YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hidden Blade 2023 WEB-DL 1080p CM.mp4

1013.23 MB N/A video/mp4 1867 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kim Bu Aile?
5.9

ကိုရီးယား ဟာသဇာတ်ကား Extreme Job ကို မှီငြမ်းထားတဲ့ တူရကီဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ရဲတပ်ဖွဲ့ ကော်မရှင်နာ Adem ဟာ မစ်ရှင်တစ်ခုမှာ အမှားလုပ်မိပြီးတာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ အိမ်မှာ အေးဆေးပြန်မနားဘဲ အဲမစ်ရှင်မှာ ဖမ်းရမဲ့ရာဇဝတ်သားတွေကို ကိုယ့်ဘာသာလိုက်ဖမ်းဖို့လုပ်ပါတယ်။ အဲရာဇဝတ်သားတွေနောက် ခြေရာခံလိုက်ရင်း သူတို့ပုန်းတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရာဇဝတ်မှုကျုးလွန်နေတုန်း အမိအရ ဖမ်းနိုင်အောင် ပုန်းတဲ့နေရာနားက ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ သူ့အဖွဲ့သားတွေနဲ့အတူ ကြက်ကြော်ရောင်းတာ ဆိုင်ကနာမည်ကြီးသွားတဲ့အခါ… ကြက်ကြော်ဆိုင်နဲ့ မူလရည်ရွယ်ချက်ကြား ဗျာများရင် အလွဲလွဲအချော်ဖြစ်ကြပုံကို ရယ်ရယ်မောမောနဲ့ကြည့်ရှုအားပေးရမဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။ File size…(2.1 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Action • Horror • Thriller
5.9 2022 124 mins
Kim Bu Aile?
Palthu Janwar
7.2

8.7/ 10 IMDb ဒီတစ်ခါတော့ အိန္ဒိယ မာလာရလမ်ဘာသာစကားနဲ့ ဇာတ်ကားလေးတစ်ခုညွှန်းပေးပါရစေ.. လူတိုင်းမှာကိုယ်စိတ်ဝင်စားတဲ့ လုပ်ချင်တဲ့အလုပ်တစ်ခုရှိတယ် ဒါပေမယ့်အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေလုပ်လိုက်ရတဲ့အလုပ်တွေရှိကြတယ်ပေါ့.. ဒီဇာတ်ကားလေးမှာ ပရာဆွန်း (Basil Joseph)က တက်ကြွတဲ့animatorတစ်ယောက်ပေါ့..ဒါပေမယ့် သူ့လုပ်ငန်းမအောင်မြင်တော့မိဘတွေနဲ့လူတွေရှေ့မှာ အရှက်ရခဲ့ရလို့ မွေးမြူရေးအင်စပက်တာအဖြစ်နဲ့ အစိုးရအလုပ်တစ်ခုကိုလုပ်ခဲ့လိုက်ရပါတယ် ကိုယ်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကို သူတာဝန်ကျတဲ့နယ်မြေမှာ သူဘယ်လိုရေလိုက်ငါးလိုက်ဖြစ်အောင်လုပ်မလဲ ပြဿနာအလွဲတွေနဲ့အလုပ်မှာကြုံရပေမယ့် "အရာအားလုံးအဆင်ပြေတယ် "ဆိုတဲ့အတွေးနဲ့ အခက်အခဲတွေကိုသူဘယ်လိုဖြေရှင်းမလဲ ကိုယ်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကိုသူဘယ်လိုလုပ်မလဲ... အစရှိတာတွေကို ဆက်လက်ကြည့်ရှု့ပေးကြပါဦး... File size…2.3GB / 1GB  Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Hay Man & BpL & Thet Ko

Comedy
7.2 2022 117 mins
Palthu Janwar
Z-O-M-B-I-E-S 3
7.5

Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ် တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 2.3GB, 1GB & 528MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 28mins Genre : Family, Musical, Romance Translated by Marie Encoded by Kinnov

Crime • Mystery • Thriller
7.5 2022 88 mins
Z-O-M-B-I-E-S 3
The Quest
6.1

အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။ အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် … မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Action • Drama • Thriller
6.1 1996 95 mins
The Quest
Hotel Transylvania 3: Summer Vacation
6.9

IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။ သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို အဲဒါသွားယူခိုင်းပါတယ်။ ဒရက်ကို အလျင်စလိုမ သတ်ဖြတ်ဖို့ ဗင်က မှာတာ အဲရစ်ကာက မလိုက်နာဘဲ ၎င်းကို နည်းမျိုးစုံနဲ့သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ ဒရက်က ကျွန်းလေးပေါ်မှာ နှစ်ယောက်အတူချိန်းတွေ့ဖို့ ပြောတော့ အဲရစ်ကာက ၎င်းကို သတ်ခွင့်ရမယ်ထင်ပြီး လက်ခံကာ ညစာစားကြတယ်။ သိပ်မကြာခင်မှာ အဲရစ်ကာကို မေးဗစ္စက သံသယဝင်စပြုလာတယ်။ အက်လန်းတစ်မြို့ဟောင်း ကြီးဆီမှာ ဂယ်လက်ဇီသင်္ဘောဆိုက်တော့ အဲဒါကြီးကို ကာဆီနိုအသွင်ပြောင်းထားပုံတွေ့ကြရပြီး အဲရစ်ကာက မြေအောက်အုတ်ဂူ ထဲက အဖျက်လက်နက်ကို ရှာဖွေရယူတယ်။ သူမနောက် လိုက်ချောင်းတဲ့ မေးဗစ္စကိုတော့ ဘိုးဘွားအမွေပစ္စည်းပါလို့ လိမ်ပြောတယ်။ အဲရစ်ကာက အဖျက်လက် နက်ကို အဘိုးဖြစ်သူ ဗင့်လက်ထဲ ပေးအပ်ပြီး ဗင်က သီချင်းဖွင့်တဲ့ ဒီဂျေကို ဖယ်ရှားကာ အဖျက်လက် နက်ကို ဖွင့်လိုက်တဲ့အခါ သတ္တဝါ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မယ့် ရေအောက်သတ္တဝါကောင် ကြီး ခရာကင်လည်း နှစ်ပေါင်းများစွာအိပ်ပျော်နေရာက နိုးလာပြီး ရေ ပြင်အထက် ဘွားခနဲ ပေါ်လာတဲ့ အခါမှာတော့ ဂျင်နဒီတာတာကော့ဗ်စကီးနဲ့ မိုက်ကယ်မက်ကူးလားတို့ရဲ့ ဇာတ် ညွှန်းကို ဂျင်နဒီက စီစဉ်ရိုက်ကူးပြီး အာဒမ်ဆင်းဒလား၊ ဆဲလီးနားဂိုး မက်ဇ်၊ကက်သရင်းဟန်းနဲ့ အင်ဒီဆင်းဘာ့ဂ်တို့က အသံဖြင့် သရုပ် ဆောင်ပေးထားကြတဲ့ သည်ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်က စတင်အောင်မြင်မှုရခဲ့တဲ့ သရီးဒီကာ တွန်းဇာတ်ကားတွေရဲ့ အဆက် တတိယမြောက် ဇာတ်ကားဖြစ်ပြီး IMdb အဆင့် ၆.၃/၁၀ ရရှိကာ ဝေဖန်ရေးဆရာတချို့သာ ချီးမွမ်းထားပေမဲ့ ကာတွန်းရုပ်ရှင်ချစ်သူ အားလုံး နှစ်သက်မယ့် ကာတွန်း ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ kumudranews မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) Quality : Blu-Ray 720p Running Time : 1hr 37min Format : Mp4 Genre : Adventure, Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-BLOW Translated by Zuel Khant Twin Encoded by Thanhtike Zaw

Crime • Sci-Fi & Fantasy
6.9 2018 97 mins
Hotel Transylvania 3: Summer Vacation
The Infiltrator
6.7

2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။ File Size     :   900 MB Duration    :   2 :07 :09 Quality        :   BR Rip 720p Format        :   MP4 Genre          :   Biography, Crime, Drama Translator  :   Sherlock Encoder      :   Littleneo

Drama • Mystery • Sci-Fi & Fantasy
6.7 2016 127 mins
The Infiltrator
In the Wake
6.2

In the wake (2021) “Ruroni Kenshin”ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,”The door into summer” “My tomorrow,your yesterday”ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတ​ဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန် ဝါကဘရပ်ကွက်မ​ှာ လူသတ်မှုတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ လူမှုဖူလုံရေးအရာရှိ မိခုမိုကို တိုက်ခန်းတစ်ခုထဲမှာ ကြိုးတုပ်ပြီးသတ်ခံထားရတာပါ။ ပြင်ပဒဏ်ရာမရှိဘဲ တစ်ပတ်ကျော်ကြာအောင် ပစ်ထားခံရလို့ အစာငတ်ပြီးသေဆုံးသွားခဲ့တာပါ။ ရဲတွေလည်း အခင်းဖြစ်နေရာနဲ့ မိခုမိုအလုပ်ဖြစ်တဲ့ လူမှုဖူလုံရေးရုံးမှာ စစ်ဆေးကြပါတယ်။ ဒါပေမဲ့မကြာခင်မ​ှာ သေဆုံးပုံချင်း ဆင်တူတဲ့လူသတ်မှုတစ်ခုထပ်ပေါ်လာခဲ့ပါတယ်။ ဂျောနိုအိချိဆိုတဲ့ ဒုဥက္ကဌကို လူသူကင်းတဲ့နေရာမှာပစ်ထားပြီး အစာငတ်သေစေခဲ့တာပါ။ ဒီလိုအငြိုးနဲ့လူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေကရှိနေပြီး ဘယ်သူကျူးလွန်နေတာလဲဆိုတာကို ဆက်စပ်ဖော်ထုတ်သွားတဲ့ မှုခင်းဒရာမာဇာတ်ကားဖြစ်ပါတယ်။survival guiltလို့ခေါ်တဲ့ အဖြစ်ဆိုးနဲ့ကြုံပြီး ရှင်ကျန်ရစ်ခဲ့သူတွေမှာခံစားရတဲ့ အပြစ်မကင်းဖြစ်တဲ့စိတ်ကိုလည်း အသားပေးရိုက်ကူးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.5GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:05:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Drama • Romance
6.2 2021
In the Wake
God’s Creatures

IMDb – 5.8, RT – 92% Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။ အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.28GB) / (665.65MB) / (303.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Drama • Mystery • Thriller
0 2022 101 mins
God’s Creatures
The Bodyguard

အသစ်ထွက် Action/Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကန်ဒေ့စ်က နာမည်ကြီး influencer တစ်ယောက်ဖြစ်ပြီး မကြာခဏ သူမအသက်ကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရသူပါ။ အပြင်ပန်းကကြည့်ရင်တော့ တောက်ပပြီး လှပလှတဲ့သူ ဖြစ်ပေမယ့် သူမရဲ့အတွင်းစိတ်ထဲမှာတော့ ကြောက်လန့်မှုတွေ၊ စိုးရွံမှုတွေနဲ့ပဲနေ နေရသူတစ်ယောက်ပါ။ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ လုပ်ကြံမှုကို ခံခဲ့ရတာကြောင့် သူမရဲ့ခင်ပွန်းလောင်းက သူမကို သက်တော်စောင့်တစ်ယောက် ငှားရမ်းပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဲဒီသက်တော်စောင့်က သူမကို နားလည်ပေးပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့တာမို့ သူမက အဲဒီသက်တော်စောင့်အပေါ် ပုံမှန်ထက်ပိုပြီး တွယ်တာလာခဲ့မိတာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ အဲဒီသက်တော်စောင့်ရဲ့ အကြောင်းကို သူမရဲ့ခင်ပွန်းလောင်းက သူမကို အသိပေးလာခဲ့ပြီး သက်တော်စောင့်ရဲ့သရုပ်မှန်က သူမ ထင်ထားသလိုမဟုတ်တဲ့အခါမှာတော့.. အဲဒီသက်တော်စောင့်က ဘယ်သူလဲ.. ဘာအကြောင်းနဲ့များ သူမကို ချဉ်းကပ်ခဲ့တာလဲ.. နောက်ဆုံးမှာရော သူမ အသက်ဘေးကနေ ကင်းလွတ်နိုင်ပါ့မလား.. ဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) File size…(1.4 GB)/(787 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Comedy • Crime
0 2023
The Bodyguard
Hard Days

ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို “မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်”ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ပါတာမလို့ ကူဒိုတယောက်ရင်ဆိုင်ရမယ့် အရှုပ်အထွေးတွေကို စိတ်၀င်တစား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Thriller, Crime, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Fantasy • Action • Thriller
0 2023
Hard Days
Mother of the Bride
5.5

ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ် ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကို ဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့ အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်… မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာ ဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန် တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကို ရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ် လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင် လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်.. သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့ သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surprise တိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက် ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက် သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ် သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့ အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့ အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်း မကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ.. တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက် သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲ အချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက် ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ… ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့် သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်.. File size…2.15 GB/ 0.99GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Crime • Drama
5.5 2024
Mother of the Bride
A Holiday for Harmony
5.8

တစ်နှစ်တာလုံးရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်ကာလဖြစ်တဲ့ ခရစ္စမတ်ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ချစ်ခင်ရသူတွေနဲ့ အတူတူကြည့်ဖို့ A Holiday For Harmony ဆိုတဲ့ခရစ္စမတ် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။အိမ်နဲ့ဝေးနေတဲ့ မိသားစုနဲ့ဝေးကွာနေတဲ့သူတွေလည်း ဒီကားလေးကိုကြည့်ပြီး အလွမ်းတွေပြေနိုင်ပြီး ကိုယ်ချစ်တဲ့ လူတွေကိုပိုတန်ဖိုးထားမိလာမှာလည်းအမှန်ပါပဲ။လူ့ဘ၀ဆိုတာ တိုတိုလေးမလို့ ရရှိတဲ့အချိန်လေးအတွင်းမှာ ချစ်ရတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဂျက်ဇ်နဲ့တီနာတို့ကမောင်နှမတွေဖြစ်ကြပြီး ငယ်ငယ်လေးကတည်းက မောင်နှမတွေရဲ့ထုံးစံအတိုင်း သူတို့တွေက မတည့်အတူနေ အမြဲတမ်းကိုက်နေကြတာပါပဲ။ဂျက်ဇ်ကဗီဒီယိုဂိမ်းတွေကစားရတာကို သဘောကျသူဖြစ်ပြီး တီနာကတော့သီချင်းဆိုတာကိုအရမ်းဝါသနာပါတဲ့ အပြင် အသံလည်းအရမ်းကောင်းသူဖြစ်ပါတယ်။ ဒီလိုနဲ့အသက်တွေကြီးလာကြတဲ့အခါမှာတော့မောင်နှမနှစ်ယောက်လည်း တစ်ယောက်တစ်လမ်းသွားကြပြီး ဂျက်ဇ်ကဘားနဲ့ဂိမ်းဆိုင်လေးတွဲဖွင့် ထားခဲ့ကာ တီနာကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာ ခဲ့ပါတော့တယ်။ အကြောင်းတစ်ခုကြောင့် မောင်နှမနှစ်ယောက်စကားမပြောဖြစ်တာ ကြာပေမဲ့ တီဗီမှာတွေ့လိုက်ရတဲ့သတင်းတစ်ခုကြောင့်ဂျက်ဇ်ဘ၀ကြီး ပျက်သလိုဖြစ်သွားပါတော့တယ်။အဲ့ဒီသတင်းကတော့သူ့ညီမတီနာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားပြီဆိုတဲ့သတင်းပါပဲ။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ညီမဖြစ်သူရဲ့သမီး သူ့တူမရောက်ရှိလာပြီး သေတမ်းစာမှာသူ့ကိုအုပ်ထိန်းသူအဖြစ်လွှဲပြောင်းပေးထားခဲ့ကြောင်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူနဲ့သူ့တူမတို့နှစ်ယောက် ဒီနှစ်ခရစ္စမတ်ကို အတူတူဖြတ်သန်းကြရင်းနဲ့ လွမ်းမောစရာ ၅၂၈ ဒရာမာလေးတွေကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.36GB) / (570MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024
A Holiday for Harmony
Late Bloomers
6.1

IMDb Rating – 6/10 ဒီကားလေးက ဒါရိုက်တာ Lisa Steen ရိုက်ကူးထားပြီးမင်းသမီး Karen Gillan နဲ့ မင်းသမီးကြီး Malgorzata Zajaczkowska တို့ အဓိကပါဝင်ထားတာပါ။ ဘဝမှာ ကံအဆိုးဆုံးလူသားလို့ ခံစားရတဲ့ အချိန်တွေ ရှိဖူးပါသလား။ အသက်28နှစ်အရွယ် လူဝီက ရုတ်တရက် သစ္စာဖောက်ခံရပြီး single ဖြစ်သွားတဲ့အပြင် အဆိုတော်အလုပ်ကလဲ မအောင်မြင် တာကြောင့် စိတ်ဓာတ်ကျနေခဲ့ပါတယ်။ တစ်နေ့မှာအရက်မူးနေရင်း မတော်တဆ တင်ပါးရိုးကျိုးသွားတဲ့အခါ လောကကြီးကိုအဆိုးမြင်နေတဲ့ လူဝီက ဆေးရုံမှာ ဒေါသကြီးပြီး အင်္ဂလိပ်လိုလဲ နားမလည်တဲ့ polish လူမျိုး အန်တိုနီနာဆိုတဲ့ အဖွားကြီးနဲ့ အခန်းဖော်ဖြစ်လာပါတယ်။ ဘာသာစကားနဲ့ဆက်သွယ်မှုမလုပ်နိုင်တဲ့ နှစ်ယောက်က အလွဲတွေ ရဲ့ကြား သံယောဇဉ်ရှိသွားပြီး အယ်ဇိုင်းမားရောဂါရှင်အမေဖြစ်သူတွက် ကုသငွေလိုနေတဲ့ လူဝီက အန်တိုနီနာရဲ့ နာနီဖြစ်လာပါတော့တယ်။ လုပ်သမျှအဆိုးတွေဖြစ်ကုန်လို့ ဘာမှမလုပ်တော့ပဲ လမ်းပျောက်နေတဲ့ လူဝီက အန်တိုနီနာကိုစောင့်ရှောက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို သိမြင်လာနိုင်မလား……. အရမ်းဆိုးတဲ့ အန်တိုနီနာကို လူဝီဘယ်လိုနည်းနဲ့ စောင့်ရှောက်သွားမှာလဲ…… လူဝီကရော လူကြီးဘဝရဲ့ အဓိပ္ပာယ်ကိုတွေ့ပြီး ရင့်ကျက်လာမှာလား…….. အချစ်စစ်ကိုရော ရှာတွေ့မှာလား…. ဆေးရုံမှာတွေ့ခဲ့တဲ့ အ‌ဖွားတွေကရော သူတို့အတွေ့အကြုံတွေနဲ့ လူဝီကို ဘယ်လိုစိတ်ခွန်အားတွေပေးမလဲ……… ဒါတွေကို ဒီဘဝသရုပ်ဖော်ကားလေးမှာ လူဝီနဲ့အတူ ဘဝကိုပါဝင် ဖြတ်သန်းရင်း ခံစားလိုက်ပါ။ ဘဝမှာလမ်းပျောက်နေရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားလေးပါနော်။ File size… (2.06GB) / (818MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2023 89 mins
Late Bloomers
The Dreamers
7.2

The Dreamers (2003) IMDb Rating (7.1) Genre: Erotic/Romantic/Drama The Dreamers ကတော့ အီတလီဒါရိုက်တာ Bernardo Bertolucci ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ မင်းသမီး‌ချော Eva Green ရဲ့ ငယ်မူငယ်သွေးအလှတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ပေါ် နှစ်ဝင်သရုပ်ဆောင်နိုင်စွမ်းကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း နားလည်ရခက်တဲ့ ပန်းချီကားတချပ်လို ပြင်သစ်ဆန်ဆန် လှပပါတယ်။ မင်းသမီး Eva Green အပြင် မင်းသား Louis Garrel နဲ့ Michael Pitt တို့ရဲ့ ဝတ်လစ်စလစ်အခန်းတွေအများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ++++++++++++++++++++++++++++++ ဇာတ်လမ်းအညွှန်းကိုတော့ Out of Mind Fb Page က အညွှန်းနဲ့ ညွှန်းခဲ့ချင်ပါတယ်။ Spoiler Alert…. The Dreamers (2003) ဇာတ်လမ်းရဲ့အခင်းအကျင်းက ပဲရစ်မြို့ 1968ခုနှစ်က ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန် ဖြစ်တယ်။ Metthewဆိုတဲ့အမေရိကန်လူငယ်တယောက်က ပဲရစ်မြို့မှာ ပြင်သစ်ဘာသာစကားလေ့လာနေရင်း သူ့ရဲ့အချိန်အများစုကို ရုပ်ရှင် တွေကြည့်ရင်း ကုန်ဆုံးနေတဲ့သူ တယောက်။ တစ်ရက်မှာတော့ သူ့လိုပဲ ရုပ်ရှင်ကို အရမ်းဝါသနာပါတဲ့ Isabelle နဲ့ Theo ဆိုတဲ့ အမြွာမောင်နှမနှစ်ယောက်နဲ့ ခင်လာကြတယ်။ သူတို့ မောင်နှမ နှစ်ယောက်က Matthewကို သူတို့ရဲ့ ကိုယ်ပိုင် ပိတ်လှောင်ထားတဲ့ ကမ္ဘာထဲကိုဆွဲခေါ်လာခဲ့တယ်။ တနည်းအားဖြင့် သူတို့ရဲ့အိမ် တနည်းအားဖြင့် မိမိနဲ့တစ်ခြားကြားက မျဥ်းကြောင်းတွေဝေဝါးနေတဲ့ သူတို့ရဲ့ကမ္ဘာထဲကို Matthew ရောက်ရှိလာတယ်။ သူတို့ရဲ့ အိမ်ထဲကို ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ရုပ်ရှင်တွေကိုအသုံးပြုပြီး တယောက်ကိုတယောက်ချည်နှောင်ကြမှုတွေ ငြင်းခုံမှုတွေ ကိုသိလာတယ်။ နောက်ရုပ်ရှင်ထဲက အမူအယာတွေကို ပုံတူလိုက်သရုပ်​​ဆောင်ရင်း”ဒီရုပ်ရှင်ဟာဘာရုပ်ရှင်လဲ”ဆိုတဲ့မေးခွန်းတွေမေးပြီး သူတို့ဘလောက်သိလဲ ဘယ်လောက်အဖိုးတန်လဲဆိုတာကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့တိုင်းတာကြတယ်။ သူတို့အတွက်တော့ ရုပ်ရှင်သည်သာဘဝပဲ။ ဒီအိမ်လေးထဲမှာပဲ ရုပ်ရှင်ခန့်မှန်းတဲ့ဂိမ်းတွေဆော့ရင်း ရုပ်ရှင်တွေအကြောင်းငြင်းခုံရင်းနဲ့အပြင်မှာဖြစ်နေတဲ့ အရေးအခင်းတွေကိုမေ့ပျောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားကြတယ်။ ဒါ‌ပေမယ့် တဖြည်းဖြည်းနဲ့ Matthewသိလာတာက သူတို့နှစ်ယောက်ကမ္ဘာထဲမှာ သူဟာ ဘယ်တော့မှဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ။ သူဟာ အပြင်လူတယောက်လို့ခံစားရတယ်။ အမြွာမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုတွေ ပြည့်ဖို့သက်သက် သူ့ကိုအသုံးချနေသလို ခံစားရတယ်။ Matthewရဲ့ အပြင်လူဖြစ်မှုကနေ သူတို့အမြွာနှစ်ယောက်ရဲ့ ကမ္ဘာကို ကြည့်ရှုနေခြင်းက ကျနော်တို့က Matthewကို ကြားခံအနေနဲ့အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာကို ရုပ်ရှင်ကြည့်သူတွေက တဖန် ပြန်ကြည့်နေခြင်းလည်းဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီး Matthewက ရုပ်ရှင်နဲ့ပက်သက်ပြီး သူမြင်တဲ့သီအိုရီတခုကို အခန်းတခန်းမှာရှင်းပြတယ်။ သူ့အမြင်အရတော့ ရုပ်ရှင်တိုင်းဟာ သူတပါးရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရသလိုပဲ ။ “ရုပ်ရှင်ရိုက်ကူးသူတယောက်ဆိုတာ သူများအဝတ်အစားလဲတာကိုချောင်းကြည့်ရတာ၊သူများလိင်ကိစ္စတွေကိုချောင်းကြည့်ရတာကိုသဘောကျတဲ့လူတယောက်လိုပဲ။ ကင်မရာဆိုတာကတော့ မင်းမိဘတွေရဲ့အိပ်ခန်းထဲက ချောင်းကြည့်ပေါက်ပေါ့။ မင်းသူတို့ကိုချောင်းကြည့်တယ်။ မင်းရွံလာတယ်။ မင်းမလုံမလဲဖြစ်လာတယ်။ ဒါပေမယ့် မင်းဆက်ကြည့်နေတာကိုမရပ်နိုင်ဘူး။ ရုပ်ရှင်တွေဟာ ပြစ်မှုတွေဖြစ်ပြီးတော့ဒါရိုက်တာတွေကတော့ ပြစ်မှုကျူးလွန်သူတွေဖြစ်သွားတယ်။” ကျနော်တို့က ရုပ်ရှင်ကြည့်တဲ့အခါမှာ တနည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကို ချောင်းကြည့်ပေါက်ကနေကြည့်ပြီးအာသာဖြေတာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဆန္ဒတွေကို ရုပ်ရှင်ကြည့်ရင်း ဖြေဖျောက်နိုင်လို့ပဲ​​​​ဖြစ်တယ်။ကျနော်တို့ဟာ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ကိုကြည့်နေရုံသက်သက်မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့ သတိမထားမိတဲ့ ဆန္ဒတွေကို ရုပ်ရှင်ဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရင်းနဲ့ အာသာဖြေတာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဇာတ်ကောင်တွေဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို အစားဖော်ဆောင်ပေးသလိုခံစားရလို့ပဲ ဖြစ်တယ်။ ဒါက ဆန္ဒတွေသက်သက်တင်မဟူတ်ဘူး ကျနော်တို့ရဲ့ အကြပ်အတည်းတွေ တခြားတခြားသော ကိစ္စတွေကိုလည်း ဒီလိုပဲ ကျနော်တို့ရဲ့ ကိစ္စရပ်များကိုမှတ်တမ်းတင်ပေးထားသဖွယ် ရုပ်ရှင်များကို ကြည့်နေရင်းနဲ့ ခံစားနိုင်လို့ပဲ။ ရုပ်ရှင်စခရင်တွေကိုယ်တိုင်ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်တွေအစိတ်အပိုင်းတွေကို ရုပ်ရှင်တွေအပေါ်မှာprojectလုပ်နေတဲ့ မှန်တချပ်လို့ပြောလို့ရတယ်။ The Dreamers ဟာလည်း ကျနော်တို့ရဲ့ ဖြစ်တည်မှုအကြပ်အတည်းကို ပြန်လည်ရောင်ပြန်ဟပ်နေတဲ့မှန်တချပ်ပဲ။ အဲဒီရုပ်ရှင်ကာရိုက်တာတွေရဲ့ အပြုအမူ သူတို့ရဲ့အခြေအနေတွေကို ကျနော်တို့ရဲ့အခြေအနေနဲ့ ဘယ်လိုမျိုးဆက်စပ်လို့ရမလဲ။ သူတို့ကို ကြည့်နေရတာက ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကြည့်နေရသလို ခံစားချက်ကိုရတယ်။ ပြင်ပကမ္ဘာကိုကြောက်လို့ ဒီရုပ်ရှင်ထဲမှာ လာဖြေဖျောက်နေပေမယ့် ဒီရုပ်ရှင်ကပဲ ထပ်မံပြီးတော့ ကျနော်တို့ရဲ့ အခြေအနေကို မှန်တချပ်လို မီးမောင်းပြန်ထိုးပြ​နေတယ်။ အ​မြွာနှစ်ယောက်ဟာ အရွယ်ရောက်မှုကိုငြင်းဆန်ပြီး ကလေးဘဝထဲမှာ ပြန်ပုန်းတာပဲဖစ်တယ်။ Matthew ကိုလည်း သူတို့လို ကလေးငယ်အဖြစ်ပြန်ပြောင်းချင်တဲ့အတွက် သူ့ရဲ့ လိင်အင်္ဂါ က အမွှေးတွေကို မောင်နှမနှစ်ယောက်က ရိတ်ဖို့ ကြိုးစားတဲ့အခန်းမှာတွေ့ရမယ်။ အဲဒီအခန်းမှာပဲ Matthew ကစိတ်ပေါက်ပြီး သူတို့နှစ်ယောက်ကို ဒီလိုမျိုးကလေးဘဝထဲမှာပဲပိတ်မိနေလို့မရမှန်း ပြောတယ်။ အမြွာမောင်နှမနှစ်ယောက်က တကယ့်အပြင်ကိုထွက်ပြီး သူတို့ရဲ့စိတ်ကူးယဥ်မှုတွေ အိပ်မက်တွေ လွတ်လပ်မှုတွေပျောကိဆုံးသွားမယ့် အခြေအ​နေကိုအမြဲတမ်းကြောက်နေခဲ့တယ်။ ကျနော်တို့လည်းဒီလိုပဲမဟုတ်ပါလား။လူသားတွေရဲ့ အကြောက်ရွံ့ဆုံးအခြေအနေဟာ တဖြည်းဖြည်း အသက်ကြီးလာပြီးလူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်ဖို့ မိမိ ဆန္ဒတွေကိုချိုးနှိမ်လိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းရဲ့ ရုပ်သေးရုပ်တရုပ်အဖြစ် မြင်လိုက်ရတဲ့အခြေအနေပဲ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး ကြောက်ရွံ့လာတဲ့အခါ ပြင်ပကမ္ဘာကိုငြင်းဆန်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်ကြတယ်။ကျနော်တို့က အကန့်အသတ်ဖြစ်မှုတွေကိုကြောက်ရွံ့ကြလို့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ အတွေးနယ်ချဲ့ ကြရင်း ပြင်ပကမ္ဘာကို ငြင်းဆန်ကြတယ်။ ဘဝရဲ့ရှုပ်ထွေးမှုတွေ ရွေးချယ်မှုတွေ တာဝန်တွေကိုမရင်ဆိုင်ရဲလို့ ရှောင်ပုန်းကြတယ်။ အပြင်ဘက်မှာရှိနေတဲ့ မှန်တွေကိုရင်ဆိုင်ပြီး အဲလိုမျိုး မှန်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေရမှာပဲ ဖြစ်တယ်။ ဒါမယ့် သူတို့ဟာ အိမ်ထဲမှာပဲနေရင်း သူတို့ရဲ့ပြတင်းပေါက်အပြင်မှာတင်ဖြစ်နေတဲ့အရေးအခင်းတွေကိုမေ့ထားရင်း ကိုယ်ပိုင်ကမ္ဘာတည်ဆောက်နေခဲ့တယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ သူတို့အိမ်အပြင်ဘက်ကနေ ကျောက်တုံးတစ်တုံးက သူတို့ရဲ့အခန်းထဲကို ပြတင်းပေါက်ဖြတ်ပြီးဖောက်ခွင်းဝင်လာတယ်။အဲဒီကျမှပဲ သူတို့ရဲ့ ကမ္ဘာငယ်လေးကပျက်ပြယ်သွားပြီး အပြင်ကိုထွက်ကြည့်တော့ ဆန္ဒပြသူတွေနဲ့ပြည့်နေတဲ့ ပဲရစ်ရဲ့လမ်းမကိုတွေ့တယ်။သူတို့တွေအဲ့ဒီလမ်းမပေါ်ကိုရောက်ရှိလာတယ်။ ကျနော်တို့ကရော ကျနော့်တို့ကမ္ဘာငယ်လေးထဲက ပြတင်းမှန်ကိုဘယ်လိုမျိုးခွဲကြမလဲ။ (ရုပ်ရှင်အညွှန်းကို Out of Mind FB Page မှ ကူးယူဖော်ပြပါသည်။)

7.2 2003 115 mins
The Dreamers
Uppu Kappurambu
5.6

Uppu Kappurambu (2025) “သင်္ချိုင်းနေရာ” လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတို့ရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။ အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တို့တင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။ သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလို့မရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို့ အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Comedy • Romance • Drama
5.6 2025 136 mins
Uppu Kappurambu