ရောက်လာချိန်မှာ အဆိုတော်ကြီးအနေနဲ့ အောင်မြင်အောင်လုပ်ဖို့ ရွာကနေထွက် မြို့တက်ဖို့အလုပ် သူ့လိုပဲ အဆိုပါရမီပါတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံဆည်းတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်)

Comedy
7 2024 143 mins
Jodi
Sunshine

Sunshine ဟာ ရုပ်ရှင်တစ်ခုသက်သက်သာမဟုတ်ဘဲ ဥရောပသမိုင်းရဲ့နှစ်ပေါင်းတစ်ရာ ရာစုနှစ်တစ်ခုလုံးကို ဟန်ဂေရီဂျူးမိသားစုတစ်စုရဲ့မျက်လုံးထဲကနေဖြတ်မြင်ရအောင်ဖန်တီးပြထားတဲ့အနုပညာလက်ရာတစ်ခုပါပဲ အော်စတို-ဟန်ဂေရီအင်ပါယာခေတ် နာဇီခေတ်နဲ့ကွန်မြူနစ်ခေတ် ခေတ်သုံးခေတ်ကိုဖြတ်သန်းခဲ့ရတဲ့ ဂျူးမိသားစု generation သုံးဆက်ကိုမြင်တွေ့ရမှာဖြစ်ပြီး အဘိုး အဖေနဲ့သားဖြစ်သူတို့ရဲ့ ခေတ်သုံးခေတ်မှာအသီးသီးကြုံတွေ့ခဲ့ရတဲ့ အစိုးရတွေရဲ့မတည်မြဲပြောင်းလဲတတ်တဲ့နိယာမတွေ, ဂျူးမုန်းတီးရေးဝါဒီတွေ ယုံကြည်မှုနဲ့သစ္စာဖောက်မှုတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ လူတွေရဲ့အသိအမှတ်ပြုခံရဖို့ကြိုးစားရင်း ရှုပ်ထွေးလှတဲ့နိုင်ငံရေးလှည့်ကွက်တွေအောက်မှာ ဘဝအန်ိမ့်အမြင့်အတက်အကျ နိုင်ငံရေးသားကောင်ဖြစ်ခဲ့ရတာတွေနဲ့ အချစ်နွံထဲမှာလဲပိတ်မိခဲ့တဲ့သားကောင်တွေအဖြစ်ပုံဖော်ထားတဲ့ ရသအစုံကိုခံစားရမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်။ Main lead ကလဲ ”ဗိုဒါမော့”လို့ဟယ်ရီပေါ်တာစီးရီးနဲ့လူသိများတဲ့ မင်းသားကြီး Ralph Fiennes ဖြစ်တာမို့ ဇာတ်လမ်းအရှိန်အတက်တွေအကျတွေနဲ့ တစ်ကားလုံးမပျင်းရဘဲနစ်မြောသွားရမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ခုလို့ညွှန်းလိုက်ပါတယ်နော်… File size…(3.1 GB)/(1.8 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, History, Romance War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si

Drama • History • Adventure
0 1999
Sunshine