YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Hide 2024 - Episode 06 - 1080p [RMC].mp4

634.74 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vengeance Is Mine
5.8

အသက်တမျှချစ်ရတဲ့ ဇနီးနဲ့သမီးကို ဆုံးရှုံးလိုက်ရတဲ့ ဟာရီဆိုတဲ့ သာမန်လူတစ်ယောက်... ဖိုက်တာကြီးတစ်ယောက်မဟုတ်သလို ဟီးရိုးကြီးတစ်ယောက်လည်းမဟုတ်တဲ့ အပစ်အခတ် အသတ်အပုတ်တွေနဲ့ အဝေးဆုံးက သာမန်တွေထဲက သာမန်သူတစ်ယောက်... အုံ့မှိုင်းမှိုင်းနေ့ရက်တွေထဲ လူ့အဖွဲ့အစည်းရဲ့ ဟိုးအောက်ခြေက ဘုရားကျောင်းသန့်ရှင်းရေးလုပ်တဲ့ သာမန်လူတစ်ယောက်… ဒါပေမဲ့ ဇနီးနဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားတွေရဲ့နေရာကို သိသွား​ပြီးနောက်မှာတော့ လက်စားချေလိုစိတ်ကမောင်းနှင်တဲ့ ခွန်အားနဲ့ ပူဆွေးမှုကနိုးထပြီး ဒီဇာတ်လမ်းကို စ,ခဲ့ပါတော့တယ်။ တစ်ခုသိထားရမှာကတော့ ဟာရီဟာ သာမန်သူတစ်ယောက်ဆိုတာပါပဲ။ ကြွက်သားကြီးတွေထုတ်ပြပြီး ရိုးအီနေတဲ့ စကားမျိုးတွေ ပြောမှာမဟုတ်သလို တစ်ပတ်လည်ကန်ချက်တွေလည်းလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါကြောင့်ပဲ လူသားဆန်တဲ့ဇာတ်ကောင်တစ်ခုကို ခံစားရစေမှာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာက သူ့ရဲ့အဓိကရုပ်ရှင်ပရောဂျက် (ဒီဇာတ်လမ်းထဲမှာလည်း စာအုပ်နာမည်ပါသွား) မစခင်လေးမှာ ဒီကားကို ရိုက်ကူးရေးအဖွဲ့သားနည်းနည်းရယ် ပေါ့ပေါ့ပါးပါး Lighting လောက်ပဲသုံးပြီး စကားပြောခန်း နည်းနိုင်သမျှနည်းအောင် ရိုက်ကူးခဲ့တာပါ။ မင်းသားကြီး Con O'Neill ကလည်း The Batman ရိုက်ကူးရေးနားနေတဲ့အချိန်တွင်းမှာ လာရိုက်ပေးခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 670MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 19Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Horror
5.8 2021 84 mins
Vengeance Is Mine
Tibetan Raiders
6.3

CM ချစ် တရုတ်ကားဖန်လေးတွေအတွက် ဒီတစ်ခေါက် Tibetan Rider ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် ကယ်ဆာဘုရင်ရဲ့ ကောင်းကင်ဓားကို လေ့လာစူးစမ်းသူ ရှီးရှီးဟာဆိုရင် ငယ်ငယ်တည်းက သူ့အဖေပရော်ဖက်ဆာရဲ့ စကားတွေကြောင့် ကယ်ဆာဘုရင်နဲ့ ကောင်ကင်ဓားအပေါ်စွဲလန်းနေတဲ့အပြင်မှာမှ ဖခင်ဖြစ်သူကလည်း ဒီလေ့လာမှုကြောင့် သေဆုံးခဲ့ရတာကြောင့် မပြီးဆုံးတဲ့တာဝန်တစ်ခုလို သတ်မှတ်ပြီး အဆုံးထိ လေ့လာနေသူတစ်ဦးပေါ့.. . ဒီလိုနဲ့ သူဟာ သဲလွန်စတွေအတိုင်း ရှီချွီကို သွားဖို့လုပ်ရာနေ မာချန်ဆိုသူနဲ့ ကားငှားရင်ဆုံးခဲ့တာပါ... မာချန်နဲ့ အစပိုင်းမှာ မသင့်မြတ်ပေမယ့် တဖြည်းဖြည်း အဆင်ပြေလာရာကနေ ရှီးရှီး လေ့လာမှုမှာ တစ်နေရာက ပါဝင်ကူညီတဲ့အဆင့်ထိဖြစ်လာခဲ့တာပေါ့... တစ်ဖက်မှာလည်း ရှီးရှီးနောက်ကို ရှေးဟောင်းသုတေသီတို့ရဲ့ အဖျက်သမားအဖွဲ့ကလိုက်နှောင့်ယှက်တဲ့ဒဏ်လည်းရှိနေသေးတာမို့... ရှီးရှီးတို့ အဆုံးသတ်မှာ လေ့လာမှုအောင်မြင်ပါ့မလား... တမ်းတနေတဲ့ ကောင်းကင်ဓားရော ရှာတွေ့ပါ့မလား... နောက်ပြီး ရှီးရှီးအဖေကရော ဘာကြောင့်သေသွားရတယ်ဆိုတာ ဒီဇာတ်ကားလေး ဒေါင်းကြည့်ပြီး ခံစားကြည့်လိုက်ကြပါ... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy • Horror
6.3 2022 90 mins
Tibetan Raiders
The Tinder Swindler
7

ယနေ့ခေတ်ကမ္ဘာကြီးမှာ သမီးရည်းစားဖြစ်ဖို့၊ အပြင်မှာချိန်းတွေ့ဖို့ဆိုတာ အရင်ခေတ်ကလောက် မခက်ခဲတော့ပါဘူး။ အင်တာနက်လေးရှိရုံ၊ dating app လေးရှိရုံနဲ့ သွားတွေ့လိုက် ရည်းစားတွေဖြစ်လိုက် ဒါမှမဟုတ်လည်း တစ်ညတာ​နေလိုက်​တွေ ဖြစ်နေကြပါပြီ။ အင်တာနက်မှာ ကောင်းကျိုးတွေလည်း ရှိသလို မကောင်းတာတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ လူလိမ်တွေကလည်း မှိုလိုပေါပါတယ်။ မိန်းက​လေး​တွေ ဆိုတာလည်း ကိုယ့်ချစ်သူ၊ ကိုယ်အရမ်းခင်ရသူတစ်​ယောက် ဒုက္ခ​ရောက်ပြီဆိုရင် မဆိုင်းမတွ ကူညီတတ်ကြသူ​တွေဆ်ိုတော့ အဲဒီအားနည်းချက်ကို ချနင်းမယ့် Tinder လူလိမ်ပါ။ Tinder ဆိုတဲ့ Dating App မှာ လိမ်စားနေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူ့ကိုယ်သူ သူဌေးသားဆိုပြီး ကောင်မလေးတွေ ကြွေလောက်တဲ့ ဓါတ်ပုံတွေတင်၊ စာတွေပို့ရုံတင်မက အပြင်မှာ ချိန်းတွေ့ရင်တောင် တကယ့် ဘောစိတစ်ယောက်လိုနေပါတယ်။ ကောင်မလေးတွေကလည်း ကြွေပြီး ရည်းစားတွေ၊ သူငယ်ချင်းတွေဖြစ်တော့မှ သူ့ရဲ့ ရွှေ့ကွက်တွေထဲ ​ရောက်ပါတော့တယ်။ ဒါဟာ တကယ့်အဖြစ်အပျက်ပါ။ နိုင်ငံတကာမှာလည်း ဖြစ်နေသလို ဟိုးအရင်နှစ်တွေတုန်းကဆို မြန်မာနိုင်ငံမှာလည်း ပိုင်းလော့ယောင်ဆောင်တဲ့သူတစ်ယောက် ပေါ်လာတာကို မှတ်မိကြပါလိမ့်မယ်။ ပုံတွေအကုန်လုံးက အစစ်တွေချည်းပါပဲ။ ဒါပေမဲ့လည်း မိန်းကလေးတွေကို ဦးတည်တဲ့ ငွေလိမ်သူတစ်ယောက်​ပေါ့။ Tinder Swindler မှာ ​လောကကြီးရဲ့ မတရားမှု​တွေကိုပါ ​တွေ့မြင်ရမှာပါ အဲဒီလူရဲ့ သားကောင်ဖြစ်ခဲ့သူတွေရဲ့ ရင်ဖွင့်သံတွေ၊ သူ့ရဲ့ အကြောင်းတွေ၊ သူ့ရဲ့ အကွက်တွေအပြင် Tinder ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေပါ မှတ်မှတ်သားရမှာဆိုတော့ အချောအလှ၊ ချမ်းသာမှုတွေကြား အလိမ်အညာမမိအောင်နဲ့ အချစ်ကို ဘယ်လို ခေတ်မှီမှီရှာရမလဲသိချင်ရင်တော့ Tinder Swindler ကြည့်ပြီး စနည်းနာကြပါလို့ ညွှန်းဆိုလိုက်ပါရစေ... (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 900MB, 490MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 54Min Genre - Documentary, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy • Drama • Thriller
7 2022 114 mins
The Tinder Swindler
Double Threat
5

Double Threat (2022) ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။ စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က လိုက်ရှင်းရတာပေါ့။ သူ့အဖြစ်ကလည်း ဒုစရိုက်သမား အလုပ်ရှင်ဆီကနေ ပိုက်ဆံခိုးမိလို့ အဖွဲလိုက် လိုက်သတ်တာရှောင်နေရတာပါတဲ့ဗျာ။ ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ ပြဿနာအိုးမလေးတစ်ယောက် ဂျင်မီရဲ့ ဘဝထဲ အမှတ်မထင် ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? နတ်ကို လိုက်သတ်နေတဲ့ လူသတ်သမားတွေ ရန်ကနေ လွတ်အောင် ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ Action, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေ့ါပါးပါးနဲ့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 921MB, 450MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Chevy Encoded by Kinnov

Action • Thriller
5 2022 91 mins
Double Threat
Kids vs. Aliens
5.3

Kids Vs Aliens (2022) IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။ Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။ သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန် သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။ Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့် Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။ သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။ Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ် Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတွယ်။ Genre….. Horror, Sci-fi Quality…. 1080p | 720p | 480p File size… 4GB, | 1.1GB | 516MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Action • Crime
5.3 2022
Kids vs. Aliens
Let the Dance Begin
6.9

Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Comedy, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.9 2023 99 mins
Let the Dance Begin
A New Breed of Criminal
4

A New Breed of Criminal (2023) ======================= ခေတ်သစ်လူဆိုးကြီးရဲ့ ဘဝအကြောင်းကို တစ်ချက်လောက်လေ့လာ ရအောင်လားဗျာ…စတီဗန်ဆေယာ့စ်အကြောင်းဆိုပေမယ့် နယူးကာ ဆယ်မှာသတင်းမွှေးနေတဲ့ ဆေယာ့စ်မိသားစုအကြောင်းဆို ပိုပြီးမှန်မယ် ထင်ပါတယ်။ လမ်းပေါ်မှာမွေး လမ်းပေါ်မှာကြီး လမ်းပေါ်မှာကျင်လည်ခဲ့ရတဲ့ ဂျွန်ဆေ ယာ့စ်အတွက် သူ့သားတွေကို လမ်းဗိုလ်ဖြစ်စေချင်တာတော့ မဆန်းပါ ဘူး။ ဒါပေမဲ့ လမ်းဗိုလ်မဟုတ်ဘဲနဲ့ မြို့ဗိုလ်ဖြစ်သွားတာတော့ သူတို့အ စွမ်းအစနဲ့သူတို့ပေါ့နော်။ ဆေယာ့စ်အုပ်စုကို မျက်စိအနောက်ဆုံးကတော့ နယူးကာဆယ်ရဲအဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက အတော်ဆုံးဗီလိန်အဖေ က သေချာသင်ကြားပေးထားတော့ သက်သေလုံးဝရှာမရဘဲ ထောင်ထဲ ထည့်လို့မရတာ နှစ်နဲ့ချီကြာနေပါပြီ။ လည်လွန်းတဲ့ဘီး.. Eနင်းမိတယ်ဆိုသလို ဖမ်းမိဖို့အလွန်ခက်လွန်းတဲ့ ဆေယာ့စ်အုပ်စု ထောင်နှုတ်ခမ်းဖျားဝမှာ ဘယ်လိုခြေချော်ကျမလဲ ဒါမှ မဟုတ် Eကိုပဲပွတ်ကာသီကာလေး ရှောင်ပြီးထွက်သွားမလားဆိုတာကို တော့ ဆက်ကြည့်လိုက်ရအောင်ဗျာ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime Translator……Jo Jo Va Encoder……….SWM

4 2023 87 mins
A New Breed of Criminal
Gulou Town Mausoleum
5.8

ရှေးတုန်းကတရုတ်ပြည်အနောက်ဘက်မှာ မော့ယွီဆိုတဲ့တိုင်းပြည်တစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ကန္တာရထဲကရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ မော့ယွီဘုရင်ဂူဗိမာန်ကိုရှာဖွေဖို့ခရီးစတင်ခဲ့ကြတယ်။ သုတေသနအဖွဲ့မှာ တက္ကသိုလ်ပါမောက္ခနဲ့ ကျောင်းသားတွေအပြင် သူတို့အဖွဲ့ကိုစောင့်ရှောက်ဖို့လုံခြုံရေးအဖွဲ့ပါလိုက်ပါခဲ့တယ်။ ပျောက်သွားတာနှစ်(၂၀)ကြာပြီဖြစ်တဲ့ အဖေကိုရှာဖို့ကြိုးစားဖို့အတွက် ဝမ်ချင့်ညန်တို့ကလဲ အဖွဲ့ထဲကိုရောဝင်ခဲ့တယ်။ အဆုံးမရှိတဲ့ကန္တာရကြီးထဲမှ ာ သဲမုန်တိုင်းကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာမော့ယွီသင်္ချိုင်းထဲကိုရောက်သွားခဲ့ကြပါတယ်။ သင်္ချိုင်းထဲကရွှေငွေရတနာတွေကိုမြင်တော့ လူ့သဘာဝလောဘတွေပေါ်လာတော့တာပေါ့။ အားလုံးဟာဒီသင်္ချိုင်းဗိမာန်ထဲမှာပိတ်မိနေတဲ့အချိန် နှစ်ချို့မြွေကြီးပေါ်လာလို့ ရတနာတွေကိုဂရုမစိုက်နိုင်ပဲ အသက်ဘေးကထွက်ပြေးကြရတော့ပါတယ်။ နှစ်၂၀၀၀ကျော်သမိုင်းရှိတဲ့ ထောင်ချောက်တွေအထပ်ထပ်ပြည့်နေတဲ့ သင်္ချိုင်းဗိမာန်ထဲကနေဘယ်လို ပြန်ထွက်ဖို့ကြိုးစားမလဲ….. ရှေးဟောင်းသုတေသနစွန့်စားခန်းလေးပဲဖြစ်ပါတယ်။

5.8 2024
Gulou Town Mausoleum
Spartacus

ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။ စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။ သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 1960
Spartacus
Love 4 Sale

Love 4 Sale (2024)”ပျားရည်ထောင်ချောက်'” ================================= ၂၀၂၄ က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ မှုခင်းဆန်တယ်ဆိုပေမဲ့ တခြားမှုခင်းရုပ်ရှင်တွေလို ဆီရီယယ်ကေလာတွေကို လူလွန်မသား စုံထောက်တွေက မရှိတဲ့သဲလွန်စကိုရှာပြီး ဖမ်းဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ မကြာမကြာတွေ့နေရတဲ့ နှစ်ကိုယ်ကြားဓာတ်ပုံဗွီဒီယိုတွေ ပြန့်နေတဲ့ကိစ္စတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာလျာလမ်လူမျိုးတွေ အနေများတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းကို အမေရိကန်က မာလျာလမ်လူမျိုးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ အဲဒီမြို့က ဟန်နီဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ကို အဖော်အချွတ်ပုံတွေပြပြီး ငွေနှစ်သိန်း(ဗမာငွေမဟုတ်)လိမ်သွားတယ်လို့တိုင်ချက်ဖွင့်တယ်။ အဲဒီအမှုကို စုံစမ်းကြည့်လိုက်တော့ အမေရိကန်ကလူကို ရိုက်စားလုပ်သွားတဲ့သူက ဟန်နီမဟုတ်ဘဲ ဟန်နီရဲ့ရည်းစားဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ဟန်နီက သူ့သိက္ခာကို ပြန်ဆယ်ဖို့ကြိုးစားပြီး သူ့ရည်းစားရဲ့ နောက်ထပ်သားကောင်တွေကိုပါ ကယ်ဖို့လုပ်ရင်းကနေ နောက်ထပ်အများကြီးပိုကြီးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V~ Star~ Cym~ KKKZ နဲ့ ZweYan တို့ပါ။)

0 2024
Love 4 Sale
Little Lord Fauntleroy
7.5

ဆက်ဒရစ်လေးဟာ မုဆိုးမဖြစ်သူအမေရယ် သူ့ကိုမွေးပေးခဲ့တဲ့၀မ်းဆွဲသည်ရယ်နဲ့ အမေရိကားက လူပေါင်းစုံတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာနေတယ်။ တစ်နေ့မှာတော့ သူ့ဘ၀ကိုပြောင်းသွားစေမဲ့ အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာတယ်။ ဆုံးပါးသွားတဲ့သူ့အဖေဟာ အင်္ဂလန်ကမင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့သားဖြစ်တာကြောင့် အဖိုးဖြစ်သူ အမတ်ကြီးက မျိုးရိုးကိုဆက်ခံဖို့ ဆက်ဒရစ်ကို ခေါ်လာခိုင်းလိုက်တာဖြစ်တယ်။ နိုင်ငံလည်းမတူ တစ်ခါမှလည်း မတွေ့ဖူးတဲ့အဖိုးဟာ သူ့အမေကို ကြည့်မရလောက်အောင်မုန်းနေမှန်းလည်းမသိဘူး အင်္ဂလန်ကိုလိုက်သွားရတယ်။ အဖိုးဖြစ်သူကရော သူ့ကို လက်ခံနိုင်ပါ့မလား ချစ်မြတ်နိုင်းနိုင်ပါ့မလား ကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Drama, Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy
7.5 1980 103 mins
Little Lord Fauntleroy
Miss Butcher
6.4

Miss Butcher (2017) ******************* IMDb… 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေး တစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီး အရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကို ယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှု နောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့.. မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် နေ့စဉ် အနီးကပ် စောင့်ကြည့်နေရင်းကနေ တဖြည်းဖြည်း ဆွန်းအယ်အပေါ်ကို ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တဲ့ စုံထောက် ဂင်ဂူဟို တစ်ယောက် နောက်ဆုံးမှာ ဒီလူသတ်မှုတွေရဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်သွားနိုင်မလား…. ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ….. ဆွန်းအယ်ကရော ဒီလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်မှုရှိနေတာလဲ…. စတဲ့မေးခွန်းထုတ်စရာတွေကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်းနဲ့ အဖြေရှာလိုက်ကြရအောင်ပါ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.19GB/ 570MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:35:35 Genre : Crime, Mystery, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

6.4 2017 94 mins
Miss Butcher
Mentors
5.5

ဂျော်နီဘယ်လ်တာ (Catalin Bordea) ဆိုတဲ့ မရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဟာ သူ့အဖေ ဒိုရင်ဘယ်လ်တာပိုင်ဆိုင်တဲ့ ဘဏ်အင်ပါယာရဲ့ ဆက်ခံသူဖြစ်ပေမယ့် သူ့ရဲ့ ပေါ့ပျက်တဲ့ အပြုအမူတွေကြောင့် အိမ်က နှင်ချခံရပြီး ၆ လအတွင်း တာဝန်ယူနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာဖို့ သက်သေပြရမယ့် စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာပါ။ သူ့အစ်မ မက်ဒါရဲ့ အကူအညီနဲ့ နိုင်ငံရဲ့ နာမည်ကြီး အင်ဖလူရန်ဆာသုံးဦးဆီက အကြံဉာဏ်ရယူရင်း ဂျော်နီတစ်ယောက် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေထဲ ရောက်သွားတဲ့အခါ… ဒီရိုမန်နီးယန်း ဟာသဇာတ်လမ်းထဲမှာ ရယ်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ လူတစ်ယောက်ရဲ့ ကြီးပွားရေးခရီးကို စိတ်ဝင်တစားကြည့်ရှုရမှာပါ… File Size… (2.47 GB) / (1.29 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Thriller • Crime
5.5 2025 100 mins
Mentors
Dead Man on Campus
6

Dead Man on Campus (1998) ဒီဇာတ်လမ်းမှာ ထူးချွန်ကျောင်းသား Josh နဲ့ အမြဲတမ်း ပါတီပွဲလုပ် ဆေးသုံးပြီး အလေလိုက်နေတဲ့ Cooper တိုနှစ်ယောက်က ကောလိပ်အဆောင်မှာ အခန်းဖော်တွေဖြစ်လာကြတယ်။ Cooper ရဲ့ အတတ်ဆိုးတွေကြောင့် အပျော်အပါးမက်မိပြီး တစ်ခါမှမကျဖူးတဲ့ စာမေးပွဲတွေအကုန် ကျသွားတဲ့ Josh နဲ့ စာမေးပွဲကို လာတောင်မဖြေတဲ့ Cooper တိုနှစ်ယောက်လုံး ရုတ်တရက်ကြီးမားတဲ့ ပြဿနာကိုယ်စီပေါ်လာပါတော့တယ်။ ဒါပေမဲ့ Josh နဲ့ Cooper တို စာမေးပွဲမအောင်လို သူတိုဘဝကြီးပျက်ဆီးလုနီးပါးအချိန်မှာပဲ တွေ့ရှိလိုက်ရတဲ့ ကောလိပ်စည်းမျဉ်းတစ်ခုကတော့ ကိုယ်နဲ့အတူအိပ်တဲ့ အခန်းဖော်‌တစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေရင် ကျန်တဲ့အခန်းဖော်သူငယ်ချင်းကို နှစ်သိမ့်အားပေးဆုအနေနဲ့ စာမေးပွဲတွေအကုန်အအောင်ပေးရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Josh နဲ့ Cooper တို သူငယ်ချင်းနှစ်ယောက် သူတိုစာမေးပွဲတွေ အလိုလိုအောင်သွားတောင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အခန်းဖော်ရဖိုအတွက် နည်းဗျူဟာမျိုးစုံနဲ့ ဘယ်လိုတွေ ပူးပေါင်းကြံစည်ကြမလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာ တစ်လွဲမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (2.8 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:34:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Action • Drama
6 1998 96 mins
Dead Man on Campus