YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hong Seok Cheon's Jewelry Box (2023) S2E02 WEB-DL 1080P (CM).mp4

268.42 MB 1080p video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rambo: Last Blood
6.5

ဒီကားကတော့ တိုက်ခိုက်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေ ရက်စက်တာမို့ R rated သတ်မှတ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရမ်ဘိုကြီးဟာဗီယက်နမ်စစ်ပွဲ၊ မြန်မာစစ်ပွဲတွေ နွှဲခဲ့အပြီးမှာ အိမ်ကိုပြန်လာပြီး မိတ်ဆွေဟောင်း အမျိုးသမီးနဲ့သူ့ရဲ့မြေးလေး ဂေဘရီရယ်တို့ရဲ့ အိမ်မှာ အတူနေနေပါတယ်။ တစ်ရက်မှာ ဆယ်ကျော်သက်လေး ဂေဘရီရယ်ဟာမက္ကဆီကို ကိုခိုးထွက်ပြီး သူ့ကိုစွန့်ပစ်သွားတဲ့ဖခင်ဖြစ်သူကို လိုက်ရှာပါတော့တယ်။ အဲဒီအချိန်မှာ သူပြန်မလာနိုင်ဘဲလူမှောင်ခို ပြည့်တန်ဆာဂိုဏ်းလက်ထဲပါသွားတဲ့အခါမှာ အဘိုးကြီး ရမ်ဘိုတစ်ယောက်စွန့်စားခန်းတွေ ထပ်ဖွင့်ရပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…

Drama • War & Politics
6.5 2019 89 mins
Rambo: Last Blood
The Weapon

The Weapon (2023) Action, Thriller ဝုန်းဒိုင်းကြဲ​​တွေကြည့်ချင်တဲ့ Bro ​တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ​ဒေါသထွက်ပြီး ရန်လို​နေတဲ့ ဒဲလက်စ်ဆိုတဲ့သူကို​တွေ့ရမှာ​ဖြစ်ပါတယ်။ သူ့အ​ကြောင်းကို ဘာမှ​မမိတ်ဆက်ထားပဲနဲ့ ​နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်​နေရတာဘာ​ကြောင့်လဲ… သူ့​နောက်ကွယ်က သူ​တွေက​ရော ဘယ်သူ​တွေလဲ… ဘယ်အရာ​တွေက သူ့ကိုကျင်စက်​တွေနဲ့ နှိပ်စက်တာ​တောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်​ပြောင်းလဲသွား​စေတာလဲ… သူ့ကို ဘယ်သူ​တွေက​ရော လက်နက်တစ်ခုအဖြစ် အသုံးချ​နေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီး​တွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 830MB Quality – 1080p, 720p Format – mp4 Duration – 1H 25Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023
The Weapon
Hobo with a Shotgun
6.1

Hobo with a Shotgun (2011) သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ … ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။) File Size : 4.1GB, 1.3GB, 536MB Quality :1080p BDRip AAC 5.1CH, 720p BDRip, 480p Format : mp4 Duration : 1hr 26mins Genre : Action, Comedy, Horror Translated by Zwel Zan Aung Encoded by Kinnov

6.1 2011
Hobo with a Shotgun
The Year of the Dog
5.8

The Year of the Dog (2023) ~ IMDb – 5.8/10, Rotten Tomatoes – 100% ~ ဇာတ်လိုက်ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်ရည်တစ်ကာယသမားတစ်ယောက်။ နာတာရှည်ဆေးရုံမှာတင်ထားရတဲ့ သူ့မိခင်ရဲ့ “ရက်၃၀တိတိ အရက်မသောက်ဘဲ နေနိုင်မှ အမေ့ကိုလာတွေ့ပါ” ဆိုတဲ့ စကားအရ အရက်ဖြတ်ဖို့ ကြိုးစားနေတဲ့သူ။ ဒီလိုနဲ့ တစ်ရက်မှာ လေလွင့် Husky ခွေးတစ်ကောင်နဲ့ ဆုံပါတယ်။ လေလွင့်လူနဲ့ လေလွင့်ခွေးရဲ့ကြားဆက်ဆံရေးက အစပိုင်းတော့ မရေမရာပါပဲ။ မွန်တားနားပြည်နယ်ဟာ စွတ်ဖားခွေးပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ နာမည်ကြီးပါတယ်။ ဖြစ်ချင်တော့ ဒီ Husky လေးဟာ စွတ်ဖားခွေးဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့ထဲက စွတ်ဖားခွေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တခြားစွတ်ဖားခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားအရ သေးငယ်လွန်းနေလို့ အထင်မြင်သေးခံရတာတွေနဲ့ စကြုံရပါတယ်။ ၂ယောက်သားကြား ဆက်နွယ်မှုလေးချိတ်မိသွားပြီးနောက် ကိုယ်စီပန်းတိုင်တွေဆီကို ဘယ်လိုလျှောက်လှမ်းကြမလဲ… ဇာတ်လိုက်ကရော သူ့အမေကို သွားတွေ့နိုင်မှာလား… ဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အရင်က သေချာမသိခဲ့တဲ့ စွတ်ဖားခွေးတွေအကြောင်းနဲ့ ခွေး ဆိုက်ကိုလိုဂျီအကြောင်းလည်း ဟောဒီ ခွေးနှစ်ဆိုတဲ့ ကားထဲမှာ အထိုက်အသင့်မြင်ရမှာပါ။ ခွေးချစ်ရင်တော့ လက်လွှတ်မခံပါနဲ့ ဒါပေမဲ့ အရက်စွဲပြီး ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကိုမှ ဘုကလန့်လုပ်ချင်တဲ့သူမျိုးကို ကြည့်မရရင်တော့ ခွေးချစ်လည်း ဒီကားကို ကျော်သွားလိုက်ပါ။ မျက်ရည်မလွယ်ဘဲ သည်းခံနိုင်စွမ်းရှိမှ ခွေးလေးစွတ်ဖားဆွဲတာ လာကြည့်ပါလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 715MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.8 2022 96 mins
The Year of the Dog
Dragon Fist
6.1

Jackie Chan ရဲ့ အရင်ကား‌လေးတွေထဲကတစ်ခုကို ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ဗျာ Jackie Chan ဟာ မိဘနှစ်ပါးလုံးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ သူ့ကို သူ့ဆရာဖြစ်သူက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ သူ့ဆရာကို ပြိုင်ပွဲပြီးမှ ရောက်လာတဲ့သူတစ်ဦးက စိန်ခေါ်ခဲ့ပြီး အနိုင်ပိုင်းကာ မင်းသားတို့ သင်တန်းကျောင်း ဆိုင်းဘုတ်ကိုပါ ဖျက်စီးခဲ့ပါတယ် မင်းသားရဲ့ ဆရာဖြစ်သူဟာလည်း အရှုံးပေးခဲ့ပေမဲ့ ဆက်လက် တိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ သေဆုံးသွားပါတော့တယ်။ ထိုအခါမှာတော့ မင်းသားတစ်ယောက် ကွန်ဖူးကို အပြင်းအထန်လေ့ကျင့်ပြီး သူ့ဆရာသေဆုံးခြင်းနဲ့ သင်တန်းကျောင်းရဲ့ သိက္ခာအတွက် ပြန်ပြီး လက်စားချေဖို့ လုပ်ပါတော့တယ်….. File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.1 1979 97 mins
Dragon Fist
Dead Friend aka The Ghost
6

Dead Friend aka The Ghost (2004) အညွှန်း ဒီတစ်ခေါက်မှာတော့ ၂၀၀၄ တုန်းကထွက်ရှိခဲ့တဲ့ Horror မူဗီဟောင်းလေးကိုတင်ဆင်ပေးချင်ပါတယ် လွန်ခဲ့တဲ့ တစ်နှစ်လောက်က မတော်တဆမှုကြောင့် အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးဟာ သူ့ဘဝမှာ ရည်ရွယ်ချက်ပျောက်ဆုံးပြီး အရာရာကစိမ်းသက်နေတာမို့ နိုင်ငံခြားကိုထွက်သွားဖို့ ရည်ရွယ်နေသူလေးပါ လက်ရှိဘဝမှာတော့ သူဟာ ရှက်ကြောက်တတ်တဲ့သူပေမယ့် ဘယ်လိုရှုပ်လီပွေနေတဲ့သူ့အတိတ်ကြောင့်လဲမသိ သူ့သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြပါတယ် အဲဒါအပြင် သူကိုယ်တိုင်လည်း ထူးဆန်းတာတွေမြင် အိမ်မက်ဆိုးထဲမှာလည်းခြောက်လှန့်ခံလာရပါတော့တယ် သူက အတိတ်မှာ ဘယ်လိုလူမျိုးဖြစ်ခဲ့တာမို့ ဒီလိုအကျိုးဆက်တွေကိုခံစားနေရတာများလဲ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အတိတ်ကို ပြန်ရှာနေတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးအကြောင်းကို Horror vibe အပြည့်နဲ့ကြည့်လိုက်ရအောင်နော် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.8GB | 808MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator …..Shin and Cali Encoder ….. Aaron

Drama
6 2004 98 mins
Dead Friend aka The Ghost
Dear Jo: Almost is Never Enough
8.4

Dear Jo: Almost is Never Enough (2023) ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေ ဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝ‌ခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲ ဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ……. အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအ‌ဖြေရှာကြည့်ကြတာပေါ့ လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲ ဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ် အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေ ခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ် ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ် ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး ကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါ မိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လား ချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လား ကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလား ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေး‌ရင်းငေးရင် ဆွေးကြရအောင်…. အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 710MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

8.4 2023
Dear Jo: Almost is Never Enough
Swamp Thing
5.3

ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး ယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။ အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာ ရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။ တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီး ကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။ သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲ သူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကို လောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲ တိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲ ဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။ File size… 1.6 GB / 715 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Horror/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Ko Wunna

5.3 1982
Swamp Thing
Slay
6.5

IMDb 6.5/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ Drag queen အဖွဲ့ တစ်ဖွဲ့က သူတို့ သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့နေရာ မဟုတ်ဘဲ ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်ပြင်ရဲ့အလယ်က စားသောက်ဆိုင်တစ်ဆိုင်ကို နေရာမှားပြီး ရောက်သွားခဲ့ကြပါတယ်။ သူတို့ကို အထင်သေး မကြိုဆိုကြတဲ့သူတွေကြား စိတ်အားထက်သန်စွာ ကြိုဆိုနေသူ တချို့ကြောင့် ပညာကုန်သုံးပြီး ဖျော်ဖြေပေးခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့လို့ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ပါတော့တယ်။ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့သူတွေကတော့ ဗန်ပိုင်းယားတွေပါ။ ဖုန်းလည်းဆက်လို့မရ၊ စားသောက်ဆိုင်ထဲမှာလည်း ဘာ လက်နက်မှမရှိနဲ့ ဗန်ပိုင်းယားတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ သူတို့အဖွဲ့နဲ့ ဆိုင်ထဲက သူတို့ကို အထင်သေးတဲ့လူတွေ၊ ကြားနေ လူစုတွေကြား ပဋိပက္ခတွေဖြစ်ကာ အတွင်းရော အပြင်ပါ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့… သူတို့ကို အထင်သေး ရှုံ့ချနေတဲ့သူတွေက သူတို့အပေါ် အမြင်ပြောင်းနိုင်ပါ့မလား.. တစ်စ တစ်စ တိုးပွားလာတဲ့ ဗန်ပိုင်းယားတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင်ပြေးမလဲ.. တကယ်ရော သူတို့တွေ အတူတကွ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(900 Mb) Quality….Webrip 720p Format… mp4 Duration…. 01:39:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Drama • Romance
6.5 2024
Slay
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Oosaravelli
6.5

Oosaravelli 2011 (ပုတ်သင်ညိုကောင်) ============================== 2011ခုနှစ်ကထွက်ရှိထားပြီး ရိတ်တင်လဲကောင်း မင်းသမီးချောလေး သမန်းနားရဲ့အလှတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားဟောင်းတကားကို တင်ဆက်ပေးချင်ပါတယ် လူမိုက်လောကမှာ နာမည်ကြီးတဲ့ တိုနီဆိုတဲ့ လူငယ်လေးတစ်ယောက်၊ သူ့ရဲ့ သတင်းတွေကတော့ မွှေးပျံ့နေရုံတင်မဟုတ်ဘဲ သူ့အကြောင်းကိုမေးကြည့်လိုက်ရင် လူတစ်ယောက်ကို တစ်မျိုးဖြေတဲ့အထိ သူ့ရဲ့ ဇာတ်ရုပ်က ပြောင်းလဲလွန်းတဲ့အတွက် လူတွေကတော့ သူ့ကို ပုတ်သင်ညိုဆိုပြီးတင်စား ခေါ်ဆိုကြပါတယ်။ ဒီလိုနဲ့ တိုနီတစ်ယောက် ကတ်ရှ်မီးယားဘက်ကို အလည်သွားရင်း အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတော့ နီဟာဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးခံနေရတဲ့အချိန်မှာ နီဟာနဲ့ တိုနီတို့ စကားတွေပြောကြရင်း မသေခင် ကောင်မလေးတစ်ယောက်နဲ့ နမ်းချင်တယ်လို့ပြောလိုက်တဲ့ တို နီ့စကားကြောင့် ပရဟိတမမလေး နီဟာက အနမ်းတစ်ပွင့်ပေးလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း ယောက်ျားတွေကို မယုံဘဲ ဇာတ်လမ်းမရှုပ်ချင်တာကြောင့် အဲဒီနေရာကနေ နီဟာတစ်ယောက်တိတ်တိတ်လေးထွက်ပြေးလာခဲ့ပြီးတော့ သူ့အိမ်ရှိရာ ဟိုက်ဒရာဘတ်ကို ပြန်လာခဲ့ပါတော့တယ်။ ဘဝရဲ့ ပထမဆုံးအနမ်းကိုရလိုက်တဲ့ တိုနီတစ်ယောက်ကတော့ နီဟာ့ကို စွဲလမ်းသွားပြီး နီဟာ့နောက်ကို လိုက်သွားရာကနေ ……. ဘာပြောပြောသနားတတ်တဲ့ ပရဟိတမမလေး နီဟာနဲ့ တိုနီတို့ ဘယ်လိုတွေ ရှေ့ဆက် ဇာတ်လမ်းဆက်ကြမလဲ …… ဆိုတာကို အချစ်,အလွမ်း,အမုန်း,အကြမ်း,ဟာသ ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီး Murli Sharma ကလည်း အားဖြည့်ပါဝင်ထားတာဖြစ်လို့ မလွတ်တမ်းကြည့်ရှရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

6.5 2011 161 mins
Oosaravelli
Tulip Fever
6.2

Tulip Fever (2017) IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် – ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့… ဒီရုပ်ရှင်ဟာ သမိုင်းမှာ “ကျူးလစ်ပန်း ရူးသွပ်မှု” (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်… တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်… အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ မာရီယာနဲ့လက်ထပ်ဖို့အတွက် ဒီကျူးလစ်ရောင်းဝယ်ရေးလောကထဲကိုဝင်ရောက်လုပ်ကိုင်ပါတော့တယ်… ကံထူးစွာနဲ့ပဲ သူဝယ်တဲ့ပန်းပွင့်တွေထဲမှာ တန်ဖိုးအရှိဆုံးပန်းဖြစ်တဲ့ ဘရိတ်ကာလို့ခေါ်တဲ့ အနီစင်းပါတဲ့ကျူးလစ်ပန်းတစ်ပွင့်ပါလာတဲ့အခါမှာတော့…. ဒီပန်းပွင့်ပေါ်မူတည်လို့ စုံတွဲတွေကြား ချစ်သူတွေကြား အထင်အမြင်အမှားတွေဖြစ်ကုန်ပြီး ဘယ်လိုကံကြမ္မာဆိုးတွေ ဝင်လာမလဲဆိုတာ……..။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Htet Thin Zar Maung မှတင်ဆက်ထားပါတယ်။)

6.2 2017 107 mins
Tulip Fever
Casino Raiders II
5.8

ဒီဇာတ်ကားက ပထမ Casino Raidersနဲ့ ဇာတ်လမ်းသွား လုံးဝမတူဘဲ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို ပြောင်းလဲ ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမကားက Andy Liu ကပဲ ဒီဇာတ်ကားမှာတော့ Chicken Feetဆိုတဲ့ ဇာတ်ရုပ် နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက‌တော့ ကစ်နဲ့ Chicken Feetဆိုတဲ့ ညီအစ်ကို ဖဲဝိဇ္ဇာ၂ယောက်နဲ့သူတို့ရဲ့ကျေးဇူးရှင် အန်ကယ်ဖန်းဆိုတဲ့ သင်္ဘောကာစီနိုသူဌေးတို့ကို ဂျိမ်းစ်ဆိုတဲ့ တိုင်းတပါးသား ဖဲဝိဇ္ဇာနဲ့ သူ့ဂိုဏ်းက အကောက်ကြံလိုက်လို့ ကစ်ကလည်း ထောင်ကျသွားသလို အန်ကယ်ဖန်းလည်း ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်တို့က မ‌ကျေနပ်နိုင်ဘဲ အားလုံးကို အပြစ်ရှင်းပစ်ဖို့ လုပ်လာလို့ သူတို့ကို လက်စားချေဖို့ Chicken Feetနဲ့ ကစ် ညီအစ်ကို ၂‌ယောက်ကြိုးစားရင်း ဘယ်သူတွေ စတေးရမလဲ ဘာကို ထပ်ပြီးဆုံးရှုံးရဦးမလဲဆိုတာ ကြည့်ရမှာပါ။ File size… 3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

5.8 1991 91 mins
Casino Raiders II