YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

House Of David 2025 S01 E03 720p WEB-DL [RMC].mp4

461.69 MB N/A video/mp4 18 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Help
8.2

IMDb Rating (8.1) အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာ Ratingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က ၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။ လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်.... Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH

Drama
8.2 2011 146 mins
The Help
Chokher Bali
7.2

ဒီကားက အရှ်ရိုက်ဖူးတဲ့ တခြားဇာတ်ကားတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ စရိုက်မျိုးကို မြင်တွေ့ရမှာပါ... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီးမှ ယောက်ျားဖြစ်သူဆုံးသွားတဲ့ မုဆိုးမတစ်ယောက်ရဲ့ ခံစားချက်ကို ပီပြင်အောင်ပုံဖော်ထားတဲ့ ကားလေးပါ... ရှေးယခင် အိန္ဒိယမှာက လင်သေသွားရင် မယားကို လင်နဲ့အတူမီးရှို့သတ်ပစ်တာ နောက်အိမ်ထောင်ပြုလို့မရတာ ဟိုဟာမစားရ ဒီဟာမစားရ ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ စတဲ့ အယူသည်းမှုတွေရှိခဲ့တယ်... ဒီဂယက်က လွတ်လပ်ရေးမရခင် အစောပိုင်းကာလတွေအထိကို ရိုက်ခတ်လာခဲ့ပါတယ်.. ဘီနိုဒီနီဆိုတဲ့ လုံမပျိုလေးကတော့ အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ယောက်ျားဖြစ်သူဆုံးပါးသွားလို့ မုဆိုးဖြစ်ခဲ့ရပါတယ်..အရွယ်ကောင်းတုန်းမှာ လင်ယောက်ျားမရှိတဲ့အတွက် စိတ်ခံစားချက်ပေါင်းများစွာနဲ့ ခန္ဓာကိုယ်ရဲ့ လိုအင်ဆန္ဒတွေကိုမြိုသိပ်ထားခဲ့ရပါတယ်... ဒီလိုနဲ့ သူမဟာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ စိတ်ခံစားချက်တွေ ဖလှယ်မိလာတဲ့အခါ...။ မျက်ကန်းနွံထဲ ခြေစုံပစ်ခဲ့ရပုံတွေကို ဒီဇာတ်ကားမှာ သေသေသပ်သပ် ဖေါ်ပြပေးထားလို့ အမြင်ကျယ်စေမှာအမှန်ပဲ ဖြစ်ပါတယ်နော်... File size…2.4GB / 1.01GB Quality…1080p WEB RIP / 720p WEB RIp Format…Mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Music • Romance
7.2 2003 167 mins
Chokher Bali
Sanam Re
6.3

နောက်ထပ် ဆက်တိုက်ညွှန်းချင်တာကတော့ ဒီကားလေးပေါ့နော် :P နာမည်ကြီး မင်းသား မင်းသမီးတွေလဲ မဟုတ်။ ဒါရိုက်တာ ထုတ်တဲ့ ကုမ္ပဏီကအစ တစ်ခုမှ မသိပဲ ဘာကြောင့်ကြည့်ဖြစ်သွားလဲဆိုတော့ Sanam Teri Kasam ကို အရမ်းစွဲလန်းနေချိန်မှာ နာမည် ဆင်တာလေးတစ်ခုကြောင့် ထရေလာကိုကြည့်ဖြစ်တယ် သီချင်းတွေရှာကြည့်ဖြစ်တယ်။ ကြည့်ဖြစ်သမျှလဲ အကုန်ကြိုက် ဘယ်တော့ထွက်မလဲ လက်ချိုးစောင့်နေဖူးခဲ့တာရယ်။ထရေလာလေးနဲ့ ကြည့်ဖြစ်သမျှ သီချင်းလေးတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုဖြစ်လာ မလဲ ပုံဖော်ကြည့်ရတာက အရသာ တစ်မျိုး မဟုတ်လား။ သရုပ်ဆောင်တွေကလဲ တစ်ခါမှမမြင်ဖူးပေမယ့် အကုန်လုံး လက်ခံလို့ရတယ်။ အဓိက ဇာတ်ဆောင်မင်းသားက Ranbir Kapoor ပေါ်ကာစက ရုပ်မျိုး သူ့ထက် နည်းနည်းပိုချောတယ်။ မင်းသမီးဆိုရင် ပြောမနေနဲ့တော့ ငယ်ငယ်တုန်းက ရေလည်ကြွေခဲ့ရတဲ့ အကအလှ ဘုရင်မ လို့ လူတကာပြောကြတဲ့ Madhuri Dixit - Nene နုစဉ်အခါက ရုပ်မျိုး။ အဲ့ဒါတင်မကဘူး တစ်ခါတစ်လေ Juhi Chawla | Actress နဲ့ တူသလိုလို တစ်ခါတစ်လေကျတော့လဲ Sonali Bendre နဲ့လဲ တူပြန်တယ်။အဲ့ဒီလို တူတယ်ဆိုတာ ကိုယ်တို့နှစ်ယောက်လုံး သဘောချင်းညီနေတာ မယုံရင်တော့ ကြည့်ကြ။ ဇာတ်ပို့လို့ပြောရမယ့် ဒုတိယမင်းသမီး တစ်ယောက်ကတော့ ပြီးခဲ့တဲ့ နှစ်က miss universe ကို အိန္ဒိယ ကိုယ်စားပြုသွားပြိုင်ထားတာ။ မျက်နှာပေါက်က အရိုင်းဆန်ဆန် ကိုယ်လုံးကတော့ ရေလည်လှ။ very hot ပေါ့နော် :P နောက်ထပ် ချီးကျူးချင်တာက အဲ့ဒီ သရုပ်ဆောင် သုံးယောက်လုံးဟာ တစ်ယောက်အပေါ်တစ်ယောက် chemistry ရှိပြီး သရုပ်ဆောင်ချက်တွေဟာလဲ အသစ်တွေ အနေနဲ့ ပိုင်နိုင်ခဲ့ပါတယ်။ ဒီကားက ဂွမ်းတယ်ဆိုရင် script , director , editing ကြောင့်လို့ ပြောရလိမ့်မယ်။ အစကနေ အဆုံးထိ သည်းခံကြည့်ရင် ဇာတ်လမ်းမဆိုးဘူးဆိုတာ လက်ခံရလိမ့်မယ်။ သရုပ်ဆောင်တွေလဲ ကောင်းကြတယ်။ ဒါပေမယ့် အထက်က ပြောခဲ့တဲ့ သုံးမျိုးကြောင့်လာ မသိ ဇာတ်လမ်းကိုကြည့်ရတာ ကန်သင်းရိုး ပေါ် နောက်ပြန်ပစ်ထားတဲ့ အုတ်ခဲကျိုးတွေလိုပဲ။ ဦးတည်ချက်က မမှန် ဟိုရောက်လိုက် ဒီရောက်လိုက် ဘာကိုပြောလို့ ဘာကိုပြချင် မှန်း မသိ။ မင်းသား နဲ့ မင်းသမီးက အသက်ပေးရအောင် ချစ်တယ်ဆိုလဲ ဘာကြောင့် အဲ့လောက် ချစ်သွားတာလဲဆိုတာကို လူယုံအောင် မလုပ်ပြနိုင်။ ဒါရိုက်တာက အမျိုးသမီးပါ။ ရှေ့ကလဲ တစ်ကားရိုက်ဖူးတယ်။ သူကိုယ်တိုင်လဲ တော်တော်လှပါတယ်။ IMDb က တစ်ယောက်ကတော့ ထောပနာပြုသွားတယ်။ သူ့လင်က ထုတ်လုပ်ရေးပိုင်လို့ ဒါရိုက်တာအဖြစ် ထင်တိုင်းကြဲခွင့်ရနေတာ ဆိုပဲ။ ဟုတ်လောက်တယ်... ဒီကားကြည့်ပြီး အစအဆုံးထိုင်ရယ်နေတာ။ ဇာတ်သိမ်းကာနီးမှ မင်းသမီးကို မုဒ်အပြည့်နဲ့ ငိုနေတာ အားနာလို့ ငြိမ်ပေးလိုက်ရတဲ့အဖြစ်။ မင်းသား မင်းသမီး ဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် ဒါရိုက်တာ သတ်ရင် ရတယ်ဆိုတာ အခုမှ နားလည်တယ်။အခုလဲ ဒီကားထဲက သရုပ်ဆောင်တွေကို စပ်မြင်ကပ်လို့ ခေါ်သတ်လိုက်တယ်လို့တောင်ယူဆလို့ရတယ်။ IMDb 3.1 ပါ။ File size…(2 GB)/(870 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:55:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Action • Comedy • Horror
6.3 2016 120 mins
Sanam Re
Manam
8

Manam(2014) ************* ဘစ်တူဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာတောင် တောင်းတဲ့ဆုက ” အဖေနဲ့အမေ ဘယ်တော့မှ ရန်မဖြစ်ပါစေနဲ့ ” တဲ့.. လင်မယားရယ်လို့ ဖြစ်လာရယ် ကတောက်ကဆရှိကြတယ်ဆိုပေမဲ့ မိဘပေးစားပြီး ယူခဲ့ကြတာဆိုတော့ အဖေနဲ့အမေဖြစ်သူဟာ လိုအပ်တဲ့ပွင့်လင်းမှုတွေမရှိကြတော့ ချစ်ကြပေမဲ့ မလိုအပ်ဘဲ စကားတွေခဏ ခဏများကြတယ်..ပြဿနာတစ်ခုကြောင့် ကားတိုက်မှုဖြစ်ပြီး အမေဆုံးသွားခဲ့တယ်..မကြာပါဘူး ဖခင်ဖြစ်သူလည်းဆုံး သွားခဲ့တော့ ဘစ်တူတစ်ယောက် လောကကြီးတစ်ယောက်တည်းပေါ့.. ဒါပေမဲ့ အမေနဲ့အမေကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူး..သူဟာ မိခင်ရှိစဉ်က ဆန္ဒအတိုင်း အချမ်းသာဆုံးဖြစ်စေချင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားနိုင်ခဲ့တယ်.. အခုဆိုရင် သူဟာ အထင်ကရ သူဌေးကြီးဖြစ်နေပြီ..ဒီလိုနဲ့ တစ်နေ့တော့ လေယာဉ်စီးနေရင်း ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်..အဖေဖြစ်သူပြန်ဝင်စားတယ်လို့ ယုံကြည်သွားတဲ့အပြင် မိခင်ဖြစ်သူလည်း ဒီအချိန်လူပြန်ဝင်စားမှာပဲ ထပ်ဆင့်တွေးမိပြီး လူဝင်စား အဖေနဲ့အမေကို ရှာပုံတော်ဖွင့်ပါတော့တယ်.. ရယ်လည်းရယ်ရသလို မိသားစုပြဿနာလေးတွေ ကိုဖြေရှင်းဖို့ ပြသထားတဲ့ကားကောင်းလေးဖြစ်တာမို့ ခံစားကြည့်ကြပါဦး… File Size :(3.32GB) (1.43 GB) and (438MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Thwin Encoded by Phyo Pyae

Horror • Thriller
8 2014
Manam
Woman with the Red Lipstick
5.5

Woman with the Red Lipstick (2024) =========================== ဂျာနယ်လစ်မလေး လူစီကာဗာတစ်ယောက် ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဆောင်းပါးရေးဖို့ အ ကြောင်းဖန်လာတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ လူစီက ‌အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်တာနဲ့အညီ ဆောင်းပါး ကောင်းတစ်ခုရေးဖို့အတွက် ဇာတ်လမ်းတစ်ခုရှာနေတာဖြစ်နေ တယ်။ တစ်နေ့ သူသတင်းကြည့်နေတဲ့အချိန်မှာ မက်ဂ်နိုလီယာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားတဲ့အမှုကို သူ အတော်လေးစိတ်ဝင်စားသွားတယ်။ မက်ဂ်နိုလီယာ့အကြောင်း မစုံစမ်းဖို့နဲ့ ဆောင်းပါးမရေးဖို့အတွက် လူအများတားနေတဲ့ကြား ထဲကနေ အလုပ်အပေါ်အရမ်းစိတ်နှစ်ပြီး သူ့‌ကိုနောက်ယောင်ခံ လိုက်နေတဲ့လူရှိတဲ့အပြင် ချစ်သူကောင်လေးနဲ့ပါပြတ်သွားပါတော့ တယ်။ ဒီလိုအကြပ်အတည်းတွေကြားထဲကနေ လူစီတစ်ယောက် ဘယ်လိုအမှုဖော်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမဲ့ဇာတ် ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.44 GB) / (520 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

Drama
5.5 2024 88 mins
Woman with the Red Lipstick
The Uninvited
6.3

The Uninvited (2009) ================= IMDb – 6.3/10 ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယစိတ်ကပိုကြီးထွားလာပါတယ်။ ဒီလိုနဲ့ အန်နာ နဲ့ အဲလက် တို့ညီအစ်မနှစ်ယောက် သူတို့အမေကိုသတ်တဲ့ တရားခံကိုဖော်ထုတ်ပုံကို စိတ်လှုပ်ရှား တုန်လှုပ်ဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thiha Kyaw ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha Kyaw (Theo Kat)

Drama • Action
6.3 2009
The Uninvited
Jungle Chase
5.7

နယ်စပ်မြို့တစ်ခုက ဂိုဒေါင်အပျက်တစ်ခုမှာ စိတ်လှုပ်ရှားစရာ ဖမ်းဆီးမှု အစီအစဉ်ကြီးတစ်ခု စတင်နေပါတယ်။ အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ယွမ်ဟိုင်ယန်ဟာ အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချန်စန်းဖူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်မှာတော့ ယွမ်ဟိုင်ယန်ကို စခန်းမှူးလျိုချန်ကျွင်းက ချန်စန်းဖူအဖြစ် ဟန်ဆောင်ပြီး ပြည်ပမှ ငွေအတုရိုက်နှိပ်ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယွမ်ဟိုင်ယန်က သူလျှိုလှုပ်ရှားမှု လုပ်နေစဉ် ယောက္ခမလောင်းဖြစ်သူ ရွှဲယုံနဲ့အတူ ခရီးသွားဘတ်စ်ကား တစ်စီးတည်းမှာ လိုက်ပါလာခဲ့ပါတယ်။ ဒုစရိုက်သမားတွေဟာ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားကို သစ်တောထဲကို ပြန်ပေးဆွဲပြီး မောင်းခိုင်းခဲ့ပါတယ်။ အချင်းချင်း အမြင်မကြည်နေတဲ့ ယောက္ခမလောင်းနဲ့ သမက်လောင်းတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒုစရိုက်သမားတွေရဲ့ လက်ထဲကနေ ယွမ်ဟိုင်ယန်တို့ ထွက်ပြေးလွှတ်မြောက်နိုင်လိမ့်မလား…… သစ်တောထဲမှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ပြည့်နှက်နေမလဲ.

Drama • Music • Romance
5.7 2024
Jungle Chase
Jade Dynasty
6

စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ… ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း…. မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား… အရသာပဲပေါ့နေမလား… ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား… ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့…

6 2019 101 mins
Jade Dynasty
Simbaa
7.7

Simbaa 2024 အမှန်တရား အောက်ပိုင်းသေနေတဲ့ယောကျာ်းဖြစ်သူ၊သမီးလေးတစ်ယောက်နဲ့ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့အက်ရှာလေး ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး မဆိုးလှတဲ့လစာနဲ့ ဒီမိသားစုကိုတော့သူကောင်းကောင်းကြီးလုပ်ကျွေးနိုင်ခဲ့တယ် စိတ်ထားလှသူတစ်ယောက်မို့ ရပ်ကွက်ထဲကလူတိုင်းချစ်ခင်မှုကိုရရှိထားသူဆိုလည်းမမှားဘူးပေါ့ ဒါပေမဲ့လူအများမသိတဲ့အက်ရှာရဲ့အမှောင်ခြမ်းရှိပါတယ် အဲဒါကတော့ တစ်နေ့ မီးပွိုင့်မိနေတုန်း လူတစ်ယောက်ကသူ့ကိုကားနဲ့ဝင်တိုးမိတယ် အဲဒီအချိန်ကစ အက်ရှာကအက်ရှာမဟုတ်တော့ဘဲ စိတ်ရိုင်းတွေဝင်ပြီး ကားနဲ့တိုက်တဲ့လူနောက်တကောက်ကောက်လိုက်ရင်း ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ် ဒီအမှုကိုလိုက်ဖို့ အထူးစုံစမ်းရေးပါခေါ်ထားရတဲ့အနေအထားထိဖြစ်လာခဲ့တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ အက်ရှာကရော ဘာလို့ခုလိုအကြောင်းအရင်းမရှိ စိတ်ရိုင်းဝင်ရလဲဆိုတဲ့အကြောင်းရင်းခံကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

7.7 2024
Simbaa
Strange Darling
7.5

Strange Darling (2024) IMDb Rating (7.5) / Rotten Tomatoes (95%) Horror, Thriller ကားသစ်တစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတာ ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူးဆိုတဲ့ကားအမျိုးအစားပါပဲ။ ဇာတ်ကွက်ကို အစဉ်လိုက်ဖော်ပြတာမဟုတ်ဘဲ Non-linear အနေနဲ့ Chapter အခန်းတစ်ခုစီနဲ့ ၆ ခန်း ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစဉ်လိုက်ကတော့ ကြည့်ပြီးရင် အလိုလို ရှင်းသွားမှာပါ။ ဒီအတိုင်းစီထားတာ ဖြစ်ပါတယ်။ Chapter 3: WILL YOU HELP ME? PLEASE? Chapter 5: HERE KITTY, KITTY Chapter 1: MISTER SNUFFLE Chapter 4: THE MOUNTAIN PEOPLE Chapter 2: DO YOU PARTY? Chapter 6: WHO’S GARY GILMORE? Epilogue: THE ELECTRIC LADY ဇာတ်လမ်းအကျဉ်း မိန်းကလေးငယ်တစ်ယောက်နဲ့ သက်လတ်ပိုင်းယောကျာ်းတစ်ယောက်တို့ ဘားမှ ခင်မင်လာပြီး ဟိုတယ်တစ်ခုမှ အပျော်ရှာဖို့ ဝင်တည်းကြတယ်။ နှစ်ယောက်လုံးက စိတ္တဇသမားတွေဖြစ်နေပြီး အပျော်ရှာတဲ့ညကနေ စိန်ပြေးလိုက်တမ်း လူတွေသတ်တမ်းကစားပွဲအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သူတို့နှစ်ယောက် အချင်းချင်းသတ်ဖို့ ကြိုးစားရင်း တွေ့တဲ့သူတွေကိုလည်း ကြုံသလိုသတ်ရင်း ဗြောင်းဆန်နေတာကို ကြည့်ရမှာပါ။ ဒါမျိုးကြိုက်တတ်ရင်‌တော့ ကြည့်သာကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File size…(5.4 GB) / (1.7 GB) / (830 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:37:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

7.5 2024 98 mins
Strange Darling
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love
The Arrival

နေ့ခင်းကြောင်တောင် နယူးယောက်မြို့မှာရှိတဲ့ အရက်ဘားတစ်ခုကို လာထိုင်ကြတဲ့ မိန်းကလေးတွေ နဲ့ ဘားပိုင်ရှင်သားအဖတွေ ဘယ်လို ပတ်သက်မှုလေးတွေ ရှိနေတာလဲဆိုတာကို မပျင်းရဘဲ ဟာသလေးတွေနှောပြီးတင်ဆက်ထားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ ဇာတ်ကောင်တွေအနေနဲ့ကတော့ ဂျာနယ်လစ်တစ်ယောက်နဲ့ သူ့သူငယ်ချင်း သူဌေးသမီးလေး ၊ ကိုယ့်ကိုကိုယ် “ရှေ့နေ” လို့ အမြဲပြောတတ်တဲ့ ရှေ့နေ မဖြစ်သေးတဲ့ ဥပဒေကျောင်းသူလေး နဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေး ၊ ပြီးတော့ စာရေးဆရာတစ်ယောက် နဲ့ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကောင်ဖြစ်တဲ့ ဘားက အဖျော်ဆရာကောင်မလေး ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အပြုအမူတွေ ၊ လောကကြီးကို စိတ်ကုန်ပြီး ဘားကို လာသမျှ လူတိုင်းကို ရွဲ့ပြီး ပြန်ပြောတတ်တဲ့ သူ့ရဲ့အကျင့်ကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ ဒီဇာတ်ကားရဲ့အကောင်းဆုံးအပိုင်းက ဒိုင်ယာလော့တွေလို့ ပြောရမှာပါ…သူငယ်ချင်းအချင်းချင်း စကားပြောပုံတွေက အရမ်းကို ရင်းရင်းနှီးနှီးရှိပြီး သဘာဝကျနေတာရယ် မျက်နှာအမူအရာတွေကအစ ဆွဲဆောင်မှုရှိနေတာရယ်က ဒီဇာတ်ကားကိုကြည့်နေရင်း အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် ခံစားရစေမှာပါ File size…(734 MB)/(400 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Aung Kyaw Htet

0 2024
The Arrival
Amongst the Wolves
5.4

Amongst the Wolves (2025) Danny က အာဖဂန်စစ်ပွဲကနေ ပြန်လာပြီး PTSD ရှိတဲ့ အိမ်ခြေမဲ့ စစ်သားဟောင်းတစ်ဦးဖြစ်တယ်။ သူက သူ့ရဲ့သားလေးကို အုပ်ထိန်းစောင့်ရှောက်ခွင့်လိုချင်ပေမဲ့ သူ့ရဲ့ဇနီးက အိမ်ခြေမဲ့ဖြစ်နေတဲ့ Danny ကို သားလေးနဲ့ တွေ့ခွင့်မပေးတဲ့ ပြဿနာတွေလည်းရှိနေတယ်။ အဲဒီအချိန်မှာ Power ဆိုတဲ့ မူးယစ်ဆေးခေါင်းဆောင်နဲ့ အဖွဲဆီက ထွက်ပြေးနေတဲ့ Will လိုခေါ်တဲ့ ဆယ်ကျော်သက် အိမ်ခြေမဲ့ကောင်လေးနဲ့ Danny တိုတွေ့ပြီး သံယောဇဉ်တွေ တွယ်လာကြတယ်။ Danny က Will ကို မူးယစ်ဆေးမှောင်ခိုအဖွဲကနေ ဘယ်လိုတွေကာကွယ်ပေးပြီး သူ့အတိတ်ကအမှားတွေကို ပြန်ပြင်မလဲ၊ Power ရဲ့ ရန်ကနေ သူ့မိသားစုအပေါ်ခြိမ်းခြောက်မှုတွေပါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုစရာ အခန်းတွေနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:43:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Thriller • Crime • Mystery
5.4 2025 102 mins
Amongst the Wolves
Always Smile
7.9

Always Smile (2025) IMDb Rating (7.9) ဒီဇာတ်လမ်းကိုတော့ ဆုရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထိုင်း-ကိုရီးယား-အမေရိကန် လူမျိုးဖြစ်တဲ့ ဒါရိုက်တာ Jaosn Park ကိုယ်တိုင် တည်းဖြတ်ပြီး ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကို ပေးနာထားတဲ့အပြင် အာရှသားတွေရှုထောင့်ကနေ ဘဝကိုရုံးကန်ရတဲ့ပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင်တစ်ထောင့်တစ်နေရာကနေရိုက်ကူးထားတာဖြစ်တဲ့အပြင် ကြည့်လိုက်သူတိုင်း စိတ်နဲ့ထိတွေ့အောင်လည်း တကယ်ကြိုးစားအားထုတ်ထားပြီးမှ အောင်မြင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်း ဝမ်းနည်းစရာကားမတော်တဆတစ်ခုနဲ့ကြုံပြီး ချစ်ရတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ဇနီးဖြစ်သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ အဲလက်စ်ဆိုတဲ့သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ သူ့ရဲ့ညီဂျွန်နီတစ်ယောက်သာကျန်ပါတော့တယ်။ ညီဖြစ်သူကလည်း ၁၀ ကျော်သက်အရွယ်ကုန်လုဆဲဆဲဖြစ်လို့ ကောလိပ်ဆက်တိုက်ဖို့ရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူအဲလက်စ်က ငွေကြေးပြည့်စုံမှုမရှိပေမယ့်လည်း အချိန်ပြည့်အလုပ်လုပ်ပြီး သူ့ညီကိုကျောင်းမထားထားနိုင်အောင် ပိုက်ဆံကြိုးစားရှာခဲ့ပါတယ်။ ပိုဆိုးတာတစ်ခုက သူတို့မှာနေစရာအိမ်တောင်မရှိဘဲ နှစ်ယောက်က ဗင်ကားတစ်စီးပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ကြရသူပါ။ အစ်ကိုဖြစ်သူက မနက်ဆိုညီကိုကျောင်းသွားပို့၊ ပြီးရင်အလုပ်သွား၊ ညနေအချိန်ကျ သူ့ညီကိုပြန်လာခေါ် ကားပေါ်မှာပဲညစာစား၊ နှစ်ယောက်သားအချိန်ယူပြီး ဗင်ကားနောက်ခန်းမှာပဲအိပ်ကြရတာပါ။ ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကြုံတွေ့နေရတဲ့ဘဝလောကဓံတွေအပေါ် တစ်စက်မှုငြိုငြင်ခြင်း လက်လျှော့ခြင်းမရှိဘဲ မိမိအခန်းကဏ္ဍအလျောက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ညီဖြစ်သူက မထင်မှတ်ထားဘဲနဲ့ အခြားပြည်နယ်ကကျောင်းတစ်ခုမှာ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ ဒါကို ဝမ်းပမ်းသာလို့ ဟိုတယ်မှာတစ်ညသွားအပန်းဖြေဖို့ လုပ်ကြတဲ့ညီအစ်ကိုနှစ်ယောက်တို့ရဲ့ အခန်းဘေးမှာ ညီဖြစ်သူ ဂျွန်နီရဲ့ကောင်မလေးက သူတို့နှစ်ယောက်လက်ရှိတက်နေတဲ့ကောလိပ်က အိမ်ထောင်ရှိပြီးသားကျောင်းဆရာဖြစ်သူနဲ့ မတရားမေထုန်ပြုနေပါတယ်။ ဒါကိုသိသွားတဲ့ အစ်ကိုဖြစ်သူဟာ ဂျွန်နီ့ကို ချော့မော့ပြီး ဘဝကြီးအကြောင်း တရားချဖို့လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ညီအစ်ကိုနှစ်ယောက်လုံးရဲ့အမေကလည်း တစ်ချိန်က သူတို့ကလေးတွေကို ပျိုးထောင်ဖို့အတွက် အဖော်အချွတ်လုပ်ခဲ့ရသူပါ။ ဒါကြောင့် မကောင်းတာလုပ်တဲ့သူတိုင်း မကောင်းတဲ့စိတ်ရှိမှောမဟုတ်ဘူးဆိုတဲ့အကြောင်းကို အဲလက်စ်က သူ့ညီဂျွန်နီ့ကိုတရားချပါတယ်။ ဒါပေမဲ့လည်း ညီဖြစ်သူကို ထိမ်ချန်ထားတဲ့ အကြောင်းအရာတချို့လည်း သူ့မှာရှိသေးပါတယ်။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်လုံးဘဝဟာ နောက်ဆုံးကျ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (560 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 01:25:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

7.9 2025 85 mins
Always Smile