YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

High & Low The Movie 2 _ End of Sky.720P{CM}.mp4

1.14 GB N/A video/mp4 1586 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tenacious D in The Pick of Destiny
6.7

Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10 မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကို ပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့ တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲ School of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်က တကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်း ဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါ နောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲ နောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာ ဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ် ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့ မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့ အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက် မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် Dio ရဲ့ လမ်းညွန်မှုနဲ့ အိမ်ကနေထွက်ပြေးပြီး ဟောလိဝုဒ်ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ လမ်းဘေးဖျော်ဖြေသူ KG ကို တွေ့ပြီး လက်သံကို သဘောကျသွားတဲ့အတွက် ထူးချွန်တဲ့ Rocker ကြီးဖြစ်ဖို့ တပည့်ပြေးခံပါတော့တယ် အဲဒီမှာ KG ရဲ့ သင်ခန်းစာတွေနဲ့အတူ Rocker ဖြစ်ဖို့ ကြိုးပမ်းရတော့တာပေါ့။ တစ်ဖက်မှာလည်း အောင်မြင်တဲ့ Rocker တွေကို လေ့လာကြည့်မိတော့ အသုံးပြုတဲ့ Guitar Pick က အတူတူပဲဆိုတာကို သိပြီး ဒီ နတ်ဆိုး Guitar Pick ကိုလည်း ရအောင်လိုက်ရှာပြီး သူတို့ သီချင်းတွေ ဂန္ဒဝင်ဆန်ဖို့ လုပ်ကြတဲ့အခါ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ KG ရဲ့ သရုပ်မှန်ကရော ဘာလဲ စသဖြင့် Musical ဆန်ဆန် ဟာသတွေနဲ့ Rock သီချင်းကောင်းကောင်းတွေ နားဆင်ရင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက Rock Musical ဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ စာသားတွေကိုတော့ ဘာသာပြန်ဆိုပေးထားပြီး သိပ်မဆိုင်တဲ့စာသားတွေကိုတော့ ဒီတိုင်းပဲ ထားပေးခဲ့ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ဇာတ်ကားက R Rated ဖြစ်တဲ့အတွက် မဟားဒရားဆဲဆိုတာတွေအပြင် ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပါဝင်လို့ ကလေးသူငယ်တွေကိုတော့ မပြဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျ။ File size…   2 GB /  1 GB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 40m Genre .....  Music, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Documentary
6.7 2006 93 mins
Tenacious D in The Pick of Destiny
Full of Grace
6.6

ဒီရုပ်ရှင်ဟာ Real Madridအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Valdoအကြောင်း ငယ်ဘဝကို ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ။ တစ်နည်းပြောရရင် သီလရှင်တွေဦးစီးတဲ့မိဘမဲ့ကျောင်းတစ်ခုက ကောင်လေးတစ်သိုက်၊ ဆိုးကြပေကြတဲ့ ကောင်လေးတွေ၊ စနစ်ရဲ့အပယ်ခံဖြစ်ခဲ့ရတဲ့ကောင်လေးတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဒီကောင်လေးတွေဟာ ဆိုးကြပေကြတဲ့အတွက် သီလရှင်ဆရာမတွေကတောင် လက်မြောက်အရှုံးပေးထားကြပြီး မြို့ခံတွေနဲ့လည်းအမြဲပြဿနာတက်ကြတဲ့အဖွဲ့ပါ။ ဆရာမတွေကလည်း သူတို့ပြဿနာတွေပဲလိုက်ရှင်းနေရပြီး၊ ကျောင်းကအခြေအနေသိပ်မကောင်း၊ ပိတ်သိမ်းရနိုင်ခြေရှိလို့ ကောင်လေးတွေကို ပြည်နယ်မိဘမဲ့ကျောင်းကိုပို့ဖို့ဆုံးဖြတ်နေကြရပါတယ်။ ဒီလိုနဲ့နွေရာသီအားလပ်ရက်တစ်ခုမှာ သီလရှင်ဆရာမအသစ်ရောက်လာပြီး Valdoတို့ကလေးတစ်သိုက်ကို ထိန်းပေးဖို့တာဝန်ကျလေရော။ ကန့်လန့်တိုက်တတ်တဲ့ကောင်လေးတွေကိုထိန်းဖို့ ဆရာမအသစ်က နည်းလမ်းရှာရင်းနဲ့ ကလေးတွေဟာ ဘောလုံးကန်ရတာဝါသနာပါမှန်းသိသွားတဲ့အခါမှတော့....၊ File Size :(1.9GB) and (898MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama • Thriller
6.6 2022 109 mins
Full of Grace
The Trade
5

The Trade ကတော့ အင်္ဂလိပ်စကား​ပြောနိုင်ဂျီးရီးယားရုပ်ရှင်ပါ။ the trade of humansကိုရည်ညွှန်းချင်တာဖြစ်ပါတယ်။ လူတွေကိုပြန်ပေးဆွဲ လူကုန်ကူးတဲ့ အကြီးစားရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ နိုင်ဂျီးရီးယားကလည်း crime rateမြင့်ပြီး သွားရောက်လည်ပတ်ဖို့မသင့်ထဲနိုင်ငံတွေထဲတစ်ခုအပါအဝင်မဟုတ်လား။ ရဲတွေဟာလာဘ်စားပြီး တရားဥပဒေစိုးမိုးမှုနည်းပါးတယ်။ အသေးစားပြစ်မှုတွေကနေ လူသတ်မှု ဓားပြတိုက်မှု ပြန်ပေးဆွဲမှု လူကုန်ကူးမှုတွေအထိ နိုင်ငံအနှံ့မှာဖြစ်နေတယ် ဒီဇာတ်လမ်းထဲမှာတော့ အဲရစ်ခ်ဆိုတဲ့ ပြန်ပေးဆွဲလူသတ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်...သူဟာ နိုင်ဂျီးရီးယား လာဂိုစ်ပြည်နယ်ကို အကြမ်းဖက်နေခဲ့တာနှစ်ပေါင်းကြာခဲ့ပြီ။ သူ့ရဲ့သားကောင်တွေက ချမ်းသာတဲ့သူတွေ (သို့) သူချမ်းသာတယ်လို့ယူဆတဲ့သူတွေဖြစ်လေ့ရှိတယ်။ သူဖမ်းခေါ်သွားတဲ့ဓားစာခံတွေအတွက် ပြန်ရွေးငွေကတော့ အမေရိကန်ဒေါ်လာတစ်သန်း။ ပြန်မရွေးနိုင်တဲ့သူတွေကို ညှာတာမှုမရှိသတ်ပစ်တယ်။ အဲရစ်ခ်ဆိုတာကလည်းနာမည်အတု သူ့နာမည်အရင်းကို သူ့လူတွေရော သူ့မိန်းမတွေနဲ့သားသမီးတွေတောင်မသိပါဘူး။ ဆင်းမ်ကတ်တစ်ခုကို တစ်ကြိမ်မှာနံပါတ်တစ်ခုကိုပဲခေါ်ပြီး သီးသန့်နံပါတ်နဲ့ပဲဆက်သွယ်တဲ့အရိပ်လိုလူတစ်ယောက်။ အဘူကာဆိုတဲ့စုံစမ်းရေးမှူးကတော့ ဖြောင့်မတ်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ပေါ့။ သူဟာအဲရစ်ခ်ကိုဖမ်းမိဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် အဲရစ်ခ်ရဲ့ပိရိမှုအထက်အမိန့်ကိုမလွန်ဆန်နိုင်မှု ရင်းမြစ်မလုံလောက်မှုတွေကြောင့်လွဲချော်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သဲလွန်စတွေကို သူဘယ်လိုချိတ်ဆက်သွားမလဲ.... ဇာတ်ကားရဲ့ဒါရိုက်တာက Jadesola Osiberu ပါ သူတို့နိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို awareness မြင့်တက်စေဖို့ရည်ရွယ်ပုံပေါ်ပါတယ်။ တကယ်တော့ အကြမ်းဖက်မှုတွေဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေပြီး ရုပ်ရှင်တွေထဲကရက်စက်ကြမ်းကြုတ်မှုတွေကလက်တွေ့မှာဖြစ်နေတာတွေထက် မပိုမယ့်အပြင် လိုတောင်နေပါသေးတယ်။ File size…(2.2 GB)/(944 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai

Drama
5 2023 128 mins
The Trade
War Of The God Monsters
5.8

ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို...၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်...။ ရသအမျိုးအစား.... စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလား မသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။ File size…(2.78GB)  / (1.43GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Comedy • Drama
5.8 1985 85 mins
War Of The God Monsters
The Girl and the Wooden Horse Torture
5.3

နာမီဆူချီယာဟာ စာတော်ပြီး ဆရာအရေးပေးခံရတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်ချို့ကျောင်းသူတွေမနာလိုဖြစ်ကြရအောင်လဲ သူတို့တွေကြိတ်ကြွေနေတဲ့ ခန့်ညားချောမောတဲ့ ဆရာဟာ နာမီ့အပေါ်ကို သိသိသာသာကြွေဆင်းနေခဲ့တာအမှန်ပါ။ ဆရာဟာ နာမီ့အပေါ်ကို စိတ်ကူးတွေယဉ်တယ်၊ နာမီကိုယ်တိုင်ကလဲ ဆရာက သူဒုက္ခရောက်နေတဲ့ အချိန်မှာ လာရောက်ကယ်တင်တတ်တဲ့အကြောင်း၊ ကယ်တင်ပြီးရင် သူ့ကိုရက်ရက်စက်စက်နှိပ်စက်ပြီးရင် မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့အကြောင်း အိမ်မက်တွေမက်တတ်တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက နှောင်ဖွဲ့မှု စိတ္တဇတွေ နက်ရှိုင်းလာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့မှတ်ချက်တွေထဲမှာ ဂျပန်တွေဟာ လက်တွေ့ဘဝမှာ လိမ်မာယဉ်ကျေးကြတဲ့ အပြင်ပန်းမျက်နှာစာကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ပြီးတော့ anime နဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ကူးတွေကို ရိုင်းချင်တိုင်းရိုင်းကြမ်းချင်တိုင်းကြမ်းခွင့်ပေးထားတာ သိပ်ကြိုက်တယ်ဆိုတဲ့ တစ်ခုကိုသဘောကျမိပါတယ်။ ဒီကားထဲမှာလဲ စိတ်ကူးယဉ်တဲ့အခန်းတွေတင်မက၊ လက်တွေ့ကျကျဆက်ဆံခန်းတွေမှာပါကြမ်းချက်တွေကတော့ ရုပ်ရှင်ကားကြီးမှ ဟုတ်ရဲ့လားလို့ပြန်ကြည့်ရလောက်အောင်ကိုကြမ်းလွန်းတာပါ။ ဒါကိုက ဇာတ်ကားရဲ့အနှစ်ပါပဲ။ Dark Side ဖက်ခြမ်းကို ဖော်ပြရာမှာတော့ ဂျပန်ကားတွေက အရင်ကတည်းက ကြမ်းနေခဲ့တာပါပဲ။ ( Dark Side Production မှ တင်ဆက်သည်။) File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:08:01 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Thriller
5.3 1982 68 mins
The Girl and the Wooden Horse Torture
Aśoka
6.4

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်... တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်.... လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း...လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်... အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်...ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။ File size…(3.9 GB)/(1.6 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:55:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Drama • Thriller
6.4 2001 175 mins
Aśoka
Lunana: A Yak in the Classroom
7.4

ဟိမ၀န္တာတောင်တန်းအရှေ့ဘက်က တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ တနင်္သာရီတိုင်း ထက်၀က်လောက်ပဲကျယ်တဲ့ ဘူတန်နိုင်ငံလေးရဲ့ အော်စကာ International Feature ဆု ဆန်ခါတင်၀င်ထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ကားကို ၂၀၂၂ အော်စကာမှာ ဆန်ခါတင်၀င်သွားတာပါ။ ဘူတန်က ဒီကားကိုပဲ မနှစ်ကရော ဒီနှစ်ရော Entry အဖြစ်ရွေးခဲ့ပေမဲ့ မနှစ်ကတော့ ဆန်ခါတင်မှာကျသွားပြီး ဒီနှစ်ဆန်ခါတင်မှာမှ ပါလာတာပါ။ လူ 660 ကျော်လောက်ပဲ Vote ထားတဲ့ IMDb 7.5 ကိုတော့ အဖက်လုပ်စရာမလိုပေမဲ့ ဝေဖန်သမားတွေချည်းပေးတဲ့ Rotten Tomatoes မှာလည်း ၁၀၀အတိရထားပါတယ်။ သူနဲ့အပြိုင်တွေက Flee(99%), The Worst Person in the world (99%), Drive My Car(98%), The Hand Of God (83%) တို့ပါပဲ။ ဆုရနိုင်ချေအနည်းဆုံးကားပေမဲ့ ခရမ်းချဉ်သီးအမြင့်ဆုံး ကားလည်းဖြစ်နေပါတယ်။ ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ။ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့။ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမဲ့ မလွဲရှောင်သာ တခြားအလုပ် ခဏလုပ်နေရတယ်။ သူက ကျောင်းဆရာပေမဲ့ စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ။ စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံး ကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်။ ‌မသွားချင်ပေမဲ့ ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့ နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်။ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့။ သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး။ ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမဲ့ စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်။ သိပ်မထူးခြားလှဘူးမလား။ ဒီလိုဇာတ်တွေ အာရှကားတွေမှာသာမက ဗမာစာအုပ်တွေမှာပါ ပါနေကျပါပဲ။ ဒါပေမဲ့ ဒါရိုက်တာက ဒီဇာတ်ကိုတော့ Realityကျကျပဲ ချည်းကပ်သွားခဲ့တာပါ။ ဇာတ်ကောင်ဟာ သာမန်စိတ်နဲ့ သာမန်လူပဲဖြစ်နေတာ ဘာညာပေါ့။ မထူးတဲ့ဇာတ်ကို နည်းနည်းလေးထပ်ဆန်းပေးလိုက်တာပါပဲ။ ရိုးရိုးလေးနဲ့ ဆန်းအောင် သာမန်ဒိုင်တွေသုံးပြီး ကစားသွားတာလေးတွေရဲ့ လှကွက်တွေလည်း ဆန်းပါတယ်။ ရွာသားတွေရဲ့ ဆရာအပေါ်လေးစားတဲ့စိတ်တွေ၊ အရိုးခံစိတ်တွေ၊ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို အပိုတွေအများကြီးမပြောဘဲ စကားတစ်လုံးလောက်နဲ့ အပြနဲ့ရောစပ် ဖော်ကျူးသွားတာတွေ၊ ရိုးရာသီချင်းကိုထည့်သုံးသွားတာတွေလည်း လှပါတယ်။ ဇာတ်လမ်းကတော့ မထူးခြားနား အာရှကားတွေမှာ မြင်နေကျဇာတ်ကိုပဲ မတူတဲ့ပုံစံလေးနဲ့ ခင်းကျင်းပြသထားတာပါပဲ။ ဒီနေ့ခေတ်ပုံစံနဲ့ Reality ကျကျ ပြသွားတာလေးတော့ သဘောကျစရာကောင်းပါတယ်။ စီနီမာကလည်း ဟိမ၀န္တာတောင်ပေါ် အလည်ရောက်သွားတဲ့ ခံစားမှုမျိုးပေးပါလိမ့်မယ်။ သူတို့ ဘူတန်တောင်ပေါ်သားတွေရဲ့ ရိုးရာတွေ ဓလေ့တွေကိုလည်း မြင်ရမှာဖြစ်သလို ဘူတန်ရဲ့တောင်ပေါ်နေဘ၀ကို ဒိုကူမန်ထရီ ကြည့်နေရသလိုလည်း ခံစားရပါစေလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုအငွေ့၊ သူတို့နွားတွေနဲ့ သူတို့ရဲ့ သံယောဇဉ်အငွေ့သန်းနေတာကိုလည်း ကောင်းကောင်းကြီး ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့ကျကျနဲ့ကို လောကကြီးဟာ ကျွန်တော်တို့ ထင်သလောက်လည်း အကျည်းတန်မနေတာကို ခံစားမိစေမယ့် လူသားဆန်တဲ့ ရုပ်ရှင်ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.12GB, 558MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 50Min Genre - Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 2019 109 mins
Lunana: A Yak in the Classroom
The Shepherd: Border Patrol
6

2008 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဗန်ဒိန်းကားဟောင်းတစ်ကား ဖြစ်ပါတယ်။ ကန်ချက်လှလှတွေနဲ့ ဖမ်းစားခဲ့တဲ့ ပြင်သစ်မင်းသားကြီး ဗန်ဒိန်းဆို လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ ဒီကားထဲမှာ Scott Adkin တောင် အရန်နေရာလောက်ပဲ ပါဝင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးအော်လင်းမြို့ကြီးကနေ နယ်စပ်မြို့ကလေး ကိုလမ်ဘတ်စ်ကို ယုန်တစ်ကောင်နဲ့ ထူးဆန်းတဲ့ ရဲသားတစ်ယောက် ဂျက် ဌာနပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကလည်း နယ်စပ် တရားမဝင်ရွေ့ပြောင်းလူတွေ အမေရိကန်ဖက်ကို ခိုးဝင်ကြလို့ ဖြေရှင်းနေရတဲ့ကာလတစ်ခုပေါ့။ ဂျက်ရဲ့အထက်အရာရှိ ကပ္ပတိန်မမကြီးကလည်း အပေါက်ကတော့ တော်တော်ဆိုးပြောရမယ် အဲဒါအပြင် ဂျက်ကို တွဲဖက်ရှာပေးပြီး ပြဿနာမရှာဖို့ဆိုပြီး ထိန်းထားဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဂျက်တို့လည်း နယ်စပ်ကင်းလှည့်ရင်း ခိုးဝင်လာသူတွေကို ဖမ်းဆီးတဲ့အချိန် ဘိန်းဖြူသယ်လာတာကို မြင်ရပြီး မအောင်မြင်တော့ ဖောက်ခွဲပစ်တာကိုလည်း ကြုံလိုက်ရပါတယ်။ အဲဒါနဲ့ စုံစမ်းတဲ့အချိန်မှာ တစ်ဖက်က ဘိန်းဖြူကုန်ကူးနေတဲ့အဖွဲ့က အမေရိကန် စစ်ပြန် အတိုက်အခိုက်တော်ကြတဲ့လူတွေချည်း စုထားတာကို သိရှိရပါတယ်။ ဒီလိုနဲ့ ဂျက်တို့ ဒီမှောင်ခိုဂိုဏ်းကို ဘယ်လိုချေမှုန်းကြမလဲ၊ ဂျက် ဒီမြို့ကိုပြောင်းလာရတဲ့ တကယ့်ရည်ရွက်ချက်ကရော ဘာလဲဆိုတာကို အက်ရှင်ဝေဝေဆာဆာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.72GB / 635.7MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Crime ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6 2008 95 mins
The Shepherd: Border Patrol
REC 4 Apocalypse
6.5

REC 4 Apocalypse(2014) ********************** လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့… အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ… File Size : (1.6GB) and (744MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Comedy • Drama • Family
6.5 2014 95 mins
REC 4 Apocalypse
Missed Connections

Missed connections (2023) ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်း ရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် ‌အကျိုးရှိတဲ့ဇာတ်ကားလေးပါ။ စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။ ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီး Missed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါ သူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊ ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 829MB | 402MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

Drama • Horror • Mystery
0 2023
Missed Connections
Blow Out
7.4

Blow Out (1981) ~ IMDb – 7.4/10, Rotten Tomatoes – 87% ~ ၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း သိလာရတဲ့အခါ၊ ကောင်မလေးနဲ့ မြို့တော်၀န်ကြားကဆက်ဆံရေးတွေနဲ့ ကိစ္စတွေက ရှုပ်ထွေးလာတဲ့ကြားထဲမှာမှ ဂျက်တစ်ယောက် အဖြစ်မှန်ပေါ်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တောထဲ ဆွဲသွင်းမိပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 805MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 48Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.4 1981 108 mins
Blow Out
[18+] Dirty Ice Cream
6.2

Dirty Ice Cream (2024) ============== အလွန်ပူလောင်လွန်းလှတဲ့ နေ့လည်ခင်းတစ်ခုဖြစ်ပါတယ်။လျှပ်စစ်မီးကလည်းထူးထူးခြားခြားပျက်နေတဲ့အတွက် တစ်ရပ်ကွက်လုံးအပူဒဏ်ကြောင့် မနေနိုင်မထိုင်နိုင်ဖြစ်နေကြပါတယ်။အဲ့ဒီလူတွေထဲမှာ ရပ်ကွက်ထဲက အိမ်ကြီးရှင်မမကြီးတွေပါသလို အိမ်အကူလှလှလေးတွေလည်းပါပါတယ်၊ အဲ့ဒီအချိန်မှာ သူတို့အတွက် အဆင်သင့်ရောက်လာကတော့ ရေခဲမုန့်ရောင်းတဲ့လူချောလေးနှစ်ယောက်ပါပဲ။ ဒီနှစ်ယောက်ဟာ သူတို့ရဲ့အပူတွေကိုရေခဲမုန့်တွေနဲ့အေးငြိမ်းစေမှာဖြစ်သလို ရာဂမီးတွေကိုလည်းဖြည့်ဆည်းငြိမ်းသက်ပေးမှာဖြစ်ပါတယ်။ ရှုစားကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB)/( 300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌‌alias

Adventure • Drama • Family
6.2 2024 44 mins
[18+] Dirty Ice Cream
Sijjin (or) Siccin
6

Siccin (2014) IMDB: 6 Genre: Horror Siccin ဆိုတာ ၂၀၁၄ ခုနှစ်ထွက်တူရကီစကားပြော အတော်လေးကိုနာမည်ကြီးသွားတဲ့ Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ဆိုတာကတော့ အစ္စလာမ်ဘာသာအရ ငရဲသားတွေကို ထည့်မှတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီကားထဲမှာ ထူးခြားတဲ့အချက်က ဂါတာတွေ၊ အစီအရင်တွေက အပြင်မှာသုံးနေတဲ့ အရာတွေဖြစ်ပြီး တကယ်လည်း ရုပ်ရှင်ထဲမှာ ဂါထာအစစ်တွေကိုသုံးသွားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက လှည့်ကွက်တွေလည်းပါတာကြောင့် တော်တော်လေးလည်းကြည့်လို့ကောင်းပါတယ်။ ဇာတ်ညွှန်း အော့ဇ်နာ ဆိုတာ အန်တီအရင်းရဲ့သားကိုတန်းတန်းစွဲနေတဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စုန်းတစ်ယောက်ဆီမှာ ရှေ့ဖြစ်သွားမေးတော့ အဲဒီယောကျ်ားဟာနင့်အတွက်မဟုတ်ဘူး၊ သူ့ကိုချစ်ရင် နင်သေလိမ့်မယ် ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း စုံလုံးကန်းနေတဲ့ အော့ဇ်နာဟာ အဲဒီယောကျ်ားနဲ့ပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ အကြောင်းမလှခဲ့တော့ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ အော့ဇ်နာဟာ အဆိုပါစုန်းဆီကိုသွားပြီး ယောကျ်ားအားသူ့ဘက်မပါပါအောင် အစီအရင်နဲ့လုပ်ပါတော့တယ်။ စုန်းဟာ အစီအရင်နဲ့ ဂျင်းတစ်ကောင်အား ဝင်ပူးစေခဲ့ပါတယ်။ ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘာတွေကိုမြုပ်ထားသေးလဲ။ Jumpscare များများနဲ့ Horror ပရိသတ်တွေသဘောခွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File size… 2.1 GB / 881 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

History • Drama • Action
6 2014 96 mins
Sijjin (or) Siccin
Puzzle

Puzzle (2018) ************* Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ လက်ရှိပြသနေတဲ့ Good Partner, Korea-Khitan War စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသားကြီး Ji Seung Hyun က… အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Extraordinary Attorney Woo ထဲက Kang Ki Young ကလည်း support role အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————- ဒိုဂျွန်းက အလုပ်အကိုင်ကောင်းနဲ့ ငွေကြေးနဲ့ မိသားစုဘဝ အရာအားလုံးပြည့်စုံနေသူလို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ အိမ်ထောင်ကွဲနေ အမျိုးသားတစ်ဦးဖြစ်ပါတယ်…. ကြိုးစားအလုပ်လုပ်ပြီးတော့ နိုင်ငံခြားမှာ နေထိုင်တဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးကိုထောက်ပံ့နေရသူပါ။ သံသယအရမ်းကြီးတဲ့ ဒိုဂျွန်းက လူတိုင်းကိုမယုံမကြည် မိန်းမကိုသဝန်တိုလွန်းလို့ အိမ်ထောင်ကွဲခဲ့ရပါတယ် သမီးဖြစ်သူရဲ့မွေ့းနေမှာ ကိုရီးယားပြန်လာမယ်လို့ ကတိပေးထားတဲ့ မိန်းမနဲ့ သမီးက ပြန်မလာတဲ့အခါ… ဒိုဂျွန်းတစ်ယောက် စိတ်လေပြီးတော့ မူးအောင်သောက်ရင်း ဆယ်ရွန်းဆိုတဲ့ ထူးဆန်းတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်။ ဆယ်ရွန်းနဲ့တွေ့တဲ့အချိန်က စပြီးတော့ ဂျောင်ဒိုဂျွန်းရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်… မထင်မှတ်ထားဘဲ သူဟာ လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့ရပြီးတော့ ဝရမ်းပြေးဖြစ်လာတယ်။ ဒါပေမဲ့ ဂျောင်ဒိုဂျွန်းကို အဲဒီလိုဖြစ်အောင်လို့ နောက်ကွယ်က စေခိုင်းသူရှိနေခဲ့ပါတယ်… အဲဒီလူက ဘယ်သူဖြစ်မလဲ… ဒီပဟေဠိကို ဒိုဂျွန်းတစ်ယောက် အဖြေရှာနိုင်ပါ့မလားဆိုတာ… ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး…. ၁၈+ ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုနှင့်အတူတကွကြည့်ရှုရန်မသင့်တော်ပါ။ File size… 1.17 GB / 506.1 MB Quality…WEB-DL 1080p 720p Genres: Thriller, Mystery, Crime Duration: 1 hr 30 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Angel Encoded By Heather Oo

Crime • Thriller • Drama
0 2018
Puzzle
Eat, Love, London
4.9

Eat, Love, London (2024) IMDb Rating (4.9) ဒီဇာတ်လမ်းလေးကတော့ လန်ဒန်ရဲ့အစားအစာယဉ်ကျေးမှုတွေကို စူးစမ်းရှာဖွေပြီး ဘဝအသစ်စမှုနဲ့ မထင်မှတ်ထားတဲ့ဘဝပြောင်းလဲတွေကြား စိတ်အားထက်သန်မှုရှာဖွေမှုစတဲ့ theme တွေကို ဖော်ကျူးထားတဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အမေရိကန်လူမျိုး Stella က သူရည်းစားဖောက်ပြန်တာခံရပြီး သူ့မိဘတွေရဲ့စားသောက်ဆိုင်ကိုဦးစီးဖို့ အစီအစဉ်တွေလည်းပျက်စီးသွားတာမလို့ လန်ဒန်မှာဘဝအသစ်စ အတွေ့အကြုံယူဖို့အတွက် မိဘတွေအတင်းလွှတ်တာခံခဲ့ရတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်တယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ Rebecca ရဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း Theo Hastings လို့ခေါ်တဲ့ ဇွဲကောင်းတဲ့ အစားအစာဝေဖန်ရေးသမားတစ်ဦးနဲ့ ဆုံခဲ့ရတယ်။ Stella နဲ့ သူ့ရဲ့ယုံကြည်ချက်တွေနဲ့အမြင်တွေကို ဆန့်ကျင်စိန်ခေါ်တတ်တဲ့ Theo တို့နှစ်ယောက် စားသောက်ဆိုင်နာမည်ရအောင် ဝေဖန်ချက်ရေးထားဖို့အတွက် အလုပ်အတူတူတွဲလုပ်ရတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့မတူညီတဲ့ရှုထောင့်တွေကနေ ပူးပေါင်းဖိုကြိုးစားရင်း… ဘယ်လို မထင်မှတ်ထားတဲ့ခံစားချက်တွေပေါ်လာမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:27:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Romance
4.9 2024 90 mins
Eat, Love, London