YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

His Man S01E07 360p(CM).mp4

308.94 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hocus Pocus 2
7.4

Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်း မီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်..... ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။ အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ဆေလင်ကို လက်စားချေဖို့ ပြန်ပေါ်လာခဲ့ပါပြီ။ သူတို့ ဘယ်လိုမွှေပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဟောလိုး၀င်း vibe လေးနဲ့အတူ ကြည့်ရှုပေးကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP,Thiha,Yoon Hocus Pocus 1 Download Link

Drama • Romance
7.4 2022 107 mins
Hocus Pocus 2
Lyle, Lyle, Crocodile
7.3

IMDb Rating - 6.2/10 Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်​လေး ထွက် လာပါပြီ။ RT - 73%, metacritic - 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း ​ဆိုပြဦးမှာပါ။ ​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက် ​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို့ ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာ တိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို ​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး တစ်​​ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂​ယောက်တူတူ သီချင်းတိုက်ကာ​ ​အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့​ပေမယ့် ပွဲ​နေ့ကျမှ လိုင်းဆီက ​သီချင်းသံထွက်မလာလို့ ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်​တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်​သစ်​တွေ​ရောက်လာပြီး လိုင်းကို​တွေ့သွားသလို သူတို့ကြား​ ဗရုတ်သုက်ခ​​မျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်​ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အ​ဟောင်းကြား အဆင်​ပြေပါ့မလား၊လိုင်းက​​ရော ဘယ်လို ပြဿနာ​တွေ ရှာဦးမလဲ။ လိုင်းရဲ့ အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင် အသစ်​တွေ ဘယ်လို​ဖော်ထုတ်​ပေးပြီး ​အောင်မြင်မှုကို ဘယ်လိုမျိုး ရှာ​ဖွေသွားမလဲဆိုတာ မိသားစုနဲ့အတူ ​ပေါ့​ပေါ့ပါးပါး ကြည့်နိုင်မယ့် Family comedy, musicalကား​လေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို JimXမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.5 GB) / (680 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........SWM

Comedy • Drama • Thriller
7.3 2022 106 mins
Lyle, Lyle, Crocodile
Symbol
6.7

ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့ သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။ အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးက ပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးက ဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကို ဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။ စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့ skill တစ်ခုမဟုတ်လား။ ဒီတော့ ဒီကားထဲမှာရော ဘယ်လိုသက်ဆိုင်မှုလေးတွေရှိမလဲ။ ဘာကို message ပေးချင်တာလဲ။ ဇာတ်လမ်းခေါင်းစဉ်ကိုရော ဘာလို့ Symbol လို့ပေးထားတာလဲဆိုတာကို တွေးရတာကြိုက်တဲ့သူတွေအနေနဲ့ ဇာတ်လမ်းနောက်ကို စီးမြောလိုက်ပါရင်း အတွေးပင်လယ်ထဲ စီးမြောနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.8GB / 800MB Quality…1080p Blu Ray AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Western
6.7 2009 93 mins
Symbol
Elemental
7.6

Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။ ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့ မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။ မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီး သတ်သတ်နေကြရတာပါ။ အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့ မီးကောင်မလေးတစ်ယောက်ရှိပါတယ်။ သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီး သူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာ ဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။ ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့ မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ ပြဿနာတက်လာပါတယ်။ အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီး မီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ...

Crime • Drama • Mystery
7.6 2023 102 mins
Elemental
Operation Finale
6.7

ဒီနှစ်ထဲမှာတော့ ဖြစ်ရပ်မှန် စစ်ကားတွေ အများကြီးထွက်တဲ့ အထဲမှာ မှ ကမ္ဘာမှာ အထင်အရှားဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ နာဇီ အရာရှိကြီး အိုက်ခ်မန်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ထဲဟာ ဂျူးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ ဂျာမန်အရာရှိကြီးကို အစ္စရေးထောက်လှမ်းရေးတွေက ဖမ်းဆီးခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Hein Thet Naing မှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်။ စစ်ကားကောင်း ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Thit San Khant

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.7 2018 124 mins
Operation Finale
A Separation
7.9

A Separation (2011) ~ IMDb - 8.3/10, Rotten Tomatoes - 99% ~ ဒီဇာတ်လမ်းကတော့ အီရန်လူ့အဖွဲ့အစည်းရဲ့ တင်းကြပ်တဲ့စည်းမျဥ်းတွေအောက်မှာ ရုန်းကန်နေရတဲ့ဘဝတွေအကြောင်းဖြစ်ပြီး နာဒါ စီမင်တို့စုံတွဲနဲ့ ရာဇီရက် ဟိုဂျက်တို့စုံတွဲနှစ်တွဲက ဒီဘဝတွေကို ကိုယ်စားပြုထားပါတယ်။ နာဒါနဲ့စီမင်တို့က ၁၄ နှစ်ကြာအိမ်ထောင်ရေးကိုအဆုံးသတ်ဖို့လုပ်နေကြပြီး အကြောင်းရင်းကတော့ စီမင်က သူ့သမီးကို လုံခြုံပြီးတိုးတက်တဲ့နိုင်ငံမှာ ပျိုးထောင်ချင်ပေမဲ့ နာဒါကတော့ အယ်ဇိုင်းမားရောဂါခံစားနေရတဲ့သူ့အဖေကိုထားခဲ့ပြီး ဘယ်ကိုမှမသွားဖို့ဆုံးဖြတ်ထားလို့ပါ။ ရာဇီရက်ဇာတ်ကောင်ကတော့ တင်းကြပ်တဲ့ဘာသာရေးနဲ့ ဖိုဝါဒကြီးစိုးမှုအောက်မှာ ဘယ်အရာကိုမှကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ မွန်းကြပ်မှုကိုထင်ဟပ်နေပါတယ်။ ရာဇီရက်တစ်ယောက် အိမ်ရဲ့ငွေကြေးအခက်အခဲကိုဖြေရှင်းဖို့ ယောက်ျားမသိအောင်အလုပ်ထွက်လုပ်ရာကနေ ပြဿနာပိုကြီးသွားပါတယ်။ မိသားစုနှစ်ခုရဲ့ဒုက္ခသုက္ခတွေနဲ့အတူ လိင်ခွဲခြားမှု လူတန်းစားခွဲခြားမှု ဘာသာရေးအယူသီးမှုတွေကို Highlight လုပ်ထားတာကိုတွေ့ရမှာပါ။ A Separation ဟာ Academy Award for Best Original Screenplay ဆုကို ဆန်ခါတင်ဝင်ခဲ့သလို Golden Globe မှာလည်း Best Foreign Language Film ဆုရခဲ့ပါတယ်။ အော်စကာမှာလည်း Best Foreign Language Film ဆုကို အီရန်ကားအနေနဲ့ ပထမဆုံးရခဲ့တယ်။ အီရန်ကားဆိုတဲ့အတိုင်းပဲ အီရန်လူနေမှုဘဝဒုက္ခတွေကို အခြေခံထားပြီး အီရန်ရဲ့အော်စကာအများဆုံးရထားတဲ့ ဒါရိုက်တာ Asghar Farhadi က ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ Asghar Farhadi ဟာ ၂၀၁၂မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ 100 List of the Most Influential People in the World စာရင်းထဲဝင်ခဲ့ပါတယ်။ သူဟာ The Godfather, Rashomon, Tokyo Story တို့လိုကားတွေကို ကြိုက်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်မှာလည်း တစ်ခါတလေ Rashomon Effect ကို ထည့်သုံးတတ်တဲ့ အီရန်ဒါရိုက်တာပါ။ A Separation ဟာ အီရန်ကားတွေထဲကမှ ပထမဆုံးအော်စကာရထားတဲ့ကားမို့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 875MB Quality - 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 3Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama
7.9 2011 123 mins
A Separation
Shangri-La Suite
5.1

Kill the King (0r) Shangri-La Suite (2016) ============================= ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။ ၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ဇာတ်လမ်းစခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ အင်ဒီဒရမ်မာအမျိုးစားလို့ပြောလိုရတယ်။ ကင်မရာကိုလက်နဲ့ပဲကိုင် ရိုက်ထားတဲ့အခန်းတွေမှာ တုန်နေတဲ့ရိုက်ချက် များစွာပါဝင်ပါတယ်။ သဘာဝ အလင်းရောင်ကိုအသားပေးရိုက်ထားပြီး၊ အဝေးမှ ဆွဲရိုက်ချက်တွေလည်းအများ ကြီးပါ။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဒီရုပ်ရှင်ဟာ ပြဇာတ်ဆန်တာပါ။ ဇာတ် ကြောင်းပြောသူဟာ ရုပ်ရှင်တစ်လျှောက် နောက်ခံအသံဖြင့်ရှင်းလင်းပြောပြနေပြီး ဇာတ်ကောင်တွေဟာ တစ်ယောက်ကိုတစ်ယောက်ပြောစရာရှိမှပဲ စကားကိုပြော ကြပါတယ်။ ဒီအတိုင်းပေါ့ပေါ့ပါးပါး ခံစားချင်တဲ့ စူးစမ်းလေ့လာမှုအခြေခံနဲ့ကြည့် မယ်ဆိုရင်တော့ ခံစားမှုတစ်ခုခုပေးမှာ အသေချာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size……….(1.44 GB) / (643 MB) Quality…………Blu-Ray 1080p / 720p Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Drama Translator…….Kaung Paing Encoder……….SWM

5.1 2016 90 mins
Shangri-La Suite
Borderless Fog
5.8

“Borderless Fog” ရုပ်ရှင်ဟာ ဒါရိုက်တာ Edwin ရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာ စီးဝင်နေတာပါ။ စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊ လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ ရှိခဲ့ပါတယ်။ သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကို ခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက် ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်း ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by PHOENIX

5.8 2024
Borderless Fog
12 Dares of Christmas
5.4

12 Dares of Christmas (2023) ခရစ်စမတ်ရဲ့စိန်ခေါ်‌မှုလေး ၁၂ ရပ် ဒီတစ်ခါမှာတော့ ခရစ်စမတ်အငွေ့အသက်သဘောကျသူ ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ခရစ်စမတ်ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အာလာရာဟာ သူငယ်ငယ်တည်းကတက်ခဲ့‌တဲ့ကျောင်းလေးမှာ ဆရာမ လုပ်ပြီး ဘဝကိုငြိမ်သက်အေးဆေးစွာဖြတ်သန်းနေသူပါ။ တစ်နေ့သူတို့ကျောင်းက ပရိုဂရမ်တစ်ခုမှာသူ့ကိုပါဝင်ခိုင်းခဲ့ပါတယ်။ ပြင်သစ်ကကျောင်းသားတွေနဲ့ exchange ပရိုဂရမ်လေးမှာ သူက ပါဝင်ရမှာဖြစ်သလို သူ့လုပ်ဆောင်မှုပေါ်မူတည်ပြီး ဒုကျောင်းအုပ်ရာထူးရမရကိုလည်း မျှော်လင့်လို့ရပါသေးတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်က ကျောင်းသားတွေရဲ့ဆရာနဲ့သူနဲ့တွေ့ဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အားလပ်ရက်တိုင်းပြန်လာနေကျ သူ့ညီမလေးချယ်လ်ဆီက ဒီနှစ်တော့ ခရစ်စမတ်စိန်ခေါ်မှု ၁၂ ခုကိုလုပ်ဖို့ သူ့ကိုတိုက်တွန်းခဲ့ပါတယ်။ အဲဒီထဲကတစ်ခုဖြစ်တဲ့ လူ ၁၂ ယောက်ကို သူ့ဖုန်းနံပါတ်ပေးရမယ်ဆိုတဲ့စိန်ခေါ်မှုအရ သူဟာ ဘားမှာသူ့ဖုန်းနံပါတ်လိုက်ပေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ၁၂ယောက်မြောက်လူချောလေးက ပရိုဂရမ်ကြောင့်သူနဲ့တွေ့ဖို့ရှိတဲ့ ပြင်သစ်ကဆရာ ဖြစ်နေပါတယ်။ ဒီလိုနဲ့သူတို့မိတ်ဆက်ကြပြီးစကားပြောကြရင်း တကယ်ကပရိုဂရမ်ကိုဒီနှစ်လုပ်မယ်၊ မလုပ်ဘူး၊ အီးမေးလ်မှာပို့တာဒီလိုပါနဲ့ငြင်းခုံရင်း နှစ်ယောက်သားနားလည်မှုတွေကွဲလွဲကာ စကားများကြပါတော့တယ်။ သူတို့နှစ်ယောက် ဘယ်လိုနားလည်မှုလွဲကြဝာာလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ၊ အာလာရာရဲ့ညီမ ဖြစ်သူချယ်လ်ဆီလုပ်မယ့် စိန်ခေါ်မှု ၁၂ ခုက ဘာတွေဖြစ်မလဲ၊ အာလာရာကရော အားလုံးကိုပြီးဆုံး အောင်မြင်ပါ့မလားဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Cym တို့ပဲဖြစ်ပါတယ်။

Horror • Thriller
5.4 2023 90 mins
12 Dares of Christmas
That’s It for Today Enough for Now
7.5

That’s It for Today (2024) IMDb Rating (7.4) သိပ်မမြင်ရတတ်တဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Serbian ရုပ်ရှင်တစ်ကားပါ။ မိသားစုတစ်ခုအကြောင်းပါ။ မောင်နှမသုံးယောက်ရှိတယ်။ တူမလေးတစ်ယောက်ရှိတယ်။ တူမလေးရဲ့အဖေ မောင်နှမထဲက အကြီးဆုံးက သူ့မိန်းမဆုံးသွားဖူးတယ်။ ဒီဒဏ်ရာက ထရော်မာတစ်ရပ်လိုဖြစ်နေတဲ့ သူ့ဘဝကြီးထဲ သူ့ညီမတွေ ညီတွေနဲ့ ဆက်ဆံရေးတွေ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတွေမှာပါ အဖုအထစ်တစ်ချို့ရှိနေခဲ့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စတဲ့နေရာကတော့ ဒါတွေကို ကုစားတော့မယ့်အချိန်မတိုင်ခင်လေးတင်ပဲ။ သူ့ဒဏ်ရာတွေကို သူဘယ်လိုလက်ခံပြီး ဆက်ဆံရေးတွေကို ဘယ်လိုတည်ဆောက်မလဲ ဒီရုပ်ရှင်မှာ မြင်ရမှာပါ။ လွယ်လွယ်ပြောရရင်တော့ နောက်ခံသီချင်း ကောင်းကောင်းလေးတွေနဲ့ မိသားစုဒရာမာကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.1 GB) / (830 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:45:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy • Family • Fantasy
7.5 2024 94 mins
That’s It for Today Enough for Now
Vanvaas
5.7

Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန် IMDb 6.7/10 မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို‌ နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။ သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်‌တွေဟာ ရော‌ထွေးနေပါတယ်။ သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်‌ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။ တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။ သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။ သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ။

5.7 2024 160 mins
Vanvaas
Street Fighter II: The Animated Movie
7.2

Street Fighter II: The Animated Movie (1994) IMDb Rating (7.2) / Rotten Tomatoes (80%) ၉၀ ခုနှစ်များဆီက ကလေးတိုင်းရဲ့ အသည်းစွဲ ဂိမ်းမြောက်များစွာကို ထုတ်လုပ်ပေးနိုင်ခဲ့တဲ့Capcom ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Street Fighter ဟာလည်း အောင်မြင်ခဲ့တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ဂိမ်းမှာလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်တွေ၊ Animation Movie တွေမှာလည်း လူကြိုက်များခဲ့ပါတယ်။ 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Street Fighter II – The World Warrior ဂိမ်းရဲ့ အောင်မြင်မှုကြောင့်ပဲ Street Fighter II The Movie ဆိုပြီး Animation ရုပ်ရှင်တစ်ကား ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်အချစ်တော် ဇာတ်ကောင်တွေ ဖြစ်တဲ့ Ryu နဲ့ Ken၊ Chun-Li၊ Guile၊ Fei Long၊ Dhalsim၊ Honda တို့အပြင် Zangief ကိုပါ မြင်တွေ့ခဲ့ရပြီး ငွေကြေးအရလည်း အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ – တရားရေးဌာနဝန်ကြီးကို အမ်အိုင်-၆ အေးဂျင့် တစ်ယောက်ဖြစ်တဲ့ ကမ်မီဝှိုက်က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အင်တာပိုအေးဂျင့်တစ်ယောက်ဖြစ်တဲ့ ချွန်းလီက ဒီလုပ်ကြံမှုကို အမေရိကန်စစ်တပ်အဖွဲ့အစည်းနဲ့ ပူးပေါင်းဖော်ထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ အမေရိကန်လေတပ်က ကပ္ပတိန် ဂိုင်းလ်ကတော့ သူ့သူငယ်ချင်းသေဆုံးရမှုအတွက် ကိုယ်တိုင်သာ လက်စားချေချင်နေသူ ဖြစ်ပါတယ်။ အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် ချွန်းလီရဲ့ဖြောင့်ဖြနားချမှုကြောင့်ပဲ ဘိုင်ဆန်ဦးဆောင်တဲ့ ရှဲဒိုးလော အဖွဲ့အစည်းကို ဖြုတ်ချဖို့ ပူးပေါင်းခဲ့ပါတယ်။ မကောင်းမှုဒုစရိုက်မှန်သမျှ လက်မလွတ်တမ်း ကျူးလွန်နေတဲ့ ရှဲဒိုးလော အဖွဲ့အစည်းရဲ့ ပဲ့ကိုင်ရှင်ဘိုင်ဆန်ကတော့ သူကြိုးဆွဲရာကမယ့် အကောင်းဆုံးတိုက်ခိုက်ရေးသမား ရုပ်သေးရုပ်ကို ဖန်တီးဖို့ ကြံစည်နေခဲ့ပါတယ်။သူ့တပည့်ဖြစ်သူ ဆာဂတ်ကို အနိုင်ယူသွားနိုင်ခဲ့ပြီးတော့ ကမ္ဘာပတ်ပြီး ထိုက်တန်တဲ့ပြိုင်ဘက်ကို လိုက်ရှာနေတဲ့ ရူကို ဒီပရောဂျက်အတွက် မျက်စိကျလာခဲ့ပါတယ်။ ရူရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ ကန်ကတော့ ချစ်သူနဲ့အတူ အခြေကျနေပေမယ့် ဒိုဂျိုတစ်ခုတည်းမှာကိုယ်ခံပညာသင်ခဲ့တဲ့ ရူကို မပြတ်သတိရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့စောင့်ကြည့်ရေးဆိုင်ဘော့ဂ်တွေကနေတစ်ဆင့်ကန်ရဲ့ တိုက်ခိုက်ပုံတွေကို တွေ့မြင်သွားတဲ့ ဘိုင်ဆန်က သူ့ရဲ့ဆိုက်ကိုစွမ်းအားနဲ့ ကန်ကိုသူ့ကိုယ်ပိုင် လူသတ်စက်တစ်ခုအဖြစ်ဖန်တီးဖို့ ကြိုးပမ်းလာပါတော့တယ်။ စိတ်စွမ်းအားရှင် ဘိုင်ဆန်နဲ့ အပေါင်းအပါတွေကို ဖြုတ်ချဖို့ ရူ နဲ့ ဟွန်ဒါတို့ကတစ်ဘက်၊ ချွန်းလီနဲ့ ကပ္ပတိန်ဂိုင်းတို့ အင်တာပိုအဖွဲ့အစည်းက တစ်ဘက် ဘယ်လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Sumali ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation Duration….01:41:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Sai Sumali

Horror • Comedy
7.2 1994 101 mins
Street Fighter II: The Animated Movie