YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

High.Cookie(2023)EP10.WEB-DL.1080P(CM).mp4

313.67 MB N/A video/mp4 237 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Bruce Lee - The Fighter
5.8

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…3.2GB / 1.7GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & BpL

Drama • Music
5.8 2015 151 mins
Bruce Lee - The Fighter
A Quiet Place Part II
7.5

IMDb Rating - 7.8/10 Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင် လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ.... Quiet Place 1 အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။ အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။ တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality – 1080p, 720p HDRip Duration - 1h 37min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Horror, Sci-Fi Source : 1080p.HDRip Translator – Mr.Anderson Encoder – SWM

Comedy • Drama
7.5 2021 97 mins
A Quiet Place Part II
Subspecies V: Blood Rise

သွေးစုပ်ဖုတ်ကောင် ဘုရင်ကြီး ဗလက်ဒီဆလက်စ်နဲ့ မသေမျိုး စုန်းမကြီး ဆီဆာ တို့ရဲ့ သားလေးဟာ အမှောင်ခေတ်မှာ အဖေကိုယ်ပြန်သတ်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောနိမိတ်နဲ့ မွေးဖွားလာခဲ့ပါတယ် အဲဒါကိုသိတဲ့ ခရူးဆိတ်စစ်သားတွေက ဆီဆာ ဆီကနေ ကလေးနဲ့ နတ်ဆိုးသတ်တဲ့ ဓားမြှောင်ကို ခိုးသွားခဲ့ပြီးတော့ ကလေးကို မကောင်းဆိုးဝါးသွင်ပြင်ကနေ လူပုံစံဖြစ်အောင် ပြင်ဆင်ပြီး မကောင်းဆိုးဝါး သုတ်သင်တဲ့သူဖြစ်အောင် သင်ကြားပေးလိုက်ပါတော့တယ် အဲဒီကလေး နာမည်ကတော့ ရာဒူးပါ သူက နှစ်ပေါင်းများစွာ တိုက်ကြီးတွေဖြတ်ပြီး မကောင်းဆိုးဝါး တွေကို သုတ်သင်ခဲ့ရာကနေ တနေ့မှာတော့ ကံကြမ္မာအလှည့်အပြောင်းကြောင့် သူ့ရဲ့အဖေ သွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးရဲ့ ရဲတိုက်ကို သွေးကျောက်တုံးယူဖို့ ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ ရှေ့ဖြစ်နိမိတ်ကရော တကယ်ဖြစ်လာမှာလား လူပုံစံဖြစ်အောင်အတင်းပြင်ထားတဲ့ ရာဒူးကရော သေမျိုးလား မသေမျိုးလား မကောင်းဆိုးဝါးတွေကိုရော ဘယ်လိုဆက်သုတ်သင်မှာလဲဆိုတာ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး File size…(1.2GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

0 2023 80 mins
Subspecies V: Blood Rise
Creatura
6.8

Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 900MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Fantasy
6.8 2023 110 mins
Creatura
You’re All Gonna Die

You’re All Gonna Die ဇာတ်ကားက ၂၀၂၃ ခုနှစ်ထွက် horror, crime ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းလေးပြောပြရမယ်ဆိုရင် အမေရိကန်နိုင်ငံက လူသွားလူလာနည်းတဲ့ အမြန်လမ်းမတစ်ခုမှာ လူသတ်မှုတွေ ဆက်တိုက် ဖြစ်လာနေခဲ့တာက စပါတယ်။ အဲ့အမှုကို ရဲတွေက အမှုမြန်မြန် ပိတ်ချင်ဇောနဲ့ တွေ့ရာလူ ဖမ်းပြီး အတင်းဝန်ခံခိုင်းခဲ့ပါတယ်။ အဲ့ဒါကို ရိပ်စားမိတဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူငယ်တစ်စုက အဲ့ဖမ်းထားတဲ့လူဟာ တကယ့်လူသတ်သမား မဟုတ်ကြောင်းကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့လို ကြိုးစားတဲ့နေရာမှာ အခင်းဖြစ်သွားရာနေရာကို သွားလေ့လာဖို့ သူငယ်ချင်းအုပ်စုတစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အခင်းနေရာရောက်တဲ့အချိန်မှာ သူတို့ မထင်မှတ်ထားတဲ့ ဘယ်လိုအရာတွေကို တွေ့ရှိရမလဲ ဘာတွေရင်ဆိုင်ရမလဲ ရဲတွေကရော အကူအညီ ဖြစ်မှာလား ဇာတ်လမ်းရဲ့ နောက်တစ်ပိုင်းမှာလဲ အဓိကမင်းသမီးဖြစ်တဲ့ အန်နာရဲ့ နောက်ကြောင်းတွေကိုလည်း ချိတ်ဆက် ပြသထားတာဖြစ်လို့ သေချာတွေးတောစရာ တွေကို ပေးနိုင်မဲ့ ရုပ်ရှင်ကားလေးတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ.. File size…1.80 GB / 1.19GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

0 2023
You’re All Gonna Die
Dream Scenario
7.2

Dream Scenario (2023) ================= IMDb Rating – 7.2/10 ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021) The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023) တို့လို ရုပ်ရှင်ကားကောင်း ၃ ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီ ဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ် ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့ အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာ တွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေ ဖြစ်လာတယ်ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ် ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ် ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိ အမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီ သာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆို ပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက် တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေက သူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီး လာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။ ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း “မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲ နောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါ တယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံ လာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ် လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးက တကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်း ဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရား တွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့ cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကို သရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲကြည့် ကြည့်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(7.09 GB) / (4.85 GB) / (761 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Mr.Anderson Encoder……….SWM / Ka Naung

7.2 2023
Dream Scenario
The Hand that Rocks the Cradle
6.7

ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့ စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်း ဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံ လေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OG အသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ် သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီး ဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကို တက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီး ဗစ်တာမော့တ်တစ်‌‌ယောက် သူ့ကိုယ်သူ အ‌ဆုံးစီရင်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေး‌ရော မိခင် ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာ ကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန် တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…3.3 GB / 862 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Comedy • Adventure
6.7 1992 110 mins
The Hand that Rocks the Cradle
Suspect
6.1

CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်… ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်… ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ… ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့… မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့… ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့… ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ… သူက ဘာလို့ လူတွေကို စီရင်နေတာလဲ… စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား… တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ… ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့…

6.1 2024
Suspect
The Red Tide Massacre
5

ဒီရေနီဆိုတာကတော့ ပင်လယ်ကမ်းခြေတွေမှာ ရေကိုတောင်အရောင်ပြောင်းစေပြီး ရေနေသတ္တဝါတွေ၊ လူသားတွေအတွက်ပါ အန္တရာယ်ဖြစ်စေလောက်တဲ့ ရေညှိတွေ အဆမတန်များပြားလာတဲ့ဖြစ်စဉ်ပါ။ ဒီကားကတော့ အဲဒီရေညှိတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဖလော်ရီဒါမှာ ဒီရေညှိပြဿနာကိုကြုံတွေ့နေရတဲ့အပြင် အယ်လ်ဒေးဗစ်ဆိုတဲ့ အကျဉ်းသားလူသတ်သမားတစ်ယောက်ကလည်း လွတ်သွားပါသေးတယ်။ ကမ်းခြေတွေလည်းပိတ်ထားရပြီး အကုန်ခြောက်ကပ်နေတာပေါ့။ ရဲမှူးဖူလာတို့သားအဖရယ်၊ လော့စ်အိန်ဂျလိစ်ကနေ ဒီကိုပြောင်းလာတဲ့ သတင်းထောက်မလေးရီယိုလီရယ်၊ ရေညှိအကြောင်းသုတေသနလုပ်နေတဲ့ မင်းသားသူငယ်ချင်းတွေရယ်က သူတို့ရဲ့ဖလော်ရီဒါမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြတဲ့ဇာတ်လမ်းပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by June

Action
5 2022 88 mins
The Red Tide Massacre
Kooki
6.7

Kooki (2024) “ကူကီရဲ့အဖြစ်ဆိုး” IMDb – 7/10 အိပ်မက်တွေအများကြီးနဲ့ လန်းဆန်းတက်ကြွနေတတ်တဲ့ ၁၆နှစ်အရွယ် မြှီးကောင်ပေါက်မလေး ကူကီ။ အိုင်ပီအက်စ်အရာရှိကြီးဖြစ်ဖို့ရည်ရွယ်ချက်တွေနဲ့ ကျောင်းတက်ရင်း သူငယ်ချင်းတွေနဲ့လျှောက်သွားရင်း ဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကူကီ။ ရှေ့နေဖြစ်သူဖခင်နဲ့ တရားဥပဒေနဲ့ တရားမျှတမှုဆိုတာကို အမြဲတမ်းငြင်းခုန်နေတတ်တဲ့ ကူကီ။ ဒီအပျိုဖြန်းမလေး ကူကီကိုမှ အုပ်စုဖွဲ့မုဒိမ်းကျင့်တာ ခံလိုက်ရပါတယ်။ တရားခံတွေကို ဖမ်းမိပေမဲ့ ကူကီတစ်ယောက် သူ့အတွက် တရားမျှတမှုကိုရတယ်လို့မခံစားခဲ့ရပါဘူး။ မိုးကိုချစ်တဲ့ကောင်မလေးတစ်ယောက် မိုးသံ၊ လျှပ်စီးသံကနေ ရွှံ့နွံတွေထိ မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်က မိုးသံကြားရင်တောင် ရူးမတတ်ကြောက်ရွံ့နေတဲ့ထိ စိတ်ဒဏ်ရာတွေရသွားတဲ့ကူကီတစ်ယောက် ဘ၀ကို ဘယ်လိုရှင်သန်ဖြတ်သန်းမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)

6.7 2023
Kooki
Canadian, Sniper
3.4

Canadian, Sniper (2023) ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ကင်းသွားတဲ့နေ့ရယ်လို့မရှိဘူးထင်ရတယ်။ ဒီကားလေးကတော့စစ်မှုထမ်းသက်ပြည့်လို့မွေးရပ်မြေကိုပြန်လာတဲ့ စစ်ပြန်တစ်ယောက်ကြုံရတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သူကြုံခဲ့ရတဲ့စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကမျက်မှောက်ထိပါလာပြီးသူ့ကိုဘယ်လိုတွေခံစားသက်ရောက်စေရသလဲတွေ့ရပါမယ်။ ဒီဇတ်ကားရဲ့ရည်ရွယ်ချက်က စစ်သားတွေခံစားရလေ့ရှိတဲ့ Post Traumatic Stress Disorder ဆိုတဲ့ “ကြောက်စရာကောင်းတဲ့ ဒါမှမဟုတ်စိတ်ဖိစီးစရာအဖြစ်အပျက်ကြောင့်ဖြစ်လာတဲ့စိတ်ကျန်းမာရေး အခြေအနေကို” ပြချင်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက သူ့သူငယ်ချင်းတစ်ယောက်စစ်တပ်ထဲဝင်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်တစ်ကြိမ်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အချိန် သူ့ကိုယ်သူသတ်သေသွားတာကိုတွေ့လိုက်ရတဲ့အတွက် ဒီဇာတ်ကားကို ရေးသားရိုက်ကူးဖို့ ဖြစ်လာတယ်လို့ဆိုပါတယ်။ စနိုက်ပါသမားတစ်ယောက်ရဲ့စနိုက်ပါကို ပစ်ခတ်လေ့ကျင့်နေချင်တဲ့စိတ်ကိုလည်းပြထားပါတယ်။ အာဖဂန်နစ္စတန်စစ်ပြန်တစ်ယောက်ရဲ့ သဘာဝကိုချစ်တတ်တဲ့စိတ်ကိုလည်မသိမသာဖော်ပြထားတာတွေ့ရပါမယ်။ ကြိုက်တာကဇာတ်ညွှန်းပါ။ဇတ်ကွက်နည်းနည်းစကားလုံးနည်းနည်းနဲ့ ဇာတ်ကားကိုပုံဖော်နိုင်တဲ့ဇတ်ညွှန်းရေးတဲ့သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကိုချီးကျူးမိပါတယ်။ စစ်မှုထမ်းတာပြီးလို့တပ်ကထွက်တယ်ဆိုတာသိသာအောင်နောက်ခံစကားပြောတာနဲ့သိစေတာမျိုးအဖေဖြစ်သူရဲ့နောက်ခံအကြောင်းအရာတွေကိုစကားနည်းနည်းနဲ့ပုံဖော်သွားတာမျိုးစစ်မှုထမ်းပြီးတဲ့နောက် ဘာလို့မွေးရပ်မြေကနေဒါမြောက်ပိုင်းကိုပြန်လာရတယ်ဆိုတာကိုပုံဖော်ပြတာမျိုးကဇတ်ကွက်အများကြီးပြစရာမလိုပဲဇတ်ရည်လည်စေတာမျိုးပါ။ ကြိုက်တဲ့အချက်တွေအများကြီးပေမယ့်spoil တာဖြစ်မှာမို့ဒီလောက်ပဲပြောလိုက်ပါမယ်။ စစ်နဲ့ပါတ်သက်ပြီးအင်မတန်ထိမိတဲ့အတွေးအခေါ်တွေခံယူချက်တွေတစ်ချို့ကိုလည်း ပါးပါးလေးချပြထားပါတယ်။ နောက်ထပ်ကြိုက်တာက ရိုက်ချက်တွေပါ သမရိုးကျထက်ဆန်းတဲ့လှတဲ့ရိုက်ချက်တွေနဲ့ကနေဒါမြောက်ပိုင်းရဲ့အလှကဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာပါတယ် ။ တေးဂီတကလည်း သမရိုးကျဇတ်ကားတွေနဲ့ကွဲထွက်နေပြီး ဇာတ်ကားနဲ့လိုက်ဖက်အောင် ဖန်တီးထားတာတွေ့ရပါမယ်။ ဇာတ်ကောင်စရိုက်သရုပ်ဖော်တာကိုကြိုက်တယ်အတွေးစတွေပေးလို့တွေးရတာလည်းကြိုက်မယ် စစ်မှန်တာလည်းကြိုက်တယ်ဆိုရင်တော့ သမရိုးကျစစ်ကားတွေနဲ့ ကွဲထွက်နေတဲ့ဒီဇတ်ကားကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ ကနေဒါမင်းသားဖရန်ဆွာအားနို ( François Arnaud) ကစစ်ပြန်ကနေဒီယန်စနိုက်ပါသမားနေရာကသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာမိုက်ကယ် ကန်ဒင်စကိုင်း (Michael Kandinsky )ကရေးသား ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်အကြိုက်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(770 MB) / (500 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, War Duration….01:14:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama • Comedy
3.4 2023 73 mins
Canadian, Sniper
One Fine Day
6.5

One Fine Day (1996) IMDb Rating (6.5) / Rotten Tomatoes (53%) Ocean’sရုပ်ရှင်စီးရီးရဲ့ ပင်တိုင်စံမင်းသားကြီး George Clooneyနဲ့မင်းသမီး Michelle Pfeifferတို့ရဲ့ ကိုးဆယ်ကျော်ခုနှစ်ကRom/Com အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျက်က မြို့တော်ဝင်ရဲ့မကောင်းသတင်းကို ဆောင်းပါးရေးနေတဲ့ နာမည်ကြီးသတင်းထောက်။ ဇနီးဟောင်းဖြစ်သူက သွားစရာရှိလို့ သမီးဖြစ်သူကို လာထားခဲ့တဲ့နေ့ကျမှသူရေးတဲ့ဆောင်းပါးက ပြဿနာအကြီးအကျယ်တက်ပါရော။ မယ်လယ်နင်းက သားတစ်ယောက်ရှိတဲ့ စင်ဂယ်မားသား ဒီဇိုင်နာတစ်ယောက်။ ရုံးမှာ အရေးကြီးကလိုင်းယန့်နဲ့ တွေ့ရမဲ့အရေး သားဖြစ်သူကို အပ်ထားရမဲ့လူရှိဖြစ်နေချိန်။ ဒီလိုမျိုး ဒုက္ခကိုယ်စီ၊ ကလေးကိုယ်စီနဲ့ သူတို့နှစ်ယောက် စတွေ့ကတည်းကအထေ့အငေါ့တွေနဲ့ အဆင်မပြေကြရာကနေ ကိုယ့်အလုပ်ပြဿနာကိုယ် ရှင်းကြရင်းဘာတွေဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:48:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo

Drama
6.5 1996 108 mins
One Fine Day