YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

History Hunter S01 E02 WebRip 1080p YK(CM).mp4

474.3 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Criminal Network
2

UK ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးမှာအဓိကဇာတ်ဆောင်လည်းဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ဝေသူ လုပ်ထားတဲ့ မင်းသား Adam Starks ရဲ့ Crime ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းပုံစံကတော့ ရိုင်ရန်နဲ့ ဂျိမ်းစ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ကံမကောင်းစွာနဲ့ပဲ အရှုပ်ထုပ်ထဲမှာ ပါဝင်ပတ်သတ်မိခဲ့ကြတဲ့အကြောင်းပါရာဇဝတ်မှုတွေကိုကြူးလွန်နေတဲ့ အကောင်းကြီးကြီး အမြှီးရှည်ရှည် လူတစ်ယောက်နဲ့ ဘုမသိဘမသိ ပတ်သတ်မိခဲ့ကြတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာကို Crime ဇာတ်ကားတွေရဲ့ plot လေးတွေအတိုင်းမတူညီတဲ့ပုံစံလေးတွေနဲရိုက်ကူးတင်ဆက်ပေးထားပါတယ် အဲ့ဒီ ရာဇဝတ်မှုတွေရဲ့နောက်ကွယ်က ဘယ်သူတွေလဲဘယ်သူတွေပါဝင်ပတ်သတ်နေတာလဲ ဘယ်လိုတွေစုံစမ်းဖေါ်ထုတ်သွားလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(540 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Horror • Mystery
2 2023 75 mins
Criminal Network
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
Gunfight at Rio Bravo
2.5

ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြ တယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်း ခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းက လူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန် Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူး Vernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကို လက်ခံလိုက်ပါတယ်။ အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန် ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းက သူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက် ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan တို့ကပဲ ခုခံပြီး မြို့ကိုလည်းကာကွယ်၊ Crawleysကိုလည်း မလွတ်အောင် ကြံရ ပါတော့တယ်။ Countryside Cow boy တွေနဲ့ Action genre ကားဖြစ်တာမို့ အတိုင်းအတာတစ်ခုလောက်ထိ ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.46 GB) / (553 MB) / (330 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Western Translator.......Thwal Htoo Zin Encoder..........SWM

Drama • Science Fiction • Thriller
2.5 2023 80 mins
Gunfight at Rio Bravo
Doctor G
6.9

ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါ သူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ် ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူး သို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB  / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko

Comedy • Horror
6.9 2022 124 mins
Doctor G
The Imitation Game
8

IMDb - 8.0/10_____Rotten - 90% Won 1 Oscar. Another 48 wins & 159 nominations ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာၤပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့..........Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ.......။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား........၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ.......................။ အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။) အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူ တာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။ သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး) ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ IMDb Rating(8.0/10) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။ မင်းသားကြီး Benedict Cumberbatch နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာတွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။ Ref; Movies-we watch,we feel.'s FB Page & Movie Review's FB Page (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Lotus Black မှဘာသာပြန်ခဲ့တာဖြစ်ပါတယ်။) File size...(804 MB) Quality....Blu-ray Rip 720p Format...mp4 Duration....01:54:13 Subtitle....Myanmar Subtitle (Hardsub) Translator ....Lotus Black Encoder....Nyeinsaeya Aung

Drama • Mystery
8 2014 113 mins
The Imitation Game
Rockin’ on Heaven’s Door
7

Rockin’ on Heaven’s Door(2013) ***************************** Hong-ki Lee နဲ့ Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ် တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီး စေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ် ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ် နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး… လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့ အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ .. နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae

7 2013 99 mins
Rockin’ on Heaven’s Door
High School Serenade / Gita Cinta Dari SMA
8.3

High School Serenade / Gita Cinta Dari SMA (2023) ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

8.3 2023
High School Serenade / Gita Cinta Dari SMA
Killers of the Flower Moon
8

Killers of the Flower Moon (2023) ========================= IMDb Rating – 8.0/10 အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း —————— 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ၄၀၀ လောက်ရှိပါတယ်။ ချမ်းသာ လာတာနဲ့အညီ အကောင်းဆုံးတွေကိုသုံးစွဲပြီး လက်ဖွာတဲ့နေရာမှာ အရမ်းကို နာမည်ကြီး လာတဲ့အတွက် အမေရိကန်အစိုးရက ဥပဒေတစ်ခုနဲ့ ထိန်းသိမ်းတာခံခဲ့ရပါတယ်။ ဒါကတော့ ငွေကြေးကို ထင်တိုင်းသုံးစွဲလို့မရဘဲ “ငွေကြေးမစီမံနိုင်သူ” အဖြစ်သတ်မှတ်ခံရရင် လူဖြူ အုပ်ထိန်းသူတစ်ယောက်ဆီကနေပဲ ကိုယ်ငွေကြေးကို သတ်မှတ်ထားသလောက်ပဲ ပြန်ထုတ် သုံးခွင့် ရတော့တာပါ။ အဲဒီကာလမှာပဲ အိုဆေ့အင်ဒီယန်းပေါင်းများစွာ အသတ်ခံခဲ့ရပြီး အမှုတွေကိုလည်း တရားခံ ရေရရာရာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့ အိုဆေ့တွေပိုင်ဆိုင်တဲ့ မြေတွေနဲ့ ရေနံခံစားခွင့်တွေကို နည်းမျိုးစုံနဲ့လုယူဖို့ ကြိုးစားခဲ့တဲ့လူဖြူ တွေလက်ချက်ပါပဲ။ ဒီအမှုဟာ အက်ဖ်ဘီအိုင်ရဲ့ ပထမဆုံး ကိုင်တွယ်ရတဲ့အမှုဖြစ်လာပြီးမှ အမှုမှန်ပေါ်ပေါက်လာပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း —————- အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ် လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင် မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိရင်းလက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစား ခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကို စည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) (4K Quality ကိုမှ ကာလာပိုလှပတဲ့ HDR Version နဲ့ ရိုးရိုး SDR Version ၂ ခုစလုံးတင်ဆက် ပေးထားပါတယ်။ HDR ကိုတော့ HDR Play နိုင်တဲ့ ခေတ်ပေါ် Device များမှာသာ ကြည့်ရှုလို့ရ မှာဖြစ်ပြီး SDR ကတော့ ဘာနဲ့ကြည့်ကြည့်ရပါတယ်ခင်ဗျာ။) File Size……….(3.94 GB) / (9.59 GB) / (3.42 GB) / (1.12 GB) Quality…………WEB-DL 4K HDR / SDR / 1080p / 720p Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, History Translator…….Mr.Anderson Encoder……….SWM / Ka Naung

Science Fiction • Action
8 2023
Killers of the Flower Moon
Far from the Madding Crowd
7.1

Far from the Madding Crowd (2015) =========================== IMDb Rating – 7.1/10 “ငါ့ကို လက်ထပ်နိုင်မလား” ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာ ဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုး သူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံး နေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကို အထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေ နားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့ အရာလို့ ယူဆထားသူပါ။ ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီး Thomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူး ထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထား တာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက် အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေး ပြည့်စုံတဲ့ drama ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.7 GB) / (647 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.1 2015 119 mins
Far from the Madding Crowd
Dayı: Bir Adamın Hikâyesi
6.1

Dayi: Bir Adamin Hikayesi (2021) (ယောကျ်ားတစ်ယောက်ရဲ့ ဇာတ်လမ်း) IMDb – 6.1/10 ဆုပေါင်းများစွာရရှိဖူးတဲ့ မင်းသားကြီးတွေပါဝင်ထားတဲ့ တူရကီ ဂန်းစတားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်။ ဒီရုပ်ရှင်ထွက်တဲ့အချိန်တုန်းက ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေဆီကနေ အကောင်းဆုံးတူရကီရုပ်ရှင်တွေထဲကတစ်ကားလို့ ချီးကျူးခံခဲ့ရပါတယ်။ ချေဗာဟိရှ်က ထင်ရာစိုင်းတတ်ပြီး မှားနေတာကိုမြင်ရင် အမှန်ပြင်ပေးလိုက်ဖို့ဝန်မလေးတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်။ အရွယ်ရောက်လာတဲ့ထိ တဇွတ်ထိုးနိုင်လွန်းလို့ အဖေဖြစ်သူက ဘာမှ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ကောင်ဆိုပြီး အမြင်မကြည်တာမို့ မိခင်ဖြစ်သူက အစ္စတန်ဘူလ်မှာကြီးပွားနေတဲ့ ရပ်ဆွေရပ်မျိုးလုပ်ငန်းရှင်တစ်ယောက်ဆီကို ပို့လိုက်ပါတယ်။ ဒီမှာပဲ ချေဗာဟိရှ်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ အစ္စတန်ဘူလ်က အစ်ကိုကြီးလိုခင်ရတဲ့ လုပ်ငန်းရှင်သူဌေးက ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့အခါမှာ ချေဗာဟိရှ်ရဲ့ ထင်ရာစိုင်းတဲ့စိတ်နဲ့ ဒီလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ပေးထားပါတယ်) Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 1.5GB | 675MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.1 2021
Dayı: Bir Adamın Hikâyesi
A Moon Hangs Above the Graveyard
8.2

A Moon Hangs Above the Graveyard (2015) ၁၉၇၃ခုနှစ်ကအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုရုပ်ရှင်ကားလေးကို တင်ဆက်ပေးပါရစေ။ နယ်မြို့လေးတစ်ခုက ဆာဘာ၊ ဆာဟတ်နဲ့ တီဂေါ်ရ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်။သူတို့ သုံးယောက်ထဲက ဂျကာတာမှာနေပြီး အောင်မြင်နေတဲ့သူငယ်ချင်း ဆာဘာကို အားကျစိတ်နဲ့ ရည်မှန်းချက်ကိုယ်စီထားပြီး ဂျကာတာမြို့ကြီးကို ဆာဟတ်နဲ့ တီဂေါ်ရ်တက်လာခဲ့ပါတယ်။ တီဂေါ်ရ်က နယ်မှာတုန်းကလိုင်းကားမောင်းတဲ့သူ။ မြို့ကျရင် ဘာပဲလုပ်ရလုပ်ရ ချမ်းသာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့။ ဆာဟတ်ကတော့ အောင်မြင်တဲ့စာရေးဆရာ ဖြစ်ချင်သူတစ်ယောက်။ သူပို့လိုက်တဲ့စာမူ အရွေးချယ်ခံရရက်နဲ့ စာအုပ်ထုတ်မပေးတဲ့ စာအုပ်တိုက်ဆီကို အကြောင်းစုံသိရအောင်သွားတဲ့အချိန် စာအုပ်တိုက်ပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့တွေ့ပြီး ချစ်မိသွားခဲ့ပါတယ်။ ရည်မှန်းချက်ကိုယ်စီနဲ့တက်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် မြို့ကြီးပြကြီးကဘ၀ဟာ သူတို့ထင်သလောက် မလွယ်ကူလှဘဲ တံလျှပ်ကိုရေထင်ပြီး အလိုက်မှားမိတဲ့ ရွှေသမင်တွေလို သင်္ချိုင်းပေါ်မှာလင်းတဲ့လကို စိတ်ကူးတွေယဉ်နေရင်း သင်္ချိုင်းထဲမှာရှိနေတဲ့အဖြစ်ကိုသိလိုက်ရပြီးတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 752MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Action • Comedy
8.2 2015
A Moon Hangs Above the Graveyard
Surf’s Up
6.7

Surf’s Up (2007) IMdb – 6.7/10 Rt – 79% ငယ်ငယ်က အခွေခေတ်မှာ ကြည့်ခဲ့ရတဲ့ ရေလွှာလျောစီးပင်ဂွင်းကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုဒီ မက်ဗရစ်ကတော့ အန္တာတိကတိုက်မှာနေပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘစ်ဇီဆိုတဲ့ ဂန္တဝင် ရေလွှာလျောစီးသမားကိုအားကျလေးစားတဲ့ ပင်ဂွင်းလေးပါ။ ပင်ဂွင်းတွေရဲ့လုပ်ရမဲ့ အလုပ်ကို စိတ်မဝင်စားပဲ ရေလွှာလျောစီးတာကို အရူးအမူးဖြစ်နေတာကြောင့် ကိုဒီ ကိုမတည့်အတူနေ သူ့အကို ဂလန်က အမြဲအနိုင်ကျင့်နေကျပါပဲ။ တစ်နေ့မှာတော့ ကိုဒီနေတဲ့ အန္တာတိကကို ဘစ်ဇီအမှတ်တရ ရေလွှာလျောစီးပြိုင်ပွဲအတွက် ကမ္ဘာအနှံ့ပတ်ပြီး ပါရမီရှင်တွေကို ရှာဖွေယူတဲ့ ဝေလငါးကြီးရောက်ရှိလာခဲ့ပါတယ်။ ကိုဒီလည်း သူ့အစွမ်းပြချင်ပေမဲ့ လှိုင်းမရှိတာကြောင့် အစွမ်းပြခွင့်မရလိုက်ပဲ ဝေလငါးက ဆက်ထွက်သွားပါတော့တယ်။ ကိုဒီလည်း သူ့အိပ်မက်ကို လက်လွှတ်မခံနိုင်တာမလို့ ဝေလငါးနောက်အမှီလိုက်ရင်း ချစ်ကင်း ဂျိုးဆိုတဲ့ ရေလွှာလျောစီးသမားက ကူပေးလို့ ပြိုင်ပွဲမှာ ဝင်ခွင့်ရသွားခဲ့ပါပြီ။ ဒီလိုနဲ့ ကိုဒီတစ်ယောက်က သူ့လေးစားအားကျရတဲ့ ဘစ်ဇီလို ရေလွှာလျောစီးသမားဖြစ်လာမလား ၊ ချစ်ကင်း ဂျိုးနဲ့ ကိုဒီတို့ကြားက မိတ်ဆွေကောင်းဆက်ဆံရေးနဲ့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Rating တွေကောင်းတဲ့အပြင်ကိုမှ ငယ်ဘဝအမှတ်တရတွေနဲ့ ပြည့်နေတဲ့ ကာတွန်းကားလေးဖြစ်တာမလို့ စိတ်အပန်းဖြေရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Animation/Adventure/Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

6.7 2007
Surf’s Up
[18+] Boso

[18+] Boso (2005)==============ဂျိတ်ခ်ကတိုက်ခန်းတွဲတစ်ခုမှာအစောင့်တာဝန်ယူထားပြီး သူ့ရဲ့အကြီးမားဆုံးဝါသနာနဲ့အပန်းဖြေမှုကတော့ချောင်းကြည့်ခြင်းပါပဲ။သူ့တာဝန်အရ မျက်နှာကျက်ပေါ်ကို တရားဝင် ဝင်ထွက်ခွင့်ရထားတဲ့အတွက် အဲ့ဒီအခန်းတိုင်းရဲ့အမိုးပေါ်မှာအပေါက်ဖောက်ထားပြီး တိုက်ခန်းနေထိုင်သူတွေရဲ့နေစဉ်ဘ၀ကိုချောင်းမြောင်းကြည့်ရှုလေ့ရှိပါတယ်။အပြင်မှာသိပ်ပြီး ရင်းနှီးကျွမ်းဝင်မရှိပေမယ့် တိုက်ခန်းတွဲနေထိုင်သူအားလုံးရဲ့အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကိုသူကထဲထဲဝင်ဝင်သိနေပြီးသားပါ။ တစ်နေ့တော့ သူတို့တိုက်ခန်းကို ဒင်းနဲ့စီစီလျာဆိုတဲ့ ညားကာစစုံတွဲတစ်တွဲပြောင်းလာခဲ့ပြီး အဲ့ဒီ စီစီလျာကိုမှ ဂျိတ်ခ်တစ်ယောက် မြင်မြင်ချင်း ကြွေကျသွားခဲ့တဲ့နောက်မှာတော့..။သူ့ရဲ့အချောင်းဝါသနာ၊ စီစီလျာနဲ့ဒင်း၊ တိုက်ခန်းတွဲနေပုဂ္ဂိုလ်တွေရဲ့ဘ၀တွေ ဘယ်လိုရောထွေးယှက်တင်လာမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ အခုချိန်ထိခေါင်းဆောင်တန်းဝင်နေဆဲဖြစ်တဲ့ Katya Santos တို့ Gwen Garci တို့လို အလှပဂေးမမကြီးတွေရဲ့ငယ်ဘ၀အလှအပတွေကိုတစ်၀ကြီးမြင်တွေ့ရမှာပါ။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.5GB)/(1.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama • Thriller • Crime
0 2005
[18+] Boso
Wallace & Gromit: Vengeance Most Fowl
7.9

ဒီကာကွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ချက်တွေကိုမြင်လိုက်ရတဲ့အိမ်နီးချင်းတွေဟာ စက်ရုပ်ကိုသဘောကျသွားပြီးတော့ သူတို့အိမ်တွေမှာပါလိုက်ပြီးအလုပ်လုပ်ပေးဖို့ ဝေါ့လေ့စ်ကိုတောင်းဆိုလာပါတယ်။ ဒီလိုနဲ့ ဝေါလေ့စ်ဟာ စက်ရုပ်အများအပြားတီထွင်ပြီး လုပ်ငန်းကိုချဲ့ထွင်လိုက်ပါတယ်။ ဒါပေမဲ့ နည်းပညာမှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းပါလာတာကြောင့် ဒီစက်ရုပ်တွေနဲ့အကျိုးဆက်တွေကို ဝေါလေ့စ်နဲ့ဂရိုမစ်တို့နှစ်ဦးသား တွေ့ကြုံရပါတော့တယ်။ ဒီဇာတ်လမ်းကတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် စွန့်စားခန်း ဟာသကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.2 GB / 550 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Htet Aung Lwin

7.9 2024 79 mins
Wallace & Gromit: Vengeance Most Fowl
Emakku Thozhil Romance
6

Emakku Thozhil Romance (2024)”ချစ်လိပ်ပြာ” ==================================== Por Thorzhil တို့ Blue Star တို့လို ရုပ်ရှင်ကောင်းတွေရိုက်ကူးခဲ့တဲ့ မင်းသား အာရွှတ်ခ်ဆယ်လ်ဗန်ရဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့လည်း cameo ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့.. အူမာဆိုတဲ့ လက်ထောက်ဒါရိုက်တာလေးဟာ တမီလ်ရုပ်ရှင်လောကမှာ နာမည်ရစပြုနေတဲ့ ဒါရိုက်တာအလောင်းလျာတစ်ယောက်ပါ။ သူကူညီရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတချို့ဆိုရင် ပရိသတ်တွေက ခုံတွေရိုက်ချိုးပစ်ပေါက်ကြတဲ့ထိ အားပေးကြပါတယ်။ အဲဒီလို အောင်မြင်မှုတွေရနေတဲ့ အူမာဟာ ကိုယ်တိုင်ဒါရိုက်တာဖြစ်မှ မိန်းမယူမယ်လို့လည်း သံဒိဌာန်ချထားပါသေးတယ်။ ဒါပေမဲ့ လီယိုဆိုတဲ့ မိန်းမလှလေးတစ်ယောက် အူမာ့ဘဝထဲဝင်လာတဲ့အချိန်မှာတော့ အဲဒီသံဒိဌာန်တွေ ပျောက်ဆုံးပြီး အဖြစ်အပျက်မျိုးစုံ ကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2024
Emakku Thozhil Romance