YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hello.Tomorrow.S01E05.1080p.WEB-DL.(CM).mp4

547.74 MB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sid is Dead
6.2

High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက် American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။ ၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေ ကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။ သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။ အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေ ဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။ *** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်*** အညွှန်း နဲ့ ဘာသာပြန်ကဗတာ့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Dram Quality…. 1080p | 720p | 480p File size… 1.4GB | 690MB | 337MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
6.2 2023 90 mins
Sid is Dead
Freeway
6.4

ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇ လူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။ အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိ တော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာ ဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲ အမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူက ဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျ သွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့ စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာ အဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့ အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေး လမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့ အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာ သတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်း စိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Adventure • Drama • Horror
6.4 1996 102 mins
Freeway
In Secret
6.3

~ IMDb rating - 6.1/10 ~ အဟောင်းအကောင်းတွေ မျှော်လင့်နေတဲ့ CM ပရိသတ်တွေအဖို့ 2013 ထွက် In Secret ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ဆောင်တွေကတော့ တခြားသူမဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား MCU ဇာတ်ရုပ်တွေဖြစ်ကြတဲ့ Scarlet Witch နဲ့ Moon Knight တို့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Elizabeth Olsen နဲ့ Oscar Isaac, ပြီးတော့ Harry Potter ထဲက Draco Malfoy ဖြစ်တဲ့ Tom Felton တို့ဖြစ်ပြီး မမ Elizabeth ရဲ့ အလှအပတွေကို ရှုမြင်ခံစားရဦးမှာဆိုတော့ ဘာဘာညာညာ တွေးမနေပဲ ကြည့်လိုက်ကြတော့ဗျာ။ မွေးကတည်းက မိတဆိုးဖြစ်ခဲ့ရရှာတဲ့ Thérèse (Elizabeth Olsen) လေးဟာ ဖခင်ရဲ့ ထပ်စွန့်ပစ်ခြင်းကိုလည်း ခံရပြီး အဒေါ်ဖြစ်သူရဲ့ အိမ်မှာပဲ ကြီးပြင်းလာရပါတယ်။ အရွယ်ရောက်လာကြတော့ အဒေါ်ရဲ့ သားဖြစ်သူ Camille (Tom Felton) နဲ့ Thérèse ကို အဒေါ်ဖြစ်သူဟာ လက်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁၅၀၀ ချစ်ခြင်းတရားမရှိတဲ့ အိမ်ထောင်ရေးမှာ Thérèse တစ်ယောက်မပျော်မွေ့ပါဘူး။ ဒီလိုနဲ့ မိသားစုလိုက် ပဲရစ္စမှာ အခြေချဖို့ ဖြစ်လာရပြီး ပဲရစ္စမှာ Camille ဟာ တစ်ညမှာ သူငယ်ချင်းဖြစ်သူ Laurent (Oscar Isaac) ကို အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ လူဆိုရင် သွေးသားဆန္ဒနဲ့ ရမ္မက် မကင်းကြသူချည်းမို့ မွေးကတည်းက သွေးသားဆန္ဒကို ထိန်းချုပ်ခဲ့ရတဲ့ Thérèse တစ်ယောက်ဟာ Laurent နဲ့ ကျူးလွန်ခဲ့ကြပါတော့တယ်။ သောက်လေသောက်လေ ငတ်မပြေ ဖြစ်တဲ့ ရမ္မက်ပင်လယ်ကြီးထဲမှာ Thérèse နဲ့ Laurent တို့ ကူးခတ်ကြရင်း မဖြစ်သင့်တာတွေ ဖြစ်ပျက်လာကြပြီး အခြေအနေတွေဟာ တဖြည်းဖြည်းနဲ့ အရုပ်ဆိုးအကျည်းတန်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1GB, 592MB Quality - 1080p, 720p, 480p IMDb Rating - 6.1/10 Format - mp4 Duration - 1H 47Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y

Drama
6.3 2013 101 mins
In Secret
Adaptation.
7.4

ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Nicholas Cageနဲ့ မင်းသမီးကြီး Meryl Streepတို့ရဲ ကြက်သီးထချင်စရာကောင်း လှတဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ အဲ့လိုပဲ John Larocheနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Chris Cooperရဲ့ သရုပ်ဆောင်ချက်တွေကလဲ သဘာဝကျချက်က တော့ သူနဲ့ဇာတ်ကောင်နဲ့ကို ခွဲမရတော့အောင်ကို ဖြစ်ရပါတယ်။ ဒီဇာတ်ကားမှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေး အမြင်တွေသာ မက ခံယူချက်တွေရဲ့ သက်ရောက်မှုအားပြင်းပုံ တွေကိုပါ တစ်ပါတည်းမြင်နေရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအေးသလိုနဲ့ ပူလောင်စေရတဲ့ ခံစားချက်မျိုး၊ အားမလို အားမရဖြစ်စေမှုတွေ၊ လူတစ်ယောက်က တခြားတစ်ယောက်ကို ချစ်မိသွားဖို့ ဖြစ်စေတဲ့အရာတွေကို တသီတတန်းကြီးတွေ့ရပါ တယ်။ ဇာတ်ကားနာမည် Adaptation ဆိုတာနဲ့ လိုက်ဖက်လွန်း လှတဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်းချင်း မသိမသာနဲ့ ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေ အတွေးတွေ အယူအဆတွေ ထင်မြင်ချက်တွေနဲ့လုံးဝကို ပြီးပြည့်စုံတဲ့ ကား ကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size..........(2.38 GB) / (900 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Paul Encoder..........Zin Phyo Aung

Action • Comedy • Crime • Thriller
7.4 2002 115 mins
Adaptation.
Nymphomaniac: Vol. II
6.8

Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာ‌တွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့ Nymphomaniac Vol-1 ပထမကားရဲ့ အဆက် Volume 2 ပါ။ Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။ သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။ ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း တချိန်လုံးနီးပါး စကားလုံးအမြင့်တွေကိုပဲ သုံးထားပြီး လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံတွေကို ချိုးဖောက်တဲ့ အယူအဆတွေ၊ ရှုထောင့်တွေကို သေသေသပ်သပ် ထည့်သွင်းနိုင်တာကလည်း ဇာတ်လမ်းကို ပိုတောင်ကြွသွားစေပါတယ်။ နာမည်ကျော်မင်းသားကြီး William Dafoe တောင်မှ scene နှစ်ခုလောက် ပါဝင်အားဖြည့်ထားပါတယ်။ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ သိပ်ကောင်းတဲ့ 21+ကားလေးကိုတော့ လက်လွှတ်မခံဘဲကြည့်ရှုလိုက်ပါတော့။ File Size          : 4.3GB, 1.2GB,495MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format            : mp4, mkv Duration         : 2hr & 4mins Genre              : Adult, Drama Translated by 333 Encoded by DevilDad

Drama • Romance
6.8 2013 124 mins
Nymphomaniac: Vol. II
And Now the Screaming Starts!
5.9

And Now the Screaming Starts! (1973) ငွေရှင်ကြေးရတတ် အမျိုးမြတ်တဲ့အပြင် သူ့အပေါ်မှာလည်းစုံမက်တဲ့ ချားလ်စ်ဖန်ဂရစ်ဖန်နဲ့ လက်ထပ်ဖို့အတွက် ဖန်ဂရစ်ဖန်စံအိမ်ကို လိုက်လာခဲ့တဲ့ ကတ်သရင်းရဲ့ရင်ထဲမှာ ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုတွေသာ အပြည့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စံအိမ်ကိုရောက်လာတဲ့ ပထမဆုံးညမှာပဲ ချားလ်စ်ရဲ့ ဘိုးဘေးအစဉ်အဆက် ပုံတူကားချပ်တွေကို လိုက်ကြည့်ရင်းက ချားလ်စ်ရဲ့အဘိုး ဟင်နရီရဲ့ပုံကိုကြည့်ရင်း တုန်လှုပ်စရာပုံရိပ်တစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရချိန်မှာတော့ သူတစ်သက်လုံးနေသွားရမယ့် ဒီစံအိမ်ဟာ သူစနောက်နေခဲ့တဲ့အတိုင်း သရဲခြောက်တဲ့အိမ်အိုကြီးတစ်လုံး တကယ်ပဲဖြစ်နေမလားလို့ ဒွိဟတွေဝင်လာခဲ့တယ်။ ဒါပေမဲ့ သူနဲ့ချားလ်စ်တို့ရဲ့ မင်္ဂလာဦးညမှာ တစ္ဆေခြောက်လှန့်မှုထက် အပုံကြီးဆိုးဝါးတဲ့အဖြစ်နဲ့ ကတ်သရင်း ကြုံလိုက်ရတဲ့နောက်မှာ ဒီအိမ်ကြီးနဲ့ ချားလ်စ်တို့မိသားစုအပေါ် သူ့ရဲ့မသင်္ကာစိတ်တွေက အချိန်တိုအတွင်း တိုးပွားလာခဲ့ရတယ်။ ဒါပေမဲ့ ချားလ်စ်အပြင် သူတို့နဲ့အနေနီးစပ်သူတွေပါ ထုတ်မပြောရဲအောင် စိုးရွံ့နေကြတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုအကြောင်းကို သူသိလိုက်ရချိန်မှာ သူ့ကိုကူညီစောင့်ရှောက်ဖို့ ကြိုးစားသူတွေအားလုံး အန္တရာယ်တွေ ဆက်တိုက်တွေ့လာရပြီး သူကိုယ်တိုင်လည်း ဆိုးဝါးတဲ့ကျိန်စာတစ်ခုရဲ့သားကောင် ဖြစ်လာချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 720MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 31Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama
5.9 1972
And Now the Screaming Starts!
The Magician’s Elephant
6.6

The Magician’s Elephant (2023) “ဘောလ်တိစ်” ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

6.6 2023 99 mins
The Magician’s Elephant
Angels Of Vengeance
5.9

CMပရိသတ်ကြီးကို မှုခင်းရဲမေ လျို့ဝှက်သည်းဖို ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အထူးရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် နတ်မိမယ်လေး(၄)ယောက်ဟာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး မူးယစ်ရာဇာကိုအမြစ်ကနေလှန်ပစ်နိုင်ဖို့အတွက် သူလျှိုအဖြစ်နဲ့ မူးယစ်ဂိုဏ်းထဲကိုရောဝင်ပြီး အမှုကိုဖော်ထုတ်မယ့် မှုခင်းဇာတ်လမ်းပဲဖြစ်ပါတယ်။ နတ်မိမယ်(၄)ယောက်ကတစ်ယောက်ချင်းစီဘယ်လိုစွမ်းရည်တွေရှိကြလဲ…… မူးယစ်ဂိုဏ်းထဲမှာ လျို့ဝှက်သည်းဖိုဘယ်လိုဟန်ဆောင်ပြီ းသက်သေတွေရအောင်ယူကြလဲ…… မူးယစ်ဂိုဏ်းကြီးကိုဘယ်လိုနှိမ်နင်းပစ်လဲ……ဆိုတာ ကို ကြမ်းကြမ်းရမ်းရမ်းဖိုက်တင်ခန်းတွေနဲ့အတူ မမတွေကအလှမပျက်တင်ဆက်ပြသွားမှာဖြစ်ပါတယ်။

5.9 2023
Angels Of Vengeance
Subspecies

ဒီတစ်ခါ ပရိသတ်ကြီးကို ၁၉၉၁ခုနှစ်ကထွက်ထားတဲ့ Subspecies: The.Awakening ကားလေး တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင် ၅ကားမှာ ပထမဆုံးထွက်ရှိထားတဲ့ကားဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ထားဖြစ်တဲ့အတွက် ဒီဘက်ခေတ်အမြင်နဲ့တော့ ယှဉ်မကြည့်ဖို့ အရင်တောင်းဆိုပါရစေ။ ဇာတ်လမ်းလေးကတော့ မီရှဲလ် နဲ့ မာရာ တို့ သူငယ်ချင်းနှစ်ယောက်က ရိုးရာဓလေ့ဘာသာရပ်သုတေသနလုပ်ဖို့အတွက် သူတို့သူငယ်ချင်း လီလီယန် ရှိရာ မြို့လေးကို ရောက်ရှိသွားပါတယ်။ သူတို့နေမဲ့ ရွာနားလေးမှာ ဟိုတယ်တစ်လုံးမှ မရှိတာနဲ့ အနီးနားက သမိုင်းဝင် ခံတပ်ကြီးမှာ သွားတည်းလိုက်ကြရတာပါ။ အဲဒီမှာပဲ သူတို့တွေ ရှေးရိုးဓလေ့တွေကို လေ့လာရင်းနဲ့ ထူးဆန်းတဲ့ ဗလက်ဒီဆလက် ခံတပ်ကြီးကို သတိထားမိသွားကြတာပါ။ ထူးဆန်းတယ်ဆိုတာက အဲဒီခံတပ်ကြီး ရှေးဟောင်းသမိုင်းဝင်ဖြစ်နေပြီး အရမ်းခန့်ညားနေလျက်ရဲ့ ဘယ်ဘာသာ ဘယ်စာပေမှာမှ အဲဒီခံတပ်ကြီးအကြောင်းထည့်မရေးထားတာပါပဲ။ အဲဒါနဲ့ သူတို့ကလည်း သိချင်စိတ်အရမ်းပြင်းပြတာနဲ့ သုတေသနလုပ်ရင်း ဘာတွေရှာတွေ့သွားမလဲ လူတွေက ဘာလို့ အဲဒီရဲတိုက်အကြောင်းဘာမှမပြောတာလဲ သိသွားရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားကြပါဦးလို့……. File size…(1.6 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

Comedy • Drama
0 1991
Subspecies
Just Pass
7.2

Just Pass 2024 နောက်ဆုံးတန်းသားတို့ပျော်စံရာ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာဆို အိမ်ကလည်း အမှတ်ကောင်းအောင်ဖိအားပေးသလို ကိုယ်တိုင်လည်း ရည်မှန်းချက်အလိုက် အနည်းနဲ့အများ အားထုတ်ရတာချည်းပါပဲ။ အဓိကကတော့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ အမှတ်တောင်းဆိုမှုတွေကြောင့်ပေါ့။ ဒီတစ်ခါရုပ်ရှင်လေးကတော့ ကျောင်းမှာဆို နောက်ဆုံးတန်းက အမှတ်ထွက်ရင်လည်း အောင်ရုံလေးဆိုတဲ့ Just Pass ကပ်အောင်ကျောင်းသားလေးတွေရဲ့ဘဝကို ရိုက်ကူးပြထားတာပါ။ အမျိုးသားဆုရှင်ကြီးဖြစ်ပြီး လေးစားခံရသူတစ်ယောက်ဖြစ်တဲ့ ဒါလာဗာယီတစ်ယောက် သူပင်စင်ယူပြီးချိန်မှာ ကောလိပ်တစ်ခုဖွင့်ဖို့လုပ်ပါတယ် ။ ဒါကတော့ ကျန်တဲ့တက္ကသိုလ်တွေမှာဆို အနှိမ်ခံရ နေရာမရရှာတဲ့ ကပ်အောင်သီးသန့် ကောလိပ်ကြီး တစ်နည်းပြောရရင်တော့ နောက်ဆုံးတန်းကကောင်လေးတို့ရဲ့နိဗ္ဗာန်ကြီးပေါ့။ အတန်းထဲမှာ ဗရုတ်အကျဆုံး ပေါက်ကရအလုပ်နိုင်ဆုံး အကဲဆုံး ဇော်ကျောင်းသားတွေချည်းဆုထားတဲ့ ဒီကောလိပ်ကြီးမှာ ဘယ်လိုဗရုတ်သုတ်ခတွေဖြစ်လာမလဲ။ ကပ်အောင်တွေဆိုတာ ဘာမှမဖြစ်ထွန်းဘူးဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကရော ဖြစ်မြောက်ပါ့မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ Thura ~ KKKZ တို့ပဲဖြစ်ပါတယ်။)

7.2 2024
Just Pass
A Sibila
5.8

Sibila ( 2023 ) စီဘယ်လ် ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ Sibila ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ်တူဂီကားပဲဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးဖြစ်ပြီး ၂၀ရာစုအလယ်ပိုင်း ပေါ်တူဂီမြောက်ပိုင်း ကျေးလက်ဒေသကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Sibila ဆိုတဲ့အမျိုးသမီးရဲ့ ငယ်စဉ်ဘ၀ကနေ စတင်ထားပါတယ်။ အိမ်မှာအချစ်မခံရတဲ့ ဒီမိန်းကလေးဟာ အမည်မသိရောဂါတစ်ခုကြောင့် တစ်နှစ်လောက်အိပ်ရာထဲလဲပြီးနောက်မှာတော့ အကြားအမြင်ရသလိုလို နမိတ်ဖတ်သူလိုလိုနဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေရအောင် ဖန်တီးလာပါတယ်။ နောက်ပိုင်း သူ့အဖေသေပြီး မောင်တွေလည်း တကွဲတပြား ကိုယ့်အိမ်ကိုယ်တည်ထောင်ပြီးနေကြပါတော့တယ်။ အဲဒီကနေ သူ့ရဲ့သက်လတ်ပိုင်းဘ၀နဲ့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ရလောက်အောင် ဘာအကြောင်းများရှိလို့လဲဆိုတာတွေကိုတော့ သူနဲ့အတူငယ်ဘ၀ကနေ ကြီးတဲ့အထိ လိုက်ပါခံစားပေးပါဦးဗျာ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni , KKKZ, Bluri , Zwe Yan , LinnLunn တို့ပဲဖြစ်ပါတယ် )

5.8 2023
A Sibila
A Complete Unknown
7.6

A Complete Unknown (2024) IMDb Rating (7.6) / Rotten Tomatoes (81%) ကမ္ဘာပေါ်မှာ စာပေပညာနိုဘယ်ဆုကို ရတဲ့ တေးရေးဆရာ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဘော့ဒီလန်လို့ခေါ်တယ်။ ဖို့ခ်ဂီတ၊ ကန်းထရီး၊ ပေါ့၊ ရော့ခ်တွေမှာ အလွှမ်းမိုးနိုင်ဆုံး အဆိုတော် တေးရေးဆရာတွေထဲက တစ်ယောက်ပါပဲ။ ဘီတယ်လို Band တွေတောင် သူ့ကို အတုယူအားကျရပါတယ်။ သူ့ရဲ့ “Blowin’ in the Wind” နဲ့”The Times They Are a-Changin'” သီချင်းကတော့ ကမ္ဘာမှာ လူသိအများဆုံးပါပဲ။ ကျွန်တော်တော့သူ့ကို Knocking on Heaven Door သီချင်းနဲ့ စသိခဲ့တာပါပဲ။ အခုတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ James Mangold က ရိုက်ကူးထားပါပြီ။ ဒီဒါရိုက်တာလက်ရာတွေကိုတော့ Logan တို့ Ford vs Ferrari တို့မှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘော့ဒီလန်နေရမှာတော့ မင်းသား Timothée Chalamet ပါဝင်ထားပြီး Edward Norton နဲ့ Elle Fanning တို့ ပါဝင်ထားပါတယ်။ သီချင်းတွေကိုလည်း Timothée Chalamet, Edward Norton, Monica Barbaro နဲ့ Boyd Holbrook တို့က ကိုယ်တိုင်ပဲ ရဲရဲကြီး သီဆိုထားပါတယ်။ အော်စကာဆန်ခါတင်အဖြစ် အကောင်းဆုံး ရုပ်ရှင်ဆု၊ သရုပ်ဆောင်မင်းသားဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ဒါရိုက်တာဆု၊ အသံဆုတွေ ဝင်ထားပြီးပါပြီ။ Brutalist နဲ့ အပြိုင်ကျဲမဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းထဲမှာတော့ ဘော့ဒီလန်တစ်ယောက် အဆိုတော်ဘဝစတင်လာပုံ၊ ဖို့ခ်ကနေ ကန်းထရီး၊ ပေါ့၊ ရော့ခ်လောကတွေထဲမှာ နေရာယူလာပုံနဲ့ နိုင်ငံရေး အချစ်ရေးတွေကို ပြသထားတာတွေ့ရမှာပါ။ အထုပ္ပတ္တိရုပ်ရှင်ကောင်း ဂီတရုပ်ရှင်ကောင်းကြိုက်ရင်အလွတ်မခံရမဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(9.6 GB) / (3.3 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Music Duration….02:21:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K,Benjamin Translated by Mr.Anderson

7.6 2024 140 mins
A Complete Unknown
Jurassic Park III
5.9

Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ဆိုတာကိုတော့ ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားကြပါစို့လား… မှတ်ချက်။ ။Jurassic Park သုံးကားလုံး မိသားစုနှင့်ကြည့်လျှင်ပိုကောင်းပါသည်။ File Size : 3.7 GB / 1.2 GB Quality : BluRay 1080p / 720p Running Time : 1h 44min Genre : Animation, Adventure,Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Encoded by Thit San Khant

Drama • Science Fiction
5.9 2001 92 mins
Jurassic Park III
5

Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှ ာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။ Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။ တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။ Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။ အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့် လိုက်ကြပါဦး။ Translated & Review By d3mon Encoded By Thit San Khant

Drama
5 2012 94 mins
Silent Hill: Revelation
Hi-Five
7.1

Hi-Five (2025) ************** IMDb… 7.1 Moving လို vibe မျိုးလေး ရစေမဲ့ စွမ်းအားရှင်ဟာသကားသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ Jin Young, Yoo Ah-In, Ra Mi-Ran, Oh Jung-Se, Ahn Jae-Hong, Lee Jae-In, Kim Hee-Won စတဲ့ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာကလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်သရုပ်‌ဆောင်ပေးထားကြပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဝမ်ဆော (Lee Jae-In)၊ ဘတ်ဂျီဆောင်း (Ahn Jae-Hong)၊ ဂင်ဆွန်းညော (Ra Mi-Ran)၊ ဟောရက်ဆွန်း (Kim Hee-Won) နဲ့ ဟွမ်ဂီဒုံ (Yoo Ah-In) တို့ဟာ အမည်မဲ့အလှူရှင်တစ်ဦးဆီကနေ ကိုယ်တွင်းအင်္ဂါ လက်ခံအစားထိုးထားကြသူများဖြစ်ပါတယ်။ အဲဒီနောက်မှာ ထူးခြားလာတာတစ်ခုကတော့ ကျန်းမာလာတဲ့ ခန္ဓာကိုယ်နဲ့အတူ သဘာဝလွန်စွမ်းအားတွေကိုပါ ရရှိလိုက်တဲ့ အချက်ပါပဲ… ဒီလိုနဲ့ သူတို့ငါးဦးဟာ ကိုယ်ပိုင်အမှတ်အသားကနေတစ်ဆင့် အချင်းချင်းရဲ့ ဖြစ်တည်မှုကို သိရှိသွားပြီး အဖွဲ့ ဖွဲ့စည်းဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ဆောယောင်းချွန်း (Park Jinyoung) ဟာ ပန်ကရိယ အစားထိုး ခွဲစိတ်ပြီးနောက်မှာ သဘာဝလွန်စွမ်းအားရရှိသွားပြီး သူ တစ်သက်လုံး အိပ်မက်မက်လာခဲ့ရတဲ့ immortal ဖြစ်နိုင်ဖို့အတွက် ကိုယ်တွင်းအင်္ဂါအစားထိုးထားတဲ့ ကျန်သဘာဝလွန်စွမ်းအားရှင်တွေကို လိုက်ရှာတဲ့အခါမှာတော့… စူပါဟီးရိုးအဖြစ်နဲ့ လူတွေကို ကယ်တင်ပေးချင်တဲ့ ဝမ်ဆော၊ ဂျီဆောင်း၊ ဆွန်းညော၊ ရက်ဆွန်း၊ ဂီဒုံတို့ ငါးဦးနဲ့ ရရှိထားတဲ့ စွမ်းအားကို အသုံးချပြီး ကိုယ့်လိုအင်ရမ္မက်ကို ဖြည့်ဆည်းဖို့ ကြိုးစားနေတဲ့ ယောင်းချွန်းတို့ကြားက ပြိုင်ဆိုင်မှုလေးတွေကို ဟာသလေးနှောပြီး စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးဗျို့… (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.10GB/ 1.96GB Quality : WEB-DL 1080p HEVC/ 720p Format…mp4 Duration…02:00:04 Genre : Action, Comedy, Sci-Fi, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.1 2025 120 mins
Hi-Five