YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hidden Love E14 1080p WEB-DL CM.mp4

455.55 MB 1080p video/mp4 1299 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Freddy
7.6

ဖရက်ဒီဆိုတာ အသက် ၂၈ နှစ်အထိ ရည်းစားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်ပေါ့ သူ့ရဲ့ ရိုးရိုးအေးအေး တုံးတုံးအအ ပုံစံကြောင့် မိန်းကလေးတွေကလည်း သူ့ကိုမကြိုက်ကြဘူး သူက သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘမရှိ၊ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေနေရတာ ဖြစ်ပါတယ် အချစ်ကိုရှာဖွေရင်း အထီးကျန်ဆန်လှတဲ့ သူ့ဘဝကို စိတ်လှုပ်ရှားမှုတွေ ရင်ဖိုမှုတွေ ပေးမယ့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါတယ် အဲဒီမိန်းကလေးဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပေမယ့် သူ အဲဒီမိန်းကလေးကို ချစ်မိသွားခဲ့ပါတယ် လက်ထပ်ဖို့အထိပါ စဉ်းစားခဲ့ပြီး အဲဒီမိန်းကလေးကို ချဉ်းကပ်ပါတော့တယ် တကယ်တော့ အဲဒီမိန်းကလေးဟာ သူ့ယောက်ျားရဲ့ အထက်စီးဆန်မှု မောင်ပိုင်စီးမှုနဲ့ နှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေခဲ့ရတဲ့သူဖြစ်ပါတယ် ဒီလိုနဲ့ ဖရက်ဒီနဲ့ သူနဲ့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲ သူတို့ရဲ့တွေ့ဆုံမှုက ကံကြမ္မာရဲ့ စေလိုရာလား လူတစ်ယောက်ရဲ့ဖန်တီးမှုလား... ဒီဇာတ်ကားဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ လှည့်ကွက်များစွာနဲ့ မရိုးရှင်းလှပါဘူး ဒရမ်မာကိုမှ Mystery ဆန်ဆန် Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက် တကယ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size…1.34GB / 574MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~ Sora

Horror • Mystery • Thriller
7.6 2022 124 mins
Freddy
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Sector 7
4.7

ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ပါတဲ့။ အပေါ်ကကားတွေက ကေဖန်တွေကြည့်ဖူးကြသလို ကြိုက်လည်းကြိုက်ကြ ပေါက်လည်းပေါက်ခဲ့တဲ့ကားတွေချည်းပါပဲ။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့ ရုပ်ရှင်တွေ‌ပေါ့။ ခု ဒီကားရဲ့ ဇာတ်လမ်းသွားကတော့ ဂျယ်ဂျူကျွန်းတောင်ပိုင်းမှာ ရေနံတူးရင်း ဂြိုဟ်သားတွေနဲ့ တွေ့တဲ့အကြောင်းပါပဲ။ ဘာနေနေပါ။ မျက်လွှာချထားပြီး ရှေ့နှစ်လံကိုကြည့်လျှောက်လည်း ကျွန်တော်တို့ရှိတာကို မသိနိုင်တဲ့ ဂန္တဝင်မမတစ်ယောက်ကို ငေးမောလို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားကို Ingyin San မှ ပြန်ဆိုပေးထားပါတယ်) Size - 2.9GB, 1.2GB Quality - Blu-ray 1080p, 720p MyDramaList Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Action, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Crime • Thriller
4.7 2011 101 mins
Sector 7
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
Colorblind
5

Follows a colorblind black artist and her son as they move into a new neigColorblind (2023) ~10 wins & 18 nominations ~ IMDb ~ 5.4 Colorblind ဆိုတာ “အရောင်ကို မခွဲခြားနိုင်သော”လို့ အဓိပ္ပာယ်ရပြီး မွေးရာပါ အရောင် မခွဲခြားတတ်သူတွေကို colorblind တွေလို့ ခေါ်ကြပါတယ်။ Colorblind ရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးက “အသားအရောင် ခွဲခြားမှု မရှိသော”လို့လည်း အဓိပ္ပာယ် ရပါတယ်။ Colorblind-society ဆိုရင် “အသားအရောင် မခွဲခြားတဲ့ လူ့အဖွဲ့အစည်း”ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီဇာတ်ကားကတော့ အပေါ်က အဓိပ္ပာယ် နှစ်ခုလုံးကို ကောင်းကောင်းကြီး ဖော်ကျူးပြထားပါတယ်။ ဇာတ်လမ်းထဲက ဇာတ်လိုက်နှစ်ယောက်က အရောင်တွေ မခွဲတတ်တဲ့ လူမည်း သားအမိနှစ်ယောက် ဖြစ်နေလို့ပါ။ အမေဖြစ်သူ မက်ဒလင်းက အကုန်လုံးကို ပန်းရောင်နဲ့အနီရောင်ပဲ မြင်ရပြီး သားဖြစ်သူ မိုနက်ကတော့ အကုန်လုံးကို အဖြူအမည်းပဲ မြင်ရတဲ့သူပါ။ Colorblind ဖြစ်နေပေမဲ့ မက်ဒလင်းလုပ်တဲ့ အလုပ်က ပန်းချီဆရာပါတဲ့။ တစ်နေ့တော့ colorblind လူမည်း သားအမိနှစ်ယောက် လူမျိုးရေး အလွန်မတန် ခွဲခြားတဲ့ ရပ်ကွက်တစ်ခုထဲ ပြောင်းလာကြပါတယ်။ အိမ်ရှင် အဘိုးကြီးကလည်း လူမျိုးရေး အလွန် ခွဲခြားသူပါ။ မက်ဒလင်းဝှိုက်ဆိုတဲ့ ကတ်သလစ်နာမည်ကြောင့် လူဖြူမှတ်ပြီး အိမ်ငှါးလိုက်တာပါ။ ဆိုတော့ colorblind ပန်းချီဆရာ သားအမိနှစ်ယောက် racist အဘိုးကြီးနဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာကို ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 1.1GB | 483MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... Aaronhborhood where they are challenged when they see the true colors of people.

5 2023
Colorblind
Replicas
6

Replicas(2018) ဆေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ်...သူ့နာမည်က Will Foster လို့ခေါ်တယ်...  Will Foster.လုပ်နေတဲ့ကုမ္ပဏီရဲ့ အဓိက အလုပ်က  လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲကနေ မှတ်ဉာဏ်တွေကိုထုတ်ပြီး စက်ရုပ်တွေထဲကိုထည့်ပေးရတယ်...သေတဲ့သူကို အသက်ပြန်သွင်းခြင်းနည်းတစ်မျိုးပေါ့...ဒီသုတေသနာလုပ်ငန်းရဲ့ အရေးကြီးဆုံးဏ္ဍမှာ Will Foster. အဓိကပါဝင်နေတယ်.. ဒီလုပ်ငန်းရဲ့ အကျွမ်းကျင်ဆုံးပညာရှင်ဆိုလည်းမမှားဘူးပေါ့...သို့ပေမယ့်  လိုအပ်ချက်တစ်ချို့ရှိနေလို့ မအောင်မြင်သေးဘူ...  တစ်နေ့တော့Will Foster  တို့မိသားစုဟာ အားလပ်ရက်မှာ ခရီးထွက်ကြတယ်... ဒီခရီးစဉ်က  Will Foster  အတွက် ကပ်ဆိုးကြီးကျရောက်ခြင်းပါပဲ..အဲ့ဒါကတော့ ကားမတော်တဆမှုကြောင့် မိန်းမရော သားသမီး ၂ယောက်ရောဆုံးပါးသွားခဲ့ရတယ်.. ဒီနောက်တော့  Will Foster  ဟာ မိသားစုကိုချစ်တဲ့စိတ်ကြောင့်  မလုပ်သင့်တာတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒါကတော့ သူ့မိသားစုကို စက်ရုပ်တွေမယ် အသက်ပြန်သွင်းဖို့ပါပဲ.. ကိုင်း  Will Foster.တစ်ယောက်အောင်မြင်နိုင်ပါ့မလား ..ဆေးကုမ္ပဏီနဲ့ ဘယ်လိုပြသနာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... မင်းသားကြီး Keanu Reeves အဓိက သရုပ်ဆောင်ထားပြီး မှုခင်း သိပ္ပံကားတွေကြိုက်တဲ့သူအတွက် အတော်ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ.... File Size : (910 MB) and (363 MB) Quality : 720p HCWEBRip, Format…mp4 Duration…01:47:00 Genre :  Crime, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Hein Thet Naing Encoded by Phyo Pyae

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6 2018 107 mins
Replicas
Anak Rimau the Movie
6.7

Anak Rimau the Movie(2022) *************************** ဘောလုံးအကယ်ဒမီတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် စိတ်ထဲမှာ အတွေးထဲမှာ တစ်ခုခုတော့ တွေးနေမိမှာ အမှန်ပါပဲ။ နိုင်ငံရဲ့နေရာစုံကနေလာတဲ့ ဘောလုံးကန်ရတာကို အရမ်းဝါသနာပါတဲ့ လူငယ်လေးတွေ Anak Rimau ဘောလုံးအကယ်ဒမီကိုရောက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ။ အဲရစ်ဖ်ကတော့ ဆင်းရဲပြီး အမေနဲ့ အတူတူနေပါတယ်။ သူ့မှာ ဆိုးသွမ်းပြီး ဦးတည်ရာမဲ့နေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ဒန်းနစ်ကတော့ ချမ်းသာပြီး သူ့အဖေက Anak Raimu Academy ရဲ့ အကြီးဆုံးစပွန်ဆာတစ်ယောက်ပါ။ မာရို ကတော့စိတ်ဓာတ်ကြံခိုင်ပြီး စကေးရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။ အဲ့လိုမတူညီတဲ့ ဘဝတွေ မတူညီတဲ့ နေရာဒေသက လာတဲ့သူတွေကို နည်းပြကြီး ဇိုင်နာ ဘယ်လို ကိုင်တွယ်ပြီး အောင်မြင်တဲ့ဘောလုံး အသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်သွားမလဲဆိုတာကတော့……… File Size :(2.6GB) and (1.3GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:2300 Genre : Sport , Family , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Western • Mystery
6.7 2022
Anak Rimau the Movie
[18+] P.S. Girls
5.8

အကြွေးတွေ ချာလပါတ်နဲ့ ချစ်စရာ ကိုးရီးယားမယ်လေးအကြောင်းပြောပြရဦးမယ် သူ့ဘဝကအတော်ပြည့်စုံတယ်မရှိပါဘူး သူ့အဒေါ်လက်ထဲကလွတ်ဖို့လမ်းရှာရင်း ဆေးရုံတစ်ရုံမှာ အလုပ်ရပါတယ် တင်နေတဲ့အကြွေးတွေ ဆပ်ဖို့ကြိုးစားရင်း နောက်အလုပ်တစ်ခုထပ်ရှာဖို့ကြိုးစားရတာကနေ သူငယ်ချင်းကောင်းမှု့ကြောင့် အွန်လိုင်းကနေအသံနဲ့ လိင်ဖျော်ဖြေပေးရတဲ့အလုပ်တစ်ခု ရသွားပါတယ် ကံများကောင်းချင်တော့ ဆေးရုံအုပ်ကလည်း သူ့ကိုတန်းတန်းစွဲဖြစ်နေပါတယ်။ | ဒါပေမဲ့ သူ့ရဲ့ဒုတိယအလုပ်အကြောင်း မသိပါဘူး။ သူတို့အလုပ်က အဆင်ပြေရင်ပြေသလို အပြင်မှာပါ ဝင်ငွေအတွက် အလုပ်လုပ်ကြပါတယ်။ အမျိုးစုံဘယ်လိုကြိုးခုန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့ DS fans တွေအတွက် တင်ဆက်လိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Family
5.8 2016
[18+] P.S. Girls
Silver Haze
6.3

အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေး နာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကို များစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက် လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူ အမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲ ဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲ ဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီ ငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့ အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြား ရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်း အဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့ တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကို ကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်း အချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်း ဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရော စောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.33GB / 633MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2023 103 mins
Silver Haze
You, I Love
4.8

We love (2018) IMDb – 4.8 My Drama List – 6.6 ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကို ကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။ တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊ အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီး ယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလား စတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင် File size… 1.96 GB / 849 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

4.8 2018 100 mins
You, I Love
Ratatouille
8

Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။ သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ် တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ် အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ ဇာတ်ကားရဲ့ အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က စာဖိုမှူးချူပ်က အကောက်ကြံပုံ၊ EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို သူ့ရဲ့သားကရော ကျော်လွားနိူင်ပါ့မှလားဆိုတာတွေက ဇာတ်ကားရဲ့ ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။ animation ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။ IMDB movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် File Size : 3.1 GB, 1.32 GB, 692 MB Quality : Blu-Ray HEVC / 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Audio : AAC, AC-3 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Myat Noe Wutt Yii Encoded by Thit San Khant

Drama • Fantasy
8 2007 111 mins
Ratatouille
Remember Me
7.1

2010 ခုနှစ်မှာထွက်ရှိထားတဲ့ ဇာတ်လမ်းဆိုပေမယ့် 2001ခုနှစ်ဝန်းကျင်လောက်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေမှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုရဲ့ရိုက်ခက်မှု တစ်ခုဆီနဲ့ဇာတ်အိမ်ကိုတည်ထားပါတယ်။ ညီမလေးကို အရမ်းချစ်တဲ့ တိုင်လာဟာ အဖေဖြစ်သူကစီးပွားရေးကိုသာ ဦးစားပေးပြီး မိသားစုရေးရာကိစ္စတွေမှာလစ်ဟာနေတယ်လို့ ထင်တဲ့အတွက် အဖေနဲ့ အမြဲ ပြသနာဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး လမ်းပေါ်ကရန်ပွဲတစ်ခုကို ဝင်ရောက်ဖြေရှင်းရင်းရာကနေ ရဲတစ်ယောက်နဲ့ ပြသနာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ရဲဖြစ်သူရဲ့သမီး နဲ့ ဇာတ်လမ်းဖြစ်ကြရာမှာ……… ဒီဇာတ်လမ်းအမျိုးအစားက Drama/Romance အမျိုးအစားဖြစ်ပြီး IMDb rating ကတော့ 7.2/10ထိရရှိထားပါတယ်။ Drama ဇာတ်လမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Han Htoo Zaw ပဲဖြစ်ပါတယ်။) File size…(1.7 GB)/(910 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Tragedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Han Htoo Zaw

Adventure • Animation • Family • Fantasy
7.1 2010 113 mins
Remember Me
Picture This
5.8

ဒီတစ်ခါမှာတော့ After ထဲက မင်းသားချော Hero Fiennes Tiffin ရဲ့ Romance Comedy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ယောကျ်ားမယူဘဲ career woman လုပ်မယ်ရယ်လို ကြွေးကြော်နေတဲ့ ဓာတ်ပုံဆရာမလေး Pia ကို သူ့မိသားစုဝင်တွေက အိမ်ထောင်ဘက် ဝိုင်းရှာပေးကြတဲ့ ဇာတ်လမ်းပါပဲ ။ ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်က Pia အတွက် ဟောလိုက်တဲ့ ဟောကိန်းကတော့ နောက်ထပ် တွေ့ရမယ့် ကြင်ဖက် ၅ ယောက်ထဲမှာ သူ့ရဲ့ ဖူးစာရှင် ရှိပါတယ်တဲ့ ။ ဒီစကားကို ကြားတဲ့ မိသားစုဝင်တွေက Pia အတွက် ကြင်ဖက် တစ်ယောက်စီ ရှာပေးဖို တာဝန်ယူလိုက်ကြပါတော့တယ် ။ ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့ မင်္ဂလာပွဲမှာ Pia ရဲ့ အချစ်ဦး ဖြစ်သလို ရည်းစားဟောင်းလည်း ဖြစ်တဲ့ Charlie က သတိုသားအရံ ဖြစ်နေပါသေးတယ် ။ ဒါဆိုရင်တော့ Pia ရဲ့ ကြင်ဖက် ငါးယောက်ထဲမှာ ဘယ်တစ်ယောက် ကများ သူ့အိမ်ထောင်ဘက် ဖြစ်နိုင်မလဲ ။ ဒါမှမဟုတ် ရည်းစားဦး ဖြစ်တဲ့ Charlie နဲ့ပဲ ပြန်ပေါင်းထုပ် သွားမလားဆိုတာကိုတော့ Picture This ဆိုတဲ့ ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။ File size… (2.26 GB) / (1.23 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle & Muse

Comedy
5.8 2025 101 mins
Picture This
Doraemon: Nobita and the Legend of the Sun King
7.1

Doraemon: Nobita and the Legend of the Sun King (2000) IMDb Rating (7.1) ကျောင်းကပွဲအတွက် နိုဘီတတို့သူငယ်ချင်းတွေ လေ့ကျင့်နေကြတဲ့အချိန်မှာ ခံစားချက်ထည့်လို့ကောင်းဖို့ ဒိုရေမွန်က ဇာတ်ခုံအပြင်အဆင်တွေကို တကယ့်အစစ်အတိုင်း သူ့အိတ်ကပ်ထဲက စက်တစ်ခုကိုသုံးကာ ပြင်ပေးထားပါတယ်။ ပြဇာတ်လေ့ကျင့်ပြီးလို့ နားနေကြတုန်းမှာ ကျိုင်းယန့်က အဲဒီစက်ကို လုယူသွားလို့ ဒိုရေမွန်တို့ စက်ကိုပြန်ယူဖို့ အချိန်ပေါက်စက်ကို သုံးရပါတော့တယ်။ အချိန်ပေါက်စက်နဲ့ ကျိုင်းယန့်အိပ်ခန်းထဲကို ညအချိန်ပြောင်းပြီး ဝင်ယူဖို့လုပ်ပေမယ့် နိုဘီတကြောင့် ကျိုင်းယန့်နိုးသွားပြီး မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် မထင်မှတ်ဘဲ အချိန်ပေါက်စက်ပါ ပျက်စီးသွားပါတော့တယ်။ အချိန်‌ပေါက်စက်က ချို့ယွင်းသွားပြီး မာရာနာတိုင်းပြည်လို့ခေါ်တဲ့ နေရာတစ်ခုနဲ့ သွားချိတ်ဆက်နေမိတာပါ။ ဒီလိုနဲ့ နိုဘီတနဲ့ဒိုရေမွန်တို့ ဝင်ကြည့်မိရင်း ကြုံတွေ့ရမယ့် စွန့်စားခန်းတွေကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Benni ဖြစ်ပါတယ်။) File size…(2.6 GB) / (980 MB) Quality….WEB-DL 1080p / 720p Format….mp4 Genre….Adventure,Animation,Family,Fantasy,Science Fiction Duration….01:31:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Benni

Drama • Thriller
7.1 2000 93 mins
Doraemon: Nobita and the Legend of the Sun King
The First Stab of The Datang
5.9

တရုတ်သမိုင်းရဲ့နာမည်ကြီးဧကရီ Wu Zhe Tian ကိုသိကြမယ်ထင်ပါတယ်။ ထန်ခေတ်ဧကရီဝူဇယ်ထျန်းကို ပုံစံတစ်မျိုးနဲ့ဖော်ပြထားတဲ့ သိုင်းကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ တထန်တိုင်းပြည်ကြီး တိုင်းရေးပြည်ရေးမတည်မငြိမ်ဖြစ်ပြီး အရှင်မဝူဇယ်ထျန်းက ဧကရီအမည်ခံအုပ်ချုပ်လိုက်တယ်။ ပြည်သူတွေကြားမှာ ကောလဟာလတစ်ခုပြန့်နေပါတယ် အမတ်ချုပ်ကြီးဟာထိုက်ကျုံးဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ လျို့ဝှက်ကျမ်းစာကိုရေးခဲ့တယ်။ ဒီကျမ်းစာဟာရှေ့ဖြစ်ဟောစာဖြစ်ပြီး ဝူဇယ်ထျန်းကို ထိန်းချုပ်ဖို့နည်းလမ်းဖြစ်တဲ့အတွက် ဧကရီမကြီးက ဒီလျို့ဝှက်စာကိုမရရအောင် ထျန်းကျီးဂိုဏ်းကလူသတ်သမားတွေကို စေလွှတ်တဲ့အကြောင်းကို သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ရိုက်ကူးထားပြီး တိုက်ရေးခိုက်ရေးတွေကြားထဲက အစွန်းနှစ်ဘက်က လူ၂ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာလဲ စိတ်ဝင်တစားကြည့်ရမှာပါ….. ရက်စက်တဲ့ဧကရီနဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော်

Action • Crime • Thriller
5.9 2018
The First Stab of The Datang