YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Hi Producer E20 (1080p) CM.mp4

623.49 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Call Me Chihiro
7.2

Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်.. ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာ ပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ.... အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ‌ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှ လူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့... ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး.... အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ် ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင် စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့ တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်.... File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae

Comedy • History • Mystery • Thriller
7.2 2023 131 mins
Call Me Chihiro
Richard Jewell
7.4

ဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီး ထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။ အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီး လူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။ နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။ အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊ နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊ သတင်းတွေမှာလည်း ပါလာတဲ့အခါ ရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။ အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကို သက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်း ဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ…. File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : Mp4 Genre : Biography , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

7.4 2019 131 mins
Richard Jewell
BTS: Permission to Dance on Stage – LA
9

BTS Permission To Dance On Stage – LA 2022 ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ် သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ် သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော် ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော် BTS ?ARMY BORAHAE!! အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ပဲ ဖြစ်ပါတယ်။ Genre….. Music Quality…. 1080p | 720p | 480p File size… 5.78GB | 2.74GB | 1.18GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM ARMY Encoder ….. August

Action • Adventure • Fantasy • Science Fiction
9 2022
BTS: Permission to Dance on Stage – LA
Suite Francaise
7

Suite Francaise (2014) ******************** Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2014 103 mins
Suite Francaise
Missing
6.7

Missing(2009) ************* ဒီတစ်ခါမှာတော့ တောင်ကိုရီးယားရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးကတော့ မိန်းမလှလေးတစ်ယောက် ကွင်းဆက်လူသတ်သမား အဘိုးကြီးဆီမှာ အဖမ်းခံရပုံနဲ့ စတင်ပါတယ်။ မိန်းမလှလေးက အဖမ်းမခံရခင် စိတ်ပူနေတဲ့ အစ်မဖြစ်သူဆီ သူမ ရောက်နေတဲ့တည်နေရာ ဖုန်းဆက်ပြောလိုက်ပါတယ်။ ရက်အတော်အတန်ကြာ ညီမဖြစ်သူ ပြန်မရောက်လာတော့ အစ်မဖြစ်သူက လိုက်ရှာပါတော့တယ်။ ညီမဖြစ်သူ ပြောပြတဲ့ နေရာကို ရောက်သွားတဲ့အခါမှာ ရဲတွေကို အကူအညီတောင်းပြန်တော့လည်း သက်သေအထောက်အထား မပြည့်စုံလို့ဆိုပြီး အကူအညီမရ ။ အဲဒီလိုနဲ့ ကိုယ်တိုင်တစ်ယောက်တည်း ရှာမယ်ဆိုပြီး ထွက်လာတဲ့အခါ – ညီမဖြစ်သူကို ကွင်းဆက်လူသတ်သမား လက်ကနေ ကယ်တင်နိုင်ပါ့မလား ။ အစ်မဖြစ်သူကရော လိုက်ရှာရင်း ဘာတွေကြုံတွေ့ခဲ့ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File Size :(2.7GB) (1.1GB) Quality : Web-Dl1080p/720p Format…mp4 Duration…01:49:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Htoo Htoo Aung Encoded by Phyo Pyae

6.7 2009
Missing
It Lives Inside
5.4

Horror ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် ထွက်ရှိထားတဲ့ Horrorဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ အမေရိကားမှာ ပြောင်းရွေ့နေထိုင်နေတဲ့ ဟိန္ဒူမိသားစုကိုဇာတ်အိမ်တည်ထားတာပါ။ အဓိကဇာတ်ကောင် ဆမီဒါဟာ အထက်တန်းကျောင်းသူလေးဖြစ်ပြီး အထက်တန်းကျောင်းမှာ သူ့လိုပဲ တာမီရာဆိုတဲ့ဟိန္ဒူမလေး တစ်ယောက်ရှိပါတယ်။ အဲ့ဒီ တာမီရာဟာ အရင်ကနဲ့မတူပဲ တစ်ယောက်တည်းသီးသန့်နေပြီး ထူးထူးဆန်းဆန်းတွေပြုမူ လို့နေပါတယ်။ တစ်နေ့မှာတော့ တာမီရာဟာ ထိတ်လန့်သွေးပျက်နေဟန်နဲ့အတူ ဖန်ပုလင်းတစ်လုံးကိုကိုင်ကာ ဆမီဒါဆီ အကူအညီလာတောင်းပါတော့တယ်။ သူကိုင်ထားတဲ့ဖန်ပုလင်းထဲမှာ ဘယ်လိုအရာရှိနေတာလဲ၊ ဆမီဒါကရော သူ့ကိုကူညီပေးလိုက်ပါ့မလား၊ ဘယ်လိုအရာတွေဆက်ဖြစ်လာမှာလဲ စတာတွေကို ဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.01GB / 434MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Adventure • History • Action • Fantasy
5.4 2023
It Lives Inside
Strangers When We Meet
5.9

ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ အရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။ (၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့ လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက် မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက် ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။ သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှ ာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။ နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကို လက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။ လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲ ဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့ လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်း ပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။

TV Movie • Crime • Drama • Mystery • Romance
5.9 2024
Strangers When We Meet
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
My Favourite Cake Keyke mahboobe man
7.5

My Favorite Cake ( 2024) IMDb Rating (7.5) / Rotten Tomatoes (100%) အနောက်တိုင်းနာမည်ကြီးမဂ္ဂဇင်းများပါမှာပါ ဖော်ပြခံရတဲ့ထိနာမည်ကြီးနေတဲ့ အီရန်ဇာတ်ကားကောင်းတစ်ခု အသက်၇၀အရွယ် “မဟင်း” (Lili Far -adpour)ဟာသားသမီးများနိုင်ငံခြားကိုထွက်ခွာသွားကြပြီးတဲ့နောက်အိမ်ထဲမှာတစ်ယောက်တည်းအဖော်မရှိနေနေရပါတယ်။ သူငယ်ချင်းများနဲ့လည်းတစ်နှစ်မှတစ်ခါလောက်ဆုံရပြီး အထီးကျန်စွာနေရတဲ့ရက်တွေများလာတဲ့အခါ နှစ်သုံးဆယ်လုံးအဖော်မရှာပဲနေလာတဲ့“မဟင်း”တစ်ယောက် သူငယ်သူချင်းတွေရဲ့တိုက်တွန်းတာကြောင့်အဖော်ရှာဖို့တွေးလာတဲ့အခါ တက္ကစီကားမောင်းတဲ့ဖာရမ်မာ့ဇ်(Esmae-el Mehrabi)ကို ပင်စင်စားစားသောက်ဆိုင်မှာအမှတ်မထင်တွေ့ရာကနေ သူ(မ)ကပဲစုံစမ်းစမိတ်ဖွဲ့ပြီးသူ့အိမ်ကိုလိုက်လည်ဖို့ခေါ်ရာမှမထင်မှတ်တဲ့အလှည့်အပြောင်းတွေကြုံရတာကိုရိုက်ပြထားတာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အထီးကျန်ရတဲ့အခြေအနေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်နေတဲ့အချက်တွေ လူသားတွေပဲမို့အချစ်နဲ့ရော ရာဂနဲ့ပါမကင်းနိုင်တဲ့ပုထုဇဥ်လူသားတွေရဲ့သဘာဝကိုလည်း ရဲရဲတင်းတင်းချပြထားတာတွေ့ရပါတယ်။ သဘာဝဆန်ဆန်နဲ့တကယ့်အပြင်ကလူတွေရဲ့စရိုက်ကိုရိုက်ပြထားနိုင်တာသဘောကျစရာကောင်းပါတယ်။ ဒီဇာတ်ကားမှာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေစီးပွါးရေးအခြေအနေနဲ့တင်းကျပ်ထားတဲ့အခြေအနေတစ်ချို့ကို ခပ်ပါးပါးချပြထားတာတွေ့ရပါတယ်။ ဇာတ်ကားကိုအီရန်မှာဖြန့်ချီတာမဟုတ်ပဲဇာတ်ကားကို ကော်ပီတစ်ခုကူးထားပြီးဂျာမဏီနီရုပ်ရှင်ပွဲတော်မှာစပြသပြီး ဂျာမဏီနိုင်ငံမှာဖြန့်ချီတာဖြစ်ပါတယ်။ အီရန်နိုင်ငံက ဒါရိုက်တာနှစ်ယောက်နဲ့အဓိက အမျိးသမီးသရုပ်ဆောင် လီလီဖာရက်ပူးကိုခရီးသွားခွင့်တားမြစ်ထားပါတယ်။ အီရန်နိုင်ငံအတွင်းမှာတော့ဒီရုပ်ရှင်ဟာအမျိုးသမီးတွေ ဆံပင်ကိုဖော်ထားတာဝိုင်သောက်တာနဲ့ ကတာအတွက်အငြင်းပွားစရာဖြစ်နေတယ်လို့ဆိုပါတယ်။ ဆင်ဆာစည်းမျဥ်းအရဒါတွေကိုပြလို့မရပဲ ယခုဇာတ်ကားကဒါတွေကိုဖောက်ထွက်လာတာဖြစ်ပါတယ်။ ဒါရိုက်တာက Maryam Moghadamနဲ့ Behtash Sanaeehaတို့ဖြစ်ပါတယ်။ Rotten Tomato မှာကြည့်ရူသူ rating 100% ရထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာလည်းဆုရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.8 GB) / (850 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:37:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

7.5 2024 97 mins
My Favourite Cake Keyke mahboobe man
Shrek Forever After Shrek 4
6.3

Shrek Forever After (2010) IMDb Rating (6.3) / Rotten Tomatoes (58%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။) File size…(4.2 GB) / (1.5 GB) / (830 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy Duration….01:34:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Zaya Phyoe

Crime • Drama • Mystery
6.3 2010
Shrek Forever After Shrek 4
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love
Lost in Space

ဒီဇာတ်ကားကတော့ ၁၉၆၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးတီဗွီစီးရီးတစ်ခုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့သိပ္ပံစွန့်စားခန်းအမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အနာဂတ်ကာလ၂၀၅၈ခုနှစ်မှာဇာတ်တည်ထားပြီး ကမ္ဘာမြေကြီးက သဘာဝပြဿနာတွေနဲ့ လူတွေက ပေးတဲ့ပြဿနာတွေကြောင့် ပျက်စီးခါနီးအခြေအ နေကိုရောက်လုနီးပါးဖြစ်နေပါပြီ။ ဒီတော့လဲလူသားတွေရဲ့ထုံးစံအတိုင်း လူတွေနေနိုင်မယ့် ဂြိုလ်အသစ်တစ်ခုကိုထပ်ရှာကြတာပေါ့။ လိုက်ရှာကြရင်းနဲ့ ကံကောင်းထာက်မစွာနဲ့ပဲ(အယ်ဖာပရိုင်း)ဆိုတဲ့ကမ္ဘာ မြေနဲ့အရမ်းတူတဲ့ဂြိုလ်တစ်ခုကိုသွားတွေ့တယ်။ အဲဒီလို တွေ့ပြီးနောက်မှာ အဲဒီဂြိုလ်ကို ဉာဏ်ကြီးရှင်မိသားစုဖြစ်တဲ့ရော်ဘင်ဆန်မိသားစုကို လေ့လာဖို့တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ သူတို့သွားပြီမကြာဘူး အာကာသယာဉ်ပေါ်မှာဒုက္ခပေးဖို့လိုက်လာတဲ့ ဒေါက်တာစမစ်ဆိုသူကြောင့် အရာရာဟာအလွဲလွဲအချော်ချော်တွေဖြစ်ပြီး အာကာသထဲမှာတစ်မိသားစုလုံး လမ်းပျောက်ကုန်ကြပါတယ်။ အဲဒီကနေမှ မထင်မှတ်ထားတဲ့အန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ပြီး သူတို့ဦးတည်ရာကို ရောက်နိုင်မလားဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုရင်းနဲ့ပဲ ခံစားပေးကြပါဦး။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Drama • Romance
0 1998
Lost in Space
Brick
6

သဘာဝလွန်ဖြစ်ရပ်တွေကို ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရတာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်း ++++++++++ တင်မ်နဲ့ အိုလီဗီယာက ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အတူနေထိုင်နေတဲ့စုံတွဲဖြစ်ပါတယ်။ တင်မ်ဟာ ဂိမ်းအက်ပလီကေးရှင်းတွေကို ဖန်တီးတဲ့ အိုင်တီပညာရှင်ဖြစ်ပြီးတော့ အလုပ်ရှင်ကုမ္မဏီက ဂိမ်းပွဲဦးထွက်ရမဲ့သတ်မှတ်ရက်ကို ရှေ့တိုးလိုက်လို့ အကြပ်ရိုက်နေပါတယ်။ အိုလီဗီယာကလည်း သူမကို အချိန်မပေးပဲ အလုပ်ပဲဇွတ်လုပ်နေတဲ့တင်မ်ကို သူမကို ကတိပေးထားတဲ့အတိုင်း ပဲရစ်ကို ခေါ်သွားဖို့ ပြောပေမဲ့ အချိန်မရှိတဲ့ တင်မ်က နောက်မှသွားဖို့ပြောလိုက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။ မနက်လင်းတော့ တင်မ်ကို စိတ်ကုန်သွားတဲ့ အိုလီဗီယာဟာ တင်မ်ကိုလမ်းခွဲပြီး ထွက်သွားဖို့ပြင်ပါတော့တယ်။ အဲအချိန်မှာ ထူးဆန်းစွာပဲ သူတို့အဆောက်အဦးရဲ့ လေးဖက်လေးတန်လုံးမှာ ထူးဆန်းတဲ့နံရံကြီးတစ်ခုက ထွက်ပေါက်မရှိပဲ ပိတ်ဆို့ထားပါတော့တယ်။ အဲအချိန်မှာ ဘေးအခန်းမှာနေတဲ့သူတွေရဲ့အသံကိုကြားလို့ အခန်းတွင်း ဘေးနံရံကို ဖောက်ထွင်းလိုက်တော့ အခန်းဖော်တွေကို တွေ့လိုက်ရပြီး သူတို့လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။ အဲတော့ သူတို့တွေ ဒီအဆောက်အဦးထဲက ဘယ်လိုထွက်ပေါက်ရှာကြမလဲ… ဒီနံရံကြီးက လူသားတွေက ဖန်တီးထားတာလား ဒါမှမဟုတ် ဂြိုဟ်သားတွေများ ဖြစ်နေမလား…. ဒီလိုနံရံကြီးက ဒီအဆောက်အဦးတစ်ခုကိုပဲ ပိတ်ဆို့ထားတာလား…. တခြားအဆောက်အဦးတွေရော ဒီလိုဖြစ်နေမလား…. အပြင်မှာရော ပုံမှန်အတိုင်းပဲလား….. ဘာများဖြစ်နေလို့လဲ အစရှိသဖြင့် သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File Size… (1.52 GB) / (775 MB) Quality… NF WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre ….. Drama , Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Matteo

Drama • Comedy • Romance
6 2025 99 mins
Brick
Giovanni’s Island
7.3

Giovanni’s Island (2014) ================== IMDB – 7.3/10, RT – 78% Warner Bro ကနေဖြန့်ချီလိုက်တဲ့ 2014 မှာထွက်ရှိခဲ့တဲ့ Japan Anime ကားလေးဖြစ်ပါတယ်။ စတူဒီယိုကလည်း Haikyuu တို့လို နာမည်ကျော် စီးရီးကို ထုတ်လုပ်ပေးထားတဲ့ IG Production ကပါ။ 1945 ခုနှစ် ပြင်းထန်ကြမ်းတမ်းလှတဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ငါးဖမ်းကျွန်း Shikotan ဆိုတဲ့နေရာလေးကို ရုရှားတွေသိမ်းပိုက်လိုက်ပါတယ်။ ဒေသခံတွေရဲ့အိမ်တွေကိုလည်း ရုရှားတွေက အပိုင်စီးလိုက်ကြတာပေါ့။ ဒီတော့ အဲဒီကျွန်းမှာနေထိုင်တဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Junpei နဲ့ Kanta တို့ဟာ ရုရှားမလေး Tanya နဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာကြတော့တယ်။ ဒီမှာတင် နိုင်ငံရေးပဍိပက္ခအရှုပ်ထွေးတွေကြားမှာ လူမျိုးခြားကလေးတွေရဲ့ ဘာသာစကားအတားအဆီးကို ကျော်လွန်ပြီး သူတို့လေးတွေရဲ့ ခင်မင်မှုသံယောဇဉ်တွေ၊ မိသားစု ညီအစ်ကိုမောင်နှမကြားက ဒရမ်မာလေးဇာတ်လမ်းတွေကို လိုက်ပါစီးမြောရင်း ဖြစ်ရပ်မှန်ကိုလည်း အခြေခံထားတဲ့ ဒီကားလေးဟာ ကြည့်သင့်တဲ့ Anime ကားလေးတစ်ကားဖြစ်နေတာကြောင့် ညွှန်းပေးပါရစေရှင်…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 1.9 GB / 830 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Animation, Drama, History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Na Ei

Romance • Comedy
7.3 2014 102 mins
Giovanni’s Island