YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hospital.Ship.2017.EP05.WEB-DL.1080P(CM).mp4

851.8 MB N/A video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Flying Colors
7.4

ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ခေတ်ပေါ်ဖန်စီရှုပ်ရှုပ်ယှက်ယှက်တွေအများကြီးဆင်ယင်ထားတဲ့၊ ကလေးဆန်တဲ့ခေတ်ကောင်မလေး လို့ပဲ ဆိုကြပါစို့။ Kudo Sayaka ဟာ ဆံပင်ရွှေရောင်ဆိုးထားတဲ့ Gyaru တစ်ယောက်ဖြစ်ပါတယ်။ သာမန်မိန်းကလေးအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်ရောက်နေတဲ့ Sayaka ဟာ ကျောင်းစာကိုလုံးဝ(လုံးဝ)ကိုစိတ်မဝင်စားသလို အနာဂတ်အတွက်လည်းဘာမှအပူအပင်ရှိစရာမလိုပဲ အတန်းချိန်မှာ အေးအေးလူလူ စကားပြောလိုက်၊ မိတ်ကပ်လိမ်းလိုက်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်နေ့တော့ Sayaka ဆီကနေ ဆေးလိပ်ဘူး မိပြီးနောက် သူ့သူငယ်ချင်းတွေကိုပါဖော်ကောင်လုပ်ဖို့ ငြင်းဆန်တဲ့ Sayaka တစ်ယောက်တည်း ကျောင်းနားခံလိုက်ရပါတယ်။ စာမေးပွဲအမှတ်တွေကလည်း အားရစရာ၊ ဟိုးအောက်ကကို မတက်တဲ့ကြားထဲ ဒီလိုပြဿနာတွေဖြစ်လာတဲ့ Sayaka ဟာ အထက်တန်းဒုတိယနှစ်၊ နောက်နှစ်ဆို တက္ကသိုလ်ဝင်တန်းဖြေရတော့မယ် ဆိုတော့ အမေဖြစ်သူက စိတ်မအေးနိုင်ပဲ အပြင်ကျူရှင်အပ်ဖို့ လုပ်လာရပါတယ်။ အမေဖြစ်သူခေါင်းမီးတောက်နေချိန်မှာ အဖေဖြစ်သူကတော့ Sayaka ရဲ့မောင်လေးဖြစ်သူ Ryuta ကို ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့သာအားသန်လျက်ရှိပါတယ်။ သူကိုယ်တိုင်မဖြစ်ခဲ့ရလို့ သားဖြစ်သူအပေါ် ရည်မှန်းချက်ထားလွန်းတဲ့ ဖခင်ဖြစ်သူဟာ Sayaka နဲ့အငယ်ဆုံးညီမလေးကို လုံးလုံးဂရုမစိုက်တော့ပဲ ဘေ့စ်ဘောပဲရူးနေတာပေါ့။ ဒါကလည်း Sayaka တစ်ယောက် ဒီလိုပုံစံဖြစ်လာဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကကျောင်းခဏခဏပြောင်းရပြီး၊ သူငယ်ချင်းဖွဲ့ရမှာကြောက်တတ်တဲ့ Sayaka ကို ပထမဆုံးနွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့ သူငယ်ချင်းသုံးယောက်က သူ့လိုပဲမထူးခြားနား Gyaru တွေဖြစ်ကြပြီး၊ ကျောင်းမှာအမွှေဆုံးအုပ်စုအဖြစ် ထင်ရှားပါတယ်။ ဒီလို Sayaka ကို တက္ကသိုလ်ဝင်တန်းအတွက်ပြင်ဆင်ဖို့အတွက် အမေဖြစ်သူက အပြင်ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ Tsubota Yushitaka ဆီအပ်ပါတယ်။ ပထမဆုံးနေ့မှာအစမ်းtestလေးတစ်ခုဖြေခိုင်းတော့ အားရစရာ ဇီးရိုးကိုက်၊ဥမကွဲတဲ့ Sayaka ကို သြချမိပေမယ့် လက်တော့မလျှော့သေးပါဘူး။ ထူးခြားတဲ့သင်ကြားမှုပုံစံနဲ့ Tsubota ဟာ တပည့်တွေအကြိုက်ကိုလိုက်ပြီး၊ရင်းနှီးမှုရယူ ၊ ပြီးတော့ သူတို့စိတ်အားတက်အောင် များများချီးကျူးပေးပြီး သင်ကြားတတ်တဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလို ဥမကွဲတာကိုတောင် ပြန်ပြီး၊ ချီးကျူးလိုက်တော့ ဆရာတွေဆီမှာတစ်ခါမှချီးကျူးမခံရဖူးတဲ့ Sayaka တစ်ယောက် နည်နည်းတော့ပျော်သွားပါတယ်။ Tsubota က ရည်မှန်းချက်မြင့်မြင့်ထားဖို့ပြောပြီး၊ သူရွေးပေးလိုက်တဲ့ ကျောင်းက ဂျပန်နိုင်ငံရဲ့ ထိပ်ဆုံးကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Keio University ဖြစ်နေပါတယ်။ Tsubotaရဲ့ မက်လုံးကတော့ Keio က ကောင်လေးတွေချောတယ်လို့နာမည်ကြီးပါတယ်တဲ့။ test ရလဒ်တွေအရဆိုရင် လေးတန်းလောက်သာသာ ပညာရေးအဆင့်ရှိတဲ့ Sayaka က Keio သွားမယ်ဆိုတော့ သူ့အမေကလွဲလို့ အားလုံးရယ်ကြတာပေါ့။ အထူးသဖြင့် သူတို့အတန်းပိုင်ဆရာက (သူကလည်း မွှေလွန်းတဲ့ Sayaka တို့အုပ်စုကို မျက်မုန်းကျိုးနေတာ) Keio ဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုပြီး ၊ စကားနိုင်လုကြရာက Sayaka နဲ့ ကျောင်းရှေ့မှာအင်္ကျီချွတ်ကြေး အလောင်းအစားလုပ်ကြပါတော့တယ်။ အဲဒီမှာပဲ အစကဟာသတစ်ခုလိုသဘောထားရာက Sayaka ဟာ သူ့ရဲ့ Keio ပန်းတိုင်ကို နည်းနည်းseriousထားလာပြီး၊ နောက်ပိုင်း အိမ်မှာ ပြဿနာတွေတက်ကြရာက အဖေဖြစ်သူခနဲ့တဲ့စကားတွေကို မခံချင်တဲ့စိတ်နဲ့ ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမယ့် ကျောင်းစာမရရုံတင်မဟုတ် ပြင်ပဗဟုသုတပါလုံးဝမရှိတဲ့ Sayaka (သူဟာ Santa Clause နဲ့ Ultraman တို့ကိုအပြင်မှာတကယ်ရှိတယ်လို့ယုံပါတယ်) ကို Tsubotaအတွက် စာသင်ပေးရတာလွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်သလို နေ့ချင်းညချင်းလည်းအဆင့်တွေဝုန်းခနဲတက်မလာပါဘူး။ ဒါပေမယ့် သူ့ရဲ့ တပည့်တွေစိတ်ဝင်စားမှု၊ အကြိုက်ပေါ်လိုက်ပြီး၊ မတူညီတဲ့ချဉ်းကပ်မှုအမျိုးမျိုးနဲ့ (ဥပမာ Idol ကြိုက်သူဆိုရင် Idol တွေနဲ့၊ Anime ကြိုက်သူဆိုရင် Anime နဲ့၊ Game ကြိုက်သူဆိုရင် Gameနဲ့) သင်ကြားပေးတဲ့စနစ်ဟာ အလုပ်ဖြစ်လာမယ်လို့ စွဲစွဲမြဲမြဲယုံကြည်ထားသူပါ။ အချိန်တွေကုန်လွန်လာတာနဲ့အမျှ Sayakaတစ်ယောက် သူ့ကိုချစ်လွန်းတဲ့အမေအတွက် ရည်မှန်းချက်အပေါ် ပိုစိတ်အားထက်သန်လာပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုက သူ့ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ရည်မှန်းချက်ကို သားဖြစ်သူအပေါ် အတင်းဖိသွင်းတတ်တဲ့ဖခင်၊ ဝါသနာပါတာမလုပ်ရပဲ ဘေ့စ်ဘောပဲကစားနေတဲ့ မောင်ဖြစ်သူ၊ Sayaka ရဲ့ အချစ်ဆုံးသူငယ်ချင်း မိGyaruလေးတွေ၊ သူတို့ကျူရှင်မှာပဲလာအပ်ထားတဲ့ နာမည်ကျော်ရှေ့နေမျိုးရိုးရဲ့ သား မောင်Yankee(ကျောင်းလူမိုက်)လေး၊ နောက်ဆုံး ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းနေတဲ့ Tsubota ကိုယ်တိုင်ဆီမှာ လွှမ်းမိုးမှုတွေဖြစ်လာပါတော့တယ်။ တစ်ရက်မှာတော့ အင်္ဂလိပ်စာတစ်သက်မှာတစ်ခါမှမအောင်ဖူးတဲ့ Sayaka တစ်ယောက် အမှတ်၇၀ ထိရခဲ့ပြီးနောက်မှာတော့ … သူမအနေနဲ့ Keio တက္ကသိုလ်ရှေ့မှာ fresher ကျောင်းသူတစ်ယောက်အနေနဲ့ ဓာတ်ပုံရိုက်ခွင့်ကြုံနိုင်မလား .. ဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ ပုံမှန်တွေ့နေကျ အထက်တန်းကျောင်းနောက်ခံဂျပန်ဇာတ်ကားတွေနဲ့ တော်တော်လေးကွဲပြားနေတာကိုတော့ ဇာတ်လမ်းအကျဉ်းဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကိုယ်တိုင်မမြင်ဖူးတော့မသိပေမယ့် ဒီဇာတ်ကားထဲက မိန်းကလေးအထက်တန်းကျောင်းတွေနဲ့ Gyaru character တွေကိုသရုပ်ဖော်ပြမှုဟာ တော်တေ်ာလေးမှန်ကန်တယ်လို့ ဆိုကြပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ စာစိတ်မဝင်စားပဲ အလှအပ၊အပျော်အပါးပဲမက်တဲ့ ပေါ့ပျက်ပျက်ကောင်မလေးကို အသိတရားရအောင်စာသင်ပေးတဲ့ဇာတ် လို့ ခေါင်းကြီးတပ်နိုင်ပေမယ့် အဓိကဇာတ်ကောင် ကောင်မလေး Sayaka ရဲ့ ကြီးပြင်လာပုံ ၊ ပြီးတော့ သူမရဲ့လက်ရှိမိသားစုအခြေအနေတွေပါထည့်တွက်ကြည့်လိုက်တော့ ခုနကလိုလွယ်လွယ်ပြောလို့မရတော့တာ တွေ့ရမှာပါ။ တစ်နေရာမှာတော့ ကျောင်းကအတန်းပိုင်ဆရာကနေ ကျူရှင်ဆရာ Tsubota ကိုလာပြီးသတိပေးတဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါပြီး၊ ကျွန်တော်တို့အနေနဲ့သိပ်နားမလည်တဲ့ ကျူရှင်နဲ့ကျောင်းကြီးကြားက အားပြိုင်မှု၊ တက္ကသိုလ်ဝင်ခွင့်အားပြိုင်မှုတွေဘာတွေကို သရုပ်ဖော်ထားတာက သူတို့ပြည်တွင်းကလူတွေအနေနဲ့ ပိုrelateဖြစ်နိုင်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးတွေလို့ ဆိုရမှာပါ။ ပိုပြီးသဘောကျစရာတစ်ချက်ကတော့ ပြသချိန်၂နာရီအတွင်းမှာ Sayaka ရဲ့ လေးတန်းအသိဉာဏ်နဲ့ အထက်တန်းကျောင်းသူလေးအဖြစ်ကနေ Keio ဝင်ခွင့်စာမေးပွဲကြီးဆီသို့သွားရာလမ်းအတိုင်း ကိုယ်ကိုယ်တိုင်ဘေးကလိုက်ပြီး၊ ဖြတ်သန်းခဲ့ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တာပါ။ ဘယ်လိုပြောရမလဲ။ ကြည့်ရှုသူပရိသတ်အနေနဲ့ ဇာတ်လမ်းအစက Sayaka နဲ့ အဆုံးက Sayaka က တစ်ယောက်တည်းပေမယ့် ဘာတွေကွဲပြားသွားသလဲဆိုတာ အသေအချာမြင်နိုင်ပြီး၊ ဘာလို့ဒီလိုပြောင်းလဲသွားသလဲဆိုတာ သိနေတဲ့ပုံစံမျိုးပေါ့။ Sayaka တစ်ယောက်တည်းမဟုတ်ဘူး။ ပါဝင်တဲ့တစ်ခြားဇာတ်ကောင်တွေလည်း ဇာတ်လမ်းပြီးတဲ့အချိန်မှာ အနည်းငယ်စီကွဲပြားပြောင်းလဲသွားကြတဲ့ပုံစံလေးတွေ တွေ့ကြရမှာပါ။ ဒါကလည်း ဒါရိုက်တာ Doi Nobuhiro (Hanamizuki ၊ Kirin no Tsubasa) ရဲ့ ရိုက်ကူးမှုနဲ့ pacing တွေကို ချီးကျူးရမှာဖြစ်သလို Sayaka အဖြစ်ခေါင်းဆောင်ပါဝင်တဲ့ မင်းသမီး Arimura Kasumi (Strobe Edge)ရဲ့ သရုပ်ဆောင်စွမ်းရည်အပါဝင် တခြား ဇာတ်ပို့castတွေရဲ့ ကောင်းမွန်တဲ့performance တွေကြောင့်လည်း အများကြီးပါပါတယ်။ ရုပ်ရှင်ထဲမှာပဲကွာ ကြိုးစားရတာလွယ်မှာပေါ့ လို့ဆိုချင်ဆိုလိမ့်မယ်။ ဒါပေမယ့် တကယ်မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့ ။ အပြင်မှာလည်း ဒီလိုမျိုးသာဓကတွေရှိတာပဲ ။ မှန်ကန်တဲ့သင်ကြားလမ်းပြမှု နဲ့ လက်တွေ့ကြိုးစားမှုနဲ့ ပေါင်းစပ်လိုက်ရင် အောင်မြင်တာ၊မအောင်မြင်တာ အသာထား ၊ ပြောင်းလဲမှုတစ်ခုခုကိုတော့ပြုလုပ်နိုင်စွမ်းရှိကြတာပဲ မဟုတ်လား။ ပြောရရင် ဒီဇာတ်လမ်းကိုယ်တိုင်ကိုက ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ Tsubota Nobutaka ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်လို့ဆိုတဲ့ စာအုပ်ကို ရိုက်ကူးထားတာပဲလေ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီဇာတ်ကားပြီးဆုံးသွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ raw feeling လေးတစ်ခုနဲ့တင် လက်ရှိရောက်နေတဲ့နေရာကနေ နည်းနည်းပဲဖြစ်ဖြစ် ကြိုးစားချင်စိတ်လေးတစ်ခု ပေါ်လာမိလိမ့်မှာတော့ အသေအချာပါပဲ။ ။ #Samuri (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို myotaku.club မှ Samuri (Soe Nyein Oo) မှ တင်ဆက်ထားတာပါ။) File size…(1.3 GB)/(670 MB) Quality….BluRay 1080p/720p Format…mkv Duration….01:56:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Samuri

Thriller
7.4 2015 117 mins
Flying Colors
There’s Something Wrong with the Children
4.9

အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။ horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။ File size…(1.92GB) / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

4.9 2023 92 mins
There’s Something Wrong with the Children
Anegan
6.7

Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်း IMDb — 6.7/10 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ……. မာဒူလေးက အခုလိုမျိုး ဘာလို့ အတိတ်ဘဝအကြောင်းတွေကို မှတ်မိနေရတာလဲ ….. မာဒူလေးမှတ်မိနေတဲ့အတိတ်ဘဝအကြောင်းတွေကရော အစစ်အမှန်ပဲလား ထင်ယောင်ထင်မှားဖြစ်တာလား…… ဆိုတာတွေကို ကုလားကားပရိသတ်များအကြိုက် ဘဝပေါင်းများစွာနဲ့အတူ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Yunni ကရေးသားပြီး CM Bollywood Team က ဘာသာပြန်ဆိုထားတာပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror
6.7 2015 154 mins
Anegan
Taeter Burger
5.5

ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ ဇာတ်ကားတစ်ကားပါ။ သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ် သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်း လုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ၊ စီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလို အခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာ ပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်…။ လက်ကျန်အစိုးရအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကို သုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကို ကျွေးမွေးထားပါတယ်…။ အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေ တဖြည်းဖြည်းနည်းသွားသလို စားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ် ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.59 GB / 812 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 15m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

TV Movie • Comedy • Romance
5.5 2023 75 mins
Taeter Burger
Lola

ခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ “Lola” ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ဒီထဲမှာ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ စိတ်ဒဏ်ရာတွေ၊ လူငယ်တွေကြားက ချစ်ခြင်းမေတ္တာ၊ကူညီရိုင်းပင်းမှုတွေနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေ၊ အခက်ခဲတွေနဲ့ ကြုံလာတဲ့အခါ ဆုံးဖြတ်ချက်က အရေးပါပုံတွေကို ခေတ်ဆန်ဆန်လေးနဲ့ မပျင်းရအောင် ရိုက်ကူးပြသပေးထားတာဖြစ်လို့ ခုပဲ ခံစားကြည့်ရှုလိုက်ရအောင်နော် မင်းသမီးလေးရဲ့ နာမည်ကတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ Lolaပါ… Lolaကတော့ ‘ယောက်ျားလေးဖြစ်ပေမယ့် သူ့အစ်မလို မိန်းကလေးဖြစ်ချင်နေတဲ့ မောင်လေးဖြစ်သူ Arlo’ ကို မငြိုငြင်ချစ်ပေး မောင်လေးစိတ်ချမ်းသာအောင် ခေတ်လူငယ်ပီပီ supporting အပြည့်ပေးတဲ့အစ်မတစ်ယောက်ပေါ့.. ဒါပေမဲ့ အမေဖြစ်သူက‌‌ေတာ့ lolaလိုမဟုတ်ဘဲ ဘာသာရေးလည်းအယူသီးပြီး သားဖြစ်သူအဲ့လိုဖြစ်နေတာကို ရွံစရာလို့ ခံယူကာ lolaကိုပါ အပြစ်သားတစ်ယောက်လိုဆက်ဆံနေတဲ့အခါမှာ‌ေတာ့ သူတို့ရဲ့မိသားစုဘဝဟာ toxicဆန်နေပါတော့တယ် အဲ့လို Toxic ဖြစ်နေတဲ့ မိသားစုကနေ မောင်လေးကို ကယ်ထုတ်နိုင်ဖို့အတွက် အလုပ်ကြိုးစားပိုက်ဆံတွေစုရင်း lolaတစ်‌ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူတို့မောင်နှမနှစ်ယောက် ဒီလို toxic family ကနေ ရုန်းထွက်နိုင်သွားမလား ကျရှုံးသွားမလားဆိုတာကတော့…. File size…(1.6 GB)/(714 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

0 2024
Lola
The Hangman

သားအဖနှစ်ယောက် တောတွင်းတစ်နေရာမှာ စခန်းချရင်း မနက်နိုးလာတဲ့အခါ သားလုပ်တဲ့သူ ပျောက်သွားလို့ ဖခင်ဖြစ်သူ လီယွန်က အနီးအနားမှာ လိုက်ရှာရင်း အကူအညီတောင်းကြည့်လိုက်တဲ့အခါ နယ်ခံအချို့က Hangman လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုးကွယ်ကာ ထိုနတ်ဆိုးကို ငရဲကနေ လွှတ်ပေးဖို့ ကြိုးစားနေတဲ့အပြင် သူ့သားကိုလည်း ထိုနတ်ဆိုးကိုးကွယ်သူတွေက ဖမ်းသွားတာကို သိလိုက်ရပါတော့တယ်။ သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေက ဘာလို့လိုချင်တာလဲ။ လီယွန်ကရော သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေနဲ့ နတ်ဆိုးလက်ထဲကနေ ကယ်တင်ပေးနိုင်ပါ့မလား။ နတ်ဆိုးကရော ငရဲကနေ လွတ်ပြီးကမ္ဘာမြေပေါ်ကို တက်လာမလား စတာတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(652 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
The Hangman
A Kiss Before Dying
6.7

Rt – 100% IMDb – 6.7 စာရေးဆရာ Ira Levin ရဲ့ A Kiss Before Dying ဝတ္တုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ 1956 ခုနှစ်ထွက်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်သစ် သည်းထိတ်ရင်ဖိုရုပ်ရှင်တွေရဲ့ အစဦးပိုင်းရုပ်ရှင်လို့ပြောလို့ရပြီး ဇာတ်လမ်းအသွားအလာကလည်း mystery thriller သမားတွေတွေ သဘောကျမှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါ်ရသီ ကင်းရှစ်ဟာ ကင်းရှစ်မိုင်းတွင်းပိုင်ရှင် သူဌေးကြီးရဲ့ သမီးငယ်ဖြစ်ပြီး လက်တန်မြို့မှာ တက္ကသိုလ်လာတက်ရင်း ကောင်လေးတစ်ယောက်နဲ့ တိတ်တခိုးငြိစွန်းခဲ့ပါတယ်။ တနေ့မှာ မတော်တဆကိုယ်ဝန်ရသွားခဲ့တာကြောင့် လက်ထပ်ဖို့ကိစ္စကောင်လေးကိုပြောတဲ့အခါမှာ ကောင်လေးကလည်း သူတို့ရဲ့မိသားစုပိုင်းမိုင်းတွင်းတွေကိုလိုချင်လို့ ကြံခဲ့သူပီပီ အကြောင်းမျိုးစုံပြပြီး ဒေါ်ရသီရဲ့ အဖေကို တရားဝင်ပြောပြဖို့ပဲ တိုက်တွန်းနေခဲ့ပါတယ်။ ဒီလိုမဟုတ်ရင် ဒေါ်ရသီကိုအမွေပြတ်စွန့်လွှတ်နိုင်တဲ့အတွက် သူတဘဝလုံးကြံနေခဲ့တဲ့ မိုင်းတွင်းလုပ်ငန်းကိုရဖို့ ဘယ်လိုလုပ်ရပ်မျိုးတွေအထိ လုပ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Crime, Film-Noir, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.7 1956 94 mins
A Kiss Before Dying
Poison Hunting Operation
5.8

CM ရဲ့ ပရိသတ်တွေအတွက် မူးယစ်စုံထောက် ရုပ်ရှင်ကို အပျင်းပြေကြည့်ရအောင် Poison Hunting Operation ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ခန့်က ယွီဖေးရဲ့ အဖေဖြစ်သူ ပါမောက္ခယွီဟာ မူးယစ်ဆေးအသစ် MG32 ကိုထုတ်လုပ်ခြင်းကို တားမြစ်ဖို့အတွက်နဲ့ အသက်ပေးလိုက်ရပါတယ်။ မူးယစ်ဂိုဏ်းခေါင်းဆောင် ရှားခွင်းကလည်း ထွက်ပြေးသွားခဲ့ပါတယ်။ နှစ် ၂၀ ကြာတဲ့အချိန်မှာတော့ နိုင်ငံခြားမှာ မူးယစ်သုံးပြီး သေသွားတဲ့ လူသေမှုတစ်ခုကြောင့် MG32 ရဲ့ သဲလွန်စကို ရှာတွေ့သွားပြီး ရှားခွင်းလည်း ပြန်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်နေတဲ့ ယွီဖေးဟာ ရဲအဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာမူးယစ်ဂိုဏ်းကြီးတစ်ခုကို ဖမ်းဆီးချေမှုန်းဖို့ ကြိုးစားပါတော့တယ်။ ယွီဖေးတို့တစ်တွေ မူးယစ်ဂိုဏ်းကြီးကို အပြတ်ရှင်းနိုင်မလား…… ဒီမူးယစ်တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ဘာတွေကို ရင်းနှီးစတေးရမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ကြည့်လိုက်ရအောင်နော်။

Drama • Romance
5.8 2024
Poison Hunting Operation
After the Sunset
6.2

After the Sunset (2004) **************************** အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာ တစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေ စိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့ စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့ မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံက Paradiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။ ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက် စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။ ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။ မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။ တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။ FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။ သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်း​ပေါ်က ​ဒေသခံ ဂိုဏ်း​တစ်ခုကပါ ပါ၀င်လာတဲ့ အချိန်မှာ​တော့…… IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ရှိတဲ့ ဒီကားဟာ Comedy, Actionနဲ့ Crime တို့ ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။ မင်းသားကြီး Pierce Brosnan၊ Woody Harrelsonနဲ့ မင်းသမီး Salma Hayekတို့က အဓိက သရုပ်​ဆောင်ထားကြပြီး မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကား​ကောင်း တစ်ကား ဖြစ်ပါတယ်။ File Size : (1.92GB) and (884 MB) Quality : Blu-Ray 1080p, Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by K Encoded by AHtet

6.2 2004 97 mins
After the Sunset
Nosferatu: A Symphony of Horror Nosferatu, eine Symphonie des Grauens
7.8

Nosferatu: A Symphony of Horror (1922) IMDb Rating (7.8) / Rotten Tomatoes (97%) အခု နာမည်ကြီးနေတဲ့ Nosferatu 2024 ရဲ့ မူရင်းရုပ်ရှင် ဂန္ဓာဝင်ကြီးကို တင်ဆက်ပေးထားပါတယ်။ သမိုင်းတလျှောက်အကောင်းဆုံး ဟော်ရာရုပ်ရှင်စာရင်းထဲမှာ ပါဝင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်မှာ ၁၉၇၂ အထိ ပိတ်ပင်ခံရဖူးပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းခဲ့ပေမဲ့ ရုပ်ရှင်ရဲ့အပြင်လောက ဇာတ်သိမ်းကတော့မလှခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ဘရမ်စတုတ်ကာရဲ့ ဒရက်ကူလာဇာတ်လမ်းကို မူပိုင်ခွင့်မဝယ်ယူဘဲ မှီငြိမ်းရိုက်ကူးခဲ့တာကြောင့် စတုတ်ကာ ကတော်က တရားစွဲတာခံခဲ့ရပါတယ်။ ထုတ်လုပ်သူတွေက လျော်ကြေးမပေးနိုင်လို့ ဒေဝါလီ ခံလိုက်ရပြီး တရားရုံးက ဖလင်နဲ့ မိတ္တူအားလုံးကိုဖျက်ဆီးဖို့ အမိန့်ချခဲ့တာပါ။ ဒါပေမဲ့ အချို့သောမိတ္တူတွေ ဖျက်ဆီးမခံရဘဲ ကျန်နေခဲ့လို့ အခုလို ကြည့်ရှုခွင့်ရကြတာပါပဲ။ ဒီထဲက ဇာတ်ဝင်ခန်းရိုက်ကူးခဲ့တဲ့ အဆောက်အဦးတွေကိုလည်း အခုအထိ အဲဒီအပြင်အဆင်အတိုင်းပါ ထိန်းသိမ်းထားပါသေးတယ်။ Wismar and Lübeck ဂျာမန်မြို့တွေမှာ တွေ့နိုင်ပါတယ်။ ဒရက်ကူလာရုပ်ရှင်တွေထဲမှာ ရှေးအကျဆုံးလို့ပြောလို့လည်းရပါတယ်။ ဘာလို့လဲဆိုတော့ Dracula’s Death (1921) က ၁၉၂၃ ကျမှ ထုတ်နိုင်ခဲ့လို့ပါ။ နေရောင်ကြောင့် ဗမ်ပိုင်းယားတွေသေတဲ့သဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဘရမ်စတုတ်ကာရဲ့ မူလ ဒရက်ကူလာဟာ နေ့ဘက်မှာမထွက်တတ်ပေမဲ့ နေရောင်ကြောင့်သေတာမဟုတ်ဘဲ သစ်သားချွန်ကြောင့် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအကျဉ်းနို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာပြီး ကယ်တင်စရာလမ်းမရှိချိန်မှာပဲ ဟက်တာကတော် အယ်လန်ဟာ အဖြေတစ်ခုကိုတွေ့သွားတဲ့အခါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(3.4 GB) / (4.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Horror Duration….01:35:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr. Anderson

Comedy • Drama
7.8 1922 95 mins
Nosferatu: A Symphony of Horror Nosferatu, eine Symphonie des Grauens
The Gorge
7.5

The Gorge (2025) TMDb Rating (7.5) / Rotten Tomatoes (61%) မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပြီ။ ဒါရိုက်တာကတော့ Doctor Strange ရဲ့ ဒါရိုက်တာဖြစ်တဲ့ Scott Derrickson ပါပဲ။ အက်ရှင်ကြမ်းကြမ်း ခပ်ရိုရိုကားကြည့်ချင်ရင် လက်လွတ်မခံပါနဲ့။ ဇာတ်လမ်းအကျဉ်း လီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။ တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပါတယ်။ တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။ အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်က လုံးဝ ဆက်သွယ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဆက်သွယ်မိသွားပြီး ရင်းနှီးပြီးသွားပြီးနောက်မှာမှ သူတို့ ကင်းစောင့်ရတဲ့နေရာရဲ့ ကြောက်စရာလျှို့ဝှက်ချက်တွေကိုတွေ့လာပြီး အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(4.6 GB) / (1.9 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Horror, Romance, Sci-Fi Duration….02:07:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Horror • Action • Thriller • War
7.5 2025 127 mins
The Gorge
The Legend of Ochi
6.3

The Legend of Ochi (2025) IMDb Rating (6.3) / Rotten Tomatoes (77%) ဒီနောက်ပိုင်း ထုတ်လုပ်ရိုက်ကူးရေးပိုင်းမှာ အတော်လေး နာမည်ရပြီး ရုပ်ရှင်ကောင်းတွေ ဖန်တီးလာတဲ့ A24 Studio ရဲ့ ဇာတ်ကားအသစ်လေးပါ။ နာမည်ကြီး မင်းသားကြီး William Dafoe , Stranger Things ထဲက ကလေးသရုပ်ဆောင် Finn Wolfhard တို့ဦးဆောင်ပါဝင်ထားတဲ့ The Legend of Ochi ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေ သူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်းလိုက်ပါလာခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cyberboy ဖြစ်ပါတယ်။) File size… (2.4 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Family, Fantasy Duration…. 01:36:20 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Cyberboy

Drama • Thriller
6.3 2025 95 mins
The Legend of Ochi