YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

High School Return of a Gangster 2024 - Episode 06 - 720p [RMC].mp4

339.67 MB N/A video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love Like the Falling Petals
7.9

(၁) ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။ (၂) ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။ အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။ (၃) ကြယ်မမြင်နိုင် ညပေါင်းများစွာကို လင်းစေသော တစ်စုံတရာရှိလိမ့်မည်ဆိုပါက ထိုအရာသည်ချစ်ခြင်းမေတ္တာပင်ဖြစ်ပါလိမ့်မည်။ ဒုက္ခသစ္စာအပြည့်နဲ့ ကမ္ဘာကို လှပနိုင်စေသည်မှာ အနုပညာနဲ့ ချစ်ခြင်းမေတ္တာသာရှိသည်ကို ကျွန်တော်သေချာပါသည်။ သူမသည် ကင်မရာခလုတ်ကို ထပ်နှိပ်ဝံ့စေသော နှလုံးသားကို ကျွန်တော့်အား ပေးအပ်ခဲ့၏။ မင်းဟာ ကိုယ့်အိပ်မက်တွေကို ကိုယ်လက်မလျော့တတ်အောင် သင်ပေးခဲ့တာပေါ့။ ပန်းညများစွာကို ဖန်ဆင်းခဲ့သူဟာ ပြန်လည်း ဖျက်သိမ်းတတ်တယ်လို့ ကိုယ်ဘယ်မြင်နိုင်ခဲ့ပါ့မလဲ။ (၄) ရထားချင်းလမ်းလွှဲ ဘူတာချင်းကွဲခဲ့ချိန်တွင် အလွမ်းသည် ဗေဒါရောင်ဖြစ်သည်။ တစ်လွှာချင်းကွာကျသော ချယ်ရီပွင့်ဖတ်များ ရပ်တန့်သွားချိန်တွင် ပြန်မရခဲ့ရသော သူမသည် ပန်းနုကောင်းကင်ကလေးဖြစ်ခဲ့၏။ (၅) ဘေဘီ ခံစားချက်လမ်းပေါ်မှာ မျှော်လင့်ချက်ဆုံးနေလည်း သိပ်သိပ်ချစ်တဲ့ မြေကြီးနဲ့ကောင်းကင်ပဲ အချစ်ဆုံးနှစ်ယောက် ဝေးလေပြီ။ (၆) မင်းမရှ်ိတော့တာ နည်းနည်းတောင်ကြာခဲ့ပါပြီ။ အဲဒီနောက်ပိုင်းမှာ မင်းစွန့်ခွာသွားတဲ့အကြောင်းရင်း အမှန်တရားကို ကိုယ်သိခဲ့ရတယ်။ ကြာခဲ့ပါပြီ။ အဖြစ်မှန်ကို သိခဲ့ပေမဲ့ ကိုယ့်အတွက်အဖြေမှန်ကိုတော့ ကိုယ် အခုထိမသိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်ဆက်ကြိုးစားရှာနေဦးမှာပါပဲ။ ဒီလိုနွေဦးရောက်တိုင်းလည်း မင်းကို သတိရနေဦးမယ်။ ကိုယ့်အချစ်က ပွင့်ဖတ်ကြွေလို....... (၇) ဘေဘီ ခံစားချက်လမ်းပေါ်မှာ နင်ရယ်ငါ အသည်းနှလုံးကွဲအောင် ဝေးလေပြီ။ တို့ဟာ မြေကြီးနဲ့ကောင်းကင်ပဲ မျှော်လင့်ချက်ဆုံးနေလည်း အသည်းမကွဲဘူး။ (၈) ချယ်ရီကြွေသောလမ်းများ၊ တိုကျိုတာဝါ၊ ဆံပင်ညှပ်ဆိုင်ခုံကလေးများ၊ အတူသွားဖူးသော စားသောက်ဆိုင်၊ ရောင်နီများ၊ နေ၀င်ချိန်များ၊ သစ်ခြောက်ပင်များ၊ ချယ်ရီပန်းများ တစ်ခါက ဓာတ်ပုံများထဲ ကျန်ရှိနေသေးသည်။ မရှိတော့ပြီဖြစ်သော သူမသည် ဓာတ်ပုံတို့ထဲတွင် ထင်ကျန်နေသေးသည်။ သူမကို ကျွန်တော် ရှာရပါဦးမည်။ ဓာတ်ပုံများထဲပင်ဖြစ်စေ လမ်းဟောင်းလေးထဲတွင်ဖြစ်စေ ကျွန်တော် သူမကို ရှာနေမိဦးမည်။ ရှာရဦးမည်......။ ချယ်ရီတို့ဝေနေပြန်ပါပြီ... ကျွန်တော် သူမကို ရှာရဦးမည်။ ရှာရဦးမည်....။ စာကြွင်း - ရုပ်ရှင်ကောင်း ဟုတ်မဟုတ် ကျွန်တော်တို့ ဘာပေတံနဲ့ တိုင်းပြီး ဆုံးဖြတ်ကြတာလဲ။ ခန့်မှန်းရခက်တဲ့ Plot Twistတွေနဲ့လား၊ တစ်စုံတရာသော မက်ဆေ့နဲ့လား၊ တခြားအကြောင်းရင်းနဲ့လား၊ လူတစ်ကိုယ် မူတစ်မျိုးကွဲကြမှာပဲ။ ကျွန်တော်တော့ ကြည့်ပြီး ခံစားမှုတစ်ခုခုရရင် ရုပ်ရှင်ကောင်းလို့ သတ်မှတ်လိုက်တာပါပဲ။ အထူးသဖြင့် ဒါရိုက်တာရဲ့ နှလုံးသားကို‌ တွေ့ရတဲ့ ရုပ်ရှင်တွေကိုပေါ့။ Love Like Falling Petalsဟာ တစ်စုံတရာသော ခံစားမှုကိုပေးနိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ Color Me Trueကို ဇာတ်ညွှန်းရေးခဲ့တဲ့စာရေးဆရာမက ၀တ္တုကိုရေးထားပြီး Let Me Eat Your Pancreas ဇာတ်ညွှန်းဆရာမက ဇာတ်ညွှန်းရေးသားထားပါတယ်။ ရည်ညွှန်း- ၅၊ ၇ နင်ကကောင်းကင် ငါကမြေကြီး သုခမိန်လှိုင် ၊ နော်လီဇာ =================================== အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 1080p and 720p and 480p File size… Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.9 2022 128 mins
Love Like the Falling Petals
Blade Runner
7.9

1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။ အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။ လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:57:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Thanhtike Zaw Translated by Aye Mon Kyaw

Romance • Thriller
7.9 1982 118 mins
Blade Runner
Lady of the Dynasty

တကယ့်အဖြစ်အပျက်တွေက ပုံပြင်တွေထက် ဆန်းကြယ်တာမျိုးပဲထင်တယ်… ၇ ရာစုခန့်က တရုတ်ပြည် ထန်မင်းဆက်ခေတ်မှာ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်…. သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်… ပြသနာက အဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်…. ဒါပေမယ့်သူဟာ ရှင်ဘုရင်ဖြစ်ပြီး လိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့် အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကို မိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်… ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်လိုဆက်သွားပြီး ရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကို ပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့် ရာဇဝင်အပြည့်အစုံကို ဒီ Post https://www.facebook.com/tianxiadiyi888888/posts မှာ ဖတ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ကိုတော့ ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီး အချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။

0 2015
Lady of the Dynasty
Venus
5.5

သွေးသံတရဲရဲကြမ်းကြမ်းတမ်းတမ်း Horror ကားတွေကိုမှကြိုက်တဲ့ လူတွေအတွက် Venus ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb မှာ Rating 5.5 ရရှိထားပြီးသူ့အနေအထားနဲ့ သူတော့ကြည့်လို့ ကောင်းတယ်လို့ပြောလို့ရပါတယ်။ နာမည်ကြီး Horror ကားတွေကြည့်ရတာ အကုန်ကုန်ပြီးတော့ ကြည့်စရာရှာနေရတယ်ဆိုရင် ဒီကားလေးကိုတော့စမ်းကြည့်ကြည့်လိုက်ကြပါ။ ဇာတ်လမ်းအစမှာတော့ လူစီယာလို့ခေါ်တဲ့ကလပ်မှာကပြဖျော်ဖြေရတဲ့ ကောင်မလေးတစ်ယောက်က ကလပ်ကနေမူးယစ်ဆေးတွေခိုးပြီး ထွက်ပြေးလာခဲ့တာကိုတွေ့ရမှာပါ။အဲ့ဒီဆေးတွေကြောင့် သူ့အလုပ်ရှင်တွေက သူ့နောက်ကိုလိုက်လာတဲ့အတွက် ကြံရာမရတဲ့အဆုံးသူ့ အစ်မတိုက်ခန်းဆီ သွားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာတော့ သူ့အစ်မပျောက်နေပြီး ပြန်မလာတဲ့အပြင် သူ့ကိုလိုက်ရှာနေတဲ့လူတွေရဲ့ရန်ကို ကြောက်တဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ ဆက်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီတိုက်ခန်းကသူ့ကို လိုက်ဖမ်းနေတဲ့ လူတွေထက်အများကြီး ပိုကြီးမားတဲ့ပြဿနာဆိုတာကို လူစီယာတစ်ယောက်သိခဲ့ရပါတော့တယ်။အဲ့ဒီပြဿနာကြီးကတော့ အဲ့ဒီတိုက်ခန်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ လူစီယာတစ်ယောက် တွေ့ကြုံနေရတဲ့ကြောက်မက်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့ အရာတွေက ဘယ်လောက်တောင်ဆိုးတဲ့အရာတွေလဲ သူ့နောက်ကိုလိုက်ဖမ်းနေတဲ့ လူတွေကရော သူ့ကိုရှာတွေ့သွားကြမလား အရေးကြုံနေတဲ့အချိန်မှာ ပျောက်သွားတဲ့ သူ့အစ်မကရော ဘယ်တွေကိုရောက်နေပြီး အချိန်မှီရောပြန်လာနိုင်ပါ့မလားဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကြည့်ရှုရမဲ့သည်းထိတ်ရင်ဖိုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.47GB / 629MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2022
Venus
Bone Tomahawk
7.1

ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူး ပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီး rating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား Patrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့် သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့ အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေ သတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်က Bright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်က လိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ် မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကို ပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကို ဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီး နောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိ ဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာ တို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men တောင်ကြားကိုသွားရောက်ကယ်ဆယ်ဖို့ကြိုးပမ်းကြပါတော့တယ် သူတို့ရဲ့ကယ်ဆယ်ရေး ခရီးစဥ်မှာ မိသားစုလိုက် အင်ဒီးယန်းလူရိုင်းတွေ သတ်တာခံလိုက်ရတဲ့ မစ္စတာဘရူဒါပါ၀င်လာတဲ့အခါမှာကော ဘယ်လို တွေဆက်ဖြစ်ကြမလဲ Valley of Starving Men တောင်ကြားကိုသွားတဲ့ ဦးသူကနိုင်စတမ်းလမ်းခရီးမှာကော ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ သူတို့ရဲ့ကယ်ဆယ်ရေး အစီအစဥ်ကကော အောင်မြင်ပါ့မလား ဖမ်းခေါ်သွားခံ ရတဲ့သူတွေကရော Valley of Starving Menမှာ အန္တရာယ်ကင်းပါ့မလား သူတို့အားလုံး Valley of Starving Men တောင်ကြားကနေရော အသက်ရှင်ရက်ပြန်လာနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရင်သပ်ရှုမောဖွယ်စီးမျောလိုက်ပါဦး ဒီဇာတ်ကားဟာ Action,Horror, Western ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File size…2.15 GB / 987 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , Horror , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

7.1 2015 133 mins
Bone Tomahawk
Polis Evo 2
7

Polis Evo 2 (2018) IMDb – 7/10 ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7 2018
Polis Evo 2
How to Marry a Millionaire
6.8

မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

6.8 1953
How to Marry a Millionaire
Assassin’s Creed
5.7

Assassin’s Creed (2016) ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin’s Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin’s Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် အဂူလာရဲ့ မျိုးဆက် ကယ်လမ် လင့်ချ်ဟာ DNA ပေါင်းစပ်ခြင်းကနေတဆင့် မှတ်ဉာဏ်တွေတင်မကဘဲ မူလ Assassin’s Creed အဖွဲ့ဝင် ရဲ့ စွမ်းရည်တွေကိုပါ ပြန်ရလာတဲ့အခါ…..။

5.7 2016 116 mins
Assassin’s Creed
Speak No Evil
7.1

ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။ စိတ္တဇလူသတ်သမား စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။ “မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ” “မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ” ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲ သားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီး ဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။ ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီး James McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size : 6.8 GB, 1.8 GB, 866 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 50min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr. Anderson Encode by : Thit San Khant

7.1 2024
Speak No Evil
Evolution
6.1

Evolution (2001) IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်း ဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။ တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။ ၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။ Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ Nominee ဝင်ခဲ့ပါတယ်။ ဇာတ်ကို ဦးဆောင်လာသူတွေကတော့ The X-Files နဲ့ နာမည်ကြီးလာသူ David Duchovny နဲ့ ဟာသပညာရှင် Orlando Jones တို့ဖြစ်ပါတယ်။ လုပ်ကွက်သိပ်မများပေမယ့် ကောင်းကောင်းဇာတ်ပို့ပေးခဲ့သူတွေကတော့ American Pie သရုပ်ဆောင် Seann William Scott နဲ့ ၂၁ရာစုအကောင်းဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Julianne Moore တို့ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Sci-Fi Duration….01:42:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Drama
6.1 2001 101 mins
Evolution
Ghost Game

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ် လူငယ်သဘာဝ စိတ်လှုပ်ရှားပြီး စွန့်စားစရာကိစ္စတွေကိုကြိုက်နှစ်သက်ကြတဲ့ စုံတွဲနှစ်ယောက်ရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် အဖွဲ့တွေဖွဲ့ ဖွဲ့ပြီးအုပ်စုလိုက် သူများအိမ်ထဲကိုခိုးဝင်ပြီး ကင်မရာရိုက်ကြ ပြီးရင် internet ပေါ်တင်ပြီးတော့ တကယ့်အပြင်ဖက်ဘဝမှာ ရလာတဲ့stress တွေကို ဒီလိုနည်းနဲ့ဖြေကြတာမျိုးပါ အဲဒီလိုကစားနည်းကို Ghost game လို့ခေါ်ပါတယ် အဲဒီထဲမှာလော်ရာနဲ့သူ့ကောင်လေးကလည်း စွန့်စားပြီး Halton house ဆိုတဲ့သရဲခြောက်တာကြမ်းပါတယ်ဆိုတဲ့အိမ်ကို ခိုးဝင်မိသွားရင်း သရဲပဲပြန်ခြောက်ခံရမလား သူတို့အိမ်ထဲခိုးဝင်တာကို အိမ်ရှင်တွေပဲမိသွားလားဆိုတာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားလေးကို အပန်းဖြေကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(1.1 GB)/(470 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CM.Min Htike

Action
0 2024 86 mins
Ghost Game
Dasettante cycle

Dasettante cycle 2025 (လုံခြုံရေးသမားကြီးရဲ့ ဘဝဇာတ်ကြောင်း) ဒါဆတ်တန်ဆိုတဲ့ လုံခြုံရေးသမားတစ်ယောက်၊ သူ့မှာ အဖေရယ် မိန်းမရယ် သားလေးတစ်ယောက်ရယ်ရှိပါတယ်။ အဖေလုပ်သူကတော့ အသက်၆၀ကျော် အငြိမ်းစားယူပြီးတဲ့အရွယ်ဖြစ်ပြီး အငြိမ်းစားယူပြီးနောက်မှ လူငယ်လေးတစ်ယောက်လို လက်ဝှေ့ထိုးသင်လိုက် ဘောလုံးကန်လိုက်နဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းလျက်ရှိပါတယ်။ မိန်းမလုပ်တဲ့သူကတော့ အိမ်အလုပ်တွေ ဒိုင်ခံလုပ်ရင်း အပိုဝင်ငွေရဖို့ အပြင်အလုပ်လေးလည်းလုပ် ယောက်ျားဖြစ်သူနဲ့ ဖေးဖေးမမ ချစ်ချစ်ခင်ခင်ပါပဲ။ သားလေးကတော့ ကျောင်းတက်နေတုန်း ကျောင်းသားလေးပေါ့။ ဒါဆတ်တန်တို့ မိသားစုကတော့ အကြွေးတွေကို ကြိုးစားဆပ်နေရင်းနဲ့ပဲ ဘဝကို အဆင်မပြေတဲ့ကြားက ပြေအောင်ကြိုးစားနေနေကြရပါတယ်။ ဒါဆတ်တန်တစ်ယောက်ကတော့ မိသားစုကို အဆင်ပြေစေဖို့ ကြိုးစားရင်းနဲ့ ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာကတော့ မိသားစုဘဝ, အိပ်မက်တွေနဲ့အတူ ဘဝဆိုတာကြီးကို လူလတ်တန်းစားဘဝတွေအနေနဲ့ ဘယ်လိုရုန်းကန်လှုပ်ရှားရလဲဆိုတာကို မီးမောင်းထိုးတင်ဆက်ပြသထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2025 118 mins
Dasettante cycle