YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hong Seok Cheon's Jewelry Box (2023) S2E04 WEB-DL 720P (CM).mp4

123.44 MB N/A video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Star Dancer

Star Dancer (2023) အိုဒတ်ဆာဟာ မနီလာမှာရှိတဲ့ ဘဲလေးကျောင်းတစ်ကျောင်းမှာ ပညာသင်ဆုရခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ ခြေထောက်မှာဒဏ်ရာရခဲ့ပြီး အနားယူရာကနေ ဘယ်တော့မှ ဘဲလေးပြန်မကနိုင်တော့ဘူးဆိုတာသိရပြီး ကျောင်းထွက်ခဲ့ရပါတယ်။ အဆောင်အတူနေ သူငယ်ချင်းကောင်မလေးတွေက သူတို့အလုပ်လုပ်တဲ့ကလပ်မှာ Dancer အဖြစ်လျှောက်ဖို့ပြောလို့ လိုက်သွားခဲ့မိရာကနေ ကလပ်ပိုင်ရှင်ရဲ့သား ပရင်စ့်ဆိုသူက မျက်စိကျပြီး မြှောက်စားတဲ့နောက် သူဟာ Lakeside ဆိုတဲ့ကလပ်မှာ Star Dancer တစ်ယောက်ဖြစ်လာပါတော့တယ်။ မပြေလည်တဲ့ မိသားစုကိုထောက်ပံ့နေရတဲ့ သူ့အတွက် ကလပ်ကရတဲ့ ညကြေးတွေနဲ့တင် မလုံလောက်တဲ့အခါ အခန်းဝင်ဖို့ တစ်ဆင့်တက်ဖို့ ကမ်းလှမ်းတာတွေကြုံရတဲ့ကြားက ပရင်စ့်ရဲ့မျက်နှာကိုထောက်ပြီးသူထိန်းချုပ်ထားခဲ့ပေမယ့်လည်း တစ်ချိန်တုန်းက ကလပ်ရဲ့ Star Dancer ဟောင်း ဂျီဆဲလ်ဆိုတဲ့ မိန်းမလှလေးပြန်ရောက်လာတဲ့အချိန်မှာတော့ အခြေအနေတွေတစ်မျိုးတစ်ဖုံပြောင်းလဲလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျီဆဲလ်ဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ရုံမက သူ့လက်ရှိချစ်သူ ပရင်စ့်ရဲ့ရည်းစားဟောင်းတစ်ယောက်လည်းဖြစ်နေလို့ပါပဲ။ ရင်းနှီးပြီးသားဖြစ်လောက်မယ့် မင်းသမီးချောလေး Denise Esteban နဲ့ ပြီးခဲ့တဲ့ Stalkers Series မှာ Apple အဖြစ်၊ Pantaxa Laiya မှာ Host အဖြစ် ပါဝင်ခဲ့တဲ့ Rose Van Ginkel တို့ရဲ့အကအလှ အကြီး အကျယ် ပြိုင်ဆိုင်မှုတွေကိုဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 2023
[18+] Star Dancer
Splash
6.2

မင်းသားကြီး Tom Hanksကားမို့ မကောင်းမှာမပူရတဲ့အပြင် သူ့ရဲ့ငယ်ရွယ်စဉ်တုန်းကဆင်ခဲ့မှုကို ရှုစားရမှာပါ။ ဒါအပြင် မင်းသမီးကြီး Daryl Hannahကတော့ အခုတောင် အတော်လန်းတဲ့ဘွားတော်ကြီးဆိုတော့ ငယ်စဉ်က ဘယ်လောက်လှခဲ့မလဲ ဒီဇာတ်ကားထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ခင်ဗျားတို့မကြည့်ဖူးလောက်သေးတဲ့ မင်းသားကြီးTom Hanksရဲ့ ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရအောင်ဗျာ။ လူတွေဟာ လက်တွေ့ဘဝမှာနေထိုင်ရပေမဲ့ စိတ်ရဲ့တစ်ထောင့်တစ်နေရာမှာတော့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေနဲ့ ပျော်မွေ့ချင်ကြတာပဲမဟုတ်လား။ ဒီဇာတ်ကားလေးမှာလည်း အလုပ်ဂျပိုးတစ်ယောက်ဖြစ်သူ Allenဟာ ငယ်ငယ်က ရေနစ်စဉ်မှာ ရေသူမလေးတစ်ယောက်က လာကယ်ဖူးတာကို ထင်ယောင်ထင်မှားတစ်ခုအမှတ်နဲ့ပဲ စိတ်ထဲမှာမှတ်ထားသူပါ။ မိဘတွေကချန်ရစ်ခဲ့တဲ့လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်ရင်း ရည်းစားတော့ထားပါရဲ့ အချစ်ဆိုတာ ဘာမှန်းမသိသူပေါ့။ အချစ်မခံရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲသွားတဲ့ရည်းစားကြောင့် အရက်မူးမူးနဲ့တစ်ညမှာ ငယ်စဉ်ကရေနစ်ဖူးတဲ့နေရာကိုသွားဖို့ ညတွင်းချင်းပဲဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေရာကိုအရောက်မှာ သူငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရေသူမဆိုတာဟာ အမှန်တကယ်ပဲလား ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ File Size :(3.5GB)(1.3GB) and (391MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Action
6.2 1984 111 mins
Splash
It's a Wonderful Life
8.3

~ IMDb - 8.6/10, RT - 93%, Meta - 89% ~ It's a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can't Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It's a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It's a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It's a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It's a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 615MB Quality - 1080p, 720p, 480p IMDb Rating - 8.6/10 Format - mp4 Duration - 2H 10Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Comedy • Romance
8.3 1946 130 mins
It's a Wonderful Life
Luck
7.9

~ IMDb rating - 6.3/10 ~ Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။ တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating - 6.3/10 Format - mp4 Duration - 1H 45Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Adventure • Animation • Family • Fantasy • Science Fiction
7.9 2022 105 mins
Luck
The African Desperate
5.7

Coming of Age, Comedy အမျိုးအစား​လေးဖြစ်လို့ ​ပေါ့​ပေါ့ပါးပါးကြည့်ချင်ရင် အကြိုက်​​တွေ့မယ့်ကား​လေးပါ။ ဒီကားကို တချို့က အနုပညာလောကကို အမြင်ကျဉ်းကျဉ်းနဲ့ကြည့်ထားတဲ့ ကျယ်ပြန့်တဲ့ရုပ်ရှင်ကားလို့ဆိုကြတယ်။ အနုပညာကျောင်းက ကျောင်းမပြီးခင် နောက်ဆုံးနေ့တစ်နေ့က မိန်းကလေးတစ်ယောက်ရဲ့ အတွေ့အကြုံကို ရိုက်ပြထားတာပေါ့။ Aquarius မိန်းက​လေး Palace ရဲ့ ​ကျောင်းမပြီးခင် ၂၄ နာရီအတွင်း ကြုံရတဲ့ အခက်အခဲ အ​တွေ့အကြုံ​တွေကို ဟာသ​လေး​နှောပြီး ရိုက်ပြထားတဲ့ကား​လေးပါ။ ဒီကားဟာ အနုပညာကျောင်းတွေအပေါ် အမြင်သစ်နဲ့ ရိုက်ပြထားတဲ့ကားဖြစ်ပြီး Street Photography တွေကို Reference လုပ်ထားတဲ့ စီနီမာတိုဂရပ်ဖီတွေ၊ ခပ်ကြမ်းကြမ်း နောက်ခံတေးဂီတတွေကိုလည်း သုံးထားပါတယ်။ ပွဲဦးထွက်ကားမှာတင် ဒီလိုခပ်လန်းလန်းကားကို ရိုက်ပြနိုင်တဲ့ အမေရိကန်ဒါရိုက်တာမ Martine Syms ရဲ့ ကိုယ်တိုင်ခံစားမှုတွေလည်းပါဝင်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ အနုပညာကျောင်းကဘွဲ့တစ်ခုရဲ့ သို့လောသို့လော အခြေအနေကို ကိုယ်တိုင်သုံးသပ်ရှုမြင် ခံစားရမယ့်ကားလေးပါပဲ။ တစ်ဘဝလုံး ယုံကြည်လာသမျှကို အချိန်တစ်ရက်က ဖောက်ခွဲပစ်နိုင်လားဆိုတာကို The African Desperate ဆိုတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့သက်ဝင်ခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Aung Thwin Tun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 740MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 27Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Aung Thwin Tun Encoded by Y

Comedy • Fantasy • Horror
5.7 2022 97 mins
The African Desperate
Hollow
6

ရုပ်ရှင်ဆိုတာ တော်တော်မှော်ဆန်တဲ့အရာပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သီချင်းတစ်ပုဒ်နား‌ထောင်၊ ကဗျာတစ်ပုဒ်ဖတ်ပြီး၊ ပန်းချီကားတစ်ကားကို ခံစားသင့်တယ်လို့ ဆိုတယ်။ ရုပ်ရှင်အစစ်တွေကတော့ ဒီ၃ခုလုံးကို ပေါင်းစပ်ထားတဲ့အရာတွေပါပဲ။ ကဗျာဆန်မှုကိုလည်းခံစားရတယ်။ အလှပဆုံးစီနီမာကိုလည်းခံစားရတယ်။ နောက်ခံတေးဂီတရဲ့ အရသာကိုလည်း ခံစားနိုင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် ရုပ်ရှင်တွေကို သိပ်ချစ်ခဲ့တာပါပဲ။ တာကော့စကီးတို့ အင်ဂမာဘတ်ခ်ျမန်းတို့ အဘတ်ကီယာအိုစတမိတို့ အိုဇုတို့ရဲ့ ရုပ်ရှင်တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေကြတယ်။ ဝေါင်ကာ‌ဝေးတို့ Shunji Iwai တို့ ဝူဒီအယ်လန်တို့ရဲ့ ရုပ်ရှင်တွေမှာ အချစ်ရဲ့ ၀မ်းနည်းစရာကဗျာဆန်မှုကို ကျွန်တော်တို့ တွေ့ရှိကြတယ်။ ပတ်ချန်းဝုတို့ လီချန်းဒုံတို့ စတန်လေကူးဘရစ်တို့ ရုပ်ရှင်တွေမှာ လောကရဲ့တခြားမျက်နှာတွေကို မြင်ရကြတယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ မာတင်စကောဆေးစိတို့ စတီဗင်စပီးဘာ့ခ်ျတို့ကတော့ လောကအသစ်တွေ‌ဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။ Schindler's List ထဲက နာရီလို ၊ Life Is Beautiful ထဲက ဟာသမဟုတ်တဲ့ ဟာသလို၊ Midnight In Paris ထဲက မိုးဖွဲဖွဲအောက်က ပါရီရဲ့ညလို၊ Casablanca သီချင်းလို၊ Hugo ထဲက ရုပ်ရှင်လို ၊ Chungking Express ထဲက California dreamin'လို၊ တာကော့စကီးရုပ်ရှင်ထဲက အိပ်မက်တွေလို ရုပ်ရှင်က ကျွန်တော်တို့ အသည်းတွေကို သိမ်းဆည်းသွားခဲ့တာတွေတော့ မနည်းဘူးပေါ့။ ရုပ်ရှင်ဟာ အသည်းကို တစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စစချင်း ပြန်ဆက်ပေးတတ်တဲ့အရာပါပဲ။ ရုပ်ရှင်ဟာ နာမည်နဲ့မလိုက်အောင် စိတ်ကိုရှင်‌သန်စေတဲ့အရာ... ဒီလိုနဲ့ လူ့နှလုံးသားနဲ့ ရုပ်ရှင်ပိုင်းခြားမရခဲ့တာ အနှစ်နှစ်ရာလောက် ရှိခဲ့ပြီ။ ဒီ Hollow ရုပ်ရှင်ကတော့ အပေါ်က ရုပ်ရှင်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ နည်းနည်းလန့်ချင်ရင် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ ကြိုက်တဲ့သူတွေလည်း Rating 9 အထိပေးထားပြီး မကြိုက်တဲ့သူကျ တစ်အထိချထားပါတယ်။ ကြည့်ရှုသူနဲ့ပဲ ဆိုင်နိုင်ပါတယ်။ ဇာတ်ကတော့ Mystery ဆန်ဆန်ပါပဲ။ David Cohernberg ဆန်တဲ့ Body Horror တစ်ခန်းလောက်လည်းပါပါတယ်။ ဆိုက်ကိုဟော်ရာလိုလည်းပါပါတယ်။ Size - 1.2Gb, 602Mb Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 53Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Action • Adventure • Comedy • Family • Fantasy
6 2021 113 mins
Hollow
Repo! The Genetic Opera
6.2

ဒီဇာတ်လမ်းကတော့ Opera type movie ဖြစ်တဲ့အတွက် ဇာတ်ကြောင်းကို သီချင်းတွေနဲ့ပဲရှင်းသွားတဲ့ဇာတ်ကားမျိုးပါ။ တစ်ကားလုံးမှာ Gothဆန်ဆန် ဖက်ရှင်နဲ့ lifestyleတွေကိုပဲတွေ့ရမှာမို့ Gothဖန်တွေအတွက် ကြည့်လို့ကောင်းမယ့်ကားမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုယ်တွင်းအင်္ဂါအချို့ပျက်စီးနေတဲ့သူတွေအတွက် ကယ်တင်ရှင်သဖွယ်လိုဖြစ်လာတဲ့ ဂျီနီကိုကုမ္ပဏီ၊ ဂျီနီကိုကုမ္ပဏီမှာ အရစ်ကျအကြွေးစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေဝယ်ယူလို့ရတယ်။ ဒါပေမဲ့ အကြွေးမရှင်းရသေးဘူးလို့ပြောလိုက်မိပါသလား။ ဒါဆိုရင်တော့ ပြန်သိမ်းသမားက အချိန်မဆိုင်းပဲရောက်လာပါလိမ့်မယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေကို သိမ်းတာမဟုတ်ပဲ အကောင်းအတိုင်းရှိနေဆဲအခြားကိုယ်တွင်းအင်္ဂါရပ်တွေကိုပါ အကြွေးအဖြစ်ပြန်သိမ်းယူတာပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဂျီနီကိုက ကြီးပွားလာတာပေါ့။ ဂျီနီကိုရဲ့ သူဌေး ရော့တီလာဂိုနဲ့ ပြန်သိမ်းသမားနေသန်ကြားထဲက အချစ်ဟောင်းရန်ငြှိုး၊ ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာ အပြင်လောကကို မထွက်ရပဲမွန်းကြပ်နေတဲ့ နေသန့်ရဲ့သမီးရှယ်လို၊ တချက်တချက် ဇာတ်ကြောင်းရှင်းရင်း ထထပေါ်လာတဲ့ အုတ်ဂူဖောက်ထွင်းသမားနဲ့ ရော့တီရဲ့ အသုံးမကျတဲ့ သားသမီးသုံးယောက်တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေကလည်း တကယ်နားထောင်ကောင်းတဲ့တေးသွားတွေဖြစ်ပြီး ဇာတ်လမ်းကတော့ darkဆန်ပေမဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါဝင်နေတဲ့အတွက် သူ့ဟာနဲ့သူတော့ gentleဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပုံချစ်နည်းတွေကတော့ မှားယွင်းနေတာပေါ့။ ဇာတ်လမ်းအဆုံးမှာ ရော့တီရဲ့အစီအစဥ်တွေက ဘယ်လိုရှိတယ်၊ နေသန်နဲ့ရှယ်လိုကြားက သားအဖမေတ္တာတွေနဲ့ သူတို့ရဲ့ ကံကြမ္မာတွေအတွက် အဆုံးအဖြတ်ပေးမယ့်ဇာတ်သိမ်းကို မျိုးရိုးဗီဇအော်ပရာဇာတ်မှာ ဆက်လက်ကြည့်ရှုခံစားလို့ရပါပြီ။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:01:00 Genre...Horror, Science Fiction, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama
6.2 2008 98 mins
Repo! The Genetic Opera
Elemental
7.6

Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။ ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့ မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။ မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီး သတ်သတ်နေကြရတာပါ။ အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့ မီးကောင်မလေးတစ်ယောက်ရှိပါတယ်။ သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီး သူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာ ဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။ ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့ မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ ပြဿနာတက်လာပါတယ်။ အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီး မီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ...

Crime • Drama • Mystery
7.6 2023 102 mins
Elemental
Gorgeous
6

ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Drama
6 1999 119 mins
Gorgeous
[18+] Hibang
8.5

Hibang (2023) အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။ အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။ 2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax’s Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 8.5/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

8.5 2023
[18+] Hibang
Without Air

ဟန်ဂေရီ Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ပညာရေးလောကကို မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ အန်နာ ဆိုတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ သူ့ရဲ့ သင်ကြားပြသမှုတွေဟာ နာမည်လည်းကြီးသလို ကျောင်းသားတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားတဲ့ စာပေနဲ့ ပြဇာတ် ဆရာမတစ်ယောက်ပေါ့ တစ်နေ့မှာ ကျောင်းသားတွေကို ကဗျာတစ်ပုဒ်အကြောင်းသင်နေတုန်းမှာ ပိုပြီးကိုးကားလို့ရအောင် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ညွှန်းမိပြီး ကျောင်းသားမိဘတစ်ယောက်က မသင့်တော်လို့ဆိုပြီး တိုင်ကြားအမှုဖွင့်တာကနေ စတဲ့ အရှုပ်ထုပ်ပေါ့……. လူ့သဘောသဘာဝအတိုင်း အောင်မြင်နေတဲ့သူကို ဝိုင်းပြီးအသရေဖျက်ဖို့ ကြိုးစားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့…. မကျေနပ်တဲ့ ကျောင်းသားမိဘတွေနဲ့….. မိဘကျန်းမာရေး၊ LDRS ချစ်သူနဲ့ အဆင်မပြေမှုတွေကြားထဲကနေ စုံစမ်းစစ်ဆေးရေးခုံရုံအထိ တက်ဖိုက်ရပြီး ခေတ်ပေါ်ပညာရေးကဏ္ဍမှာ သင်ရိုးညွှန်းတမ်းတွေဟာ ထင်သလောက် ဘောင်မဝင်ဘူးဆိုတဲ့အကြောင်းနဲ့…… ချွန်ထွက်ရင် “တိ” ခံရတယ်ဆိုတဲ့ သောက်တလွဲ logic တွေအကြောင်းကို မီးမောင်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ…….. ဇာတ်ကားရဲ့နာမည်အတိုင်း Elfogy a levego “လေကုန်ပါတယ်” ဗျာ…… ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.2 GB)/(563 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Thriller • Drama
0 2023
Without Air
Gadera
6

Gadera (2024) “ရတနာသိုက်ရှာပုံတော်” လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။ တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2024 108 mins
Gadera
Dall’alto di una fredda torre
5.8

Dall’alto di una fredda torre (2024) IMDb Rating (5.8) အမွှာနှစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ အန်တိုနီယိုတို့ဟာ တစ်နေ့မှာ သူတို့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးမှာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီးတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမခံရင် အသက်မရှင်နိုင်ကြောင်း သိလိုက်ရပါတယ်… ဒါ့အပြင် ရောဂါအခြေအနေကြောင့် တခြားအလှူရှင်တွေရှာဖို့အချိန်လည်း မရှိတော့တာကြောင့် လက်ရှိလှူဒါန်းဖို့ အသင့်တော်ဆုံးမှာ သားသမီးအရင်းတွေဖြစ်ကြတဲ့ သူတို့ပဲရှိပါတော့တယ်… ဒ ါကြောင့် မိဘတွေကို ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို ဆုံးဖြတ်ခဲ့လိုက်ကြပေမယ့်လည်း ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ ထင်သလိုဖြစ်မလာခဲ့ဘဲ မိဘနှစ်ပါးမှာ တစ်ယောက်ကိုပဲကယ်ဖို့ ဆုံးဖြတ်ရမယ့်အခြေအနေဖြစ်လာပါတယ်… ဒီတော့ အကျဥ်းအကျပ်ထဲရောက်သွားတဲ့အချိန်မှာ သူတိုမောင်နှမနှစ်ယောက် ဘယ်လိုမျိုးအ‌ဖြေရှာကြမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျများစွာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ကားပြီးသွားတဲ့အခါ ကိုယ်သာ သူတို့နေရာမှာဖြစ်နေခဲ့လို့ရှိရင်ဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာမိမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Spalko

5.8 2024
Dall’alto di una fredda torre
The Last Redemption
5.5

အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင် အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကို ရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကော ငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာ ဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာ လာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူး ပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့ အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေ အားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင် ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်း ရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီး ဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီး ခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့ သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါ သတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့ အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.79GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
The Last Redemption