YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hidden Love E24 1080p WEB-DL CM.mp4

423.11 MB N/A video/mp4 1347 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vacation Home Nightmare
3.2

ဒန်နီအယ်နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်က ကွာရှင်းပြတ်စဲခြင်းကိုအောင်ပွဲခံဖို့ အပန်းဖြေအိမ်ကို ရောက်လာခဲ့ကြတယ်။ တကယ်တော့ သူတို့ဌားရမ်းခဲ့တဲ့အပန်းဖြေအိမ်က အပြင်ပန်းကကြည့်ရင်အေးချမ်းသလောက် တကယ်တမ်းမှာလုံးဝအန္တရာယ်မကင်းပါဘူး။ ဇနီးပစ်ခံရတဲ့အတိတ်တစ်ခုကနေရုန်းမထွက်နိုင်တဲ့လူသတ်သမားရဲ့ ပိုင်နက်ဖြစ်နေတာပေါ့။ အိမ်ထောင်ရေးပြိုကွဲသွားတဲ့ အမျိုးသမီးအချို့က စိတ်သစ်လူသစ်ဖြစ်အောင် ထိုအပန်းဖြေအိမ်ကို လာရောက်အနားယူလေ့ရှိကြတယ်။ လူသတ်သမားကလည်း သူ့ဇနီးဟောင်းအပေါ်မှာထားတဲ့ အငြိုးတွေကို အပန်းဖြေအိမ်ကိုလာကြတဲ့အမျိုးသမီးတွေအပေါ်ပုံချပြီး ပစ်မှတ်ထားသတ်ပစ်လေ့ရှိတယ်။ ဒီလိုနဲ့ ဒန်နီအယ်ရဲ့အလှည့်ရောက်လာခဲ့တယ်။ Vacation Home Nightmare ဇာတ်ကားထဲမှာ သာမန် သူလိုကိုယ်လိုလူတွေကြားထဲက လူတစ်ယောက်က လူသတ်သမားဖြစ်နေတာကိုပဲ realityဆန်ဆန် ရိုက်ပြထားပါတယ်။ မမျှော်လင့်ထားတဲ့သေခြင်းတရားနဲ့ နေ့မြင်ညပျောက်တတ်တဲ့သဘောတွေ တော်တော်လေးပါပါတယ်။ Horrorဆန်ပြီးကြောက်ဖို့ကောင်းတဲ့ကားမျိုးမဟုတ်ပဲ realityဆန်တဲ့ဇာတ်ကားတစ်ကားမျိုးပါပဲ။ ဒန်နီအယ်ကလည်း ထိုလူသတ်သမားရဲ့ပစ်မှတ်ဖြစ်လာတဲ့အခါ သူမဆီကျရောက်လာတဲ့ ကပ်ဆိုးကို ကျော်လွှားနိုင်သွားမလား။ ဒါမှမဟုတ် လူသတ်သမားရဲ့သားကောင်တွေထဲကတစ်ယောက်ပဲဖြစ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလို့ရပါပြီ။ File size…(1.31GB)  / (724MB) / (391MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Drama
3.2 2023 88 mins
Vacation Home Nightmare
The Prey: Legend of Karnoctus
5.8

ဒီကားလေးက 2022မှ အသစ်ထွက်ရှိလာတဲ့ action/adventure , horror အမျိုးအစားကားလေးပါ။ ဇာတ်လမ်းကတော့ ကြေးစားစစ်သားတစ်စုဟာ တာလီဘန်တွေဆီ ကနေ ဒုံးကျည်တွေကိုဓားပြတိုက်ခဲ့ပြီးတော့၊ အဖွဲ့ထဲမှ တာဂါ နဲ့ ရိဇ် တို့ဟာ အခြားအဖွဲ့ဝင်တွေ ရဟတ်ယာဉ်သွားယူနေတုန်း ပစ္စည်းအချို့နဲ့ အတူ ဂူတစ်ဂူထဲမှာ ဝင်ပုန်းနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ US စစ်သားတစ်ဖွဲ့ဟာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီးတော့ အဲ့ဂူထဲကိုဝင်ပုန်းခဲ့ကြပါတယ်။ တာလီဘန်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အခါမှာတော့ ဂူရဲ့ဝင်ပေါက် ပြိုကျသွားပြီးတော့ နှစ်ဖွဲ့လုံးဂူထဲမှာပိတ်နေခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဂူထဲကနေထွက်နိုင်ဖို့ ကြိုးစားရာမှာ သူတို့မမျှော်လင့်ထားတဲ့ karnotcus ဆိုတဲ့ သတ္တဝါကြီးရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ဒီနှစ်ဖွဲ့မှာ ဘယ်သူတွေ ကျန်ရစ်ပြီး ဘယ်သူတွေလွတ်မြောက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Aung Zaw Moe ဖြစ်ပါတယ်) File Size..........(1.5 GB) / (725 MB) / (419 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi, Thriller Translator.......Sai Aung Zaw Moe Encoder..........SWM

Drama • Thriller
5.8 2022 93 mins
The Prey: Legend of Karnoctus
xXx: Return of Xander Cage
6.1

XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားဖြစ်ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ xXx: Return of Xander Cage (2017) ဇာတ်ကားမှာတော့ နာမည်ကြီး အာရှမင်းသားမင်းသမီးတွေပါ ထည့်သွင်းပြီး Fun ဖြစ်အောင်ရိုက်ကူးခဲ့ပါတယ်...Vin Diesel,Donnie Yen,Deepika Padukone, Kris Wu ,Ruby Rose ,Tony Jaa,Samuel L. Jackson , Neymar Jr စသည်ဖြင့် နယ်ပယ်စုံက သရုပ်ဆောင်တွေပါ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးမျိုးသောအန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန် အမျိုးမျိုးသောလူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်... Anarchy 99 ရဲ့ချိန်းခြောက်မှုကိုကယ်တင်ပြီးနောက် ၁၅ နှစ်အကြာ လက်ရှိအချိန်မှာ Xander Cage ဟာ Augustus Gibbons နဲ့ NSA တို့ရဲ့ xXx ပရိုဂရမ်ကနေဝေးဝေးနေချင်တဲ့အတွက်သူ့ကိုသူ သေဆုံးသွားပြီလို့ သတင်းလွှင့်ပြီး ရှောင်ပြေးနေခဲ့ပါတယ်။ ဒီလိုချိန်ခါမှာ Xiang (Donnie Yen) ဦးဆောင်တဲ့ အဆင့်မြင့်မြင့် ဖွဲ့စည်းထားတဲ့ လူဆိုးအဖွဲ့အစည်းတစ်ခုဟာ ဂြိုလ်တုတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ပန်ဒိုရာသေတ္တာကို ခိုးယူသွားခဲ့ပါတယ်။ ဒါကြောင့် ပန်ဒိုရာဘောက်စ်ကို ပြန်ယူဖို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ Cage ဟာ ပြန်လာခဲ့ပြီး xXx အဖွဲ့အသစ်တစ်ခုကို စနိုက်ပါမန်း၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ သမားတစ်ယောက်ပါဝင်တဲ့အဖွဲ့တစ်ခုကိုဖွဲ့လိုက်ပါတယ်။ အလန်းစားတွေနဲ့ဖွဲ့စည်းထားတဲ့ X တို့အဖွဲ့ မစ်ရှင်အောင်မြင်သွားမလား ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်က လက်မည်းကြီးကဘယ်သူလဲဆိုတာ....။ File size…(7.6GB)/(2 GB)/(1 GB) Quality…BluRay 4K HEVC /1080p HEVC / 720p Format…mkv/mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tun Aung Kyaw

Comedy • Drama
6.1 2017 107 mins
xXx: Return of Xander Cage
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
Always Be My Maybe
6.6

Always Be My Maybe ၂၀၁၉ Netflix ရဲ့ Asian American ကားကောင်းတစ်ကောင်း စာရင်းဝင်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရင်တော့ ထက်မြက်တဲ့မိန်းမဆိုတာ ဆာရှာထရန်လို လူမျိုးကိုပြောတာပါ ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်လာတဲ့ နာမည်ကြီးစာဖိုးမှုးဆာရှာနဲ့ သူ့ငယ်သူငယ်ချင်းလည်းမက ချစ်သူလည်းမကျခဲ့တဲ့ မားကပ်စ် ... မားကပ်စ်ကတော့ မိခင်ဆုံးသွားပြီးနောက် ပုံစံခွက်ထဲက ရုန်းမထွက်ချင်တော့တဲ့သူ ပတ်ဝန်းကျင်အသစ်ကိုဝင်ဆန့်ရတာကြောက်နေတဲ့သူ... သူတို့နှစ်ယောက် အထက်တန်းကျောင်းပြီး ကွဲသွားကြရာမှ ၁၆နှစ်ကြာမှပြန်ဆုံတွေ့ကြတဲ့အခါမှာတော့.... Romance Comedy အမျိုးအစားဖြစ်ပြီး သီချင်းအမိုက်စားတွေနဲ့ အတူ Guest Star ကလည်း နယ်နယ်ရရ မဟုတ်တဲ့ Keanu Reeves မို့ လက်မလွှတ်သင့်ပါ ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်

Drama • Sci-Fi & Fantasy
6.6 2019 102 mins
Always Be My Maybe
Marui Video
5.6

Marui Video (2023) Marui video ဆိုတဲ့နာမည်အတိုင်းပဲ ဗီဒီယိုတစ်ခုကနေ အစပြုခဲ့တဲ့ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပါ ပီဒီဂင်ဆူချန်းတို့အဖွဲ့ဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ လူသတ်မှုရဲ့ ဗီဒီယိုကို ရှာတွေ့ပြီး အဲဒီလူသတ်မှုက သွေးရိုးသားရိုးမဟုတ်ဘဲ အခန်းရဲ့မှန်ထဲမှာ လူတစ်ယောက်ကို ခပ်ရေးရေးတွေ့လိုက်ရာကနေ အဲအမှုကို ဆက်လိုက်ပါတော့တယ် အနှစ် ၂၀ ကျော်ကြာသွားပြီးဖြစ်သလို ပိတ်ပြီးသားအမှုဖြစ်တဲ့အတွက် အသေးစိတ်လိုက်မှကို အဲအမှုရဲ့ ဇစ်မြစ်ကိုသိရပါတော့တယ် အဲအမှုဟာ တူးလေနက်လေဆိုသလိုပဲ ကွင်းဆက်ကကြီးကြီးလာပြီး သူတို့သာ လမ်းတစ်ဝက်နဲ့တင်ရပ်လိုက်ရင် ဇာတ်သိမ်းကတစ်မျိုးပြောင်းသွားဦးမှာပါ ဇာတ်လမ်းပုံစံကိုက မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားပြီး ရင်တထိတ်ထိတ်ကြည့်ရမယ့် Horror Thriller ကိုကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1GB | 477mB | 244MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5.6 2023
Marui Video
Mommy
8

Mommy (2014) (language warning) ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူ မွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာ ဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင် အစွမ်းကုန် တောက်ပနေတတ်ပါတယ်။ ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလား ဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းပါပဲ။ ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူ လှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက် 25နှစ်အရွယ်ပဲရှိသေးတာပါ။ ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း ၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒ ါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူ စတိဗ်တို့ဖြစ်ပါတယ်။ စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့် ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကို မီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ ဒီလိုနဲ့ ငွေရေးကြေးရေး ကြပ်တည်းရုန်းကန်နေရတဲ့ ဒီယန်းတစ်ယောက် စတိဗ်ကို အိမ်ပြန်ခေါ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ စတိဗ်ရဲ့ စိတ်အအခြေအနေအရ ရိုင်းစိုင်းတဲ့အပြုအမူတွေ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကို ရင်ဆိုင်လာရတဲ့အခါမှာ မိခင်ဖြစ်သူ ဒီယန်းတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကို စစဖွင့်လိုက်ချင်းတော့ ‘ဟာ ဘာလို့ရှည်မျှောမျှောကြီးဖြစ်နေတာလဲ’လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာကိုက ဇာတ်လမ်းရဲ့ အနုပညာဆန်တဲ့ အရသာပဲလို့ ပြောရမယ်ဗျ။ ရှည်မျှောမျှောဖြစ်နေတဲ့ aspect ratioကပဲ ကြည့်တဲ့သူတွေကို ဇာတ်ကောင်တွေရဲ့ မွန်းကြပ်ဖို့ကောင်းတဲ့ဘဝထဲ အရောက်ပို့ခဲ့တာပါ။ ကြည့်ရင်းနဲ့ တချို့ဇာတ်ဝင်ခန်းတွေရောက်ရင်တော့ Xavier Dolanတစ်ယောက် သူ့ရဲ့ရုပ်ရှင်ကို ဘာလို့ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့တာလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သွားလိမ့်မယ်ဗျ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း အရမ်းချီးကျူးဖို့ကောင်းတယ်လို့ ပြောရမယ်ဗျ။ ဒီယန်းအဖြစ်သရုပ်ဆောင်တဲ့ Anne Dorvalဆိုရင် သူခံစားနေရတဲ့အတိုင်း ကြည့်နေတဲ့သူတွေကိုပါ ပျော်ရွှင်လိုက် ရင်မောလိုက် ဖြစ်အောင်လုပ်သွားနိုင်ပါတယ်။ စတိဗ်အဖြစ်သရုပ်ဆောင် ခဲ့တဲ့ Antoine Olivier Pilonဆိုရင်လည်း အသက်ငယ်ငယ်လေးနဲ့ အရမ်း complexဖြစ်တဲ့ ဇာတ်ကောင်တစ်ကောင်ကို ဖော်ကျူးသွားခဲ့တာပါ။ အချုပ်အားဖြင့်ပြောရရင်တော့ Lana Del Reyရဲ့သီချင်းထဲကလိုပဲ ‘တစ်ခါတစ်လေမှာ အချစ်ဟာ မလုံလောက်ပဲ ဖြတ်သန်းရမယ့် ခရီးလမ်းကလည်း ကြမ်းတမ်းလာတတ်ပါတယ်’။ ဒါကြောင့် လက်ရှိအချိန်လေးမှာပဲ တစ်ယောက်ကိုတစ်ယောက် ရယ်မောပျော်ရွှင်အောင် လုပ်ပေးရင်း၊ ဖေးမကူညီကြရင်းနဲ့ အတူတူဖြတ်သန်းကြတာ အကောင်းဆုံးပါပဲ။ ဒီရုပ်ရှင်ဟာ ကြည့်တဲ့သူကို စလယ်ဆုံး ခံစားချက်ပေါင်းများစွာပေးပြီး ဆွဲခေါ်သွားမှာဖြစ်သလို၊ ဇာတ်သိမ်းသွားတဲ့ အချိန်မှာလည်း ကြည့်တဲ့သူတွေ တွေးစရာကိုယ်စီနဲ့ ငိုင်ပြီးကျန်နေခဲ့လိမ့်မယ်လို့ အာမခံပါတယ်။ ဒီတော့ ရုပ်ချင်ချစ်သူတွေအနေနဲ့ အပြေးလေးသာ ကြည့်လိုက်ပါတော့ဗျ။ R rated filmဖြစ်တဲ့အတွက် ရိုင်းပြတဲ့အသုံးအနှုန်းတွေနဲ့ ဆဲဆိုတဲ့ စကားလုံးတွေ ပါဝင်တာကိုတော့ သတိပြုစေချင်ပါတယ်ဗျ File size… 1.93 GB / 787 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 19m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

Drama • Romance
8 2014
Mommy
Outlaw Johnny Black
6.1

Outlaw Johnny Black ဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကျော် Anika Noni Rose နဲ့ Michael Jai White တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကောင်းဘွိုင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကောင်းဘွိုင်ဇာတ်ကားဆိုပေမဲ့ ပေါတောတောနဲ့ ဇာတ်လမ်းအရသာပေါ့ပျက်ပျက်နဲ့ ချနေတဲ့ကားလိုမျိူး မဟုတ်ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရုပ်ရှင်အစကနေ အဆုံးထိ သေချာဆွဲခေါ်သွားနိုင်တဲ့ကားမျိူးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျော်နီဘလက်လို့ခေါ်တဲ့ ကောင်းဘွိုင်တစ်ယောက်ဟာ သူငယ်ငယ်တုန်းက သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာပြီး လက်စားချေဖို့ ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း လိုက်ရင်း ပြစ်မှုတွေ ကျူးလွန်မိပြီး ဝရမ်းပြေးဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဘုန်းတော်ကြီး တစ်ပါး၊ ညီအစ်မ ၂ ယောက်နဲ့ မြို့တစ်မြို့တို့ကို သူရင်ဆိုင်လာရတဲ့အချိန်မှာ သူ့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲ။ သူနဲ့ သူ့သူငယ်ချင်းတွေကိုကော ဘယ်သူတွေက ဒုက္ခပေးဖို့ကြံနေလဲ သူကကော ကာကွယ်နိုင်ပါ့မလား စတာတွေကို ရင်ခုန်ခံစားပြီး Wild West အရသာအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်းဘွိုင်ရူးခဲ့တာကို ပြန်ပြီး အမှတ်ရစေမှာလည်း ဖြစ်လို့ wild west ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်…… File size…2.23GB / 901MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….2h 10m Genre ….. Action , Comedy , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.1 2023 137 mins
Outlaw Johnny Black
Dashing Through the Snow
5.5

Dashing Through the Snow (2023) ========================= ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထား ခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေး တယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်း ရောက်နေတာကို တွေ့လိုက်တယ်။ အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့ အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်း သူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာက လော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့ လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသ ဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လို တွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (784 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family, Fantasy Translator…….Thwal Htoo Zin Encoder……….Zin Phyo Aung

Music • Drama
5.5 2023 91 mins
Dashing Through the Snow
#MayaLo
7.5

#Mayalo (2023) အမုန်းမှသည်အချစ်ရှိရာသို့ IMDb -6.5/10 “ဘဝဆိုတာ ကံကြမ္မာဇာတ်ဆရာရဲ့လိုအင်အရ ကပြနေရတဲ့ဇာတ်ခုံတစ်ခုဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ ထင်ယောင်ထင်မှား အယောင်ပြသက်သက်တွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့” Slap kissကြိုက်တဲ့ပရိသတ်ကြီးအတွက် slap-kissလောက်မကြမ်းပေမဲ့ တကျက်ကျက်ရန်ဖြစ်နေရင်းကနေ အချစ်တွေပေါက်ဖွားလာမယ့် argue-kissအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနဲ့ ဟာသတွေနဲ့ ခပ်မြူးမြူးဇာတ်လမ်းလေးဆိုတော့ မပျင်းရမှာတော့ အသေအချာပါပဲ။ မာယာ ဆင်ဒူနဲ့ ခရစ်ရှ်နာဆိုတာ တက္ကသိုလ်မှာ အတန်းတူတူတက်ခဲ့ကြတဲ့ အတန်းဖော် ၃ ယောက်ပေါ့။ ခရစ်ရှ်နာကတော့ တက္ကသိုလ်တစ်လျှောက်လုံးမှာ မာယာကိုသဘောကျနေပြီး ကျောင်းပြီးရင်စဉ်းစားပေးမယ်ဆိုတဲ့စကားတစ်ခွန်းကို အတည်ယူလို့ မာယာအတွက် အရာရာဖြည့်ဆည်းပေးခဲ့ပေမဲ့ ခြံထဲကကြက်လို့ပဲ ခရစ်ရှ်နာကို သဘောထားခဲ့တဲ့မာယာကတော့ ခရစ်ရှ်နာကို‌စိတ်မဝင်စားခဲ့ပါဘူး။ မာယာနဲ့ဆက်နွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြတဲ့ ဆင်ဒူနဲ့ခရစ်ရှ်နာဟာလည်း ကျောင်းတော်က ရန်စလေးတွေကြောင့် တွေ့လိုက်တိုင်း ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ကြဘဲ ကြောင်နဲ့ကြွက်လို တကျက်ကျက်ပေါ့။ တွေ့တာနဲ့ရန်ဖြစ် အငြင်းပွားပြီး တူးခါးနေအောင်မုန်းပါတယ်ဆိုတဲ့ ဒီနှစ်ယောက် မာယာရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာကားကိုပို့ပေးရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့် တစ်ကားတည်းအတူစီးလို့ တစ်ခရီးတည်းသွားဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့… မျက်နှာမြင်တာနဲ့ကို ရန်ဖြစ်ချင်နေတဲ့ဒီနှစ်ယောက် လမ်းခရီးတစ်လျှောက် ဘယ်လိုတွေခရီးဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ KKKZ ~ Alex တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.5 2023
#MayaLo
Hideaways
6.1

လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့ အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာ လိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့ Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့ အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့ သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက် သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့် စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။ လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီး ကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့ စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။ အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစ လူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲ မိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့် မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီး ဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်း များစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေ ထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့ အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2011
Hideaways
Bright Star
6.9

အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ပီတိဖြစ်ဖွယ်၊ ၀မ်းနည်းညှိုးငယ်ဖွယ်ရာ စသဖြင့် ခံစားမှုရသပေါင်းများစွာနဲ့ လှလှပပပုံဖော်ထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်ထဲမှာ ဂျွန်ကိစ်ရဲ့ ချစ်ရတဲ့မိန်းကလေးအပေါ် ထားရှိတဲ့ခံစားချက်တွေကို ကဗျာတွေကနေတဆင့်ထုတ်ဖော်ပြသပုံတွေကို ပီတိဖြစ်ဖွယ် တစိမ့်စိမ့်ကြည့်ရှုရမှာပါ။ ဆုတွေနဲ့ ရီဗျူးကောင်းတွေလည်းအများကြီးရရှိထားတဲ့ရုပ်ရှင်ဖြစ်တာမလို့ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Biography, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Adventure • Drama • Science Fiction
6.9 2009 119 mins
Bright Star
Pushpa: The Rise
8.1

Pushpa : The Rise (2021) ===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

8.1 2021 179 mins
Pushpa: The Rise
Valiant One
5.2

Valiant One (2025) IMDb Rating (5.2) / Rotten Tomatoes (33%) အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။ သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(4.4 GB) / (1.5 GB) / (900 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

TV Movie • Drama • Comedy • Romance
5.2 2025
Valiant One
The Battleship Island
7.1

The Battleship Island (2017) **************************** ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့ အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်… ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်… ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki, မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်… ဇာတ်လမ်းအကျဉ်း ————– ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ… ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်… ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ…ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်…သူတို့တွေ ဒီကျွန်းကြီးပေါ်ကနေ အမှန်တကယ်ပဲ လွတ်မြောက်သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Phyo Pa Pa Liwn ဖြစ်ပါတယ်… File Size : 3.14GB / 1.24GB Quality : WEB-DL 1080p 5.1ch / 720p Duration : 2h 12m Genres : Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Pa Pa Lwin Encoded by Heather Oo

Animation • Family • Comedy • Fantasy • Adventure
7.1 2017 132 mins
The Battleship Island